← Chapters

အခန်း (၁၂၃)

Vol. 10 Ch. 123

အခန်း (၁၂၃)

Vol. 10 Ch. 123

ဝမ်အာလေး၏ အမူအရာသည် ဗလာဖြစ်နေသည်။ သူမထံမှ တုံ့ပြန်မှု မရှိပေ။ နက်မှောင်သော မျက်လုံးတစ်စုံဖြင့် သူမကို ပြန်ကြည့်နေသည်။

သာ့ချောင်က သူမလက်လေးကို ဆုပ်ကိုင်လိုက်သည်။ သူမက မဆန့်ကျင်သည်ကို မြင်ပြီး ကျောက်စားပွဲဆီ ခေါ်သွားသည်။

ထို့နောက် သူမအား တိုးတိုးလေးပြောသည်။ "ဝမ်အာ၊ ဒီမှာ ခဏထိုင်ဦး။ အစ်မက ဒီမေးခွန်းတွေကို ဝမ်းကွဲအစ်ကိုကို ရှင်းပြလိုက်ဦးမယ်။ ပြီးရင် ရေတွက်နည်းကို သင်ပေးမယ် ဟုတ်ပြီလား?"

ဝမ်အာလေးက စကားမပြောသေးပေ။ ကျောက်တုံးပေါ်တွင် ထိုင်ချလိုက်သည်။

၎င်းကို မြင်ပြီး အန်းပင်းက အံ့သြသွားသည်။ "ညီမလေးသာ့ချောင်၊ မင်းက အရမ်းအံ့သြစရာကောင်းတယ်။ တခြားသူတွေကို အာရုံစိုက်တဲ့ ဝမ်အာလေးကို မြင်ဖူးတာ ဒါပထမဆုံးပဲ!"

သာ့ချောင်က သူမမျက်နှာကို တည်တည်ထားလိုက်သည်။ "ဝမ်းကွဲအစ်ကို၊ မြန်မြန်ထိုင်ပြီး ဒီပုစ္ဆာကို လုပ်!"

အန်းပင်း- ညီမလေးသာ့ချောင်က ဘာလို့ မျက်နှာနှစ်ခုရှိတာလဲ?

ဝမ်ချွမ်ကျီသည် လိပ်အရှိန်ဖြင့် ရှေ့သို့ သွားသဖြင့် မီးဖိုချောင်နှင့် မလှမ်းမကမ်းသာ ရှိသေးသည်။

သူမက လှမ်းဝင်လာသည်နှင့် ချောင်ရှို့ကျီ၏ အေးစက်သော အသံကို ကြားရသည်။ "ပဉ္စမဇနီး၊ ကြက်ခြံကို သန့်ရှင်းရေး သွားလုပ်။ အကြီးဆုံးဇနီး၊ မီးကို ထိန်းပေး!"

ချန်ချောင်ချောင်သည် ဝမ်ချွမ်ကျီကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် မတ်တပ်ထရပ်ပြီး လှည့်ထွက်လာသည်။

ဝမ်ချွမ်ကျီက သူမနောက်ကို လှည့်ကြည့်လိုက်သည်။

ချောင်ကျန်းမင် ခရိုင်ကိုသွားကတည်းက သူမက အမြဲတမ်း အသက်မဲ့နေသည်။

သူမရဲ့ ယောက်ျားမရှိရင် အသက်မရှင်နိုင်ဘူးလား?

ချန်ချောင်ချောင် ဒီလိုမျိုး ဖြစ်ရသည့် အကြောင်းရင်းက သူမထံတွင် သားတစ်ယောက် မရှိသောကြောင့်ဟု ဝမ်ချွမ်ကျီက ခံစားရသည်။

သူမထံတွင် သားတစ်ယောက်ရှိလျှင် အခြားမိန်းမများကို စိုးရိမ်စရာ မလိုပေ။

ထို့ကြောင့် နိဂုံးချုပ်အနေနှင့် ချန်ချောင်ချောင်က သူမလောက်ကံမကောင်းခဲ့ပေ။

သူမက စဥ်းစားရင်း ထင်းကို ဆက်တိုက် ထည့်နေသည်။ မီးပြင်းသဖြင့် အိုးထဲရှိ ရေက လျင်မြန်စွာ အငွေ့ပျံသွားသည်။

ချောင်ရှို့ကျီက အော်လိုက်သည်။ "အကြီးဆုံးရဲ့ဇနီး၊ ဒါက နင်ပထမဆုံးအကြိမ် မီးမွေးတာလား? ထင်းတွေအများကြီးနဲ့ ငါဘယ်လိုချက်ပြုတ်ရမှာလဲ?"

ဝမ်ချွမ်ကျီက အာရုံပြန်ရလာသည်။ မီးဖိုထဲမှ မီးလျှံထွက်တော့မည်ကို မြင်ပြီး အထူဆုံး ထင်းခြောက်ကို ထုတ်ယူလိုက်သည်။

သစ်သားခြောက်သည် နီရဲအောင် မီးမစွဲသော်လည်း အပူချိန်မနိမ့်ပေ။

လက်ဗလာနှင့် ဆုပ်ကိုင်လိုက်သဖြင့် ချက်ချင်းပင် အပူလောင်သွားသည်။ "အိုး! အိုး၊ပူတယ်။ ငါ့လက်က ပူနေပြီ!"

သူမ လက်ကို စစ်ဆေးကြည့်လိုက်သည်။ အဖုများက ချက်ချင်းပေါ်လာသည်။

ချောင်ရှို့ကျီသည် သူမ၏ ရဲဝံ့သော လုပ်ရပ်ကြောင့် အံ့အားသင့်သွားသည်။ "ထင်းခြောက်က လောင်နေတာကို နင်က လက်ဗလာနဲ့ကိုင်နေတာ ဘယ်လိုလုပ် မထိခိုက်ဘဲနေမလဲ? နင့်ကိုယ်နင် ကြေးနီနံရံ ဒါမှမဟုတ် သံနံရံလို့ ထင်နေတာလား?"

ဝမ်ချွမ်းကျီက နာကျင်းလွန်းသဖြင့် မျက်လုံးမှ မျက်ရည်များက စီးကျလာသည်။ "အမေ၊ ကျွန်မဘဝက အရမ်းသနားစရာကောင်းတယ်... သေလောက်အောင် နာတယ်!"

အာရှကျားခြင်များ၏ အရည်ကြည်ဖုများက မျက်နှာပေါ်မှ လုံးဝပျောက်ကွယ်မသွားသေးပေ။ ပါးစပ်မှာ အနာကလည်း ပျောက်မသွားသေးပေ။ ယခု သူမ၏လက်သည် မီးလောင်ဒဏ်ရာများဖြင့် လောင်နေသည်။

လောကကြီးမှာ သူမထက် ပိုဒုက္ခရောက်တဲ့ သူရှိလား?

လူမိုက်များသည် ဘဝက သနားစရာကောင်းလျှင် လူ့အဖွဲ့အစည်းကို အပြစ်တင်သည်။

ချောင်ရှို့ကျီက မျက်လုံးလှိမ့်ပြီး ပြောသည်။ "ဒီမှာ ငါ နင့်ကို မလိုအပ်ဘူး။ မြန်မြန် ဆေးသွားလိမ်း!"

ဝမ်ချွမ်ကျီသည် မျက်ရည်များဝဲကာ မီးဖိုချောင်မှ ထွက်လာသည်။ ၎င်းကို တွေးကြည့်ပြီးနောက် သာ့ချောင်၏ အပြစ်ဟု ခံစားလိုက်ရသည်။

သာ့ချောင်နှင့် တွေ့တိုင်း မကြာခင် ကံဆိုးခြင်းနှင့် ကြုံရသည်။

ချောင်တုန်းယင်သည် လှုပ်ရှားမှုကိုကြားပြီး ပြေးထွက်လာသည်။ သူမအမေ၏ မီးလောင်ဒဏ်ရာကိုမြင်သဖြင့် ပြောလိုက်သည်။ "အမေ၊ အဖေပြန်လာတဲ့အခါ အမေ့ရဲ့ဒဏ်ရာကိုမြင်ရင် ဝက်ကင်ဖြစ်သွားပြီဆိုပြီး သေချာပေါက် ရယ်လိမ့်မယ်။ ယုံလား?"

ဝမ်ချွမ်ကျီက ဒေါသထွက်သွားသည်။ "ထွက်သွားး...!"

ချောင်တုန်းယင်က မျက်နှာပြောင်ပြပြီး သူမအဖွားကို မီးဖိုဘေး၌ ကူညီပေးသည်။

သာ့ချောင်သည် တစ်ညနေလုံး သူမအဖိုးနှင့် ပိုက်ဆံအိတ်ထိုးနည်းကို သင်ယူသည်။

နောက်နေ့တွင် အတန်းမတက်ရသောကြောင့် အိမ်ဟောင်းတွင် ဝမ်းကွဲအစ်မနှစ်ယောက်နှင့် အိပ်သည်။

...

ဈာပနကို ရိုးရှင်းသောနည်းဖြင့် ပြုလုပ်သည်။

ဝမ်မိသားစုတွင် လူနှစ်ဦး ဆက်တိုက်သေဆုံးခဲ့သည်။ ဈာပနနှစ်ခုကို သုံးရက်အတွင်း အပြီးတိုင် ပြုလုပ်ခဲ့သည်။

ဈာပနပွဲပြီးသောအခါ ဖန်ရှောင်ကျွမ်းနှင့် ဖြေရှင်းရန် ဆုံးဖြတ်ခဲ့ကြသည်။

ဝမ်အိမ်၏ ခန်းမတံခါးကို ပိတ်ထားသည်။

အခန်း၏ညာဘက်တွင် ဝမ်မိသားစုဝင်များ ထိုင်နေသည်။ အားလုံးက အဖြူရောင် အဝတ်အစားများကို ၀တ်ထားသည်။ သူတို့မျက်နှာများက ညိုမှိုင်းနေပြီး တစ်ချက်ကြည့်ရုံနှင့်တင် အလွန်ကြောက်စရာကောင်းသည်။

ဖန်ရှောင်ကျွမ်းသည် သူတို့နှင့် ဆန့်ကျင်ဘက်တွင် တစ်ယောက်တည်း ထိုင်နေကာ သူမ၏နှလုံးသည် တဆတ်ဆတ် ခုန်နေသည်။

လူများက ငယ်ရွယ်စဥ်တွင် မောက်မာကြသည်။ ကောင်းကင်နှင့်မြေကြီးကို မကြောက်ပေ။ အသက်နှစ်ဆယ်ကျော် ဖန်ရှောင်ကျွမ်းသာဆိုလျှင် ကြောက်မည် မဟုတ်ပေ။

သို့သော် ဒီခန္ဓာကိုယ်ထဲ၌ အသက်ငါးဆယ်အရွယ် ဖန်ရှောင်ကျွမ်း ရှိသည်။ ထိုနေ့တွင် သူမကို ဆေးရုံတွင် ဝမ်ရွှေရှန်က ရိုက်နှက်ခဲ့သည်။ ၎င်းကို တွေးကြည့်ရုံနှင့် တုန်လှုပ်သွားသည်။

ဝမ်မိသားစု၏ အမူအရာသည် အတူတူပင်။ သူတို့အားလုံးက ဖန်ရှောင်ကျွမ်းကို နီရဲသော မျက်လုံးဖြင့် ကြည့်နေကြပြီး သူမကို အပိုင်းပိုင်း ကိုက်ဖြတ်ချင်နေကြသည်။

သို့သော် ဖန်ရှောင်ကျွမ်းက တကယ် အသတ်ခံရလျှင် ဖန်မိသားစုက သူတို့ကို လွှတ်ထားမည် မဟုတ်မှန်း ကောင်းကောင်းသိသည်။

ထိုအချိန်၌ သိသွားလျှင် ပစ်သတ်ခံရလိမ့်မည်။ ဒီလို အမှိုက်အတွက် အသက်စွန့်ရန် မထိုက်တန်ပေ။

ဝမ်ရွှေရှန်၏ နဖူးရှိ သွေးကြောများက ဖောင်းပွလာသည်။ သူက ဒေါသကို ထိန်းပြီး ပြောလိုက်သည်။ "ဖန်ရှောင်ကျွမ်း၊ မင်းဒီမှာ အသက်ရှင်နေသေးတာ ကံကောင်းတယ်မှတ်!"

ရိုးသားသူသည် ရက်စက်သောအခါတွင် လူဆိုးထက် ပို၍ကြောက်စရာကောင်းသည်။ ဖန်ရှောင်ကျွမ်းက တုန်လှုပ်သွားသည်။

သို့တိုင် သူမက လည်ပင်းကို ဖြောင့်ထားပြီး ပြန်တုံ့ပြန်လိုက်သည်။ "အစ်ကိုကြီး၊ ဒီလိုပြောရတာ မတရားဘူး။ ကျွန်မလည်း ကျွန်မယောက်ျားကို တစ်ခုခု မဖြစ်စေချင်ဘူး။ အစ်ကိုကြီးက သူ့ကို စစ်တပ်ထဲ အတင်းမဝင်ခိုင်းရင် သတ်သေမှာ မဟုတ်ဘူး။ သူမသေရင် အမေလည်း လေဖြတ်မှာ မဟုတ်ဘူး"

ထို့ကြောင့် ဒီကိစ္စက သူမနှင့် ဘာမှ မဆိုင်ပေ။

ထို့ထက်မက သူမသည် ဓားစာခံဖြစ်သည်။

သူမကို မုဆိုးမဖြစ်စေခဲ့သည်။ သူတို့သည် သူမ၏ အကြံအစည်များကို ဖျက်ဆီးလိုက်ကြသည်။

ဖြန်း!

လျိုချွေ့ဟွားက အမြန်ပြေးလာပြီး သူမကို ပါးရိုက်လိုက်သည်။ "B*tch၊ နင့်လို မထီမဲ့မြင်ပြုတတ်တဲ့ မိန်းမကို တစ်ခါမှ မတွေ့ဖူးဘူး!"

ဖန်ရှောင်ကျွမ်းက အော်ဟစ်လိုက်သည်။ "လျိုချွေ့ဟွား၊ နင်ငါ့ကို ရိုက်ရဲတယ်လား? ဒါကိုယူလိုက်... Ahh..."

"ဒါကိုယူ၊ ဟေ့၊ နင်ပဲ ဒါကိုယူ!"

လျိုချွေ့ဟွားက ပေါက်ကွဲသွားသည်။ သူမသည် ဖန်ရှောင်ကျွမ်း၏ ဆံပင်ကို ဆွဲယူပြီး မြေပေါ်သို့ဆွဲချလိုက်သည်။

ကျန်သည့်ချွေးမနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ချက်ခြင်းထလိုက်ကြသည်။

ယောက်မသုံးယောက်သည် ဖန်ရှောင်ကျွမ်းကို အတူတကွ ရိုက်နှက်ကြသည်။

"အားးးးး၊ အမလေး! လူသတ်နေတယ်...အိုး... ဝူး..."

ဖန်ရှောင်ကျွမ်းက အော်ချင်သော်လည်း စတုတ္ထဝမ် ဇနီး၏ ဖိနပ်က သူမ၏ ပါးစပ်ကို ပိတ်ဆို့သွားသည်။

စတုထ္ထ​ဝမ်ဇနီး၏ ခြေထောက်သည် ချွေးစေးများ ရှိနေသည်။ ခြေထောက်ကို နေ့တိုင်းဆေးလျှင်ပင် သူမဖိနပ်က ငါးဆားငန်နံ့များ ပြည့်နှက်နေသေးသည်။

အနံ့ကြောင့် ဖန်ရှောင်ကျွမ်းက မျက်ဖြူလှန်သွားသည်။ သူမဗိုက်ထဲရှိ သည်းခြေရည်များပင် အန်ထွက်ချင်နေသည်!

ဝမ်မိသားစု၏ ယောက်ျားများသည် ထိုင်ပြီး ကြည့်နေကြသည်။ သူတို့ကို ဖျောင်းဖျရန် ဘယ်သူမှ တက်မလာကြပေ။

နေ့တစ်ဝက်လောက်ကြာပြီးနောက် ဖန်ရှောင်ကျွမ်း၏ ဆံပင်က ဆွဲနှုတ်ခံလိုက်ရသည်။ မျက်နှာပေါ်တွင် ပါးရိုက်ရာမှလွဲ၍ အခြားဒဏ်ရာများ မတွေ့ရပေ။

သို့သော် သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ နေရာများသည် ဒဏ်ရာများဖြင့် ဖုံးလွှမ်းထားသည်။

ဒီခွေးမတွေ။

အရမ်းဆိုးတယ်!

သူတို့က သူမကို ခန္ဓာကိုယ်ပေါ်ကို တမင် ရိုက်တယ်။

ဒီနေရာများကက ဒဏ်ရာရသွားလျှင် တခြားသူများကို မပြနိုင်ပေ။

"ကောင်းပြီ၊ နင်တို့မှာ အရည်အချင်းရှိရင် ငါ့ကို အခုသတ်လိုက်။ ဒါမှမဟုတ် မနက်ဖြန် နင်တို့ကို ရပ်ရွာမှာ ငါ သွားတိုင်မယ်!"

ဖန်ရှောင်ကျွမ်းက သူတို့ကို မုန်းတီးစွာ စိုက်ကြည့်နေသည်။

ဝမ်ရွှေရှန်က သရော်လိုက်သည်။ "သွားလေ။ မင်းသွားလို့ရတယ်။ နင် ငါတို့ကို ဘာသတင်းပေးချင်တာလဲ ငါသိချင်တယ်။ ငါက အဖွဲ့ခေါင်းဆောင်ဖြစ်နေတာကြာပြီ၊ ယောက်မတွေကြားက ရန်ဖြစ်တာကို သတင်းပို့နိုင်တာကို ငါမသိလိုက်ဘူး!"

ဖန်ရှောင်ကျွမ်းက အေးခဲသွားသည်။

အသက်အန္တရာယ် မကျရောက်သေးသရွေ့ သွေးထွက်သည့်တိုင် ညီအစ်မအချင်းချင်း ရန်ပွဲများတွင် ရပ်ရွာက ပါဝင်မည်မဟုတ်ပေ။

ဝမ်ရွှေရှန်က သူမကို ရိုက်နှက်လျှင် အိမ်တွင်းအကြမ်းဖက်ခံရသည်ဟု သူမပြောနိုင်သည်။ ဒါပေမယ့်အမျိုးသမီးချင်း ရန်ဖြစ်တဲ့အခါ ဘယ်သူက ဂရုစိုက်မှာလဲ?

ထို့အပြင် ဝမ်ရှင်းရှန်သည် သူမအား အိမ်တွင်းအကြမ်းဖက်မှု၊ ပညာတတ်လူငယ်တစ်ဦးနှင့် ဖောက်ပြန်ပြီး သူမ၏ကလေးကို သတ်ခဲ့သည်။ မူလက ၎င်းက အကြောင်းပြချက်ကောင်းများပင်။ သို့သော် အခု ဝမ်ရှင်းရှန်က ဆုံးသွားပြီ။

သူက သေဆုံးသွားပြီး သက်သေလည်း မရှိပေ။

ယဲ့ကျန်းကျန်းကလွဲလျှင် ထိုနေ့က ဘာဖြစ်သွားမှန်း ဘယ်သူမှ မသိလိုက်ပေ။

သူမသတင်းပို့ခဲ့လျှင်ပင် ယဲ့ကျန်းကျန်းက အမှန်အတိုင်းပြောမည် မဟုတ်ပေ။ ထိုအချိန်တွင် ယဲ့ကျန်းကျန်းသည် ဝမ်မိသားစုနှင့် ဇာတ်တိုက်ပြီး သူမဘာသာ ပြုတ်ကျသည်ဟု ပြောနိုင်သည်။ ဒါဆို သူမက ဘာလုပ်နိုင်မလဲ?

ရပ်ရွာက သူမစကားကို ယုံလျှင်ပင် ယဲ့ကျန်းကျန်းကိုသာ တိုက်ခိုက်နိုင်သည်။ ဝမ်မိသားစုကို သိပ်ပြီး ထိခိုက်မည် မဟုတ်ပေ။

ဝမ်ရှင်းရှန်က ကွယ်လွန်သွားသောကြောင့်ဖြစ်သည်။

လူသေသောအခါ မီးစာကုန်ခမ်းသွားသကဲ့သို့ပင်။ သူသေပြီးသည်နှင့် အထောက်အထားများ ပျောက်ကွယ်သွားကာ ရွာရှိလူထုက ဝမ်မိသားစုကို သဘောကျကြသည်။

သူမကို ဒီလိုမြင်ပြီး ဝမ်ရွှေရှန်၏ စိတ်ထဲ၌ ဝမ်းသာသွားသည်။ "ဖန်ရှောင်ကျွမ်း၊ မင်း ငါတို့ ဝမ်မိသားစုရဲ့ လူနှစ်ယောက်ကို သတ်ပစ်လိုက်တယ်။ အရင်ကိစ္စက ရှင်းသွားပြီ။ နောက်ပြီး ဒီနေ့ကစပြီး မင်းက ငါတို့ ဝမ်မိသားစုဝင် မဟုတ်တော့ဘူး!"

ဖန်ရှောင်ကျွမ်းက အာရုံ ပြန်ရလာသည်။ "နင်က ငါ့ကို မောင်းထုတ်ချင်နေတာလား? ငါမထွက်သွားဘူး။ ငါ့အိမ်ထောင်စုစာရင်းက ဝမ်မိသားစုရဲ့ လက်အောက်မှာ ရှိတယ်။ ငါမရွှေ့ချင်သရွေ့ မောင်းထုတ်ပိုင်ခွင့်မရှိဘူး!"

ဝမ်ရွှေရှန်က ဒီမိန်းမကို လက်သီးတစ်ချက်နှင့် သတ်ပစ်ရန် ဆန္ဒရှိသည်။ "အိမ်ထောင်စုစာရင်းကို ရွှေ့ဖို့ ငါမင်းကို ယွမ်တစ်ရာ ပေးမယ်။ အခုကစပြီး မင်း ငါတို့ ဝမ်မိသားစုနဲ့ ဘာမှမဆိုင်ဘူး။ မင်းမသွားချင်ရင်လည်း ရတယ်။ ဝမ်မိသားစုရဲ့ ပစ္စည်းတွေ ယူဖို့ မစဉ်းစားနဲ့"

ဖန်ရှောင်ကျွမ်းသည် မုန်းတီးမှုဖြင့် အံကြိတ်လိုက်သည်။

သူမသည် သူတို့ကို ဆန့်ကျင်ပြီး အိမ်ထောင်စုစာရင်းကို မထုတ်ဘဲ နေနိုင်သည်။ သို့သော် ဝမ်မိသားစုက သူမကို ဘာမှ မပေးလျှင် သူမ ဘာမှ မလုပ်နိုင်ပေ။

ထို့အပြင် ဝမ်ရှင်းရှန်နှင့် တတိယဝမ်တို့သာ တစ်မိသားစုလုံးတွင် အောင်မြင်ကြသည်။

ဝမ်ရှင်းရှန်က သေနေပြီ။ တတိယဝမ်ကမူ တစ်ယောက်နှင့်တစ်ယောက် ဆက်ဆံရန် အခွင့်အရေး မရှိပေ။ ရှိလျှင်ပင် သူ့ရှေ့၌ ခြေတစ်လှမ်းလှမ်းရန် မဝံ့ရဲပေ။

သူမသည် အရင်ဘဝတွင် တတိယဝမ်ကို အကြိမ်အနည်းငယ်တွေ့ဖူးသည်။ သူက သူမကို လှမ်းကြည့်လိုက်သောအခါ ထိတ်လန့်သွားပြီး ခြေထောက်တွေ ပျော့ခွေသွားသည်။

စစ်မြေပြင်၌ သွေးမြင်ဖူးသည့် လူကို သူမ နှိုးဆော်ဝံ့ပေ!

ထို့ကြောင့် ဝမ်မိသားစုကို ဆက်ပြီး တိုက်နေလျှင် တတိယဝမ်ပြန်လာသည်နှင့် သူမကို လွှတ်ထားမည် မဟုတ်ပေ။

၎င်းကိုတွေးပြီး ဖန်ရှောင်ကျွမ်းက တုန်ယင်စွာ ပြောသည်။ "ကျွန််မ ထွက်သွားနိုင်တယ်။ ဒါပေမယ့် ကျွန်မ အခုနေတဲ့အိမ်ကို ပေးရမယ်။ အဲဒါအပြင် ယွမ်ငါးရာ ပေးရမယ်!"

ဝမ်ရွှေရှန်က ရယ်သည်။

ကျန်​ ဝမ်​မိသားစု​တွေလည်း ရယ်​ကြသည်​။ "နင် ရွှေ့ရင် ရွှေ့လိုက်။ မရွှေ့ရင် တစ်ဖက်မှာနေ"

ဝမ်ရွှေရှန်က မတ်တပ်ရပ်ပြီး ထွက်ခွာရန် အသင့်ဖြစ်နေပြီ။

သူတို့သည် ဖန်ရှောင်ကျွမ်းကို အလွန်ရွံရှာနေကြသည်။ ဝမ်မိသားစု၏ အိမ်ထောင်စုစာရင်းတွင် ပေါ်နေသော သူမ၏အမည်ကိုပင် သည်းမခံနိုင်ကြပေ။

သူမကို ဖယ်ရှားပစ်ချင်နေကြသည်။ သို့သော် ဖန်ရှောင်ကျွမ်းက သူတို့ကို ခြိမ်းခြောက်ရန် ၎င်းကိုသုံးနိုင်သည်ဟု မဆိုလိုပေ။

သူတို့၏ ဝမ်မိသားစုကို နှစ်ကြိမ်တိုင်တိုင် ခြိမ်းခြောက်ဖူးသည်။ တတိယအကြိမ် ခြိမ်းခြောက်ခံရလျှင် သူတို့ ဝမ်မိသားစုက သေသွားနိုင်သည်။

"နှစ်ရာ၊ နှစ်ရာပေးပါ၊ မနက်ဖြန် ကျွန်မရဲ့ အိမ်ထောင်စုစာရင်းကို ပြောင်းပေးမယ်!"

ဝမ်ရွှေရှန်က ရပ်ပြီး လှည့်ကြည့်လိုက်သည်။ "မင်းကို နှစ်ရာပေးလို့ရတယ်။ ဒါပေမယ့် အိမ်ကို ထားခဲ့ပေးရမယ်!"

ဖန်ရှောင်ကျွမ်းက အံကြိတ်လိုက်သည်။ "အဲဒါတော့ မရဘူး။ ကျွန်မ အိမ်မရှိရင် ဘယ်မှာနေရမှာလဲ?"

သူမအမေအိမ်ကို လုံးဝ မပြန်ချင်ပေ။

ဖန်မိသားစုသည် သွေးစုပ်ပိုးကောင်များနှင့် ပြည့်နေသည်။ သူမပြန်သွားလျှင် သူတို့အားလုံးက ကိုက်ကြမည်။

ဝမ်ရွှေရှန်က ပြောလိုက်သည်။ "ရွာရဲ့ အဆုံးမှာ ငါတို့ဝမ်မိသားစုရဲ့ အိမ်ဟောင်းလေး ရှိတယ်။ အဲဒီအိမ်ကို သုံးလို့ရတယ်"

သူ့မိဘများက တတိယညီလေးကို အချစ်ဆုံးဖြစ်သဖြင့် မိသားစုခွဲခွာချိန်၌ အကောင်းဆုံးကို ပေးခဲ့ကြသည်။

ယခု ဝမ်ရှင်းရှန်က ကွယ်လွန်သွားသဖြင့် ဖန်ရှောင်ကျွမ်းအား မပေးနိုင်တော့ပေ။

ဖန်ရှောင်ကျွမ်းက ရူးသွပ်သွားလုမတတ်ပင်။ "နှစ်ရာ့ငါးဆယ်၊ ကျွန်မကို နှစ်ရာငါးဆယ်ပေး၊ ကျွန်မထွက်သွားမယ်!"

သူမက တကယ်မလှုပ်ချင်ပေ။ သို့သော် တတိယဝမ်က ပြန်လာသည့်အခါ သူမကို သတ်မည်အား ကြောက်သည်။

ယခု သူမကို ဘက်ပေါင်းစုံက ဝိုင်းထားလိုက်ပြီ။

ဝမ်ရွှေရှန်သည် အခြားသူများကို တစ်ချက်ကြည့်လိုက်သည်။ လူတိုင်းက အံကြိတ်ကာ ခေါင်းညိတ်ကြသည်။

အဆိပ်ပြင်းသည့် မိန်းမကို တစ်ပြားတစ်ချပ်မှ မပေးချင်သော်လည်း သူမနှင့် နောက်ထပ် မိသားစု မဖြစ်ချင်တော့ပေ။

ဒီမိန်းမက အရမ်းလွန်လွန်းတယ်။

သူမ မထွက်သွားလျှင် နောက်ပိုင်း၌ တစ်ခုခုဖြစ်လျှင် သူတို့ဝမ်မိသားစုပါ ပါဝင်သွားလိမ့်မည်မည်။

ဝမ်ရွှေရှန်က ပြောသည် "နှစ်ရာ့ငါးဆယ်လား? ကောင်းပြီ မနက်ဖြန် ငါပေးမယ်။ ပိုက်ဆံယူပြီးရင် မင်း ငါတို့ ဝမ်မိသားစုထဲက ချက်ချင်းထွက်သွား!"

ဝမ်မိသားစု ထွက်သွားပြီးနောက် ဖန်ရှောင်ကျွမ်းသည် တစ်ယောက်တည်း မြေပြင်ပေါ်တွင် ထိုင်နေသည်။ ရုတ်တရက် သူမသည် နှစ်ရာ့ငါးဆယ်သာတန်သည်ဟု ခံစားလိုက်ရသည်။

All Chapters