← Chapters

မတူတော့တဲ့ဆရာ

Vol. 109 Ch. 1513

မတူတော့တဲ့ဆရာ

Vol. 109 Ch. 1513

စူးယူသည် သူမ၏ ဖခင်ဖြစ်သူနှင့် ကျော်ကြားသောပါရမီရှင်တို့နှင့် တစ်တန်းတည်း ရပ်တည်နေသော နာမည်ကျော်ပါရမီရှင်တစ်ဦးဖြစ်သည်။ ထိုအကြောင်းကို ရင်လန် အရင်တစ်ခေါက်က ပြောပြီးဖြစ်သည်။

ထို့ကြောင့်ပင် သူမ ယုံကြည်သည်။

သို့သော် ကွာခြားချက်ကြီးသွားလိမ့်မည်ဟု ထင်မထားပေ။

ရှီမာယူယူ၏ ရှုပ်ထွေးနေသောမျက်နှာလေးကို ကြည့်ပြီး ဖန်ရှီုကျဲ၏ အပြုံးမှာ ပိုကြီးလာသည်။

“သခင်လေးစူးက သူ့ဂုဏ်နဲ့ဆိုရင် တကယ်ပဲ ကျွန်တော်တို့သခင်လေးတို့ နဲ့ ယှဉ်လို့ရအောင်တူတယ်လို့ ပြောလို့ရပါတယ်၊ ဒါပေမဲ့ လူတွေက သူ့ အရည်အချင်းကို ပြောကြတာပါ ဘယ်လိုပဲဖြစ်ဖြစ် သူက သခင်လေးတို့ထက် အများကြီးငယ်တယ်”

အကုန်လုံးကတော့ သခင်မလေးလောက် ထူးချွန်နေတာမဟုတ်ဘူးပေါ့။ သူ စိတ်ထဲမှ ထပ်လောင်းပြောလိုက်သည်။

ရှီမာယူယူသည် ထိုအဆိုကိုလက်ခံလိုက်သည်။ မည်သို့ပင်ဖြစ်စေကာမူ ထိုရှုပ်ထွေးမှုသည် ဘာကိုမှမကူညီနိုင်ပေ။

သို့သော် သူမသည် ဆရာဖြစ်သူ၏ အားကိုတော့ စိတ်ထဲတွင်ရှုပ်ထွေးနေ ဆဲဖြစ်သည်။

ဖန်ကျိရှင်းသည် စူးယူကို စူးမျိုးနွယ်ဆီသို့ခေါ်မသွားဘဲ လပြည့်စုံ နန်းတော်သို့ခေါ်သွားလိုက်သည်။

စူးယူသည် ရှီမာယူယူ၏ ရေရွတ်သံကိုကြားလိုက်သည်နှင့်… အသက်ငယ်သော သူမကိုကြည့်ပြီး ဂျူနီယာတစ်ယောက်နှင့် ထိုအကြောင်း များပြောရန် ရှက်နေမိသည်။

ထို့အပြင် သည်အချိန်တွင် စကားပြောရန် မသင့်တော်လှပေ။

“ဆရာ အဆင်ပြေရဲ့လား” ရှီမာယူယူသည် ဖန်ကျိရှင်း၏ အားကိုမယုံနိုင် သေးပေ။

“ဒီအတိုင်းပါပဲ ဟင်း.. အဲလောက်အားလေးက ငါ့ကိုမထိခိုက်နိုင်ပါဘူး” ဖန်ကျိရှင်းသည် တပည့်ဖြစ်သူ၏ မျက်လုံးထဲမှစိုးရိမ်မှုကို ကြည့်ပြီး စိတ်ထဲတွင် ချိုမြိန်မှုများ လွှမ်းမိုးသွားတော့သည်။

သူ့ရဲ့ဒီတပည့်လေးကို တခြားသူတွေထက် ပိုပြီးဂရုစိုက်ပေးရမယ်။ အထူးသဖြင့် ဒီကောင်မလေးက သူမရဲ့ကလေးလေ….

သူမ၏ ဖွဲ့စည်းပုံ ဖွံ့ဖြိုးလာသည်နှင့် ပိုပိုတူလာသည်…

“ဖန်ကျိရှင်း ဘာလုပ်မလုပ်လို့လဲ၊ ငါတို့ကို ကြားမဝင်ဖို့ ပြောထားတာ မလား အခုဘာလုပ်တာလဲ” ယန်းမျိုးနွယ်သည် ဒဏ်ရာရထားကာ မျက်နှာ မကောင်းပေ။

ရှီမာယူယူသည် ထိုလူများကို ကြည့်လိုက်သည်။ တချို့မှာ မြက်တောသို့ ဝင်စဉ်က ပထမဆုံးတွေ့ဖူးထားကာ တချို့မှာ ထိုစဉ်က မတွေ့ဖူးသည့်လူများ လည်းရှိသည်။ ထို့အပြင် ယန်းမျိုးနွယ်၏ တာဝန်ခံများသည် ထိုနေရာတွင် ရှိ မနေပေ။

သူတို့သည် ရည်ရွယ်ချက်မကောင်းဟု သူမ ခံစားမိသည်။

ယန်းမျိုးနွယ် ယိုးစွပ်ခြင်းကို ရင်ဆိုင်ရသောအခါ ဖန်ကျိရှင်းသည် ကတိ ဖောက်ရခြင်းအတွက် အပြစ်ရှိသည်ဟုမခံစားရပေ။ သူသည် သူတို့ကိုကြည့်ပြီး ပြောလိုက်သည် “အရင်က ခင်ဗျားတို့ကိစ္စကို စိတ်မဝင်စားဘူး ဒါပေမဲ့ ကျုပ် တပည့်လေးက စူးမိသားစုရဲ့ သခင်လေးကိုကယ်ချင်တယ်လို့ပြောလို့ သေချာပေါက် ကျုပ်ဝင်ပါရတာပေါ့”

စူးယူသည် အနည်းငယ်အံ့ဩသွားသည်။ ဒီကောင်မလေးက သူ့ကို ကယ် ချင်တာလား။

“အဲတော့ လပြည့်စုံနန်းတော်က စကားကိုပြန်ရုတ်သိမ်းတာလား”

“လပြည့်စုံနန်းတော်က ဘယ်တုန်းက စကားကိုပြန်ပြောင်းပြောလို့လဲ” ဖန်ကျိရှင်းသည် ယိုးစွပ်မှုကို နှာရှုတ်ပြီး ယုံကြည်မှုအပြည့်ဖြင့် သဘာဝကျကျ ပင် ကြည့်လိုက်သည်။

ရှီမာယူယူ၏ နှုတ်ခမ်းမှာ တွန့်သွားသည်။ သူမ ဆရာကဘယ်တုန်းက လူဆိုးကြီးဖြစ်သွားတာလဲ။

သူမအရှေ့မှလူသည် ဖန်ကျိရှင်းဆိုသည်မှာ မသေချာနေလျှင် လူမှားနေ မလားဟုပင် သံသယဝင်မိသည်။

ဖြစ်နိုင်သည်မှာ ယခုလိုအပြုအမူသည် သူမဆရာ၏ ပင်ကိုယ်သဘာဝ ဖြစ်နိုင်သည်။ ဘယ်လိုလုပ် မောက်မာတဲ့ အရိပ်အယောင်မတွေ့ခဲ့တာလဲ။

သူက ယိလင်းတိုင်းပြည်ကလာတယ်… အဲဒီမှာတုန်းက ဖိနှိပ်ချုပ်နှောင် ခံထားရလို့ မွန်းကြပ်နေတာများလား။

ဒါအကုန်လုံးက သူမအမေကြောင့်ပဲ။

ဖန်ရှို့ကျဲသည် ရှီမာယူယူကို စောင့်ကြည့်နေရာ သူမမျက်လုံးထဲမှ ပူပန်မှု ကိုမြင်သောအခါ သခင်လေးသည် ထောင်လွှားခြင်းမရှိခဲ့ပုံကိုပြောပြလေသည်။

သခင်လေးသည် ယွိခဲ့လော့ကြောင့် အတွင်းပိုင်းဒေသမှထွက်သွားကာ ဂိုဏ်းကိစ္စများကို မစီမံနိုင်ခဲ့ပေ။ နောက်တွင် သူသည် ယွိခဲ့လော့၏ သမီးဖြစ်သူ ကြောင့် ပြန်လာခဲ့သည်။ ထိုအရာမှာ သူ၏ အရင်လက်အောက်ငယ်သားများ အတွက် အံ့ဩစရာမဟုတ်ပေ။ သို့သော် ပြန်တွေ့ရသော သခင်လေးသည် အရင်ကထက် စိတ်အားငယ်နေခဲ့သည်။

သည်တစ်ခေါက် ပြန်လာပြီးနောက် သခင်လေးကြိုးစားမှုသည် သူတို့ကို စိတ်ပူစေသည်။ ကံကောင်းစွာပင် ရှီမာယူယူသည် သူ့ကိုအမှန်တကယ်ဂရုစိုက် ကာ သူစတေးဖို့ ထိုက်တန်နေသည်။

ထိုအချိန်တွင် ရှီမာယူယူနှင့် ဖန်ရှို့ကျဲတို့သည် အတွေးမတူကြပေ။ ထို အခိုက်တွင် စူးယူ၏စိတ်မှာ မတည်ငြိမ်နိုင်သည်ကိုတာ့ ပြောရန်ပင်မလိုတော့ ပေ။

အစပိုင်းတွင် ဖန်ကျိရှင်းသည် တိုက်ပွဲကို ပြပွဲသဖွယ် ကြည့်ရုံကြည့်နေခဲ့ သည်မှာ သေချာသည်။ သူသည် တပည့်ဖြစ်သူ၏ စကားအနည်းငယ်လောက် နှင့် ပြောင်းလဲသွားမည်ဟု ထင်မထားပေ။ ဒီတပည့်က သူ့စိတ်ထဲမှာ တော်တော် လေးနက်တယ်ထင်တယ်။

ဒီအတိုင်းပဲ… သူက သူမကိုမသိတဲ့ပုံပါပဲ ဘာလို့သူ့ကိုကူညီတာလဲ။

အတူတူပဲ… သူမလည်း အဲဒီပစ္စည်းကို အတွေးတူနေတာလား။

ယန်းမျိုးနွယ်သည် ဖန်ကျိရှင်း၏ စကားများနှင့် ရိုက်နှက်ခံလိုက်ရကာ မျက်နှာထားမှာ အလွန်ပင်မည်းနက်သွားသော်လည်း ဘာမှမတတ်နိုင်ကြပေ။

တိုက်ပွဲကိုကြည့်နေသော တခြားအင်အားစုများ၏ စူးယူကိုကြည့်သည့် အကြည့်များမှာ မတူညီတော့ပေ။

ပုံမှန်ဆိုလျှင် လျှို့ဝှက်မိသားစုနှင့် မိသားစုကြီးများသည် တစ်ယောက်နှင့် တစ်ယောက် ရန်မစကြပေ။ သို့သော် စိတ်ဝင်စားမှုတူညီသည့်အချိန်တွင်တော့ မတူတော့ပေ။ သို့သော် လပြည့်စုံနန်းတော်သည် မတူပေ။ နောက်ကွယ်မှ အင်အားစုကို မပြောနိုင်ကာ မည်သူမှလည်း လက်လွတ်စပယ် ရန်မစရဲကြပေ။

ဖန်ကျိရှင်းသည် စူးယူကို လပြည့်စုံနန်းတော်လူများရှိရာ ခေါ်သွားသည် မှာ သူ့ကို ကာကွယ်လိုက်တာမဟုတ်ဘူးလား။

ဒါက ဝင်ပါတဲ့အဆင့်ထက် ကျော်သွားပြီ။

“သခင်လေးဖန် ဒီအတွက်နဲ့ အားလုံးနဲ့ရန်သူဖြစ်ချင်တာ သေချာလို့လား” လူတစ်ယောက်သည် အင်အားစုအားလုံး စိတ်အနှောင့်အယှက်ဖြစ်သွားသည့် အတွက် လပြည့်စုံနန်းတော်ကို ရန်စရန်ကြိုးစားလေသည်။

“ကျုပ်က ဒီအတိုင်းပဲ လူတစ်ယောက်ကိုကယ်လိုက်တာလေ၊ အဲဒီပစ္စည်း ကိုယူမယ်လို့မပြောဘူး ခင်ဗျားတို့လိုချင်ရင် စိတ်ကြိုက်သာလုပ်ကြတော့” ဖန်ကျိရှင်းပြောလိုက်ပြီးနောက် တည်တံ့စွာပင် ထပ်ပေါင်းပြောလိုက်သည် “ဒီ တစ်ခါတော့ ကျုပ်ပြောတာတွေ တကယ်ပဲ”

သူထိုသို့ပြောသော်လည်း တခြားလူများသည် မလှုပ်ရှားရဲကြပေ။

ရှီမာယူယူသည် အနည်းငယ်သိချင်စွာဖြင့် မျက်တောင်ခတ်ပြီး ဝူလင်းယူ အား အလိုလိုကြည့်မိသွားသည်။

အစ်ကို တစ်ခုခုများသိထားလား။

ဝူလင်းယူသည် ခေါင်းယမ်းလေသည်။ သူက သူမနဲ့အတူလာတာကို ဘာတွေဖြစ်ထားနှင့်တာလဲ ဘယ်လိုလုပ်သိမှာလဲ။

ရှီမာယူယူ သက်ပြင်းချလိုက်သည်။ နီရဲပျားများသည် နောက်ကျမှလာ သဖြင့် တိုက်ပွဲကိုသာမြင်လိုက်ရကာ အဖြစ်အပျက်ကိုမသိလိုက်ရပေ။

“စူးမိသားစုက သတ္တုရိုင်းထဲက ထွက်လာတဲ့ ကမ္ဘာဦးဝိညာဉ်သားရဲကို တွေ့ခဲ့တယ် ဒါပေမဲ့ အဲဒါကိုယန်းမျိုးနွယ်ကတွေ့သွားတယ်၊ ပြီးတာနဲ့ ကမ္ဘာဦး ဝိညာဉ်သားရဲကို သူအရင်တွေ့တယ် ငါအရင်တွေ့တယ်ဖြစ်တာပဲ” ဖန်ရှို့ကျဲ၏ အသံထွက်လာကာ ရှင်းပြလေသည်။ ထိုအကြောင်းအရင်းသည် လူအများ ဝိုင်းကြည့်ရသည့် အကြောင်းအရင်းဖြစ်သည်။

ယန်းမျိုးနွယ်နှင့် စူးမျိုးနွယ်များ အငြင်းအခုံဖြစ်လျှင် နောက်ဆုံးရလဒ်ကို မည်သူမှ မသိနိုင်ပေ။ ကြည့်ရင်းနှင့် တစ်ခုခုရသွားနိုင်သည်။

ရှီမာယူယူသည် စူးအိမ်တော်လူများရှိရာသို့ ကြည့်လိုက်သည်။ မြေပေါ်မှ ခွေနေသော ဝိညာဉ်သားရဲလေးတစ်ကောင်ကို မြင်လိုက်သည်နှင့် ကြောက် သွားလေသည်။

မွေးကင်းစ ဝိညာဉ်သားရဲလေးတစ်ကောင်ကို ယူသွားလိုက်တာနဲ့ အနာဂတ်မှာ သေချာပေါက် ကျင့်ကြံနိုင်မှာပဲ။

အဲဒါကြောင့် အဲလူတွေအကုန်စုပြီး လုဖို့လာကြတာကိုး။

ရှီမာယူယူသည် နှုတ်ခမ်းကွေးညွှတ်လိုက်သည်။ ဒီလိုရှေးဟောင်းဝိညာဉ် သားရဲလောက်ကတော့… ဝိညာဉ်စေတီထဲက ရတနာတွေကိုများသိရင် ဒီလူ တွေဘယ်လို မျက်နှာဖြစ်သွားမှာပါလိမ့်။

သူမသည် သူမစကားအနည်းငယ်ကြောင့် ဖန်ကျိရှင်းဝင်ပါသည်ကို တွေး မိသောအခါ ပျော်မိကာ နှုတ်ခမ်းမှာလည်း အပေါ်တွန့်တက်သွားလေသည်။

သူမဘေးမှ သဝန်တိုသည့် ချဉ်နံ့ထွက်လာရာ ရှီမာယူယူ ခေါင်းလှည့်ပြီး ဝူလင်းယူ၏ မည်းနက်နေသော မျက်နှာကိုကြည့်ပြီး အမြန်ပင် ပြုံးကာ သူ့လက် ကိုဆုပ်ကိုင်လိုက်သည်။

ဆရာ့ကိုချစ်တဲ့အချစ်နဲ့ သူ့အပေါ်မှာရှိတဲ့ ခံစားချက်က ဘယ်လိုလုပ်တူ နိုင်မှာလဲ။

တကယ်ကို ကပ်စေးနဲတဲ့လူကြီးပဲ။

သူမ၏ မြူးနေသာမျက်လုံးများကိုကြည့်ပြီး ဝူလင်းယူသည် လက်ဆန့် ထုတ်ကာ သူမနှာခေါင်းကို ဆိတ်လိုက်သည်။

ဖန်ကျိရှင်းသည် သူတို့နှစ်ယောက်ကြားမှ ဆက်သွယ်နေမှုကိုကြည့်ပြီး စိတ်ထဲမှပြောမိသည်။ ဟုတ်တယ်.. မိန်းကလေးတစ်ယောက်က ဒီအတိုင်း မနေသင့်ဘူး၊ ဒါပေမဲ့ သူခဲ့လော့ကိုရှာမတွေ့ခင်အထိ ဒီကောင်လေး ယူယူ့ကို လက်ထပ်လို့မရဘူး။

ဖန်ကျိရှင်းဆီမှ သက်ပြင်းချသံကိုကြားသောအခါ ရှီမာယူယူ သိချင်စိတ် ဖြင့် မေးလိုက်သည် “ဆရာရော အဲဒီဝိညာဉ်သားရဲ ဖြားယောင်းတာကိုမခံရဘူး လား”

“ငါကြည့်ပြီးပြီ အဲအကောင်လေးက ချစ်စရာကောင်းပြီး ရိုးအတာကို တွေ့တော့ ဖမ်းပြီး မင်းကိုလက်ဆောင်ပေးချင်တယ်၊ ဒါပေမဲ့ ဒီကလေးကို ကူညီချင်တယ်လို့ မင်းပြောတော့ အဲကောင်လေးကိုမကြိုက်ဘူးထင်လို့ သွား လိုက်တာလေ၊ ဝင်ပါချင်လို့လား” ဖန်ကျိရှင်းသာ် ထိုမျှသာပြောလေသည်။

ထိုနေရာသို့စုလာသူ ၁၀ ရာခိုင်နှုန်းလောက်သည် ဝိညာဉ်သားရဲကြောင့် ရောက်လာခြင်းဖြစ်သည်။ သို့သော် သူမ ဆရာသည် သူမအတွက် အပျော်မွေး ရန် ဝင်ပါလိမ့်မည်ဟု ထင်မထားပေ။

ဖန်ကျိရှင်းသည် ရှီမာယူယူအား မေတ္တာအပြည့်ဖြင့် ကြည့်လိုက်သည်။ သူ ကြိုပြန်လာပြီး အခြေချမည့်ရည်ရွယ်ချက်မှာလည်း သူမ အတွင်းပိုင်းဒေသသို့ လာချိန်တွင် မှီခိုလို့ရမည့် နောက်ခံရှိရန်ဖြစ်သည်။

အခု သူက အစိတ်အပိုင်းသေးသေးလေးတော့ ဖြစ်နိုင်သွားပြီ။

***

All Chapters