ဝိညာဉ်သားရဲအကြီးစားရိတ်သိမ်းမှု
Vol. 108 Ch. 1510
“များ.. များလိုက်တာ” အန်းလေ တံတွေးမျိုချမိလေသည်။ သူမသည် အံ့ဩမှု အနည်းငယ်ကိုကြုံတွေ့နေရသည်မဟုတ်ပေ။
ရှီမာယူယူသည်လည်း မတည်ငြိမ်မှုကို ခံစားရသည်။ သူမသည် ဂူထဲမှ ကျောက်တုံးရုပ်ထုများကိုမြင်သောအခါ မျက်ခုံးများ တင်းမာစွာကြုတ်မိသည်။
ထိုနေရာတွင် ကျောက်တုံးရုပ်ထု အနည်းဆုံး ထောင်ချီရှိသည်။ ဆိုလို သည်မှာ ဤနေရာ၌ ရှေးဟောင်းဝိညာဉ်သားရဲ ထောင်ချီရှိနေသည်။ သူတို့ အကုန်လုံး လွတ်သွားပါက တိုက်ပွဲစွမ်းရည်များသည်…
ထို့အပြင် ထိုနေရာသည် သူမ မီးအလင်းရောက်သည့် နေရာတစ်နေရာ စာသာဖြစ်သည်။ အောက်ဘက်နေရာတွင်လည်း လစ်လပ်နေသည်ကို သူမ ခံစားမိသည်။ မမြင်ရသေးသည် တခြားသောသားရဲရုပ်ထုများ အများအပြားရှိ နိုင်သေးသည်။
ရေတွက်နိုင်သည်ထက်ပင် ပိုနိုင်သည်။
သူတို့အကုန်လုံးသာ ထွက်သွားပါက… အန်းလေသည် ကျောရိုး တစ်လျှောက် ချွေးအေးများဆီးကျလာသည်။
တစ်ကောင် နှစ်ကောင်လောက်ဆိုလျှင် ကိုင်တွယ်နိုင်မည်။ ဆယ်ဂဏန်း လောက်ရှိလျှင်လည်း သူတို့အားအကုန်သုံးပြီး ထိန်းကျောင်းနိုင်ဦးမည်။ သို့သော် အရေအတွက်မှာများပြားလွန်းကာ အလွှာများသည် စတင်ကျနေပြီ ဖြစ်သည်။ သူတို့သည် သူ့တို့ဘာသာ ထွက်လာနိုင်သည်။
မည်သည့် အင်စားစုဖြစ်စေကာမူ အရေအတွက်အများအပြားကို ရုတ်တရက် ရင်ဆိုင်ရမည်မှာ ခေါင်းကိုက်စရာပင်ဖြစ်သည်။
ရှီမာယူယူသည် ရှီမာမျိုးနွယ်မှ လူများကို တွေးမိသွားသည်။ သူတို့သည် ဝိညာဉ်အရည်အချင်းများနှင့် ပြီးပြည့်စုံစွာ အလိုက်တသင့်ဖြစ်နေလေပြီ။ သူတို့ သာ ရှေးဟောင်းဝိညာဉ်သားရဲများ ပိုင်ဆိုင်ပါက ရှီမာမျိုးနွယ်သည် သေချာ ပေါက် ခုန်တက်သွားနိုင်သည်။
အခု ကိုင်တယ်ဖြေရှင်းရန်မှာတော့ အနည်းငယ် ခက်ခဲနိုင်သည်။ ဒါပေမဲ့ သူတို့က ထွက်မလာသေးဘူးမလား။ သူတို့ ထွက်မလာသေးသရွေ့ သူတို့ကို ဝိညာဉ်စေတီအတွင်းထားလိုက်ရင် သူတို့ထွက်လာတဲ့အချိန်မှ သူမ ဆုံးဖြတ်လို့ ရတယ်မလား။
သူတို့အကုန်လုံး တစ်ချိန်တည်း ထွက်ပေါ်မလာသရွေ့တော့ ကိုယ်တွယ် ဖို့ကို သူမ ယုံကြည်ချက်ရှိတယ်။
သူမ စဉ်းစားလေလေ ပျော်လာလေလေဖြစ်သည်။ သူမသည် ဝူလင်းယူ ၏ လက်ကိုဆုပ်ကိုင်ကာ မေးလိုက်သည် “လင်းယူ သားရဲထိန်းကျောင်းကျမ်း က ရှေးဟောင်းဝိညာဉ်သားရဲကို ထိန်းကျောင်းနိုင်လား”
ဝူလင်းယူသည် သူမမျက်လုံးများမှ တောက်ပမှုကိုမြင်သောအခါ သူမ အတွေးကို သိလိုက်သည်။ သူ မဲ့ပြုံးပြုံးကာ ပြောလိုက်သည် “အဲဒါဖြစ်နိုင် လောက်တယ်၊ ပြီးတော့ အဲဒီကျမ်းကလည်း အဲအချိန်လောက်က ဆင်းသက် လာတာပဲ”
“ဒါဆိုလည်း ကောင်းသွားတာပေါ့” ရှီမာယူယူသည် ကျောက်တုံးရုပ်ထု များကို လောဘကြီးစွာကြည့်လိုက်သည်။ သူမသည် ရွှေလေး၏ ခေါင်းကိုပုတ် ကာ မေးလိုက်သည် “အခုထိ မထွက်လာသေးတဲ့ဟာ ရှိသေးလား”
“ရှိသေးတယ် ရှိသေးတယ်” ရွှေလေးသည် ရှီမာယူယူ၏ အတွေးနှင့် ထို ရှေးဟောင်းသားရဲများအတွက် အစီအစဉ်ကို သဘောပေါက်သည် “ဒါပေမဲ့ သူတို့က ငါ့ကိုနောက်ကျ တိုက်ခိုက်လာရင် အားအပြည့်နဲ့ တိုက်ခိုက်ဖို့က ငါ့ အတွက်ခက်တယ်”
“ဒါဆိုရင်လည်း ငါဒါတွေကို အရင်သိမ်းထားမယ်” ရှီမာယူယူ ပြောလိုက် သည်။
သူမသည် ဝိညာဉ်လေးကို အစောကတည်းကပင် ကြိုမေးထားသည်။ ဝိညာဉ်လေးသည် သူရှိနေသရွေ့ သူတို့နိုးလာလျှင်တောင် စိုးရိမ်ရန်မလိုဟု အာမခံလေသည်။
သို့သော် သူတို့သည် မြေကြီးနှင့် ဆက်နေရာ လှုပ်မရသည့်ပုံပေါ်သည်။ သူမသည် တစ်ကောင်ချင်းစီ ဆွဲနုတ်ရမည်။
“ယူယူ သူတို့အားလုံးကို ထွက်ပြီး ကူညီခိုင်းလိုက်” ရှောင်ချီသည် ထိုကျောက်ရုပ်ထုအားလုံးကိုကြည့်ပြီး အကုန်လုံးကို သူမဘာသာလုပ်လိုက် လျှင် မည်မျှကြာမလဲဟု တွေးနေမိသည်။
“ဟုတ်ပြီလေ” ရှီမာယူယူလည်း ထိုအရာကိုစဉ်းစားနေခြင်းဖြစ်သည် “မင်းတို့အကုန်လုံး ထွက်ခဲ့ကြ”
သူမ၏ ဝိညာဉ်သားရဲများအားလုံးသည် ထွက်လာကြကာ အချောင်ခို တတ်ပြီး သားရဲပုံစံနှင့်ကျန်နေသော ဟိန်းသံလေးမှလွဲပြီး တခြားသူများသည် လူသားအသွင်ပြောင်းလိုက်ကြသည်။
“မင်းတို့ ရှောင်ချီဆီကသင်ကြ၊ ဒါတွေအကုန်လုံး နုတ်မယ်၊ အာရုံစိုက် ထားကြ ကျောက်ရုပ်ထုတွေကို မပျက်စီးစေနဲ့” ရှီမာယူယူ သူတို့ကို ညွှန်ကြားလိုက်သည်။
“ကောင်းပါပြီ”
သူမ သားရဲများအားလုံးသည် အလွန်ပင် စိတ်အားထက်သန်ကြသည်။ အစပိုင်းက ထွက်လာရန်အခွင့်အရေးမရှိဟု ထင်ထားကြသော သူတို့သည် ထွက်လာပြီး ကစားခွင့်ရသွားကြသည်။
သူတို့ ပျော်ရွှင်နေသည်ကို ရှီမာယူယူမြင်သောအခါ ပြုံးပြီးပြောလိုက် သည် “သွားကြတော့”
ဟိုးအစကတည်းက သူမသားရဲဖြစ်လာခဲ့သူများသည် တစ်ချိန်လုံး ဝိညာဉ်စေတီအတွင်းတွင်ရှိရင်းက ထွက်လာနိုင်ခဲ့ကြသည်။
အန်းလေသည် ရှီမာယူယူဘေးတွင် တစ်လျှောက်လုံးလိုက်လာပြီး မေး လေသည် “သူတို့အကုန်လုံးက သခင်မလေးရဲ့ စာချုပ်သားရဲတွေလား”
“ဟုတ်တယ်လေ” ရှီမာယူယူသည် ခံစားချက်ကောင်းနေသည်။ ကျောက်ရုပ်ထုအားလုံးသည် သူမမျက်စိရှေ့တွင်ရှိနေကာ အားလုံးသည် ရှီမာမျိုးနွယ်ကို မြင့်တက်စေမည့် အရင်းအနှီးများဖြစ်ကြသည်။
အန်းလေသည် ကျောက်ရုပ်ထုများကို ဆွဲနုတ်နေသောသူများကို ကြည့်ပြီး ထိတ်လန့်ကာ ငေးငိုင်မိသည်။
သူမ ဘယ်လိုများ ဒီလိုနတ်ဆိုးကို သူမသခင်အဖြစ် ရွေးလိုက်မိတာလဲ။
သူမမိခင်ဖြစ်သူသည် လူတစ်ယောက်ကို အထင်အမြင်မသေးရန် ပြောခဲ့ ဖူးသည်။
“ကျွန်မလည်း သွားကူညီလိုက်မယ်” သူမသည် ရှီမာယူယူကို တင်ပြလေ သည်။ သူမသာ စိတ်ရင်းနှင့်ဆက်ဆံတတ်ပြီး စိတ်ထားကောင်းသည့် သခင်မလေးနောက်လိုက်လျှင် သူမ အနာဂတ်နေ့များသည် ပိုကောင်းနိုင်သည်။
ရှီမာယူယူသည် အန်းလေ စိတ်အေးလက်အေးဖြစ်သွားပုံကိုကြည့်ပြီး သူမ နောက်လိုက်ရန် သေဆုံးဆုံးဖြတ်နိုင်သွားသည်ကို သိသဖြင့် နှုတ်ခမ်းမှ သဲ့သဲ့ပြုံးမိသွားသည်။
ဒီလိုဆိုရင် သူမ ရှေ့လျှောက်ကိစ္စတွေတော့ လုပ်ဖို့ အများကြီးလွယ်သွား ပြီ။
အားလုံး အတူတကွ တက်ညီလက်ညီလုပ်ကြရာ ကျောက်ရုပ်ထုများကို ရှီမာယူယူ လျင်မြန်စွာပင် သိမ်းဆည်းနိုင်သွားသည်။ ထိုပစ္စည်းများကို သိမ်း နိုင်လောက်သည်အထိ ရှီမာယူယူ၏ မှော်ဝင်လက်စွပ် မည်မျှကြီးကြောင်းကို အန်းလေ သိချင်သော်လည်း သူမ မမေးလိုက်ပေ။
“ရွှေလေး”
“အင်း”
ရွှေလေးသည် ရှည်လျားသောအမြီးကိုဝှေ့ယမ်းပြီး အနည်းငယ်ရိုက်လိုက် သည်နှင့် ကျောက်တုံးများသည်နံရံများမှ ကြွေကျကာ ကျောက်တုံးအနည်းငယ် ထပ်ပေါ်လာသည်။
ထိုကျောက်တုံးများကိုတော့ အထဲတွင် ဝိညာဉ်သားရဲ ရှိမရှိကို ရွှေလေး အတည်မပြုနိုင်ပေ။ သို့သော် ပစ္စည်းကောင်းများ သေချာပေါက် ပါဝင်နိုင်သည်။
သူတို့ ဂူထဲတွင် ရက်ပေါင်းများစွာ လျှောက်သွားပြီးနောက်တွင် နှံ့သွား လေသည်။ ရှောင်ချီသည် နောက်ပိုင်းတွင်လည်း အကြိမ်အနည်းငယ် ထိုးရသေး သည်။ နောက်ပိုင်းတွင် ရှီမာယူယူသည် ထိုကျောက်တုံးကိုမြင်ရသည်ပင် ထုံ လာသည်။
“ဒီနေရာက သတ္တုရိုင်းတွေ အကုန်လုံးကိုသယ်မှာတော့ မဟုတ်ဘူး မလား” အန်းလေသည် အားလုံးနှင့်ရင်းနှီးလာကာ မကြာခဏစကားပြောလာ သည်။ သူမသည် အရင်ကကဲ့သို့ နှုတ်ဆိတ်နေခြင်းမရှိတော့ပေ။
“ယူရမှာပေါ့” ရှောင်ချီ ရယ်မောလေသည် “ဒီကနေ ဘယ်သူမှ ဘာမှမရ ရင်အကောင်းဆုံးပဲ”
“မဖြစ်နိုင်တာ” ရှီမာယူယူသည် ပို၍ဉာဏ်ထက်မြက်သည် “ဒီသတ္တုတွင်း က ဒီလောက်ကြီးတာ ဒီနေရာတစ်ခုတည်းမရှိနိုင်ဘူး၊ ဒါပေမဲ့ ငါတို့ထက် ဘယ်သူမှပိုမရနိုင်ဘူးလို့ တွေးနေတာ”
ဝိညာဉ်စေတီအတွင်းမှ ကိစ္စများကို စဉ်းစားလိုက်သည်နှင့် သူမ မတတ် သာဘဲ ပြုံးမိသည်။
အစပိုင်းတွင် သူမသည် ကမ္ဘာကြီးကိုကြည့်ရန်နှင့် အကြံဉာဏ်များသင်ယူ ရန် လာခြင်းဖြစ်သည်။ သို့သော် ထိုမျှပမာဏများပြားစွာနှင့် အိမ်ပြန်ရလိမ့်မည် ဟုတ်ထင်မထားပေ။
သူမ ပျော်ရွှင်နေသည်ကို ဝူလင်းယူမြင်နေရသရွေ့ အရာအားလုံးသည် သူ့အတွက် အရေးမပါလှပေ။
“အိုး ဟုတ်သားပဲ လင်းယူ ဒါတွေအကုန်လုံးကို ညီမကိုပေးမှာလား၊ အစ်ကို့ရဲ့ ပညာရှိစံအိမ်တော်ကို ပေးလိုက်ရင် အခက်အခဲမရှိတော့ဘူးမလား”
ထို့အပြင် သူသည် အတွင်းစံအိမ်တော်ကို ဝင်ခါစဖြစ်ကာ ပြဿနာကြီး ရှာခဲ့သေးသည်။ သူ ပြီးမြောက်မှု နည်းနည်းထုတ်မပြဘူးဆိုရင် အဲလူတွေက ဘယ်လိုလုပ် သူ့ကိုယုံတော့မှာလဲ။
သို့သော် ထိုပစ္စည်းများကို ပညာရှိစံအိမ်တော်ကို ပေးဖို့ သူမကို ပြောခြင်း သည် သူမအတွက် မလိုလားမှုကို ခံစားသွားရစေမည်။
“အရေးမကြီးပါဘူး” ဝူလင်းယူသည် လက်ဆန့်ထုတ်ကာ သူမ ခေါင်းကို ပုတ်ပြီး ပြောလိုက်သည် “ပညာရှိစံအိမ်တော်က သူတို့လူသူတို့ရှိပြီးသား၊ အကျိုးအမြတ်မရှိဘူးဆိုရင်တောင် ကိုယ့်ကိုအပြစ်တင်မှာမဟုတ်ပါဘူး”
“ဒါပေမဲ့ အဲလူတွေက အစ်ကိုနဲ့မရင်းနှီးကြဘူးမလား၊ သူတို့က အစ်ကို သူတို့နဲ့အတူမရှိလို့ အပြစ်တင်နိုင်တယ်လေ” ရှီမာယူယူ ပြောလိုက်သည် “ဒီလို ဘာလို့မလုပ်ရမှာလဲ အစ်ကို ဒီကျောက်ရုပ်ထုနှစ်ခုယူလိုက်၊ ပြီးတော့ ဒါတွေက ဝိညာဉ်သားရဲတွေပဲလေ၊ သူတို့ အစ်ကို့ကို အခက်တွေ့အောင်လုပ်ရင် အဲဒါတွေကိုထုတ်ပေးလိုက်၊ သူတို့ ဘာမှမပြောရင်တော့ ညီမကိုပဲပြန်ပေးပေါ့”
သူမအတွက် အခက်အခဲဖြစ်နေကာ ပညာရှိစံအိမ်တော်ကို ပေးလိုခြင်း မရှိသည်ကို ဝူလင်းယူသိနေသည်။ သူ ပြုံးပြီးလက်ဆန့်ထုတ်ကာ သူမမျက်နှာ ကို ဆိတ်ပြီးပြောလိုက်သည် “ကောင်းပါပြီဗျာ”
ရှီမာယူယူသည် တွေ့ကရာထုတ်ပြီး သူ့ကိုပေးလိုက်သည်။ ဝူလင်းယူ မငြင်းဆန်တော့ဘဲ ချက်ချင်းသိမ်းလိုက်လေသည်။
သူမ သားရဲများသည်နေရာတစ်ခုလုံးကို ရှင်းလင်းပြီး သတ္တုရိုင်းများကို ရှာပြီးတူးယူကြသည်။ သူတို့ တစ်နေရာလုံးကို ရှင်းပြီးသည်နှင့် သူမ ဝိညာဉ် စေတီအတွင်းတွင် ပစ္စည်းမည်မျှပုံနေမည်ကို မည်သူသိနိုင်မည်နည်း။
သူတို့သည် တောင်တစ်ခုလုံးကို တူးထားသည့်အတိုင်းပင်။
သူမ သားရဲများအားလုံးသည် အဆုံးမရှိသောစွမ်းအင်များရှိပြီး အလွန်ပင် လုပ်နိုင်၍တော်သေးသည်။ သာမန်လူသာဆိုလျှင် ထိုမှလျင်မြန်အောင် လုပ်နိုင် မည်မဟုတ်ပေ။
“ယူယူ ဒီနားမှာ ကောင်းတာမရှိသလိုပဲ” ရွှေလေးသည် အမြီးကိုလှုပ်ယမ်း လေသည်။
“ဒီမှာပစ္စည်းတွေရှိသေးတယ်၊ ငါတို့ အခုယူလို့မရတဲ့ဟာတစ်ခုခုကို အာရုံခံမိနေတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဟင်”
“ငါတို့ ဝင်လာတုန်းက အဖွဲ့ကထွက်လာတဲ့ စွမ်းအားက သေချာပေါက် အနီးကထွက်လာတာပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ငါတို့သွားလိုက် ရင် သေသွားနိုင်တယ်လို့တွေးနေတာ ထားလိုက်ပါတော့ တခြားနေရာကိုသာ လှည့်ပတ်ကြည့်ကြတာပေါ့”
***