← Chapters

အခန်း (၄၄)

Vol. 4 Ch. 44

အခန်း (၄၄)

Vol. 4 Ch. 44

စူးထောင်၏ ကောင်းမွန်သော ပုံရိပ်ကြောင့် hot search တွင် သူမအကြောင်းရှာဖွေမှု များနေဆဲဖြစ်သော်လည်း ရုတ်တရက် သူမ၏ ပုံရိပ်က ကျဆင်းသွားသည်။ ရှိုးအစီအစဉ်မှ ထျန်ရင်ရင်ကို ရှဲ့ကျင်ပြောထားသည့် "မင်းရဲ့နဂိုပုံစံနဲ့ ကွဲထွက်နေတယ်"ဟူသော စာကြောင်းပါသည့် GIFကို တွဲသုံးထားသဖြင့် Hot Searchမှာ ပို၍ပင် လူအာရုံစိုက်ခံရတော့၏။

ယခုhot searchကြောင့် ဖြစ်ပေါ်လာသော အပျက်သဘောဆောင်သည့် သက်ရောက်မှုများ ဆက်လက်ကြီးထွားလာသဖြင့် ရှဲ့ကျင်နှင့်စူးထောင် CP fanများက သူတို့ကို ပြန်ဆန့်ကျင်တိုက်ခိုက်လာကြသည်။

အင်တာနက်သုံးစွဲသူများက စူးထောင်ဟာ ကြောင်သူတော်ဖြစ်ပြီး သူမ၏အပြစ်ကင်းစင်သော မျက်နှာကိုဗန်းပြကာ ယောက်ျားများ၏ ချစ်ခင်မှုကိုရရန် ခြယ်လှယ်တတ်သော မိန်းမတစ်ယောက်ဟု ‌ပြစ်တင်ဝေဖန်နေကြ၏။

ကံကောင်းထောက်မစွာ CP fanအင်အားက သိပ်အများကြီးမရှိသောကြောင့် ပျက်စီးမှုအသစ်အများအပြား မဖြစ်ပေါ်ခဲ့ပေ။ မီးထဲလောင်စာ ထည့်လိုက်သည့်သလိုမျိုး လူစိတ်ဝင်စားမှုပိုတိုးလာသည်။

စူးထောင် အစိုးရိမ်ဆုံးကတော့ သူမ၏ပုံရိပ်ကျဆင်းမှုဟာ သူမကုမ္ပဏီက အနုပညာရှင်တွေအပေါ် သက်ရောက်မှုရှိမှာကိုပင်။ သူမ နာမည်ကောင်းရရှိစဉ်တုန်းက သူမရဲ့အနုပညာရှင်တွေ နှစ်သက်မှုပိုတိုးလာအောင် ကူညီပေးခဲ့သလိုမျိုးဖြစ်သည်။

ဤဖြစ်ရပ်သည် 'အတက်ရှိလျှင် အကျလည်းရှိမည်'ဟူသော ဆိုရိုးကဲ့သို့ပင်။

စူးထောင်သည် ညတွင်းချင်း ကုမ္ပဏီသို့သွားကာ Hot Search ကိုချရန် သတင်းပြန်ကြားရေးဌာနက လုပ်ဖော်ကိုင်ဖက်များနှင့် လုပ်ဖော်ကိုင်ဖက်များနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့၏။ သူမက ပထမဆုံးပိုစ့်တင်သူ၏ IDကိုရှာရန် နည်းပညာဌာနနှင့်လည်း လုပ်ဆောင်ခဲ့သည်။

သူမသည် ယခင်က အတင်းအဖျင်းများကို အကြိမ်ပေါင်းများစွာ နှိမ်းနှင်းခဲ့သော်လည်း တစ်နေ့နေ့တွင် သူမလည်း ဤကဲ့သို့ကြုံရမည်ဟု မထင်ထားခဲ့ချေ။

တစ်ညတာကျော်လွန်ပြီးနောက် နောက်ဆုံးတွင် ထိုhot search ကိုလျော့ချနိုင်သွားပြီး သူမ၏ကိုယ်ပိုင်အနုပညာရှင်များအပေါ်လည်း သက်ရောက်မှုမရှိတော့ပေ။ ထို့အပြင် ပုံကိုတင်သော သူ၏ IDကိုပါ ရှာတွေ့သွားခဲ့၏။

အသုံးပြုသူနာမည်မှာ "အချိန်ပိုမဆင်းချင်ဘူး။"

ထိုweibo accသည် ဖွင့်ထားသည်မှာ ၆နှစ်ကျော်ကြာပြီဖြစ်သော်လည်း ပိုစ့်အတင်နည်းသည်။ ဖွင့်ထားသော အီးမေးလ်တွင် အချက်အလက်မရှိသဖြင့် စူးထောင်တစ်ယောက် အသုံးပြုသူ၏ weibo activityတွင် မူမမှန်တာမျိုး ဘာတစ်ခုမှ ရှာမတွေ့ခဲ့ချေ။

သို့သော် ထျန်းကျင်ရုံးချုပ် အဆောက်အအုံ တည်နေရာကို shareထားသည့် Weibo ပိုစ့်တစ်ခုရှိနေသည်ကို စူးထောင် သတိပြုမိသွား၏။

စူးထောင်သည် မျက်ခုံးနှစ်ဖက်ကြားကို လက်ဖြင့်နှိပ်ကာ နည်းပညာဌာနနှင့် သတင်းပြန်ကြားရေးဌာန လုပ်ဖော်ကိုင်ဖက်များကို အလုပ်ကောင်းကောင်း လုပ်ဆောင်ခဲ့ကြောင်းပြောကာ အိမ်ကိုပြန်ပြီး အနားယူရန် ပြောလိုက်ပြီးနောက် သူမရုံးခန်းဆီသို့ ဦးတည်လိုက်သည်။

ထျန်းကျင်၌ အလုပ်လုပ်ခဲ့သည့် အချိန်တုန်းက သူမနှင့်သဘောထား ကွဲလွဲဖူးသည့် လူများအကြောင်းကို သူမသုံးသပ်နေခဲ့၏။

သို့သော် သေသေချာချာ စဉ်းစားပြီးနောက် သူမကိုထိခိုက်စေမည့် သံသယရှိသူ နှစ်ဦး ပေါ်လာသည်။ ချင်ရွှယ်ရှီးနှင့် ထျန်ရင်ရင်ပင်။

ထိုစဉ် သူမဖုန်းကမြည်သွားပြီး ရှဲ့ကျင်ထံမှ စာတစ်စောင်ရောက်လာ၏။

နည်းပညာဌာနမှ တွေ့ရှိခဲ့သည့်အရာနှင့် ဆင်တူသည့် ဖိုင်များနှင့် စခရင်ရှော့များကို သူမထံပေးပို့ထားပြီး သူမတွေ့ရှိထားသည်ထက်ပင် ပိုပိုတိကျသည်။

[ရှဲ့ကျင် - ကိုယ်တော့ ထျန်ရင်ရင်လို့ပဲ သံသယဖြစ်မိတယ်။]

[ရှဲ့ကျင် - မင်းအရင်က ရခဲ့တဲ့ပုံကလည်း သူ့ဆီကနေပဲဖြစ်ရမယ်။]

[ရှဲ့ကျင် - အဲဒီပုံက ဗီဒီယိုတစ်ခုကနေပြီး Ssရိုက်ထားတာ။ ကိုယ်ရဲ့အပြစ်ကင်းစင်မှုကို သက်သေပြဖို့အတွက် အဲဒီဗီဒီယိုကို ကိုယ်ရှာမယ်။]

သူရှာတွေ့ခဲ့တဲ့ဟာက သူမရဲ့မှန်းဆချက်နဲ့ ကိုက်ညီတယ်!

စူးထောင် ဖုန်းကိုပိတ်လိုက်ပြီး တွေးတောနေစဥ် ရုတ်တရက် အနီရောင် ဒေါက်ဖိနပ်တစ်စုံက သူမရှေ့တွင်ရပ်သွားပြီး မတည်ငြိမ်သော အသက်ရှုသံများနှင့်အတူ ပြင်းထန်‌သည့် ဒေါသလှိုင်းများ သူမထံသို့ ရိုက်ခတ်လာ၏။

စူးထောင်ကလည်း မေ့ာအကြည့် လက်ဖဝါးတစ်ဖက်က သူမဆီသို့ လွင့်စင်လာသည့်အတွက် အလျင်အမြန်တုံ့ပြန်ကာ ထိုလက်ကို ဖမ်းဆုပ်လိုက်သည်။

သူမအရှေ့ကလူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ စူးထောင်တခဏတာ အံ့ဩသွားသည်။

"ရှောင်ရွေ့?"

ကျန်းရှောင်ရွေ့သည် သူမလက်ကို ပြန်ဆွဲယူလိုက်ပြီး မျက်လုံးပြူးနှင့် စူးထောင်ကို ဒေါသတကြီး စိုက်ကြည့်ကာ ကျယ်လောင်စွာဖြင့် "နင်ငါ့ရဲ့အထောက်အထားနဲ့ ဘာတွေလုပ်ခဲ့တာလဲ။ ဟောင့်ရှင်နဲ့ လက်ထပ်ချင်နေတာမလား။"

‌ကျန်းရှောင်ရွေ့ ထုတ်ပြောလိုက်သည့် သူမ၏အထောက်အထား ပြဿနာကို ကြားလိုက်ရသောအခါ စူးထောင်က ချက်ချင်းသူမလက်ကို ဆွဲကိုင်ကာ လေသံတိုးတိုးလေးဖြင့် " ငါ့ရုံးခန်းကို လိုက်ခဲ့။ ဒီမှာ ရုတ်ရုတ်သဲသဲဖြစ်အောင် မလုပ်နဲ့ ။

"ဘယ်သူက ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်နေတာလဲ။" ကျန်းရှောင်ရွေ့က စူးထောင်၏ လက်ကို ခါချကာ ပိုမိုကျယ်လောင်သော အသံဖြင့်" ငါ့ရဲ့အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ စူးထောင်က ငါ့ယောက်ျားကို ခိုးယူနေတယ်။ ဘယ်လိုတောင် အကျင့်စာရိတ္တ ပျက်ပြားနေတာပါလိမ့်။"

စူးထောင်သည် စိတ်လှုပ်ရှားစွာ ကြည့်ရှုနေသော လူအုပ်ကိုတစ်ချက် ဝေ့ကြည့်လိုက်ရာ အများစုမှာ လျိုဝမ်ထောင်၏ လူများဖြစ်ပြီး တချို့မှာ ဖုန်းကိုထုတ်ကာ အသံဖိုင်၊ဗီဒိုဖိုင် ယူနေကြသည်ကို တွေ့လိုက်ရသည်။

"ကျန်းရှောင်ရွေ့ ရှန်းဟောင့်ရှင် ဘာလို့နင့်ကို လက်မထပ်ချင်လဲဆိုတာကို သိချင်ရင် အခုငါ့ရုံးခန်းကို လိုက်ခဲ့။"

စူးထောင်သည် ကျန်းရှောင်ရွေ့အား အဝေးကိုခေါ်ထုတ်ရန်နှင့် အဖြစ်အပျက်၏ သက်ရောက်မှုကို လျှော့ချရန်အတွက် ရှောင့်ရွေ့အလေးထားသည့် အချက်ကိုသာ အသုံးချရတော့၏။

"အခု ဒီရုံးအတွင်းမှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေရဲ့ အသံဖိုင်၊ဗီဒီယိုဖိုင် တစ်ခုခုပြန့်သွားကြည့် အဲဒီလူကို ချက်ချင်းအရေးယူပြီး အလုပ်ထုတ်ပစ်မယ်။" စူးထောင်သည် အော်ပြောလိုက်ပြီးနောက် ကျန်းရှောင်ရွေ့ကို ခေါ်သွားတော့သည်။

ရိုးရှင်းသော ရုံးခန်းထဲတွင် ကျန်းရှောင်ရွေ့သည် ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး စူးထောင်က ပိတ်ထားသော တံခါးရှေ့တွင် မတ်တပ်ရပ်ကာ လက်ကိုပိုက်ထား၏။ ပုံမှန်အချိန်နူးညံ့နေသည့်သူမသည် ယခုအခါတွင် မျက်မှောင်ကို ကြုတ်ထားပြီး မျက်လုံးများက အနီရောင်သွေးကြောများနှင့် ပြည့်နေသည်။

"ကျန်းရှောင်ရွေ့ နင်ဦး‌နှောက်မဲ့သွားတာလား။ တကယ်ကြီး လိုင်းပေါ်က အတင်းအဖျင်းတွေကို ယုံတယ်ပေါ့လေ။"

"ဓာတ်ပုံက အတုလုပ်လို့ရလို့လား။" ကျန်းရှောင်ရွေ့သည် အလျော့မပေးသည့်ပုံစံဖြင့် ခေါင်းကိုမော့ကာ သူမဖုန်းထဲရှိပုံကို ယူထုတ်ပြရင်း ယုံကြည်ချက်ရှိရှိ ညွန်ပြလိုက်၏။ "နင်တို့နှစ်ယောက်က ဒီလိုအခြေအနေ‌မှာ ရှိနေတာတောင် နားလည်မှုလွဲတာလို့ နင်ကပြောချင်တာလား။"

"ဒီပုံတွေက အမှန်တရားနဲ့ ကွဲထွက်နေတာ။သေချာပေါက် ဗီဒီယိုတစ်ခုခုက အခြေအနေကို ဖြတ်ယူထားတာပဲ။ ရှန်းဟောင့်ရှင်နဲ့ငါက ဒီအတိုင်းရိုးရိုးသားသား ထမင်းတူတူစားကြရုံပါ။"

စူးထောင်သည် မျက်လုံးကိုမှိတ်လိုက်ကာ စိတ်ခံစားချက်များကို တည်ငြိမ်အောင်ထိန်းလိုက်ပြီးနောက် သက်ပြင်းချလိုက်ရင်း သူမရှေ့မှောက်ရှိ စိတ်ရှုပ်ထွေးနေသော အမျိုးသမီးကို ကြည့်လိုက်သည်။ "နင်ဘာလို့ ပြန်လာတာလဲ။ ရှန်းဟောင့်ရှင် နင့်ကိုသွား‌ရှာတုန်းကတော့ ပြန်မလိုက်ခဲ့ဘူးမလား။"

"အဲဒါက အခုငါနောင်တရသွားလို့လေ။" ကျန်းရှောင်ရွေ့က ရင်းနှီးမှုမရှိသော လေသံဖြင့် ခွန်းတုံ့ပြန်လိုက်၏။ "ဟောင့်ရှင်ဘာလို့ ငါ့ကို ရုတ်တရက်ကြီး ငြင်းလိုက်တာလဲဆိုတာ ပြောပြမယ်လို့ နင်ပြောခဲ့တယ်မလား။"

စူးထောင်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး အချစ်ဆုံး သူငယ်ချင်းဟောင်းအတွက် အဆုံးမရှိစိတ်လည်းပျက်မိကာ နောင်တရသလို ခံစားလိုက်ရသည်။"ရှောင်ရွေ့ ဒီမေးခွန်းအတွက် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်သင့်တယ်။ ရှန်းဟောင့်ရှင်က နင့်ကိုတော်တော်လေးချစ်ခဲ့တာ နင်ဘယ်လိုလုပ်ပြီး သူ့ကိုလက်လွှတ်လိုက်ရတာလဲ။ သူကလူတစ်ယောက် အရုပ်တစ်ခုမဟုတ်ဘူး။ သူ့ကိုစွန့်ပစ်လိုက်ပြီးမှ လွယ်လွယ်ကူကူ ပြန်ကောက်ယူလို့ရမယ်လို့ နင်ထင်နေတာလား။"

ကျန်းရှောင်ရွေ့၏ မျက်ခုံးက တဖြည်းဖြည်းကြုတ်သွားပြီး ပြန်ချေပချင်သော်လည်း ဘယ်လိုပြောရမှန်း သူမ မသိတော့ချေ။ တခဏကြာပြီးနောက် သူမကတစ်ခုခုကို တွေးမိသွားပုံရကာ စူးထောင်ကို နောက်တစ်ကြိမ် မေးခွန်းမေးလိုက်၏။"နင်ဘာလို့ ငါ့ခွင့်ပြုချက်မရှိဘဲ ငါ့အထောက်အထားကို ယူသုံးရတာလဲ။"

စူးထောင်သည် ဤအခြေအနေတွင် ထိုကိစ္စကိုထုတ်မပြောချင်သော်လည်း ရှောင်ရွေ့၏ အထောက်အထားကို အသုံးပြုရသည့် အကြောင်းအရင်းကို သူမအား ရှင်းပြပေးရန်လိုသည်။

" ငါ ရှဲ့ကျင်နဲ့ လမ်းခွဲလိုက်ပြီ။ ဒီတော့ သူ့ကိုရှောင်ဖို့ နင့်ရဲ့အထောက်အထားကို ယူသုံးခဲ့တာ။ ဒါပေမယ့် ငါကနင့်အထောက်အထားကိုသုံးပြီး ရှန်းဟောင့်ရှင်နဲ့ လက်ထပ်မယ်လို့ နင့်တွေးနေရအောင် နင့်ဦးနှောက်ထဲ ရေဝင်သွားတာလားဟမ်။"

ကျန်းရှောင်ရွေ့၏ အထက်စီးဆန်မှုက အနည်းငယ်လျော့ကျသွား၏။ ရှန်းဟောင့်ရှင်ထံမှ သူမကိုထပ်မချစ်တော့ဘူးဟူသော စာတိုကိုမြင်သည်နှင့် သူမကချက်ချင်းပင် လေယာဉ်လက်မှတ်ဝယ်ကာ တရုတ်ပြည်သို့ ပြန်လာခဲ့သည်။

လေယာဉ်ပေါ်မှဆင်းသည်နှင့် hot search ကိုတွေ့သွားပြီး အရင်ကလည်း စူးထောင်တစ်ယောက် သူမ၏ အထောက်အထား အသုံးပြုခဲ့သည်ကို ရုတ်တရက် ကြားလိုက်ရသဖြင့် ဘာကိုမှတွေးမနေတော့ဘဲ ဒေါသတကြီးနှင့် ပြေးလာခဲ့ခြင်းဖြစ်၏။

စိတ်တည်ငြိမ်သွားပြီးနောက် ပြန်‌လည်တွေးကြည့်လိုက်မှသာ ထိုအကြောင်းအရာက တကယ်ကို ယုတ္တိမရှိမှန်း သူမသဘောပေါက်သွားသည်။

ကျန်းရှောင်ရွေ့၏ အသံသည် ပျော့ပျောင်းလာပြီး ရန်လိုမှုမရှိတော့ပေ။ "နင်နဲ့ ဟောင့်ရှင်ကြားမှာ ဘာမှမရှိဘူးဆိုတာ တကယ်ပဲလား။ ချီကာဂိုကို ရောက်လာတုန်းကတောင် သူငိုနေသေးတယ်။ ဘာလို့ရုတ်တရက်ကြီး ငါ့ကိုမချစ်တော့တာလဲ။"

ကျန်းရှောင်ရွေ့က ရှိုက်သံထွက်လာပြီး မျက်လုံးထဲတွင် မျက်ရည်ဝိုင်းလာကာ သူမ၏ပါးပြင်ပေါ်သို့ ပိုးပိုးပေါက်ပေါက် လိမ့်ဆင်းလာတော့သည်။ ကြည့်ရသည်မှာ လွန်ခဲ့သည့်နှစ်နှစ်ခန့်က တိတ်တဆိတ်ငိုကြွေးသည်ကို ကျင့်သားရနေပုံပေါ်ပြီး ထိုအရာက စူးထောင်အား ဒေါသထွက်စေကာ ကိုယ်ချင်းစာမိစေ၏။

"တကယ်တော့ အဲဒီအယုတ်တမာကောင်နဲ့ ချီကာဂိုကို လိုက်သွားမိတာ တကယ်နောင်တရတယ်။ သူက တကယ်ကို ဆန်ကုန်မြေလေးပဲ! ဒါပေမယ့်.. ငါ.. ငါပြန်မလာရဲဘူး။ နင် ငါ့ကို အထင်သေးမှာ ငါကြောက်တယ်။"

မသိလိုက်စွာ စူးထောင်၏ မျက်လုံးထဲတွင် မျက်ရည်ရစ်ဝိုင်းလာသည်။ သူမသည် ဤသူငယ်ချင်းဟောင်းအပေါ် အပြစ်တင်ချင်တာထက် ပိုပြီးသနားမိသလို ခံစားလိုက်ရ၏။

ရှောင်ရွေ့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ တကယ်ကိုမကောင်းသေးသလို ကုသမှု ခံယူဖို့လည်း လိုသေးသည်။

"ရှောင်ရွေ့ ဘယ်သူမှ နင့်ကိုအထင်မသေးပါဘူး။ ငါတို့အားလုံးက နင့်ရဲ့ဆွေမျိုးရင်းချာတွေပဲ။ နင်အမှားလုပ်မိရင်တောင် ငါတို့က သေချာပေါက် နင့်ကိုခြွင်းချက်မရှိ လက်ခံပေးမှာသိလား။ နင်ကိုယ်တိုင်က ကိုယ့်အတွေးထဲ ကိုယ်ပြန်ပိတ်မိနေတာ။"

ရုံးခန်းတံခါးခေါက်သံက ရုတ်တရက်ထွက်ပေါ်လာ၏။စူးထောင်က လော့ခ်ဖွင့်ပြီး အနည်းငယ်ဟလိုက်ရာ တံခါးခေါက်သူမှာ ရှန်းဟောင့်ရှင်ဖြစ်နေသည့်အတွက် သူမအံ့ဩသွားမိသည်။

ရှောင်ရွေ့သည် မျက်လုံးထဲတွင် မျက်ရည်များအပြည့်နှင့် ရှန်းဟောင့်ရှင်ကို လှမ်းကြည့်လိုက်ပြီး သူမ၏ လက်ဖမိုးဖြင့် မျက်နှာကိုဖုံးလိုက်ရင်း ထိန်းမနိုင်သိမ်းမရ ငိုချတော့သည်။

ရှန်းဟောင့်ရှင်၏ ကားထဲသို့ ရှောင်ရွေ့ ဝင်သွားသည်နှင့် စူးထောင်က စိုးရိမ်ပူပန်နေသော အကြည့်ဖြင့် ပြောလာ၏။ " သူမက စိတ်ရောဂါကုဆရာဝန်နဲ့ ပြကြည့်သင့်တယ်လို့ ငါတော့ထင်တယ်။"

ရှန်းဟောင့်ရှင်က ခေါင်းကိုညိတ်ကာ "စိတ်ချပါ ငါသူမနဲ့ အရင်ဆွေးနွေးလိုက်ဦးမယ်။ ‌weiboပေါ်က ကိစ္စတွေကို ဖြေရှင်းလိုက်ပြီးပြီ။ ငါလုပ်နိုင်တာ တစ်ခုခုရှိရင် အချိန်မရွေးပြောပါ။"

စူးထောင်သည် ခေါင်းကိုညိတ်လိုက်ကာ သူတို့ထွက်သွားတာကို ကြည့်ပြီးနောက် weibo ကိုဖွင့်ပြီး ပြန်လာခဲ့၏။

သူမက ရေပန်းစားနေသည့်အကြောင်းအရာကို ပွတ်ဆွဲဖို့လုပ်နေတုန်းမှာပင် လေ့ရွမ်းက အမောတကောပြေးလာရင်း အော်ပြောလာသည်။" Weibo! သူဌေးရေ... ရှဲ့ကျင်က Weibo မှာ ပိုစ့်တစ်ခုတင်ထားတယ်။"

စူးထောင် မတုံ့ပြန်ခင်တွင် လျယ်ခယ့်တစ်ယောက် ဘယ်နေကမှန်းမသိ ပေါ်ထွက်လာပြီး သူ့မျက်လုံးထဲတွင် အတင်းအဖျင်း အရိပ်အယောင်များ တလက်လက်ထနေပြီး စိတ်လှုပ်ရှားစွာဖြင့် " နင်တို့နှစ်ယောက်က တကယ်ကြီးပေါ့လေ!"

စူးထောင်၏ အမူအရာက တောင့်တင်းသွားပြီး မကောင်းသည့် ခံစားချက်တချို့ရနေသဖြင့် ရေပန်းစားနေသော အကြောင်းအရာကို သူမနှိပ်ကြည့်လိုက်၏။

၅နေရာမြောက် ရေပန်းစားနေသော အကြောင်းအရာမှာ ထိတ်လန့်စရာကောင်းပြီး ရိုးစင်းနေသည်။

#ရှဲ့ကျင်က စူးထောင်ကို ဝန်ခံဖွင့်ပြောခြင်း#

နှိပ်လိုက်သောအခါ ရှဲ့ကျင်၏ပိုစ့်က ထိပ်ဆုံးတွင်ရှိနေပြီး ထိုပိုစ့်တွင် သူကစူးထောင်ကို ရည်စူးထား၏။

ရှဲ့ကျင် - ကိုယ်မင်းကို အချစ်စစ်၊အချစ်မှန်နဲ့ ချစ်တာပါ။မင်းအ‌ပေါ်ထားတဲ့ ကိုယ့်အချစ်က ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ဘူး။@ကျင့်ယန်Entertainment စူးထောင်။

ထိုပိုစ့်အောက်တွင် သူတို့CP fanရဲ့ မှတ်ချက်များက လွှမ်းမိုးထားသည်။

"တစ်နေ့မှာ ငါship‌နေတဲ့အတွဲက တကယ်ဖြစ်လာမယ်လို့ တစ်ခါမှတောင် မတွေးထားဖူးဘူး။" ဖန်တစ်ယောက်ဖြစ်ပုံရသော လျန်ခယ့်မှာ ဝမ်းသာကြည်နူးစွာဖြင့် မျက်ရည်များ စီးကျလာ၏။

စူးထောင်သည် လျန်ခယ့်နှင့် တခြားသူတို့၏ စူးစမ်းနေသော အကြည့်များကို လျစ်လျူရှုကာ သူမရုံးခန်းဆီသို့ ပြန်သွားခဲ့သည်။

နန်ချန်ရှိလေဆိပ်မှ ဓာတ်ပုံတစ်ပုံ အွန်လိုင်းပေါ်တွင် ပေါ်ထွက်လာခဲ့ပြီး ထိုဓာတ်ပုံမှာ ရှဲ့ကျင်သည် စူးထောင်၏ နံဘေးတွင်ထိုင်ကာ ဖုန်းပြောနေသော်လည်း သူ၏အကြည့်များမှာ စူးထောင်အပေါ်တွင်သာ ကျရောက်နေ၏။ လူတိုင်းသည် သူတို့နှစ်ယောက်က အချိန်အတော်ကြာ သိကျွမ်းခဲ့ကြောင်း သဘောပေါက်သွားသည်။ CP fanများက super topicအတွက် ထိုပုံကိုပရိုဖိုင်အဖြစ်ပင် ထားထားကြသည်။

အွန်လိုင်းသုံးစွဲသူများက ရှဲ့ကျင်၏ဓာတ်ပုံနှင့် အဆင့်အတန်းကိုကြည့်ပြီး ရှန်းဟောင့်ရှင် ဓာတ်ပုံနှင့် နှိုင်းယှဉ်ကြည့်ကြသောအခါ ပင်ကိုယ်စွမ်းရည်နှင့် ရုပ်ပိုင်းဆိုင်ရာ ခြားနားမှုမှာ အတော့်ကိုကွာဟချက်ရှိ၏။ ရှန်းဟောင့်ရှင်မှာ ငွေကြယ်ပွင့်တစ်ဦးကဲ့သို့ ဝေဖန်ရန် အဆင့်မမီချေ။

ထို့ကြောင့် လူတိုင်း၏မေးခွန်းမှာ 'ရှဲ့ကျင်လိုလူက သူမကိုလိုက်နေတဲ့ဟာကို ရှန်းဟောင့်ရှင်ရဲ့ အချစ်ရေးကြားမှာ သူမက ဘယ်လိုလုပ်ပြီး တတိယလူဖြစ်နိုင်မှာလဲ။'

ဤဖွင့်ဟဝန်ခံခြင်းက စူးထောင်၏ အဆိုးမြင်သည့် ရေပန်းစားမှု အကြောင်းအရာကို အောင်မြင်စွာ လမ်းကြောင်းလွှဲလိုက်နိုင်ပြီး စူးထောင်အား ပုတ်ခတ်နေသူများထံသို့ တန်ပြန်လာသည်။ လူအများက အပျက်သဘောဆောင်သည့် အချက်အလက်များ၏ စစ်မှန်မှုကို မေးခွန်းထုတ်လာကြ၏။

အရေအတွက် တော်တော်များသည့် အင်တာနက်သုံးစွဲသူများသည် စူးထောင်၏ weibo သို့ သွားကာ သူမ၏တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြသည်။

တစ်ချိန်တည်းမှာပင် ရှန်းဟောင့်ရှင်နှင့် ရှောင်ရွေ့တို့ကလည်း တုံ့ပြန်သည့်အနေဖြင့် သူတို့၏ weibo acc တွင် ပိုစ့်တင်ခဲ့ကြ၏။

ရှန်းဟောင့်ရှင်နှင့် ရှောင်ရွေ့တို့ နှစ်ယောက်စလုံးက ထိုကိစ္စရပ်အပေါ် သူတို့၏အမြင်များကို ရှည်လျားသည့် ရှင်းလင်းချက်တစ်ခုဖြင့် ပံ့‌ပိုးပေးခဲ့သည်။

သူတို့၏မင်္ဂလာပွဲနေ့တွင် ရုတ်တရက်ကြီး ဘာအဆက်အသွယ်မှမချန်ဘဲ ကျန်းရှောင်ရွေ့ နိုင်ငံရပ်ခြားကို ထွက်သွားပြီးကတည်း ရှန်းဟောင့်ရှင်သည် လူလွတ်တစ်ဦးဖြစ်သဖြင့် တတိယလူဆိုသည့် ဆက်ဆံရေးမျိုး မရှိချေ။

သူတို့၏အတန်းဖော်၊ နှစ်ယောက်စလုံးနှင့် ရင်းနှီးသည့် ဆက်ဆံရေးမျိုးရှိသော စူးထောင်သည် ရှန်းဟောင့်ရှင်ကို နှစ်သိမ့်ရန် ညစာအတူစားခဲ့ကြခြင်းဖြစ်၏။

ဤကိစ္စတွင် စူးထောင် ဆွဲသွင်းခံရသည့်အတွက် သူတို့‌အတော်လေး စိတ်မကောင်းဖြစ်နေကြကြောင်း ပြောဆိုခဲ့သည်။

ထိုရှင်းလင်းချက် ထွက်ပေါ်လာသည်နှင့် လူတိုင်းက စူးထောင်အပေါ် မှားယွင်းစွပ်စွဲမိကြောင်း သဘောပေါက်သွား၏။

ကိုယ်ကျင့်တရားရှုထောင့်မှ ကြည့်မည်ဆိုလျှင် အိမ်ထောင်မပြုရသေးသော ယောက်ျားနှင့် မိန်းမဖြစ်သည့်အတွက် ပြဿနာမရှိပေ။

သူတို့ခံစားချက်အစစ်အမှန်နှင့် ပတ်သက်ပြီး လူတိုင်းက ‌အကဲဖြတ်တာ၊ အတင်းပြောတာမျိုး လုပ်စရာအကြောင်းမ‌ရှိချေ။ ဤသည်မှာ သူတို့၏ကိုယ်ပိုင်ရွေးချယ်မှုဖြစ်ပြီး ကျန်ဆဲနေစရာမလိုပေ။

နောက်ဆုံးတွင် စူးထောင်၏ Weibo က ပိုစ့်တင်လာပြီး စူးထောင်၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ စောင့်မျှော်နေသည့် အင်တာနက်သုံးစွဲသူများမှာ ငိုရမလား၊ရယ်ရမလားပင် မသိတော့ချေ။

အံ့ဩစရာကောင်းစွာ စူးထောင်၏တုံ့ပြန်မှုမှာ - အများပြည်သူတို့ရဲ့ အချိန်တွေကိုယူမိလို့ တောင်းပန်ပါတယ်။ပြိုင်ပွဲဝင်တွေရဲ့ ဖျော်ဖြေတင်ဆက်မှုက တော်တော်လေးကောင်းတဲ့အတွက် သူတို့ကို အားပေးကြမယ်လို့ ကျွန်မ မျှော်လင့်မိပါတယ်ရှင့်။"

သူမက 'ပွဲဦးထွက်ရာလမ်း' အစီအစဉ်Linkနှင့်အတူ ကျင့်ယန်Entertainmentရှိ အနုပညာရှင်၆ယောက်ပါသော ဗီဒီရိုကာဗာကို ပူးတွဲတင်ထား၏။

ဒီလိုအချိန်မှာတောင် သူတို့ရဲ့ကိုယ်ပိုင်အနုပညာရှင်ကို ကြော်ငြာဖို့ မမေ့ပါပေ။

အချိန်အတော်ကြာ စောင့်ဆိုင်းနေကြသော အင်တာနက်သုံးစွဲသူများက စူးထောင်အား သမိုင်းတစ်လျောက် အလေးအနက်အထားဆုံး မန်နေဂျာရယ်ဟု စနောက်ကြသည်။

---------

နေ့လယ်ပိုင်း လပတ်အစည်းအဝေး ကျင်းပချိန်တွင် စူးထောင်သည် တင်ပြမှုလုပ်ဆောင်ပြီးနောက် လူတိုင်းကိုကြည့်ကာ ပုံမှန်အတိုင်း သူတို့အား တခြားမေးစရာရှိသေးလားဟု သူမ မေးလိုက်၏။

"ဒါရိုက်တာစူး ကျွန်မမှာ မေးစရာရှိတယ်။" သတင်းပြန်‌ကြားရေးဌာနမှ တက်တက်ကြွကြွရှိသော ကောင်မလေးတစ်ယောက်က လက်ထောင်ကာ အပြုံးလေးဖြင့် မေးလာသည်။ " ဒါရိုက်တာစူးနဲ့ ဥက္ကဌရှဲ့တို့နှစ်ယောက်က တကယ်ပဲလားဆိုတာ မေးပါရစေ။"

ထိုစကား ထွက်လာသည်နှင့်တပြိုင်နက် အစည်းဝေးခန်းထဲတွင် ရယ်မောသံနှင့် လက်ခုပ်တီးသံများ ထွက်ပေါ်လာ၏။

စူးထောင်သည် လူတိုင်း၏အော်သံကြောင့် စိတ်ဆိုးခြင်း၊ စိတ်ပျက်ခြင်းမရှိ။ သူမက မျက်လုံးမှေးစင်းကာ တခဏတာစဉ်းစားပြီးနောက် ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်သလိုမျိုး "အေးဂျင့်တစ်ယောက်အနေနဲ့ အနုပညာရှင်တွေရဲ့နောက်မှာပဲနေသင့်တာ။ အနုပညာရှင်တွေ့ရဲ့ အာရုံစိုက်မှုကို မဖမ်းဆုပ်ထားသင့်ပါဘူး။အခုလက်ရှိ အေးဂျင့်လုပ်ဖော်ကိုင်ဖက်တွေအားလုံးလည်း ကျွန်မရဲ့အဖြစ်ကိုကြည့်ပြီး တူညီတဲ့အမှားမျိုး မကျူးမိအောင် ရှောင်ရှားကြပါ။"

ထိုသို့စူးထောင်ပြောပြီးနောက် တစ်ခန်းလုံး တိတ်ကျသွားတော့သည်။ လူတိုင်းက သူတို့၏ရွှတ်နောက်နောက် သဘောထားကို တွန်းထုတ်ကာ ‌မတ်မတ်ထိုင်ပြီး ခေါင်းငုံ့ရင်း အစည်းအဝေးမှတ်တမ်းများကို ရေးနေကြ၏။

စိတ်ကျေနပ်စွာဖြင့် စူးထောင်သည် သူမ၏လက်တော့ကို ကောက်ကိုင်ကာ ထိုင်ခုံဆီသို့ပြန်ထိုင်ပြီး အစည်းအဝေးကို ဆက်လုပ်ခဲ့သည်။

သူမ၏ဖုန်းက နှစ်ကြိမ်ခန့်တုန်ခါသွားသည့်အတွက် ယူကြည့်လိုက်ရာ ကျန်းချီထံမှစာဖြစ်နေ၏။

[ကျန်းချီ - ခင်ဗျား သူ့ကို ကြိုက်နေ‌သေးလား။]

[ကျန်းချီ - ခင်ဗျားသူနဲ့ ပြန်တွဲချင်သေးလား။]

စူးထောင်သည် မသိမသာ မျက်မှောင်ကြုတ်သွားပြီး မျက်လုံးထဲတွင် စိတ်မရှည်မှု အရိပ်အယောင်ဖြတ်ပြေးသွားကာ တိုတိုတုတ်တုတ် ပြန်ဖြေပေးလိုက်သည်။

[စူးထောင် - လေ့ကျင့်တာကိုပဲ အာရုံစိုက်။ ဒါကို မင်းစိုးရိမ်နေစရာမလိုဘူး။]

ကျန်းချီက နောက်ထပ် စာတိုနှစ်ခုကို ဆက်တိုက် ပေးပို့လာခဲ့၏။

အစပိုင်းတွင် စူးထောင်သည် သူ့ကိုမတုံ့ပြန်ချင်သော်လည်း သူပို့လာသော အကြောင်းအရာကို သူမမြင်လိုက်ရသောအခါ မနေနိုင်ဘဲ ကျန်းချီ၏ အတွေးများကို ဆန်းစစ်ကြည့်မိသည်။

[ကျန်းချီ - ကျွန်တော့်ကို ဖြေပေးပါ။]

[ကျန်းချီ - လေ့ကျင့်တာကို ကျွန်တော်ဆက်မလုပ်နိုင်တော့ဘူး။]

[စူးထောင် - တို့ဘယ်သူ့ကိုပဲ ကြိုက်ကြိုက်၊ ဘယ်သူနဲ့ပဲ ပြန်တွဲတွဲ အဲဒါမင်းနဲ့ဘာဆိုင်လို့လဲ။ ]

ခဏတာကြာပြီးနောက် နောက်ဆုံးတွင် ကျန်းချီက ပြန်ဖြေလာသည်။

[ကျန်းချီ - ခင်ဗျားက ကျွန်တော့်ရဲ့မန်နေဂျာလေ။ ခင်ဗျားရဲ့အချစ်ရေးက ခင်ဗျားအလုပ်အပေါ် သက်ရောက်မှုရှိမရှိ ကျွန်တော်သိပိုင်ခွင့်ရှိတယ်။]

စူးထောင်က သူပြန်ပြောလာတာကို တိတ်တဆိတ်ကြည့်ပြီးနောက် အနည်းငယ် စိတ်သက်သာရာ ရသွားကာ သူမ၏လေသံမှာလည်း အနည်းငယ် ပိုကောင်းလာ၏။

[စူးထောင် - စိတ်မပူပါနဲ့။ တို့ရဲ့အလုပ်ကို ဘယ်တော့မှ ထိခိုက်စေမှာ မဟုတ်ဘူး။ လေ့ကျင့်တဲ့နေရာကိုပဲ မင်းအာရုံစိုက်ပါ။ လောလောဆယ်မှာတော့ မင်းအတွက် အဓိကအခွင့်အလမ်းတစ်ခုကို တို့ရထားပြီးပြီ။ အဲဒါကသာ အဆင်ပြေသွားရင် မင်းရဲ့နာမည်ကျော်ကြားမှုက တရှိန်ထိုးတက်လာလိမ့်မယ်သိလား။]

အလုပ်အကြောင်းပြောသောအခါ စူးထောင်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး အနာဂတ်ကိုပါ စိတ်ကူးယဉ်နေမိသည်။ "တို့တွေ လမ်းတစ်ဝက်ရောက်နေပြီ။ အောင်မြင်ဖို့ တို့ယုံကြည်ချက်အပြည့်ရှိတယ်။ အချိန်တန်ရင် မင်းလုပ်နိုင်မှာပါ......"

[ကျန်းချီ - ဒါဆို ပြန်တွဲဖို့ သူကမ်းလှမ်းတာကို လက်ခံဖို့ ခင်ဗျားမှာအစီအစဉ်ရှိလား။]

စူးထောင် - "..."

စူးထောင်သည် သူမရေးထားသော စာကြောင်းတစ်ဝက်တပျက်ကို ဖျက်လိုက်ကာ ဖုန်းကိုအသံပိတ်ပြီး သူ့ကိုလျစ်လျူရှုလိုက်၏။

စူးထောင်သည်မူလက "ပွဲဦးထွက်ရာလမ်း" season အသစ်အတွက် ရိုက်ကူးရေးကို ငြင်းပယ်ရန် ရည်ရွယ်ထားသော်လည်း ထုတ်လုပ်ရေးအဖွဲ့သည် ပိုမိုလူသိများစေရန်အတွက် စူးထောင်အား စီးပွားရေးထောက်ခံချက်တစ်ခုဖြင့် ကမ်းလှမ်းခဲ့သည်။

စူးထောင်သည် သူမ၏လက်ကျန်တန်ဖိုး အားလုံးကို ညှစ်ထုတ်ကာ အစီအစဉ် အပိုင်းတစ်ပိုင်းကို ထောက်ခံချက်တစ်ခုဖြင့် လဲလှယ်ပြီး လာမည့်seasonအတွက် ပြိုင်ပွဲဝင်နေရာ ၈နေရာကို ကြိုတင်စာရင်းသွင်းခဲ့၏။

ယခင်seasonကဲ့သို့ ရှဲ့ကျင်၏ ဝေဖန်မှုကို ကြောက်ရွံ့နေသော ပြိုင်ပွဲဝင်များသည် လာမည့်seasonအသစ်တွင် စူးထောင်ပါဝင်မည်ကို သိလိုက်ရသောအခါ စိတ်သက်သာရာ ရသွားကြသည်။

ယခုအကြိမ် လူပုံအလယ်ဖျော်ဖြေရမည့် ဒုတိယမြောက်စင်မြင့်သည် ကနဦးစင်မြင့်ထက်ပင် ပိုမိုတောက်ပနေ၏။ တစ်ပတ်ကြာ လေ့ကျင့်ပြီးနောက် ပြိုင်ပွဲဝင်များက တော်တော်လေး တိုးတက်လာကြသည်။

စူးထောင်အံ့ဩသွားရသည့်အချက်မှာ ထျန်ရင်ရင်သည် season အသစ်တွင် ပါဝင်ခြင်းမရှိခဲ့ချေ။သူမထုတ်ပယ်ခံရသည်ကိုလည်း မပြောထားသလို ပထမအကြိမ်နေရာ၌လည်း သူမနာမည်က လုံးဝမရှိခဲ့သလိုမျိုးပင်။

ရှဲ့ကျင်၏ စုံစမ်းစစ်ဆေးမှုရလဒ်များကို ပြန်သတိရသောအခါ စူးထောင်၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ထွက်ပေါ်လာခဲ့၏။ ထျန်ရင်ရင်တစ်ယောက် ရိုက်ကူးရေးမှ ဖယ်ရှားခံခဲ့ရခြင်းသည် ရှဲ့ကျင်လုပ်လိုက်ပုံရသည်။

စူးထောင်အံ့ဩတကြီး ဖြစ်သွားရသည့်အချက်မှာ ရွှယ်ရှင်းကျစ်သည် အကနှင့်ပက်သက်ပြီး သူမ၏ အကြောက်တရားကို ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်၏။ သူမသည် အကောင်းဆုံး အကသမားမဟုတ်သော်လည်း စင်မြင့်ပေါ်တွင် ယုံကြည်မှုအပြည့်ရှိကာ အဆုံးသတ်အပိုင်းကို လှလှပပနှင့် ပြီးမြောက်သွားသည်။

တိုက်ရိုက်ထုတ်လွှင့်မှုလုပ်နေစဉ်အတွင်း လူတိုင်း၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်နေရင်း စူးထောင်သည် လေ့ကျင့်သည့် အဆင့်တုန်းကနှင့်ယှဉ်လျှင် လူတိုင်းတိုးတက်လာသည်ဟု ခံစားလိုက်ရ၏။

မှတ်ချက်ပေးသည့်အချိန်တွင်လည်း လူတိုင်းနီးပါးချီးကျူးခံရပြီး သူတို့၏အလေးအနက်ထားမှုနှင့် ကြိုးစားအားထုတ်မှုကို အစစ်အမှန် ချီးကျူးခဲ့ကြခြင်းဖြစ်သည်။

ချီးကျူးခံရသော ပြိုင်ပွဲဝင်များထဲတွင် ယခင် season တုန်းက ရှဲ့ကျင်၏ပြင်းထန်သော ဝေဖန်မှုများကြောင့် စိတ်ဓာတ်ကျကာ နုတ်ထွက်ရန် စဉ်းစားခဲ့ကြသူများလည်းပါ၏။ ရုတ်တရက်ဆိုသလို သူတို့ထဲမှတစ်ယောက်သည် စင်ပေါ်တွင် မျက်ရည်တွေကျလာကာ ငိုသံဖြင့် " အရင်တစ်ခါတုန်းက ဥက္ကဌရှဲ့ရဲ့ မှတ်ချက်ပေးမှုကြောင့် ကျွန်မမှာ ကိုယ်ပိုင်အရည်အချင်းလည်း မရှိသလို ဘာမှလည်းမလုပ်နိုင်တော့ဘူးလို့ ခံစားခဲ့ရတာ။ ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုးမရှိတော့သလိုမျိုး...... ကျေးဇူးတင်ပါတယ် စူးလောင်ရှီး။"

စူးထောင်ကို တိတ်တဆိတ် စူးစိုက်ကြည့်နေသော ရှဲ့ကျင်သည် ရုတ်တရက် နာမည်အခေါ်ခံလိုက်ရသည့်အတွက် တောင့်တင်းသည့်ကိုယ်ဟန်ဖြစ်သွားတော့သည်။ သူသည်စင်ပေါ်တွင် ငိုနေသောပြိုင်ပွဲဝင်ကို ကြည့်ပြီးနောက် စူးထောင်ကို လှမ်းကြည့်ကာ သူ့ကိုယ်သူ ကာကွယ်ရန်အတွက် မိုက်ခရိုဖုန်းကို ကောက်ကိုင်လိုက်၏။

"မင်းကို တန်ဖိုးမရှိတဲ့သူလို့ ငါဘယ်တုန်းက ပြောဖူးလို့လဲ။ မဟုတ်တမ်းတရားတွေ မပြောနဲ့။"

"မဟုတ်တမ်းတရား"ဟူသော စကားလုံးနေရာတွင် အတော်လေးကို အားအပြည့်ပါနေသဖြင့် လက်ရှိရှိ‌နေသည့်လူတိုင်းက စိတ်တိုတတ်ပြီး အဆိပ်ပြင်းသည့်လျှာရှိသော bossကို အနိုင်ယူနိုင်သည့် လျို့ဝှက်ချက်ကို သိနေသကဲ့သို့ တိတ်တဆိတ်ပြုံးလိုက်ကြသည်။

စင်ပေါ်ရှိပြိုင်ပွဲဝင်များသည် တစ်ယောက်ပြီးတစ်ယောက် ယခင် season တုန်းက ရှဲ့ကျင်၏ ဝေဖန်မှုကို ခံရပြီးနောက်တွင် ယုံကြည်မှုများပျောက်ဆုံးပြီး နုတ်ထွက်ရန်ပင် စဉ်းစားခဲ့ကြောင်းကို စင်ပေါ်မှစူးထောင်အား တိုင်ကြားလာကြ၏။ စူး‌ထောင်သည် နတ်သမီးကဲ့သို့ပင် သူတို့ကိုအားပေးပြီး ရှေ့ဆက်ရန်အားအင်ပေးလိုက်သည်။

"အဲဒါက မင်းတို့တွေ ဖိအားများပြီး လုပ်နိုင်စွမ်းအားနည်းလို့လေ။" ရှဲ့ကျင်သည် ညည်းညူနေသောပြိုင်ပွဲဝင်များကို စိုက်ကြည့်နေရင်း သူ၏အကြည့်ကို သုံးကာ ပါးစပ်ပိတ်ကြရန် ခြိမ်းခြောက်နေ၏။

လူအများအပြားက ထုတ်ပြောလာသဖြင့် စူးထောင်သည် တစ်ချက်လှမ်းကြည့်လာပြီး တည်ငြိမ်စွာဖြင့် "ပြိုင်ပွဲဝင်တွေက ဖိအားများနေကြတာဆိုတော့ သူတို့ကိုပိုပြီးတော့တောင် အားမပေးသင့်ဘူးလား ဥက္ကဌရှဲ့။"

သူ့ကိုယ်သူ ခုခံကာကွယ်ချင်သေးသော ရှဲ့ကျင်သည် ပါးစပ်ကိုဟလိုက်သော်လည်း နောက်ဆုံးတွင် သက်ပြင်းချလိုက်ရင်း ခေါင်းညိတ်ပြပြီးနောက် မိုက်ခရိုဖုန်းကိုပိတ်ကာ မိမိကိုယ်ကိုယ်နှိမ့်ချပြီး လှောင်ပြောင်လာမှုကို လက်ခံလိုက်တော့သည်။

"စူးလောင်ရှီး ပြောတာမှန်ပါတယ်။"

All Chapters