← Chapters

ဆရာရဲ့ စစ်မှန်တဲ့အား

Vol. 108 Ch. 1512

ဆရာရဲ့ စစ်မှန်တဲ့အား

Vol. 108 Ch. 1512

“ဆရာ” ရှီမာယူယူသည် ဟာစွန်ဆင်းသက်သည်ကိုပင် မစောင့်တော့ဘဲ မိုးပေါ်မှ သူမဘာသာပျံဆင်းလိုက်သည်။

ဖန်ကျိရှင်းသည် ရှီမာယူယူကျလာသည်ကို မြင်သည်နှင့် ချက်ချင်းပင် လက်ဆန့်တန်းပြီး သူမကို ဖမ်းလိုက်သည်။

“ဆရာ တကယ်ပဲဒီရောက်နေတာပဲ” ရှီမာယူယူသည် ဖန်ကျိရှင်းအား ပျော်ရွှင်စွာ ကြည့်လေသည်။

“အင်း” ဖန်ကျိရှင်းသည် မအောင့်နိုင်တော့ဘဲ လက်ဆန့်ထုတ်ကာ သူမ ခေါင်းကို ပုတ်ပေးလိုက်သည်။ သူသည် ကလေးတစ်ယောက်ကို ဖခင်ဖြစ်သူမှ ချစ်ပေးသည့်ပုံစံနှင့်တူနေသည်။

နှစ်တွေအများကြီးကြာခဲ့ပြီပဲ။ သူ သူမနဲ့ပြန်တွေ့ချင်ပြီး သူမအတွက် မိုးနဲ့ လေတွေကို ကာပေးချင်သည့်အတွက် အများကြီးကြိုးစားခဲ့သည်။ သို့သော် သူ စုံစမ်းရမိသလောက် ထိုကောင်မလေးသည် အရှိန်ဖြင့်ကြီးထွားကာ သူ့ထက်ပင် မြန်ဆန်နေသည်။

ရုတ်တရက် သူ့လက်ဆီသို့ အကြည့်စူးစူးတစ်ချက်ရောက်လာကာ ဝူလင်းယူသည် ရှီမာယူယူဘေးတွင် ဆင်းသက်လိုက်သည်။

“ဆရာ နောက်ဆုံးတော့ တွေ့ရပြီ အစတုန်းကတော့ ဆရာတို့ဂိုဏ်းကို ရှာတွေ့ဖို့က မဖြစ်နိုင်ဘူးဆိုပြီး ကြားခဲ့လို့ စိတ်တောင်ညစ်သွားသေးတာ” ရှီမာယူယူသည် ဖန်ကျိရွှင်းအား ကြည့်ပြီး သူတို့ပထမဆုံးတွေ့ခဲ့သည်ကို ပြန် တွေးနေမိသည်။

“မင်း ငါ့ကိုမရှာနိုင်ရင်တောင် ဒါပြီးသွားရင် မင်းကိုလာရှာမလို့ပဲ” ဖန်ကျိရှင်းသည် ပြုံးပြီးပြောလေသည်။

ရှီမာယူယူ အတွင်းပိုင်းဒေသသို့ရောက်လာသည်ဟု သူကြားခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူသည် အစပိုင်းတွင် ကျင့်ကြံရာမှထွက်လာလျှင် သူမကို တွေ့ရန်စီစဉ်ထားသည်။ သို့သော် သူထွက်လာသောအခါ ရှေးဟောင်းသတ္တု တွင်း ကိစ္စနှင့် သွားကြုံလေသည်။

“သခင်လေး သူမက…” သူ့ဘေးမှလူတစ်ယောက်သည် ဆရာတပည့် ပြန်လည်တွေ့ဆုံသည်ကို စကားဖြတ်ပြောလေသည်။

“သူမက ငါ့တပည့် ရှီမာယူယူလေ နောက်ဆိုရင် သူမကို တလေးတစား ဆက်ဆံရမယ်” ဖန်ကျိရှင်းသည် ထိုလူနှင့်စကားပြောချိန်တွင် သူ၏ အေးစက် သော အမူအရာပြန်ပေါ်လာသည်။

ရှီမာယူယူသည် ဖန်ကျိရှင်း၏ ပြောင်းလဲပုံကိုကြည့်ပြီး မယုံကြည်စွာဖြင့် မျက်တောင်ခတ်လိုက်သည်။

ယိလင်းတိုင်းပြည်တွင်ရှိစဉ်က သူ သူမကို သင်ပေးခဲ့ချိန်ကဖြစ်ဖြစ် သူမကို ကာကွယ်ပေးခဲ့ချိန်ကဖြစ်ဖြစ် သူသည် သူမကို နွေးထွေးသော ခံစား ချက်ကိုသာ ပေးခဲ့သည်။ သူ၏ထိုပုံစံသည် သူမကို မျှော်လင့်ထားသည့်အတိုင်း မေတ္တာဖြင့် ဆက်ဆံပေးခဲ့သည်။

ဆရာက ဘယ်တုန်းက ဒီလိုအေးစက်တဲ့ရောင်ဝါကို စထုတ်ခဲ့တာလဲ။ သူ့ ကိုဘာကပြောင်းသွားစေတာလဲ။

သခင်လေး ဟုတ်လား။ လပြည့်စုံနန်းတာ်က သခင်လေးကို သူတို့ခေါ်နေ ကြတာလား။

အစပိုင်းတွင် သူထိုအကြောင်းပြောသည်ကိ သူမ မကြားဖူးခဲ့ပေ။ အခုသူ ပြန်လာသည်နှင့် ထိုလူများသည် သေချာပေါက် သူ့ကို အရေးကြီးသည့်ရာထူး ပေးမည်မဟုတ်ပေ။ အဲတော့ သူကဘယ်လိုလုပ်လိုက်လို့ ဒီလူတွေက သူ့ကို သခင်လေးအဖြစ် သတ်မှတ်လိုက်တာလဲ။

“ဆရာ” ရှီမာယူယူသည် ဖန်ကျိရှင်းအား ခေါင်းကိုက်စွာဖြင့် ကြည့်လိုက် သည်။

“ဒါ ဆရာ့လူတွေပဲ နောက်ဆိုရင် တစ်ခုခုဖြစ်ရင်သူတို့ကို တိုက်ရိုက် အမိန့်ပေးလိုက်လည်း အဆင်ပြေတယ်” ဖန်ကျိရှင်းပြောလေသည်။

“ဒါက သခင်လေး အရင်က တစ်ပြောပြောနေတဲ့ သခင်မလေးလား” အဖြူရောင်ဝတ်ထားသော လူတစ်ယောက်သည် ရောက်လာပြီး ရှီမာယူယူအား ရိုသေစွာဖြင့် ဂါရဝပြုကာ ပြောလေသည် “သခင်လေးက သူ့ကိုယ်သူ အားကောင်းအောင်လုပ်တာက အနာဂတ်မှာ သခင်မလေးကို ကာကွယ်ဖို့ အတွက်လို့ အမြဲပြောနေတာ၊ သခင်မလေးကို ဒီလောက်မြန်မြန်တွေ့ရလိမ့် မယ်လို့ ထင်မထားဘူးပဲ၊ ဒီနိမ့်ကျတဲ့တစ်ယောကက် ဖန်ရှို့ကျဲပါ”

ဖန်ရှို့ကျဲကိုမြင်သည်နှင့် ရှီမာယူယူ ဖန်ခိုင်ကို သွားသတိရမိသည်။ အလွန်ပင် သက်တောင့်သက်သာဖြစ်စေသည်။

သို့သော် သူမ သူ့ကိုမည်သို့ ခေါ်ဝေါ်ရမည်ကို မသိပေ။ သူ့နာမည်ကို တိုက်ရိုက်ခေါ်လျှင်လည်း မကောင်းတတ်ပေ။ ထို့အပြင် သူသည် သူမဆရာ၏ လက်အောက်တွင်ရှိနေသောသူဖြစ်သည်။

စဉ်းစားပြီးနောက်တွင် သူမသည် အသာအယာပင် ဂါရဝပြန်ပြုလိုက် သည်။

“ယူယူ အခုတော့ လုပ်စရာကိစ္စလေးတွေရှိသေးတယ် အဲဒါကြောင့် ငါတို့ ပြန်ရောက်မှ အကုန်လုံးနဲ့မိတ်ဆက်ပေးမယ်” ဖန်ကျိရှင်း ပြောလိုက်သည်။

သူတို့ကို အငမ်းမရကြည့်နေသော လူများလည်းရှိသေးသည်။ သူတို့သည် လပြည့်စုံနန်းတော်နှင့် တိုက်ခိုက်နေခြင်းမဟုတ်သော်လည်း ထိုနေရာသည် ကြာရှည်စွာ စကားပြောရန်မသင့်တော်လှပေ။

ရှီမာယူယူသည် တိုက်ခိုက်နေသည့် လူနှစ်ယောက်ကို ကြည့်လိုက်သည်။ တစ်ယောက်မှာ ဆံပင်တိုနှင့် အနက်ရာင်ဝတ်ဆင်ထားသည်။ သူသည် အသက် ကြီးရင့်ကာ အားကောင်းလှသည်။ နောက်တစ်ယောက်မှာ ပင်လယ်ပြာ ချီဖောင်* ကိုဝတ်ဆင်ထားသည်။ သူသည် ဖိနှိပ်ခံထားရသော်လည်း ခက်ခဲလှ သည့် အနေအထားတော့ဟုတ်ဟန်မတူပေ။ (ချီဖောင်- တရုတ်ရိုးရာဝတ်စုံ)

ထို့အပြင် သူ့မျက်နှာမှာ ရင်းနှီးနေသည်။

အတွင်းပိုင်းဒေသက လူတိုင်းကိုတော့ သူမ သိစရာမလိုဘူးမလား။ အဲလူ က အရမ်းကို သာမာန်ဖြစ်လွန်းတဲ့ မျက်နှာနဲ့မို့လို့နေမှာပါလေ။

အိုး… အဲဒီချောမောလွန်းတဲ့ မျက်နှာက သာမာန်ဖြစ်တယ်လို့ပြောရင် လည်း နှိမ့်ချရာရောက်သွားပြီ။ အဲဒီကျွမ်းကျင်သူသိရင်တော့ သွေးအန်လိမ့် မယ်။

“ဆရာ အဲလူနှစ်ယောက်က ဘယ်သူတွေလဲ”

“အနက်ဝတ်နဲ့တစ်ယောက်က ပြည်နယ် ၁၆ ယန်းမျိုးနွယ်က အကြီးအကဲပဲ အပြာနဲ့တစ်ယောက်က ပြည်နယ် ၁၉ စူးမျိုးနွယ်က သခင်လေး ပဲ” ဖန်ကျိရှင်းသည် အတွင်းပိုင်းဒေသတွင် အချိန်တစ်ခုမရှိခဲ့သော်လည်း ထိုလူ များကို သိနေသေးသည်။

ရှီမာယူယူ ခေါင်းပူသွားကာ မျက်လုံးများပင် ဝေဝါးသွားသည် “သူက စူးယူတော့ မဟုတ်လောက်ပါဘူးနော်”

“သူပဲလေ သူ့ကိုသိလို့လား” ဖန်ကျိရှင်းမေးလိုက်သည်။

“ဟီးဟီး မသိပါဘူး” ရှီမာယူယူ ပြုံးလိုက်သည်။ နောက်ဆုံးတော့ သူ့ကို ဘာလို့ရင်းနှီးသလို ခံစားရလဲသိသွားပြီ။ အဲလူက စူးလျိုနျန်နဲ့ တော်တော်လေး တူတာပဲ။

သူတို့နှစ်ယောက်က ကံကြမ္မာကြိုးအနီချည်နှောင်ထားတဲ့ ရေစက်ပဲလို့ စူးလျိုနျန်ပြောသည်ကို သူ တွေးမိသည်နှင့် စူးယူကိုကြည့်ပြီး ရယ်ရမလား ငိုရ မလားကိုပင် မသိတော့ပေ။

သူ ရှေးဟောင်းသတ္တုတွင်းကို သွားမည်ဟု စူးလျိုနျန် ပြောခဲ့သည်။ သို့သော် သည်နေရာတွင် သူနှင့်တွေ့လိမ့်မည်ဟု သူမ ထင်မထားပေ။

“စူးမျိုးနွယ်ရဲ့ အားကတကယ်ပဲ ယန်းမျိုးနွယ်နဲ့မယှဉ်နိုင်ဘူး၊ စူးယူက ဖိနှိပ်မှုကို နည်းနည်းခံနိုင်ရုံလောက်ပဲရှိတယ်၊ သူ မကြာခင် ရှုံးတော့မှာ” ဖန်ကျိရှင်း မှတ်ချက်ပေးလေသည်။

ရှီမာယူယူလည်း မြင်နေရသည်။ စူးယူသည် ထိုအနက်ဝတ်လူကြောင့် ဒဏ်ရာများရထားသည်။

သူမသည် စူးလျိုနျန် ပြောခဲ့သည်ကို သတိရသွားသည်။ သူနှင့်တွေ့လျှင် တူဖြစ်သူကို ဂရုစိုက်ပေးရန်ဖြစ်သည်။ အခု သူဒဏ်ရာရသည်ကိုမြင်သောအခါ ဆက်ပြီးလျစ်လျူမရှုနိုင်တော့ပေ။

ဟူး…. ဝင်ပါဖို့လည်း သူမမှာ အားမရှိဘူး။

ထို့အပြင် ပြိုင်ဘက်မှာ ယန်းမျိုးနွယ်ဖြစ်သည်။ မျိုးနွယ်တစ်ခုမှာ သူမ သဘောမကျနေကာ တစ်ဖက်မျိုးနွယ်မှာတော့ ဆက်ဆံရေးကောင်းလှသည်။

“ဆရာ အနက်ဝတ်နဲ့လူကို ဆရာ့လူတွေရိုက်နိုင်မလား” သူမသည် ဖန်ကျိရှင်းကို တိုးတိုးလေး မေးလိုက်သည်။

“စူးယူကို ကယ်ချင်လို့လား”

ရှီမာယူယူ‌ ခေါင်းညိတ်လိုက်သည်။

“သူ့ကို မသိဘူးလို့ပြောခဲ့တာမဟုတ်ဘူးလား”

“သူက အဒေါ်ဟော်ရဲ့တူလေ ကျွန်မဒီကိုမလာခင်က အဒေါ်ဟော်က သူ့အကြောင်းပြောပြခဲ့တယ် သူ့ကိုတွေ့ရင် ကူညီပေးဖို့ ပြောပေးခဲ့တာ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ကျွန်မက ဒီလောက်အားနည်းတာ ဘယ်လိုလုပ် ကူညီရဲမလဲ”

“မင်းတို့က ဆက်ဆံရေးကောင်းကြတာလား”

“အဒေါ်ဟော်က လူကောင်းတစ်ယောက်ပါ” ရှီမာယူယူသည် အနည်းငယ် ရှက်ရွံ့စွာ ပြုံးလိုက်သည်။

ဖန်ကျိရှင်းသည် သူမ အမူအရာကို မြင်လိုက်ရသည်။ သူမသည် သူ့ကို ကယ်ချင်သော်လည်း အားလုံလောက်စွာ မရှိပေ။ ထို့ကြောင့် သူမ အကူအညီ တောင်းရတော့သည်။

မဟုတ်ဘူး… သူမမှာ သူ့ကိုကယ်ဖို့ အားရှိမယ်လို့ သူယုံတယ်။ ဒီအတိုင်း သူမကိုယ်သူမ ထုတ်မပြချင်တာပဲ။

သူသည်လည်း စောစီးစွာ ပေါ်ပေါက်သွားမည်ကို မလိုလားပေ။

ရှီမာယူယူသည် အနည်းငယ် စိုးရိမ်နေသည်။ အနက်ဝတ်လူသည် အလွန် ပင် အားကောင်းပုံပေါ်သည်။ ဆရာ့လက်အောက်ကလူတွေက သူ့ကို အနိုင်ယူ နိုင်မလား။

“မင်း သူ့ကိုကယ်ချင်မှတော့…”

ဖန်ကျိရှင်းသည် စကားမဆုံးခင်မှာပင် မူလနေရာမှပျောက်သွားကာ စူးယူဘေးတွင် သွားပေါ်လေသည်။ သူသည် ဒဏ်ရာရထားသော စူးယူကို တွဲပြီး အနက်ဝတ်လူနှင့် ဆက်တိုက်ခိုက်လေသည်။

ရှီမာယူယူ ဖန်ကျိရှင်းကို မြင်သောအခါ အလွန်ပင် အံ့ဩမိသည်။ ဆရာက ဘယ်တုန်းက ဒီလောက်အားကောင်းသွားတာလဲ။ သူမ မရှိတုန်းကို သူ အားမြင့်လာဖို့အတွက် မကောင်းတဲ့နည်းလမ်းတွေများသုံးခဲ့တာလား။

နောက်ပိုင်းတွင် သူမသည် ဆရာဖြစ်သူကို ဂရုတစိုက်စစ်ကြည့်ရာ သူသည် မည်သည့်အန္တရာယ်ကိုမဆို ကျော်လွှားနိုင်သည်ကို သေချာနေသည်။

ဖန်ရှို့ကျဲသည် ရှီမာယူယူ မျက်မှောင်ကြုတ်သည်ကိုကြည့်ပြီး သူမ အတွေးကိုမှန်းကြည့်နေသည်။ ဟာသတစ်ခုဟုသာ သူတွေးနေမိသည်။

သခင်လေးလို လူစားမျိုးက သန်မာဖို့အတွက် မဟုတ်တဲ့နည်းကိုသုံးမှာ တဲ့လား။

“သခင်မလေး မစိုးရိမ်ပါနဲ့ သခင်လေး သူက… အရမ်းအားကောင်းပါ တယ်” ဖန်ရှို့ကျဲ သူမကို ဘာမှမဖြစ်သလိုပင်ပြောလိုက်သည်။

“ဒါပေမဲ့ ဆရာက အရင်တုန်းကဒီလောက် အားမကောင်းပါဘူး လုံးဝကို မတူတော့ဘူး” ရှီမာယူယူ ပြောလိုက်သည်။

အရင်က သူမ မှတ်ဉာဏ်များပြန်မရစဉ်က ဖန်ကျိရှင်းသည် အလွန် အားကောင်းသည်ဟု ခံစားရသည်။ သို့သော် သူမ အားပြန်ရလာသောအခါ ဖန်ကျိရှင်း၏ စွမ်းအားအဆင့်ကို သိလာသည်။ အခုနှင့်ယှဉ်လျှင် တစ်ဆင့် နှစ်ဆင့်ထက်ပင် ပိုတက်လာခဲ့သည်။

“သခင်လေးက အရင်တုန်းက စိတ်အားငယ်စရာတွေကို ချန်ခဲ့ပြီး သူ့ အတွင်းအားကို ချိပ်စည်းပိတ်ခဲ့တယ်” ဖန်ရှို့ကျဲ ရှင်းပြလေသည် “သခင်မလေး ရဲ့အဖေနဲ့ ပခုံးချင်းယှဉ်နိုင်တဲ့သူက ဘယ်လိုလုပ် အားနည်းမှာလဲ”

တကယ်တော့ ရှီမာယူယူ မသိသည်မှာ အပြစ်မဟုတ်ပေ သူမ ရှီမာလျူရွှမ်ကို တွေ့စဉ်က သူ၏ ဝိညာဉ်စွမ်းအား အားလုံးပျောက်ဆုံးနေပြီး သူ အလွန်အားကာင်းခဲ့ကြောင်းကို အားလုံးက ပြောပြခဲ့သည်။ သို့သော် မည်မျှ အားကောင်းသလဲဆိုသည်ကိုတော့ မပြောခဲ့ကြပေ။

“စူးယူကတည်း အဖေတို့နဲ့ ယှဉ်နိုင်တယ်လို့ မပြောကြဘူးလား ဒါပေမဲ့ ကွာခြားချက်ကကြီးလိုက်တာ” သူမသည် တိုးညင်းစွာရေရွတ်လိုက်သည်။ သို့သော် ပြန်လာသောဖန်ကျိရှင်းနှင့် စူးယူတို့ ကြားဖြစ်အောင်ကြားသွားလေသည်။

***

All Chapters