← Chapters

အခန်း (၅၂)

Vol. 5 Ch. 52

အခန်း (၅၂)

Vol. 5 Ch. 52

“ မင်းက ငါ့ချစ်သူရဲ့ ငါ့ကိုဆန့်ကျင်မယ့် လှည့်ကွက်ကို ဖော်ထုတ်ခဲ့တယ်ဆိုတော့ ကျေးဇူးတင်သင့်လား အပြစ်ပေးသင့်လား၊ မင်းဘယ်လိုထင်လဲ “

အိုမင်းသော အသံဖြင့် ထိုစကားကိုပြောလိုက်ပြီး စူးထောင်ဘယ်လောက် တည်ငြိမ်နေနိုင်မလဲဆိုတာကို ဆက်လေ့လာနေခဲ့သည်။

စူးထောင်ရဲ့ အပြုအမူက ငယ်စဥ်ကတည်းက အရိုးထဲစွဲနေခဲ့တာ ဖြစ်သည်။ သူမစိတ်ထဲတွင် ဂနာမငြိမ်ဖြစ်နေလျှင်တောင်မှ အပြင်မှာထုတ်ဖော်မပြပေ။

“ တစ်ခုမှ မလိုပါဘူး ”

ကျန်းနျန် မျက်ခုံးပင့်လိုက်ပြီး သူမရဲ့ရှင်းပြချက်ကို စောင့်နေခဲ့သည်။

“ ကျွန်မက ရှင့်ကို ပြသာနာကြီးတစ်ခုရှောင်ဖို့ ကူညီပေးခဲ့ပေမယ့် တစ်ချိန်တည်းမှာပဲ ရှင့်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စကို ခွင့်ပြုချက်မရှိဘဲ စစ်ဆေးခဲ့မိတဲ့အတွက် အပြစ်ပြုမိခဲ့တယ်။ အဲ့တော့ ကျွန်မကို ကျေးဇူးတင်ဖို့မလိုသလို အပြစ်ပေးဖို့လည်းမလိုပါဘူး “

“ ဥာဏ်ကောင်းသားပဲ၊ ဒါပေမယ့် မင်းက ငါ့ချစ်သူလေးကို ဖယ်ရှားခဲ့တာအတွက် ဘယ်လိုပြန်လျော်ပေးမှာလဲ “

စူးထောင်ရဲ့ အမူအရာက အေးခဲသွားသည်။ သူအဲ့လိုမေးလာလိမ့်မည်ဟု သူမမထင်ထားခဲ့တာကြောင့် တစ်ခဏကြာ ဆွံ့အသွားခဲ့ရသည်။

ဒီတစ်ခေါက်မှာတော့ ကျန်းနျန်က တိုက်ရိုက်ပဲ ပြောလာခဲ့သည်။

“ မင်းရဲ့ အဲဒီ ရွှယ်ရှင်းဇီ ဆိုတဲ့တစ်ယောက်က မဆိုးဘူး၊ ဘာလို့ သူ့ကိုလျော်ကြေးအဖြစ် ငါ့ကိုမပေးလိုက်တာလဲ”

လေထုက ရုတ်တရက်ဆိုသလို မွမ်းကြပ်လာခဲ့သည်။

စူးထောင်ရဲ့ လက်သည်းခွံမှာ သူမလက်ဖဝါးထဲသို့စိုက်ဝင်နေပြီး မနှစ်မျို့သည့်ပုံမျိုး မပြမိအောင် အတတ်နိုင်ဆုံး ထိန်းချုပ်ထားရသည်။

သူမရဲ့ ဖုန်းကိုယူလိုက်ပြီး စကားတစ်ခွန်းမှမပြောဘဲ အသံမှတ်တမ်းတစ်ခုကို ဖွင့်ပြလိုက်သည်။

ချင်ရွှယ်ရှီးရဲ့ အော်ဟစ်သံထွက်ပေါ်လာပြီး သစ်ကိုင်းပေါ်ရှိ ငှက်များကို ပျံပြေးသွားစေသည်။

ချင်ရွှယ်ရှီး - [နင်နဲ့ကျန်းနျန်နှစ်ယောက်လုံး သေသွားရမှာ! ငါက အမွေအတွက်နဲ့ ကလေးလိုချင်တယ်လို့ ထင်နေတာလား…ငါကိုယ်ဝန်မရနိုင်ရင် အဲ့သားရဲအိုကြီး လက်ချက်ကြောင့် အနှေးနဲ့အမြန်သေသွားရလိမ့်မယ်၊ နင်တို့နှစ်ယောက်လုံးက လူစိတ်မရှိတဲ့ဟာတွေ!]

စူးထောင် - [ကျန်းနျန်က နင့်ကိုအကြမ်းဖက်တယ်လို့ ဆိုလိုတာလား]

ချင်ရွှယ်ရှီး - [အကြမ်းဖက်တယ် ဟုတ်လား၊ နင်ကအဲ့ဒါကို သာမန်အကြမ်းဖက်တယ်လို့ ထင်နေတာလား…နင့်မျက်လုံးတွေကို ဖွင့်ပြီး သေချာကြည့်လိုက်စမ်းပါ…ငါ့ခန္ဓာကိုယ်ပေါ်က အမာရွတ်တစ်ခုစီတိုင်းက နင့်တာဝန်မကင်းဘူး၊ စူးထောင်…နင်လည်း ငါ့လိုမျိုး ထပ်တူထပ်မျှ ခံစားရအောင် ငါလုပ်ပြမယ်]

စူးထောင် - [ကျန်းနျန်ရိုက်တာကို ဘာလို့ငါ့အပေါ် အပြစ်လာပုံချနေရတာလဲ၊ နင် သူ့ကိုရင်မဆိုင်နိုင်တာနဲ့ပဲ အားနည်းတဲ့ပစ်မှတ်ကို ရွေးလိုက်တာလား]

ချင်ရွှယ်ရှီး - [ဒါပေါ့…ငါ့မှာ သူ့ကိုရင်ဆိုင်ဖို့ ကိုယ်ပိုင်နည်းလမ်းရှိတယ်!]

စူးထောင် - [ဘာနည်းလမ်းလဲ…သူ့ကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ တရားစွဲမှာလား၊ ကလေးမဆန်စမ်းပါနဲ့]

ချင်ရွှယ်ရှီး - [ငါက အရူးလို့ နင်ထင်နေတာလား…ငါက…ဘာပဲဖြစ်ဖြစ် နင့်အပူမပါဘူး! စိတ်ချလိုက်…ကျန်းနျန်ကိုဖြေရှင်းပြီးတာနဲ့ နင့်အလှည့်ပဲ၊ နင်တို့နှစ်ယောက်လုံး အဆုံးသတ်ကောင်းမရစေရဘူး]

အသံမှတ်တမ်း အဆုံးသတ်သွားပြီးနောက် စူးထောင်က အခြားစာအိတ်တစ်ခုကိုထုတ်ကာ ကျန်းနျန်ရှေ့၌ ထားလိုက်သည်။

“ ကျွန်မ ချင်ရွှယ်ရှီးကို ရန်စပြီး ရှင့်ပြိုင်ဘက်ရှန်းယွီနည်းပညာဆီ သွားတာကို ဖော်ထုတ်ခဲ့တာ၊ သူမက DGရဲ့ အချက်အလက်တွေကို ရှင့်ဆီက အကြာကြီး စုဆောင်းထားပုံရတယ် ”

ကျန်းနျန်ရဲ့ မျက်နှာက မဲမှောင်သွားပြီး မှုန်မှိုင်းသော အကြည့်တို့က စာအိတ်အပေါ်ရောက်လာသည်။ ထို့နောက် လက်ထဲက ပုတီးကို စားပွဲပေါ်သို့ ကြမ်းတမ်းစွာချကာ စာအိတ်ကိုဖွင့်ကြည့်လိုက်သည်။

စာအိတ်အထဲတွင် ရှန်းယွီနည်းပညာ၏ DG ရဲ့ရှယ်ယာတွေကို သိမ်းပိုက်ဖို့ကြံစည်ထားသည့် သက်သေများရှိနေလေသည်။

ထိုသက်သေအချက်အလက်များကို ရှဲ့ကျင်းရဲ့ အကူအညီဖြင့် စုံစမ်းစစ်ဆေး ရရှိခဲ့ခြင်းဖြစ်သည်။

DGရဲ့ ဂုဏ်သတင်းထိခိုက်မှုက ကျန်းချီသာမက သူ့ရဲ့အေးဂျင့် တစ်ယောက်အနေဖြင့် သူမကိုယ်တိုင်အတွက်ပါ သက်ရောက်မှု ရှိနိုင်ပေသည်။

သူမအနေဖြင့် ကျန်းနျန်က မနှစ်မျို့ဖွယ်ကောင်းသော်လည်း DG ဒုက္ခရောက်မှာကို ရပ်မကြည့်နေနိုင်ပါပေ။ ချင်ရွှယ်ရှီးသည် လက်စားချေရန် ဦးတည်ချက် မှားယွင်းခဲ့လေသည်။

ကျန်းနျန်က စာအိတ်ကိုချလိုက်ပြီးနောက် ပုတီးကိုပြန်ကိုင်ကာ ပြောလာသည်။

“ ဒါတွေစုံစမ်းဖို့ ရှဲ့ကျင်းကူညီတာမလား “

စူးထောင်သည် ငြင်းဖို့ အစီအစဥ်မရှိပေ။

ကျန်းနျန်မှာ ချောင်းတဟွတ်ဟွတ်ဆိုးကာ ခဏကြာမှ စိတ်ပျက်မှုအပြည့်ဖြင့် ပြောလာသည်။

“ ရှဲ့ကျင်က မင်းအတွက်နဲ့ ဒီကိစ္စကို စုံစမ်းပေးခဲ့တယ်ပေါ့လေ၊ သူလျိုတွေ ဘယ်လောက်တောင်သုံးခဲ့ရမလဲဆိုတာ မင်းသိရဲ့လား…သူလျိုတစ်ယောက်ကို ဘယ်လောက်တန်လဲဆိုတာရော သိလား၊ နှမြောစရာပဲ အနာဂတ်စီးပွားရေးလောကကို ချုပ်ကိုင်နိုင်မယ့်သူက ဘယ်လိုလုပ်ပြီး ခံစားချက်တွေလွှမ်းမိုးတာကို ခံနေရတာပါလိမ့် “

စူးထောင်မှာ ရုတ်တရက်ဆိုသလို ထိုစကားကြောင့် ကြက်သေသေသွားရသည်။

ရှဲ့ကျင်ဘယ်လိုစုံစမ်းခဲ့လဲဆိုတာကို သူမ မသိခဲ့ပါဘူး။ ရှဲ့ကျင်ကလည်း သူမကိုမပြောဘူးလေ။

သူက သုံးရက်အတွင်း ရလဒ်တွေကို လွယ်လွယ်ကူကူရလာပြီး သူမကို တိုက်ရိုက်ပေးပစ်ခဲ့ခြင်း ဖြစ်သည်။

သူမသာ ကုန်ကျစရိတ်က သိပ်များမယ်ဆိုတာ သိခဲ့ရင် ရှဲ့ကျင်ကို အကူအညီတောင်းခဲ့မှာ မဟုတ်ပါဘူး။

“ မင်းရဲ့ ရက်ရောမှုကို အသိအမှတ်ပြုပါတယ်၊ ရှဲ့ကျင်ကိုရောပေါ့ “

ကျန်းနျန်ရဲ့ အိုမင်းနေတဲ့အသံက စူးထောင်ကို လက်တွေ့သို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။

“ ထောက်ခံချက်စာချုပ်ကို ယူသွားလိုက်တော့ ”

စူးထောင်တစ်ယောက် စိတ်နဲ့ကိုယ်မကပ်ဘဲ ဗီလာထဲမှ ထွက်လာကာ သူမလက်ထဲရှိ စာချုပ်ကိုကြည့်လိုက်သည်။

ထို့နောက် လီရွှမ်အား လိုအပ်သည်များ ပြင်ဆင်ထားရန် စာပို့လိုက်ကာ ရှဲ့ကျင်ရဲ့ Wechatကို ဝင်လိုက်သည်။

သူမ အနည်းငယ်တုံ့ဆိုင်းနေပြီး နောက်ဆုံးမှာတော့ ဖုန်းကိုချကာ တိုက်ရိုက်မောင်းထွက်သွားတော့သည်။

မီးခိုးရောင်ဆိုဖာပေါ်တွင် ရှဲ့ကျင်က မျက်မှောင်ကျုံ့ကာ ကွန်ပြူတာ မျက်နှာပြင်ကို ကြည့်နေခဲ့သည်။ ဗီဒီယိုအစည်းအဝေးရှိ အခြားသူတို့မှာလည်း ချောမောခံ့ညားသောမျက်နှာကို ကြည့်ကာ စိတ်လှုပ်ရှားနေကြသည်။

“ အဟွန်း…”

ရှဲ့ကျင် ချောင်းအသာဟန့်လိုက်ရာ အခြားသူများတောင့်တင်းသွားကြသည်။

ထို့နောက် ရှဲ့ကျင်က ဒေါသအပြည့်ဖြင့် ပြောလာတော့သည်။

“ ဖျက်လိုက်တဲ့ ဗီဒီယိုတစ်ခုကို နှစ်ပတ်ကြာတာတောင် ပြန်မယူနိုင်သေးဘူးလား၊ဒါဆို သတင်းအချက်အလက်နဲ့ နည်းပညာဌာနက ဆက်ရှိနေဖို့ လိုလို့လား“

သတင်းအချက်အလက်နှင့်နည်းပညာဌာနရဲ့ ခေါင်းဆောင်က သူ့ခေါင်းကို ရင်ဘတ်အထိငုံ့ထားကာ အသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည်။

“ အဲဒီကွန်ပျူတာအမျိုးအစားက စပရှယ်မို့လို့ အစိတ်အပိုင်းတွေက ရှာရခက်…”

ရှဲ့ကျင်ရဲ့ တဖြည်းဖြည်း မှောင်မိုက်လာသည့် အမူအရာကြောင့် အကြောင်းပြချက်မပေးရဲတော့ဘဲ အမှားဝန်ခံလိုက်သည်။

“ ကျွန်တော် အလုပ်သေချာမလုပ်မိလို့ပါ၊ တောင်းပန်ပါတယ် ”

ရှဲ့ကျင်ရဲ့ အေးခဲနေသည့်အမူအရာက ခုမှ အနည်းငယ်လျော့ကျသွားသည်။

“ သုံးရက်အတွင်း မရှာနိုင်ရင် တာဝန်ယူပြီး နှုတ်ထွက်စာတင်လိုက်တော့ ”

ထျန်ကျင်းရဲ့ မိုးလောက်မြင့်တဲ့လစာက အလွယ်တကူ ရရှိနိုင်ခြင်း မဟုတ်ပေ။

အစည်းအဝေးက အချိန်တစ်ခုအထိ တိတ်ဆိတ်သွားရပြီး ဘယ်သူမှ စကားမပြောရဲကြပေ။

ငြိမ်သက်နေသော ပတ်ဝန်းကျင်တွင် တံခါးဖွင့်လိုက်သည့်အသံက ရှင်းလင်းစွာထွက်ပေါ်လာသည်။

ထို့နောက် နွေဦးလိုကြည်လင်သည့် အသံတစ်ခုထွက်ပေါ်လာသည်။

“ ဘာအနံ့လဲ ”

သူတို့ဘော့စ်ရဲ့ စက္ကန့်ပိုင်းအတွင်း ရုတ်တရက်ပြောင်းလဲသွားသည့် အမူအရာကို ကြည့်ပြီး လူတိုင်း အံ့အားသင့်ကုန်ကြသည်။

စောနကမှ မိုးပြိုသလို အုံ့မှိုင်းနေသည့် ဘော့စ်က သူတို့မမြင်ဖူးသည့် တောက်ပသောအပြုံးတစ်ခုကို ထုတ်ပြလာသည်။

“ မင်းပြန်လာပြီ…ကိုယ်အမဲသားစတိတ်လုပ်ပေးမယ်၊ အရည်အသွေးက ရှယ်နော်! ”

ကြောင်အနေသည့် လူတစ်စုမှာ ရှဲ့ကျင် ထသွားပြီး အဝါရောင်နုနုအေပရွန်လေး ကောက်ဝတ်လိုက်သည်ကို ဗီဒီယိုတစ်ဖက်မှ ကြည့်နေကြရသည်။

ရှယ်ယာရှင်အကြီးအကဲတွေ - “ …… “

စူးထောင်မှာ ရှဲ့ကျင်တစ်ယောက် အေပရွန်ကောက်ဝတ်လိုက်တာကို ကြည့်ပြီး မီးဖိုချောင်ထဲ ပြေးဝင်ကာ အလျင်စလိုဖြင့် သူ့ကိုရပ်ခိုင်းလိုက်သည်။

"ရတယ် ရတယ်၊ ပါဝင်ပစ္စည်းတွေလည်း ဝယ်ခဲ့တယ်ဆိုတော့ ညစာပါပြင်ဆင်ပေးပါ့မယ် "

မီးဖိုချောင်ထဲမှ ရှဲ့ကျင်ရဲ့ခေါင်းလေး ပြူထွက်လာပြီး သူမကို မယုံနိုင်စွာ ကြည့်လာခဲ့သည်။

" မင်း အခု ကိုယ့်အတွက်ညစာချက်ပေးမယ်လို့ ပြောလိုက်တာလား "

စူးထောင်က ခေါင်းငြိမ့်ပြလိုက်ပြီး သူမဝယ်လာသော ပါဝင်ပစ္စည်းများကို မီးဖိုချောင်ထဲသို့ ယူသွားတော့သည်။

ဒယ်အိုးပေါ်ရှိ စတိတ်အသားပြားကို ကြည့်ပြီး အရင်တစ်ခေါက်က သူမ မျိုချခဲ့ရသည့်အရာကို ပြန်မြင်ယောင်လာသည်။

တော်သေးတာပေါ့၊ သူမ ပြန်ရောက်လာတာမြန်လို့။

"နင်အစည်းအဝေးလုပ်နေတာ မဟုတ်လား၊ မီးဖိုချောင်ကို ငါ့ဆီလွှဲခဲ့ပြီး လုပ်စရာရှိတာဆက်လုပ်လေ "

စူးထောင်မှာ မီးဖိုချောင်ပျက်စီးခြင်း အန္တရာယ်အား ကာကွယ်နိုင်ရန်အတွက် ထိုလူကို အမြန်ဆုံး နှင်ထုတ်ချင်နေလေပြီ။

အပြစ်ကင်းစင်လှသော ရှဲ့ကျင်ရဲ့ မျက်လုံးများမှာ စူးထောင်ကို တောက်တောက်ပပ ကြည့်နေပြီး ပျော်ရွှင်စွာ ပြောလာခဲ့၏။

“ ရှောင်ထောင်ဇီက ဘာလို့ရုတ်တရက်ကြီး ကိုယ့်အတွက် ညစာချက်ပြုတ်ပေးချင်ရတာလဲဟင် ”

“ ရှန်းယွီနည်းပညာကို ကူပြီးစစ်ဆေးပေးခဲ့တဲ့အတွက် ကျေးဇူးတင်ချင်လို့လေ ”

စူးထောင် စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။

“ နင် ငါ့ကို အများကြီးအကူအညီ ပေးခဲ့တာပါ ”

ရှဲ့ကျင်ရဲ့ နှုတ်ခမ်းထောင့်မှ အပြုံးဟာ ပိုကျယ်ပြန့်လာကာ အသံထွက်ရယ်လိုက်မိသည်။

“ ကိစ္စအသေးအမွှားလေးပါကွာ…မင်းစစ်ဆေးချင်တာရှိရင် ကိုယ့်ကိုအချိန်မရွေးပြောလိုက်၊ သုံးရက်အတွင်း ရလဒ်ထွက်လာစေရမယ် ”

ဗီဒီယိုအစည်းအဝေးရှိ အကြီးအကဲများရဲ့ မျက်နှာများမှာ အကြောသေသွားသကဲ့သို့ တောင့်တင်းကုန်ကြလေ၏။

နည်းပညာဌာနတစ်ခုလုံးက နေ့မအား ညမအား သုံးရက်ဆက်တိုက် အလုပ်လုပ်ခဲ့ရတာလေ။ ဒီကိစ္စအတွက် တန်ဖိုးကြီးတဲ့ သူလျို သုံးယောက်ကိုတောင် ဖြုန်းတီးပစ်ခဲ့ရပေမယ့် ဘော့စ်က အသေးအမွှားလေးတဲ့လား။

ဗီဒီယိုအစည်းအဝေးသို့ ပြန်လည်ရောက်ရှိလာပြီးနောက်မှာတော့ ရှဲ့ကျင်းရဲ့မျက်နှာပေါ်တွင် သူတို့မမြင်ဖူးခဲ့သော အပြုံးတစ်ခုအား ချိတ်ဆွဲထားလေသည်။

သူ့ရဲ့ အကြည့်များက ပိုနူးညံ့လာပြီး မကြာခဏ မီးဖိုချောင်ရှိရာသို့ ကြည့်တတ်သေးသည်။ လူစားထိုးခံလိုက်ရသည့် ဘော့စ်မှာ သူတို့ရဲ့တင်ပြချက်တွေကို စိတ်ရှည်စွာဖြင့် နားထောင်ပေးနေလေသည်။

“ ကောင်းတယ် ”

“ အဆင်ပြေတယ် ”

“ ပြသာနာမရှိဘူး ”

သူတို့ရဲ့ဘော့စ်က ဘယ်တုန်းကများ ဒီလောက်ထိ ပြောရဆိုရ လွယ်ကူသွားပါလိမ့်။

ထိုအချိန်တွင် ရှဲ့ကျင်က တစ်ခုခုကို တွေးမိသွားပုံပေါ်ကာ နည်းပညာဌာနရဲ့ ခေါင်းဆောင်ကိုကြည့်ပြီး ပြောလိုက်သည်။

“ မင်းတို့ဌာနက အရင်တစ်ခေါက် ရှန်းယွီနည်းပညာနဲ့ပတ်သက်ပြီး စစ်ဆေးခဲ့တာမလား၊ ဒီတစ်ခေါက် ဗီဒီယိုရှာဖို့ မင်းကို အချိန်သုံးရက်ပေးမယ်၊ လုပ်နိုင်တယ်မလား ”

နည်းပညာဌာနခေါင်းဆောင်ရဲ့ မျက်ဝန်းများမှာ စိုစွတ်လာတော့သည်။

“ နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘော့စ်!ကျွန်တော်တို့ သေချာပေါက် တာဝန်ကိုပြီးမြောက်အောင် လုပ်မှာပါ ”

တကယ်တော့ သူတို့က အစိတ်အပိုင်းတစ်ခုသာ ပျောက်နေခြင်းဖြစ်သည်။ မနက်ဖြန်ဆိုရင်တော့ အဲ့အပိုင်းကိုပြန်ယူနိုင်ပြီး ဗီဒီယိုကို ထုတ်နိုင်လိမ့်မည်ဟု ခန့်မှန်းထားကြသည်။

သူ့ရဲ့ လစာမြင့်သော အလုပ်လေးကို ကာကွယ်နိုင်လိုက်တာကြောင့် စူးထောင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေမိတော့သည်။

အဲ့မိန်းကလေးက သူ့ကိုကယ်တင်ဖို့ရောက်လာတဲ့ နတ်သမီးလေးပဲ ဖြစ်ရမယ်!

မီးဖိုချောင်ဆီမှ မွှေးကြိုင်သော အစားအသောက်ရနံ့များ ထွက်ပေါ်လာသည်။

ရှဲ့ကျင်မှာ အစည်းအဝေးကို အလျင်အမြန်ပဲ အဆုံးသတ်လိုက်ပြီးနောက် မီးဖိုချောင်အပြင်ဘက်၌ ရပ်ကာ စုထောင်ရဲ့အလုပ်ရှုပ်နေသော ပုံရိပ်လေးကို ကြည့်နေလေသည်။ ထိုပုံရိပ်လေးက သူ့နှလုံးသားရဲ့ အေးခဲနေသည့်အပိုင်းအား နွေးထွေးလာစေ၏။

လွန်ခဲ့သောနှစ်များစွာက ထိုအိမ်ကြီးရဲ့ အရိုးခိုက်အောင် အေးစက်မှုသည် ယခုအချိန်ထိတိုင် သူ့ကိုအိပ်မက်ဆိုးများ အဆုံးမဲ့ပေးလေ့ရှိသည်။

ကိုလာကြက်တောင်ပံ၊ ငါးချိုချဥ်၊ မာဖိုတို့ဟူးနှင့် အသီးအရွက်ဟင်းချိုတစ်ခွက်က ထမင်းစားပွဲပေါ်၌ နေရာယူထားလေသည်။

ရိုးရှင်းသော အိမ်ချက်ဟင်းလျာများက ရှဲ့ကျင်ရဲ့ စားချင်စိတ်ကို လှုံ့ဆော်နိုင်ပေသည်။

စားနေလျက်ပင် အားတက်သရော ချီးကျူးဖို့လည်း မမေ့ပေ။

“ ကိုယ့်ရဲ့ ရှောင်ထောင်ဇီက အချက်အပြုတ်ကို ကောင်းကောင်းသင်ယူထားတာပဲ “

ညစာစားပြီးနောက် စူးထောင်သည် ရှဲ့ကျင်အတွက် အစာချေရန် လွယ်ကူစေမည့် လက်ဖက်ရည်တစ်ခွက် ပြုလုပ်ပေးခဲ့သည်။

သူတို့နှစ်ယောက်ဟာ ဆိုဖာပေါ်တွင် ဘေးချင်းကပ်ထိုင်လျက်ရှိသည်။

ရှဲ့ကျင်က လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး ဖြည်းဖြည်းချင်း အရသာခံသောက်ကာ ပါးစပ်က နားရွက်တက်ချိတ်မတတ် စိတ်ကျေနပ်စွာ ပြုံးနေလေသည်။

“ ငါတစ်ခုခုလုပ်ပေးနိုင်တာ ရှိရင်ပြောပါ “

ထိုစကားကြောင့် ရှဲ့ကျင်တစ်ယောက် လက်ဖက်ရည်သီးကာ မျက်ရည်ကျမတတ် ချောင်းတဟွတ်ဟွတ်ဆိုးသွားရသည်။

မတိုင်ခင်က သူ့ရဲ့ပျော်ရွှင်နေသော အမူအယာမှာ ပျောက်ကွယ်သွားရသည်။

“ ဘာကိုဆိုလိုတာလဲ…ကိုယ်နဲ့ အပေးအယူလုပ်နေတာလား ”

စူးထောင်ဟာ သူမပြောလိုက်သော စကားထဲတွင် အမှားပါသည်ဟု မထင်ပါပေ။ ဒီနယ်ပယ်ထဲတွင် နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည့် အပေးအယူဆိုတာက ပုံမှန်ဖြစ်လေသည်။

သူမရဲ့ မတုန်မလှုပ် အမူအရာကိုကြည့်ပြီး ရှဲ့ကျင် မနေနိုင်စွာပြောလိုက်ရသည်။

“ ရှောင်ထောင်ဇီ…ကိုယ် မင်းအတွက်ဆို မင်းစိတ်ကူးနိုင်တာထက်ကို ပိုပြီးလုပ်ပေးနိုင်တယ်…ကိုယ်လုပ်ပေးချင်လို့ကို လုပ်ပေးတာ၊ မင်းဘက်က အကြွေးတင်နေသလို ခံစားစရာမလိုပါဘူး”

ရှဲ့ကျင်မှာ စူးထောင်ရဲ့မျက်နှာလေးကိုကြည့်ပြီး အနည်းငယ် စိတ်မရှည် ဖြစ်လာရသည်။

တစ်နေ့တော့ သူမ နားလည်နိုင်မှာပါ။

Tidal wave 2 ကို စတင်ထုတ်လွှင့်သည့်အချိန်မှစ၍ တုန်းမင်ရွှမ်ဟာ သူ့ရဲ့ချောမောခံ့ညားသော ပုံရိပ်ဖြင့် ပရိသတ်တစ်စုကို ရရှိခဲ့သည်။

တဖြည်းဖြည်း ဒုတိယအဆင့်သို့ ရောက်ရှိလာခဲ့သည်။ အရင်းအမြစ်ကောင်းများကိုလည်း လက်ဝယ် ပိုင်ဆိုင်လာခဲ့လေသည်။

စူးထောင်တစ်ယောက် ဖင်းရှုရုပ်ရှင်နှင့်တီဗီဌာနရဲ့ အောက်ထပ်သို့ ရောက်ရှိလာသောအခါ ကားတံခါးကိုဖွင့်ဖွင့်ချင်း ကျန်းချီဆီမှ ဖုန်းဝင်လာခဲ့၏။

စုထောင်ဘက်မှ စကားစမပြောရသေးခင်မှာပဲ ကျန်းချီက အလျင်စလို ဖြတ်ပြောလာခဲ့သည်။

“ DGနဲ့ သဘောတူညီမှုရခဲ့လား…ကျွန်တော် ပြောခဲ့တာတွေကြောင့် အဲ့ဒါကိုမရခဲ့ရင် မင်းအလုပ်ထွက်စာတင်ရတော့မှာလား “

စူးထောင် - “ ငါ... “

ကျန်းချီ - “ ဘာလို့အဲ့လိုလုပ်ရတာလဲ… ကျွန်တော့်အတွက်နဲ့ ဘာလို့အဲ့လောက်ထိ ပေးဆပ်ရတာလဲ၊ မင်းပြောတော့ ကျွန်တော်တို့က လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေးပဲ ရှိတာဆို “

စကားတစ်လုံးမှ ပြောခွင့်မရရှာသည့် စူးထောင်မှာ သူပြောလို့ပြီးတာကိုသာ ငြိမ်ငြိမ်လေး စောင့်နေရသည်။

“ အခု နင်ပြောလို့ပြီးပြီမလား… ငါပြောလို့ရော ရပြီလား”

ကျန်းချီ - “ အွန်း ”

စူးထောင် ကားတံခါးကိုပြန်ပိတ်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။

“ ငါ DGနဲ့ စာချုပ်ချုပ်တာကို နင့်ကို ဘယ်သူပြောပြလိုက်တာလဲ ”

ကျန်းချီဟာ သူမ ဒီအရာကိုအာရုံစိုက်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူ့ဘက်က မေးခွန်းတွေအများကြီး မေးခဲ့ပေမယ့် အဖြေတစ်ခုတောင်ပြန်မရဘူးလား။

“ ကိုယ့်ရဲ့ အစ်မ ”

စူးထောင်ရဲ့ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

“ နင့်ရဲ့အစ်မက ဘယ်နေရာက ကြားလာတာလဲ ”

“ အဲဒါက အရေးကြီးလို့လား ”

ကျန်းချီကတော့ သူမစကားလမ်းကြောင်းလွှဲနေတယ်လို့သာ ထင်နေမိသည်။

“ သူမရဲ့ အေးဂျင့်ဆီမှ နေမှာပေါ့၊ ဒါပေမယ့် အရင်ဆုံး ကိုယ်မေးတာ... ”

“ တီ တီ တီ တီ ”

ကျန်းချီ - “ … ”

စူးထောင် တည်တည်ငြိမ်ငြိမ် တွေးဖို့လိုနေသောကြောင့် ဖုန်းချလိုက်ခြင်း ဖြစ်သည်။

All Chapters