အခန်း (၃၆)
Vol. 4 Ch. 36
စူးထောင်က သူ့ကိုအနိုင်ယူရာတွင် ကောင်းမွန်သည့်တိုးတက်မှုနှုန်း ရှိသည်လို့ ခံစားလိုက်ရ၏။ သူမသည် ကျန်းဝမ်အတွက် နေ့လည်စာကို စီမံပေးခဲ့သည့်အတွက် သူသေချာပေါက် စာချုပ်မှာ လက်မှတ်ထိုးမည်ပင်။
နာရီဝက်အကြာတွင် စူးထောင်စားလို့ပြီးသွားကာ အစားအစာ အော်ဒါမှာထားသည်ကို သတိရမိသွားသည်။ ထို့ကြောင့် အော်ဒါအမှာစာနေရာကို စစ်ဆေးကြည့်လိုက်သောအခါ ပို့ဆောင်ပြီးသားဖြစ်နေသည်ကို တွေ့လိုက်ရ၏။
တစ်မိနစ်ပင် မကြာလိုက် ကျန်းချီက နောက်ထပ်စာပို့လာသည်။ စူးထောင်သည် ပျော်ရွှင်စွာဖြင့် စကားပြောသည့်နေရာကို ဖွင့်လိုက်ကာ သူ၏စိတ်လှုပ်ရှားစွာ ကျေးဇူးတင်လာမှုကို စောင့်နေ၏။
ကျန်းချီ - ခင်ဗျားပြောတဲ့ စပရိုက်ဆိုတာက အစားအစာ အော်ဒါမှာပို့ပေးတာလား။
ကျန်းချီ - ခင်ဗျား ဒီထက့်ပိုပြီး စိတ်ရင်းပြပေးလို့ရမလား။
စူးထောင်သည် သူ၏စာများကြောင့် စိတ်ရှုပ်ထွေးသွားတော့သည်။ ဟော့ပေါ့က တစ်ခါတည်း မီးဖိုနဲ့အတူ ပို့ပေးတာလေ သေချာပေါက် ဈေးမပေါပါဘူး။ အမြန်ပို့ဖို့အတွက် ပိုက်ဆံပိုပေးလိုက်ရသေးတယ်။ ဒါက စိတ်ရင်းနဲ့မဟုတ်လို့ ဘာလဲ။
သူမက ကျေးဇူးတင်စကား မရရုံမကဘူး သူ့ကိုကြည့်ရတာလည်း မပျော်နေသလိုပဲ။
စူးထောင် - မင်းစားချင်တဲ့ ဟော့ပေါ့က တို့သိထားသမျှ အကောင်းဆုံးဆိုတဲ့ဆိုင်ကနေ ဝယ်ထားပေးတာ။ တို့က နှစ်ယောက်စာတောင်မှာထားပေးတာနော်။ မင်းအတွက်တစ်ခု၊မင်းအစ်မအတွက်တစ်ခုလေ။ ဒါက စိတ်ရင်းမဟုတ်လို့ ဘာလဲ။
အချိန်အတော်ကြာပြီးမှသာ ကျန်းချီက စာပြန်ပို့လာ၏။သူ့ဆီက စာကိုမြင်ပြီးနောက် စူးထောင်တစ်ယောက် နှလုံးခုန်မြန်လာပြီး အသက်ရှုမဝသလို ဖြစ်လာသည်။
ကျန်းချီ - လွန်ခဲ့တဲ့နှစ်ရက်က ရွေ့ချီဘက်ကလည်း စာချုပ် ကမ်းလှမ်းလာတယ်။ စာချုပ်ပါ အကြောင်းအရာတွေက ခင်ဗျားထက်တောင် ပိုကောင်းတယ်။ ကျွန်တော်က သူတို့နဲ့ လက်မှတ်ထိုးဖို့ စဉ်းစားနေတာ။
ရွေ့ချီ! ရှဲ့ကျင်!
စူးထောင်သည် သွေးများပွက်ပွက်ဆူလာပြီး ကျန်းချီ၏ ကျန်ရှိနေသော စာများကိုပင် မဖတ်တော့ဘဲ ချက်ချင်းပင် ရှဲ့ကျင်ဆီသို့ ဖုန်းခေါ်လိုက်၏။
---
၃ရက်ကြာ ဖျားပြီးနောက် ရှဲ့ကျင်မှာ တော်တော်လေး သက်သာလာသည်။ ရံဖန်ရံခါ ချောင်းအနည်းငယ်ဆိုးရုံသာ ကျန်တော့ပြီး ထိုအရာက သူ့အလုပ်အပေါ် မသက်ရောက်ချေ။
တိုက်ခန်းထဲတွင် ဖျားနေရာမှ ပြန်လည်သက်သာလာသော ဥက္ကဌဖြစ်သူ၏ ညှင်းပန်းမှုကို ခံရသော အမှုဆောင်ဒါရိုက်တာများသည် နှစ်ရက်ကြာ လွတ်မြောက်ပြီးနောက် ငရဲခန်းသို့ ပြန်လည်ရောက်ရှိသွားတော့သည်။
လူတိုင်းသည် ဧည့်ခန်းထဲရှိ အစည်းအဝေးကျင်းပသည့် စားပွဲခုံ ပတ်ပတ်လည်တွင် ထိုင်နေကြပြီး ကွန်ပြူတာစခရင်ကိုသာ ကြည့်နေကြ၏။ အလွန်တိတ်ဆိတ်လွန်းလှသဖြင့် အသက်ရှုသံကိုပင် မကြားရချေ။
ဤကဲ့သို့တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်တွင် ဖုန်းသံက ရုတ်တရက် မြည်လာသဖြင့် လူတိုင်းက တုန်လှုပ်ချောက်ခြားသွားကာ သူတို့၏ရင်ဘတ်ကို ဖိနေကြသည်။
ရှဲ့ကျင်သည် မျက်မှောင်ကြုတ်သွားပြီး ဒေါသပေါက်ကွဲလာခါနီးတွင် သူ့ဖုန်းဖြစ်နေမှန်း သိသွားတော့သည်။
ရှည်သွယ်သော လက်ချောင်းများက ဖုန်းကိုယူလိုက်ပြီး ခေါ်ဆိုသူနာမည်ကို ကြည့်လိုက်ရာ အထင်မှားမြင်မိသည်ဟု ထင်နေသလိုမျိုး သူ့မျက်လုံးက ပြူးကျယ်ဝိုင်းစက်လာ၏။
တစ်ဖက်က ဖုန်းချလိုက်မှာ ကြောက်နေသလိုမျိုး ချက်ချင်းပင် ကိုင်လိုက်သည်။ စူးပွက်နေသော ရေကဲ့သို့ ဒေါသထွက်နေသည့် အမျိုးသမီးတစ်ယောက်၏ အသံက ဖုန်းထဲမှထွက်လာ၏။
"ရှဲ့ကျင် ရှင် ကျွန်မဖောက်သည်ကို ခိုးတယ်ပေါ့လေ!
ရှဲ့ကျင်က စိတ်ရှုပ်ထွေးသွားကာ "ဘယ်လို။"
"ဘာလို့ ရွေ့ချီက ကျန်းချီနဲ့ စာချုပ်ချုပ်ဖို့ ကြိုးစားနေတာလဲ။ ကျွန်မ သူနဲ့ အဆက်အသွယ် မရှိခင်တုန်းက ရှင်သူ့ကို သိခဲ့လို့လား။ ကျွန်မ သူ့ကိုချဉ်းကပ်တော့မှ ရှင်သူ့အကြောင်း သိသွားတာမလား။ ဒီလက်မှတ်ထိုးမယ့်ကိစ္စက ကျွန်မအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ ရှင်သိနေရဲ့သားနဲ့ ထပ်ကာထပ်ကာ တားဆီးတယ်။ အခုလည်း တိုက်ရိုက်ကြီး ခိုးနေပြန်ပြီ။ များသွားပြီ မလား။"
ဖုန်းထဲက ဒေါသကြီးသည့် အမျိုးသမီး၏ အသံကြောင့် လူတိုင်းမှာ တုန်လှုပ်ခြောက်ခြားသွားပြီး အများစုက စပ်စုကာကြည့်နေကြ၏။ ဘယ်သူက ဥက္ကဌကို ဒီလိုလေသံမျိုး ပြောရဲတာလဲ။ သို့သော် မည်သူမျှအသံမထွက်ရဲကြဘဲ ဥက္ကဌဖြစ်သူ ဒေါသထွက်လာမှာကိုသာ စောင့်ကြည့်နေကြသည်။
သို့ရာတွင် ရှဲ့ကျင်က ဝူရှဲ့ယွီကိုသာ တစ်ချက်ကြည့်လိုက်ပြီး နူးညံ့ကြင်နာသော လေသံလေးဖြင့် ဖုန်းဖြေလိုက်၏။ "ကိုယ်အဲဒီအကြောင်း မသိထားဘူး။ သူဘယ်လိုတွေ လုပ်ထားလဲဆိုတာ ဝူရှဲ့ယွီကို မေးကြည့်လိုက်မယ်နော်။"
ဝူရှဲ့ယွီ - "..."
ရှဲ့ကျင်သည် စကားပြောနေရင်းနှင့် အဆုတ်ကွဲထွက်လုမတတ် ချောင်းစတင်ဆိုးလာတော့သည်။
လွန်ခဲ့သည့် မိနစ်အနည်းငယ်ခန့်က အားအင်အပြည့်ကြိမ်းမောင်းနေတာကိုသာ မမြင်မိလျှင် ယခုလက်ရှိ အမှုဆောင် ဒါရိုက်တာများက သူ့အားယုံကြည်သွားကြမှာပင်။
"အဟွတ် အဟွတ် အဟွတ် ရှောင်ထောင်လေး မစိုးရိမ်ပါနဲ့။ ကိုယ်သေသေချာချာ မေးပြီးတာနဲ့ မင်းကိုရှင်းပြချက်ပေးပါ့မယ်။ အဟွတ် အဟွတ် အခုကိုယ့်မှာ တကယ် ခွန်အားမရှိလို့ ခဏစောင့်ပေးပါနော်။"
ဖုန်းတစ်ဖက်တွင် စူးထောင်မှာ ထူးထူးခြားခြား ဒေါသထွက်နေပြီး သူ့စကားနည်းနည်းကြောင့် အရူးလုပ်မခံဘဲ "ဟုတ်လား ဒါဆို သူဌေးဝူကို ပြောပေးပါဦး ဒီနေ့ပဲနန်ချန်ကိုသွားပြီး ကျန်းချီဘေးနားမှာ ၂၄နာရီ၊ တစ်ရက်လုံးလုံး ထိုင်စောင့်နေမှာလို့။ ကျွန်မကို သေအောင်မရိုက်သတ်သေးသရွေ့တော့ သူနဲ့စာချုပ်ဖို့ အခွင့်အရေးရှိလာမှာ မဟုတ်ဘူး။"
မကြာသေးခင်က အားနည်းဟန်ဆောင်နေသော ရှဲ့ကျင်ဟာ ရုတ်တရက် အမူအရာပြောင်းသွားပြီး ချောင်းဆိုးနေတာလည်း ရပ်သွားကာ ကျယ်လောင်သော အသံဖြင့် မေးလာ၏။ "မင်းဘာလုပ်မလို့လဲ။ သူ့အနားမှာ ၂၄နာရီ၊တစ်ရက်လုံးနေမယ်ပေါ့။ မင်း သူနဲ့အတူတူနေဖို့ လုပ်နေတာလား။"
အတင်းအဖျင်းက ပြောင်းပြန်လှန်သွားလို့ လူတိုင်းရဲ့အတွေးတွေက လိုက်လို့မမီဖြစ်နေတုန်း အမြဲလိုလိုအုံ့မှိုင်းနေပြီး လွှမ်းမိုးနိုင်စွမ်းအပြည့်နှင့် ဥက္ကဌက ပျော့ညံ့သည့်ဘက်ခြမ်း ပြလာသည်ကို သူတို့ကြားလိုက်ရသည်။
"ကိုယ်သူနဲ့ လက်မှတ်မထိုးတော့ဘူးလေးနော် ကိုယ်အာမခံပါတယ် ကိုယ်သူနဲ့လက်မှတ်မထိုးတော့ပါဘူး... ဒါကြောင့် မင်းလည်းမသွားတော့ဘူးလို့ အာမခံပေးပါနော် ဒါကအပေးအယူပါ။"
ဤ PKအတိုချုံးသည် နောက်ဆုံးတွင် သူဌေးဖြစ်သူ၏ ရှုံးနိမ့်မှုနှင့် လက်နက်ချခြင်းတို့ဖြင့် အဆုံးသတ်သွားသည်။
လူတိုင်းက သူတို့၏ အတင်းအဖျင်း ဆွေးနွေးလိုသည့်ဆန္ဒကို အလျင်အမြန် ပယ်ဖျောက်ကာ သူဌေး၏ သဲအိတ်ဖြစ်လာမှာကို ကြောက်ရွံ့ကြသဖြင့် အလုပ်တွင် အလေးအနက်ထားသလို ဟန်ဆောင်နေကြ၏။
------
နန်ချန်ရှိ မိုးသစ်တော ရိုက်ကူးရေးနေရာတွင် ဟော့ပေါ့ရနံ့သည် ရှိက်ကွင်းနေရာ တစ်ခုလုံး ပျံ့နှံ့နေသည်။
ဟော့ပေါ့ကို စိတ်ပါလက်ပါစားနေသော ကျန်းဝမ်သည် ဟော့ပေါ့အိုးကို မထိဘဲ ဖုန်းကိုသာ သည်းကြီးမည်းကြီးကြည့်နေပြီး တိတ်ဆိတ်နေသော မောင်ဖြစ်သူကို တွေ့သွား၏။
ကျန်းဝမ် - "ရှောင်ချီ ဘာလို့မစားတာလဲ။"
ကျန်းချီ၏ အမြဲလိုလိုချစ်စရာကောင်းစွာ ပြုံးလေ့ရှိသော မျက်လုံးများသည် ယခုအခါတွင် မှိန်ဖျော့နေပြီး အနည်းငယ် မျက်မှောင်နေကြုတ်ကာ "ကျွန်တော့်ဖုန်းက တစ်ခုခုမှားနေတာများလား။"
ထိုသို့ပြောပြီးသည်နှင့် သူ့ဖုန်းက မြည်လာသဖြင့် သံသယများကို ဖယ်ရှားလိုက်သော်လည်း သူ့အမူအရာမှာ ပို၍ပင် မပျော်မရွှင်ဖြစ်လာသည်။
စိတ်မရှည်သလိုဖုန်းဖြေလိုက်ကာ ဖုန်းတစ်ဖက်ခြမ်းတွင် သူတို့ဂီတအဖွဲ့က တဝမ်ဆိုသူ၏ အသံက ထွင်လာ၏။ "ညီကိုရေ အပြင်ထွက်ပြီး ပျော်ကြစို့လေ။ အရင်ကခရီးထွက်ခဲ့တုန်းက မင်းစိတ်ဝင်စားခဲ့တဲ့ စီနီယာကျောင်းအလှပန်းလေးကို မှတ်မိသေးတယ်မလား။ ငါတို့ သူမနဲ့ချိန်းထားတယ် မင်းကိုလိပ်စာပို့ပေးမယ်။"
ကျန်းချီသည် နူးချိစွာဖြင့် "မသွားဘူး။ စိတ်လည်းမဝင်စားတော့ဘူး။"
တဝမ် - "မဟုတ်သေးပါဘူး မင်းငါးစိမ်းမြင် ငါးကင်ပစ်ပြီပေါ့လေ။ သူမနဲ့တောင် ပရော်ပရည် မလုပ်ရသေးဘဲနဲ့ လက်လျော့လိုက်တော့မှာလား။"
ရွှီရှန့်က ဖုန်းကိုကြားဖြတ်ယူလိုက်ပြီး မယုံကြည်နိုင်စွာဖြင့် ပြောလာသည်။ "ညီအစ်ကို မင်းကိုတဖြည်းဖြည်းနဲ့ လေးစားလာပြီ။ ငါတို့က မင်းအကြောင်းကိုတောင် ပြောနေသေးတယ်။ တစ်ယောက်ယောက်ကို မင်းစိတ်ထဲမှာမှတ်မိစေချင်ရင် မင်းလက်လှမ်းမမှီတဲ့သူကို ရမယ်လို့။ကြည့်ရတာ ဒီနည်းလည်း အလုပ်ဖြစ်ပုံမရဘူး။"
ကျန်းချီက သူတို့နှင့်စကားပြောရန် စိတ်မပါချေ။ စကား တစ်ခွန်း၊နှစ်ခွန်းလောက်သာပြောပြီး ဖုန်းချလိုက်၏။
သူသည် Wechat ကိုနှိပ်လိုက်ပြီး စူးထောင်နှင့်စကားပြောထားသော နေရာတွင်သာ ရှိနေသည်။ သူက စာနှစ်စောင်ပို့ထားခဲ့သော်လည်း အချိန်အတော်ကြာတဲ့အထိ ပြန်စာမရောက်လာသေးပေ။
[ကျန်းချီ - ခင်ဗျားသာ ကျွန်တော့်လက်ထောက်အဖြစ် နှစ်ရက်လုပ်ပေးမယ်ဆိုရင် ကျွန်တော်သူတို့ကို ငြင်းလိုက်မယ်လေ။]
[ကျန်းချီ - ဘယ်လိုလဲ။ ခင်ဗျားဘယ်မှာလဲ။]
ကျန်းချီသည် မျက်မှောက်ထပ်ကြုတ်လိုက်ပြီး သူတောင်းဆိုတာ များသွားတယ်လို့ သူမထင်သွားတာလား။
တစ်ခုခုပို့ဖို့လုပ်နေတုန်းမှာပင် ရုတ်တရက် vd call ခေါ်လာသောကြောင့် သူ့မှာလန့်သွားရ၏။ သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီးနောက် စူးထောင်ခေါ်လာတာမှန်း တွေ့သွားသဖြင့် နှုတ်ခမ်းထောင့်မှာ ကွေးတက်သွားပြီး ဖုန်းကိုင်လိုက်သည်။
စူးထောင်၏ တည်ငြိမ်ပြီး လှပသောမျက်နှာက ဖုန်းစခရင်တွင် ပေါ်လာပြီး ကျန်းချီတစ်ယောက် သူ့ဖုန်းစခရင်က ပို၍ကြည့်ကောင်းလာသလို ခံစားလိုက်ရ၏။
သို့သော် စူးထောင်သည် အကူအညီမဲ့သလို သက်ပြင်းချလိုက်ကာ"ကျန်းဘိုးဘေးလေး တို့ကို မင်းရဲ့လက်ထောက်ဖြစ်ဖို့ ဘာလို့တပူတပြင်းဖြစ်နေရတာလဲ။"
ကျန်းချီက နှုတ်ခမ်းထောင့်ကို ကွေးလိုက်ကာ ပြုံးနေပုံရသော်လည်း ပြုံးနေသည့် အမူအရာမျိုး မဟုတ်ပေ။ "ခင်ဗျားက တော်တော်လေး အနိုင်ကျင့်လို့ ကောင်းမယ့်ပုံပေါ်လို့လေ။"
စူးထောင် ; "..."
စူးထောင်သည် သူ၏အနောက်မှ ကျန်းဝမ်ကိုတွေ့သွားရာ ပြုံးပြရင်း လက်ဝေ့ရမ်း နှုတ်ဆက်လိုက်သည်။ "ဟော့ပေါ့က အရသာရှိလား။"
ကျန်းဝမ်သည် ဟော့ပေါ့အား အားရပါးရစားကာ ရွေးများဖြင့် ရွှဲနစ်နေသဖြင့် မိတ်ကပ်ပြန်လိမ်းရမည်ပင်။သူမက ဆက်တိုက်ခေါင်းညိတ်ပြနေကာ လက်မပင်ထောင်ပြပြီး စကားပြောဖို့ရန် တော်တော်လေးစပ်နေ၏။
စူးထောင်က အပြုံးလေးဖြင့် "ဟင်းရည်က အစပ်လေ။ရေများများသောက်..."
သူမပြောလို့မပြီးသေခင်တွင် ကျန်းချီက တခြားတစ်ဖက်သို့ လျှောက်သွားပုံရပြီး ကျန်းဝမ်ကို စခရင်ပေါ်တွင် မမြင်ရတော့ချေ။ ထိုအစား အစိမ်းရောင်သစ်ရွက်များကိုသာ မြင်ရတော့သည်။
စူးထောင်၏ အပြုံးက ပျောက်ကွယ်သွားပြီး"ဒီကလေးတော့ တို့မင်းအစ်မကို စကားပြောလို့မပြီးသေးဘူးလေ။"
"ကလေး?" ကြည့်ရသည်မှာ ကျန်းချီက သူမ၏ထိုစကားကို ကျေနပ်ပုံမရပေ။ "ကြည့်ရတာ ခင်ဗျားကျွန်တော်နဲ့ စာချုပ်မှာ မြန်မြန်လက်မှတ် မထိုးချင်ဘူးနဲ့တူတယ်။ ကျွန်တော် စာပို့ထားတာ ၁၅မိနစ်ကြာရှိနေပြီ ခင်ဗျားက vd call တစ်ခုပဲ ခေါ်လာတယ်နော်။ ခင်ဗျားက လေယာဉ်လက်မှတ်ဝယ်ပြီး ဒီကိုလာခဲ့မယ်လို့တောင် ကျွန်တော်ထင်ထားခဲ့တာဗျ။"
စူးထောင်သည် သူကတမင်တကာ သူမကိုပြဿနာရှာနေတာကို သိနေသည့်အတွက် ပင်ပန်းနွမ်းနယ်သော အစမ်းသုံးကတ်ပြားကို ထုတ်သုံးကာ" ကျန်းချီ တို့တောင်းဆိုနေတာပါ၊ လတ်လျားလတ်လျားလုပ်ဖို့ တို့တကယ်အသက်ကြီးနေပါပြီ။ မင်းကို စိတ်ရင်းမှန်နဲ့ပံ့ပိုးပြီး မင်းနဲ့အတူတောက်ပမှုတွေ ဖန်တီးချင်တယ်။ ဒါကြောင့် ကလေးဆန်တာတွေရပ်ပြီး ချောချောမွေ့မွေ့ စာချုပ်ချုပ်ပေးလို့ရမလား။ ဟင်?"
ကျန်းချီ၏ ကြည်လင်သော မျက်လုံးများက စခရင်ပေါ်ရှိ စူးထောင်ကို အချိန်အတော်ကြာ ငေးကြည့်နေပြီးနောက် နှုတ်ခမ်းကို မခိုးမခန့် ကွေးတက်ရင်း"ရတယ်လေ ဒါဆိုစာချုပ်ပါ အချုက်အလက်ကိုပြောင်းပြီး ခင်ဗျားကျွန်တော့်ကို ကိုင်တိုင်စီမံပေးလေ။"
စူးထောင်သည် စိတ်ရင်းမှန်ဖြင့် ကတိပေးလိုက်၏။ "တို့မင်းအတွက် အကောင်းဆုံးဆိုတဲ့ အဖွဲ့ကို စီစဉ်ပေးမယ်လို့ ကတိပေးတယ်။ ပြီးတော့ လုပ်ငန်းစဉ်တစ်လျှောက်လုံးမှာလည်း မင်းနဲ့အတူ...."
ကျန်းချီက စူးထောင်၏ အကြုံပြုချက်ကို ကြားဖြတ်ပြောလာသည်။ "ကျွန်တော်က ခင်ဗျားကိုယ်တိုင် စီမံပေးတာကို လိုချင်ရုံပါ။"
ဤဆိုင်းငံမှုတွင် ပထမဆုံးအကြည့်တချက်နှင့်တင် သူ၏မူလလက်ဟောင်း ပရော်ပရည် လုပ်နေသည်ကို ပြနေသော်လည်း နံရံကိုသာ ဝင်ဆောင့်မိပုံရ၏။
စူးထောင်သည် ကူကယ်ရာမဲ့စွာဖြင့် သူ့ကိုကြည့်နေရင်း စိတ်ထဲတွင် အလျင်အမြန်တွက်ချက်နေသည်။ ပြဿနာပိုတက်လာမှာကို ရှောင်ရှားရန် ပြတ်ပြတ်သားသား ဆွေးနွေး ညှိနှိုင်းလိုက်သည်။ " မင်းဘက်ကသာ ဒီကိုလေယာဉ်နဲ့လာမယ်ဆိုရင် တို့ကိုယ်တိုင်ကိုယ်ကျ ၃လ မင်းကိုဦးဆောင်ကိုင်တွယ်ပေးမယ်။"
ကျန်းချီသည် မျက်မှောက်ကြုတ်ကာ - "၃လ?"
စူးထောင် - "ဒါက တို့လုပ်ပေးနိုင်တဲ့ အကန့်အသတ်ပဲ။"
------
စူးထောင်၏ တောက်ပသောမျက်လုံးများက စာချုပ်ကိုအာရုံစိုက်နေသော သူမရှေ့မှလူငယ်လေးအား စူးစိုက်စိုက်ငေးကြည့်နေ၏။ သူမနှလုံးသားထဲက အပူလုံးကြီးမှာ တစ်ဝက်လောက် လျော့ပါးသွားသည်။
သူမ၏သမိုင်းတစ်လျှောက်တွင် လက်မှတ်ထိုးဖို့အခက်အခဲဆုံးဖြစ်သော ကျန်းချီသည် နောက်ဆုံးတွင် သူမရုံးခန်းထဲတွင် ထိုင်နေကာ သူမဆန္ဒအတိုင်း လက်မှတ်ထိုးရန် အဆင်သင့်ဖြစ်နေ၏။
သူမသည် စိတ်အားထက်သန်စွာ သူ့လက်ထဲက ဘောပင်ကိုကြည့်နေပြီး ဘောပင်ထိပ်စွန်း စာချုပ်ပေါ်ကျသွားမည့်အချိန်ကို စောင့်နေသော်လည်း ထိုအစားကျန်းချီက ခေါင်းမော့လာသည်။
"အလုပ်ကိစ္စတွေအတွက် ကျွန်တော့်ကို ခင်ဗျားကိုယ်တိုင် ဦးဆောင်စီမံပေးမှာ သေချာပါတယ်နော်"
စူးထောင် - ဒါပေါ့ သေချာပေါက် လုပ်ပေးမှာ။"
ဟန်ပါပါဖြင့် 'ကျန်းချီ' ဟူသောစာလုံးနှစ်လုံးကို လက်မှတ်ထိုးရမည့်နေရာတွင် ရေးလိုက်၏။ သူစိတ်ပြောင်းသွားမှာကို ကြောက်နေသလိုမျိုး စူးထောင်က စာချုပ်ကို အလျင်အမြန်ဆွဲယူကာ သူမအနားတွင်ရှိသော လေ့ရွှမ်းကို ကမ်းပေးလိုက်ပြီး " IDကို ကော်ပီကူးပြီး အချက်အလက်တွေ သွားဖြည့်၊ ပြီးရင် လုပ်ငန်းစဉ်အတိုင်းဆောင်ရွက်လိုက်နော်။"
ကောင်လေးခပ်ချောချောလေးတွေရဲ့ မျက်နှာကိုကြည့်ရတာ စွဲလမ်းနေတဲ့ လေ့ရွှမ်းတစ်ယောက် ချက်ချင်းအလုပ်ထဲဈန်ဝင်သွားကာ စာချုပ်နှင့် ကျန်းချီ၏ ID ကိုယူကာ ထွက်သွားတော့သည်။
ကျန်းချီသည် စူးထောင်စားပွဲရှေ့ရှိ စုံလည်ကုလားထိုင်တွင် ထိုင်ကာ သူ့လက်များကို အိတ်ကပ်ထဲတွင်ထည့်ထား၏။ ခြေတံရှည်များက ကြမ်းပြင်ကိုထိထားရင်း ထိုင်ခုံကိုလှည့်နေကာ ရုံးခန်းပတ်ပတ်လည်ကို လှည့်ကြည့်နေပြီး နောက်ဆုံးတွင် စူးထောင်ဆီသို့ အကြည့်ရောက်သွားကာ အကြည့်ထပ်မလွှဲတော့ချေ။
စူးထောင်သည် မိတ္တူ၃စောင်ထဲမှ တစ်စောင်ကိုဖိုင်တွဲထဲထည့်ရင်း တစ်စောင်ကို ကျန်းချီထံပေးလိုက်ပြီး မတ်တပ်ရပ်ကာ စိတ်သက်သာရာ ရသွားသလိုမျိုး ရိုးသားသောအပြုံး ပြုံးပြလာပြီး "ကျင့်ယန် Entertainment ကနေ ကြိုဆိုပါတယ်။"
ကျန်းချီသည် ဆန့်တန်းလာသော အဖြူရောင်လက်သွယ်သွယ်လေးကို ကြည့်ကာ သူ့လက်ကိုပြန်ကမ်းပေးလိုက်သည်။ သူ၏ကြေးနီရောင် လက်နှင့်ဆန့်ကျင်စွာ စူးထောင်၏ လက်မှာ အဖြူရောင်ခရင်နှင့်တူနေပြီး ရုတ်တရက် ချောကလက်ခရင်ကိတ် စားချင်လာသလို ခံစားလိုက်ရ၏။
"ဘာအခမ်းအနားမှ မကျင်းပဘူးလား။" ကျန်းချီသည် သူမလက်ကို မလွှတ်ပေးဘဲ အပြုံးလေးနှင့် သူမအားကြည့်နေသည်။
လူတစ်ယောက်ကို လုံးဝပျော်ကျသွားစေနိုင်သည့် အပြုံးမျိုးပင်။
သို့သော် စူးထောင်မှာ အမူအရာမပြောင်းသွားဘဲ သူထွတ်လွတ်နေသော ညို့ဓာတ်များကို အလိုလိုစူးစမ်းနေသည်။
"ဒါပေါ့ တို့တွေပွဲကျင်းပမှာ။ တို့က မင်းကိုခက်ခက်ခဲခဲနဲ့ ရထားတာ။ နေ့လယ်စာ သွားစားကြရအောင်။"
ရုံးခန်းတံခါး ခေါက်သံမြည်လာ၏။ ယန်ချင်းသည် စာရွက်စာတမ်းတချို့ကို ကိုင်ထားပြီး ဝင်လာကာ ရုံးခန်းထံတွင်ထိုင်နေသော ကျန်းချီကို တွေ့သွားသဖြင့် တစ်ချက်စိုက်ကြည့်လိုက်သည်။
ကျန်းချီသည် တဖြည်းဖြည်းမော့လာပြီး ယန်ချင်း၏ အကြည့်ကို တည့်တည့်ကြည့်ကာ ထုံးစံအတိုင်း ပရော်ပရည်လုပ်တော့၏။
ယန်ချင်းသည် မင်သက်သွားပီုး အချိန်အတော်ကြာမှသာ အသိပြန်ဝင်လာသည်။
သူမဒီကိုလာတာ အလုပ်အကြောင်းတင်ပြချင်မှန်း စူးထောင်သိနေသည့်အတွက် ကျန်းချီအား" လေ့ရွှမ်ကို ကုမ္ပဏီ ပတ်ပြခိုင်းလိုက်မယ်လေ။ ဒီမှာ ဂီတတူရိယာတွေရှိတယ် အစမ်းလေ့ကျင်ခန်းမှာ ခဏလောက်သွားစမ်းကြည့်လို့ ရတယ်နော်။"
"မလိုပါဘူး။" ကျန်းချီက စူးထောင်၏ အကြုံပြုချက်ကို တားဆီးလိုက်၏။ သူ၏ခြေတံရှည်များက ကြမ်းပြင်ကိုထိထားပြီး စုံလည်ကုလားထိုင်ကို လှည့်နေကာ ကုလားနောက်ကျောကို ပျင်းရိစွာမှီထားရင်း ဖုန်းကိုထုတ်လိုက်သည်။"ဒီမှာက ခင်ဗျားတစ်ယောက်ထဲကိုပဲ ကျွန်တော်သိတာ။"
သူဆိုလိုချင်တာက သူမအနားမှာပဲနေပြီး ဘယ်ကိုမှထွက်မသွားဘူး။
စူးထောင်သည် သူ့ကိုတစ်ချက်ကြည့်ပြီးနောက် လျစ်လျူရှုလိုက်၏။ ယန်ချင်းအား ထိုင်ပြီးစကားပြောရန် လက်ယပ်ခေါ်လိုက်သည်။
နှစ်ကြိမ်လောက် ခေါ်လိုက်ပြီးမှသာ ယန်ချင်းကအသိစိတ် ပြန်ကပ်သွားပြီး မနေနိုင်ဘဲ ရှက်ကိုးရှက်ကန်းဖြစ်သွားတော့၏။
အချိန်တိုင်း အနုပညာရှင်ကြယ်ပွင့်တွေနဲ့ ဆုံဖူးတာတောင် ဘယ်လိုလုပ်ပြီး ပွဲဦးထွက်ကာစ အသစ်လေးတစ်ယောက်အပေါ်မှာ အရူးအမူးနေရတာလဲ။
ယန်ချင်းသည် အစီအစဉ်စာရွက်များကို စူးထောင်ထံ ကမ်းပေးလိုက်ရင်း ကျန်းချီအား ခိုးကြောင်ခိုးဝှက်ကြည့်လိုက်သည်။ သူလည်းမော့ကြည့်လာသဖြင့် မျက်လုံးနှစ်စုံက ဆုံသွားတော့သည်။ သူမက လူမိသွားသည့်အတွက် မျက်လုံးများ ဝိုင်းစက်သွားကာ အလျင်အမြန် အကြည့်လွှဲလိုက်၏။
"ကျဲကျဲ ကျွန်တော့်ကို ကြည့်နေတာမလား" ကျန်းချီသည် ချစ်စဖွယ်အပြုံးဖြင့် ကြည့်နေသော်လည်း သေသေချာချာ ကြည့်လိုက်ပါက သူ့မျက်လုံးများထဲတွင် လှောင်ပြောင်လိုမှုနှင့် အေးစက်မှုများရှိနေသည်။