← Chapters

ဆရာတပည့် ပြန်လည်တွေ့ဆုံခြင်း

Vol. 108 Ch. 1511

ဆရာတပည့် ပြန်လည်တွေ့ဆုံခြင်း

Vol. 108 Ch. 1511

မြေအောက်မှလာသည့် အင်အားအကြောင်းတွေးလိုက်လျှင် သူမ နှလုံးခုန်သံများ မြန်လာသည်။

အလိုလိုသိစိတ်မှပြောနေသည်မှာ ထိုစွမ်းအားသည်… သူမသာ ထိုအရာ ကိုရနိုင်လျှင် အင်အားမှာလည်း အဆမတန်တိုးသွားနိုင်သည်။

သို့သော် သူမ ထိရမည့်အချိန်ကောင်း မဟုတ်သေးပေ။

ဝူလင်းယူ သွားရနိုင်မလားဆိုသည်ကို သူမ သိချင်မိသည်။

“အဲဒါက ကိုယ်နဲ့အဆင်မပြေဘူး” ဝူလင်းယူသည် သူမအတွေးကို ခန့်မှန်း မိသည့်အတိုင်းပင် ပြောလေသည်။

“အစ်ကို မြင်တောင်မမြင်ရသေးတာကို အဆင်ပြေတာ မပြေတာ ဘယ်လိုလုပ်သိလဲ” ရှီမာယူယူ မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ ကိုယ်သိလို့လေ” ဝူလင်းယူ ပြောလိုက်သည် “အဲဒီ စွမ်းအားက ကိုယ့်ဝိညာဉ်စွမ်းအားနဲ့ဆိုရင် ထူးဆန်းမှာကို အစကတည်းက အာရုံခံမိတယ်၊ အဲဒါကိုရှာတွေ့ရင်တောင် ကောင်းချီးပေးတာမဟုတ်ဘဲ ကျိန်ဆဲခြင်းဖြစ်မှာပဲ”

သူသည် စွမ်းအားကို မျက်လုံးစုံမှိတ်ပြီး တက်မက်တတ်သည့်သူမဟုတ် ပေ။

“ဒါဆိုလည်း ကောင်းပီဲလေ၊ အဲဒါကို စိတ်ထဲမထားတော့ဘူး တခြား နေရာကိုပဲ သွားကြည့်ရအောင်” ရှီမာယူယူသည် သူ့လက်ကိုဆွဲလိုက်သည်။

သူတို့သည် အောက်တွင် သုံးလမှလေးလအထိနေခဲ့ပြီးလေသည်။ နောက် တစ်လကြာလျှင် ရှီမာယူယူ ရွှမ်ချုံးဟော်နှင့် ချိန်းဆိုထားသည့် ရက်ရောက်ပြီ ဖြစ်သည်။

သူ ဘာကြောင့် ခြောက်လအကြာကို ချိန်းဆိုလိုက်သည်ကို သူမ သိချင်မိ သည်။ သူက ဒီမှာ ရတနာတွေထပ်ရှာဖို့ နေဖို့အစီအစဉ်မရှိလို့များလား။

ဤနေရာသည် ဝင်ရန်ခက်ခဲသောနေရာတစ်ခုဖြစ်သောကြောင့် သူမ အနည်းငယ်ထပ်နေချင်သေးပြီး ပစ္စည်းများပိုယူချင်သေးသည်။ မဟုတ်လျှင် ပြန်လာရန် ခက်ခဲနိုင်သည်။

သူမသည် သူမအတွေးကို ဝူလင်းယူကို ပြောပြလိုက်သည်။

“ရှေးဟောင်းသတ္တုတွင်းတွေမှာ ခြောက်လထက်ပိုပြီးနေလို့မရဘူးလို့ ရှေးဟောင်းစာအုပ်တွေမှာ ပြောထားတယ်” ဝူလင်းယူ ပြောလိုက်သည်။

“ဘာလို့လဲ”

“ဒီမှာနေတာကြာရင် ကိုယ့်စိတ်ကိုထိန်းချုပ်သွားပြီး ကိုယ့်ကိုယ့်ကို ပိုင် တော့မှာမဟုတ်ဘူးလို့ ပြောကြတယ်” ဝူလင်းယူ ရှင်းပြလေသည် “အကြောင်း အရင်းကိုတော့ စာအုပ်တွေမှာ ရှင်းပြမထားဘူး”

ရွှမ်ချုံးမျိုးနွယ်သည် ရှေးဟောင်းသတ္တုတွင်းများကို လေ့လာခဲ့ပြီးဖြစ်ရာ သူတို့သည် ထိုအချက်ကို သေချာပေါက် သိထားမည်။ ကိုယ့်ကိုယ်ကို မဆုံးရှုံး ရန်အတွက် ဤနေရာတွင် ကြာရှည်စွာမနေသင့်ပေ။

“ကြည့်ရတာ အရူးတွေဖြစ်သွားတော့မယ်ထင်တယ်” ရှီမာယူယူ သက်ပြင်းချမိသည်။

နှစ်တစ်ဝက်ကြာပြီးနောက်တွင် သူတို့သည် သူမလောက် ကံမကောင်းန လျှင် သူမရခဲ့သည့်အကျိုးအမြတ်လောက်ရမည်မဟုတ်ပေ။ နှစ်တစ်ဝက်ဆို သည်မှာ တိုတောင်းလှသည်ကို သူတို့သိလျှင်တောင် ဖြားယောင်းမှုကို တွန်းလှန်ပြီး ဆက်နေ၍မဖြစ်ပေ။

ဖြားယောင်းမှု ခုခံခြင်းကို လူတိုင်းမလုပ်နိုင်ပေ။

ထို့အပြင် ထိုအချက်ကိုမသိကြသည့်လူများလည်းရှိနိုင်ရာ အမှတ်တမဲ့ ကျန်ခဲ့နိုင်သည်။

အိုး.. သူမ သိတဲ့လူကိုတွေ့ရင်တော့ သေချာပေါက် သူတို့ကိုပြောပြရ မယ်။

သူတို့သည် ရှေ့ဆက်ပြီး တူးကြသည်။ သူတို့ ထွက်ပေါက်ကို တူးရင်းနှင့် တခြားအခွင့်အရေးများရှိမလားဟု ဆက်ကြည့်ကြသည်။

နောက်ဆုံးတွင် သူတို့သည် အမှန်တကယ်ပင် သတ္တုရိုင်းတချို့ကို တူးမိ ကြသည်။ သို့သော် ရွှေလေးသည် မည်သည့်တုံ့ပြန်ချက်မှမရှိသဖြင့် ထိုနေရာမှ ပစ္စည်းများသည် သာမန်မျှသာဖြစ်မည်ဟု ခန့်မှန်းလိုက်ကြသည်။

ရက်အနည်းငယ်ကြာအောင် မြေအောက်တွင် လမ်းဖောက်ရသည်။ ထိုအချက်တွင် ဝင်ပေါက်ရောက်ရန် မည်မျှသွားရဦးမည်ကို သူတို့မသိကြပေ။

“ဟူး မြေပေါ်ကမှ ပိုပြီးသက်တောင့်သက်သာဖြစ်သေးတယ်” ရှီမာယူယူ သည် ပင့်သက်ရှိုက်လိုက်သည်။ မြေပြင်ပေါ်မှ လေသည် များစွာလတ်ဆတ် သည်။ “အကုန်လုံး ပင်ပန်းနေမှာပဲ ဒီမှာပဲနားကြတာပေါ့”

မြေအောက်မှသွားရခြင်းသည် မလွယ်ကူလှပေ။

“ယူယူက ကိုယ့်လမ်းကိုတူးမယ်လို့ ခေါင်းမာနေတာကြောင့်သာရယ် ဝိညာဉ်စွမ်းအင်သုံးလိုက်ရင် ပိုမလွယ်သွားဘူးလား” ဟိန်းသံလေးသည် အားလုံးစဉ်းစားနေသည်ကို ပြောလိုက်သည်။

“မြင်ရင်လည်း မသိသာစေနဲ့လေ သိပြီလား” ရှီမာယူယူသည် သူ့ကို စိုက် ကြည့်လိုက်သည်။

“ငါတို့ အစားကောင်းကောင်းလေး စားချင်တယ်” ဟိန်းသံလေးသည် သူမ စူးရှစွာစိုက်ကြည့်သည်ကို မကြောက်ဘဲ ရှီမာယူယူ၏ ရင်ခွင်ထဲတွင် လူးလှိမ့်နေသည်။

“ဘာစားချင်လို့လဲ”

“အသား”

“….”

အသားစားချင်တယ်ဟုတ်လား။ ရိုးရှင်းလိုက်တာ။

ရှီမာယူယူသည် အားလုံးအတွက် အသားအပုံလိုက်ပြင်ဆင်လိုက်သည်။ သူမသည် အသားကင်၊ အသားကျပ်တင်၊ အသားကြော်၊ အသားမွှေကြော်၊ အသားဟင်းရည်နှင့် တခြားအရာများကို ချက်ပြုတ်လိုက်သည်။

သူမသားရဲများသည် ထိုအချိန်တွင် ဝင်ကူခဲ့ကြကာ သူမလည်း အကျိုး အမြတ်များစွာရလိုက်သည်။ သူတို့အတွက် အစားအစာပြင်ဆင်ပေးရသည်ကို စိတ်မရှိလှပေ။

ရှီမာယူယူသည် အသားခိုးရန်ကြိုးစားနေသည့် ဟန်းသံလေးကို ဖမ်းပြီး စွပ်ပြုတ်အိုးရှေ့တွင်ထားလိုက်သည်။ သူမ ပြုံးပြီးပြောလိုက်သည် “နင့်အတွက် က ဒါပဲ”

ဟိန်းသံလေးသည် သေးငယ်သောအိုးကိုကြည့်ပြီး သူမကို ထိခိုက်နာကျင် စွာကြည့်လေသည် “ဒါဘာကြီးလဲ၊ အသားတစ်ဖတ်တောင်မပါဘူး”

“ဒါခိုစွပ်ပြုတ်ပဲ၊ အရမ်းအာဟာရပြည့်တယ် မင်းရဲ့ခန္ဓာကိုယ်သေးသေး လေးအတွက် အသုံးဝင်တယ်” ရှီမာယူယူသည် သူ့လည်ပင်းကို ကိုင်ထားပြီး ထွက်ပြေးခွင့်မပြုပေ။

“မရဘူး သူတို့ကကျ အသားတွေစားနေပြီးတော့ ငါ့ဟာကျ သေးသေး လေးရယ်၊ ငါ သူတို့နဲ့စားချင်တယ်” ဟိန်းသံလေး တော်လှန်လေသည်။

“ဒါစားဖို့ မင်းတစ်ယောက်ပဲ သင့်တော်တယ်” ရှီမာယူယူသည် ထိုငြင်းဆန်မှုကို ဂရုမစိုက်ပေ “ခုနတုန်းကကျ မင်းကသေးလွန်းလို့ အားသုံးတဲ့ အလုပ်တွေမလုပ်နိုင်ဘူးလို့ ပြောခဲ့တာလေ၊ မင်းက ဒီလောက်သေးမှတော့ ဒါစားတာ မင်းအတွက်လောက်နေပြီ”

ဟိန်းသံလေး၏ မျက်လုံများသည် လုံးဝန်းပြီး ကြီးမားလာကာ  ရှီမာယူယူ အား နာကျင်စွာဖြင့် စိုက်ကြည့်လေသည်။

သူမ တမင်လုပ်တာပဲ။ သူမက သူမနေချင်တဲ့ ဘဝကိုအသုံးချပြီး အစာ ကောင်းကောင်းကျွေးဖို့ငြင်းဆန်လိုက်တာပဲ။ ရွှတ် ရွှတ် သူမက ရက်စက်လွန်း တယ်။

“လိမ္မာတယ်၊ ဒါအရမ်းစားကောင်းတယ်” ရှီမာယူယူသည် သူ့ခေါင်းကို ပုတ်လိုက်သည်။

သူမအကြည့်အောက်တွင် ဟိန်းသံလေးသည် ဤအရာအားစားပြီးမှပင် အသားသွားစားနိုင်မည်။ ဒီလောက်သေးတာ သူ တစ်လုတ်တည်းနဲ့တင် စားနိုင် တယ်။

“အာ… တကယ်ပဲ အရသာရှိတာပဲ” ဟိန်းသံလေး စားလိုက်ချိန်တွင် အရသာမှ မဆိုးလှသည်ကို ပြောနိုင်သည်။

သည်လိုနှင့် သူသည် ခိုစွပ်ပြုတ်တစ်ပန်းကန်လုံးကို အရှက်မဲ့စွာ သောက် လိုက်သည်။ ပြီးနောက် ရှီမာယူယူ၏ ကျီစားသည့်အကြည့်များကို ဂရုမစိုက် တော့ဘဲ ရှောင်ချီနှင့် တခြားသူများဆီမှ အသားများကို ပြေးလုစားတော့သည်။

ထိုမျှအရသာရှိလှသော အသားကိုစားဖူးသည်မှာ အန်းလေအတွက် ပထမဆုံးပင်ဖြစ်သည်။ သူမ အားလုံးနှင့်ရင်းနှီးလာသည့် အချက်ကိုပါထည့် တွက်လျှင် သူမသည် အသားကင်တိုက်ပွဲကိုပါ ဝင်ဆင်နွှဲရတော့သည်။

ရှီမာယူယူသည် လက်ထဲတွင် ပန်းကန်ကိုင်ကာ ဝူလင်းယူဘေးသို့လာပြီး ပြောလိုက်သည် “ရှီယူနောက်ကလိုက်လာပြီး ညီမကိုတွေ့ရင် ရိုက်မလားပဲ”

ဝူလင်းယူ ရယ်မောပြီး ပြောလိုက်သည် “ဖြစ်နိုင်တယ်”

ရှီယူသည် အပျော်ဝင်ပါသော်လည်း ပစ်ချထားခံရကာ ကန္တာရသို့ မဝင် လိုက်ရပေ။ သူမကို တွေ့သည်နှင့် ရှီယူ၏ အကျင့်နှင့်ဆိုလျှင် သေချာပေါက် နောက်ကလိုက်ရိုက်မည်ဖြစ်သည်။

“အဲဒါအစ်ကိုပဲလုပ်တာလေ” ရှီမာယူယူသည် သူ့ကို မျက်လုံးလှိမ့်ပြလိုက် သည်။

သူက ကြိုးကိုင်တဲ့သူလေ အဲဒါကို ဒီလောက်… ပျော်ပျော်ကြီး ရယ်မော နေတာလား။

“သူများတွေ ဘယ်လိုအကျိုးအမြတ်တွေရမလဲမသိဘူး” သူမသည် အသားကျပ်တင်ထုတ်ပြီး တစ်ကိုက်ကိုက်လိုက်သည် “ပျားတွေကို အခြေအနေ သွားမေးကြည့်ရမယ်”

ဝူလင်းယူသည် အစားကိုသာ တိတ်ဆိတ်စွာစားနေပြီး ရှီမာယူယူသည် အပြင်မှအခြေအနေမေးရန် စိတ်ကိုလွှင့်လိုက်သည်။

သူ သူမကိုအခုစကားပြောလျှင်လည်း သေချာပေါက် ကြားမည်မဟုတ် ပေ။

ရုတ်တရက် သူမ မတ်တတ်ရပ်ကာ အသားကျပ်ကင်ကိုပင် စားခြင်းကို ရပ်လိုက်သည် “ဆရာဖန်အကြောင်း သတင်းရတယ်”

“ဖန်ကျိရှင်းလား”

“ဟုတ်တယ် စကားများနေတဲ့လူတစ်စုနဲ့ တချို့ကရပ်ကြည့်နေကြတာ ဆရာလည်း အဲဒီမှာရှိတယ်” ရှီမာယူယူ ပြောလိုက်သည် “ညီမသွားပြီး ကြည့်ရ မယ်”

“ဒီအချိန်မှာ အငြင်းအခုံဖြစ်တယ်ဆိုရင် သတ္တုနဲ့ပတ်သတ်တဲ့ကိစ္စပဲဖြစ် ရမယ်၊ ဒီလောက်လူတွေအများကြီးကို ဆွဲဆောင်နိုင်တယ်ဆိုရင် ရတနာပဲ ဖြစ်နိုင်တယ်” ဝူလင်းယူ ပြောလိုက်သည် “ဘယ်သူသိမှာလဲ တိုက်ပွဲတောင် ဖြစ်နိုင်တယ်၊ ကိုယ်တို့သွားကြည့်ရမယ်”

“အင်း” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ အငမ်းမရစားသောက်နေ သော သူမသားရဲများကို ပြောလိုက်သည် “ပြန်သွားရင်းနဲ့မှ ဆက်စားကြတော့ ငါတို့အမြန်သွားရမယ်”

သူမသားရဲများသည် အားလုံးကိုအမြန်စားကာ အသားများကို သယ်သွား ပြီး သွားရင်းနှင့် စားကြလေသည်။ ရှီမာယူယူသည် ဖန်ကျိရှင်းနှင့်တခြားသူများ လုံခြုံရေးကို စိတ်ပူမိသည်။ သူတို့အခုချိန်တွင် အဆင်ပြေနေသည်ဟု သူမ နီရဲ ပျားများသတင်းပို့၍တော်သေးသည်။ ထိုအခါမှပင် သူမ စိတ်အေးနိုင်တော့ သည်။

ဟာစွန်သည် အားလုံးကိုခေါ်ကာ သူမနီရဲပျားများပြောသည့် ဦးတည်ရာ ဘက်သို့ ပျံသန်းလိုက်သည်။ သူတို့မိုးပေါ်တွင်ရှိနေစဉ်တွင် ဝိညာဉ်သိုင်းများ တိုက်ခိုက်ကြသည့်အသံကို ကြားလိုက်ရသည်။

လူနှစ်ယောက်သည် မိုးပေါ်တွင်တိုက်ခိုက်နေကြကာ လူတစ်စုသည် အောက်မှကြည့်နေကြသည်။ ရှီမာယူယူသည် ကြည့်လိုက်သည်နှင့် ဖန်ကျိရှင်း ကိုမှတ်မိသည်။

သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အချိန်တစ်ခဏမျှသာ သိခဲ့ရ သော်လည်း သူမစိတ်ထဲတွင် သူသည် စွဲထင်ကျန်ခဲ့သည်။

ဖန်ကျိရှင်းသည် အစပိုင်းတွင် တစ်စုံတစ်ခုကို စဉ်းစားနချိန်တွင် ရုတ်တရက် တစ်ခုခုကို ခံစားမိလိုက်သည်။ သူ ခေါင်းမော့ကြည့်လိုက်ရာ ရှီမာယူယူ ပျံလာသည်ကိုမြင်လိုက်ရသည်။ သူ့မျက်နှာမှ အေးစက်နေသော အမူအရာသည် နွေးထွေး သောအပြုံးအဖြစ် ပြောင်းသွားလေသည်။

***

All Chapters