တခြားသူဆီမှယုံကြည်မှု
Vol. 109 Ch. 1514
လပြည့်စုံနန်းတော်သည် ကမ္ဘာဦးဝိညာဉ်သားရဲကို ဝင်လုရန် ရည်ရွယ်ချက်မရှိသော်လည်း ရွှံ့ရေထဲမှ ရွှံ့ဖြစ်သွားလေပြီ။
စူးမိသားစုသည် ကမ္ဘာဦးဝိညာဉ်သားရဲကို လက်လျော့ရန်ငြင်းဆန်နေပါ က ထိုလူများနှင့် ပဋိပက္ခဖြစ်ရန် အများဆုံးဖြစ်သည်။
သေချာသည်မှာ လပြည့်စုံနန်းတော် သန်လာပါက ထိုလူများလည်း ဝန်လေးမည်ဖြစ်သည်။
“သခင်လေး” စူးမိသားစုသည် အခြေအနေကို သတိထားမိကာ ကမ္ဘာဦး ဝိညာဉ်သားရဲကို ကိုင်တွယ်ရန် အမြန်သွားလိုက်သည်။
ကမ္ဘာဦးဝိညာဉ်သားရဲကိုကြည့်ပြီး အားလုံးလှုပ်လှုပ်ရှားရှားဖြစ်သွား သည်။
သို့သော် သူတို့တွင်သတ္တိရှိလျှင်တောင် လပြည့်စုံနန်းတော်နှင့် ရင်ဆိုင်နိုင် မလားဆိုသည်ကို မသိတော့ပေ။
“ဒီနေ့ လပြည့်စုံနန်းတော်က စူးမိသားစုကို ကာကွယ်ပေးမယ်၊ ငါတို့ လပြည့်စုံနန်းတော်အကြောင်းကို လာပြီးလေ့လာချင်ရင် လာပြီးစမ်ကြည့်လို့ရ တယ်” ဖန်ကျိရှင်းသည် ထိုလူများကို စိုက်ကြည့်ပြီး လှည့်ထွက်သွားလေသည်။
“ဖန်ကျိရှင်း ခင်ဗျားမမောက်မာနဲ့”
တချို့လူများမှာ လောဘကြီးကာ ဖန်ကျိရှင်းကို တိုက်ခိုက်လေသည်။
လျှပ်တပြက်အတွင်းမှာပင် ဖန်ရှို့ကျဲ၏ ပုံရိပ်သည် လှုပ်ရှားသွားကာ ခဏအကြာတွင် ဓားချင်းယှဉ်သည့် အသံများကျယ်လောင်စွာထွက်လာ ပြီးနောက် ခန္ဓာကိုယ်တစ်ခုသည် မြေပေါ်သို့ကျလာလေသည်။
တစ်ခဏအတွင်းမှာပင် လပြည့်စုံနန်းတော်သည် လူဒါဇင်အထက်ရှိသော လူများကို ရှင်းပြီးဖြစ်လေသည်။ ခြေလက်အပြည့်အစုံရှိသော အလောင်းပင် မရှိတော့ပေ။
လပြည့်စုံနန်းတော်သည် အလွန်လျှို့ဝှက်ဆန်းကြယ်သည်ကို အမြဲတစေ သိကြသည်။ သို့သော် တစ်ခါမှမတွေ့ဖူးကြသဖြင့် ယနေ့တွင် ကိုယ်တွေ့ကြုံ တွေ့လိုက်ရတော့သည်။
သည်လိုအတွေ့အကြုံနှင့် သူတို့သတ္တိများသည် အလိုလိုပင် အားနည်း သွားလေသည်။
“ယူယူ သွားကြမယ်” ထိုလူများ၏ တုံ့ပြန်မှုကို လျစ်လျူရှုပြီး ဖန်ကျိရှင်း သည် သူ့လက်အောက်ငယ်သားများ၏ ရက်စက်မှုကိုမြင်ပုံမရဘဲ ရှီမာယူယူကို ပြုံးပြီးပြောလိုက်သည်။
“ဟုတ်ကဲ့ပါ” ရှီမာယူယူသည် အစုလိုက်အပြုံလိုက် သတ်ခြင်းကို မမြင် ဖူးခြင်းမဟုတ်ပေ။ ထိုမြင်ကွင်းသည် သူများအတွက် ကြောက်မက်ဖွယ်ကောင်း သော်လည်း သူမအတွက် နွေးထွေးသည်။
ဆရာသည် သူမအတွက် ဤအရာအကုန်လုံးကိုလုပ်ပေးခဲ့သည်။
စူးယူသည် ယူယူ၏ နာမည်ကိုအနည်းငယ် ရင်းနှီးသည်ဟု ထင်မိသည်။ ဟင်း… သူတို့ တစ်ယောက်နှင့်တစ်ယောက်သိနေကြတာလား။
သူတို့ထွက်သွားချိန်တွင် သူတို့ကိုတားသည့်သူမရှိတော့ပေ။ ထို့ကြောင့် နေဝင်သွားသည်နှင့် အားလုံးထွက်သွားကြလေသည်။
စူးယူသည် မျိုးနွယ်ဝင်များကို ဖန်ကျိရှင်းဆီသို့ခေါ်သွားပြီး လက်အုပ်ချီ ကာ အရိုအသေပေးပြီးပြောလိုက်သည် “သခင်ဖန် ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ဖန်ကျိရှင်းသည် သူ့ကိုစိုက်ကြည့်လိုက်သည် “မင်း ယူယူကို ကျေးဇူးတင် သင့်တယ်၊ သူမ တောင်းဆိုချက်ကြောင့်သာမဟုတ်ရင် ဘာမှလုပ်မှာမဟုတ် ဘူး”
စူးယူသည် လှည့်ပြီး ရှီမာယူယူကို ဂါရဝပြုလေသည် “သခင်မလေးယူယူ ဒီနေ့အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အနာဂတ်မှာ သေချာ ပေါက် ပြန်ဆပ်ပါမယ်”
“မလိုပါဘူး ကျွန်မက လူတစ်ယောက်ရဲ့ယုံကြည်မှုကိုရထားရုံတင်ပါ၊ ပြီးတော့ ရှင့်ကိုကယ်တာလည်း ဆရာပါ” ရှီမာယူယူသည် လက်ကိုခါယမ်း လိုက်သည်။
“လူတစ်ယောက်ရဲ့ ယုံကြည်မှုရတယ်ဟုတ်လား” စူးယူသည် မည်သူကို ရည်ညွှန်းသည်ကို မသိတော့ပေ။
“ကျွန်မ ဒီမတိုင်ခင်က ချုးချန်းမြို့ကိုသွားတော့ အဒေါ်ဟော်က ရှင်လည်း ဒီကိုလာမယ်လို့ပြောတယ်၊ ကျွန်မတို့တွေ့ခဲ့ရင် တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ပေးကြဖို့ မှာလိုက်တာပါ” ရှီမာယူယူသည် ရှင်းအောင်ပြောလိုက်သည်။ အဒေါ်ဟော်ကြောင့်သာမဟုတ်လျှင် သူမ လှုပ်ရှားမည်မဟုတ်ပေ။
“ဒေါ်လေးလား” သူမ ချူးချန်းမြို့မှ အဒေါ်ဟော်ဟု ပြောလိုက်ချိန်တွင် စူးယူ ချက်ချင်းပင် နားလည်သွားကာ နောက်ဆုံးတွင် ‘ယူယူ’ ဆိုသည့် နာမည် ရင်းနှီးသလိုရှိသည်ကို သတိရသွားတော့သည်။
အဒေါ်ဟော်သည် အရင်က အကြိမ်ပေါင်းများစွာ ပြောဖူးကာ ရှီမာယူယူ ကိုကြင်ဖက်အဖြစ်ပင် မိတ်ဆက်ပေးမည်ဟုပင် ပြောခဲ့သေးသည်။ သို့သော် သူ စိတ်ထဲတွင် မထားခဲ့ပေ။ ရှီမာယူယူကို ဤနေရာတွင်လာတွေ့မည်ဟု ထင် မထားပေ။
ရှီမာယူယူ ခေါင်းညိတ်ပြီး မေးလိုက်သည် “ဒီကိုရောက်တာဘယ်လောက် ကြာပြီလဲမသိဘူး ရထားတာရောရှိပြီလား”
“ငါးလကျော်ပါပြီ ဒီကမ္ဘာဦးဝိညာဉ်သားရဲအပြင် နည်းနည်းတော့ ရထား ပါပြီ” စူးယူပြောလိုက်သည်။
“နှစ်ဝက်အချိန်ကိုသိလား”
“ကြားထားပါတယ် အဲဒါကြောင့် ထွက်သွားမလို့လုပ်နေကြတာ ဒါပေမဲ့ ထွက်မသွားခင် ဒီလိုကိစ္စတွေဖြစ်သွားမယ်လို့ ထင်မထားမိဘူး” စူးယူ ပြော လိုက်သည်။
“ဒီအကြောင်းကို လူတွေအများကြီးသိထားမှာကို စိုးပါတယ် အပြန်လမ်း မှာ သတိထားပါ” ရှီမာယူယူ ပြောလိုက်သည်။
ထိုစကားသည် သူမ သူ့ကိုနှင်ထုတ်သည်မှာ ထင်ရှားနေသည်။
စူးယူသည် အကင်းမပါးသော လူမဟုတ်ပေ။ ထို့အပြင် သူတို့နှင့်ရှိလျှင် ဘေးကင်းမည်မဟုတ်ပေ။ သူတို့စိတ်ပြောင်းသွားမလားဆိုတာ ဘယ်သူသိနိုင် မှာလဲ။
အဲတော့ ထွက်သွားတာပဲကောင်းပါတယ်။
“နောက်ကို တစ်ခုခုလိုတာရှိရင် စူးယူလာခဲ့ပါတယ် နှုတ်ဆက်ပါတယ်”
စူးယူသည် ဖန်ကျိရှင်းနှင့် ရှီမာယူယူကို အသာအယာဦးညွှတ်ပြီး စူးမိသားစုနှင့်အတူ ထွက်သွားလေသည်။
“သူ့ကို အတူခေါ်သွားမယ်ထင်နေတာ” ဖန်ကျိရှင်း ပြောလိုက်သည်။
“သူ့ကို ကယ်တာက အဒေါ်ဟော်ကြောင့်ပါ၊ သူတို့ကို လိုက်ခွင့်ပြုလိုက် ရင် ဆရာ့ကိုပြဿနာမဖြစ်စေဘူးလား၊ အဲလူတွေက လုဖို့ထပ်လာကြဦးမှာပဲ” ရှီမာယူယူသည် စူးမျိုးနွယ်နှင့် ရင်းနှီးလှသည်မဟုတ်ပေ။ အရေးအကြီးဆုံးမှာ သူမသည် ဖန်ကျိရှင်း၏ လုံခြုံရေးကို သူမ စိတ်ပူသည်။
နောက်ကျန်သည့် ခရီးကိုတော့ သူတို့ဘာသာ လျှောက်ရမည်။
ဖန်ကျိရှင်းသည် ရှီမာယူယူ သူ့ကို ဦးစားပေးစဉ်းစားသဖြင့် ပျော်ရွှင်ကာ အေးစက်မှု ပျောက်ကွယ်သွားလေသည်။
“ဒါနဲ့ ဒီကိုရောက်တာ ဘယ်လောက်ကြာပြီလဲ ဆရာ”
“လေးလတော့ ကျော်ပြီ၊ နှစ်တစ်ဝက်ပြည့်ဖို့ဆိုရင် တစ်လကျော်လို သေး တယ်” ဖန်ကျိရှင်း ပြောလိုက်သည် “မင်းကရော”
“ကျွန်မတို့လည်း အတူတူလောက်ပဲ အဲဒါကြောင့် ဒီနေရာကို ရောက်လာ တာ အချိန်အတူတူလောက်ပဲ ဘာလို့မတွေ့တာပါလိမ့်” ရှီမာယူယူ ရေရွတ် လိုက်သည်။
“ဘယ်လိုလဲ မင်းရထားတာရှိလား”
“ရထားတာ တချို့တော့ရှိပါတယ်” လူအများရှေ့တွင်ရှိနေသဖြင့် သူမ အထူးတလည်မပြောပေ။ သို့သော် ဖန်ကျိရှင်းသည် သူမ၏ တက်ကြွနေသော အမူအရာကိုမြင်သောအခါ ‘တချို့’ ဆိုသည်ထက်ပင် ရထားကြောင်းသိလိုက် သည်။
“ကျန်တဲ့ခရီးကိုတော့ ပိုပြီးရှုပ်လာဖို့ပဲရှိတော့ ငါတို့နဲ့ပဲလိုက်ခဲ့ပေါ့” ဖန်ကျိရှင်း ပြောလိုက်သည်။
“ပိုရှုပ်မယ်ဟုတ်လား”
“အင်း ရထားတဲ့လူလည်းများသလို မရသေးတဲ့လူတွေလည်းရှိကြတယ် အဲဒါကြောင့် တခြားသူကို ပစ်မှတ်ထားမှာပဲ၊ ပြီးတော့ ရှာတာထက် လုဖို့က ပို လွယ်တယ်လေ” ဖန်ကျိရှင်း သက်ပြင်းချလိုက်သည်။
ရှီမာယူယူသည် ချက်ချင်းပင် နားလည်လိုက်သည်။ စူးမိသားစု အခုလေး တင်ကြုံတွေ့ခဲ့သည်နှင့် တူညီသော အခြေအနေပင်ဖြစ်မည်။
“ပြီးတော့ တချို့လူတွေက ဒီကိုရောက်တာကြာနေပြီ နှစ်တစ်ဝက် တောင် ကျော်နေပြီ”
သူမ စိတ်ထဲတွင် အချက်ပေးသံမြည်သွားသည်။ နှစ်တစ်ဝက်ကြာပြီး နောက်တွင် သူတို့စိတ်များသည် သက်ရောက်မှုရှိနိုင်သည်။ သူတို့သာ စိတ်လွတ်ပြီး ရူးသွားပါက ဘေးမကင်းသည်ထက်ပင် ပိုနိုင်သည်။
ထိုအကြောင်းအား စဉ်းစားမိသည်နှင့် ဖန်ကျိရှင်း မျက်မှောင်ကြုတ်လိုက် သည် “ဒီကို ဘာလို့နှစ်ယောက်တည်း လာတာလဲ ယူယူကို ဘယ်လို စောင့်ရှောက်တာလဲ”
ထိုစကားသည် ဝူလင်းယူကို အပြစ်တင်နေခြင်းဖြစ်သည်။ သူတို့လူ နည်းနည်းလေးနဲ့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မှာလဲ။
ရှီမာယူယူသည် ဝူလင်းယူ၏ လူက်ကိုဆွဲကာ ပြုံးပြီးပြောလိုက်သည် “လင်းယူက အရမ်းအားကောင်းတာ ကြည့်လေ ကျွန်မဘာမှမဖြစ်ဘူး”
သူသည် သူမကို သတိထားကြည့်နေသဖြင့် ရှီမာယူယူနှင့် ဝူလင်းယူတို့၏ ဆက်ဆံရေးကို အလိုလိုပင်သိလေသည်။
ရှီမာမိသားစုက အသိအမှတ်ပြုမှတော့ သူက ဘာပြောနိုင်ဦးမှာလဲ။
“မင်းမှာအဲဒီအစွမ်းအစရှိဖို့ပဲ လိုတော့တယ်” သူ ဟင်းချကာ ဝူလင်းယူကို ကြည့်ပြီး စမ်းသပ်ကြည့်ရမလားဟု တွေးနေသည်။
ဝူလင်းယူသည် ဖန်ကျိရှင်း၏ အကြည့်ကိုဂရုမစိုက်ပေ။ ရှီမာမိသားစုမှ လူကြီးများကိုပင် ကိုင်တွယ်နိုင်သည်။ သူမ ဆရာကို မကိုင်တွယ်နိုင်စရာ အကြောင်းမရှိပေ။
“ဆရာ အခုဘယ်သွားကြမှာလဲ” ရှီမာယူယူ မေးလိုက်သ်ည။
“ရှေ့မှာ သတ္တုတွင်းရှိတယ်လို့ ကြားထားတယ်၊ ငါတို့သွားကြည့်ပြီး အပျော်ဝင်ပါကြတာပေါ့” ဖန်ကျိရှင်း ပြောလိုက်သည်။
“အရမ်းကြီးလို့လား” ရှီမာယူယူ စိတ်ဝင်စားသွားသည်။
အပျော်ဝင်ပါမယ်ဆိုတော့ သူမ အကြိုက်ဆုံးပဲလေ။
“ကမ္ဘာဦးဝိညာဉ်သားရဲတွေ အများကြီးရှိတယ်လို့ ကြားထားတယ် စူးမိသားစုက အဲဒီဘက်ကလာကြတာပဲ” ဖန်ကျိရှင်း ပြောလိုက်သည်။
ရှီမာယူယူ၏ မျက်လုံးများတောက်ပသွားကာ တိုက်တွန်းလိုက်သည် “ဆရာ အခုပဲသွားကြမယ်လေ”
ဖန်ကျိရှင်းသည် သတ္တုတွင်းရှိရာဘက်သို့ သူမကို ခေါ်သွားရာ ရှီမာယူယူ သည် သူမ အစောပိုင်းက အပြောင်ရှင်းခဲ့သည့်ဘက်နှင့် ဆန့်ကျင်ဘက်ဖြစ် သည်ကိုတွေ့လိုက်ရသည်။
သွားသည့်လမ်းတစ်လျှောက်တွင် ရှီမာယူယူသည် ဖန်ကျိရှင်းနှင့် စကား ပြောလာကြပြီး ဖန်ကျိရှင်းသည် သူမကို ကိစ္စကောင်းများကို ရွေးချယ်ပြောပြ လေသည်။
အနောက်မှလူများသည် သူ့စိတ်ထဲမှ ရှီမာယူယူ၏ နေရာကို အတည်ပြု မိကြလေသည်။
***