အခန်း (၁၃၀)
Vol. 10 Ch. 130
ချောင်ရှို့ကျီ၏ မျက်နှာသည် ပို၍ပင် ရုပ်ဆိုးသွားသည်။ သူမသည် တင်းမာသောမျက်နှာဖြင့် တိတ်ဆိတ်နေ၏။
ရွှယ်ချွမ်က သူ့စိတ်ထဲတွင် သက်ပြင်းချပြီး ပြောလိုက်သည်။ "အားလုံးပဲ ထိုင်ပြီးစားကြရအောင်"
သူလည်း ၎င်းကို နားမလည်နိုင်ပေ။ သူတို့ လင်မယား၏ သွေးနှင့် ဗီဇက ဘယ်လောက်ပင် ဆိုးနေပါစေ၊ ချောင်ဟုန်းမေလို သမီးတစ်ယောက်တော့ မဖြစ်သင့်ပေ။
ချန်းရှင်းက ထိုသို့သော စကားမျိုးပြောခဲ့သဖြင့် ဒီအချိန်တွင် သူ့တို့ကို မောင်းထုတ်၍ မရပေ။ မဟုတ်လျှင် သူတို့က မှားသွားလိမ့်မည်။
ဝမ်ချွမ်ကျီက ချောင်ဟုန်းမေ၏ မိသားစုကို စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။ "ဒီကို စောစောစီးစီး မလာဘဲ နောက်မှ လာတာ အလကား စားသောက်ဖို့ တမင်လာခဲ့တာလား?"
သူတို့မိသားစုက ဒီကို စောစောလာခဲ့လျှင် သူတို့က အလေးထားရုံတင်မကဘဲ အိမ်မှုကိစ္စနှင့် ဟင်းချက်ရန်လည်း ကူညီပေးနိုင်လိမ့်မည်။
သို့သော် သူတို့က ထမင်းစားချိန်မှ ရောက်လာသည်။ လူများက အထင်မလွဲရန် မဖြစ်နိုင်ပေ။ ချောင်ဟုန်းမေက ဒီလိုလုပ်သည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။
ဝမ်ချွမ်ကျီက သူမပြောသည်ကို အလွန်တိုးနေသည်ဟု ထင်ခဲ့သော်လည်း သူမက ကျယ်လောင်သော အသံနှင့် မွေးဖွားလာသည်။ တိုးတိုးလေးပြောလျှင်ပင် သာမန်လူထက် ပိုကျယ်သည်။ ထို့ကြောင့် တစ်ခြံလုံးက သူမစကားကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။
ချန်းရှင်းနှင့် ချောင်ဟုန်းမေ၏ မျက်နှာများသည် နီရဲပြီး ဖြူဖွေးလာကာ သူတို့၏ နှလုံးသားထဲတွင် အငွေ့များ ပေါက်ကွဲတော့မည်။
သို့သော်လည်း ချန်းရှင်းသည် အရေထူလွန်းသည်။ သူယူလာသည့် သရေစာနှင့် အထည်စကို ပေးလိုက်သည်။ "အမေ၊ ဟုန်းမေနဲ့ ကျွန်တော်က အမေ့ကို ဂုဏ်ပြုဖို့အတွက် ဒီပစ္စည်းတွေကို ဝယ်ခဲ့တယ်!"
ဆန့်တန်းထားသောလက်သည် ပြုံးနေသောလူကို မရိုက်ပေ။
ချောင်ရှို့ကျီက ပစ္စည်းများကို ဖယ်လိုက်ပြီး "ထိုင်ပါ" ဟုသာ ပြောလိုက်သည်။
ချန်းရှင်းသည် ထိုစကားကိုကြားသောအခါ နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။
အားလုံးက ထိုင်ရန် နေရာရှာကြသည်။
ချောင်ကျန်းမင်သည် သူ့သမီးကို လိုက်ရှာသောအခါ သာ့ချောင်၏ အနောက်တွင် နီရဲနေသော မျက်လုံးများဖြင့် ခေါင်းငုံ့နေသည်ကို တွေ့လိုက်ရသည်။
ချန်ချောင်ချောင်လည်း ၎င်းကို သတိထားမိသည်။
သူမ၏ နှလုံးခုန်သွားသည်။
ချောင်ကျန်းမင်က သူ့သမီးကို ခေါ်ရန် သွားသည်။
သို့သော် သူက နှစ်လကျော်ကြာအောင် ပြန်မလာခဲ့ပေ။
ဝမ်အာလေးသည် သူနှင့် မရင်းနှီးတော့သဖြင့် သူမကို ခေါ်ယူခြင်းအား မခံချင်ပေ။ သူမသည် သာ့ချောင်၏ လက်ထဲသို့ ခိုဝင်သွားလိုက်သည်။
ချောင်ကျန်းမင်သည် သူ့သမီးလေးက သူ့အနား၌ မနေချင်တော့သည်ကို တွေ့ပြီး အနည်းငယ် ဝမ်းနည်းသွားသည်။ "ဝမ်အာလေး၊ အဖေပါ။ အဖေ့ကို မမှတ်မိဘူးလား?"
ဝမ်အာလေးက သူ့ကို အနက်ရောင်မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး စကားမပြောပေ။
ချောင်ကျန်းမင်က သူယူလာသည့် သကြားလုံး၊ ဘီစကစ်နှင့် ၀တ်စုံသေးလေးနှစ်စုံကို ထုတ်ယူလိုက်သည်။ "ကြည့်ပါဦး အဖေ သမီးကို စားစရာတွေ အများကြီး ဝယ်ပေးတယ်" ဟု အသံတိုးတိုးလေး ပြောလိုက်သည်။
သို့တိုင် ဝမ်အာသည် မလှုပ်ရှားပေ။
ချောင်ကျန်းမင်က စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ သို့သော် သူ့သမီးသည် သာ့ချောင်နှင့် နီးစပ်ရန် ဆန္ဒရှိနေသည်ကို တွေ့ရပြီး အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
ထိုအကြောင်းကို ပြောရလျှင် သာ့ချောင်၏ ကောင်းချီးပေးမှုကြောင့် ဝမ်အာငယ်ကို တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် သူဝယ်ခဲ့သည့် ၀တ်စုံနှစ်စုံထဲက တစ်ထည်က သာ့ချောင်အတွက် ဖြစ်သည်။
သာ့ချောင်ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။ "သာ့ချောင်၊ ပဉ္စမဦးလေးက သမီးအတွက် ၀တ်စုံဝယ်ပေးတယ်။ ညီမလေးကို ဂရုစိုက်ပေးလို့ ပဉ္စမဦးလေးက ကျေးဇူးတင်ပါတယ်"
သူ့သမီးက သာ့ချောင်နှင့် အရမ်းရင်းနှီးနေသည်ကို မြင်ပြီး သူ့မိန်းမက သမီးကို ကောင်းကောင်း ဂရုမစိုက်ကြောင်း မမေးဘဲ သူ ခန့်မှန်းနိုင်သည်။
ချန်ချောင်ချောင်သည် ခင်ပွန်းဖြစ်သူ၏ စကားကိုကြားသောအခါ ပို၍ပင် ထိတ်လန့်သွားသည်။
သူမယောက်ျား ဒီနေ့ ပြန်လာမည်မှန်းသိလျှင် သမီးဖြစ်သူအနား ပိုကပ်သည်။
သူမက နောင်တရမိသည်။
သာ့ချောင်က ပါးချိုင့်သေးသေးနှစ်ခုပေါ်အောင် ပြုံးလိုက်သည်။ "ပဉ္စမဦးလေး၊ ယဉ်ကျေးနေဖို့ မလိုပါဘူး။ ဝမ်အာလေးက သမီးညီမပါ။ သမီးက သူ့ကို ဂရုစိုက်သင့်တယ်!"
သူမက ဘယ်လောက် အကျင့်စာရိတ္တကောင်းပြီး ဥာဏ်ရည်ထက်မြက်သည် မြင်ပြီး ချောင်ကျန်းမင်က လှမ်းပြီး ခေါင်းကို ပွတ်သပ်လိုက်သည်။ "တော်တယ် ကလေး!"
သူ့သမီးက သူမလိုဖြစ်နိုင်လျှင် ဒီအချိန်၌ သေရလျှင်ပင် နောင်တရမည် မဟုတ်ပေ။
ချောင်ကျန်းမင် ဝယ်လာသည့် ဝတ်စုံက ဂါဝန်ဖြစ်သည်။ ပန်းရောင်စကတ်၌ အတွန့်ကြီးများ ရှိသည်။ အောက်ခြေတွင် ပန်းရောင်ပန်းပွင့်များရှိပြီး ထိပ်တွင် ဖဲပြားကြီး ရှိသည်။ အလွန် လှသည်။
သာ့ချောင်သည် တစ်ချက်ကြည့်ရုံဖြင့် အလွန်သဘောကျသွားပြီး လခြမ်းကွေးမျက်လုံးများဖြင့် သူ့ကို ကျေးဇူးတင်သည်။
သူမက ပြုံးပျော်နေသည်ကိုမြင်ပြီး ဝမ်အာလေးက မျက်တောင်ခတ်သွားသည်။ ရုတ်တရက် သူမအဖေ၏ လက်ထဲမှ နောက်ထပ် ၀တ်စုံကို ဆွဲယူလိုက်သည်။ ထို့နောက် သာ့ချောင်ကို ပေးလိုက်သည်။
သာ့ချောင်က ခေါင်းငုံ့ပြီး "ဝမ်အာ၊ အစ်မကို အဝတ်အစား ပေးချင်တာလား?" ဟု တိုးတိုးလေး မေးသည်။
ဝမ်အာက တုံ့ပြန်မှု မရှိပေ။ သို့တိုင် သူမ၏လက်ကို ပြန်မသိမ်းပေ။
သာ့ချောင်သည် ကြီးမားသော မောင်နှမစိတ်ဓာတ်ရှိသည်။ ဝမ်အာ၏ ပွတ်သပ်ကာ ပြောသည်။ "အစ်မ ရပြီးသားပဲ။ ဒါက ညီမလေးအတွက်။ ဆင်တူလေးတွေ။ မနက်ဖြန်ကျရင် အစ်မတို့ အတူတူ ဝတ်ကြမလား?"
ရှန်းမိသားစုသည် သူမနှင့် သူမ၏ဝမ်းကွဲအစ်မနှစ်ယောက်အတွက် တူညီဝတ်စုံကို ဝယ်ပေးသည်။ သူတို့ထံတွင် ဝမ်အာ၏ အရွယ်အစားမရှိသောကြောင့် မဝယ်ခဲ့ရပေ။
သူမနှင့် ဝမ်းကွဲအစ်မနှစ်ယောက်သည် တူညီဝတ်စုံကို ၀တ်ထားတိုင်း ဝမ်အာက စိုက်ကြည့်နေသည်။
ချောင်ကျန်းမင်က သူ့သမီးကို စိုက်ကြည့်နေသည်။ သူက အလွန်စိုးရိမ်ပြီး လက်ပင် ချွေးထွက်လာသည်။
ဝမ်အာလေးက မတုံ့ပြန်တော့ဘူးဟု လူတိုင်းက ထင်နေချိန်မှာပင် သူမက ဆန့်တန်းထားသည့် လက်ကို ပြန်ဆွဲလိုက်ပြီး အင်္ကျီကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ သူမ၏ နှုတ်ခမ်းထောင့်သည်လှုပ်ရှားသွားသည်။
လုပ်ရပ်က မထင်ရှားသည့်အတွက် ချောင်ကျန်းမင်မှလွဲ၍ ဘယ်သူမှ သတိမထားမိပေ။
ချောင်ကျန်းမင်၏ မျက်လုံးက ပူလာသည်။ ယောကျ်ားကြီးတစ်ယောက်သည် လူတိုင်းရှေ့တွင် မျက်ရည်ကျလုမတတ်ပင်။
ဒီတစ်ခါတွင် သယ်ယူပို့ဆောင်ရေးကုမ္ပဏီ၌ အလုပ်သွားလုပ်ရင်း ပတ်ဝန်းကျင်က ပစ္စည်းများကို ပြန်ရောင်းသည့်အခါ လူများစွာနှင့် ဆုံခဲ့သည်။ မြို့တော်မှ အမျိုးသားတစ်ဦးသည် သူ၏ ဆွေမျိုးများထဲတွင် ဝမ်အာကဲ့သို့ ကလေးတစ်ယောက် ရှိသည်ဟု ကြားလိုက်ရသည်။
၎င်းကို အော်တစ်ဇင်ဟု ခေါ်ပုံရသည်။ ကုသရန် အလွန်ခက်ခဲသည်။ မျှော်လင့်ချက် မရှိသလောက်ပင်။ ကလေးသည် တစ်သက်တာလုံး ကိုယ့်ကမ္ဘာတွင်သာ နေထိုင်နိုင်သည်။ သူတို့က သာမန်လူတစ်ယောက်လို ဘယ်တော့မှ ရှင်သန်နိုင်မည် မဟုတ်ပေ။
၎င်းကို သိပြီးနောက် ရက်အတော်ကြာ စိတ်ဓာတ်ကျပြီး တစ်လခွဲအတွင်း ငါးပေါင်ခြောက်ပေါင် ကျသွားသည်။
နှစ်လကျော်ကြာအောင် သူအိမ်ပြန်မလာခဲ့ပေ။ ပိုက်ဆံအလုံအလောက် စုဆောင်းပြီးနောက် သူ့သမီးကို ဆရာဝန်ဆီ ခေါ်သွားရန် စိတ်ကူးထားသည့်အတွက် ပိုက်ဆံပိုရှာချင်သည်။
ဝမ်အာလေးသည် အခြားသူများကို တုံ့ပြန်နိုင်မည်ဟု သူဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။
သူ့မျက်လုံးက သာ့ချောင်ကို စိုက်ကြည့်နေသည်။ နောက်ဆုံးတွင် သူ့အမေပြောသည်ကို လုံးဝ ယုံကြည်လာသည်။ ဒီကလေးက ကံကောင်းတဲ့ ကြယ်ပွင့်ပါ။
တစ်ယောက်ယောက်က သူမအပေါ် ရိုးရိုးသားသား စေတနာထားသရွေ့ သူမပတ်ဝန်းကျင်က သူများကို ကောင်းချီးပေးသည်။
ချန်လိုင်တိသည် သူ့အမေအနားတွင် ရပ်နေသည်။ သူမ၏ မျက်လုံးသည် သာ့ချောင်၏ လက်ထဲမှ ၀တ်စုံကို စိုက်ကြည့်နေသည်။ မနာလိုစိတ်ဖြင့် သူမ၏ မျက်လုံးက နီရဲလာသည်။
သူမက ထုတ်မပြောဝံ့ခြင်းသာဖြစ်သည်။
သူမအမေ အရိုက်ခံရသည်။ အဖေ၏ ကိစ္စများကို ဖျက်စီးရဲလျှင် အိမ်ပြန်ရောက်သည်နှင့် အသတ်ခံရနိုင်သည်။
...
လေထုက အရင်ကလို မနွေးထွေးတော့သော်လည်း ကွဲလွဲမှုများနှင့် ငြီးငွေ့စရာများ မရှိတော့ပေ။
ထမင်းစားပြီးနောက် ချောင်ဟုန်းမေသည် ပန်းကန်များကို ဆေးကြောရန် အစပြုလိုက်သည်။ ချောင်ဟုန်းရှသည် မယဉ်ကျေးနေဘဲ သူမကို လုပ်ခွင့်ပေးသည်။
ချောင်ဟုန်းမေက ဒေါသထွက်သွားသည်။
သူမသည် ချောင်မိသားစုကို စိတ်ထဲတွေင် ကျိန်ဆဲကာ ပန်းကန်များနှင့် အင်တုံများကို ကြမ်းတမ်းစွာ ဆေးကြောနေသည်။ ရုတ်တရက် သူမ "အားခနဲ" အော်လိုက်သည်။
ငုံ့ကြည့်လိုက်သောအခါ သူမလက်ညိုးကို ပန်းကန်ပြားပေါ်က အထစ်တစ်ခုနှငဘ် ခြစ်မိသွားသည်ကို တွေ့လိုက်ရသည်။ သွေးများက အဆက်မပြတ် စီးဆင်းနေသည်။
"အမလေး၊ ပန်းကန်လေးဆေးရုံနဲ့ လက်ထိသွားတယ်ပေ့ါ။ ဟုန်းမေ၊ နင် အိမ်မှုကိစ္စတွေ သိပ်မလုပ်ဘူး မဟုတ်လား?"
ဝမ်ချွမ်ကျီသည် မလှမ်းမကမ်းတွင် ထိုင်ကာ ဖရဲသီးစားနေသည်။ သူမ၏ အော်သံကို ကြားသောအခါ ဗိုက်ကြီးနှင့် ချက်ခြင်းပင် လျှောက်သွားသည်။
ချောင်ဟုန်းမေသည် သူမ၏ စကားကိုကြားသောအခါ ဒေါသအရမ်းထွက်ကာ သွေးအန်လုမတတ် ဖြစ်သွားသည်။ "အကြီးဆုံး ယောက်မ၊ မဟုတ်တဲ့စကား မပြောနဲ့၊ ကောင်းပြီ၊ ကျွန်မလက်ချောင်းမှာ ဒဏ်ရာရသွားတာကို မမြင်ဘူးလား?"
ဝမ်ချွမ်ကျီက "အဲဒီမှာ အက်ရာရှိနေတယ်။ တခြားသူတွေ ပန်းကန်ဆေးတဲ့အခါ အဆင်ပြေတယ်။ နင်က ဆေးတာနဲ့ ရှသွားတယ်။ ပျင်းချင်ရင် တိုက်ရိုက်ပြောပါ။ ဒီအကြောင်းပြချက်တွေက ဘာလဲ?"
ဒေါသစိတ်ကြောင့် ချောင်ဟုန်းမေ၏ မျက်နှာသည် ပြုတ်ထားသော ပုဇွန်ကဲ့သို့ နီရဲသွားသည်။ "..."
လင်းဟွေ့က မလာပေ။
ချောင်ဟုန်းမေသည် ဝမ်ချွမ်ကျီ၏ စကားကြောင့် သွေးအန်လုနီးပါးအထိ ဒေါသထွက်နေသည့်အချိန်၌ "မကောင်းသောသူ အခြားမကောင်းသူသူ၏ နှောင့်ယှက်ခြင်းကို ခံရလိမ့်မည်" ဟူသော စကားကို လင်းဟွေ့က ရုတ်တရက် တွေးမိသွားသည်။ သူမ၏ နှုတ်ခမ်းထောင့်က အနည်းငယ် တင်းသွားသည်။
ချန်းရှင်းသည် အသံကို ကြားသောအခါ ထွက်လာသည်။ ချောင်ဟုန်းမေသည် သူ့ခယ်မအကြီးဆုံးနှင့် ရန်ဖြစ်ပြန်သည်ကို မြင်လိုက်ရသဖြင့် မိုးကုပ်စက်ဝိုင်းသို့ ကန်သွင်းရန် မစောင့်နိုင်တော့ပေ။
ချောင်ရှို့ကျီလည်း ထွက်လာသည်။ သူမက ချောင်ဟုန်းမေ၏ သွေးထွက်နေသည့် လက်ချောင်းကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။ "ပန်းကန်ဆေးစရာ မလိုပါဘူး။ ပတ်တီးနဲ့ ပတ်ထားလိုက်။ အားလုံး စောစောပြန်ကြ၊ နောက်ကျနေပြီ"
ချန်းရှင်းက အံကြိတ်လိုက်သည်။ ဒေါသသည် သူ့နှလုံးသားထဲတွင် လောင်ကျွမ်းနေသည်။
ချောင်မိသားစုက မစင်တွင်းထဲက ကျောက်တုံးတွေလို ခံစားခဲ့ရသည်။ အနုနည်း၊ အကြမ်းနည်း တစ်ခုကိုမှ လက်မခံကြပေ။ သူက တစ်ညလုံး ပြုံးရွှင်ကာ ရောနှောနေသော်လည်း သူတို့၏ သဘောထားက ပုံမှန်ပင်။
ဤအရာအားလုံးသည် ချောင်ဟုန်းမေ၏ အမှားဖြစ်သည်ဟု သူခံစားမိသည်။ သူမရောက်လာသည်နှင့် လူများကို မစော်ကားခဲ့ပါက ချောင်မိသားစုသည် သူတို့ကို ဤနေရာတွင် တစ်ညတာမျှ ယဉ်ကျေးသိမ်မွေ့စွာ ထိန်းသိမ်းထားမည်ဖြစ်သည်။
ဝက်အသင်းဖော်။
ချောင်ဟုန်းမေနှင့် ယှဉ်လျှင် ချန်ရှင်းသည် အရိပ်ကြည့်တော်သူ ဖြစ်သည်။
ချောင်ဟုန်းမေ၏ ဒဏ်ရာကို ပတ်တီးစည်းပြီးနောက် နှုတ်ဆက်ပြီး ဇနီး၊သမီးနှင့်အတူ ထွက်ခွာသွားသည်။
ချောင်အိမ်မှ ထွက်လာပြီးနောက် ချောင်ဟုန်းမေက မကျေနပ်သည့်မျက်နှာဖြင့် ပြောသည်။ "မှောင်နေပြီ၊ ရှင်က ကျွန်မအမေရဲ့စကားကို မလိုက်နာသင့်ဘူး!"
ချန်ရှင်းက ခေါင်းကို လှည့်ပြီး အေးစက်သည့် အကြည့်နှင့် ပြောလိုက်သည်။ "နောက်တစ်ခါ မင်းထပ်ပြီး မဟုတ်တာလုပ်ရဲရင် အိမ်ပြန်ရောက်တဲ့အခါ ငါဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်နေ!"
သူ့မျက်လုံးက ပြင်းထန်လွန်းသည်။ ၎င်းက ချောင်ဟုန်းမေကို ညအချိန်တွင် ကြောင်နက်၏မျက်လုံးများကို တွေးတောစေသည်။
သူမ၏ တကိုယ်လုံး တုန်နေသည်။ သူမ၏ လည်ချောင်းသည် ငါးအရိုးစူးသွားသလို ခံစားရသည်။ စကားတစ်ခွန်းမှ မပြောနိုင်ပေ။
ဖန်ရှောင်ကျွမ်းက သူမကို နောက်ဆုံးအကြိမ်တုန်းက ပြောခဲ့သည့်စကားက ရုတ်တရက် စိတ်ထဲ၌ ပေါ်လာသည်။ သူမမျက်လုံးက ချန်ရှင်းအပေါ်ကို အပေါက်ဖောက်ချင်သလို စိုက်ကြည့်နေသည်။
ချန်ရှင်းသည် တစ်ခါမှ တာဝန်ကျေသူ မဟုတ်ပေ။ သူမသည် ဤအရာကို အခြားသူများထက် ပိုသိသည်။
ထိုအချိန်က ချန်ရှင်းနှင့် လက်ထပ်ရန် ပူဆာခဲ့ရခြင်းမှာ သူ့ကို ချစ်၍ မဟုတ်ဘဲ သူမခန္ဓာကိုယ်ကို ပေးထားပြီးသားမို့ ဖြစ်သည်။
သူနဲ့ အိမ်ထောင်မပြုရင် ဘယ်သူနဲ့ လက်ထပ်နိုင်မလဲ?
ထို့အပြင် ချန်ရှင်းသည် သူမမြင်ဖူးသမျှ အကောင်းမွန်ဆုံးသော အခြေအနေရှိသူဖြစ်သည်။ ထို့ကြောင့် ထိုအချိန်တွင် သူမသည် သူမအသက်ကို အန္တရာယ်ပြုကာ ချန်မိသားစုနှင့် လက်ထပ်ခြင်း ဖြစ်သည်။
လွန်ခဲ့သည့်လအနည်းငယ်အတွင်း ချန်ရှင်းသည် သူမအား ထိရန် အစပြုခဲ့ခြင်း မရှိခဲ့ပေ။ သူ့ကို ကျီစယ်ရန် အစပြုပြီးမှသာ သူက ကျေနပ်စွာ လုပ်လိမ့်မည်။
သူမသည် သူ့ပတ်ဝန်းကျင်ရှိ အမျိုးသမီးအားလုံးကို တွေးထင်ခဲ့သည်။ နောက်ဆုံးတွင် သူမက တစ်စုံတစ်ယောက်အကြောင်း တွေးလိုက်မိသည်။ ဖြစ်နိုင်ခြေအရှိဆုံးနှင့် သံသယအရှိဆုံးသူမှာ အစိုးရပိုင် စားသောက်ဆိုင်တစ်ခုတွင် အလုပ်လုပ်နေသော ဝမ်နီအာဖြစ်သည်ဟု သူမ ခံစားခဲ့ရသည်။
သူမသည် တစ်ဖက်သူအား စမ်းသပ်ရန် အခွင့်အရေးရှာရန် ဆုံးဖြတ်ခဲ့သည်။
ချန်ရှင်းသည် ချောင်မိသားစုမှတဆင့် ဒုရဲမှူးနှင့် မည်သို့ဆက်သွယ်ရမည်ကို တွေးနေသည်။ ထို့ကြောင့် သူမအကြည့်ကို ခဏတာ သတိမထားမိလိုက်ပေ။