← Chapters

ခရမ်းရောင် နန်းတော် ဆေးမီးဖို။

Vol. 19 Ch. 228

ခရမ်းရောင် နန်းတော် ဆေးမီးဖို။

Vol. 19 Ch. 228

“ ... မယုံနိုင်စရာပါပဲ ... ကောင်းပြီ ... မင်းအသက်ကို ငါနှမြောမယ်၊ မေးခွန်းတချို့ကို နာခံမှုရှိရှိ ဖြေနေသမျှ ... ငါ မသတ်ဘူး ငါ့တပည့် အဖြစ်တောင် ခေါ်ယူမယ်။ ”

သွေးလွန်းပျံပေါ်မှ ဝိညာဉ်အပိုင်းအစက ပြောကြားလိုက်သည်။ စုရီက ပြုံးလိုက်တော့၏။ စုရွှမ်ကြွယ်ဘဝတွင် တစ်ဖက်လူသည် သူ့ထံ ဒူးထောက်ရန်ပင် အခွင့်အရေး မရှိနိုင်ချေ။

“ ဝှီး ... ။ ”

ထို့ကြောင့် စကားဖြင့် ပြန်မဖြေတော့ဘဲ တံဆိပ်များ ထပ်မံရေးဆွဲလိုက်၏။ ရွှေဗုဒ္ဓပုံရိပ် လေထုအလယ် ထွက်ပေါ်လာကာ လက်ဖဝါးဖြင့် ပစ်ချလာသည်။

သွေးလွန်းပျံပေါ်ရှိ ဝိညာဉ်အပိုင်းအစက ရဲရင့်လွန်းသော ထိုလုပ်ရပ်ကြောင့် မယုံနိုင်ဖွယ် မျက်လုံးပြူးသွား၏။

“ ဝှစ် ... ။ ”

တစ်ဆက်တည်းမှာပင် ထိတ်လန့်ဖွယ် အဖျက်စွမ်းအားကို ခံစားမိကာ ချက်ချင်းပင် တိမ်းရှောင်တော့သည်။

သို့သော် ဤဗုဒ္ဓလက်ဖဝါးသည် တားမြစ်ဖွဲ့စည်းခြင်းအစွမ်းဖြင့် ထင်ရှားလာ သောကြောင့် ထိုမျှ မလွယ်ချေ။

“ ဝုန်း ... ။ ”

ရွှေဗုဒ္ဓလက်ဖဝါးက အလင်းရောင်များ ပေါက်ကွဲပြန့်ကျဲသွားကာ သွေးလွန်းပျံပေါ်ရှိ ဝိညာဉ်ကို ထိမှန်သွားသည်။

“ ဝှစ် ... ။ ”

ဝိညာဉ်ခမျာ တုန်ယင်လျက် အလွန်ထိတ်လန့်သွားပြီး လွန်းပျံအတွင်း ပြန်လည် ဝင်ရောက်သွားတော့၏။

ဘုရင်တပါးလို ကြီးစိုးပြနေသော အဆိုပါဝိညာဉ်သည် လိပ်တစ်ကောင် အခွံထဲ ပြန်ဝင်ပုန်းသွား သကဲ့သို့ ရယ်စရာ ကောင်းနေချေပြီ။

“ ​ကောင်​​လေး ​သေခြင်းတရားကို ရှာနေတာပဲ မင်းရဲ့ မသိနားမလည်မှုကြောင့် ငါ ဒီစော်ကားမှုကို လွှတ်လိုက်မယ် ဒါပေမယ့် မင်း ခေါင်းမာမာနဲ့ ငြင်းနေဦးမယ် ဆိုရင် ... ။ ”

“ ဝှစ် ... ။ ”

သွေးနီရောင် လွန်းပျံအတွင်းမှ ဝိညာဉ်အပိုင်းအစခမျာ ခြိမ်းခြောက်၍မဆုံးခင် ဗုဒ္ဓလက်ဖဝါးကြီးတစ်ဖက် ပျံသန်းလာသဖြင့် ချက်ချင်း ရှောင်တိမ်းလိုက်ရပြန်၏။

“ ဘန်း ... ။ ”

ကောင်းကင်နှင့် မြေကြီး ပြိုကျနေ သကဲ့သို့ပေပင်။ သွေးလွန်းပျံခမျာ မြေကြီးထဲ နစ်မြုပ်သွားတော့၏။

“ တိရစ္ဆာန်ကောင် ... ။ ”

သွေးလွန်းပျံအတွင်းမှ ကျိန်ဆဲသံ ထွက်ပေါ်လာပြီးနောက် မြေပြင်မှ ချက်ချင်း ရုန်းထွက်ကာ သွေးစုပ်ဝဲထံ ပျံသန်း သွားတော့၏။

စုရီက ခွင့်မပြုချေ။ ကောင်းကင်ကို ဖုံးလွှမ်းနေသော ရွှေရောင်မီးတောက်များဖြင့် လမ်းကို ပိတ်ဆို့လိုက်သည်။

သို့သော် ထိုအခိုက်တွင် ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက သွေးလှံ အဖြစ် ထိုမီးပင်လယ်ကို ထိုးခွဲသွား၏။

“ ရွှီး ... ။ ”

လေထုအလယ် ရွှေဗုဒ္ဓမီးလျှံများသည် စက္ကူတစ်စလို စုပ်ပြဲသွား၏။ ဤအခွင့်အရေးကို အသုံးချကာ သွေးလွန်းပျံသည် သွေးရေဝဲ အနီးသို့ ရောက်ရှိသွားတော့သည်။

၎င်းက သွေးလွန်းပျံပေါ် ပြန်လည် ထွက်ပေါ်လာပြီး၊

“ ဟမ့် ... တိရိစ္ဆာန်လေး၊ ငါမင်းကို နောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ် မင်း ... ။ ”

“ ဝှစ် ... ။ ”

“ သေစမ်း ... ။ ”

ဝိညာဉ်အပိုင်းအစခမျာ စကားမဆုံးခင် ကြီးမားသော ဗုဒ္ဓလက်တော်ကြီးက ဖမ်းယူရန်‌ ရွေ့လျားလာသဖြင့်၊

“ ငါက ကြယ်နတ်ဆိုးဂိုဏ်းရဲ့ စစ်မှန်တဲ့သခင်ပင်းပဲ တစ်နေ့ ဒီအတားအဆီးကို ဖြတ်ကျော်ပြီးရင် မင်းအသက်ကို အရင်ဆုံး ငါလာယူမယ်။ ”

-ဟု ဒေါသတကြီးဆိုလျက် သွေးလွန်းပျံအတွင်း ဝင်ပုန်းကာ နာကြည်းမှု အပြည့်နှင့် သွေးနီရောင်စုပ်ဝဲအတွင်းသို့ ပျောက်ကွယ်သွားခဲ့သည်။

“ တာအိုမိတ်ဆွေ မင်းအဆင်ပြေရဲ့လား။ ”

နင်စစ်ဟွာနှင့် အခြားလူများက တုန်လှုပ်ချောက်ချားသော အရိပ်အယောင် များဖြင့် အလျင်အမြန် ရောက်ရှိလာကြ၏။

“ ဒဏ်ရာ နည်းနည်း ရထားတယ်။ ”

“ အစ်ကိုစု၊ အဲဒီလူက ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူ မဟုတ်လား။ ”

“ မှန်တယ် ... သူက ဝိညာဉ်တာအို ကျွမ်းကျင်သူတစ်ဦးရဲ့ ... ဝိညာဉ်အပိုင်းအစ တစ်ခုပဲ တစ်စုံတစ်ယောက် ဝိညာဉ်တာအို နယ်ပယ်ကို ရောက်တဲ့အခါ ...

... ဝိညာဉ်ကို ခွဲထုတ်ပြီး ကိုယ်ပွားအဖြစ် ကျင့်ကြံနိုင်တယ် ဒါပေမယ့် သူက အစွမ်းထက် လှတယ် မဟုတ်ပါဘူး ... ထည့်ပြောစရာ စကားတောင် မရှိပါဘူး။ ”

ထိုနောက် စုရီက သွေးရေစုပ်ဝဲထံ ကြည့်လိုက်မိလေသည်။ ဤသည်မှာ အမှန်ပင် အာကာသ အတားအဆီးတစ်ခု ဖြစ်သော်လည်း တစ်စုံတစ်ဦးမှ ၎င်းမှဖြတ်ကာ သွေးလွန်းပျံကို လွတ်မြောက်အောင် ကူညီသွားခဲ့၏။

ယင်းသည် ဝိညာဉ်တာအိုနယ်ပယ်မှ တစ်စုံတစ်ယောက် လုပ်နိုင်သော အရာမျိုး မဟုတ်ချေ။

အာကာသအတားအဆီးကို ဖြတ်ကျော်နိုင်ရန် အနိမ့်ဆုံး ဧကရာဇ်နယ်ပယ်၌ ရှိရပေမည်။

“ ကြည့်ရတာ ဒီအာကာသ အတားအဆီးကြီးရဲ့ တစ်ဖက်ခြမ်းကမ္ဘာကြီးမှာ အစွမ်းထက်တဲ့ နတ်ဆိုးတွေ နေထိုင်ပုံရတယ်။ ”

စုရီက ရေရွတ်လိုက်၏။ ထိုသတင်းက မိုးပြာတိုက်ကြီး တစ်ခုလုံးကို ထိတ်လန့်စေ နိုင်သည့် သတင်းမျိုး ပေပင်။

သို့သော် ကျင့်ကြံမှု မြင့်မားလေ အာကာသနယ်နိမိတ်အပေါ် ဖြတ်ကျော်ရန် ပို၍ ခက်ခဲလေကို သူကောင်းကောင်း သိသည်။

ဤသည်မှာ လောကနိယာမ ပေပင်။ မဟုတ်သော် မိုးပြာတိုက်ကြီးကဲ့သို့ သေမျိုး ကမ္ဘာသည် ပျက်စီးရပေလိမ့်မည်။

တစ်ဖက်တွင် မိုးပြာတိုက်ကြီးသည် မကြာသေးမီနှစ်များအတွင်း၌ အနည်းငယ်မျှ ပြောင်းလဲမှု ရှိလာပုံရ၏။

ယေဘူယျအားဖြင့် နတ်ဆိုးတောင် ရှစ်လုံးတွင် ထူးဆန်းပြီး ပုံမှန်မဟုတ်လှသော အရာများ ပိုပိုများပြားလာသည်။

အထက်ပါ အချင်းအရာများသည် အခြားလူများအတွက် အိပ်မပျော်စေနိုင်သော အိမ်မက်ဆိုးဖြစ်သည်။

စုရီအတွက်မူ ၎င်းတို့မှ အာကာသ အတားအဆီးကို ဖြတ်ကျော်လာမည့် အချိန်ထံ စောင့်မျှော်နေမိ၏။ ဤနည်းဖြင့် ဆူဖြိုးသော သားကောင်များကို ဖမ်းယူနိုင်ပေမည်။

“ ကြည့်စမ်း အဲဒါ ဘာလဲ။ ”

လန်စုက ဦးတည်ရာတစ်ရပ်ထံ အံ့အားသင့်စွာဖြင့် လက်ညှိုး ထိုးပြလိုက်သည်။ အမှောင်ထုအတွင်း ခရမ်းရောင် အလင်းစက် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေ၏။

ဤသည်မှာ လက်သီးအရွယ် ခရမ်းရောင် ဆေးမီးဖိုတစ်လုံးဖြစ်ချေပြီ။ ခြေသုံးချောင်းနှင့် လက်ကိုင်နှစ်ဖက်ပါရှိပြီး အမှတ်အသားအချို့ ရေးထွင်းထား၏။

“ ဟမ့် ... ကမ္ဘာပေါ်မှာ ဒီလောက် သေးလွန်းတဲ့ ဆေးမီးဖိုလေး ရှိတယ်လား ဒါက ဝိုင်ပုလင်းလောက်ပဲ ရှိတယ်။ ”

မုရှီက အံ့သြတကြီး မှတ်ချက်ပေးလိုက်သည်။ စုရီက လက်ဆန့်ပြီး လှမ်းဆွဲလိုက်၏။ ထို့နောက် ဆေးမီးဖိုကို စစ်ကြည့်ကာ၊

“ ဒါ ... တကယ့် အဂ္ဂိရတ်အိုးပဲ။ ”

-ဟု အတည်ပြုလိုက်သည်။

ထို့နောက် စွမ်းအင်အချို့ကို အိုးမျက်နှာပြင်ပေါ်ရှိ လမ်းကြောင်းအတိုင်း ထည့်သွင်းလိုက်ရာ ရုတ်တရက် ကြီးထွားလာ တော့သည်။

ဆယ်ပေခန့်မြင့်သော ခရမ်းရောင် အလင်းတန်းများဖြာလျက် လှပသော ဆေးမီးဖို တစ်လုံးဖြစ်လာသည်။

ထိုမှသာလျှင် ဆေးအိုး၏ မျက်နှာပြင်၌ မီးငှက်၊ လွမ်ငှက်၊ ခြေတစ်ချောင်း ကြိုးကြာနှင့် အခြားသော ဒဏ္ဍာရီငှက်များ အသက်ဝင်လာခဲ့၏။

“ ဝူး ... ။ ”

ဆေးအိုးနှုတ်ခမ်းမှ ခရမ်းရောင် အခိုးအငွေ့များ တက်လာပြီး ဆန်းကြယ်သော ရောင်ဝါများပင် ပြသလာသည်။

ဆေးမီးဖို အောက်ခြေတွင် ခရမ်းရောင် နန်းတော်ဟူသော စာလုံးများ ရေးထိုးထား၏။ ဤသည်မှာ ဆေးမီးဖိုအမည် ဖြစ်ချေမည်။ လူတိုင်း၏ မျက်လုံးများ တောက်ပလာသည်။

“ ဒါဟာ ဝိညာဉ်တာအို ကျင့်ကြံသူ တစ်ယောက် ဖန်တီးထားတဲ့ လျှို့ဝှက်ရတနာ တစ်ခုပဲ ဆေးအိုးကိုယ်ထည်မှာ အလွှာရှစ်လွှာ အစီရင် အလွှာရှစ်လွှာ ပါရှိတယ် ...

... အလွှာတစ်ခုစီမှာ မှော်ဆန်တဲ့အသုံးအဆောင်တွေ ရှိပါတယ် ... အဲဒါကို ဆေးသန့်စင်ဖို့အတွက် အထူး ပြင်ဆင်ထားပါတယ်။"

ထို့နောက် စုရီမှ စကားခဏရပ်ကာ ဆေးမီးအိုကို သေသေချာချာ ထပ်မံ စစ်ဆေး ကြည့်လိုက်ပြီး၊

“ ဒီဆေးမီးဖိုကို ဝိညာဉ်တာအို နယ်ပယ် ကျင့်ကြံသူတွေ လက်ထဲမှာပဲ အသုံးပြုနိုင်တယ် ဒါပေမယ့် ငါ စုရီအတွက်ကတော့ ...

... ဒီဆေးမီးဖိုနဲ့ ဆေးပြားတွေကို သန့်စင်ဖို့အတွက် ဝင်္ကပါ၏ စွမ်းအားအပေါ် ငှားယူအသုံးပြုနိုင်တယ်။ ”

သူစကားပြောနေစဉ် လက်ဖဝါးနှင့် လက်ချောင်းများကြား မူလစွမ်းအင်များ ကူးလူး နေလျက် ဆေးမီးဖိုထံ ဝင်ရောက်သွားသည်။

“ ဝှစ် ... ။ ”

ခရမ်းရောင် အဂ္ဂိရတ်အိုးကြီးသည် ရုတ်တရက် ပြန်ကျုံ့သွားကာ လက်သီးဆုပ် အရွယ်အစား ပြောင်းသွားတော့၏။

ထို့နောက် စုရီက နတ်အာရုံဖြင့် အကျယ်အဝန်း ဆယ်ပေခန့်ရှိသော နေရာလွတ် တစ်ခုကို မြင်လိုက်ရသည်။

၎င်းအတွင်း ကြွယ်ဝသော ဆေးရနံ့များ ထွက်ပေါ်နေသည့် ရောင်စုံဆေးအမယ်များကို တွေ့ရှိလိုက်ရ၏။

“ သွေးအရွက်၊ အသက်ရှည်အမှုန့်၊ ပေါင်းစည်းခြင်း ဝိညာဉ် အနှစ်သာရ၊ အရောင် ကိုးပါး ပိုးကောင်၊ သစ်ကပ်မှို၊ မီးလျှံ အဝါရောင်ပန်းကလေး။ ”

ရှားပါးသော ဝိညာဉ်ပေါင်းစည်းခြင်း အနှစ်သာရကို မြင်ချိန်တွင် စုရီမှ ချက်ချင်း သဘောပေါက်သွား၏။

စစ်မှန်သောသခင်ပင်းဟု ခေါ်သော ဝိညာဉ်သည် ‘ရှင်ပြန်ထမြောက်ခြင်းဆေး’ကို သန့်စင်လိုခြင်းပေပင်။

ဤသို့သော ဆေးပြားသည် ဝိညာဉ် ကျင့်ကြံသူများအတွက် ဖြစ်၏။ ထူးခြားသော ဆေးမျိုး မဟုတ်သော်လည်း ‘ဝိညာဉ်ခန္ဓာ’ အဖြစ် ပေါင်းစည်းနိုင်သည်။

သို့သော် ဝိညာဉ်ခန္ဓာများသည် စစ်မှန်သောခန္ဓာများ မဟုတ်သဖြင့် ၎င်းတို့ဘဝ တစ်လျှောက် ဝိညာဉ်ကျင့်ကြံခြင်း လမ်းစဉ်ကိုသာ ရှာနိုင်ပေမည်။

ယင်းသည် ဝိညာဉ်ခန္ဓာပိုင်သော ချင်းဝမ်နှင့်တူသည်။ သူမသည် ကျင့်ကြံလမ်းကို လျှောက်လှမ်းလိုသော ဝိညာဉ်ခန္ဓာဖြင့်သာ စတင်နိုင်မည်ဖြစ်၏။

" ဒီဆေးပြားရဲ့ အပူချိန်ကို ကြည့်ရတာ အချိန်အတော်ကြာအောင် သူ သန့်စင်ထားပြီးပြီ အောင်မြင်တော့မယ်ဆိုတာ ထင်ရှားတယ်။ ”

စုရီက မှတ်ချက်ပေးလိုက်သည်။ စစ်မှန်သောသခင်ပင်းသည် ဒေါသထွက်သွား သည်မှာ အံ့သြစရာ မရှိချေ။ သူ့အဂ္ဂိရတ် အစီအစဥ်ကို ပျက်ပြားစေခဲ့မိသည်။

တစ်ဖက်တွင် ထိုဝိညာဉ်သည် အာကာသ အတားအဆီးကို ဖြတ်ကျော်လာနိုင်သည်မှာ ကြာပုံမရသေးဟု ယူဆမိ၏။

ယင်းကြောင့်သာ သူ့ခန္ဓာကိုယ်ကို မြန်မြန်အားဖြည့်နိုင်ရန် ရှင်ပြန်ထမြောက်ခြင်း ဆေး’ ပြား သန့်စင်နေခြင်း ဖြစ်သည်။

ဤမြေအောက်ကမ္ဘာတွင် ဉာဏ်အလင်းခြံဝင်းမှ တည်ဆောက်ထားသည့် ဝင်္ကပါရှိပြီး များစွာလုံခြုံ၏။

ဝိညာဉ်အပိုင်းအစ၏ စွမ်းရည်နှင့်ပင် ဤတံဆိပ်ကို ဖြတ်ကျော်နိုင်ခြင်း မရှိသေးချေ။ မဟုတ်သော် ဆေးပြားသန့်စင်နေစရာ မလိုဘဲ ယခင်တည်းက သူ ထွက်သွားပြီး ဖြစ်ပေမည်၊

***

Book-19

All Chapters