← Chapters

အခန်း (၁၂၂)

Vol. 10 Ch. 122

အခန်း (၁၂၂)

Vol. 10 Ch. 122

လွန်ခဲ့သည့် ခြောက်လတွင် သူမသည် အဖွား၊ အဘိုးနှင့် အများဆုံး ဆက်ဆံသည်။ သူမ၏ နှလုံးသားထဲတွင် သူတို့၏ အဆင့်အတန်းသည် သူမအဖေထက် သာလွန်နေပြီဖြစ်သည်။

ထို့ကြောင့် တစ်နေ့တွင် သူမမအဖွားက အိပ်ပျော်သွားပြီး ဘယ်တော့မှ ပြန်မထနိုင်တော့ဟု မထင်ထားမိပေ။ မျက်​လုံး​တွေ​ရောင်​လာသည်အထိ ငိုမှာ​ သေချာသည်​။

ချောင်ရှို့ကျီက သူမ၏ ဆံပင်ကို ပွတ်လိုက်သည်။ "အရူးလေး"

မည်မျှပင် ပင်ပန်းနေပါစေ၊ သူမက ရှေ့ကို လျှောက်လှမ်းနေမည်မှာ သေချာသည်။

သို့သော် သူမသည် အသက်အနည်းငယ်ပိုရှည်နိုင်သည်။ သူမက အိမ်ထောင်ကျ၊ ကလေးရပြီး အခြားဆက်ဆံရေးများ ထူထောင်ပြီးလျှင် ထွက်သွားမည်။ ထိုနည်းနှင့် ကလေးက အရမ်းဝမ်းနည်းနေမည် မဟုတ်ပေ။

"အဖွား၊ အမေကို အခုနက တွေ့ယ်။ အရမ်းထူးဆန်းတယ်" သာ့ချောင်သည် သူမအဖွား၏ ရင်ခွင်ထဲတွင် ခိုဝင်ပြီး ပြောသည်။

"သူမက သမီးကို တစ်ခုခုပြောခဲ့လား?"

ချောင်ရှို့ကျီက ခေတ္တရပ်လိုက်သည်။ သို့မှသာ 'အမေ' သည် မိထွေးလင်းဟွေ့ကို ရည်ညွှန်းခြင်းမဟုတ်ပဲ မိခင်အရင်း ဖန်ရှောင်ကျွမ်းဖြစ်သည်ကို သူမ သိလိုက်ရသည်။

သာ့ချောင်က ခေါင်းခါလိုက်သည်။ သူမ၏ ခေါင်းပေါ်ရှိ ဆံမြီးလေးသည် သူမ၏ လှုပ်ရှားမှုနှင့်အတူ တုန်ခါနေသည်။ "သူမ ဘာမှ မပြောဘူး။ သမီးကို ထူးဆန်းတဲ့ အကြည့်တွေနဲ့ ကြည့်ပြီး ဝှေ့ယမ်းပြတယ်။ သမီးက ကြောက်ပြီး ထွက်ပြေးလာခဲ့တယ်!"

တကယ်တွင် သူမအမေကို ဘာကြောင့် ကြောက်ရကြောင်း မရှင်းပြနိုင်ပေ။

အရင်က သူမကို ကြိမ်းမောင်းပြီး ရိုက်နှက်လျှင်ပင် တွေ့သည့်အခါ ရင်းနှီးချင်နေတုန်းပင်။

သူမအပေါ် မကောင်းကြောင်းနှင့် သူမအချစ်ကို မမျှော်လင့်တော့ကြောင်း သိလိုက်ရသော်လည်း သူမကို ဘယ်တော့မှ မကြောက်ခဲ့ပေ။

သို့သော် ဒီတစ်ကြိမ်မှာတွင် မသိစိတ်က သူမနှင့် မနီးစပ်ချင်ပေ။

ချောင်ရှို့ကျီက မျက်မှောင်ကြုတ်ပြီး လေးနက်စွာပြောသည်။ "သမီး သူမကိုကြောက်ရင် နောင်အနာဂတ်မှာ သူ့ကိုတွေ့ရင် ထွက်ပြေး!"

အရင်က သူမက ဖန်ရှောင်ကျွမ်း ဆေးရုံက ဆင်းလျှင် သာ့ချောင်ကို ခေါ်သွားရန် စီစဉ်ခဲ့သည်။ ယခုမူကား မလိုအပ်တော့ပေ။

ဝမ်မိသားစုတွင် လူနှစ်ဦး ဆက်တိုက်သေဆုံးခဲ့သည်။ အကြောင်းရင်း အတိအကျကို မသိသော်လည်း ဖန်ရှောင်ကျွမ်းနှင့် ဆက်စပ်နိုင်သည်။

ထိုသို့ဖြစ်လျှင် ဝမ်မိသားစုသည် ဖန်ရှောင်ကျွမ်းနှင့် ရှောင်ချောင်ကို သည်းမခံတော့မည်မှာ သေချာသည်။

ဖန်ရှောင်ကျွမ်းသည် သာ့ချောင်၏ မိခင်ဖြစ်သော်လည်း သူမသည် ဒုတိယချောင်နှင့် ကွာရှင်းပြီးပြီ။ ထို့ကြောင့် ကြောက်စရာ မလိုပေ။

သူမ ပိုဂရုစိုက်သည်က ရှောင်ချောင်ပင်။

ရှောင်ချောင်သည် ဒုတိယချောင်၏ သမီးအရင်းဖြစ်သည်။ ချောင်အိမ်သို့ပြန်ရန် တောင်းဆိုပါက သူမကို မတားနိုင်ပေ။

ထိုအချိန်တွင် ချောင်မိသားစုသည် နောက်တစ်ကြိမ် မငြိမ်းချမ်းတော့ပေ။

ဒီသားအမိနှစ်ယောက်က တကယ်ကို ဒုက္ခပေးသည်။ ဘယ်သွားသွား ဒုက္ခရောက်လိမ့်မည်။

သာ့ချောင်သည် သူမအဖွား၏ စကားကို ကြားသောအခါ လက်ခံပြီး ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ၊ သမီး နောက်ခါ တွေ့ရင် ရှောင်သွားလိုက်မယ်!"

ချောင်ရှို့ကျီက အာရုံပြန်ဝင်လသည်။ "သွားရအောင်။ သမီးအဘိုးနဲ့ ပိုက်ဆံအိတ်လုပ်နည်းကို သင်ယူချင်တယ်လို့ ပြောတယ် မဟုတ်ဘူးလား? ညနေစာစားဖို့ အိမ်မှာ နေရအောင်"

"ကောင်းပြီ အဖွားကို နောက်မှ ကူညီမယ်!"

သာ့ချောင်သည် အစားအသောက်နှင့်ပတ်သက်သည့် သတင်းကိုကြားသောအခါ ကြောက်ရွံ့မှုကို ချက်ချင်းမေ့သွားသည်။ သူမ၏ မျက်လုံးများက အပြုံးဖြင့် ကွေးညွတ်သွားသည်။

...

ဝမ်ချွမ်ကျီသည် အလုပ်မှပြန်လာသောအခါ သာ့ချောင်သည် အိမ်ဟောင်းတွင် နောက်တစ်ကြိမ်ထပ်နေတော့မည်ကို သိလိုက်သည်။ အားလုံးက ဂရုမစိုက်ချိန်တွင် သူမကို ဓား​မြောင်နှင့် ထိုးမည်ကဲ့သို့ လှမ်းကြည့်လိုက်သည်။

ချောင်ဖိနပ်လျက်လေး!

နေ့တိုင်း သူမက အိမ်ဟောင်းကို အလကားစားရန် ရောက်လာသည်။ ဒုတိယချောင်နှင့် လင်းဟွေ့သည် သူမကို သင်ကြားထားပေးပုံပင်။

ချောင်တုန်းယင်သည် သူမအမေ၏ သေးငယ်သော လှုပ်ရှားမှုများကို သတိပြုမိသည်။ သူမက မျက်လုံးကို လှိမ့်လိုက်ပြီး ပြောသည်။ "အမေ၊ အမေ့တစ်ကိုယ်လုံးက ဝက်ချေးနံ့တွေ ထွက်နေတာ။ အခု ရေမချိုးသေးဘူး။ အနံ့က သေလောက်အောင် နံနေပြီ!"

ချောင်ကျန်းကော်က ဝင်လာသည်။ ဒီစကားကိုကြားပြီး သူငယ်ချင်းတစ်ယောက်ကို တွေ့လိုက်သလို ခံစားလိုက်ရသည်။ "ကြားလား ဇနီး။ မနေ့ညက မင်းက ဝက်နံ့နဲ့ တူနေပြီလို့ပြောတာ မင်းမယုံဘူး။ အခု မင်းယုံသင့်ပြီ"

ဝမ်ချွမ်ကျီက ဒေါသထွက်ပြီး မျက်နှာက နီရဲလာသည်။ "...ချောင်ကျန်းကော် ပါးစပ်ပိတ်ထား!"

ချောင်ကျန်းကော်က အဲ့ဒီမှာ မရပ်ဘဲ ဆက်ပြောသည်။ "မိန်းမရယ်၊ ဝက်ခြံထဲမှာ ဘာလို့ အလုပ်ရတာ ကြိုက်တာလဲ? မင်းက အဆီကျတဲ့ ဝက်နဲ့တူတယ်။ အခု မင်း ဝက်တစ်ကောင်လို အနံ့ရနေတာ။ မင်း ဝက်ဖြစ်သွားမှာကို ငါ တကယ်ပဲ စိုးရိမ်တယ်"

သွေးအန်လုနီးပါး ဖြစ်နေသော ဝမ်ချွမ်ကျီ "..."

စကားမပြောနိုင်ရင် ပါးစပ်ပိတ်နေလိုက်။

နေ့တိုင်းလိုလို မဟုတ်တာ ပြောတတ်သည်။ သူမကို ရန်မစရလျှင် အနားမယူနိုင်ပေ။

ချောင်တုန်းယင်သည် သူမအမေက ရှက်ရွံ့သွားသည်ကို မြင်လိုက်ရသည်။ သူမက ပြုံးပြီး တိတ်တိတ်လေး ​ထွက်သွားသည်။

အန်းပင်းသည် ဦးခေါင်းကို ကုတ်လိုက်သည်။ စားပွဲပေါ်ရှိ စာအုပ်ကို စိုက်ကြည့်ရင်း သူ့မျက်နှာသည် အဘိုးကြီးတစ်ယောက်အဖြစ်သို့ ရှုံ့တွလုနီးပါး ဖြစ်သွားသည်။

သာ့ချောင် ​ရောက်​လာသည်​ကို မြင်​သောအခါ မျက်​လုံးများက ​တောက်​ပလာသည်​။ သူက ချက်ချင်းပဲ သူမကို ခေါ်လိုက်သည်။ "ညီမလေးသာ့ချောင်၊ ဒီကိုလာ!"

သာ့ချောင်က သူမအဖွားကို ကူညီရန် မီးဖိုချောင်ထဲဝင်တော့မသည်။ ဝမ်းကွဲအစ်ကို၏ ခေါ်သံကိုကြားပြီး သူမက ပြေးသွာပြီး မေးလိုက်သည်။ "ဝမ်းကွဲအစ်ကို၊ ညီမလေးကို ခေါ်တာလား?"

အန်းပင်းသည် သူမရှေ့တွင် အိမ်စာများကို တွန်းပေးလိုက်ပြီး ပြောသည်။ "ညီမသာ့ချောင်၊ ဒီအိမ်စာတွေကို လုပ်နိုင်မယ်လို့ ထင်လား?"

သာ့ချောင်သည် ဒုတိယတန်းတွင်သာ ရှိသေးသော်လည်း ပြဌာန်းစာအုပ်များကို ကိုယ်တိုင်လေ့လာပြီးမြောက်ခဲ့ပြီဖြစ်သည်။ မကြာသေးမီက သူမသည် တတိယတန်းအတွက် ပြဌာန်းစာအုပ်များကို စတင်လေ့လာခဲ့သည်။ ထို့ကြောင့် အန်းပင်းသည် သူမအား မေးခြင်းမှာ ပြဿနာမ​ရှိပေ။

သူမက ငုံ့ကြည့်လိုက်သည်။ ခေါင်းငြိမ့်ပြကာပြောသည်။ "ဘယ်လိုလုပ်ရမလဲ သိတယ်။ ဒီအိမ်စာက လုံးဝမခက်ဘူး"

အန်းပင်း၏ ပါးစပ်က တွန့်သွားသည်။ "ညီမသာ့ချောင်၊ ခက်ရင် အစ်ကို့ကို ကူပေးပါလား?"

သာ့ချောင်၏ မျက်နှာသည် လေးနက်လာသည်။ "ဝမ်းကွဲအစ်ကို၊ ဘယ်လိုလုပ် ဒီလို အကြံရတာလဲ? ဒါက လှည့်စားနေတာ။ အဖွားကို ပြောပြမယ်!"

အန်းပင်းသည် အလွန်ထိတ်လန့်သွားပြီး သူ၏ ခြေသလုံးများ တုန်လှုပ်သွားသည်။ သူက သူမကို အမြန်ဖမ်းဆွဲပြီး ပြောလိုက်သည်။ "မသွားနဲ့၊ ဝမ်းကွဲအစ်ကိုက ညီမလေးနဲ့ နောက်ပြောင်နေတာ"

သာ့ချောင်သည် ခေါင်းကို လှည့်ကာ နက်မှောင်သော မျက်လုံးများဖြင့် သူ့ကို ကြည့်နေသည်။ "တကယ်လား?" ဟု သံသယဖြင့် မေးသည်။

အန်းပင်းက ခေါင်းညိတ်သည်။ "တကယ်ပါ။ နောက်စာမေးပွဲမှာ အမှတ်လေးဆယ်ရမယ်လို့ ကတိပေးထားပြီးသားပါ။ ဒါဆို အစ်ကိုက ဘယ်လိုလှည့်စားရမလဲ! ဒါပေမယ့် ဒီမေးခွန်းတွေကို အစ်ကိုသိတယ်၊ ဒါပေမယ့် သူတို့က အစ်ကို့ကို မသိဘူး၊ အဲဒါက လူကို စိတ်ဆင်းရဲစေတယ်!"

ဝမ်းကွဲအစ်ကို၏ သက်ပြင်းချကာ ငိုကြွေးနေသော ပုံစံကို ကြည့်ရင်း ပါးစပ်ကို ဖုံးကာ ရယ်မောလိုက်သည်။

အန်းပင်းသည် စိတ်ထားကောင်းသည်။ ရယ်သဖြင့် စိတ်မဆိုးပေ။ သာ့ချောင်ကိုကြည့်ပြီး သူ့မျက်လုံးတွေက ရုတ်တရက်တောက်ပလာသည်။ "ညီမသာ့ချောင်၊ အစ်ကို့ကို စာသင်ပေးပါလား?"

အရင်က လေးနက်စွာ မလေ့လာထားသဖြင့် အခြေခံကို အများကြီး မသိပေ။ ယခု လေ့လာရန် အများကြီး အားထုတ်ရသည်။

အစ်မအကြီးဆုံးက အတန်းတွင် ကောင်းသော်လည်း မကြာခင် မူလတန်းကျောင်းဆင်းစာမေးပွဲကို ဖြေဆိုရတော့မည်။ သူမကို မနှောင့်ယှက်ဝံ့ပေ။

သူ့ဒုတိယအစ်မကမူ သူ့ကိုယ်အလေးချိန်ကို သူစဉ်းစားသည်။ ထို့အပြင် သူ၏ဒုတိယအစ်မသည် ရက်စက်လွန်းလှသည်။ တစ်ကြိမ်သာ နားမလည်ပါက သူမ၏ လက်သီးများ ပေါ်လာနိုင်သည်။

ထို့ကြောင့် အများကြီးစဉ်းစားပြီးမှ ညီမလေးသာ့ချောင်ကသာ အသင့်တော်ဆုံး ဖြစ်သည်။

ညီမလေးသာ့ချောင်သည် တော်ရုံသာမက နူးညံ့ချိုသာသည်။ နားမလည်လျှင်ပင် အပြစ်တင်မည် မဟုတ်ပေ။

သာ့ချောင်သည် မကြာသေးမီက သူမ၏ မောင်လေးနှစ်ယောက်ကို အိမ်တွင် စာသင်ပေးနေသည်။ သူမသည် အလွန်အတွေ့အကြုံရှိပြီး ဆရာဖြစ်ခြင်းကို စွဲလန်းသူဖြစ်သည်။

ခဏလောက် စဥ်းစားကာ အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ၊ ဝမ်းကွဲအစ်ကို၊ အစ်ကို့ကို ကြိုသတိပေးထားမယ်။ မပျင်းရဘူး၊ မဟုတ်ရင် အစ်ကို့ကို ယဉ်ကျေးမှာ မဟုတ်ဘူး!"

သူမ၏ နူးညံ့သောအသံကြောင့် အန်းပင်းသည် "ယဉ်ကျေးမည်မဟုတ်" ဟူသော စကားကို စိတ်ထဲတွင် လုံးဝမထားပေ။

သို့တိုင် သူက ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ သင်ခန်းစာကို သေချာနားထောင်ပါ့မယ်!"

ထို့ကြောင့် သာ့ချောင်က သူမအဖွားကို အသိပေးရန် ပြေးသွားသည်။ ထို့နောက် ဝမ်းကွဲအစ်ကိုကို စာသင်ရန် ပြန်လာသည်။

ညီမလေးသာ့ချောင်က သန်မာသည် ဆိုသည်ကို အန်းပင်းက တစ်ချိန်လုံး မယုံပေ။

နူးညံ့သိမ်မွေ့သော ညီမလေးသာ့ချောင်က မည်ကဲ့သို့ သန်မာနိုင်မည်နည်း။

သို့သော် အခု သူယုံသွားပြီ။

ညီမလေးသာ့ချောင်သည် ဤမျှ အစွမ်းထက်မည်ဟု သူ အမှန်တကယ် မမျှော်လင့်ထားပေ။ ညီမလေးသာ့ချောင်က ယဉ်ကျေးမည်မဟုတ်ဟု ပြောသည်က တကယ် အဓိပ္ပါယ်ရှိမည်ဟု မထင်ခဲ့မိပေ။

ဒီလိုဖြစ်ရခြင်း၏ အကြောင်းအရင်းမှာ စာရှင်းပြသည်ကို နားထောင်ရင်း စိတ်ပျံ့လွင့်လာသဖြင့် ဖြစ်သည်။ သာ့ချောင်က သူ့ကို နှစ်ကြိမ်သတိပေးခဲ့ပြီး တတိယအကြိမ်မြောက်တွင် သူမက ရိုက်လိုက်သည်။

သာ့ချောင်က သူ့လက်ဖမိုးကို ရိုက်လိုက်သည်။ အန်းပင်း၏ လက်ဖမိုးသည် ချက်ချင်းပင် အနီရောင်ပြောင်းသွားသည်။

အန်းပင်း - ညီမလေးသာ့ချောင်က အရမ်းကြောက်ဖို့ကောင်းတယ်။

သာ့ချောင်သည် နူးညံ့သိမ်မွေ့သော မျက်နှာရှိပြီး သူမ၏ အသံသည် နူးညံ့ချောမွေ့နေသည်။ "ဝမ်းကွဲအစ်ကို၊ သတိထားရမယ်။ ဒါကို ထပ်လုပ်ရင် ညီမလေး တကယ်ကို သည်းမခံဘူး!"

အန်းပင်း - "..."

အခုနက သည်းခံထားတာလား?

ဘယ်လိုမျိုးက သည်းမခံတာလဲ?

ရုတ်တရက် သူက နောင်တနည်းနည်း ရသွားသည်။ အကယ်၍ ညီမလေးသာ့ချောင်သည် အလွန်တင်းကြပ်ကြောင်း သူသိပါက ဒုတိယအစ်မကို ဆရာဖြစ်ရန် တောင်းဆိုပေမည်။

"သာ့ချောင်၊ အရူးမလေး။ နင့်ရဲ့ဝမ်းကွဲအစ်ကိုကို ဘာလို့ရိုက်နေတာလဲ?"

ဝမ်ချွမ်ကျီသည် ရေချိုးခန်းမှ ထွက်လာသောအခါ သာ့ချောင်က အန်းပင်းကို ရိုက်နေသော မြင်ကွင်းကို တွေ့လိုက်ရသည်။ ချက်ခြင်း လည်ပင်းလိမ်သည့်ကြက်လို ထအော်သည်။

အန်းပင်းသည် သူ့အမေက ပြေးလာသည်ကို တွေ့လိုက်ရသည်။ "အမေ၊ သာ့ချောင်ကို မဆူနဲ့။ သူမက သားကို နောက်ဆက်တွဲ သင်ခန်းစာ ပေးနေတယ်။ စာရှင်းတာကို ဂရုမစိုက်လို့ သူမက သားကို ရိုက်တာ"

ထိုစကားကို ကြားပြီး ဝမ်ချွမ်ကျီက အံ့အားသင့်သွားသည်။ " နင်ဘာပြောလိုက်တာလဲ? သာ့ချောင်က သားကို အပိုသင်ခန်းစာပေးနေတယ်လို့ ပြောတာလား? သားက တတိယတန်းရောက်နေပြီး သူက ဒုတိယတန်းပဲရှိသေးတာ။ သူမက ကျောင်းတက်တာ သုံးလပဲ ရှိသေးတယ်။ ဘယ်လိုမျိုး အပိုသင်ခန်းစာတွေ ပေးနိုင်မလဲ?"

အန်းပင်းက သူ့နားကို ကုတ်လိုက်သည်။ "ညီမသာ့ချောင်က ဘာလို့ သားကို အပိုသင်ခန်းစာ မပေးနိုင်ရမှာလဲ? စာမေးပွဲမှာ အမှတ် ၁၀၀ နှစ်ခု ရတယ်။ အခု တတိယတန်းအတွက် သူမဘာသာ စလေ့လာနေပြီ။ ဘဲဥကို အကြိမ်တိုင်း ပြန်ယူလာတဲ့ သူမက သားကို သင်ပေးဖို့ လုံလောက်တာထက် ပိုတယ်!"

သာ့ချောင်သည် အန်းပင်းထက်ငယ်သော်လည်း သူမသည် အန်းပင်း၏ ဆရာမငယ်ဖြစ်သည်။ ဝမ်ချွမ်ကျီ၏ မျက်လုံးထဲတွင် ဤအရာသည် မယုံနိုင်စရာနှင့် အလွန်ရှက်စရာကောင်းလှသည်။

သို့သော် အန်းပင်းကို ကြိမ်းမောင်းရန် သူမက ဝန်လေးနေသဟ်။ ရွေးချယ်စရာမရှိဘဲ သူမက ပြောလိုက်သည်။ "ဒါဆို သာ့ချောင်က သားကို မရိုက်သင့်ဘူး..."

စကားမဆုံးခင် မီးဖိုချောင်ထဲမှ ယောက္ခမ၏ အသံကို ကြားလိုက်ရသည်။ "အကြီးဆုံးရဲ့ ဇနီး၊ နင်အရမ်းအားနေရင် လာပြီး မီးမွေး!"

ဝမ်ချွမ်ကျီ၏ ဗိုက်က ပိုကြီးလာသဖြင့် ချောင်ရှို့ကျီက သူမကို တစ်ခုခုနှင့် ထိမိမည် စိုးရိမ်သောကြောင့် မီးဖိုချောင်တွင် အလုပ်လုပ်ခွင့်မပေးပေ။

ဝမ်ချွမ်ကျီသည် ယောက္ခမ၏ အသံကိုကြားသောအခါ တုန်လှုပ်သွားသည်။ သူမသည် ဒေါသထွက်ပြီး ကြောက်သည်။

သူမက သာ့ချောင်ကို စိုက်ကြည့်ကာ မီးဖိုချောင်ဘက်သို့ ဖြည်းညှင်းစွာ လှည့်ထွက်သွားသည်။

သူ့အမေ ထွက်သွားသည်ကိုမြင်ပြီး အန်းပင်းက သက်ပြင်းချလိုက်သည်။ "အမေပြောတိုင်း ငါ့နားထဲမှာ ယင်ကောင်တွေ အများကြီး ပျံနေတာကို ခံစားရတယ်။ Buzz buzz... အရမ်းဆူညံနေတယ်!"

သူက ပြောပြီးသည်နှင့် လျှာကိုထုတ်ကာ မျက်လုံးကို လှန်ကာ စားပွဲပေါ် လဲကျသွားသည်။ သူတကယ်ကို သေသည်အထိ စိတ်အနှောင့်အယှက်ဖြစ်ပုံရသည်။

သာ့ချောင်သည် ဝမ်းကွဲအစ်ကို၏ ရယ်စရာကောင်းသော ပုံစံကိုကြည့်ပြီး ရယ်မောလိုက်သည်။ သူမ ခေါင်းကို လှည့်လိုက်သောအခါ သစ်ပင်ကြီးအောက်ရှိ ဝမ်အာလေးက သူမတို့ကို ကြည့်နေသည်အား သတိထားမိလိုက်သည်။

သူမကို ကြည့်လိုက်သောအခါ ခေါင်းငုံ့ပြီး မြေပြင်ပေါ်က ပုရွက်ဆိတ်များကို ဆက်စိုက်ကြည့်နေသည်။

သာ့ချောင်၏ မျက်လုံးက လှည့်ပတ်သွားသည်။ သူမက လမ်းလျှောက်လာပြီး ပြောလိုက်သည်။ "ဝမ်အာ၊ ညီမလေးက အစ်မဆီကနေ သင်ယူချင်လား? အစ်မက ညီမလေးကို ဘယ်လိုရေတွက်ရမလဲ သင်ပေးမယ်"

ဝမ်အာက ဘာဖြစ်နေလဲဆိုသည်ကို သူမ မသိပေ။

သူမသည် သာမန်ကလေးထက် ပိုတိတ်ဆိတ်နေပြီး စကားပြောရန် မနှစ်သက်ပေ။ ၎င်းက ပြဿနာမရှိပုံပင်။

သို့သော် လူတိုင်းက သူမကို ထူးဆန်းသည်ဟု ဆိုကြသည်။ ထို့ကြောင့် သူမကို နှစ်ရက်တိုင်း ကျောက်စိမ်းပုတီးစေ့ရေ ပေးခဲ့သော်လည်း အလုပ်မဖြစ်ပေ။

ဝမ်အာလေးသည် မြေပြင်ကို စိုက်ကြည့်ကာ မလှုပ်ပေ။

သာ့ချောင်က စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ သူမက လှည့်ထွက်သွားတော့မည့်အချိန်တွင် ဝမ်အာက မတ်တပ်ရပ်ကာ သူမ၏ အင်္ကျီလက်ကို ဆွဲကိုင်ထားသည်။

သာ့ချောင်က ခေတ္တမျှ ​မှင်သက်သွားသည်။ ဆွဲထားသည့် လက်ကို ငုံ့ကြည့်ရင်း သူမ၏ နှလုံးသားက လှုပ်ခါသွားသည်။ "ဝမ်အာလေး၊ ညီမလေးက အစ်မဆီကနေ သင်ချင်တာလား?"

All Chapters