အခန်း (၁၂၈)
Vol. 10 Ch. 128
ထိုအချိန်တွင် သူမသည် ဝက်ခြံဆီသို့ လာရခြင်း၏ ရည်ရွယ်ချက်ကို လူတိုင်း ခန့်မှန်းနိုင်ကြသည်။ ၎င်းက လုံးဝ မဖြစ်နိုင်ပေ။ ရွှေတုံးများသည် သူတို့၏ ပထမအိမ်ထောင်စုနှင့်သာ သက်ဆိုင်သည်။
ဝမ်ချွမ်ကျီသည် အံကြိတ်ကာ ဝက်ချေးတွင်းမှ တွားသွားလာသည်။ ဆံပင်နှင့် မျက်နှာ အပါအဝင် သူမ၏ တစ်ကိုယ်လုံးကို ဝက်ချေးများဖြင့် ဖုံးအုပ်ထားသည်။ ပုံစံနှင့် အနံ့က လူများကို သုံးခါလောက် ရှက်သွားအောင် လုပ်နိုင်သည်။
ဟော်မိသားစုသည် သူမ ထွက်လာသည်ကို မြင်သောအခါ အဝေးသို့ ချက်ချင်း ဆုတ်ခွာသွားကြသည်။
၎င်းကိုမြင်ပြီး ဝမ်ချွမ်ကျီ ပို၍ ဒေါသဖြစ်သွားသည်။
ဤကဲ့သို့ပင် သူမသည် မစင်ဖုံးနေသော ပုံစံဖြင့် ဝက်ခြံမှ ထွက်လာပြီး ချောင်အိမ်ဆီသို့ ဖြည်းညှင်းစွာ ထွက်ခွာသွားသည်။
သာ့ချောင်သည် သူမ၏ အဒေါ်က နတ်ဆိုးတစ်ကောင်ဖြစ်ပြီး ဟော်မိသားစုကို အနိုင်ကျင့်မည်အား ကြောက်သဖြင့် သူမက အဝေးကို မသွားဘဲ ချောင်အိမ်ဟောင်းကို ပြန်သည့်လမ်း၌ ပုန်းနေသည်။
မစင်ဖုံးနေသည့် အဒေါ်ကြီးက လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။ သူမသည် နေရာ၌ ထိတ်လန့်သွားသည်!
အဒေါ်ကြီးက တကယ်ကို ပြဿနာရှာနိုင်သည်။
သို့သော် သူမသည် လေးစားမှုဖြင့် ရှေ့ကို ဆက်သွားသည်။
ဝမ်ချွမ်ကျီက မော့ကြည့်လိုက်သောအခါ သာ့ချောင်ကို တွေ့လိုက်ရသည်။ ချက်ချင်းပင် သူမသည် ကျယ်လောင်စွာအော်လိုက်သည်။ "သာ့ချောင်၊ သာ့ချောင်၊ ဒီကိုလာ!"
လာရမာ့်အစား မြန်မြန်ပြေးပြီး မကြာခင် ပျောက်ကွယ်သွားသည်။
သူမက မမိုက်မဲပေ!
အဒေါ်ကြီးက ဝက်ချေးများဖြင့် ဖုံးနေသည်။ သူမက သွားလျှင် ကောင်းမည် မဟုတ်ပေ။
သောက်ကောင်မလေး။ အရမ်းလည်တယ်!
ဝမ်ချွမ်ကျီ၏ မျက်နှာသည် ဒေါသကြောင့် မည်းသွားသည်။
ချောင်ရှို့ကျီသည် သူမက ဝက်ချေးဖုံးပြီး ပြန်ရောက်လာသည်ကို တွေ့ပြီး ချက်ချင်းဆူသည်။ "နင်ဝက်ချေးနဲ့လှိမ့်နေတာလား? ပဉ္စမရဲ့ဇနီးက ၀က်ခြံထဲမှာ အလုပ်လုပ်တာ ကြာပြီ။ ဘာလို့ ဝက်ချေးနဲ့ ပြန်မလာတာလဲ? နင်က ဘယ်လိုလုပ် ဒီအခြေအနေ ရောက်သွားတာလဲ?"
ဝမ်ချွမ်ကျီ - "..."
ချောင်ရှို့ကျီက မဲမှောင်သော မျက်နှာဖြင့် ပြောသည်။ "ဒါက နောက်ဆုံးအကြိမ်ပဲ။ နောက်တစ်ကြိမ် ဒီအခြေအနေနဲ့ ပြန်လာရင် အိမ်ပြန်မလာနဲ့တော့!"
ဝမ်ချွမ်ကျီက ငုံးတစ်ကောင်လို တုန်တုန်ယင်ယင်နှင့် ခေါင်းညိတ်ပြသည်။ "အမေ၊ ကျွန်မ မလုပ်တော့ဘူး"
ထိုနေ့တွင် သူမကိုယ်သူမ သန့်ရှင်းရေးလုပ်ရန် နှစ်နာရီလောက် အချိန်ယူရသည်။
သို့သော် ညဘက်အိပ်ရာဝင်ချိန်တွင် သူမစိတ်က ရွှေချောင်းတွေ၌သာ ရှိနေသည်။
သူမက ယောက်ျားဖြစ်သူကို တွန်းလိုက်ပြီး ပြောသည်။ "ကျန်းကော်၊ ပြီးခဲ့တဲ့ အကြိမ်တုန်းက ဝက်ခြံထဲမှာ ရွှေချောင်းတွေ ဝှက်ထားတယ်လို့ ရှင်ပြောတယ်လေ။ ကျွန်မ ရှာနေတာကြာပြီ။ ဘာလို့ ရှာမတွေ့တာလဲ?"
ချောင်ကျန်းကော်က သမ်းဝေရင်း ပြောသည်။ "ဒါက ဝက်ခြံ အပြင်ဘက်မှာပဲ!"
ဝမ်ချွမ်ကျီက အံ့အားသင့်သွားသည်။ "ဒီလောက် အဖိုးတန်တဲ့ ပစ္စည်းတွေကို ဝက်ခြံရဲ့ အပြင်ဘက်မှာ ဘယ်လိုထားတာလဲ?"
ချောင်ကျန်းကော်က သူမကို ဉာဏ်ရည်မမီသူကို ကြည့်သလို ကြည့်နေသည်။ "ဘယ်ထုတ်လုပ်ရေးအဖွဲ့မှာဖြစ်ဖြစ် ထောက်ရှားပင် ရှိနိုင်တယ်။ အဲ့ဒါက ဘာတန်ဖိုးရှိလို့လဲ"
ဝမ်ချွမ်ကျီက အံ့အားသင့်သွားသည်။ "ဘယ်ထုတ်လုပ်ရေးအဖွဲ့မှာ ရှိလဲ?"
အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?
ချောင်ကျန်းကော်က ပြန်တုံ့ပြန်လိုက်သည်။ "မနက်ဖြန်ကျရင် ဝက်ခြံဆီသွားပြီး ထောက်ရှားပင်ကို ခုတ်ပြီတော့ ဒုတိယညီလေးဆီမှာ မင်းအတွက် ခြင်းတောင်းကို ရက်ပေးဖို့ ပြောလိုက်မယ်"
ရွှေချောင်း?
ထောက်ရှားပင်?
ဝမ်ချွမ်ကျီက မိုးကြိုးထိသွားသလို ခံစားလိုက်ရသည်။
သူမယောက်ျားရဲ့ လှည့်စားမှုကြောင့် သူမက အချိန်အတော်ကြာ ပြဿနာရှာနေခဲ့တာလား?
ချမ်းသာရန် အိပ်မက်က ပြိုပျက်သွားသည်။
ဝမ်ချွမ်ကျီ၏ စိတ်သည် 10,000 မှတ်အထိ ထိခိုက်ခဲ့သည်။ယ
သူမက စိတ်ဆိုးလွန်းသဖြင့် ယောက်ျားကို အိပ်ယာပေါ်မှ မောင်းထုတ်ထုတ်လိုက်သည်။
ချောင်ကျန်းကော်က ခေါင်းအုံးကို ဝမ်းသာအားရ ပွေ့ဖက်ပြီး သားဖြစ်သူနှင့်အတူ သွားအိပ်သည်။
သူ့မိန်းမ ရေချိုးပြီးချိန်၌ပင် ခန္ဓာကိုယ်၌ ဝက်ချေးနံ့များ ရှိနေသေးသည်။ ယခု သူမဘေး၌ အိပ်စရာ မလိုတော့ပေ။ သူလိုချင်နေသည့် အရာပင်။
သူမယောက်ျားက မြူးကြွစွာ တေးညည်းသည်ကို မြင်လိုက်ရပြီး ဝမ်ချွမ်ကျီသည် ချက်ချင်းပင် ဒေါသ တောက်လောင်သွားပြန်သည်။
ဝက်ခြံထဲတွင် ရွှေချောင်းများမရှိသောကြောင့် သူမသည် ထိုနေရာတွင် အလုပ်မသွားချင်တော့ပေ။
ဝက်ခြံက အနံ့ဆိုးလွန်းသည်။ သူမသည် နေ့တိုင်း လူဆိုးသုံးယောက်နှင့် ရင်ဆိုင်ရသည်။ သွားချင်စိတ် မရှိပေ။
သို့သော် ဒီအလုပ်အတွက် ယောက္ခမကို ထပ်ခါထပ်ခါ တောင်းဆိုထားသည်။ တစ်လပင်မပြည့်သေးဘဲ သူမက မလုပ်ချင်တော့ဘူးဆိုပါက ယောက္ခမကို သေချာပေါက် နှင်ထုတ်လိမ့်မည်။
ကျည်ဆံကို ကိုက်ပြီး ဆက်လုပ်ရန်ကလွဲ၍ ရွေးချယ်စရာမရှိပေ။ ကံကောင်းထောက်မစွာနှင့် သူမ၏ ဗိုက်က ခုနစ်လသားအရွယ်ကို ရောက်လာပြီ။ တစ်လလောက်ကြာပြီးလျှင် သူမ မသွားရနိုင်တော့ပေ။
နွေဦးထွန်ယက်ပြီးနောက် အနားယူသောကာလဖြစ်သည်။ အားလပ်ချိန်တွေပြီးလျှင် နွေရာသီရောက်လာပြီး ရာသီဥတုက ပိုပူလာသည်။
ထုတ်လုပ်ရေးအဖွဲ့မှ ရွာသားများက အလုပ်ရှုပ်နေပြန်သည်။ ပေါင်းပင်များနှုတ်ခြင်း၊ လယ်မြေများကို မြေသြဇာကျွေးခြင်း၊ လယ်ရေလောင်းခြင်းများတွင် မလျော့နိုင်ပေ။
ယခုအချိန်တွင် ကျေးလက်တွင် လျှပ်စစ်မီးမရှိပေ။ ချီလီရွာကဲ့သို့သော ထုတ်လုပ်ရေးအဖွဲ့များသည် ဒီဇယ်စက်များမပြောနှင့်၊ လယ်ထွန်စက်များပင် မရှိပေ။ ရေလောင်းခြင်းကို ကိုယ်တိုင်ပြုလုပ်ရသည်။
နေရောင်အောက်၌ နေ့တိုင်း ရေထမ်းရသည်မှာ လူတိုင်းကို မောပန်းနွမ်းနယ်စေသည်။ အချိန်အတော်ကြာ အလုပ်လုပ်ပြီးနောက် နေရောင်ကို မခံနိုင်သူများသည် အနက်ရောင်မီးသွေးအဖြစ်သို့ အရောင်တောက်သွားကြသည်။
ကလေးများက လယ်ကွင်းကိုသွားပြီး အလုပ်လုပ်ရန် မလိုအပ်သော်လည်း မည်းသွားကြသည်။ တောင်များ၊ လယ်ကွင်း အနှံ့ ပြေးလွှာဆော့ကစားသကဲ့သို့ ကျောင်းတက်ရန် ရပ်ရွာကို လမ်းလျှောက်သွားရသည်။ ဆောင်းရာသီတွင် သူတို့၏ အသားအရေသည် အနည်းငယ် ပြန်ဖြူလာသည်။
သာ့ချောင်၏ အသားအရည်သည် နူးညံ့ပြီး သန့်ရှင်းနေသည်။ နို့ကဲ့သို့ပင် ဖြူဖွေးတောက်ပနေပုံရသည်။
တစ်စုံတစ်ယောက်သည် သက်ပြင်းချကာ ပြောလိုက်သည်။
"အဲ့ဒီကလေး သာ့ချောင်က ဘယ်လို ကြီးပြင်းလာမှန်း မသိဘူး။ သူမအသားအရေက ကြက်ဥခွံလို ဖြူဖွေးနူးညံ့နေတယ်။ ငါတို့ ကျေးလက်က ကလေးတွေနဲ့ လုံးဝမတူဘူး!"
"မိန်းကလေးတွေက ဆယ့်ရှစ်ခါပြောင်းတယ်လို့ ပြောကြတယ်။ သာ့ချောင်က အသက် ၇ နှစ်မှာတင် အရမ်းကြည့်ကောင်းလာတယ်။ သူမ ကြီးလာရင် ဘယ်လိုဖြစ်မလဲ မသိဘူး"
"ဒီကလေးက အမြဲတမ်း ရုပ်ရည်ကောင်းတယ်လို့ ထင်ပါတယ်။ သူမက အရင်က အသားခြောက်ပြီး ကောင်းကောင်းမဝတ်လို့။ သူမညီမ ယှဥ်လိုက်ရင် သူမက မလှတော့ဘူး"
"အခု နင်ပြောသလိုပဲ။ လင်းဟွေ့က အိမ်ထဲဝင်သွားတာနဲ့ ကလေးရဲ့အဝတ်အစားတွေက နေ့တိုင်း မထပ်ဘူး။ Tsk tsk၊ လူတိုင်းက လင်းဟွေ့နဲ့မတူဘူး!"
ယခုဆိုလျှင် လင်းဟွေ့သည် သူမ၏ လင်ပါသမီး သာ့ချောင်ကို သူမသားထက် ပိုချစ်ကြောင်း ထုတ်လုပ်ရေး အဖွဲ့တစ်ခုလုံးနီးပါး သိလာသည်။ အစားအသောက်၊ အဝတ်အစားနှင့် ပတ်သက်လာလျှင် သူမသည် သာ့ချောင်ကို အမြဲဦးစားပေးသည်။
သူမ၏ စိတ်ရင်းမှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ အနည်းဆုံး သူမ၏ ရည်ရွယ်ချက်များသည် ချောင်မိသားစုအားလုံး၏ သဘောတူညီချက်ကို ရရှိခဲ့သည်။
ဖန်ရှောင်ကျွမ်းက အသီးအရွက်များကို သယ်ပြီး ဖြတ်သွားသည်။ လင်းဟွေ့ကို လူတိုင်းက ချီးမွမ်းသံကို ကြားလိုက်ရသည်။ မုန်းတီးစွာဖြင့် အံကြိတ်လိုက်သည်။
သူမ နေထိုင်သော သက်ကယ်တဲမှာ ပျက်စီးသွားခဲ့သည်။ မိုးမရွာတုန်းက အဆင်ပြေသည်။ မိုးရွာသည်နှင့် နေထိုင်ရန် မတွေးတော့နှင့်။
သူမသည် ဝမ်ရွှေရှန်ကို ဖိအားပေးပြီး သူမအတွက် ပြုပြင်ခိုင်းသည်။ သို့တိုင် သူမသည် ကောင်းမွန်သောအိမ်တွင် နေထိုင်လေ့ရှိသည်။ ခက်ခဲသော ဘဝကို မနေနိုင်တော့ပေ။
လွန်ခဲ့သည့် ရက်အနည်းငယ်က သူမသည် လင်းဟွေ့ကို အဝေးမှ မြင်ခဲ့ရသည်။ သူမ၏ မွဲခြောက်နေသော အသားအရည်နှင့် နှိုင်းယှဉ်ပါက လင်းဟွေ့၏ နီမြန်းသော အသားအရေသည် လူအများကို မနာလို ဖြစ်စေသည်။
ထိုအချိန်တုန်းက သူမက နွေဦးလေညင်းများနှင့် ပြည့်နေသည်။ ပျော်ရွှင်ခြင်းသည် သူမ၏ မျက်ခုံးနှင့် မျက်လုံးပေါ်တွင် ပေါ်လာသည်။ အကြည့်တစ်ချက်နှင့်ပင် သူမသည် အလွန်သာယာသောဘဝတွင် နေထိုင်ကြောင်း သိနိုင်သည်။
လင်းဟွေ့၏ ပုံစံသည် သူမ၏ မျက်လုံးထဲတွင် နက်နဲစွာ စူးနစ်စေသည်။
လင်းဟွေ့က ဤမျှလောက် ပျော်ရွှင်စွာ နေထိုင်နေချိန်၌ သူမက အဘယ်ကြောင့် ဤမျှဆိုးဆိုးရွားရွားနေနေရသနည်း။
အရင်ဘဝကလည်း ဒီလိုပင်။ ဒီဘဝကလည်း ဒီလိုဖြစ်ပြန်သည်။ ဘုရားသခင်သည် သူမကို အလွန် ဘက်လိုက်သည်။
မရဘူး၊ သူမပိုင်တဲ့ပစ္စည်းကို ပြန်ရဖို့ နည်းလမ်းရှာရမယ်။
...
သာ့ချောင်သည် စံပယ်ပန်းနှင့် (bitter sweet)နှင်းဆီခါးသီးများကို ကျောက်စိမ်းပုတီးစေ့ရေဖြင့် နေ့တိုင်း ရေလောင်းသည်။ တစ်လအတွင်း စံပယ်ပန်းများ အမှန်တကယ် ပွင့်လာသည်။
ဤအမြန်နှုန်းသည် ချောင်မိသားစုရှိ လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
အစေ့မှ အပင်ပေါက်ပြီး ပန်းပွင့်ချိန်အထိ နှစ်လ သို့မဟုတ် သုံးလကြာသည်။ သို့သော် ယခု တစ်လအတွင်း ပြီးသွားပြီ။ ၎င်းက ဘယ်လိုမှ မဖြစ်နိုင်ပေ။
သို့သော် နေ့တိုင်းဥလေးငါးလုံးဥသောကြက်မနှင့်ဆောင်းရာသီတွင်သစ်တော်သီးပွင့်များပွင့်သည်ကိုတွေ့မြင်ပြီးနောက် ချောင်မိသားစုသည် အံ့သြသွားသော်လည်း ဤကိစ္စကို အမြန် လက်ခံလိုက်ကြသည်။ တိတ်တဆိတ်နေပြီး မဖြန့်ကြပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ချောင်ရှို့ကျီ၏ မွေးနေ့ ရောက်လာသည်။
သာ့ချောင်သည် သူမ ထိုးထားသော လက်ကိုင်ပုဝါကို ထုတ်ကာ မျက်မှောင်ကြုတ်လိုက်သည်။ "အစ်မတုန်းဟယ်၊ အဖွားက ဒီလက်ဆောင်ကို ကြိုက်မယ်လို့ အစ်မထင်လား?"
အဖွားအတွက် မွေးနေ့လက်ဆောင်ကို ပြင်ဆင်ရန် တစ်လကျော်လောက် အလုပ်ရှုပ်နေခဲ့သည်။
တစ်ယွမ်နှင့် သုံးပဲနိအထိ စုဆောင်းထားသော်လည်း အဖွားထံ၌ မရှိသောအရာ မရှိပေ။ နောက်ဆုံးအကြိမ်၌ သူမ၏ မွေးစားအမေနဲ့ ကုန်စုံဆိုင်ကို လိုက်သွားသော်လည်း မျက်လုံးထဲ၌ ပေးချင်သည့်အရာကို ဘာမှမတွေ့ပေ။
အဆုံးတွင် အဖွားအတွက် လက်ကိုင်ပုဝါကို ထိုးပေးရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ဒီရက်တွေမှာ ဝယ်ရသည့် အပ်ချည်က မပြီးသေးသည့်အတွက် ပန်းထိုးခြင်း၏ အကျိုးသက်ရောက်မှုက သူမကို ကျေနပ်မှု မပေးနိုင်ပေ။
ချောင်တုန်းဟယ်သည် ကြင်နာတတ်သော မိန်းမပျိုတစ်ယောက်ဖြစ်သည်။ သူမက ထိုသို့ ဖြစ်နေသညထကို မြင်ပြီး ချက်ချင်းနှစ်သိမ့်ပေးလိုက်သည်။ "ညီမလေး ပန်းထိုးတာ အရမ်းကောင်းတယ်။ အဖွားက သဘောကျမှာ သေချာတယ်။ ဒါကြောင့် စိတ်မပူပါနဲ့!"
တကယ်တမ်းတွင် အဖွားက သူမကို အလိုလိုက်သည်အား ကြည့်ခြင်းအားဖြင့် ဘယ်လောက်ပဲ အကျည်းတန်သည့် ပန်းထိုးထားပါစေ အဖွားက စိတ်ထဲမထားပေ။
ဝမ်းကွဲအစ်မ ပြောသည်ကို သာ့ချောင်က ကြားသည့်အခါ နှုတ်ခမ်းကို တင်းပြီး ပြုံးလိုက်သည်။ နောက်ဆုံးတွင် သူမ၏ စိုးရိမ်စိတ်များ ပျောက်ကွယ်သွားသည်။
ညနေပိုင်းတွင် ချောင်မိသားစုသည် ချောင်အိမ်ဟောင်းတွင် စုဝေးကြသည်။ အလွန်အသက်ဝင်နေသည်။
ဝမ်ချွမ်ကျီ၏ ဗိုက်သည် ရှစ်လကျော်ရှိနေပြီဖြစ်သည်။ သူမကို ဘယ်သူမှ ခွင့်မပြုရဲကြပေ။ ထို့ကြောင့် လင်းဟွေ့နှင့် ချန်ချောင်ချောင်တို့သည် မီးဖိုချောင်တွင် အလုပ်လုပ်သော ချွေးမများဖြစ်သည်။
လင်းဟွေ့သည် သူမ၏ မိသားစုတွင် တစ်ဦးတည်းသော သမီးဖြစ်သော်လည်း ငယ်စဉ်ကတည်းက အိမ်၌ ကူညီပေးခဲ့သည်။ အိမ်ထောင်ကျပြီးနောက် အရာရာတိုင်းအတွက် သူမကိုယ်သူမ အားကိုးရသည်။ ထို့ကြောင့် သူမ၏ လုပ်ရပ်များက လုံးဝကို မသေသပ်ခြင်း မရှိပါပေ။ သူမသည် အတော်လေး သွက်လက်သည်။
ချန်ချောင်ချောင်သည် သူမ၏ ကိုယ်ဝန်ရှိနေပြီဖြစ်သော ဗိုက်ကို တစ်ချက်ကြည့်လိုက်သည်။ မနာလိုသော အကြည့်က ပေါ်လာသည်။
သူမယောက်ျားက ခရိုင်၌ အလုပ်လုပ်နေသည်မှာ သုံးလနီးပါးရှိပြီ။ တစ်ခါမှ ပြန်မလာပေ။ သူမ၏ စိတ်ထဲ၌ တနေ့ထက်တနေ့ ပိုပြီး မနာလိုဖြစ်လာသည်။
ဟင်းသီးဟင်းရွက် လှီးဖြတ်ရင်း တွေးနေမိသည်။ သူမက မိန်းမောနေချိန်၌ ဓားက လက်ညိုးကို ဖြတ်မိလိုက်သည်။ သူမ၏ လက်ညိုးပေါ်တွင် စူးခနဲ နာကျင်မှုတစ်ခု ချက်ချင်းထွက်ပေါ်လာသည်။
"နင့်လက်ချောင်းက သွေးတွေထွက်နေတယ်။ ဘာလို့ ဂရုမစိုက်တာလဲ?"
လင်းဟွေ့သည် ချန်ချောင်ချောင်၏ အော်သံကို ကြားသောအခါ လှည့်ကြည့်လိုက်ရာ ချန်ချောင်ချောင်သည် လက်ချောင်းကို ဓားထိထားသည်ကို တွေ့လိုက်ရသည်။
ထင်းခြောက်များကို သယ်ကာ လျှောက်လာသည့် ချောင်ကျန်းကျွင်းက အော်သံကိုကြားသောအခါ လင်းဟွေ့က ထိခိုက်မိသွားသည်ဟု ထင်လိုက်သည်။ သူက လက်ထဲမှ ထင်းစည်းကို ပစ်ချကာ ပြေးလာသည်။ "ဟွေ့ဟွေ့၊ ဘာဖြစ်တာလဲ?"
သူက အပြေးအလွှားဝင်လာသောအခါ ပဉ္စမမြောက်ညီမ၏ လက်ချောင်းက သွေးထွက်နေပြီး လင်းဟွေ့သည် ကောင်းမွန်သော အခြေအနေတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုမှသာ နားလည်မှုလွဲသွားသည်ကို သူသိလိုက်သည်။
လင်းဟွေ့သည် အခြားလူများရှေ့တွင် သူမကို နာမည်ပြောင်ခေါ်သည်ကို မြင်လိုက်ရသဖြင့် သူမ၏ပါးပြင်များ နီမြန်းလာသည်။ သူမက သူ့ကို အပြစ်တင်လိုက်သည်။ "ရှင်က အရွယ်ရောက်နေပြီ။ ဘယ်လိုလုပ် အလျင်စလို ပြုမူနိုင်တာလဲ?"
ချောင်ကျန်းကျွင်းက နားရွက်ကိုကုတ်ပြီး ရှက်ကိုးရှက်ကန်းနှင့် ပြောသည်။ "မတော်တဆဖြစ်တာ မင်းလို့ ကိုယ်ထင်လိုက်တာ။ ကိုယ် အရမ်းစိတ်ပူသွားတာပဲ"
"..."
သူမ၏ လက်ချောင်းကို ဓားထိသွားသည့် ချန်ချောင်ချောင်က ခွေးစာတစ်လုတ် အကျွေးခံလိုက်ရသည်။ သူမ၏ နှလုံးသားက အေးခဲသွားသလို ခံစားလိုက်ရသည်။
သူမက လှည့်ထွက်သွားလိုက်သည်။ "ဒဏ်ရာကို ဆေးထည့်လိုက်ဦးမယ်။ နောက်မှပြန်လာတော့မယ်"
လင်းဟွေ့က သူမကို ပြန်အော်ပြောလိုက်သည်။ "နင့်လက်ချောင်းတွေ ဒဏ်ရာရနေတယ်။ ဒီကို ပြန်မလာနဲ့တော့။ ငါ့ကိုပဲ လွှဲထားလိုက်"
ချန်ချောင်ချောင်က လှည့်ကြည့်လိုက်သည်။ "နင် တစ်ယောက်တည်း လုပ်နိုင်လို့လား?"
ချောင်ကျန်းကျွင်းက ချက်ချင်း ပြန်ဖြေသည်။ "ရပါတယ်။ ကျုပ်က ဟင်းသီးဟင်းရွက်တွေ ဖြတ်ပြီး မီးကူထိုးပေးလို့ရတယ်"