← Chapters

အခန်း (၃၉)

Vol. 4 Ch. 39

အခန်း (၃၉)

Vol. 4 Ch. 39

ကျပန်း အကဲဖြတ်ဒိုင်ရဲ့ ရိုက်ချက်တွေတိုင်းက ဘယ်လိုတောင် အံ့ဩမင်သက်စရာ ကောင်းနေတာလဲ။

စူးယန်ရှင်းသည် စူးထောင်ကိုကြည့်နေကာ မျက်လုံးထဲတွင် မကျေနပ်သည့် အရိပ်အယောင် ရှိနေပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားသော်လည်း နောက်ဆုံးတွင် ခံစားချက်များကို ထိန်းချုပ်ကာ စိတ်ကိုတည်ငြိမ်အောင် လုပ်နေ၏။

စူးထောင်သည် သက်ပြင်းခပ်တိုးတိုးချကာ စားပွဲပေါ်ရှိ မိုက်ကိုယူလိုက်ပြီး သူမ၏ကြည်လင်ပြီးသာယာသောအသံက လူတိုင်း၏နားကို ရိုက်ခတ်နေသလိုမျိုး ဖြည်းဖြည်းချင်း ပြောနေသည်။

"အဖွဲ့ဝင်တိုင်းမှာ အားသာချက်တွေရှိတယ်။ အားသာချက်တွေက သိသာနေသလိုမျိုး၊ အားနည်းချက်တွေကိုလည်း လျစ်လျူရှုလိုက်လို့ မရပြန်ဘူး။ ခြုံပြီးပြောရမယ်ဆိုရင် တိုးတက်အောင် လုပ်ဖို့လိုသေးတယ်ပေါ့နော်။"

လူတိုင်းက သူမအသံကို ကြားလို့မဝသေးခင်မှာပဲ သူမရဲ့တိကျတဲ့ မှတ်ချက်တွေက ပြီးဆုံးသွား၏။

လူအများစိတ်ကျေနပ်စေရန် စူးယန်ရှင်းက နောက်ထပ်မေးခွန်း မေးလာသည်။" တစ်ဦးချင်းစီအတွက် မှတ်ချက်ပေးဖို့ စူးလောင်ရှီးကို ‌မေးလို့ရမလားဗျ။"

စူးထောင်သည် ရွေးချယ်စရာမရှိတော့ဘဲ ခဏကပြန်ချထားသော မိုက်ကိုယူကာ သူမလက်ထဲရှိ အချက်အလက်များကိုကြည့်ကာ တစ်ဦးပြီးတစ်ဦး မှတ်ချပေးတော့သည်။

" လင်ဟော့ ကတာ တကယ်ကောင်းတယ်။ နိုင်ငံတကာပြိုင်ပွဲတွေမှာလည်း ပါဝင်ဖူးပြီး ဆုတွေလည်းရထားတယ်။ မင်းရဲ့အကြီးမားဆုံး အားနည်းချက်က သီချင်းဆိုတဲ့နေရာပဲ။ ဒီတော့ မင်းက ဆိုရမယ့်နေရာတွေကို ရှောင်တယ်။ မင်းရဲ့အားသာချက်ကိုပြပြီး အားနည်းချက်ကို ရှောင်တဲ့ပုံစံက ကောင်းပေမယ့် ကိုယ့်ကိုယ်ကိုယ် မကန့်သတ်ထားနဲ့။ ပွဲဦးထွက်မယ့်အဖွဲ့တစ်ခုမှာ အားသာချက်တွေ လိုအပ်ပေမယ့် အားနည်းတဲ့အပိုင်းတွေကိုလည်း သာမန်ထက်နည်းနည်းကျော်အောင်လုပ်ထားရမယ်။ ဒီတော့ တို့အကြံပေးချင်တာက မင်းအနေနဲ့ သီချင်းဆိုလေ့ကျင့်ဖို့ အချိန်ပိုသုံးစေချင်တယ်။"

စူးထောင်၏ မှတ်ချက်များမှာ မျတပြီး အဓိကအချက်ကိုထိသည်။သူမ၏လေသံက နှေးလည်းမနှေး၊မြန်လည်းမမြန်ဘဲ ပါရမီရှင်ပီသကာ ခိုင်မာသည်။

သူမ မှတ်ချက်ပေးတာခံရသူတိုင်းက အလေးအနက်နားထောင်ပေးပြီး သူမအား ကျေးဇူးတင်လာကြ၏။

နောက်ဆုံး စူးယန်ရှင်းအလှည့် ရောက်လာသောအခါ မျက်လွှာကိုချကာ သူမ၏မျက်တောင်ရှည်များက တောက်ပသော မျက်လုံးများကို ဖုန်းကွယ်ပေးထားပြီး သူမ၏လေသံမှာ အရင်တစ်ခေါက်ကလိုမျိုး ယုံကြည်မှုနှင့် တည်ငြိမ်မှု ကင်းမဲ့နေသည်။

"ဒီလမ်းကြောင်းကို လျှောက်လှမ်းဖို့ မင်းကိုဘယ်သူဖောက်ပေးလဲဆိုတာ တို့မသိပေမယ့် မင်းဒီshowကို လာဖို့မလိုအပ်ဘူးလို့ တို့ထင်တယ်။"

သူမ၏စကားကြောင့် အကုန်လုံးရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

ယခင်က စူးထောင်၏ မျှတပြီး ဘက်မလိုက်သည့်ထင်မြင်ချက်ကြောင့် လူတိုင်းက မသိလိုက်ပါဘဲ စူးယန်ရှင်းအမှားလုပ်မိလို့သာ ဒီshowနှင့် မသင့်တော်တာ ဖြစ်ရမည်ဟု တွေးတောနေကြ၏။

"ဘာလို့လဲ။" စူးယန်ရှင်းက မျက်မှောင်ကြုတ်ကာ မကျေမနပ်မှုကိုပင် မဖုံးကွယ်တော့ဘဲ မျက်ရည်များဝိုင်းကာ နှုတ်ခမ်းကိုတင်းတင်းစေ့ထားတော့သည်။

စူးထောင်က မော့ကြည့်လာပြီး ရေကဲ့သို့တည်ငြိမ်နေသေးသော်လည်း သူမ၏စကားများကတော့ ပြတ်သားနေသည်။" အကြောင်းပြချက်မရှိဘူး။"

စူးယန်ရှင်း စိတ်ထိခိုက်သည့်ပုံစံဖြင့် စင်ပေါ်မှဆင်းသည်ကို မြင်ပြီးနောက် စူးထောင်သည် မိုက်ခရိုဖုန်းကိုချကာ နောက်ထပ် ဖျော်ဖြေမှုများကို ဘာမှမဖြစ်ပျက်သွားသလိုမျိုး ကြည့်နေ၏။

သူမ၏ နောက်ဆုံးမှတ်ချက်ကြောင့် စူးထောင်သည် ပျမ်းမျှ ၅မှတ်မှ ၈မှတ်ကြားကိုသာ ပေးလာသည်။

တဖက်တွင် ရှဲ့ကျင်သည် လုတိုင်း၏အာရုံစိုက်စရာဖြစ်လာပြီး သူကအမြဲတမ်း ၁မှတ်သာပေး၏။

အရည်အချင်းပြည့်မီသော ဖျော်ဖြေရေးအဖွဲ့တစ်ဖွဲ့သည် ရှဲ့ကျင်ထံမှ ၂မှတ် ရရှိသွားသောအခါ ပြိုင်ပွဲဝင်များသည် အမှတ်ပြည့်ရသွားသကဲ့သို့ ပီတိဖြစ်ကာ သူတို့အား အသိအမှတ်ပြုသည့်အတွက် ရှဲ့လောင်ရှီးအား အထူးပင် ကျေးဇူးတင်ကြောင်း ပြောလာကြသည်။

နောက်ဆုံးတွင် လျန်ခယ့်၏ အနုပညာရှင်၄ယောက်က စင်ပေါ်တက်လာကြ၏။ သူတို့၏ ဖျော်ဖြေမှုမှာ အောချလောက်စရာပင်။

စူးထောင်သည် သူတို့အား သူမ၏ကလေးများကဲ့သို့ကြည့်ကာ သူတို့ကောင်းကောင်းလုပ်နိုင်ခဲ့သလို ခံစားလိုက်ရသည်။ လျန်ခယ့်၏ ဆရာကျမှုကို သူမဝန်ခံရမည်။ သူလေ့ကျင့်ပေးထားသည့် အနုပညာရှင်များသည် အားသာချက်တွေများနှင့် ပြည့်နေပြီး၊ အဖွဲ့ကလည်း အချိတ်အဆက်မိကာ အသင်းအဖွဲ့စိတ်ဓာတ်လည်းရှိ၏။

သေးငယ်သည့် ချို့ယွင်းချက်တချို့ကိုလည်း သတိပြုမိကာ ထိုအရာများကို မှတ်ထားပြီး ခြုံကြည့်ရင် တော်တော်လေးကို စိတ်ကျေနပ်မိသည်။

နောက်ဆုံးတွင် စူးထောင်သည် အရင်ကတင်ဆက်သည့် 'ယွင့်ခိုင် ယဉ်ကျေးမှုအဖွဲ့'တာဝန်ခံ၏ ဂုဏ်ယူနေမှုကို နားလည်သဘောပေါက်သွားတော့သည်။ နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြရင်း သူမဘေးပတ်ပတ်လည်ရှိ လူများကို ကြွားလုံးထုတ်တော့၏။"သူတို့က ကျွန်မလူတွေလေ။"

မြှောက်ပင့်သော မှတ်ချက်အချို့ကို ရရှိပြီးနောက် စူးထောင်၏ အပြုံးမှာ ပို၍ပင် တောက်ပလာသည်။

ဖျော်ဖြေမှု ပြီးသွားသည့်နောက်တွင် ဟန်ပင်မဆောင်တော့ဘဲ စူးထောင်သည် အရှက်မရှိစွာ ၁၀မှတ်အပြည့်ပေးလိုက်ပြီး အမွှန်းတင်ရန်လည်းမမေ့ချေ။

ကင်မရာက အမြဲလိုလို ၁မှတ်သာ ပေးတတ်သည့် ရှဲ့ကျင်ဆီသို့ ရောက်သွား၏။

သူက ၂မှတ်ပေးဖူးသည့်အတွက် လျိုရှန်းယိသည် ရှဲ့ကျင်ကို နောက်တစ်ကြိမ် ထပ်ခေါ်လိုက်သည်။" ရှဲ့လူကြီးမင်း ဒီအဖွဲ့ရဲ့ စွမ်းဆောင်ရည်က တခြားအဖွဲ့တွေထက် ဘယ်နားက လျော့တယ်လို့များ ထင်မြင်ယူဆပါသလဲခင်ဗျ။"

ထပ်ခေါ်ခံလိုက်ရသဖြင့် ရှဲ့ကျင်သည် စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားကာ အုံ့မှိုင်းသည့် လေသံဖြင့် "နေရာတိုင်း...."

"အတိအကျ ဘယ်နေရာလဲ။" ကြည်လင်ပြတ်သားသော ‌အသံက မထင်မှတ်ထားစွာ ပေါ်ထွက်လာ၏။ ဘယ်သူကမှ စူးထောင်တစ်ယောက် ရှဲ့ကျင်အား တကယ်မေးခွန်းထုတ်လာမည်ဟု မထင်ထားကြချေ။ သူမ၏ မျက်လုံးများထဲတွင် မပျော်ရွင်မှုများအပြည့်ပင်။

ရှဲ့ကျင်၏ ကိုယ်မှာ တောင့်တင်းသွားပြီး စူးထောင်ကို လှည့်ကြည့်နေရင်း သူမအမှတ်ကို မြင်သွားမှသာ ဒါက ကျင့်ယန်ရဲ့အဖွဲ့ ဖြစ်နေမှန်း သဘောပေါက်သွားတော့သည်။

လူတိုင်းမှာ စူးထောင်အတွက် စိုးရိမ်နေကြပြီး သူတို့စိတ်ကူးထားသလိုမျိုး ရှဲ့ကျင်သည် အေးတိအေးစက်လည်းမဖြစ်၊ စိတ်မရှည်မှုလည်းမရှိဘဲ အကြောင်းအရာကိုပင် အလျင်အမြန် ပြောင်းလာ၏။

"ဘယ်နေရာမှ မရှိဘူး။"

လူတိုင်း - "?"

လူတိုင်း၏ အံ့အားသင့်နေမှုအောက်တွင် သူကစာတစ်ကြောင်းထည့်ဖြည့်လာသည်။ "ငါ အမှတ်ပေးတာမှားသွားလို့ 0 ကျန်သွားတယ်။ ထုတ်လုပ်ရေးအဖွဲ့ အဲဒါကို ပြန်ဖြုတ်ချပေး။ အမှတ်ပြန်ပေးချင်လို့။"

ထိုအခြေအနေအောက်တွင် အကြပ်အတည်းဖြစ်နေသော ရိုက်ကူးရေးဒါရိုက်တာများသည် ဒီလိုသိသာနေသော မသမာနည်းအမှတ်ပေးမှု ပြန်လည်သတ်မှတ်ခွင့်ပြုရမလားဆိုတာကို အရေးပေါ်ဆွေး‌နွေးနေကြသည်။

'ခွင့်မပြုဘူးလား။'

ဒီလူက ပလက်ဖောင်းဒယ်ဒီပဲ၊ ဒီအစီအစဉ်ကို ‌ရွေ့ချီဗီဒီယိုမှာ ထုတ်လွင့်ပြသရမှာနော် အဆင့်သတ်မှတ်ချက် ကောင်းကောင်းမလိုချင်ဘူးလား။

စူးထောင်၏ ကြည်လင်ပြတ်သားသော အသံက ဒါရိုက်တာအဖွဲ့၏ စိုးရိမ်ပူပန်မှုကို ပြေလျော့သွားစေ၏။ " ဥက္ကဌရှဲ့ ကျွန်မတို့က တည့်တည့်မတ်မတ်ပဲလုပ်သင့်တယ်။ အမှတ်ပြန်ပေးဖို့ မလိုပါဘူး။"

သူ့ကိုမေးခွန်းထုတ်မိသည့်အတွက် စူးထောင်တကယ်ကို နောင်တရနေပြီး သူမကလေးတွေ ဝေဖန်ခံရသည့်အတွက် ထိုအခိုက်အတန့်တွင် စိတ်ပူပန်ပြီး ပေါက်ကွဲလိုက်မိသည်။

စူးထောင်၏ စကားကြောင့် ထိုအဖြစ်အပျက်လေးကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ခဲ့ပြီး ရှိုးအစီအစဉ်က ဆက်သွားနေသော်လည်း စူးထောင်နှင့် ရှဲ့ကျင်ကို ကြည့်နေသည့်လူတိုင်း၏ မျက်လုံးများက သိမ်မွေ့နက်နဲလာ၏။

နောက်ဆုံးတွင် ရွှယ်ရှင်းကျစ် စင်ပေါ်တက် ဖျော်ဖြေရမည့်အလှည့်ရောက်လာပြီး ထိုသိမ်မွေ့နက်နဲသော အကြည့်မှာ အထွပ်အထိပ်သို့ ရောက်သွားတော့သည်။

ရွှယ်ရှင်းကျစ်သည် ရိုးစင်း‌သောဂါဝန်ကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့နှင့် ဂီတာကိုင်ကာ သူမကိုယ်တိုင်ရေးစပ်ထားသော ကျေးလက်ရိုးရာ တေးသီချင်းတစ်ပုဒ်ကို ဆိုနေ၏။

သီချင်းဆိုသံက ချိုမြိန်ပြီးရိုးစင်းပြီး တေးသွားမှာလှပကာ စာသားကလည်း အဓိပ္ပာယ်ပြည့်နေသဖြင့် စူးထောင်သည် နောက်တစ်ကြိမ် စိတ်လှုပ်ရှားလာပြီး မျက်လုံးများထဲတွင် တောက်ပမှုအပြည့်နှင့် ရွှမ်းရှင်းကျစ်အား ကြည့်နေသည်။

ရွှယ်ရှင်းကျစ်ကို စူးထောင်လက်လွှဲယူခဲ့သည့် အချိန်တုန်းက သူမအတွက် အလုပ်များများ မစီစဉ်ပေးထားဘဲ တိတ်ဆိတ်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးထားရုံသာဖြစ်သည်။

ရွှယ်ရှင်းကျစ်မှာ ထိုစီးပွားဖြစ် ကြော်ငြာအနုပညာရှင်များလိုမဟုတ်ဘဲ သူမထံတွင် အကောင်းတကာ့အကောင်းဆုံး အနုပညာအရည်အသွေးများနှင့် ရှာဖွေလိုက်စားနိုင်ကြောင်း စူးထောင်သိ၏။

သူမလုပ်ပေးရမှာက ရွှယ်ရှင်းကျစ်ကို အစွမ်းကုန် ပံ့ပိုးပေးပြီး အသင့်တော်ဆုံး တိုးတက်မည့်လမ်းကြောင်းကို ပေးရန်သာ။

သံသယဖြစ်စရာပင်မလို စူးထောင်သည် 10မှတ်အပြည့်ပေးလိုက်ပြီး ကင်မရာကလည်း ဒိုင်လူကြီးများ၏ ပေးမှတ်ကို ပတ်ပြသွားသည်။

တခြားသူများ အံ့ဩသွားကြသည့်အချက်မှာ ရှဲ့ကျင်လည်း 10 မှတ်အပြည့်ပေးခဲ့ခြင်းပင်။

ဒီတစ်ကြိမ်တွင် ' 0 'ကို နှိပ်ရန် သူတကယ်မမေ့ခဲ့ချေ။

လျိုရှန်းယိ၏ နားကြပ်ထဲသို့ ရှဲ့ကျင်အား နောက်တစ်ကြိမ်မေးရန် ဒါရိုက်တာ၏ အသံက ထွက်ပေါ်လာ၏။

လျိုရှန်းယိသည် စိတ်ပိုင်းဆိုင်ရာ ပြိုလဲနေပြီး ရှဲ့ကျင်ထံမှ နောက်တစ်ကြိမ် ‌ကြိမ်းမောင်းခံရမည်ကို တကယ်ထပ်မလိုချင်တော့ပေ။

လူတွေကိုပိုပြီး စိတ်ဝင်းစားစေရန်အတွက် ပရိုဂရမ်အဖွဲ့မှာ သူ၏မျက်နှာကို လုံးဝအလေးအနက် မထားချေ။

"ဥက္ကဌရှဲ့" တကယ်ကို ဆန္ဒမရှိသော်လည်း လျိုရှန်းယိသည် ဒါရိုက်တာများ၏စကားကို နားထောင်ဆဲဖြစ်ကာ ရှဲ့ကျင်ကို အပြုံးလေးဖြင့် မေးလိုက်သည်။" ဒီတစ်ကြိမ်တော့ တကယ်အမှတ်ပြည့် ပေးလိုက်တာမလားခင်ဗျာ။"

ရှဲ့ကျင်သည် "မင်းကန်းနေလား" ဆိုသည့်အမူအရာဖြင့် သူ့ကိုယောင်ယောင်လေး ကြည့်လိုက်သော်လည်း "အမ်းး"ဟုပြောပြီး မျက်နှာသာနည်းနည်း ပေးလိုက်ဆဲပင်။

"ဘာ..ဘာကြောင့်လဲဆိုတာ ကျွန်တော်သိလို့ရမလားခင်ဗျာ။" လျိုရှန်းယိ ဤမေးခွန်းကို မေးလိုက်သည့်အချိန်တွင် သူ၏လျှာမှာ တုန်ယင်နေ၏။

ဒီတစ်ကြိမ်တွင်တော့ ရှဲ့ကျင်သည် သူ့ကိုမကြိမ်းမောင်းလာဘဲ မသိမသာ စူးထောင်ကိုကြည့်ကာ အလေးအနက်ပြောလာသည်။" ပြိုင်ပွဲဝင်ဖျော်ဖြေသွားတာ တကယ်ကိုကောင်းတယ်။ စူးထောင်ရဲ့ အနုပညာရှင်တွေအားလုံးက တကယ်တော်ကြတယ်လေ။"

ခန်းမထဲရှိ လူတိုင်းက မင်သက်သွားကြကုန်၏။

ရှဲ့ကျင်က တကယ်ကြီး တစ်ယောက်ယောက်ကို ချီးကျူးလိုက်တယ်ပေါ့လေ!

ကြည့်ရသည်မှာ ရှဲ့ကျင်က မှတ်ချက်ပေးသည့်နည်းလမ်းမှန်ကို တွေ့သွားပုံပင်။ အစီအစဉ် ပြသသွားသည့်တလျောက် စူးထောင်၏ ဦးနှောက်မဲ့ ထောက်ခံသူဖြစ်လာသည်။ သူက ကောင်းသည်ဟု ပြောတိုင်းကို သူကချီးကျူးမည်ဖြစ်ပြီး သူမ မကောင်းဘူးဟု ပြောသည့်သူတိုင်းကို သူပြင်းပြင်းထန်ထန် ဝေဖန်မည်ဖြစ်၏။

သူသည် ကိုယ်ပိုင်အတွေးအမြင် လုံးဝမရှိပုံရပြီး သူဝေဖန်မှုသမျှအားလုံးက စူးထောင်အနောက်ကို လိုက်နေခဲ့ခြင်းသာ ဖြစ်သည်။

"စူးလောင်ရှီးက တကယ်ကို ပရော်ဖက်ရှင်နယ် ဆန်တဲ့သူပဲ ကျွန်တော်သဘောတူပါတယ်။"

"စူးလောင်ရှီးရဲ့ မှတ်ချက်တွေက ထက်မြတ်လွန်းပါတယ်ဗျ ကျွန်တော်လည်း အဲဒီလိုပဲတွေးထားတာ။"

"စူးလောင်ရှီး ပြောသွားတာ ကောင်းတယ်။ ကျွန်တော်နဲ့ ထင်မြင်ချက်တွေ တူတယ်ဗျ။"

. . .

စူးထောင်၏အပြုံးက ကွာကျလုနီးပါးဖြစ်သွားကာ ရှဲ့ကျင်အား တော်လောက်ပြီဆိုသည့် အကြည့်နှင့် ပြုံးရင်း သတိပေးနေသည်။

ရှဲ့ကျင်သည် နောက်ဆုံးတွင် ရပ်တန့်သွားပြီး သူမကို ထပ်မရည်ညွှန်းလာတော့ပေ။

ဤတစ်ပိုင်းအတွက် ကြိမ်ရိုက်ကူးရေး လုပ်သည့်အချိန်သည် တော်တော်လေးကို ရှည်လျားပြီး ထုတ်လွှင့်ပြသသည့်အခါ နှစ်ပိုင်းခွဲတည်းဖြတ်ရမည်ပင်။ ရိုက်ကူးရေး အချိန်တစ်ဝက်လောက် ရောက်သည့်အခါ ရိုက်ကူးရေးဒါရိုက်တာက လူတိုင်းကို ၁၀မိနစ်နားခွင့် ပေးလိုက်၏။

ထိုအချိန်၁၀မိနစ်သည် လူတိုင်းအတွက် တိတ်တဆိတ် ရင်းရင်းနှီးနှီး ဆက်ဆံကြဖို့ အခွင့်အရေး ပေးလိုက်တာပင်။

ပထမဝက်ရိုက်ကူးရေးခရီးစဉ် တစ်လျှောက်လုံးတွင် မူလက အနည်းငယ်ရိုးစင်းသည့် စူးထောင်မှာ ယခုတွင်တော့ လူတိုင်းရင်းနှီးချင်သည့် ပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။

သူမ၏ ထိုင်ခုံပတ်ပတ်လည်တွင် လူအများဝိုင်းနေကြပြီး သူမဆီသို့ရောက်ရန် အတင်းတိုးဝှေ့နေကြ၏။တချို့က လုပ်ငန်းကတ်လွှဲပေးပြီး WeChat တွင် သူငယ်ချင်းလုပ်ကြ၏။ တချို့လူများက သူမနှင့် အရင်းအမြစ်ချင်း ဖလှယ်ရန် လူအုပ်ကြီးဆီသို့ အပြေးအလွှားလာနေကြသည်။

သူမသည် ရိုးရှင်းစွာနှင့် ဆက်သွယ်ရေးစင်တာ ဖြစ်လာ၏။

စူးထောင်နှင့် ဆန်ကျင်ဘက် ရှဲ့ကျင်၏ ပတ်ပတ်လည်တွင် လူသူကင်းမဲ့နေသည်ဟု မပြောနိုင်သော်လည်း တစ်ယောက်မျှ ရှိမနေပေ။

တကယ်တမ်းတွင် လူတိုင်းက လုပ်ငန်းကတ် အပေးချင်ဆုံးသူမှာ ရှဲ့ကျင်ဖြစ်သည်။

သို့သော် ထိုအခိုက်အတန့်တွင် သူထုတ်လွှတ်နေသည့် အေးစက်ပြီး မာနကြီးသော အငွေ့အသက်ကြောင့် ဘယ်သူကမျှ သူ့ထံမချဉ်းကပ်ရဲကြချေ။

လျိုရှန်းယိမှလွဲ၍ တခြားနည်းပြအနုပညာရှင် ၃ယောက်မှာ ရှဲ့ကျင်နှင့် တော်တော်လေးကို နီးကပ်ချင်နေကြ၏။

ပြောရရင် သူကချမ်းသာတဲ့ ဒယ်ဒီကြီးပဲလေ။ပြောနေစရာတောင်မလိုဘူး ထျန်းကျင် groupက ပေ့ချန်မှာ အင်အားကြီးပြီး ထိပ်ဆုံးနေရာ ရပ်တည်နေရုံတင်မဟုတ်ဘူး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထိပ်ဆုံးမှာ ရှိနေတာ။

ထျန်းကျင်ရဲ့လက်အောက်မှာရှိတဲ့ ရွေ့ချီဗီဒီယို အရှိန်အဟုန်နဲ့ တိုးတက်နေတာက အွန်လိုင်းပလက်ဖောင်းတွေ အားလုံးရဲ့ထိပ်ကို ပြေးနေတယ်ဆိုတာ ပြနေတာပဲ။

အမျိုးသမီးအနုပညာရှင်အနေနဲ့ဆို သူ့မျက်နှာက ပိုပြီးတော့တောင် ဆွဲဆောင်မှုနေတယ်။

သို့သော်လည်း လူတော်တော်များများမှာ မလှုပ်ဝံ့ကြသေးချေ။ သူထုတ်လွှတ်နေသည့် အေးစက်စက်အငွေ့အသက်များက လူအများအား ကြောက်လန့်စေပြီး သူဘက်က မျက်နှာသာပေးလိမ့်မည်ဟု မည်သူကမျှအာမ မခံနိုင်ကြသလို လူအများရှေ့မှာ သူသာငြင်းဆန်လိုက်လျှင် ရှက်စရာကောင်းလိုက်မည့်ဖြစ်ခြင်း!

"ငါသိသွားပြီ။" အမျိုးသမီး အနုပညာရှင်တစ်ယောက်က သူမဖုန်းထဲရှိအရာကို ဖတ်ပြရင်း" ထျန်းကျင် groupမှာ အလုပ်လုပ်နေတဲ့ ငါ့သူငယ်ချင်းကို အခုပဲမေးလိုက်တာ။ သူက ဥက္ကဌရှဲ့မှာ တားမြစ်ချက်၃ခုရှိတယ်။ငါတို့တစ်ခုမှ မထိလိုက်သရွေ့ အဆင်ပြေတယ်။"

တခြားအနုပညာရှင်ကလည်း သူမအား စိတ်အားထက်သန်စွာ ကြည့်လာကာ စိတ်ရှုပ်ရှားစွာဖြင့် မေးလာသည်။" အဲဒါက ဘာလဲ။ အဲဒါတွေက ဘာလို့လို့။"

"ပထမတစ်ချက်က မဟုတ်မဟတ်တဲ့စကား မပြောရဘူး၊ ဒုတိယအချက်က ချွင်းချက်မရှိ ပြောသမျှလိုက်နာရမယ်။ တတိယအချက် ပန်းရောင်ဝတ်စုံ မဝတ်ရဘူး။နင်ဒီတစ်ခု ချိုးဖောက်မိသွားပြီ။"

ပန်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အနုပညာရှင်မှာ အံ့ဩသွားပုံရပြီး နားမလည်သည့်ပုံစံဖြင့် မေးလာ၏။ "ဘာလို့ ပန်းရောင်ဝတ်စုံ ဝတ်လို့မရတာလဲ။"

တခြားအနုပညာရှင် ၃ယောက်ကလည်း သူတို့မသိကြောင်းပြရန် ခေါင်းကိုခါရမ်းလိုက်ကြသည်။

"ငါတို့တွေ သွယ်ဝိုက်တဲ့နည်းနဲ့ ချဉ်းကပ်ကြရင်ရော။"

စူးထောင်ထံသို့ လူတိုင်းကြိတ်ကြိတ်တိုးနေရသည့် အကြောင်းအရင်းမှာ သူမ၏ ပင်ကိုင်စရိုက်ကောင်းမွန်ပြီး လုပ်ရည်ကိုင်ရည် ရှိ‌ရုံကြောင့်တင်မဟုတ် ရှဲ့ကျင်သည် သူမအားမျက်စိစုံမှိတ် လေးစားနေသောကြောင့် သူမထံမှတဆင့် ရှဲ့ကျင်ဆီသို့ ချဉ်းကပ်သည့်နည်းလမ်းကို တွေးမိသွားစေ၏။

လူအနည်းငယ်က တုံ့ဆိုင်းနေစဉ်တွင် အံ့ဩစရာအဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။

ကြောက်စရာကောင်းသည့် အသွင်နှင့် ရှဲ့ကျင်သည် ထရပ်လိုက်ပြီး လူအများဝန်းရံခံနေရသည့် စူးထောင်ဆီသို့ လမ်းလျှောက်လာ၏။

အေးစက်ပြီး အနည်းငယ်အုံ့မှိုင်းသည့် အငွေ့အသက်ကြောင့် နေရာရရန် လူအများကို တွန်းထိုးစရာမလိုဘဲ လူတိုင်းက အလိုလိုဖယ်လာပေးကြသည်။

လူတိုင်းသည် မည်းမှောင်သော မျက်နှာနှင့်သူဌေးကြီးက ဘာများလုပ်မှာလဲဆိုတာ ခန့်မှန်းနေကြ၏။ နောက်တစ်စက္ကန့်တွင် သူကဖုန်းကိုထုတ်လိုက်ပြီး WeChat တွင် သူငယ်ချင်းလုပ်ရန် QR codeနေရာကို ပွတ်ဆွဲနေသည်ကို သူတို့တွေ့လိုက်ရသည်။

WeChat မှာ သူငယ်ချင်းလုပ်ကြရအောင် စူးလောင်ရှီး"

လူတိုင်း - shocked!!!!!!

လူအများ၏ အကြည့်အောက်တွင် စူးထောင်သည် ငြင်းဆန်ဖို့ရာ သင့်တော်သည့် အကြောင်းပြချက်မရှိသဖြင့် ရှဲ့ကျင်အား တစ်ချက်စိုက်ကြည့်ကာ စိတ်ပျက်လက်ပျက်နှင့် သူမဖုန်းကို ထုတ်လိုက်ပြီး သူ့ QR codeကို scanဖတ်လိုက်ရ၏။

သူမ၏ wechat acc ပြန်ထည့်လာသည်ကို တွေ့လိုက်ရသောအခါ ရှဲ့ကျင်၏ နှုတ်ခမ်းထောင့်မှာ မြင့်တက်သွားပြီး တောက်ပသော မျက်လုံးများဖြင့် စူးထောင်ကို ကြည့်နေသည်။

All Chapters