← Chapters

အမှောင်နဂါး တားမြစ်နယ်မြေ။

Vol. 19 Ch. 222

အမှောင်နဂါး တားမြစ်နယ်မြေ။

Vol. 19 Ch. 222

တောင်တန်းဘုရင်မုရှီသည် ဤအရပ်မှ သွေးကျောက်စိမ်းဆွဲသီးကို ရရှိခဲ့သည်။ မီးဘုရင် ရှဟိုလင်းသည်လည်း နဂါးသူတော်စင် ရုပ်တုကို ထုတ်ယူနိုင်ခဲ့၏။

ဤအချက်အလက်များအရ အပျက်အစီးနယ်မြေသည် အမှန်တကယ် မရိုးရှင်းသော နယ်မြေဖြစ်ကြောင်း ပြောနိုင်သည်။

“ ဝူး ... ။ ”

ထိုစဉ် ကြာနက်ကန်အတွင်းမှ ဟောက်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ တော့၏။ များမကြာမီတွင် အနက်ရောင်မြူများ ထူထပ်စွာ ရစ်သိုင်းနေသည့် ကြာပန်းများမှာ ပွင့်လန်းလာချေပြီ။

“ ရွှီး ... ။ ”

၎င်းတို့၏ ဝတ်ဆံဖိုများမှ အနီရောင် နတ်ဆိုးအလင်းတန်းများက ကောင်းကင်ပေါ် ပျံတက်ကုန်၏။

အကျိုးဆက်အနေဖြင့် အရှေ့အရပ်ဆီမှ မရေမတွက်နိုင်သော သွေးနီရောင် နွယ်ပင်များ နိုးထကြီးထွားလာသည်ကို တွေ့မြင်လိုက် ရသည်။

တစ်ဆက်တည်းမှာပင် အနောက်အရပ်မှ သွေးဆာနေသော ရွှေဓားသံများ မြည်ဟည်းကာ တောင်ဘက်တွင် သွေးမီးတောက်များ ပွက်ပွက်ဆူလာ၏။

မြောက်ဘက်တွင် အရိုးထိတိုင် အေးစက်စေသော သွေးမြစ်တစင်း တဝုန်းဝုန်း လှိုင်းပုတ်နေသည်။

အလယ်ဗဟိုတွင် သွေးနီရောင် တောင်တန်းကြီးတစ်ခု မြေပြင်မှ တက်လာပြီး ထိုအရပ်မျက်နှာများဖြင့် ချိတ်ဆက်သွား တော့၏။

တခဏချင်းမှာပင် ဒြပ်စင်ငါးပါး စုပ်ဝဲကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ဤသည်မှာ ချွင်းချက်မရှိ သတ်ဖြတ်ခြင်းဝင်္ကပါ ဖြစ်၏။

သို့သော် စုရီမှ ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး၊

“ ဒါက တခြားဝင်္ကပါမျိုးဆိုရင် ... ငါနည်းနည်းတော့ အားစိုက်ထုတ်ရလိမ့်မယ် အခုတော့ ဒြပ်စင်ငါးပါးကို အခြေခံတဲ့ ဒီလို ဝင်္ကပါက ငါ့ရှေ့မှာ ဟာသပါပဲ။ ”

ဒြပ်စင်ငါးပါးသည် အစီရင်ပညာရပ်၌ အခြေခံအကျဆုံး စွမ်းအားများဖြစ်ပြီး အဆုံးမရှိ နက်နဲသော အရာများ ပေးစွမ်းသည်။

သူသည် အစီရင်သခင်တစ်ပါး မဟုတ်သော်လည်း ယခင်ဘဝတွင် ၎င်းကို လေ့လာခဲ့ဖူးသဖြင့် အတွေ့အကြုံ ရှိသည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ထို့ကြောင့် ကြောက်လန့်ခြင်း မရှိဘဲ ပန်းခြံထဲလမ်းလျှောက်သကဲ့သို့ ရှေ့တည့်တည့် လှမ်းတက်လိုက်တော့၏။

“ ဝူး ... ။ ”

ဒြပ်စင်ငါးပါး ဝင်္ကပါသည် ချက်ခြင်း အော်မည်သံများပြုလျက် စတင်လည်ပတ်လာ ချေပြီ။

မီးမြစ်ကြီးက ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းသွားသည်။ ၎င်းသည် ရွှေကိုပင် အရည် ဖျော်နိုင်၏။ ငရဲကမ္ဘာမှ လာသော မီးလျှံ သွေးကြောကြီး အလားပေပင်။

သို့သော် စုရီက ဂရုမစိုက်ချေ။ ခန္ဓာကိုယ်တစ်ဝိုက်တွင် စစ်မှန်သောစွမ်းအင်ကို ဒိုင်းအဖြစ် ဖန်တီးကာ တစ်လှမ်းခြင်း ဆက်ဝင် လာခဲ့သည်။

ထိုစဉ် သွေးမြစ်ကြီးက တောင်ကျချောင်းငယ် တစ်ခုလို ချက်ချင်း လိမ့်ဝင်လာ၏။ ၎င်းနှင့်အတူ သွေးနီရောင် တစ်ဖက်ဓားသွားပါ လှံပုစိန်က လေထုထဲ ထွက်ပေါ်လွင့်ပျံလာခဲ့သည်။

အဝေးရှိ သွေးစပျစ်နွယ်ပင်များက တွန့်လိမ်လျက် ကခုန်နေသော ကြာပွတ်ကဲ့သို့ စုရီ၏ဆုတ်ခွာရာ လမ်းကို ပိတ်ဆို့ထား၏။

“ ဝှီး ... ။ ”

ကြောက်စရာအကောင်းဆုံးသည် ကောင်းကင်မှ ကြွေကျလာသော ဥက္ကာခဲများ ပေပင်။

ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး ဒြပ်ငါးပါးလုံးဆုံသော အခါ လေဟာနယ်သည် ပုံပျက်ပေါက်ကွဲသွား၏။

ဤမြင်ကွင်းသည် နင်စစ်ဟွာတို့ကို ကူကယ်ရာမဲ့စေသည်။ မြေကြီးအဆင့်မှ တစ်စုံ တစ်ယောက်သည်ပင် ဝင်္ကပါကို တွန်းလှန်ရန် ခက်ခဲနေချေ၏။

“ ဝိညာဉ် ဝါးမျိုခြင်းအမိန့်။ ”

တစ်ဖက်တွင် စုရီက အမှောင်နတ်ဓား ထုတ်ယူကာ တားမြစ်အမိန့်ကို အသက်သွင်း လိုက်တော့၏။

မဟူရာညကဲ့သို့ မှောင်မိုက်နေသော ဓားကိုယ်ထည်ပေါ်တွင် ဆန်းကြယ်သော ပုံစံ တစ်ခု ပေါ်လာသည်။

ဤသည်မှာ မိစ္ဆာဧကရာဇ်၏ အမွေ ဖြစ်သော တားမြစ်အမိန့်ကိုးပါးအနက်မှ တစ်ပါး ပေပင်။ ကမ္ဘာပေါ်မှ သက်ရှိအားလုံးကို ကိုယ်ပိုင် စွမ်းအင်ဖြစ်လာစေရန် ဝါးမျိုနိုင်သည့် အစွမ်းပါရှိ၏။

တားမြစ်အမိန့် အသက်ဝင်လာသည်နှင့် သွေးမြစ်ကို ဦးစွာစုပ်ယူသည်။ သွေးမြစ်ခမျာ တွန့်လိမ်ရုန်းကန်တော့၏။

အဆုံးတွင် အမှောင်နတ်ဓားပေါ်ရှိ တားမြစ်အမိန့်အတွင်း ဆွဲငင်ခံလိုက်ရသည်။ ဒြပ်စင် ငါးပါးဟူသည် အချင်းချင်း ထောက်ပံ့ ပေး၏။

တစ်စုံတစ်ခုကို အတင်းအကြပ် ဆွဲထုတ်ခဲ့သော် ကျန်ဒြပ်စင် လေးပါခမျာ ပေါင်းစည်းရန် မဖြစ်နိုင်တော့ချေ။

“ ချိုး ဖြတ် ... ။ ”

စုရီမှ အခွင့်အရေးကို လက်လွတ်မခံဘဲ အမှောင်နတ်ဓားဖြင့် ခုတ်ချလိုက်တော့သည်။ ဝိညာဉ် ဝါးမျိုခြင်း အမိန့်သည် ကောင်းကင်ကို ဖြတ်ကာ စုပ်ယူထားသော သွေးမြစ်ဖြင့် မီးပင်လယ်ဆီသို့ တိုးဝင်သွား၏။

ရေနှင့်မီးသည် ယှဉ်တွဲ၍ မရချေ။ သွေးမြစ်သည် မီးပင်လယ်အပေါ် ကျရောက် သောအခါ စွမ်းအားနှစ်ခု တိုက်မိပြီး ပေါက်ကွဲသွားသည်။

“ ဝုန်း ... ။ ”

အကြွင်းအကျန် စွမ်းအင်လှိုင်းများက အဖျက်စွမ်းအားများအဖြစ် အရပ်ရပ်သို့ ပျံ့နှံ့ သွားချေပြီ။

ဤကဲ့သို့သော စွမ်းအားလှိုင်း၏ သက်ရောက်မှုအောက်တွင် သွေးနီဓားလှံပုစိန်၊ သွေးစပျစ်နွယ်ပင်နှင့် တောင်တန်းကြီးခမျာ ပြိုကျကုန်တော့သည်။

ကြောက်မက်ဖွယ် ကောင်းသော သက်ရောက်မှုပေပင်။ ဒြပ်ငါးပါးဝင်္ကပါ ဖွဲ့စည်းမှု တစ်ခုလုံး လုံးဝရပ်တန့်သွားတော့သည်။

မီးတောက်များ၊ မြစ်ချောင်းများ၊ လက်နက်များ၊ စပျစ်နွယ်ပင်နှင့် တောင်တန်း စသည်တို့ အားလုံး ချက်ချင်း ပျောက်ကွယ် ကုန်လေသည်။

“ ဒါ ... ။ ”

နင်စစ်ဟွာတို့ အမြင်တွင် ဒြပ်စင်ငါးပါး သတ်ဖြတ်ခြင်း ဝင်္ကပါသည် ကြောက်မက်ဖွယ် သားသတ်သမားဖြစ်၏။ သို့သော် စုရီသည် မိစ္ဆာ တစ်ကောင်ကဲ့သို့ ချက်ချင်း ဖျက်ဆီးခဲ့သည်။

ဝင်္ကပါ ပျောက်ကွယ်သွားသောအခါ သူ့မျက်လုံးရှေ့ မြင်ကွင်းသည် ရုတ်တရက် ပြောင်းလဲသွား၏။

ပျက်စီးသွားသော မျှော်စင်နေရာတွင် ဧရာမနဂါးကြီးတစ်ကောင် ရစ်ခွေလျက်ဖြင့် ထွက်ပေါ်လာသည်။

ခန္ဓာကိုယ်သည် တောင်တစ်လုံးအသွင် ကြီးမားကာ အကြေးခွံများသည် အိမ်တစ်လုံး နီးပါးရှိ၏။

ဦးခေါင်းသည် ကောင်းကင်ကို ထောက်ပံ့ထားသကဲ့သို့ ရွှေရောင်အလင်းများ တဖိတ်ဖိတ်ဖြာကျနေသည်။

ကောင်းကင်ဘုံရှိ နတ်သားရဲအလား မြင့်မြတ်သော ရောင်ဝါဖြင့် ပြည့်နှက်နေခဲ့၏။ ၎င်း၏ ရောင်ဝါအောက်တွင် လူတိုင်းသည် ပုရွက်ဆိတ်များသာဖြစ်ချေပြီ။

“ ရွှေနဂါး ... ။ ”

မည်သူမဆို တုန်လှုပ်သွားမည်ဖြစ်၏။ ထိန်းမနိုင်သိမ်းမရ ကြည်ညိုကြောက်ရွံ့မှုများ ဝင်ရောက်လာပြီး ဒူးထောက်ချင်စိတ်များ အလိုလိုဖြစ်ပေါ်လာကြသည်။

“ သတိထား ... ။ ”

စုရီမှ အော်ဟစ်လိုက်သည်။ စကားလုံးတိုင်းသည် မိုးခြိမ်းသံကဲ့သို့ နားစည်ကို ရိုက်ခတ်ပြီး လူတိုင်း သတိဝင်လာ၏။

ချက်ချင်း ရွှေနဂါးကို ပြန်ကြည့်လိုက်ရာ နဂါးနှင့်တူသော တောင်တစ်လုံးမျှသာ ဖြစ်မှန်း နားလည်လိုက်သည်။ တစ်စုံတစ်ယောက်သည် ၎င်းကို နဂါးအသွင် ထုဆစ်ထားပုံရချေပြီ။

“ တောင်တန်းကြီးကို နဂါးအဖြစ် ... ထွင်းထုပြီး ဝင်္ကပါမျက်လုံး ဖွဲ့စည်းလိုက်တာပဲ ကြီးကျယ်ခမ်းနားတဲ့ စွမ်းဆောင်မှု တစ်ရပ်ပါ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ တောင်တန်းက ဝိညာဉ်တွေ ပျောက်ဆုံးသွားခဲ့ပြီ။ ”

စုရီက အဝေးက တောင်ထိပ်ကို မျှော်ကြည့်ပြီး မှတ်ချက်ပေးသည်။ ထိုအရပ်တွင် နဂါးဦးခေါင်းဖြစ်ကာ ဘုံကျောင်းတစ်ခု ရှိနေ၏။

“ သွား ရ အောင် ... ။ ”

စုရီမှ ချက်​ချင်း​ လှမ်းတက်သွားသည်။ ဤခရီးတွင် စုရီသည် အဖွဲ့၏ ကျောရိုးဖြစ်၏။ ထို့ကြောင့် သူ့စကားသည် အဖွဲ့အတွက် ဆုံးဖြတ်ချက်ပေပင်။

တောင်တက်လမ်းသည် ကွေ့ကောက်ပြီး နဂါးကျောပေါ် ဦးတည်နေ၏။ တောင်တန်းအနှံ့ အလွန်ထူးခြားသော လျှို့ဝှက်ဆန်းကြယ်သည့် ပုံစံများ ချမှတ်ထားသည်ကို မြင်နိုင်သည်။

ဆိုလိုသည်မှာ ဤတောင်သည် သွေးနတ်ဆိုးတောင်ရှိ ယဇ်ပလ္လင် (၁၀၈) လုံး ကဲ့သို့ တစ်စုံတစ်ရာကို ချိပ်ပိတ်ရန် အသုံးပြုထားပုံပေပင်။

ထို့ကြောင့် တောင်ကြီးတစ်ခုလုံး၏ စွမ်းအားကို အသုံးပြုကာ ချိပ်ပိတ်ထားရသော ဤအရာသည် မည်သည့်စွမ်းအားမျိုး ဖြစ်သည်ကို စုရီမှ သိချင်လာ၏။

နာရီဝက်ကုန်လွန်သွားပြီးနောက် စုရီနှင့် အဖွဲ့သည် နဂါးဦးခေါင်း တောင်ထိပ်ပေါ်သို့ ရောက်ရှိလာခဲ့သည်။

တောင်ထိပ်ရှိ ဘုံကျောင်းသည် အဋ္ဌဂံပုံသဏ္ဍာန်တည်ရှိပြီး ပေတစ်ထောင်ခန့် မြင့်မားကာ တံစက်မြိတ်တွင် သစ်သားကွင်းများ ချိတ်ဆွဲထားချေ၏။

ကျက်သရေရှိပြီး ခမ်းနားထည်ဝါချေပြီ။ ဘုံကျောင်းတစ်ခုလုံးသည် အနက်ရောင်ဖြစ်ကာ အထပ်ကိုးထပ်ပါရှိ၏။ မြေညီထပ် တံခါးဝတွင် ကျောက်စာနှစ်ချပ် စိုက်ထူထားသည်။

၎င်းတို့မှာ ကျိုးပဲနေခဲ့သော်လည်း ရေးထွင်းထားသော စကားလုံးများကို ဖတ်နိုင် သေးသည်။

သို့သော် မည်သူမျှ မဖတ်တတ်ချေ။ ထို့ကြောင့် စုရီထံ လှည့်ကြည့် လိုက်ကြသည်။ စုရီက ဘယ်ဘက်ကျောက်စာထံ ညွှန်ပြပြီး၊

“ ဉာဏ်အလင်းခြံဝင်း။ ”

-ဟု ဖတ်​ပြလိုက်၏။

ဤသည်မှာ သက္ကတဘာသာဖြင့် ရေးထွင်းထားခြင်း ဖြစ်သည်။ ထို့နောက် ကျန် ကျောက်စာကို ကြည့်လျက်၊

“ ဒါကိုတော့ ... ဝိညာဉ်ရေးရာ အစီရင်တစ်ခုလို့ ပြောနိုင်တယ် အမှောင်နဂါး တားမြစ် ကုန်းမြေတဲ့။ ”

-ဟု ပြောကြားလိုက်၏။

ဤသည်မှာ စစ်မှန်သော ဝိညာဉ်ရေး အစီရင်တစ်ခု ဖြစ်လေသည်။ စကြဝဠာကြီး၏ နိယာမများနှင့် သည်ဒေသကို ချိတ်ဆက်ရန် တာအိုစည်းချက်များ ပါရှိချေ၏။

နင်စစ်ဟွာတို့ သုံးယောက်ခမျာ နှလုံးသားများ ကမောက်ကမ ဖြစ်ကုန်ကြသည်။ သတ္တတ ဘာသာစကားကို နားမလည်ကြ သော်လည်း စုရီကို အကြွင်းမဲ့ယုံကြည်၏။

ယင်းကြောင့် တစ်ဖက်လူသည် ထိုစကားလုံးများကို ပေါ့ပေါ့ဆဆ ရှင်းပြသော အခါတွင် သက်ပြင်းများသာ ချလိုက်မိ တော့သည်။

ဤလူငယ် နားမလည်နိုင်သော အရာဟူ၍ကမ္ဘာတွင် ရှိနိုင်ဦးမည် မထင်ချေ။ လန်စုမှ ဘုံကျောင်းထံ မျှော်ကြည့်ကာ၊

“ ဒါက ထူးဆန်းနေတယ် ဉာဏ်အလင်း ခြံဝင်းဆိုတာ ဗုဒ္ဓဘာသာဝင် အသုံးအနှုန်းမျိုးပဲ ဒါပေမယ့် ဘာလို့ အမှောင်နဂါး တားမြစ် နယ်မြေလို့ ထပ်ပြီး သတိပေးရတာလဲ။ ”

-ဟု ညည်းတွားလိုက်တော့သည်။

“ ရှင်းပါတယ် ဒီတောင်ကြီးအောက်မှာ တစ်ချိန်က ရက်စက်ကြမ်းကြုတ်တဲ့ အမှောင် နဂါးတစ်ကောင်ရှိနေမှာ ငါကြောက်တယ်။ ”

“ စိတ်ဝင်စားစရာပဲ ဒါဆို ဝင်ကြည့်ရအောင်။ ”

စုရီက ငြင်းဆန်ခြင်း မပြုဘဲ ဘုံကျောင်း အတွင်း လှမ်းဝင်လိုက်တော့သည်။ အတွင်း၌ ခန်းမကြီးတစ်ခုက စောင့်ကြိုနေ၏။

ခန်းမထဲတွင် ကျောက်တိုင် (၃၆)တိုင် ရှိနေကာ နံရံလေးဘက်တွင် ကြေးမီးအိမ်များ ချိတ်ဆွဲထားသည်။

ထိုမီးအလင်းရောင်များက လူတိုင်း၏ စိတ်ဝိညာဉ်ကို ငြိမ်းအေးလာစေသည်။ စုရီက လေထုကို ရှူရှိုက်လျက်၊

“ ဗုဒ္ဓရဲ့အနှစ်သာရကို လောင်ကျွမ်းတဲ့ မီးအိမ်တွေလား ... ဒါတွေက တကယ်ပဲ ထာဝရ မီးတောက်မဖြစ် လောင်မြိုက်နိုင်တာကိုး ။”

-ဟု ရေရွတ်လိုက်တော့၏။

နံရံလေးဘက်တွင် ပျက်စီးနေသော ပန်းချီကားများစွာ ရှိနေခဲ့သည်။ ၎င်းတို့သည် ပျံဝဲနေသော နဂါးများ၊ ဖီးနစ်များ၊ တိမ်ထုကို စီးနင်းနေသော ဘုန်းကြီးများ ဖြစ်၏။

ပန်းချီကားပျက်များ အားလုံးသည် သက်ရှိများကဲ့သို့ ကြီးမြတ်သောရောင်ဝါဖြင့် သန့်ရှင်း သပ်ရပ်နေခဲ့သည်။

ထို့ကြောင့် စုရီက တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ခံစားလာရပြီ မျက်မှောင် ကြုတ်လိုက်မိတော့၏။

***

All Chapters