← Chapters

အခန်း (၁၂၉)

Vol. 10 Ch. 129

အခန်း (၁၂၉)

Vol. 10 Ch. 129

ရွှယ်ချွမ်သည် ချက်ပြုတ်နိုင်သဖြင့် ချောင်မိသားစုသည် အမျိုးသားများအတွက် မီးဖိုချောင်မဝင်ရဆိုသည့် ထုံးစံမရှိသောကြောင့် ချောင်မိသားစုမှ အမျိုးသားများသည် ဟင်းအနည်းငယ်ချက်ပြုတ်နိုင်သည်။ သူတို့၏ ဟင်းချက်ကျွမ်းကျင်မှုက အလွန်သာမန်ဆန်လွန်းသည်။

ချန်ချောင်ချောင်သည် ဤလင်မယားက လိုက်လျောညီထွေစွာ ဆက်ဆံပြီး ချစ်နေသည်ကို မြင်လိုက်ရပြီး သူမ၏ နှလုံးသားသည် ပို၍ပင် အေးခဲသွားသည်။ "နင်တို့ လုပ်ချင်သလိုလုပ်"

ထိုစကားပြောပြီး သူမက လှည့်ထွက်သွားသည်။

ချောင်ကျန်းကျွင်းနှင့် လင်းဟွေ့သည် ကူကယ်ရာမဲ့သောအမူအရာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

ချန်ချောင်ချောင် အိမ်ဟောင်းကိုပြန်ရောက်သည်မှာ တစ်နှစ်ခွဲကျော်ရှိပြီ။ သူမသည် ချောင်မိသားစု၏ လူကြီးများနှင့် ဝေးကွာနေဆဲဖြစ်သည်။ ဤဝေးကွာသော အနေအထားတွင် သူမ၏ သမီးလေးဝမ်အာလည်း ပါဝင်သည်။

ချောင်ကျန်းမင်က ခရိုင်၌ အလုပ်သွားလုပ်သဖြင့် မပျော်သည်ကို လင်းဟွေ့က နားလည်သည်။ သို့သော် ချောင်ကျန်းမင်က ငယ်ငယ်လေးကတည်းက ဒေါသကြီးသည်။ သူသည် ထုတ်လုပ်ရေးအဖွဲ့တွင် မနေချင်ဘဲ သူ့အစ်ကိုနှစ်ယောက်လို လယ်ကွင်းထဲတွင် အလုပ်မလုပ်ချင်မှာ သေချာသည်။

ယခု ချောင်ကျန်းမင်က အလုပ်သွားလုပ်ကာစဖြစ်ပြီး ချန်ချောင်ချောင်နှင့် ကလေးကို သူနှင့်အတူ ခေါ်သွားသည်က လက်တွေ့မကျပေ။ သို့တိုင် ချောင်ကျန်းမင်သည် ပျက်စီးနေသူ မဟုတ်ပေ။

သူ့ထံ၌ အခြေအနေ ရှိလာသည်နှင့်အမျှ သားအမိကို သူ့အနားကို ခေါ်ဆောင်လာရန် နည်းလမ်းကို သေချာပေါက် ရှာလိမ့်မည်။

ထို့ကြောင့် ချန်ချောင်ချောင်က သူမ ယောက်ျားအပေါ် ယုံကြည်မှု ပိုရှိသင့်သည်။

သူမအနေနှင့်ဆိုလျှင် ချန်ချောင်ချောင်က ဝမ်အာလေးကို ပိုအာရုံစိုက်သင့်သည်။ ချောင်ကျန်းမင် ပြန်လာသောအခါ သူ့သမီးကို ကောင်းစွာ ပြုစုစောင့်ရှောက်ထားသည်ကို တွေ့လျှင် သူသည် သူမကို သေချာပေါက် ကျေးဇူးတင်ပေလိမ့်မည်။ ထို့နောက် နှစ်ဦးသား ရင်ကြားစေ့ရန် အခွင့်အရေး ရနိုင်သည်။

ဝမ်အာလေး အကြောင်း​တွေးရင်း လင်းဟွေ့က စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။

ဝမ်အာ ပြန်ရောက်လာကာစ၌ ချန်ချောင်ချောင်က သူမကို အာရုံစိုက်ခဲ့သည်။ သို့သော် ချောင်ကျန်းမင်က ထွက်သွားသည်နှင့် သူမသည် ဝမ်အာကို ဘေးသို့ ပစ်ချကာ အရင်အခြေအနေကို အမြန်ပြန်သွားခဲ့သည်။ ဝမ်အာလေးက သူမအမေနှင့် လုံးဝ မရင်းနှီးသည်မှာ အံ့သြစရာပင်။

သာ့ချောင်က သူမအမေ ပင်ပန်းမည်ကို ကြောက်သည်။ ချန်ချောင်ချောင် ထွက်သွားပြီး သိပ်မကြာခင်မှာပင် သူမက ချက်ချင်း ပြေးဝင်လာသည်။

ဒီမိသားစုလေး၏ ရယ်သံကို မီးဖိုချောင်ထဲမှ မကြာခဏ ကြားရသည်။ လေထုသည် အလွန်နွေးထွေးနေသည်။

...

ချက်ပြုတ်ပြီးနောက် အပြင်၌ အလင်းရောင် တောက်ပနေသေးသည်။ ရွှယ်ချွမ်က သူ့သားနှစ်ယောက်ကို ခြံထဲ၌ ထမင်းစားပွဲပြင်ခိုင်းသည်။

ပန်းကန်များကို စားပွဲပေါ်တွင် တစ်လုံးပြီးတစ်လုံး ချထားလိုက်သည်။ ဝက်ခြေထောက်ချက်၊ တို့ဟူးစပ်၊ ကွန်ပေါင်ကြက်သား၊ ပင်လယ်ငါးပေါင်း၊ တရုတ်ဂေါ်ဖီကြော်၊ ခရမ်းချဉ်သီး ကြက်ဥစွပ်ပြုတ်တစ်အိုးတို့ ပါဝင်သည်။

မွှေးရနံ့က လူတိုင်း၏ အစာအိမ်ထဲက ပိုးမွှားများကို မခံမရပ်နိုင်ဖြစ်သည်အထိ ပျံ့နှံ့သွားသည်။

အန်းပင်းက သူ့တံတွေးကို မျိုချပြီး ပြောလိုက်သည်။ "ဒုတိယအဒေါ်၊ အဒေ့ါ်ရဲ့ ဟင်းချက်စွမ်းရည်က တစ်ချက်ကြည့်ရုံနဲ့ အရသာရှိမှန်း သိသာတယ်။ စိတ်မပူပါနဲ့၊ နောက်မှ နည်းနည်း ပိုစားမယ်!"

ရယ်စရာကောင်းသော စကားကို ကြားသောအခါ လူတိုင်းက ရယ်မောလိုက်ကြသည်။

လင်းဟွေ့က ပြုံးပြီး ကျိုးနွံစွာ ပြန်ဖြေသည်။ "ကျွန်မရဲ့ ဟင်းချက်စွမ်းရည်က ပျမ်းမျှပါပဲ။ အဖေနဲ့ မယှဉ်နိုင်ဘူး!"

အန်းပင်းက တုံးထားသော ခေါင်းကို ကုတ်လိုက်ပြီး ပြောသည်။ "အဖိုးရဲ့ ဟင်းချက်စွမ်းရည်က အရမ်းကောင်းတယ်။ ဘယ်သူမှ မယှဉ်နိုင်ဘူး။ ဒါပေမယ့် ဒုတိယအဒေါ်ကလည်း မဆိုးပါဘူး။ အဘိုးက ပထမအဆင့်ဆိုရင် ဒုတိယအဒေါ်က ဒုတိယအဆင့်မှာ သေချာပေါက်ဖြစ်လိမ့်မယ်!"

ချီးမွမ်းခံရသည်ကို မကြိုက်သောသူ မရှိပေ။ လင်းဟွေ့က တောက်ပစွာ ပြုံးလိုက်ပြီး ပြောသည်။ "သားရဲ့ ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒုတိယအဒေါ်က သား ချီးမွမ်းလို့ ရှက်နေပြီ"

"အန်းပင်း၊ သားပြောတာမှားနေပြီ။ နင့်အမေ ငါ့ကိုမေ့သွားပြီလား?"

လူတိုင်းက လင်းဟွေ့ကိုသာ ချီးကျူးသည်ကိုမြင်သောအခါ ဝမ်ချွမ်ကျီသည် မနာလိုဖြစ်နေသည်။ အဖိုးတန်သားဖြစ်သူက သူမကို ချီးမွမ်းနေသည်အား မြင်လိုက်ရပြီး ပို၍ စိတ်မသက်မသာ ခံစားရသည်။

ထိုစကားကို သူမပြောပြီးသည်နှင့် သူမ၏ အဖိုးတန်သားနှင့် ယောက်ျားဖြစ်သူတို့ နှစ်ယောက်လုံး တညီတညွတ်တည်း ရယ်မောလိုက်ကြသည်။

အန်းပင်း - "အမေ၊ အရမ်းကြီး ယုံကြည်ချက် မပြည့်နေနဲ့။ အမေ့ရဲ့ ဟင်းချက်စွမ်းရည်က သားလောက်တောင် မတော်ဘူး!"

ချောင်ကျန်းကော်က ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။ "မိန်းမ၊ မင်းရဲ့ ဝက်စာ ချက်ပြုတ်တဲ့ အဆင့်နဲ့ မင်း အဲဒါကို ပြောရဲတယ်။ မင်းအစား ငါရှက်တယ်!"

ဝမ်ချွမ်ကျီ - "..."

တင်ပါးကြီး ဝမ်ချွမ်ကျီသည် သွေးအန်လုမတတ်ပင်။

အရင်တုန်းက သူ့ယောက်ျားက သူမကို တုံ့ပြန်လျှင် လုံလောက်သည်။ ယခု အန်းပင်းလည်း ပါဝင်လာပြီ။ ဒီဘဝက အသက်မရှင်နိုင်တော့ပေ။

ချောင်မိသားစုသည် ပထမအိမ်ခွဲ၏ သားအဖကို ပြန်ပြောနေသည်ကို ကြည့်ပြီး ရယ်မောနေကြသည်။

ထိုအချိန်တွင် ချောင်ရုံရော့က ဟောင်သည်။ ထို့နောက် တံခါးခေါက်သံ ထွက်ပေါ်လာသည်။

ဝမ်ချွမ်ကျီက ပြောလိုက်သည်။ "ဒီအချိန်မှာ ဘယ်သူလာတာလဲ?"

"အမေ၊ အဖေ၊ ကျွန်တော်ပဲ!" ချောင်ကျန်းမင်၏ အသံသည် တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။

အားလုံးက ခဏတာ ထိတ်လန့်သွားကြသည်။ ထို့နောက် အားလုံး စိတ်လှုပ်ရှားလာသည်။

အထူးသဖြင့် ချန်ချောင်ချောင်ပင်။ သူမ၏ မျက်လုံးများက တောက်ပလာသည်။ သူမသည် တခဏအတွင်း အသက်ပြန်ရှင်လာသကဲ့သို့ပင်။

သူမသည် လူအုပ်ကြီးကို ကျော်ဖြတ်ကာ တံခါးဆီသို့ ပြေးသွားသည်။ သူမကို အခြားသူများက မည်သို့တွေးသည်ကို ဂရုမစိုက်ပေ။

သေးငယ်သော ခွဲခွာမှုသည် ကြင်စဦးဇနီးမောင်နှံများထက် ခင်ပွန်းနှင့် ဇနီးကို ပိုမိုရင်းနှီးစေသည်။ ကွဲကွာနေသည်မှာ သုံးလလောက်ရှိပြီ။ သူမ ဘာကြောင့် အရမ်းစိတ်လှုပ်ရှားနေသည်ကို လူတိုင်းနားလည်နိုင်သည်။

အခုပင် သူမက ကမူးရူးထိုး ပြေးထွက်လာသည်။ ဘေး၌ ရပ်နေသည့် သမီးကို လုံးဝ မေ့သွားပြီး ပြင်းထန်စွာ တိုက်မိသွားသည်။ ယိုင်တိယိုင်တိုင်ဖြစ်ပြီး ဝမ်အာလေးသည် မြေပြင်ပေါ်သို့ လဲကျသွားသည်။

သာ့ချောင်၏ လျင်မြန်သော လက်က သူမကို တွဲကူ မဟုတ်ပါက ဝမ်အာလေးသည် ယခုအချိန်တွင် သွေးထွက်နေပေလိမ့်မည်။

ဝမ်အာလေးသည် သာ့ချောင်ကို ပွေ့ဖက်လိုက်သည်။ မျက်လုံးတွေနီရဲလာပြီး တိတ်တိတ်လေး ငိုနေသည်။ သူမက ထိတ်လန့်သွားသည်မှာ သိသာသည်။

သာ့ချောင်သည် ညီမလေးကို လျင်မြန်စွာပွေ့ဖက်ကာ နူးညံ့သိမ်မွေ့စွာ နှစ်သိမ့်ပေးသည်။ "ဝမ်အာ၊ မငိုနဲ့တော့။ အစ်မ ဒီမှာရှိတယ်။ မကြောက်နဲ့!"

၎င်းကိုမြင်ပြီး ချောင်ရှို့ကျီ မျက်နှာက ချက်ချင်း နစ်မြုပ်သွားသည်။

ချန်ချောင်ချောင်သည် နောက်ဆုံးအဖြစ်အပျက်မှ သင်ခန်းစာမရရှိခဲ့သည်မှာ ထင်ရှားသည်။

ချန်ချောင်ချောင်က ဝမ်းသာအားရဖြင့် တံခါးကိုဖွင့်လိုက်သည်။ တံခါးဝ၌ ရပ်နေသည့် ယောက်ျားကို မြင်ပြီး မျက်ရည်ကျလုမတတ် ဖြစ်လာသည်။ "ကျန်းမင်၊ ရှင်ပြန်လာပြီ!"

သူမ၏ အကြည့်က သူမယောက်ျားကို စူးစူးရဲရဲ တောက်လောင်စေသည်။

သူမ၏ စိတ်ကူးထဲတွင် ချောင်ကျန်းမင်သည် ယခုအချိန်တွင် သူမကဲ့သို့ ဖြစ်သင့်သည်။ ပူလောင်သောမျက်လုံးများဖြင့် သူမကိုကြည့်ကာ 'မင်းရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်' ဟု ပြောသင့်သည်။

သို့သော် ချောင်ကျန်းမင်က စကားမပြောမီ သူ့အနောက်မှ အသံတစ်ခုထွက်လာသည်။ "ဒါက ပဉ္စမညီမ ဖြစ်ရမယ်"

မရင်းနှီးသောလူ၏ အသံကို ကြားသောအခါ ချန်ချောင်ချောင်သည် အာရုံပြန်ရလာသည်။ ထိုမှပင် အနောက်တွင် ရပ်နေသော လူ ၃ ယောက်ရှိကြောင်း သူမသိလိုက်သည်။... ချန်ရှင်း၊ ချောင်ဟုန်းမေနှင့် သူတို့၏ ဒုတိယသမီး ချန်လိုင်တိ တို့ဖြစ်သည်။

ထိုအချိန်တွင် ခြံထဲရှိ လူများက ချောင်ဟုန်းမေ၏ မိသားစုကို သတိထားမိသည်။ သူတို့၏ မျက်နှာများသည် လှပသော မြင်ကွင်းမဟုတ်ပေ။

မူလက နွေးထွေးပျော်ရွှင်သော အငွေ့အသက်များသည် သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွားသည်။

"စတုတ္ထအစ်မ ပြန်ရောက်လာပြီ" ချန်ချောင်ချောင်သည် မျက်နှာပေါ်တွင် အဆင်မပြေသောအမူအရာဖြင့် တင်းမာစွာပြောလိုက်သည်။

ချောင်ဟုန်းမေက သူမကို စိုက်ကြည့်နေသည်။ သူမ၏ ပါးစပ်ထောင့်က တွန့်ကွေးပြီး ပြန်တုံ့ပြန်သည်။ "ပဉ္စမမောင်လေးက တစ်ညတည်း ပြန်လာတာနဲ့ မဟုတ်ဘူး။ ချောင်ချောင်၊ နင်က ဘာလို့ အရမ်းစိုးရိမ်နေတာလဲ?"

ချန်ချောင်ချောင်၏ မျက်နှာသည် ဝက်သွေးကဲ့သို့ပင် နီရဲလာသည်။

ချောင်ကျန်းမင်သည် သူ၏စတုတ္ထအစ်မကို အေးစက်စွာပြန်ကြည့်ကာ ပြောလိုက်သည်။ "ဘယ်လိုပြောရမှန်းမသိရင် ပါးစပ်ပိတ်ထား။ ဒါမှမဟုတ် ပြန်သွားလိုက်။ ငါတို့ ချောင်မိသားစုက မင်းလိုလူကို မကြိုဆိုဘူး!"

"နင်……!"

ချောင်ဟုန်းမေ၏ မျက်နှာသည် ဒေါသစိတ်ကြောင့် နီရဲလာသည်။

ချန်ရှင်းသည် ခေါင်းလှည့်ကာ သူမကို စိုက်ကြည့်လိုက်သည်။

ချောင်ဟုန်းမေက အံကြိတ်ကာ ပြောလိုက်သည်။ "ဘယ်လိုပြောရမှန်းမသိတဲ့လူက ငါပဲ။ ပဉ္စမမောင်လေးနဲ့ ပဉ္စမညီမ၊ ငါ့ကိုစိတ်မဆိုးပါနဲ့။ ငါက တိုက်ရိုက်ပြောတတ်တဲ့ လူပါ။ မကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူး!"

ချောင်မိသားစု - "..."

ချောင်ရှို့ကျီက အေးစက်စွာ ပြောသည်။ "နင်တို့ ဘာလို့ တံခါးဝမှာ ရပ်နေတာလဲ? ဝင်လာခဲ့"

ချောင်ဟုန်းမေက ခြေဖဝါး၌ ကပ်နေသည့် မျှော့တစ်ကောင်လိုပင်။ လူများကို မထိခိုက်စေနိုင်သော်လည်း ရွံရှာစေနိုင်သည်။

ချောင်ရှို့ကျီသည် ဤသမီးကို အလွန်စိတ်ပျက်သွားသည်။ နောက်ဆုံးတွင် တဖက်လူက လက်ထပ်ပြီးသား ဖြစ်သည်။ သူမကို တစ်နှစ်မှာ အကြိမ်အနည်းငယ်ထက် ပိုမတွေ့ရတော့ပေ။ သူမက မဟုတ်သည့်အရာများ မလုပ်သရွေ့ သူမကို ဘာမှလုပ်ရန် အစီအစဉ်မရှိပေ။

မကြာသေးခင်က သူမက ခဏခဏ ပြန်လာသည်။ အထူးသဖြင့် ရှန်းမိသားစုကို သိပြီးနောက်တွင်။ အများအားဖြင့် သူတို့သည် အနာဂတ်တွင် အခါအားလျော်စွာ ပြန်လာနိုင်ဖွယ်ရှိသည်။ တွေးကြည့်လျှင် စိတ်ရှုပ်စရာ ကောင်းသည်။

ချန်းရှင်းသည် လေထုက လွန်စွာ အဆင်မပြေသည်ကို သတိပြုမိသည်။ "ဒီနေ့က အမေရဲ့ နှစ် 50 ပြည့် မွေးနေ့ပါ။ ကျွန်တော် အထူးတလည် နေ့တစ်ဝက် ခွင့်တိုင်ခဲ့ပြီး ဟုန်းမေနဲ့ အတူ လာခဲ့တာပါ။ ကံကောင်းလို့ ကျွန်တော်က နောက်မကျဘူး!"

သာ့ချောင်က ဝင်ပြောလိုက်သည်။ "သမီးအဖွားက ဒီနှစ်မှာ ငါးဆယ့်သုံးနှစ်ရှိပြီ။ အသက်ငါးဆယ်မဟုတ်ဘူး!"

ချန်းရှင်း၏ မျက်နှာပေါ်ရှိ အပြုံးက အေးခဲသွားသည်။ သူ့မျက်နှာပေါ်ရှိ အရေးအကြောင်းများက တင်းမာသွားသည်။

ချောင်ဟုန်းမေသည် သာ့ချောင်ကို ဒုရဲမှူးက မွေးစားသမီးအဖြစ် လက်ခံခြင်းနှင့် ပတ်သက်၍ အလွန်မနာလိုဖြစ်နေသည်။ ယခု သူမသည် လူတိုင်းရှေ့တွင် သူမယောကျ်ားကို မျက်နှာပျက်အောင် လုပ်သဖြင့် ချက်ချင်းပင် ဆူလိုက်သည်။

"လူကြီးတွေပြောတဲ့အခါ ကလေးတွေက ဝင်မပါရဘူးဆိုတာ မသိဘူးလား? အမေမရှိတဲ့ ကလေးက တကယ် ရိုင်းစိုင်းတယ်"

သာ့ချောင်က ဒေါသတကြီးနှင့် ပြန်ပြောသည်။ "သမီးမှာ အမေရှိတယ်!"

လင်းဟွေ့လည်း ဒေါသထွက်သွားသည်။ သူမက လျှောက်လာကာ ကလေးကို တိတ်တိတ်လေး နှစ်သိမ့်ပေးလိုက်သည်။

ချောင်ကျန်းကျွင်း၏ အမူအရာမှာ အလွန်ရုပ်ဆိုးသွားသည်။ "စတုတ္ထညီမ၊ သာ့ချောင်ရဲ့အမေအရင်းက အသက်ရှင်နေသေးတယ်ဆိုတဲ့အချက်ကို ဘေးဖယ်ထားလိုက်တော့။ အခုငါက လင်းဟွေ့နဲ့ လက်ထပ်ပြီးပြီ။ သူမက သာ့ချောင်ရဲ့ အမေပဲ။ မင်းပြောခဲ့တာတွေက အရမ်းလွန်လွန်းတယ်!"

ချောင်ရှို့ကျီက ချောင်ဟုန်းမေကို ထွက်သွားရန် တောင်းဆိုခါနီးတွင် ချန်းရှင်းက လှည့်ပြီး သူမအား ပြင်းထန်စွာ ပါးရိုက်လိုက်သည်။

ကျယ်လောင်ပြတ်သားသော 'ပါးရိုက်' သံတစ်ခု ထွက်ပေါ်လာသည်။

ဤအသံကို နားထောင်ရုံဖြင့် ချန်ရှင်းသည် ခွန်အားဘယ်လောက်သုံးထားကြောင်း ခန့်မှန်းနိုင်သည်။

ချန်းရှင်းက သူမကို တင်းမာသော မျက်နှာဖြင့် စိုက်ကြည့်သည်။

"မင်းမိန်းမယုတ်၊ မင်းအရင်က အကြိမ်အနည်းငယ် ပြန်လာတာ ချောင်မိသားစုက မင်းကို ဆိုးဆိုးရွားရွားဆက်ဆံခဲ့တယ်လို့ ပြောတယ်။ မင်းကို ငါမယုံဘူး။ ကောင်းတဲ့မိသားစုက မင်းကို ဘယ်လိုလုပိ ငြင်းပယ်မှာလဲ? အခု ငါနားလည်သွားပြီ။ လူတိုင်းက မင်းကို ငြင်းပယ်တာ မဟုတ်ဘူး။ မင်းပါးစပ်က မိုက်မဲလွန်းတယ်။ မင်းရဲ့ အပြောနဲ့ လူတွေကို စော်ကားတာပဲ။ မင်းရဲ့ ဒုတိယအစ်ကိုနဲ့ ဒုတိယ ယောက်မကို အခုချက်ချင်း တောင်းပန်လိုက်"

ဤစကားကို ချောင်ကျန်းမင်က ကြားသောအခါ ခေါင်းမော့ကာ ချန်းရှင်းကို မော့ကြည့်လိုက်သည်။

ဤစကားများသည် ချောင်ဟုန်းမေကို ဆူပူကြိမ်းမောင်းနေသည်မှာ သိသာထင်ရှားလှသည်။ သို့သော် အမှန်တကယ်တွင် ချောင်မိသားစုသည် ချောင်ဟုန်းမေအပေါ် မကောင်းကြောင်း ညွှန်ပြနေသည်။ မိသားစုက သူမတစ်ယောက်တည်းကို ပစ်ပယ်ထားသည်။

ထို့အပြင် သူက ချောင်ဟုန်းမေကို ဦးစွာ ပါးရိုက်ပြီး ချောင်မိသားစု၏ ပါးစပ်ကို ချက်ချင်းပိတ်မိစေရန် တောင်းပန်ခိုင်းသည်။

ဒီအချိန်တွင် သူ့အမေပင် ချောင်ဟုန်းမေကို တကယ်မမောင်းထုတ်နိုင်ပေ။

ချန်းရှင်းသည် ယုတ်မာကောက်ကျစ်လွန်းသည်။ ထိုအချိန်တုန်းက သူ့ကို မြင်မြင်ချင်း မကြိုက်ခဲ့ပေ။

မိသားစု၏ ဆန့်ကျင်မှုများကြားမှ သူ၏ စတုတ္ထညီမငယ်က လက်ထပ်ရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

လက်ထပ်ခွင့် မပေးလျှင် ဝုန်းဒိုင်းကြဲမည်။ ချောင်မိသားစုက သူမ ကောင်းကောင်းနေရမည်ကို မမြင်ချင်ကြောင်း နေရာတိုင်းတွင် လိုက်ပြောသည်။

ထို့ကြောင့် ယခု ချန်းရှင်း၏ ပါးရိုက်ခြင်းကို ခံရချိန်တွင် ချောင်မိသားစုက သူမဘက်မှ ရပ်တည်ပေးခြင်း မရှိပေ။

"ဒုတိယအကို၊ ဒုတိယယောက်မ၊ ကျွန်မ မှားသွားပါတယ်။ ကျွန်မ ပါးစပ်က မိုက်မဲပြီး ကောင်းကောင်းမပြောတတ်ဘူး။ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ။ မိုက်မဲတဲ့စကား ထပ်မပြောတော့ဘူးလို့ ကျွန်မ ကတိပေးတယ်!"

ချောင်ဟုန်းမေသည် ဒေါသထွက်ကာ ဝမ်းနည်းလာသည်။ သို့သော် သူမယောက်ျား၏ ရက်စက်သည့် အကြည့်အောက်တွင် နီရဲနေသည့် မျက်လုံးများနှင့် တောင်းပန်ခဲ့ရသည်။

ချောင်ကျန်းမင်သည် နူးညံ့သိမ်မွေ့သော စိတ်ထားရှိသည်။ သူ့ဇနီးနှင့်သမီးကို ကာကွယ်ရန် ကြိုးစားခဲ့သော်လည်း ချောင်ဟုန်းမေက တောင်းပန်လိုက်သဖြင့် ထပ်ပြီး ပြဿနာရှာရန် ရည်ရွယ်ချက် မရှိပေ။

All Chapters