← Chapters

အခန်း (၁၂၅)

Vol. 10 Ch. 125

အခန်း (၁၂၅)

Vol. 10 Ch. 125

သာ့ချောင်သည် နူးညံ့သိမ်မွေ့သော သဘာဝရှိသည့် ကလေးဖြစ်သည်။ အရင်တုန်းက သူမအမေက ကြမ်းတမ်းစွာ ဆက်ဆံခံလျှင်ပင် ဘယ်သူ့ကိုမှ မပြောဖူးပေ။ သူမ ကြီးပြင်းလာသည်နှင့်အမျှ ပေါင်မုန့်ပေါင်းဖြစ်လာမည်ကို တစ်ချိန်က စိုးရိမ်ခဲ့ဖူးသည်။

ယခု သူမ၏ စိုးရိမ်ပူပန်မှုများမှာ မလိုအပ်ဟု ထင်ရသည်။ သူမအမေ ရှိလျှင် သူမက ဘယ်တော့မှ အသားပေါင်မုန့် ဖြစ်သွားမည် မဟုတ်ပေ။

သူမက ထွက်လာပြီး စုန့်ကျင်းလိုင်၏ ဇနီးကို တင်းမာနေသော မျက်နှာဖြင့် ကြည့်လိုက်သည်။ "ကြက်မစင်က ငါတို့ ချောင်အိမ်ရှေ့မှာ။ ငါတို့ ဆန္ဒရှိရင် ငါတို့ သိမ်းလို့ရတယ်။ နင်နဲ့ ဘာဆိုင်လို့လဲ?"

စုန့်ကျင်းလိုင်၏ ဇနီးသည် စိတ်ဆိုးသွားသည်။

ရုတ်​တရက် သူမ မျက်​လုံး​ကို လှိမ့်လိုက်သည်​။ "ဟုန်းရှ၊ နင်အိမ်မှာနေဖို့ စိတ်ရှိသေးတာလား? နင့်ယောက်ျားက မနက်ဖြန် နောက်မိန်းမနဲ့ လက်ထပ်တော့မယ်။ နင်မသိဘူးလား?"

ကျောက်ကျဲဖန်က နောက်အိမ်ထောင်ပြုတော့မှာလား?

ချောင်ဟုန်းရှက အံ့ဩသွားသည်။ သူမ မျက်နှာက ချက်ချင်း ဖြူသွားသည်။

သူမနှင့် အစ်ကိုကြီးက သူတို့၏ အိမ်ထောင်စုစာရင်း ပြောင်းရန် ကျောက်မိသားစုဆီ သွားတုန်းက ကျောက်မိသားစုက သူမကို မတားခဲ့ပေ။ သူမက မကွာရှင်းမည်ကို ပိုကြောက်နေလိုပင်။ ထိုအချိန်တွင် သူမသည် ထူးဆန်းသည်ဟု တွေးခဲ့သည်။

ချောင်မိသားစု၌ အဖြစ်အပျက်များ တစ်ခုပြီးတစ်ခု ဖြစ်ပျက်ခဲ့သည်။ ထို့နောက် ဒုတိယအစ်ကိုက အိမ်ထောင်ကျပြန်သည်။ ထို့ကြောင့် ကျောက်မိသားစုသည် အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကို သူမတွင် ခန့်မှန်းချင်စိတ် မရှိခဲ့ပေ။

ယခုမူ သူမ သိလိုက်ပြီ။ ကွာရှင်းပြတ်စဲရန် စိတ်ထက်သန်သူမှာ တစ်ဦးတည်း မဟုတ်ကြောင်း ထင်ရှားသည်။ ကျောက်မိသားစုတစ်ခုလုံး အတူတူပင်။

ကျောက်ကျဲဖန်၏ လက်၊ ခြေများက အလွန်မြန်သည်။ သူတို့ကွာရှင်းသည်မှာ တစ်လမပြည့်မီ အိမ်ထောင်ဖက်အသစ်ရှာခဲ့သည်။

ဒါဆို သူက ချောင်အိမ်ကို နေ့တိုင်း လာစောင့်ပြီး သူအရင်လိုမျိုး ပြုမူခဲ့တာ ဘာကြောင့်လဲ? တကယ်ကို ရွံရှာစရာကြီး။

စုန့်ကျင်းလိုင်၏ ဇနီးသည် သူမ၏ မျက်နှာ အပြောင်းအလဲကို ကြည့်နေသည်။ သူမသည် ပို၍ ဂုဏ်ယူလာသည်။ "နင်မသိသေးတာလား? နင့်ရဲ့ယောက်ျား၊ အိုး၊ ငါ့ပါးစပ်ကို ကြည့်ဦး။ အခု နင့်ရဲ့ယောက်ျားမဟုတ်ဘူး၊ နင့်ရဲ့ခင်ပွန်းဟောင်းလို့ ငါပြောသင့်တယ်!"

"နင့်ရဲ့ခင်ပွန်းဟောင်းနဲ့ လက်ထပ်တဲ့သူက မုဆိုးမပဲ။ အသက်နည်းနည်းကြီးပေမယ့် ချမ်းသာတယ်။ ကျောက်မိစားစုက သူမကို အရမ်းကြိုဆိုတယ်လို့ ကြားတယ်။ ဟုန်းရှ၊ အရမ်းဝမ်းနည်းမနေနဲ့..."

"ထွက်သွား!" ချောင်ဟုန်းရှသည် သူမ၏ အာရုံများ ပြန်ရလာပြီး ဒေါသတကြီး အော်လိုက်သည်။

စုန့်ကျင်းလိုင်၏ ဇနီးသည် ဒေါသကြောင့် ချက်ချင်းနီရဲသွားသည်။ "အို၊ လုတုန်းပင်းကို ကိုက်တဲ့ခွေးက လူကောင်းကို မသိဘူး။ ငါက နင့်ကို အကောင်းနဲ့ ပြောပြတာ။ ဒါက နင့်ရဲ့ သဘောထားလား?"

စကားတစ်ခွန်းမှ မပြောဘဲ ချောင်ဟုန်းရှက ဘေးနားက တံမြက်စည်းကို ကောက်ကိုင်လိုက်ပြီး သူမကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။

စုန့်ကျင်းလိုင်၏ ဇနီးသည် အလွန်ကြောက်လန့်သွားပြီး မျက်နှာ ဖြူဖျော့သွားသည်။ ဝံပုလွေတစ်ကောင်က သူမကိုလိုက်နေသလိုမျိုး ပြေးသွားသည်။

ခပ်ဝေးဝေးကို ပြေးပြီး ချောင်ဟုန်းရှကို မလိုက်လာသည်ကို တွေ့သည်နှင့် မောပြီး ရပ်လိုက်သည်။

Pah!

ဖိနပ်ကျိုး။ ဘာဂုဏ်ယူစရာရှိလို့လဲ?

သူမ အကြောင်း မပြောစေချင်ဘူးလား? ထုတ်လုပ်ရေးအဖွဲ့ကလူတိုင်းသိတဲ့အထိ သူမလိုက်ပြောမယ်။

ချောင်ဟုန်းရှက တံမြက်စည်းကိုင်ပြီး လှည့်ထွက်သွားသည်။ သူမ၏ အမူအရာသည် အလွန်ရုပ်ဆိုးနေသည်။

ယိမင်လေး အဆင်မပြေမှုများနှင့် ကြုံလာတုန်းက မုန်းတီးမှုများနှင့် ပြည့်နှက်နေခဲ့သည်။ သို့သော် ယိမင်က သက်သာလာသည်နှင့်အမျှ ကျောက်ကျဲဖန်အပေါ် သူမ၏ ဒေါသများက လျော့ပါးသွားသည်။

သူမတို့ သားအမိက ဒုတိယအကိုနှင့်အတူ နေထိုင်သည်။ ဒုတိယအစ်ကိုက သူမကို မငြိုငြင်သော်လည်း သူမ၏ နှလုံးသားထဲတွင် ပိုင်ဆိုင်မှုကို မခံစားရပေ။

ထို့အပြင် ယိမင်၏ ဦးနှောက်သည် တဖြည်းဖြည်း ကောင်းမွန်လာသည်။ ဘာကြောင့် အဖေလဲဟု ကြိမ်ဖန်များစွာ မေးသည်။ အချိန်တိုင်း သူမက ဘယ်လိုဖြေရမှန်း မသိပေ။

ထို့ကြောင့် သူမ၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည်။ ကျောက်ကျဲဖန်က သူမအတွက် သူ့မိသားစုကို တွန်းလှန်ပြီး သူ့မိသားစုထဲက လုံးလုံးလျားလျား ရုန်းထွက်နိုင်ခဲ့လျှင် သူ့အတွက် နောက်ထပ် အခွင့်အရေးတစ်ခုပေးရန် စဉ်းစားခဲ့သည်။

စောင့်ဆိုင်းပြီးနောက် နောက်အိမ်ထောင်ပြုမည့် သတင်းကို ကြားရမည်ဟု မထင်ထားပေ။

သူနှင့် ပြန်ပေါင်းရန် စိတ်ကူးက ရယ်စရာကောင်းသည်ဟု သူမ ခံစားရသည်။

သိပ်ရယ်စရာကောင်းသည်။ သူမ၏နှာခေါင်းသည် နီရဲလာပြီး လည်ချောင်းသည် ဆို့နင့်ပြီး မသက်မသာခံစားရသည်။

"တတိယအဒေါ် နေကောင်းလား?" သာ့ချောင်က ရောက်လာပြီး သူမလက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

ချောင်ဟုန်းရှ၏ အသံသည် အနည်းငယ်ဆို့နင့်နေသည်။ "စိတ်မပူပါနဲ့ သာ့ချောင်၊ တတိယအဒေါ် နေကောင်းတယ်"

သာ့ချောင်က ခေါင်းငုံ့ပြီး စဉ်းစားသည်။ အိတ်ကပ်ထဲက သကြားလုံးတစ်လုံးကို ထုတ်ယူပြီး ပြောသည်။ "တတိယအဒေါ် သကြားလုံးစား။ မပျော်တဲ့အခါ သကြားလုံးစားပြီးရင် အဒေါ့်ရဲ့စိတ်က ပိုကောင်းလာလိမ့်မယ်!"

သကြားလုံးသည် ကမ္ဘာပေါ်တွင် အံ့သြဖွယ်အကောင်းဆုံးအရာဖြစ်သည်ဟု သူမခံစားမိသည်။ ချစ်စရာကောင်းသည်။ စိတ်ဓာတ်တွေ ဘယ်လောက်ပင် ဆိုးနေပါစေ၊ အစားစားခြင်းက တစ်နေ့တာလုံးကို ပျော်ရွှင်စေနိုင်သည်။

ချောင်ဟုန်းရှသည် သူမလက်ထဲက အဖြူရောင် ယုန်သကြားလုံးကို ကြည့်လိုက်သည်။ သူမ နှလုံးသားက အရည်ပျော်သွားသည်။ သာ့ချောင်၏ ဆံပင်ကို ပွတ်သပ်ပေးလိုက်သည်။ "ကျေးဇူးတင်ပါတယ်၊ တတိယ အဒေါ် ချက်ခြင်း ပိုကောင်းလာတယ်!"

ခွေးတစ်ကောင်သာဖြစ်သည်။ ဘာဝမ်းနည်းစရာ ရှိလို့လဲ?

ကျောက်ကျဲဖန်၏ စရိုက်ဖြင့် သူ့မိသားစုကို တိုက်ခိုက်ရန် မပြောနှင့်။ သူ ရန်ဖြစ်လျှင်ပင် ကျောက်မိသားစုက တည်ရှိနေသရွေ့ လူများကို ပိုးဟပ်လို စက်ဆုပ်ရွံရှာဆဲပင်။

တတိယအဒေါ်ကို နှစ်သိမ့်ပေးပြီးနောက် သာ့ချောင်က သူမကိုယ်သူမ အလွန်တော်သည်ဟု ခံစားရသည်။

...

စုန့်ကျင်းလိုင်၏ ဇနီးက လူသိရှင်ကြားကြေငြာပြီးနောက် ချောင်ဟုန်းရှ၏ လူသည် နောက်အိမ်ထောင်ပြုတော့မည်ကို ထုတ်လုပ်ရေးအဖွဲ့မှလူအားလုံး သိသွားကြသည်။

ပါးစပ်ချောင်သော အမျိုးသမီးအချို့သည် သူမကို 'နှစ်သိမ့်'ရန် ချောင်အိမ်သို့ပင် လာရောက်ကြသည်။ သို့သော် သူတို့အားလုံးကို ချောင်ဟုန်းရှက တံမြက်စည်းနှင့် မောင်းထုတ်လိုက်သည်။

ချောင်ရှို့ကျီလည်း သတင်းကြားသည်။ ညစာစားပြီးနောက် သူမသည် ချောင်အိမ်ငယ်လေးသို့ ရောက်လာသည်။ သူမက ချောင်ဟုန်းရှကို စစ်ဆေးကြည့်ကာ မေးသည်။ "အဆင်ပြေရဲ့လား?"

"အမေ၊ စိတ်မပူပါနဲ့။ သမီး အဆင်ပြေတယ်! ကျောက်ကျဲဖန်နဲ့ သမီးက ကွာရှင်းပြီးသွားပြီ။ သူလက်ထပ်တာက သူ့လွတ်လပ်ခွင့်ပဲ!"

ဆူညံသောအမျိုးသမီးများကို ကိုင်တွယ်ပြီးနောက် ချောင်ဟုန်းရှသည် စိတ်ဓာတ်ကျချင်သော်လည်း စိတ်ဓာတ်မကျနိုင်ပေ။

သူမမျက်နှာက လိမ်နေပုံမပေါ်သည်ကို မြင်ပြီး ချောင်ဟုန်းရှက ခေါင်းညိတ်လိုက်သည်။ "ဒါဆို ကောင်းတယ်။ ကျောက်မိသားစုက ချေးတွင်းတစ်ခုပဲ။ နင်ခုန်ချပြီးပြီမို့ နောက်ထပ်ပြန်ခုန်ချဖို့ မလိုဘူး!"

ချောင်ဟုန်းရှ - "..."

သူမအမေရဲ့ မျက်လုံးထဲမှာ သူမက မစင်တွင်းထဲ စိမ်နေသည့် လူတစ်ယောက်လို့ ဆိုလိုတာလား?

ချောင်ဟုန်းရှက ပြောသည်။ "ဒီမှာပဲ ကောင်းကောင်းနေ။ နင့်မှာ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး ဖြစ်စရာ မလိုဘူး။ တစ်နှစ် နှစ်နှစ်လောက်ကြာရင် သာ့ချောင်နဲ့ တခြားသူတွေ ကြီးပြင်းလာမယ်။ နင့်အဖေနဲ့အမေက နင်နေထိုင်ဖို့ မြေဝယ်ပေးလိမ့်မယ်။ ကိုယ့်အိမ်ကိုယ်ဆောက်ပေးမယ်"

"အမေ!"

သူမအမေ၏ စကားကြားပြီး ချောင်ဟုန်းရှ၏ မျက်လုံးက ပူလာသည်။ သူမက မျက်ရည်ကျလုမတတ်ပင်။

ထုတ်လုပ်ရေးအဖွဲ့တစ်ခုလုံး၊ ရပ်ရွာတစ်ခုလုံးတွင်ပင် ကွာရှင်းပြတ်စဲသောသမီးအတွက် အိမ်တစ်လုံးဆောက်ရန် မည်သူက ပေးဆောင်လိုပါမည်နည်း။

အမျိုးသမီး အများအပြားသည် အရှက်တရားကို ခံနိုင်ရည်ရှိကြသည်။ အိမ်တွင်းအကြမ်းဖက်မှု မည်မျှပင်ပြင်းထန်ပါစေ မျက်နှာပျက်မည်ကိုကြောက်သောကြောင့် ကွာရှင်းခြင်းမပြုရဲကြပေ။ ပိုအရေးကြီးသည်က သူတို့နောက်၌ ပံ့ပိုးပေးမည့်သူ မရှိသဖြင့်ပင်။

သူတို့ သမီးအဖြစ် မွေးဖွားရတာ ဘယ်လောက်ကံကောင်းလိုက်လဲ?

စတုတ္ထညီမသည် မိဘများက သူမကို ဆိုးရွားစွာ ဆက်ဆံသည်ဟု အမြဲတမ်း ညည်းညူခဲ့သည်။ တကယ်တမ်းတွင် သူမသည် အဆုံးမရှိသော ဒုက္ခကို ရှာဖွေနေသည်။ သူမထံ၌ အသိစိတ်နည်းနည်းရှိသရွေ့ အမေက သူမအပေါ် အရမ်းစိတ်ပျက်မည် မဟုတ်ပေ။

နတ်ဆိုး အကြောင်းပြောလျှင် ရောက်လာသည်။

နောက်တစ်နေ့တွင် ချောင်ဟုန်းမေသည် သူမ၏ အကြီးဆုံးသမီးနှင့် ဒုတိယသမီးကို ရုတ်တရက် ခေါ်ဆောင်လာခဲ့သည်။ သူမက ချောင်အိမ်ဟောင်း၌ တံခါးနတ်ဘုရားလို ပေါ်လာသည်။

ချောင်ရှို့ကျီက သူမကို ကြည့်ပြီး ကောင်းမွန်သည့် သဘောထားမရှိပေ။ "နင်ဘာလို့ ဒီကိုထပ်ရောက်နေတာလဲ?"

ချောင်ဟုန်းမေက ဒေါသထွက်လွန်းသဖြင့် သွေးအန်လုနီးပါး ဖြစ်သွားသည်။ သို့သော် ထူးဆန်းသည်က ဒီတစ်ကြိမ်တွင် သူမဒေါသကို ထိန်းထားနိုင်ခဲ့သည်။

သူမက အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။ "အမေ၊ သမီး အရင်က ကောင်းကောင်းမလုပ်ခဲ့တာကို သမီးသိတယ်။ အမေနဲ့ အဖေ စိတ်ဆိုးအောင်လုပ်ခဲ့မိတယ်။ သမီး အမေ့ကို တောင်းပန်ဖို့ ဒီကို ရောက်လာပြီ။ ဒါကြောင့် တစ်ခါလောက် ခွင့်လွှတ်ပါ"

သူမအမေက သူမကို ချောင်အိမ်မှ နှစ်ကြိမ်နှင်ထုတ်ခဲ့သည်။ တတ်နိုင်လျှင် တစ်သက်လုံး ဒီအိမ်တံခါးကို ဘယ်တော့မှ မလှမ်းချင်ပေ။

သို့သော် သူမယောက်ျားက သူမကို လာခိုင်းသည်။ ချောင်မိသားစုနှင့် သူမ၏ ဆက်ဆံရေးကို မပြုပြင်ပါက သူမနှင့်ကွာရှင်းမည်ဟု ဆိုသည်။

ချောင်ရှို့ကျီက သူမကို သံသယမျက်လုံးနှင့် ကြည့်သည်။ "နင့်အဖေနဲ့ငါက ဘာမှစိတ်ဆိုးစရာမရှိပါဘူး။ ပြဿနာရှာဖို့ နင်ပြန်မလာရင် ငါတို့ကို သားသမီးဝတ္တရားကျေပွန်တာလို့ မှတ်ယူလိုက်မယ်!"

ဒေါသတကြီးဖြင့် ချောင်ဟုန်းမေ၏ မျက်နှာတစ်ခုလုံး မည်းသွားသည်။ "..."

ချောင်ရှို့ကျီက သူမကို တစ်ချက်ကြည့်လိုက်ပြီး "ဝင်ခဲ့" ဟု ပြောလိုက်သည်။

သားအမိသုံးယောက်က တံခါးကို ရောက်လာသဖြင့် ပြန်မမောင်းထုတ်နိုင်တော့ပေ။

ဤစကားကို ချောင်ဟုန်းမေက ကြားသောအခါ သက်ပြင်းချလိုက်သည်။

သမီးနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး တိုးတိုးလေးပြောသည်။ "စကားကို ချိုချိုသာသာ ပြောနော်။ နားလည်လား?"

ချန်လိုင်တိက ရှေ့သွား ပျောက်နေသည့် ပါးစပ်ကို ပြလိုက်သည်။ "အမေ၊ စိတ်မပူပါနဲ့။ အဖွားကို သေချာပေါက် ပျော်အောင် လုပ်ပေးပါ့မယ်!"

သူမသည် ကျေးလက်တွင်နေထိုင်သော အဖွား၏ မိသားစုကို အထင်သေးခဲ့ဖူးသည်။ သို့သော် နောက်ဆုံး နှစ်ကြိမ်တွင် သာ့ချောင်က အလွန်လှပသည့် အ၀တ်အစားများကို ဆင်ယင်ထားပြီး အဖွားက သူမကို ကောင်းကောင်း ဆက်ဆံသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် မနာလိုဖြစ်မိခဲ့သည်။

သူမအဘွားက သူမကို သဘောကျအောင် လုပ်နိုင်ခဲ့ရင် အဝတ်အစားအသစ်တွေ ဝတ်နိုင်တော့မှာ မဟုတ်ဘူးလား?

ချန်ကျောက်တိသည် အမြဲလိုလို နှုတ်ဆိတ်နေသည်။ သူမမအမေက သူမကို စိုက်ကြည့်နေသည်အား မြင်ပြီး ပို၍ တုန်လှုပ်သွားသည်။ "အမေ၊ သမီး နားလည်ပါပြီ"

ချောင်ဟုန်းမေက သူမကို အရူးဟု တိတ်တိတ်လေး ခေါ်ပြီး လှည့်ထွက်သွားသည်။

ချန်ကျောက်တိ၏ မျက်နှာပေါ်တွင် ဝမ်းနည်းသော အမူအရာ ရှိနေသည်။ သူမအမေသာ ဒုတိယညီမလို သူမကို ချစ်နိုင်လျှင် ကောင်းမည်။

ချောင်ဟုန်းရှက သူတို့တစ်ယောက်စီအတွက် ရေပန်းကန်လုံး ချပေးလိုက်သည်။ "အားလုံးထိုင်ကြ။"

ထို့နောက် ကလေးနှစ်ယောက်အတွက် အခန်းထဲမှ သကြားလုံးလက်တစ်ဆုပ်ကို ထုတ်ယူလိုက်သည်။

သကြားလုံးကို မြင်ပြီး သားအမိများက မျက်လုံး တောက်ပလာသည်။

အစပိုင်းတွင် သူမယောက်ျားက သူမအမေသည် အရာရှိကို သိသည်ဟု ပြောသည့်အခါ မယုံခဲ့ပေ။ အခု သူမယုံသွားပြီ!

အရာရှိတစ်ယောက်ကို မသိလျှင် ဧည့်သည်များကို ဧည့်ခံရန် ယုန်ဖြူသကြားများကို ထုတ်ယူနိုင်မည် မဟုတ်ပေ။

ချန်လိုင်တိသည် သကြားလုံးကို မြင်သောအခါ အဖွားကို ကပ်ဖားရန် ပို၍ စိတ်ပိုင်းဖြတ်လိုက်သည်။

သူမသည် သာ့ချောင်ကို အတုယူလိုက်သည်။ ခြေထောက်တိုတိုကို လှုပ်ခါရင်း ပြေးလာကာ အဖွားပေါင်ကို ပွေ့ဖက်ပြီး ပြောလိုက်သည်။ "အဖွား၊ ချစ်စရာလေးက နို့သကြားလုံး စားရတာ ကြိုက်တယ်"

ချောင်ရှို့ကျီ - "..."

ချောင်ဟုန်းမေ - "..."

ချန်ကျောက်တိသည် သူမအား သဘောကျစွာ ကြည့်နေသည်။ ဒုတိယညီမသည် အလွန်အံ့သြစရာကောင်းသည်။ ချောမွေ့စွာ ကပ်ဖားနိုင်သည်။ သူမက မလုပ်နိုင်ပေ။

ချောင်ရှို့ကျီက စိတ်မသက်မသာ ခံစားလိုက်ရသည်။ ကလေး၏ လက်ကို ဆွဲဖြုတ်ပြီး ပြောလိုက်သည်။ "အဲဒီမှာ သကြားလုံးယူသွားစား"

ချန်လိုင်တိသည် သူမ၏ အတုယူခြင်း အောင်မြင်သည်ဟု ထင်လိုက်သည်။ ထို့ကြောင့် သူမက ဆက်ပြောသည်။ "အဖွားက အရမ်းကောင်းတယ်။ ချစ်စရာလေးက အဖွားကို အရမ်းကြိုက်တယ်!"

"ဖွီ..."

တံခါးအပြင်ဘက်မှ ရယ်မောသံ ထွက်ပေါ်လာသည်။ ဝမ်ချွမ်ကျီသည် သူမ၏ ဗိုက်ကြီးအား လက်နှစ်ဖက်ဖြင့် လှမ်းထောက်ကာ ပြောသည်။ "ချစ်စရာလား? လူတိုင်းထဲက သာ့ချောင်ကို အတုယူဖို့ ရွေးလိုက်တာလား?"

ချန်လိုင်တိသည် မည်မျှပင် အရေထူနေပါစေ၊ သူမသည် ခုနစ်နှစ်အရွယ် မိန်းကလေးသာ ဖြစ်သည်။ သူမကို ဒီလိုရယ်နေသည့်အခါ သူမ၏မျက်နှာက ချက်ချင်းနီသွားသည်။ "သမီး သာ့ချောင်ကို အတုမယူဘူး!"

ဝမ်ချွမ်ကျီက ကန်ပေါ်တွင် ထိုင်ချလိုက်ပြီး နှုတ်ခမ်းလေးတွန့်လိုက်သည်။ "ဒီချောင်မိသားစုမှာ သာ့ချောင်ပဲ သူမကိုယ်သူမ ချစ်စရာလေးလို့ ခေါ်တာလေ။ သူမကို အတုမယူရင် ဘယ်သူ့ကို အတုယူတာလဲ? အဒေါ်ကြီးက နင့်ကို စေတနာနဲ့ အကြံပေးမယ်။ နင်က သာ့ချောင်လောက် မလှဘူး။ နင့်ရဲ့အသားအရည်က သူ့လောက် မဖြူဘူး။ နင့်အသံက သူ့လောက် မကောင်းဘူး။ ဒါကြောင့် သူမဆီကနေ အတုမယူနဲ့!"

All Chapters