← Chapters

အခန်း (၃၅)

Vol. 4 Ch. 35

အခန်း (၃၅)

Vol. 4 Ch. 35

သူ၏တောင်းပန်နေမှုကြောင့် နောက်ဆုံးတွင် စူးထောင်ဆီမှ အကြည့်တစ်ချက် ရလိုက်သော်လည်း တခဏတာမျှသာဖြစ်ကာ သူမအကြည့်ပြန်လိုက်လိုက်သည်။

"ဥက္ကဌရှဲ့ ရှင်က ပလက်ဖောင်းရဲ့ထောက်ပံ့သူ၊ ရင်းနှီးမြုပ်နှံသူပါ။ ကျွန်မလိုချင်တဲ့ အရင်းအမြစ်မှန်သမျှကို အလွယ်တကူ ရယူနိုင်တဲ့ စွမ်းအားတွေ ရှင့်မှာရှိတယ်။ ဘယ်လိုလုပ်ပြီး ရှင်က အမှားလုပ်တဲ့သူဖြစ်မှာလဲ။ကျွန်မကသာ အမှားလုပ်မိတဲ့သူပါ။ ကျွန်မဘက်က အမှားလုပ်မိတာတွေရှိရင် ပြောသာပြောပါ။ ပြင်ပေးပါ့မယ်။"

ရှဲ့ကျင်သည် အသက်ရှုမဝတော့သလို ထပ်ခံစားလိုက်ရပြီး ရှည်လျားသော မျက်တောင်များက အနည်းငယ် တုန်ယင်သွား၏။ တစ်ဖက်ခြမ်းရှိ လင်းလာသော ကားမီးရောင်များက နက်မှောင်နေသော သူ့မျက်လုံးထဲရှိ စိုစွတ်နေမှုကို ပြသနေပြီး သူ့လေသံက အနည်းငယ် အက်ကွဲနေသည်။

"ကိုယ်နောက်တစ်ကြိမ် မင်းကိုထပ်မခြိမ်းခြောက်တော့ပါဘူးလို့ ကတိပေးပါတယ်။ ကိုယ်မင်းရဲ့ ထင်မြင်ချက်တွေကိုလည်း အလေးထားပြီး တစ်ခုခုလုပ်ဖို့ကို အတင်းဖိအားမပေးတော့ပါဘူး။ ကိုယ်တကယ် မှားသွားပါတယ်။"

အပြင်ဘက်တွင် မိုးသည်းကြီးမည်းကြီး ရွာသွန်းနေပြီး တအုန်းအုန်းနှင့် ကာပြတင်းပေါက်ကို ရိုက်ခတ်နေကာ ရေခိုးရေငွေ့များပင် ဖြစ်ပေါ်လာသည်။ ရှဲ့ကျင်၏ ပြောစကားများမှာ အားနည်းနေပြီး တအုန်းအုန်းမြည်သံ‌များအောက်တွင် ‌တိုးလျနေ၏။

"ကိုယ့်ကို ကြိမ်းမောင်းလိုက်ပါ ရှောင်ထောင်လေး။ ဒီလိုမျိုးတော့ မပြောပါနဲ့နော်။ ကိုယ်တကယ် ကြောက်တယ်။"

သူမ ထပ်ပြီးပျောက်ကွယ်သွားမှာ သူတကယ်ကြောက်မိသည်။ ထိုကဲ့သို့သာ ထပ်ဖြစ်လာလျှင် အသက်ရှင်နေဖို့ သူတကယ်သတ္တိရှိတော့မည် မဟုတ်ချေ။

ကားထဲတွင် နောက်တစ်ကြိမ် ခဏတာတိတ်ဆိတ်သွားပြီးနောက် ရွဲ့စောင်းလိုမှုအပြည့် တည်ငြိမ်သောလေသံဖြင့် စူးထောင်တုံ့ပြန်လာ၏။ "ကျွန်မနာခံတာကို ရှင်သဘောမကျဘူးလား။ အခု ကျွန်မနာခံပေးနေပြီပဲ။ ရှင်ဘာကို ကြောက်နေတာလဲ။"

"မဟုတ်ဘူး မင်းနာခံခဲ့လို့ ကိုယ်မင်းကို ချစ်ခဲ့တာမဟုတ်ဘူး။ ကျေးဇူးပြုပြီး ကိုယ် မင်းကို ရှာလို့မတွေ့တာမျိုး ထပ်မလုပ်ပါနဲ့တော့နော် ဟုတ်ပြီလား။"

စူးထောင်သည် ခေါင်းကိုလှည့်လိုက်ကာ သူ့ကိုထပ်မကြည့်လာတော့ပေ။ သူမ၏လေသံထဲတွင် လှောင်ပြောင်လိုသော အရိပ်အယောင်များဖြင့် ပြောလာသည်။ "အနာဂတ်မှာ ကျွန်မက ရှင့်အပေါ်မှာပဲ ဆက်မှီခိုနေရမှာလေ။ ကျွန်မကို ရှာလို့မတွေ့တဲ့အဖြစ်မျိုး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကားပေါ်ကဆင်း ဥက္ကဌရှဲ့။"

ရှဲ့ကျင်သည် ကားထဲမှ မထွက်ချင်သော်လည်း သူမ၏အေးစက်သော အမူအရာကိုတွေ့လိုက်ရာ တုံ့ဆိုင်းစွာဖြင့် တံခါးကိုဖွင့်ကာ ကားထဲမှဆင်းလိုက်၏။

သူက ဟိုတယ်အမိုးအောက်သို့ ချက်ချင်းမဝင်လိုက်ပေ။ကားတံခါးနားတွင်ရပ်နေကာ သူ့အဝတ်အစားများက ချက်ချင်းပင် မိုးစိုသွားတော့သည်။ ကျယ်လောင်သော မိုးသံများအောက်တွင် သူ၏အက်ကွဲနေသောလေသံက ငုပ်လျိုးသွား၏။

" အခုကစပြီး ကိုယ်မင်းစကားနားထောင်မယ်လေ အဆင်ပြေလားဟင်။"

စူးထောင်သည် သူပြောတာကို ကြားလိုက်ပုံမရချေ။ သူမက ရှေ့ကိုကိုင်းကာ ကားတံခါးကို ခပ်တင်းတင်းစေ့ထားပြ ကျားသစ်တစ်‌ကောင်၏ အလျင်နှုန်းကဲ့သို့ နည်းနည်းလေးမျှ တုံ့ဆိုင်းမနေဘဲ မောင်းထွက်သွားတော့သည်။

ရှဲ့ကျင်သည် လမ်းမဘေးထိ သူမနောက်သို့လိုက်ခဲ့သော်လည်း သည်းသည်းမဲမဲ ရွာသွန်းနေသော မိုးများကြားမှ ပျောက်ကွယ်သွားသည့် ကားနောက်မီးရောင်ကိုသာ ကူကယ်ရာမဲ့စွာဖြင့်သာ ကြည့်နေနိုင်၏။

သူ့တိုက်ခန်းသို့ရောက်သောအခါ ရှဲ့ကျင်သည် အဖျားကြီးဖျားတော့သည်။ အဖျားက တော်တော်ကြီးသော်လည်း သူကဆေးသောက်ရန် ငြင်းဆန်နေ၏။

ကျင်းချွေ့ဝမ်နှင့် ဝူရှဲ့ယွီမှာ တော်တော်လေးကို စိုးရိမ်နေကာ စူးထောင်ဆီသို့ ဖုန်းခေါ်‌လိုက်သော်လည်း အေးတိအေးစက် အဖြေကိုသာ လက်ခံရရှိသည်။ "ကျွန်မက ဆရာဝန်လည်းမဟုတ်လေ။ သူဆေးသောက်တာ၊မသောက်တာကို ကျွန်မလိုက်ထိန်းချုပ်လို့ ရတာလည်းမဟုတ်ဘူး။"

‌ယောက်ျားသားနှစ်ယောက်မှာ စိုးရိမ်ပူပန်စွာဖြင့် အခန်းထဲတွင် ဟိုလျှောက်၊ဒီလျှောက် လုပ်နေ၏။

'တကယ်လို့ သူဌေးက သေချင်သေချင်ပါစေ စူးထောင်ကိုမြင်ရမှ ဆေးသောက်မယ်ဆိုပြီး လုပ်နေရင်ဘယ်လိုလုပ်မလဲ။'

သို့သော်လည်း သူတို့၏စိုးရိမ်ပူပန်မှုမှာ တကယ်မဖြစ်လာပေ။ စူးထောင် သူ့ကို ဂရုမစိုက်ဘူးဆိုတာကိုလည်းကြားရော ရှဲ့ကျင်သည် အံ့ဩစရာကောင်းစွာ ပူးပေါင်းလာပြီး ဆေးသောက်တော့သည်။ သူက ဆရာဝန် အကြံပေးချက်များကိုပင် ဂရုတစိုက်နားထောင်ကာ အစာပျော့နှင့် ရေများများသောက်ပြီး မြန်မြန်နေကောင်းလာအောင် ကြိုးစားနေ၏။

'စူးထောင်က ဒီမှာမှရှိမနေတာ ဒီတော့ သူဖျားတာကို သူမဘယ်လိုမြင်နိုင်မှာလဲ။ သူမကို လိုက်ရှာဖို့ ခွန်အားရှိအောင် သူမြန်မြန်နေကောင်းလာမှ ဖြစ်မယ်။'

-------

ကျင့်ယန် Entertainment တတိယထပ်ရုံးခန်းထဲတွင် စူးထောင်သည် အလုပ်အစီရင်ခံစာထဲတွင် ခေါင်းငုံ့စိုက်ကြည့်နေကာ စွင်းရှောင်ကျယ်က သူမရှေ့တွင်ထိုင်နေ၏။

စူးထောင်၏ အမူအရာမှာ တဖြည်းဖြည်း သိမ်မွေ့နေရာမှ အေးစက်လာပြီး မသိမသာ မျက်မှောင်ကြုတ်လိုက်သည်။

သို့ရာတွင် သူမခေါင်းမော့လိုက်သည့်အခါ စိတ်ခံစားချက်များကို ဖုံးကွယ်ပြီး တည်ငြိမ်စွာဖြင့်" နင့်ရဲ့အစီအစဉ်က ထုန်မင်ရွှမ်းကို variety show တွေမှာ ဆက်ပြီးပါဝင်စေချင်တာလား။ ပြီးတော့ တစ်ကြိမ်ထဲနဲ့ ၃ခုတောင်။"

စွင်းရှောင်ကျယ်မှာ ခေါင်းညိတ်လိုက်ပြီး ဘာပြဿနာမှ မရှိဟု ခံစားလိုက်ရ၏။

စူးထောင်သည် အစီရင်ခံစာကို ချလိုက်ကာ သူမအား တည့်တည့်ကြည့်လာပြီး " ထုန်မင်ရွှမ်းရဲ့ အနေအထားက ဘာလဲ။"

စွင်းရှောင်ကျယ်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ကြည့်ရသည်မှာ စူးထောင်၏ စကားကို နားလည်ပုံမရချေ။ သူမက ခဏတာစဉ်းစားနေပြီးနောက် ‌ပြန်ပြောလာသည်။ "အနေအထားလား အဆိုတော်သရုပ်ဆောင်လေ။

"မဟုတ်ဘူး နင့်ရဲ့အစီအစဉ်ကနေ ရသစုံရှိုးပွဲဘက်တွေမှာ သူ့ကိုကျော်ကြားအောင် လုပ်ချင်နေတာကို တို့တွေ့နေရတယ်။"စူးထောင်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။

စွင်းရှောင်ကျယ်မှာ တခဏတာ စိတ်ရှုပ်ထွေးသွားပြီးမှသာ ရှင်းပြလာသည်။ "Sea Wave2က အခုထုတ်လွှင့်ပြသနေပြီလေ။ ဒေတာတွေကို ကြည့်လိုက်မယ်ဆိုရင် မင်ရွှမ်းရဲ့လူသိများမှုက သိသိသာသာ မြင့်တက်နေတယ်။ ကျွန်မတို့ ဒီအခွင့်အရေးကိုဆုပ်ကိုင်ပြီး ဒီအချိန်မှာခပ်မြန်မြန်...."

" ဒီအချိန်မှာ ကျော်ကြားမှုကို ခပ်မြန်မြန် အသုံးချမယ်ပေါ့။" စူးထောင်က အေးတိအေးစက် သူမစကားကို ကြားဖြတ်ပြောလိုက်၏။

စွင်းရှောင်ကျယ်မှာ ပါးစပ်ဖွင့်ပြီး ချေပလိုက်ချင်သော်လည်း စူးထောင်၏ သုန်မှုန်နေသော အကြည့်အောက်တွင် သူမစကားများကို ပြန်မျိုချလိုက်သည်။

"ထုန်မင်ရွှမ်းရဲ့ ကျော်ကြားမှုက အခုအချိန်မှာ မမြင့်နေဘူး။ သူက ရသစုံရှုံးတွေမှာ မျက်နှာပြဖို့လိုပေမယ့် ရှိုးတွေမှာ ခဏခဏ ပေါ်ထွက်နေလို့မရဘူး။ ရှပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေဘက်မှာပဲ သူအာရုံစိုက်ထားရမယ်။အခုနင်ရဲ့အဓိက ဦးတည်ချက်က သူနဲ့ကိုက်မယ့်ရှင်ရှင်၊တီဗီဇာတ်လမ်း အရင်းအမြစ်တွေကို အားသွန်ခွန်စိုက် ရွေး၊ ပြီးရင် audition ဖြေဖို့ အခွင့်အလမ်းတွေ ကြိုးစားပေးနေရမှာလေ။ သဘောပေါက်လား။"

'စွင်းရှောင်ကျယ်က တိတ်တဆိတ် မျက်လုံးလှန်ပြလိုက်၏။ အခုအချိန်မှာ ရှပ်ရှင်နဲ့တီဗီဇာတ်လမ်းတွဲတွေအတွက် တိုးဖို့လွယ်တယ်များ ထင်နေလားမသိဘူး။ ထုန်မင်ရွှမ်းက မကျော်ကြားသေးဘူး ပုံမှန် role တစ်ခုရဖို့တောင် တော်တော်လေးခက်တယ်ဟဲ့။'

စူးထောင်က သူမအတွေးများကို ထိုးဖောက်မြင်နေသလိုမျိုး ဆက်ပြီးကြိမ်းမောင်းနေသည်။ "ရှောင်ကျယ် အနုပညာရှင်တစ်ယောက် အောင်မြင်လာတယ်ဆိုတာ ဇာတ်လမ်းတွဲတစ်ခု ဒါမှမဟုတ် ရသစုံရှိုးတစ်ခုကြောင့်ဖြစ်နိုင်တယ်။ အေးဂျင့်တစ်ယောက်အနေနဲ့ နင်ကသူများထက် ခြေတစ်လှမ်းသာနေရမယ်၊ သူတို့ထက် စွမ်းဆောင်ရည်မြင့်နေရမယ် ဒါမှ အနုပညာရှင်တွေကို ဆွဲမချမိမှာ‌။"

စွင်းရှောင်ကျယ်သည် သိသိသာသာ မကျေနပ်သလို ခံစားနေရသော်လည်း စူးထောင်အရင်က ပြောခဲ့ဖူးသည့် 'လုပ်တောင်မလုပ်ရသေးဘဲနဲ့ မဖြစ်နိုင်ဘူးဆိုတာ မပြောနဲ့' ဟူ‌သောစကားကို သတိရသွားသည့်အတွက် ပြန်မချေပရဲတော့ဘဲ ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။

"နင့်ကို ဒီအစီရင်ခံစာ ပြန်ပေးမယ်။ ပြန်လုပ်ပြီး မနက်ဖြန် အလုပ်မဆင်းခင် တို့ကိုလာတင်ပြပေး။"

မည်းမှောင်သော မျက်နှာဖြင့် စွင်းရှောင်ကျယ်တစ်ယောက် ထွက်သွားပြီးနောက်တွင် ယန်ချင်းဝင်လာ၏။

ယန်ချင်းသည် ရွှယ်ရှင်းကျစ်၏ အမူဆောင်အေးဂျင့်ဖြစ်သည်။

ရွှယ်ရှင်းကျစ်သည် ပွဲဦးထွက်ခါစ အဆိုတော်တစ်ယောက်ဖြစ်ပြီး ကျောင်းတွင်းသီချင်းဆိုပြိုင်ပွဲတစ်ခုမှ သူ့ကိုလျန်ခယ့်က တွေ့ခဲ့ခြင်းဖြစ်၏။ သူမသည် ကုမ္ပဏီနှင့် လက်မှတ်ထိုးကာ ယခုတွင် စူးထောင်၏ လက်အောက်က တစ်ယောက် ဖြစ်လာသည်။

ရွှယ်ရှင်းကျစ်ဟာ ဂီတလေ့ကျင့်ရေးကျောင်းမှ ဘွဲ့ရခဲ့ပြီး ကျောင်းတွင်သူမက နာမည်မကြီးတစ်ယောက်မဟုတ်သလို အနည်းငယ် ပြည့်ဖောင်းဖောင်းလေး ဖြစ်နေသော်လည်း သူမ၏အသံမှာ တကယ့်ကို ကောင်းလှ၏။ကိုယ့်ကျင့်တရားလည်းကောင်းကာ ယှဉ်ပြိုင်ချင်းလည်းမရှိ၊ အလုပ်ကြိုးစားလုပ်ကိုင်သူတစ်ဦးဖြစ်သည်။

တစ်နှစ်အတွင်းမှာပင် ၉၅ပေါင်အထိကျသွားပြီး တခြားတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားကာ အလားအလာရှိသော ကောင်မလေးတစ်ယောက်အဖြစ် စူးထောင်သည် သူမအား ခပ်မြင့်မြင့်မှန်းထား၏။

စူးထောင် အံ့အားသင့်သွားစေရန် ယန်ချင်းသည် အဆိုပြုချက် စာရွက်စာတမ်းနှစ်ခုကို ကမ်းပေးလိုက်သည်။

"သူဌေး ဒါတွေက လက်ရှိတတ်စွမ်းသမျှ ကျွန်မကြိုးစားလုပ်ခဲ့တဲ့အရာတွေပါ။ အကောင်းဆုံးလို့ထင်ခဲ့ပေမယ့် ဖြစ်မြောက်အောင် မလုပ်နိုင်ဘူး ဖြစ်နေတယ်။"

စူးထောင်သည် မျက်ခုံးပင့်ကာ အဆိုပြုချက်နှစ်ခုကို စိတ်ဝင်တစားကြည့်နေရင်း ထောက်ခံသလို ခေါင်းညိတ်ပြကာ သူမ၏လေသံမှာ ပိုပိုပြီးနူးညံ့လာ၏။" လုပ်ထားတာ တကယ်ကောင်းတယ် ချင်းချင်း။"

စူးထောင်၏ ချီးမွမ်းမှုကို ကြားလိုက်ရသောအခါ ယန်ချင်းတစ်ကိုယ်လုံး ပြေလျော့သွားသည်။ သူမက ဒီနယ်ပယ်ထဲ ဝင်သည်မှာမကြာသေးပေ။ နောက်ဆုံးအစည်းအဝေးအပြီးမှာ အမှန်အတိုင်းပြောရရင် သူမထက်ငယ်ပုံရပေမယ့် လွှမ်းမိုးနိုင်စွမ်း အော်ရာများရှိနေသည့် ဤသူဌေးကို သူမအနည်းငယ်ကြောက်မိ၏။

ဒီကိုမလာခင်တုန်းက စူးထောင်သူမအား ဝေဖန်မှာကို စိုးရိမ်နေခဲ့သည်။

"ပထမအချက် မင်းရဲ့အဆိုပြုချက်တွေကို ကြည့်လိုက်တာနဲ့ ရှင်းကျစ်ကို မင်းကောင်းကောင်းနားလည်ပြီး ရှင်းရှင်းလင်းလင်းနဲ့ မှန်ကန်တဲ့ တိုးတက်ရေးလမ်းကြောင်း စီစဉ်နေတယ်ဆိုတာ ပြနေတာပဲ။ မဖြစ်နိုင်ဘူးလို့ ခံစားနေရတာတောင် ဆက်လုပ်နေတုန်းပဲ။အရမ်းကောင်းတယ်။"

ယန်ချင်း၏ မျက်လုံးများက နီရဲလာသည်။ သူမသည် အမြဲတမ်းလိုလို လုံ့လဝီရိယစိုက်ကာ တိတ်တဆိတ် လုပ်ဆောင်လေ့ရှိ၏။ သူမ သူဌေး၏ အားပေးမှုထက် ဘယ်အရာကမှ သူမကိုလှုံ့ဆော်မှု မပေးနိုင်ပေ။

စူးထောင်၏အပြုံးသည် ယန်ချင်း၏ နုနယ်ပြီး ထိလွယ်ရှလွယ် နှလုံးသားလေးကို လှုပ်ခတ်သွားစေသည်။ရုတ်တရက် သူမက ငိုချင်သလိုခံစားလိုက်ရပြီး အဆုံးမဲ့ယုံကြည်များ တောက်လောင်လာကာ "သူဌေး ဒါဆို အဆိုပြုချက်ထဲက တစ်ခုကို ကျွန်မကြိုးစားကြည့်လို့ရလား။"

စူးထောင်က နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်ပြီး သူမဆီသို့ အဆိုပြုချက်ကို ညင်သာစွာနှင့် တွန်းပို့လာကာ မေးလိုက်၏။"ဘယ်တစ်ခုလဲ။"

ကြည့်ရသည်မှာ ယန်ချင်းက ကြိုတွေးပြီးထားပုံရပြီး အဆိုပြုချက်ကိုပင် မကြည့်ဘဲ တိုက်ရိုက်ပင် ပြောလာသည်။ "Singer Variety show"

စူးထောင်သည် ခေါင်းညိတ်ပြလိုက်ပြီး သူမဆက်ပြောလာမှာကို စောင့်နေ၏။

"Singer Variety show က ပုံမှန်ဆိုရင် ထိပ်တန်းကြယ်ပွင့်တွေကိုပဲ ပါဝင်ဖို့ ဖိတ်ခေါ်ပေမယ့် ထုတ်လုပ်ရေး teamရဲ့ သတ်မှတ်ချက်တွေကို ကျွန်မလေ့လာထားပြီးပြီ။ သူတို့က အရည်အချင်းရှိပေမယ့် နာမည်မကြီးသေးတဲ့ အသစ်ကလေးတွေအတွက်လည်း နေရာပေးထားတယ်။ ဒီမှာက အသစ်တွေက တော်တော်များတော့ သေချာပေါက် ယှဉ်ပြိုင်မှု ပြင်းထန်မှာဆိုပေမယ့် ကျွန်မကြိုးစားကြည့်ချင်တယ်။"

စူးထောင်က သဘောတကျကျ ခေါင်းညိတ်လိုက်ကာ " ကောင်းတယ် အရမ်းကောင်းတဲ့ တွေးခေါ်မှုမျိုးပဲ။ အခုပြောသွားတဲ့အဆိုပြုချက်ကလည်း တော်တော်ကောင်းတယ် ဒီလိုပြိုင်ဆိုင်မှုများတဲ့ talent show လိုပေါ့။ ရှင်းကျစ်က သောချာ‌ပေါက် ဒီshowမှာပါဝင်ပြီး ကျော်ကြားမှုတွေကို စုဆောင်းလို့ရတယ်။ ဒီတော့ လာမယ့်'Singer show 'မှာ သွားလျှောက်ကြည့်ရင်ရော။ဘယ်လိုထင်လဲ။

မျက်ချင်း၏ မျက်လုံးများက အရောင်လက်သွားတော့သည်။သူမရဲ့ရှေးရိုးစွဲ အစီအစဉ်က အသုံးဝင်မယ်လို့ မထင်ထားခဲ့ချေ။ သူမသည် ပရိုမိုးရှင်းအစီအစဉ် မည်သို့လုပ်ဆောင်ရမည်ကို နားလည်သွားကာ ချက်ချင်းပင် ဉာဏ်အလင်းရသွားသလို ခံစားလိုက်ရ၏။

​

"ကျွန်မနားလည်ပါပြီ သူဌေး။ သူမ show မှာပါသွားရင် ရလာဒ်တွေကို ကျွန်မ ခန့်မှန်းလို့ရတယ်။ နောက်ပြီး နောက်တဆင့်အတွက် အရင်းအမြစ်တွေကို ကြိုပြီး ကြိုးစားမယ်။ အဆိုပြုချက်ကို အခုပဲသွားပြင်လိုက်တော့မယ်နော်။"

ယန်ချင်း ရုံးခန်းမှထွက်သွားပြီးနောက် စွင်းရှောင်ကျယ်က မကောင်းသောရည်ရွယ်ချက်ဖြင့် သူမထံချဉ်းကပ်လာသည်။ ယန်ချင်း၏ နီရဲနေသော မျက်လုံးများကို မြင်လိုက်ရသောအခါ သူမကိုဧည့်ခန်းဆီသို့ ဆွဲခေါ်သွားတော့သည်။

လမ်းလျှောက်နေစဉ် သူမက မကျေမနပ်ဖြင့် "စူးထောင်က လူမှဟုတ်ရဲ့လား။ ရိုးသားကြိုးစားတဲ့ ချင်းချင်းလို ကလေးလေးကိုတောင် ငိုအောင်လုပ်တယ်။ ပါးစပ်နဲ့ လွယ်လွယ်လေး ဟိုးလက်လှမ်းမမီတဲ့ အရင်းအမြစ်တွေကို ကြိုးစားခိုင်းနေတာ။ ငါတို့မှာသာ အဲလိုစွမ်းဆောင်ရည်မျိုးရှိနေရင် သူ့လက်အောက်မှာ လုပ်စရာလိုဦးမလား။ ကိုယ့်ကိစ္စကိုယ်တောင် မကိုင်တွယ်နိုင်ဘဲနဲ့ ငါတို့ကို ဆက်လုပ်ဖို့ လာပြောနေတယ်။"

ယန်ချင်းသည် အချင်းများခြင်းမှ ရှောင်ရှားရန် သူတို့နှင့်အတူ အလိုက်သင့်နေလေ့‌ရှိသော်လည်း ဒီတစ်ကြိမ်တွင် စွင်းရှောင်ကျယ်၏ လက်ကို ခါချလိုက်ကာ "စူးထောင်က တို့ကိုအပြစ်မတင်ပါဘူးနော်။ တို့ရဲ့အစီအစဉ်ကိုတောင် ချီးကျူးသွားသေးတယ်။ သူ့ဆီမှာ ထိုးသွင်းသိမြင်နိုင်စွမ်းတွေ ရှိတယ်လို့ တို့ခံစားမိတယ်သိလား။သူမဆီကနေ တို့တော်တော်များများ သင်ယူခဲ့ရတယ်။"

ယန်ချင်းသည် သူတို့ကို လျစ်လျူရှုကာ သူမ၏ထိုင်ခုံဆီသို့ ပြန်သွားပြီး စစ်အားထက်သန်မှုအပြည့်ဖြင့် အဆိုပြုချက်များကို ပြန်လည်ပြင်ဆင်တော့သည်။

စူးရှောင်ကျယ်သည် မထီမဲ့မြင်ပြုရင်း ယန်ချင်းကိုလက်ညိုးထိုးကာ သူမ၏လုပ်ဖော်ကိုင်ဖက်များ ရှိရာဘက်သို့ ခေါင်းလှည့်လိုက်ရင်း ပြောလာ၏။ "အသိဉာဏ်မဲ့တဲ့သူ‌တွေက ဦးနှောက်ဆေးရလွယ်တယ်လေ။"

------

တစ်မနက်ခင်းလုံး အလုပ်များပြီးနောက် လေ့ရွှမ်းက စူးထောင်အတွက် နေ့လယ်စာ ယူလာပေးသည်။ စူးထောင် အတူတူစားရန် မေးလိုက်သော်လည်း ငြင်းပယ်ခံလိုက်ရ၏။

ဆံပင်တိုတိုနှင့်လေ့ရွမ်းက အပြစ်ကင်းစင်သည့် အပြုံးမျိုးပြုံးပြကာ "သူဌေး ကျွန်မတို့အတူတူ နေ့လယ်စာစားတိုင်း အလုပ်အကြောင်းပြောတယ်နော်။ ကျွန်မနောက်တစ်ခါ လှည့်စားတာမခံတော့ဘူး။ ဖြည်းဖြည်းချင်းသုံးဆောင်ပါ ကျွန်မသွားတော့မယ်။"

စူးထောင်သည် သူမကို တိတ်တဆိတ် စိုက်ကြည့်ရင်း နေ့လည်စာသေတ္တာကို ဖွင့်လိုက်ပြီးသည်။ နေ့စွဲကို ကြည့်လိုက်ရာ ကျန်းချီပြောခဲ့သော "နေ့ကောင်းရက်မြတ်"ဆိုသည့်နေ့ကိုရောက်ရန် နှစ်ရက်သာလိုတော့သည်။

ဖိုင်တွဲထဲရှိ စာချုပ်ကို ကြည့်လိုက်ပြီးနောက် ဖုန်းကိုထုတ်ကာ ကျန်းချီထံ စာပို့လိုက်၏။

[ စူးထောင် - ဘာလုပ်နေလဲ။]

[စူးထောင် - မင်းအစ်မရဲ့ ရိုက်ကွင်းမှာ ရှိနေတုန်းပဲလား။]

[စူးထောင် - တို့တွေသဘောတူထား တဲ့စာချုပ်မှာ ပြဿနာမရှိဘူးမလား]

[စူးထောင် - သဘက်ခါကျရင် ဘယ်နေရာမှာ ဆုံကြမလဲ။]

စူးထောင်သည် စာများတစ်ခုပြီးတစ်ခု ပို့လိုက်ပြီးနောက် လက်ထဲရှိအလုပ်ကိုသာ ဆက်လုပ်နေတော့သည်။ အဘယ့်ကြောင့်ဆိုသော် ကျန်းချီသည် အမြဲတမ်းလိုလို အချိန်အတော်ကြာပြီးမှသာ စာတစ်ခါပြန်ပို့လာ၏။

အသေအချာပင် ၁၀မိနစ်ကြာပြီးနောက်တွင် ကျန်းချီက စာပြန်ပို့လာသည်။

[ကျန်းချီ - တစ်နေ့ကို ၈ခါလောက် မေးနေတော့တာပဲ။]

သူ့စကားကြောင့် စူးထောင်သည် မကျေမနပ် နှုတ်စူသွားသော်လည်း စိတ်ရှည်ရှည်နှင့် စာပြန်လိုက်သည်။

[စူးထောင် - တို့က မင်းမေ့သွားမှာ စိုးလို့ပါနော့်။]

[စူးထောင် - ဒီတော့ မင်းသာတို့နဲ့ မြန်မြန်လက်မှတ်ထိုးလိုက်ရင် တို့မင်းကို ထပ်ပြီးအနှောက်အယှက် မပေးတော့ပါဘူး။]

[ကျန်းချီ - လက်မှတ်ထိုးမယ့် ကိစ္စကလွဲပြီး ခင်ဗျားမှာ တခြားပြောစရာမရှိတော့ဘူးလား။]

စူးထောင်သည် သူ၏ငေါ့ငေါ့ပြောစကားနှင့်‌ အေးစက်စက် သဘောထားကို ကျင့်သားရနေပြီဖြစ်သောကြောင့် ထမင်းတစ်လုတ်ကို သူမပါးစပ်ထဲသို့ထည့်ကာ ဖြည်းညှင်းစွာဝါးနေရင်း စခရင်ကိုလက်ညိုးဖြင့် နှိပ်လိုက်သည်။

[စူးထောင် - မင်းက တို့ရဲ့အနုပညာရှင်မှ မဟုတ်သေးတာ။လက်မှတ်ထိုးမယ့်အကြောင်းမပြောရင် ဘယ်လိုလုပ်ပြီး အလုပ်ကိစ္စ တိုက်ရိုက်ပြောလို့ရမှာလဲ။]

[ကျန်းချီ - အလုပ်အကြောင်းကလွဲပြီး တခြားပြောစရာရော မရှိဘူးလားဗျ။]

[စူးထောင် - တခြားဘာအကြောင်း ပြောရမှာလဲ။]

[ကျန်းချီ - ခင်ဗျားစကားမပြောချင်လည်း ထားလိုက်ပါတော့။]

စူးထောင်သည် သူမ၏ဒေါသကို ဖြေလျော့လိုက်ကာ ထမင်းအလုပ်ကြီး တစ်လုပ်မျိုချရင်း သက်ပြင်းချလိုက်၏။ ဘယ်သူက သူ့ကိုစာချုက်စောစော မချုပ်ခိုင်းတာလဲ။ အခုတော့ ဘိုးဘေးတစ်ယောက်လို ချော့နေရပြီ။

စူးထောင် - ကျန်းဘိုးဘေးလေး ထမင်းစားပြီးပြီးလား။ဘာစားချင်ပါသလဲ ဒီမမက မင်းအတွက်သယ်လာပေးမယ်နော်။

ကျန်းချီ - မစားရသေးဘူး။ ခင်ဗျားက ကျွန်တော့်အတွက်ဘယ်လို သယ်လာပေးမှာလဲ။

စူးထောင် - ဘာစားချင်လဲ။

ကျန်းချီ - ဟော့ပေါ့။ ဘယ်လိုယူလာပေးမှာလဲ။ ကျွန်တော်က အစ်မရဲ့ရိုက်ကွင်းနေရာ နန်ချန်မှာရှိနေတုန်းပဲနော်။

စူးထောင် - စောင့်သာစောင့်နေ တို့မင်းအတွက် မှော်ပညာသုံးပေးမှာ။

ကျန်းချီ - ခင်ဗျားလာမှာလား။

ရိုက်ကူးရေး ခဏနားနေစဉ် ကျန်းဝမ်သည် ထိုင်ခုံပေါ်တွင် ပျင်းရိပျင်းတွဲနှင့် ခြေချိတ်ထိုင်ကာ ပျင်းရိနေပုံရသော သူ့မောင်ငယ်က ရုတ်တရပ်ထရပ်လိုက်သည်ကို သတိပြုမိသွား၏။ သူက လှည့်ပတ်ကြည့်နေပြီး ထို့နောက်တွင် ခေါင်းငုံ့ကာ WeChat တွင် စကားပြောနေသည်။

နောက်တဖန် မတ်တပ်ရပ်ကာ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး သူ့မျက်နှာပေါ်တွင် မျှော်လင့်ချက် အရိပ်အယောင်ရှိနေ၏။

"ရှောင်ချီ ဘယ်သူ့ကို ရှာနေတာလဲ။ ကျန်းဝမ်သည် သူ့နောက်မှလိုက်လာကာ သူကြည့်သည့်ဘက်သို့ ကြည့်လိုက်သည်။

ကျန်းချီသည် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ကာ ခေါင်းကိုခါရမ်းလိုက်ရင်း "ဘယ်သူ့ကိုမှ မရှာဘူး။"

စူးထောင်သည် ကျန်းချီအတွက် ဟော့ပေါ့နှစ်ယောက်စာ အော်ဒါမှာလိုက်၏။ အော်ဒါမှာပြီးနောက် ကျန်းချီပို့လာသော စာများကို တွေ့လိုက်ရသည်။

ကျန်းချီ - ခင်ဗျားတကယ် လာမှာလား။

ကျန်းချီ - ခင်ဗျား ဘယ်မှာလဲ။

စူးထောင် - တို့ဘယ်မှာရှိနေလဲဆိုတာ အရေးမကြီးဘူး။နာရီဝက်လောက်‌စောင့် မင်းအတွက်စပရိုက် ရောက်လာမယ်။

All Chapters