← Chapters

အခန်း (၁၂၄)

Vol. 10 Ch. 124

အခန်း (၁၂၄)

Vol. 10 Ch. 124

နောက်တစ်နေ့တွင် ဖန်ရှောင်ကျွမ်းသည် နံနက်စောစောတွင် အိမ်ထောင်စုစာရင်းကို ရွှေ့ရန် ဖိအားပေးခံရသည်။

အိမ်ထောင်စုစာရင်းကို စီစဥ်ပြီးသည်နှင့် ဝမ်မိသားစုက သူမကို ပြောင်းရွှေ့ခိုင်းသည်။ သူမ ဒေါသထွက်သည်!

သူမထက် ဒေါသပိုထွက်သည့် သူတစ်ယောက်ရှိသည်။ ထိုသူက ရှောင်ချောင်ပင်။

ရှောင်ချောင်က သူမအမေသည် ဘာလို့ ဒီလောက်ရူးမိုက်သည့် အခြေအနေကို သဘောတူခဲ့လဲ မသိပေ။

ရွာ၏ အဆုံး၌ စုတ်ပြတ်သတ်နေသည့် သက်ကယ်တဲတစ်လုံးနှင့် အိမ်ကောင်းတစ်လုံးကို လဲလှယ်ရုံသာမက နှစ်ရာ့ငါးဆယ်တောင်းသည်။ သူမက တကယ် ၂၅၀ သာ တန်သည်။

မူလက သူမသည် သူမ၏မိခင်ကို ကွာရှင်းပြတ်စဲစေပြီး ဝမ်ရှင်းရှန်နှင့် လက်ထပ်စေချင်ခဲ့သည်။ သူတို့သည် မြေပြန့်လမ်းဆီသို့ ဦးတည်သွားကြသည်။ သို့သော် လမ်းဆုံး ဖြစ်သွားသည်။

သူတို့သည် အကျိုးခံစားခွင့်များကို မရရှိသည့်အပြင် မိသားစုကိုပင် စော်ကားခဲ့သည်။ ယခု သူတို့ကို ထုတ်ပစ်လိုက်ပြီ!

ရှောင်ချောင်က ပို၍ နောင်တရသွားသည်။

သူမအဖေပြန်ကောင်းမည်မှန်း သိခဲ့လျှင် သူမအမေနှင့်အတူ ချောင်အိမ်က ထွက်သွားမည် မဟုတ်ပေ။

ဖန်ရှောင်ကျွမ်းက ပစ္စည်းရွေ့နေသည်။ ဘယ်အိမ်နီးနားမှ လာမကူညီကြပေ။

ရှင်းဟွားက သူမကို ကူညီချင်သည်။ သို့သော် သူမက ပြောရန် လုပ်နေချိန်တွင် သူမ၏ ယောက္ခမက မုန့်လိပ်တံနှင့် ရိုက်နှက်သည်။

ဖန်ရှောင်ကျွမ်းက ရှောင်ချောင်ကို ဖန်အိမ်ဆီသို့ သွားခိုင်းပြီး သူ့အမေကို လာကူညီရန် တောင်းဆိုသည်။

ရှောင်ချောင်က မည်းမှောင်သောမျက်နှာဖြင့် လမ်းလျှောက်လာစဉ် သာ့ချောင်သည် သူမဘက်သို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

သာ့ချောင်သည် နောက်ဆုံးအကြိမ်တုန်းက မွေးစားအမေ ဝယ်ထားပေးသော ၀တ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ ခေါင်းပေါ်တွင် ကျစ်ဆံမြီးနှစ်ချောင်းရှိသည်။ ကျစ်ဆံမြီးအောက်တွင် ပန်းနှစ်ပွင့်ကို ချည်နှောင်ထားသည်။

အဓိကအချက်မှာ သူမက ပိုလှလာသည်။

သူမ၏ မျက်နှာလေးသည် ဖြူစင်ပြီး အပြစ်ကင်းစင်သည်။ သူမ၏ မျက်တောင်များသည် မနာလိုစရာပင်။ နှုတ်ခမ်းနီရဲပြီး သွားဖြူနေသည်။ အရင်ဘဝက မြင်ဖူးသမျှ ကလေးသရုပ်ဆောင်များထက် ပိုလှသည်။

ရှောင်ချောင်သည် မနာလိုစိတ်ဖြင့် ပူလောင်နေသည်။

သို့သော် ယခု သာ့ချောင်ကို ဒုက္ခမပေးရဲတော့ပေ။ ကံလုယူသည့် စနစ်ကို သူမကြောက်သည်။ ဒုတိယအနေနှင့် သူမထံတွင် စိတ်ကူးသစ်များ ရှိသည်။

သာ့ချောင်ကိုတွေ့လိုက်သည်နှင့် သူမသည် ချောင်အိမ်သို့ ပြန်သွားရန် ရုတ်တရက်ဆုံးဖြတ်လိုက်သည်။

အဖွားက သူမကို မကြိုဆိုရင် ဘယ်လိုလုပ်မလဲ?

သူမသည် ချောင်ကျန်းကျွင်း၏ သမီးအရင်းဖြစ်သည်။ သူမကို ထောက်ပံ့ရန် တာဝန်ရှိသည်။

ဒီလို ပြင်းထန်သည့် နည်းလမ်းနှင့် မပြန်ချင်ပေ။ ထို့ကြောင့် ပထမဆုံးခြေလှမ်းက သာ့ချောင်ကို ကပ်ဖားရန် ဖြစ်သည်။

၎င်းကိုတွေးပြီး ချိုမြိန်သည်ဟု ထင်သည့် အပြုံးကို ညှစ်ထုတ်လိုက်သည်။ "အစ်မ…"

သာ့ချောင်က တစ်ခုခုကို တွေးနေသဖြင့် ရှောင်ချောင်ကို သတိမထားမိလိုက်ပေ။

ရှောင်ချောင်၏ ခေါ်သံကို ကြားသောအခါ သူမခေါင်းကို မော့ကြည့်လိုက်သည်။ "ညီမလေး၊ အိုက်ယား၊ အစ်မလုပ်စရာရှိသေးတာကို သတိရသွားပြီ။ သွားတော့မယ် ညီမလေး!"

သူမက ပြောပြီးနောက် ရှောင်ချောင် တုံ့ပြန်သည်ကို လှည့်ထွက်​သွားသည်!

ဖုန်မှုန့်ရှူလိုက်ရသည့် ရှောင်ချောင်.- "..."

အားးး ဘယ်လောက်တောင် စိတ်တိုစရာကောင်းလဲ?

သာ့ချောင်က တမင်လုပ်ခြင်း ဖြစ်ရမည်။

...

ဝမ်ရှင်းရှန် ကွယ်လွန်သည်နှင့် ဝမ်မိသားစုသည် သူတို့၏ ချွေးမကို နေအိမ်မှ ပြောင်းရွှေ့ခိုင်းသည်။ ဝမ်မိသားစုက တစ်ခုခုမှားနေသည်ဟု ဘယ်သူမှ မခံစားခဲ့ကြရပေ။

"ဝမ်မိသားစုက ကံမကောင်းလို့ လူနှစ်ယောက် တစ်ခါတည်း သေသွားတယ်"

"အမှန်ပဲ။ သူ့မိန်းမဆုံးပြီးကတည်းက စိတ်မဲ့ပြီး စိတ်ပျက်နေတဲ့ အဘိုးဝမ်ကို မတွေ့သေးလို့။ သူ့အသက်က ဆယ်နှစ်လောက် ပိုကြီးသွားတဲ့ပုံပဲ။ ကြည့်ရတာ သိပ်အဆင်မပြေဘူး ထင်တယ်!"

"ဟုတ်တယ်။ လူငယ်စုံတွဲတွေက အဖော်ဟောင်းတွေလို့ လူတွေပြောကြတယ်။ နှစ်တွေအကြာကြီး လောကဓံကို တူတူရင်ဆိုင်ခဲ့ပြီးတော့ တစ်ယောက်က သေသွားတယ်။ ငါသာဆိုရင် သည်းမခံနိုင်ဘူး!"

"ဖန်ရှောင်ကျွမ်းက ကျိန်စာသင့်နေတယ်လို့ မထင်ဘူးလား? ချောင်မိသားစုမှာတုန်းက ဒုတိယချောင်က အကြောသေသွားပြီး သာ့ချောင်က စကားထစ်နေတယ်။ ချောင်မိသားစုရဲ့ သစ်တော်ပင်က ခုနစ်နှစ် ရှစ်နှစ်လောက် ပွင့်မလာဘူး။ သူမထွက်သွားတာနဲ့ ချောင်မိသားစုက ချက်ခြင်း ကြီးပွားချမ်းသာလာတယ်။ သူမက ဝမ်မိသားစုဆီ သွားခဲ့တယ်။ ဝမ်မိသားစုက လူနှစ်ယောက် ဆုံးရှုံးသွားတယ်"

"အရင်က သတိမထားမိလိုက်ဘူး။ အခုနင်ပြောမှာ ဟုတ်သလိုပဲ။ အရင်တုန်းကတော့ သာ့ချောင်က ဘေးဆိုးကြီးလို့ အမြဲပြောနေတယ်။ ချောင်မိသားစုက အခုနေကောင်းနေသေးတယ် မဟုတ်ဘူးလား? ဘေးဆိုးဆိုရင် ဒုရဲမှူးရဲ့သားကို ဘယ်လိုကယ်တင်နိုင်မှာလဲ?"

"မှန်တယ်မဟုတ်လား? ငါမြင်တာက ဖန်ရှောင်ကျွမ်းက ကျိန်စာနဲ့မွေးလာတဲ့သူပဲ!"

"ကျွတ်စ် ကျွတ်စ် ကျွတ်စ်။ ကျားတွေက သူတို့သားပေါက်ကို မစားဘူးလို့ ပြောကြတယ်။ ဖန်ရှောင်ကျွမ်းက ရက်စက်တဲ့ မိန်းမပဲ။ သူက ဘေးဆိုးကြယ်ပွင့်ပဲ။ ဒါပေမယ့် သူ့သမီးကို အပြစ်ပုံချတယ်။ ဒီလို မိခင်မျိုးရဖို့ သာ့ချောင်က ရှစ်ဘဝလောက် ကံဆိုးတာပဲ!"

မကြာမီတွင် ဖန်ရောင်ကျွမ်းသည် ဘေးဥပဒ်ကြယ်ပွင့်ဟု ကောလာဟလများ ထွက်ပေါ်လာသည်။

ဖန်ရှောင်ကျွမ်းသည် ထိုကောလာဟလများကိုကြားသောအခါ သက်ကယ်တဲတွင် သွေးအန်လုမတတ်ပင်။

ဒီဘဝက ရိုးရိုးရှင်းရှင်းနဲ့ ဖြတ်သန်းလို့ မရဘူး။

၎င်းကို သူမစောစောသိလျှင် ချောင်ကျန်းကျွင်းနှင့် အရင်ကတည်းက ကွာရှင်းမည် မဟုတ်ပေ။

ချောင်ရှို့ကျီသည် သူမ၏ အတွေးမျကို ကြားလျှင် အကျယ်ကြီး ရယ်နေမည်မှာ သေချာသည်။

သူမနှင့် ရှောင်ချောင်တို့သည် သားအမိဖြစ်ထိုက်သည်။ သူတို့က စိတ်ထားတူကြသည်။

...

ညရောက်သွားပြီ။ ကောင်းကင်၌ ကြယ်များ စုံနေသည်။

ခရိုင်မြို့ရှိ ဘန်ဂလိုတံခါးကို လာခေါက်သည်။ အသံသေးသုံးချက်နှင့် အသံကြီးတစ်ချက်။

ခဏအကြာတွင် ယောက်ျားတစ်ယောက်၏ အက်ရှနေသော အသံထွက်လာသည်။ "အကိုကြီးပင်းလား?"

"ငါပဲ။ တံခါးဖွင့်။ ငါ မင်းကို အစားအသောက်တွေ ယူလာပေးတယ်"

ထိုအသံကိုကြားပြီး အိမ်ထဲကလူက တံခါးကိုဖွင့်လိုက်သည်။

တံခါးကို ပိတ်လိုက်သောအခါ သူသည် အပြင်ဘက်သို့ သေချာ စိုက်ကြည့်လိုက်သည်။

ချိုကျန်းပင်းက ထမင်းဘူးကို ပေးလိုက်သည်။ မုတ်ဆိတ်မွေးရှိသူက လက်ခံပြီး အဖုံးဖွင့်ကာ ချက်ချင်း စားလိုက်သည်။

ချိုင်ကျန်းပင်းသည် သူ့အတွက် ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်သည်။ ထိုသူကို ကြည့်ကာ ပြောလိုက်သည်။

"မင်းတို့မိသားစုက မင်းရဲ့အလောင်းကို ပြန်ယူသွားပြီ။ ရှန်းကျန်းကိုသွားရမယ့်အချိန်က စီစဥ်ပြီးသွားပြီ။ သဘက်ခါမနက်စောစောမှာ မင်းထွက်သွားရမယ်။ အဆင်သင့်ပြင်ထား!"

ထိုလူက အံ့ဩသွားတယ်။ သူ့ပါးစပ်ထဲရှိ အစားအစာတစ်စိတ်တစ်ပိုင်းက ပန်းကန်ထဲကို ပြန်ကျသွားသည်။ "အလောင်းကို တောင်းဖို့ ဘယ်သူရောက်လာတာလဲ" ဟု မေးလိုက်သည်။

"မင်းရဲ့ အစ်ကိုအကြီးဆုံးနဲ့ ဒုတိယအစ်ကို"

ထိုလူက ထမင်းဘူးထဲသို့ ခေါင်းပြန်နှစ်လိုက်ပြန်သည်။

ဤနေရာတွင် ချီရွာမှလူများရှိပါက လွန်ခဲ့သော သုံးရက်က မြှုပ်နှံထားသော ဝမ်ရှင်းရှန်းမှန်း မှတ်မိကြမည်။

ချိုင်ကျန်းပင်းက မေးလိုက်သည်။ "မင်းမိသားစုကို မင်းတကယ်မပြောဘူးလား?"

သူတို့ ရှန်းကျန်းကိုသွားခဲ့လျှင် ဒီဘ၀၌ ပြန်မလာနိုင်မှန်း သိထားရမည်။

ဝမ်ရှင်းရှန်က ခဏတာ နှုတ်ဆိတ်သွားပြီး "မလိုပါဘူး" ဟု ဖြေလိုက်သည်။

ဖန်ရှောင်ကျွမ်းကို ဖယ်ရှားရန် သူ သေသွားကြောင်း လှည့်စားရမည်။

သို့သော် သေခြင်းတရားဖြင့် လိမ်လည်လှည့်ဖြားရန် အခြားလူတစ်ဦးကို သူ၏အလောင်းအဖြစ် လုပ်ဆောင်ရန် လိုအပ်သည်။

ဓားစာခံအဖြစ် သူရွေးချယ်ခဲ့သူမှာ ဝမ်ကွမ်းရှန်း ဖြစ်သည်။

ဒီလူမှာ ရှန်းကျန်း၌ ကုမ္ပဏီဖွင့်ထားသည့် ဦးလေးတစ်ယောက်ရှိသည်။ တစ်ဖက်လူက သားမရှိသဖြင့် ဝမ်ကွမ်းရှန်းအား သူ့ကုမ္ပဏီကို တာဝန်ယူစေချင်သည်။

သူသွားသည်နှင့် မကြာမီ အခြားသူများထက် ရပ်တည်နိုင်မည်ဖြစ်သည်။

သူကြီးပွားလာလျှင် သူ့မိသားစုကို ဆက်သွယ်မည်။

.......

နွေဦးကုန်ပြီး နွေရောက်ပြီ။ ရာသီဥတုက တစ်နေ့ထက်တစ်နေ့ ပိုပူလာသည်။

ထိုနေ့တွင် သာ့ချောင်က အဘိုးရှန်း ပေးခဲ့သည့် မျိုးစေ့များစိုက်ရန် မောင်လေးနှစ်ယောက်ကို ခြံထဲသို့ ခေါ်သွားသည်။

"အစ်မသာ့ချောင်၊ ယိမင်က အစ်မကို မြေမြေကြီးတူးဖို့ ကူညီပေးမယ်!" ယိမင်သည် မျက်လုံးလေးမှိတ်ကာ ချစ်စဖွယ် ပြုံးပြသည်။

အိမ်နီးချင်းဂူမိသားစု၏ မြေးသည် မကြာသေးမီက စကားပြောရန် သင်ယူနေသည်။ သာ့ချောင်က သူ့ကလေးအသံနှင့် ထပ်ခါထပ်ခါ စကားပြောနေသည်ကိုမြင်တိုင်း သူမ၏ မျက်နှာက ချစ်လွန်းသဖြင့် နီရဲနေသည်။

ယိမင်သည် သာ့ချောင်က ထိုကလေးငယ်အား ချီးကျူးစကားပြောသည်ကို ကြားလိုက်ရသည်။ ထိုအချိန်မှစ၍ သူသည် စကားထဲတွင် ထပ်ခါတလဲလဲ ပြောသည်။

တုန်းလင်းလေးက သူ့ရှေ့သွားနှစ်ချောင်းကို ပြပြီး မျက်ခုံးကွေးကာ ပြုံးပြသည်။ "အစ်မသာ့ချောင်၊ တုန်းလင်းက အစ်မကို မြေမြေမြေကြီးတူးဖို့ ကူပေးမယ်!"

တုန်းလင်းလေးသည် ယိမင်၏ စကားပြောပုံက နည်းနည်းချစ်စရာကောင်းသည်ဟု ခံစားရသည်။ သို့သော် ကံမကောင်းစွာဖြင့် သူသည် ခြေတစ်လှမ်း မြန်သွားသည်။ အစ်မသာ့ချောင်၏ အာရုံကို ဖမ်းစားနိုင်ရန် သူသည် စကားလုံးကို သုံးကြိမ်ပြန်ပြောရန် ဆုံးဖြတ်လိုက်သည်။

ဟမ့်၊ သူက ယိမင်ထက် စကားတစ်ခွန်း ပိုပြောတယ်။ သူက ပိုချစ်စရာကောင်းသင့်တယ် မဟုတ်လား?

တုန်းလင်းက လန့်သွားသည်။ "မောင်လေးတုန်းလင်း၊ မောင်လေးက ဘာလို့ စကားထစ်နေတာလဲ?"

တုန်းလင်း - "..."

သူ့ဘေး၌ ရှိနေသည့် ယိမင်က သူ့ပါးစပ်လေးကို အုပ်ပြီး တိတ်တိတ်လေး ရယ်လိုက်သည်။ အပြုံးကြောင့် သူ့မျက်လုံးလေးတွေကို မမြင်ရလုနီးပါးပင်။

သာ့ချောင်သည် မောင်လေးကို နာကျင်စေမည်အား ကြောက်သောကြောင့် သူမ၏ အသံသည် ပိုမိုပျော့ပျောင်းလာသည်။ "အစ်မလည်း စကားပြောတဲ့အခါ စကားထစ်ဖူးတယ်။ နောင်မှာ စကားမထစ်အောင် ဖြည်းဖြည်းပြောသင့်တယ်"

တုန်းလင်းလေးက ယိမင်ကို လက်ညိုးလေးထိုးပြလိုက်သည်။ "ယိမင်က ဒီလိုမျိုးပြောနေတာပဲ။ အစ်မသာ့ချောင်...ဘာလို့ သူ့ကို စကားထစ်နေတယ်လို့ မပြောတာလဲ?"

သာ့ချောင်က ခေတ္တမျှ ကြောင်အသွားသည်။ သူ့စကားသည် မျက်နှာသာရရန် နောက်ထပ် ပြိုင်ဆိုင်မှုတစ်ခုပင် ဖြစ်သည်။

သူမက ပေါက်ကွဲလုမတတ် ရယ်သည်။ သို့တိုင် သူမသည် မောင်လေးနှစ်ယောက်ကို ပြောလိုက်သည်။ "မောင်လေးတို့နှစ်ယောက်က အရွယ်ရောက်လာပြီ။ ယောက်ျားကြီးတွေ ဖြစ်နေပြီ။ ဘေးအိမ်က ကော်လေးလို စကားမပြောနဲ့တော့"

သူမက ရှင်းပြနေစဥ်မှာပင် ဖီဖီက ဟောင်ပြီး တံခါးဆီကို ပြေးသွားသည်။

စုန့်ကျင်းလိုင်၏ ဇနီးသည် ခြံဝင်းတံခါးဝတွင် သူမ၏ ခေါင်းကို ထည့်ကာ စုံစမ်းနေသည်။ ဖီဖီကြောင့် ထိတ်လန့်ကာ နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်သည်။

သူမနောက်က ကျောက်တုံးကြီးကို​ တိုက်မိပြီး ဟန်ချက်ပျက်သွားတယ်။ သူမ၏ တင်ပါးသည် အနောက်ဘက်ရှိ မစင်ပုံပေါ်တွင် ပြုတ်ကျသွားသည်။

"အိုး ငါ့အဝတ်တွေက အသစ်ပဲ။ အကြိမ်နည်းနည်းပဲ ဝတ်ရသေးတယ်!"

သာ့ချောင်က တကယ့်ကို ဘေးဆိုးကြီးပင်။ သူမက ဒီကိုရောက်လာရုံသာ ရှိသေးပြီး ကံဆိုးနေပြီ။

Pah!

မကြာသေးမီက လူတိုင်းက သူမသည် ကံကောင်းသော ကြယ်ပွင့်ဟု ဆိုကြသည်။ ဘာကံကောင်းတဲ့ ကြယ်လဲ?

သာ့ချောင်သည် အသံကို ကြားပြီး ပြေးထွက်သွားသည်။ စုန့်မိသားစုမှ အဒေါ်ကို ပီပီက ခြောက်လန့်လိုက်သည်ကို မြင်ပြီး နှုတ်ခမ်းကို ဖိလိုက်သည်။ သို့သော် သူမက မတောင်းပန်ပေ။

ဖီဖီက ပိုကြီးလာသည်။ မွေးကင်းစကလေး ခြေသလုံးလောက် ရှိသည်။

ထုတ်လုပ်ရေးအဖွဲ့မှလူတိုင်းသည် ပီပီက ရက်စက်သည်ကို သိသောကြောင့် အနားမကပ်ရဲကြပေ။ စုန့်ကိင်းလိုင်၏ ဇနီးသည် ယခု လျှို့ဝှက်စွာ တစ်ခုခု လုပ်နေပေလိမ့်မည်။ ထို့ကြောင့် ဖီဖီက သူမကို ဟောင်သည်။

စုန့်ကျင်းလိုင်၏ ဇနီးသည် သာ့ချောင်ကို စိုက်ကြည့်ကာ ပြောသည်။ "သာ့ချောင်၊ အပျင်းကြီးတဲ့ ကောင်မလေး၊ နင် ကြက်ချေးကို ရှင်းထားရင် ငါ ဘယ်လို ပြုတ်ကျမှာလဲ? ငါ ဂရုမစိုက်ဘူး။ ငါ့ကို အဝတ်အသစ်နဲ့ လျော်ပေးရမယ်!"

သာ့ချောင်က သူမ၏ စိုလဲ့နေသည့် မျက်လုံးကို ပုတ်ခတ်လိုက်ပြီး "အန်တီစုန့်၊ သမီးအဖွားက အန်တီလိုလူနဲ့တွေ့ရင် စကားသုံးလုံးပဲ ပြောရမယ်လို့ ပြောထားတယ်"

စုန့်ကျင်းလိုင်၏ ဇနီးသည် ချောင်ရှို့ကျီအကြောင်း ပြောသံကိုကြားသောအခါ သူမ၏ အရှိန်အဝါသည် တစ်ဝက်ခန့် အားနည်းသွားသည်။ "ဘာစကားလုံးသုံးလုံးလဲ?"

သာ့ချောင်၏ အသံသည် ပြတ်သားနေသည်။ "အိပ်မက်လှလှလေး မက်နေတယ်!" (မြန်မာပြန်လိုက်တော့ များသွားတာ)

စုန့်ကျင်းလိုင်၏ ဇနီး- "..."

"ဖွီ..."

ချောင်ဟုန်းရှသည် ဆူပူကြိမ်းမောင်းသံ ကြားသဖြင့် ပြေးထွက်လာခဲ့သည်။ သာ့ချောင်၏ စကားကိုကြားသောအခါ မထိန်းနိုင်ဘဲ ရယ်မောလိုက်မိသည်။

All Chapters