← Chapters

အခန်း (၃၄)

Vol. 4 Ch. 34

အခန်း (၃၄)

Vol. 4 Ch. 34

စူးထောင်နဲ့ ရှဲ့ကျင်ကြား ဘာတွေဖြစ်သွားလဲဆိုတာ သူမ သိပေမယ့် စူးထောင်တစ်ယောက် ဘယ်လိုလုပ် တဇွတ်ဆန်ပြီး စကားတစ်ခွန်းတောင် မပြောဘဲ ထွက်သွားနိုင်တာလဲ။

ရှဲ့ကျင်က စူးထောင်အပေါ် ခံစားချက်များရှိနေသေးသည်ကို မြင်လိုက်ရသဖြင့် တမင်တကာပင် အစ်ကိုတစ်ယောက်ပုံစံဖမ်းကာ စူးထောင်အား"ထောင်ထောင် ဥက္ကဌရှဲ့နဲ့ ခွက်ချင်း မတိုက်သေးဘူးလား။ အစ်ကိုတို့ရဲ့ အနုပညာရှင်ကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ မြန်မြန်တောင်းဆိုလိုက်လေ။"

ခေါင်းငုံ့နေသော စူးထောင်သည် တဖြည်းဖြည်းမေ့ကြည့်လာ၏။ စူးဟောင့်ရန်ကို ကြည့်လိုက်ကာ သူဘာလို့ဒီ‌လောက်တောင် အရှက်မဲ့နေမှန်း သူမ မသိတော့ပေ။

လေထုသည် ကို့ယို့ကားယား အခြေအနေသို့ ကျသွားသည်။ စူးဟောင့်ရန်၏ အကြီးမားဆုံး စွမ်းအားမှာ ဘယ်လောက်ပဲ အရှက်ရတဲ့အခြေအနေမျိုးပဲဖြစ်နေပါစေ သူက ဘာမှမဖြစ်သွားသလို ဟန်ဆောင်နိုင်ခြင်းပင်။

စူးထောင်က သူ့စကားနားမထောင်သည့်အတွက် သူ၏ သရုပ်ဆောင်ကိုပုတ်ကာ ပြောလာ၏။ " လွန်ခဲ့တဲ့ရက်တွေတုန်းက ရင်းနှီးမြုပ်နှံမယ့်သူကို မဆုံးဖြတ်ရသေးဘူးလို့ ကြားမိတယ်။ ရင်းနှီးမြုပ်နှံမယ့်သူက ဥက္ကဌရှဲ့ဖြစ်မယ်လို့ ကျွန်တော် မထင်ထားဘူးဗျ။ ဒါက တော်တော်လေးကို အင်အားကြီးတဲ့ မဟာမိတ်ပဲ။ကျွန်တော်တို့ နာ့နာ့ကတော့လေ ဒါရိုက်တာဟွာနဲ့ တွေ့ဖို့တကယ်ကံကောင်းရုံတငမကဘူး ဥက္ကဌရှဲ့၊သူဌေးဝူတို့နဲ့လည်း ညစာစားဖို့ အခွင့်အရေးရသေးတယ်။"

နာ့နာ့က ချက်ချင်းသဘောပေါက်သွားပြီး ဝိုင်အပြည့်ဖြည့်ထားသော ခွက်ကိုကိုင်ကာ ရှဲ့ကျင်ဆီအလျင်အမြန်ပြေးသွားရင်း မျက်လုံးထဲတွင် ရွင်မြူးနေမှုအပြည့်နှင့် မြူစွယ်နေသလိုလို ပြောလိုက်သည်။"ဥက္ကဌရှဲ့ ကျွန်မရှင့်ကို ခွက်ကမ်းပေးမယ်နော်။"

စူးထောင်ကိုသာ တစ်ချိန်လုံးကြည့်နေသော ရှဲ့ကျင်သည် နောက်ဆုံးတွင် သူ့အကြည့်ကိုရွေ့လိုက်ပြီး စူးဟောင့်ရန်အား ကြည့်လာ၏။

မှင်ကဲ့သို့ နက်မှောင်နေသော မျက်လုံးများထဲတွင် ဓားတစ်ချောင်းကို ဖွက်ထားသလိုမျိုး စူးဟောင့်ရန်အား အကြိမ်ကြမ်ထိုးစိုက်နေသဖြင့် စူးဟောင့်ရန်က သူ့အားမကြည့်ရဲတော့ချေ။

"စူးထောင်ရဲ့အမေက ဘယ်တုန်းက ခင်ဗျားအမေဖြစ်သွားတာလဲ။ ကုမ္ပဏီနာမည်ကို ပြောင်းထားတာ ကြာနေပြီမလား။ ခင်ဗျား သူမနဲ့ဆက်နွယ်မှုကို ရှင်းရှင်းလင်းလင်း လုပ်ထားတာပြီးပြီလို့တောင် ကျွန်တော် ထင်ထားတာ။" ထိုသို့ရှဲ့ကျင် ပြောလိုက်ပြီးနောက် တစ်ခန်းလုံးတိတ်ဆိတ်သွားပြီး ရှဲ့ကျင်၏ ရန်လိုနေမှုများက စူးဟောင့်ရန်ဆီသို့ ရောက်နေကြောင်း အားလုံးက ခံစားလိုက်ရ၏။

သနားစရာအကောင်းဆုံးကတော့ နာ့နာ့ပင်။ သူမက နံဘေးသို့ ရွေ့လိုက်ပြီး ကိုယ့်နေရာကိုပဲ ကိုယ်သွားပြန်ထိုင်လိုက်ရမလား၊ဝိုင်ကိုပဲသောက်လိုက်ရမလား ဝေခွဲမရဖြစ်နေကာ သူမမျက်နှာမှာ ရှက်ရွံ့စွာ နီမြန်းနေသည်။ နောက်ဆုံး စူးဟောင့်ရန်၏ မျက်မှောင်ကြုတ်ပြီး အရိပ်အမွက်ပြပေးမှုအောက်တွင် ကိုယ့်နေရာကို သွားပြန်ထိုင်လိုက်တော့၏။

စူးဟောင့်ရန်ကို ဟွာချွင်းကျန်းက ခေါ်လာသည့်အတွက် ကို့ယို့ကားယားဖြစ်နေမှုကို ဖြိုခွဲရန် သူကဝိုင်ခွက်ကို မြှောက်လိုက်ရာ လူတိုင်းကလည်း သူတို့၏ဝိုင်ခွက်ကို မြှောက်လာကြတော့သည်။

စူးထောင်က အမူအရာမဲ့စွာ သူမ၏ခွက်အလွတ်ထဲသို့ ဝိုင်လောင်းထည့်လိုက်၏။ လောင်းထည့်လို့ပြီးရုံပဲရှိသေးတယ် ရှဲ့ကျင်က လက်လှမ်းပြီး ထိုဝိုင်ခွက်ကို ယူသွားတော့သည်။

လူတိုင်း၏အံ့အားသင့်နေသော အကြည့်အောက်တွင် သူမ၏ဝိုင်ကို သောက်လိုက်ပြီး အမှုမဲ့အမှတ်မဲ့ သူ့ကိုယ်ပိုင်ဝိုက်တွင် ရေနွေးလောင်းကာ စူးထောင်ဆီ ကမ်းပေးလိုက်၏။

ဒါပေါ့ လူတိုင်းက ရှဲ့ကျင်၏ လုပ်ဆောင်ချက်ကို ဘာတစ်ခွန်းမှ မပြောရဲကြပေ။ စူးထောင်လည်း ရေနွေးခွက်ကိုမထိလိုက်ဘဲ တခြားခေါင်းစဉ် ပြောင်းပြောလိုက်ကာ ညစာစားပွဲကို နောက်တစ်ကြိမ် အသက်ဝင်လိုက်စေသည်။

စူးထောင် - "အန်ကယ်ဟွာ ခေါင်းဆောင်မင်းသမီးကို အတည်ပြုပြီးပြီလား။"

သူမထိုသို့ပြောလိုက်သည်နှင့်တပြိုင်နက် စူးဟောင့်ရန်နှင့်နာ့နာ့တို့က ချက်ချင်းပင် ကိုယ်ကိုမတ်မတ်ထားကာ ဟွာချွင်းကျန်းအာ မျှော်လင့်တကြီး စိုက်ကြည့်နေတော့သည်။

ဟွာချွင်းကျန်း - ဟင့်အင်း ရွေးချယ်ထားတဲ့ ခေါင်းဆောင်မင်းသမီးလောင်းက အချိန်ဇယားကြပ်နေတယ်တဲ့။ ငါ အသစ်တစ်ယောက်ကို ရှာနေတုန်းပဲ။"

စူးထောင် - "သမီးတော့ ကျန်းဝမ်က ခေါင်းဆောင်မင်းသမီးနေရာနဲ့ ပိုသင့်တော်မယ်ထင်တယ်။ မူရင်းဝတ္ထုဖတ်လိုက်တုန်းက သမီးစိတ်ထဲက မင်းသမီးဇာတ်ဆောင်နေရာမှာ ကျန်းဝမ်က ပေါ်လာတယ်။"

ခဏကြာ စိတ်လှုပ်ရှားပြီးနောက် ဟွာချွင်းကျန်းက သက်ပြင်းချလိုက်ပြီး "အန်ကယ် နဂိုဆုံးဖြတ်ထားတဲ့ ခေါင်းဆောင်မင်းသမီးက သူမပါပဲ။ သူ့အေးဂျင့်က သူမမှာအချိန်ဇယား ကြပ်နေတယ်လို့ပြောတယ်။ သူမက ငွေအမြန်ရှာဖို့ နာမည်ကြီး variety show တွေကိုပဲသွားပြီး TV ဇာတ်လမ်းတွေကိုတော့ လှည့်တောင်မကြည့်လာဘူး။"

စူး‌ဟောင့်ယန်၏ မျက်လုံးများက တောက်ပလာပြီးနာ့နာ့ကို ခေါင်းဆောင်မင်းသမီးအဖြစ် အကြံပေးချင်သော်လည်း စူးထောင်က သူ့အတွေးကို ဖြတ်တောက်လိုက်၏။

စူးထောင် - "အန်ကယ်ဟွာ ကျန်းဝမ်ကို ဆွဲဆောင်ဖို့ သမီးကြိုးစားကြည့်လို့ရတယ်။ သမီး သူနဲ့ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုရှိတယ်။"

ဟွာချွင်းကျန်းက စိတ်ဓာတ်တတ်ကြွသွားပြီး မတ်မတ်ရပ်ကာ "သမီးတကယ်ပဲ ကျန်းဝမ်ကို သရုပ်ဆောင်ဖို့ လုပ်ပေးနိုင်တယ်လား။"

စူးထောင် - "သမီး အကောင်းဆုံးကြိုးစားပါ့မယ်။ကျန်းဝမ်နဲ့ သမီးတို့မိသားစုရဲ့ကုယိယန်က အတွဲညီညီသရုပ်ဆောင်နိုင်တယ်လို့ ထင်တယ်။ အန်ကယ်ရဲ့ ခေါင်းဆောင်မင်းသား ဇာတ်ရုပ်နဲ့ ကုယိယန်ရဲ့ပုံပန်းသင်ပြင်နဲ့က တော်တော်လေး သင့်တော်တာနော်။"

ဟွာချွင်းကျန်းက အားပါးတရရယ်ကာ သူမ၏မြေခွေးအမြီးကို ထိုးဖောက်မြင်နေသလိုမျိုး စူးထောင်အား လက်ညိုးထိုးနေရင်း "မင်းက မြေခွေးလေးပဲဟမ်။ ဟုတ်ပါပြီ မင်းအန့်ကယ်ဆီ ကျန်းဝမ်ကို ရအောင်ယူပေးနိုင်သရွေ့ နောက်တစ်နေ့မှာ ကုယိယန်က audition လုပ်ဖို့လာနိုင်ပြီ။ တကယ်လို့ သူက ခေါင်းဆောင်မင်းသားဇာတ်ရုပ်နဲ့ မသင့်တော်ရင်တောင် အန်ကယ်သူ့ကို သေချာပေါက် role တစ်ခုပေးမှာပါ။"

ထိုသို့ပြောပြီးနောက် ဟွာချွင်းကျန်းက ဝူရှဲ့ယွီနှင့် ရှဲ့ကျင်ကို ကြည့်လိုက်ရင်း မေးလိုက်သည်။" ဒီကသူဌေးနှစ်ယောက်ကရော ကန့်ကွက်ချင်တာများ ရှိသလား။"

ဝူရှဲ့ယွီက အလျင်အမြန်ပင် ခေါင်းခါပြလိုက်၏။ သူဘယ်လိုလုပ် ကန့်ကွက်ရဲမှာလဲ။

ရှဲ့ကျင်က ဘာမှမတုံ့ပြန်သော်လည်း ထိုအရာက အကောင်းဆုံးတုံ့ပြန်မှုပင်။

"ဟုတ်ပြီ ဒါဆို အတည်ဖြစ်သွားပြီနော်။"

စူးထောင်သည် ညင်သာစွာပြုံးလိုက်ပြီး ဟွာချွင့်ကျန်းအား ခွက်မြှောက်ပေးလိုက်ပြီးမှသာ ခွက်ထဲတွင် ရှဲ့ကျင်လောင်းထားပေးသော ရေနွေးရှိသည်ကို သတိရသွားတော့သည်။ သို့သော် သူမက ခွက်မြှောက်ပြီးနှင့်ပြီ ဖြစ်နေသဖြင့် အနည်းငယ် သောက်ပေးလိုက်ရုံသာ တတ်နိုင်တော့၏။

စူးထောင်က ငွေကြိုတင်ရှင်းရန်အတွက် သန့်စင်ခန်းသို့သွားလိုက်သည်။ သူမ လှည့်လာသည်နှင့်တပြိုင်နက် စူးဟောင့်ရန်နှင့် ဝင်တိုက်မိသွား၏။

သူက အလွန်အမင်း ဒေါသထွက်နေသော်လည်း အတင်းချုပ်တည်းကာ "စူးထောင် ဒါဘာသဘောလဲ။ခေါင်းဆောင် မင်းသမီးနေရာမှာ ငါနာ့နာ့ကိုအကြံပေးချင်နေမှန်း မင်းသိပါတယ်။ ပြောရရင် ငါကမင်းအစ်ကိုပါ။ ငါ့ကိုထက် အပြင်လူကို ကူညီပေးနေတာပေါ့လေ။"

စူးထောင်က မျက်လုံးကို မှေးစင်းလိုက်၏။ စူးဟောင့်ရန်၏ ရှေ့တွင် သူမ၏ခံစားချက်များကို ဘယ်တုန်းကမျှ ‌မဖုန်းကွယ်ထားချေ။

သူမ၏တောက်ပသော မျက်လုံးများထဲတွင် အထင်သေးမှုအပြည့်နှင့်ဖြစ်နေပြီး သူမ၏စကားလုံးများက ဓားများနှင့်တူကာ ဓားတစ်ချောင်းချင်းဆီက သွေးများပေနေသည်။

"ကျွန်မ စကားလမ်းကြောင်းပေးရင်တောင် ရှင့်ရဲ့သုံးစားမရတဲ့ အလှပန်းအိုးလေးကို ဒါတာရိုက်ဟွာက ရွေးမယ်လို့ ရှင်ထင်နေတာလား။ နောက်ပြီး ကျွန်မအမေရဲ့နာမည်ကို အဆက်အသွယ်အတွက် နောက်တစ်ခါ ထပ်သုံးရဲသုံးကြည့် ရှင့်ရဲ့အရင်းအမြစ်တွေ တစ်ခုချင်းစီကို ဖြတ်တောက်ပစ်မယ်မှတ်။"

-----

ညစာစားပြီး လူစုခွဲကြပြီးနောက်တွင် လူတိုင်းက ကလက်အပြင်ဘက်၌ မိုးသည်းထန်စွာ ရွာနေကြောင်း သတိပြုမိသွားတော့သည်။

စူးဟောင့်ရန်နှင့် သူ့အလှပန်းအိုးက မည်းမှောင်သော မျက်နှာဖြင့် ထွက်သွားကြ၏။

ဝူရှဲ့ယွီက လိမ္မာပါးနပ်စွာ ဟွာချွင်းကျန်းကို အဝေးသို့ ဆွဲခေါ်သွားပြီး ရှဲ့ကျင်နှင့် စူးထောင်သာလျှင် ကလက်ဝင်ပေါက်တွင် ကျန်နေသည်။

စူးထောင်သည် ဤနေရာသို့ ကိုယ်တိုင် ကားမောင်းပြီးလာခဲ့ခြင်းဖြစ်၏။ ဘာစကားမှမပြောဘဲ ထွက်သွားရန်ပြင်နေသော သူမကို ရှဲ့ကျင်က ဖမ်းဆုပ်လိုက်သည်။

"ကိုယ်အရက်သောက်ထားလို့ ကားမောင်းလို့မရဘူး။ကိုယ့်ကို အိမ်ပြန်‌ပို့ပေးပါ။"

စူးထောင်သည် သူ့ကိုယဉ်ယဉ်ကျေးကျေးပင် ကြည့်လိုက်သော်လည်း ခပ်တန်းတန်းသာ ပြောလိုက်၏။ "တောင်းပန်ပါတယ် ဥက္ကဌရှဲ့ ကျွန်မတို့က လမ်းမသင့်ဘူးလေ။"

ရှဲ့ကျင်သည် သူမ၏ခပ်တန်းတန်း သဘောထားကို မကျေမနပ် ဖြစ်သွားတော့သည်။ သူ၏ခြိမ်းခြောက်တတ်သော ဗီဇမှာလည်း ချော်ထွက်လာကာ "ရှောင်ထောင်လေး ဒါရိုက်တာဟွာရဲ့ ဇာတ်လမ်းကို ထပ်မလိုချင်တော့ဘူးလား။"

ထိုစကား ထွက်သွားသည်နှင့် သူအထိတ်တလန့်ဖြစ်သွား၏။

'ခဏတုန်းက သူဘာပြောလိုက်တာလဲ။ ရှောင်ထောင်လေးကို ထပ်ခြိမ်းခြောက်လိုက်တာလား။ သူရူးသွားတာမလား။'

ရှဲ့ကျင်သည် ထိတ်လန့်တကြားဖြင့် သူ့လက်များကို ဝှေ့ယမ်းကာ မသိစိတ်အရ စူးထောင်၏ လက်မောင်းကို ဆုပ်ကိုင်ထားပြီး ရှင်းပြခွင့်မပေးဘဲ သူမထွက်သွားမှာကို ကြောက်နေကာ "ကိုယ် မရည်ရွယ်ပါဘူး။ ရှောင်ထောင်လေး ကိုယ်မင်းကိုခြိမ်းခြောက်ဖို့ တကယ်မရည်ရွယ်ပါဘူး။ အဲဒါက ကိုယ့်လျှာချော်သွားတာ....."

စူးထောင်၏ တောက်ပသော မျက်လုံးများထဲတွင် ရွံရှာမှုနှင့် လျစ်လျူရှုနေမှုသာ ရှိနေသည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှသာ အပြုံးယဲ့ယဲ့လေးနှင့် တည်ငြိမ်စွာ ပြောလာ၏။ "ဟုတ်ပါပြီ ဥက္ကဌရှဲ့ ကျေးဇူးပြုပြီး ကားထဲဝင်ပေးပါ။"

သည်းနေသောမိုးများက ကားပြတင်းပေါက်ကို တဝုန်းဝုန်းဖြင့် ရိုက်ခတ်နေသည်။ မိုးသံမှလွဲ၍ ကားထဲတွင် ဘာအသံမှ မထွက်နေသဖြင့် တိတ်ဆိတ်နေကာ လူအများကို မသက်မသာဖြစ်စေ၏။

ခရီးသည်ထိုင်ခုံတွင် ထိုင်နေသော ရှဲ့ကျင်သည် စူးထောင်ကို ‌ပြောင်ပြောင်တင်းတင်း မကြည့်ရဲတော့ဘဲ တစ်ချက်တစ်ချက် ခိုးကြည့်ရုံသာ တတ်နိုင်တော့သည်။သူမ ပေါ့ပေါ့တန်တန် လက်မြောက်လိုက်သည်ကအစ သူ့ကိုအသက်ရှုကြပ်သွားစေပြီး ချောင်းခြောက်များဆိုးမိတော့သည်။

စူးထောင်၏ တည်ငြိမ်နေမှုက သူ့ကိုကြောက်လန့်စေ၏။လွန်ခဲ့သည့်တစ်နှစ်တုန်းကလည်း အရမ်းတည်ငြိမ်နေပြီး အထုပ်အပိုး သွားထုပ်မည်ဆိုကာ ဘာသဲလွန်စမျှမချန်ဘဲ ပျောက်ကွယ်သွားသည်။

ကားသည် ရှဲ့ကျင် ကြုံရာနာမည်ပြောလိုက်သော ဟော်တယ်ရှေ့သို့ ရပ်သွား၏။ စူးထောင်သည် နှုတ်ခမ်းပေါ်တွင် ယောင်ယောင်လေး ပြုံးနေရင်း တည်ငြိမ်စွာဖြင့် " ဥက္ကဌရှဲ့ ကျွန်မတို့ ဟော်တယ်ကို ရောက်လာပါပြီ။ကျန်းချန်မှာ ပျော်စရာအချိန်ကောင်းလေး ပိုင်ဆိုင်နိုင်ပါစေ။"

ရှဲ့ကျင်က အဆုံးတွင် အသက်ရှုခြင်း လုပ်ငန်းစဉ်ကို ပြန်လုပ်နိုင်သွားပြီး သတ္တိကို မြှင့်တင်နေသလိုမျိုး အသက်ကိုခပ်ပြင်းပြင်းရှုကာ ထို့နောက် ခပ်နှေးနှေးပြန်ရှုထုတ်နေသည်။ သူစကားပြောလာသောအခါ သူ့လေသံက လေတိုးသံထက်ပင် တိုးနေ၏။

"ကိုယ် မှားသွားပါတယ်။"

All Chapters