ဆက်ဆံရေးတိုးတက်ဖို့ လက်ဆောင်သေးသေးလေး ပေးခြင်း
Vol. 109 Ch. 1515
သတ္တုတွင်းသို့ သွားရာလမ်းတွင် ရှီမာယူယူသည် တုန်လိုင်မျိုးနွယ်မှ လူများ၊ ယန်းရှီ၏အဘိုး ယန်းဝေ အဖေဖြစ်သူယန်းဂေါင်မင်နှင့် အမေဖြစ်သူ ဝေ့ရှဲကျူအစရှိသည့် အသိအကျွမ်းတချို့နှင့်တွေ့လေသည်
အဲဒါကြောင့် အရင်တစ်ခေါက်က ယန်းမျိုးနွယ်အကြီးအကဲတွေကိုပဲ တွေ့ ရပြီး အိမ်တော်သခင်တွေက အကုန်ဒီရောက်နေကြတာကိုး။
သူမ လှည့်ပတ်ကြည့်လိုက်သည်။ သို့သော် ရွှမ်ချုံးမျိုးနွယ်ကိုမတွေ့ရပေ။ သူတို့သည် ဤနေရာရောက်နေသည်လား မသိပေ။
တုန်လိုင်လီသည် ရှီမာယူယူရောက်လာသည်ကို သိလိုက်ပြီး သူမ အသက်ရှင်နေသေးသည်ကို မြင်သောအခါ မျက်လုံးများမှာ မှောင်မိုက်သွား သည်။
“သခင်မလေး ဟိုမှာရှီမာယူယူနဲ့အန်းလေပဲ” ရွှေအာသည် သူတို့ကိုမြင် သောအခါ အော်လေသည် “သူတို့က ဘာလို့မသေကြသေးတာလဲ”
“ငါ သူမကို အရင်ကအထင်သေးမိပြီနဲ့တူတယ်” တုန်လိုင်လီသည် တိုးညင်းစွာပြောလိုက်သည် “ငါချန်ထားခဲ့တဲ့ အမှတ်အသားကို ဖယ်နိုင်တယ် ဆိုတော့ သူမက အစွမ်းအစတော့ရှိသားပဲ”
လမ်းခွဲပြီးမကြာခင်တွင် တုန်လိုင်လီသည် ရှီမာယူယူ၏ တည်နေရာကို အမှတ်အသားမှတစ်ဆင့် ခြေရာခံချင်သော်လည်း အန်းလေခန္ဓာကိုယ်မှ အမှတ် အသားပျောက်သွားသည်ကိုသာ တွေ့ခဲ့ရသည်။
“အဲဒီဝူလင်းယူ လုပ်ပေးတာဖြစ်မယ်၊ သူ့အားက မြင့်တယ်လေ၊ ရှီမာယူယူရဲ့အားက ဘယ်လိုလုပ်ကျွန်မတို့နဲ့ ယှဉ်နိုင်မှာလဲ”
ရှီမာယူယူ လုပ်လိုက်သည်ဟု မည်သူမှမယုံကြပေ။
သူမ ဖန်ကျိရှင်းကို ရယ်မောပြီးစကားပြောနေသည်ကို တုန်လိုင်လီ မြင် သောအခါ အေးစက်စွာနှာမှုတ်လိုက်သည် “သူတို့က လပြည့်စုံနန်းတော်ကလူ တွေနဲ့ ချိတ်မိသွားမယ်လို့ထင်မထားမိဘူး”
သူမသည် အရင်က လပြည့်စုံနန်းတော်၏ သခင်လေးဖန်ကျိရှင်းကို အကြိမ်ပေါင်းများစွာတွေ့ဖူးသည်။ သူသည် အေးစက်ကာ ဂရုမစိုက်တတ်သော လူဖြစ်ပြီး သူမကဲ့သို့ အားကောင်းသည့် နောက်ခံရှိသော မိန်းကလေးဆိုလျှင် တောင် မည်သူကိုမှ မျက်လုံးထဲမထည့်တတ်သူဖြစ်သည်။ တစ္ဆေမျိုးနွယ်မှ မင်းသမီးကြောင့် အသည်းကွဲပြီး အတွင်းပိုင်းဒေသမှထွက်သွားသည်ဟု ပြော ကြသော်လည်း အကြောင်းအရင်း အမှန်ကိုတော့ မည်သူမှမသိကြပေ။
သူ မိန်းကလေးတစ်ယောက်နှင့်အတူရှိပြီး စကားပြောကာ ရယ်မောနေပုံ ကိုမမြင်ဖူးကာ ရှီမာယူယူ၏ မည်သည့်ဆွဲဆောင်မှုက သူ့ကိုရှုပ်ထွေးစေသလဲ ကို မသိတော့ပေ။
“ဝူလင်းယူက သူမကို အရမ်းကြိုက်တာမဟုတ်ဘူးလား သူမ တခြား ယောက်ျားနဲ့ အီတီတီလုပ်နေတာကို သည်းခံနိုင်တာလား” ရွှေအာသည် တုန်လိုင်လီရောက်သည့်နေရာတိုင်း လိုက်သဖြင့် ဖန်ကျိရှင်းအကြောင်းကို သိ ထားသည်။ ရှီမာယူယူ သူနှင့် ရယ်မောပြီးစကားပြောနေသည်ကို မြင်ရသည်မှာ မျက်စိဆံပင်မွှေးစူးစရာဖြစ်နေသည်။
“အဲဒါသူတို့ကိစ္စပဲလေ၊ ငါတို့နဲ့ဘာမှမဆိုင်ဘူး” တုန်လိုင်လီသည် ရှီမာယူယူအား အာရုံစိုက်ရန် စိတ်ကူးမရှိတော့ပေ။ သူမသည် ရှေ့တွင်ရှိသော သတ္တုတွင်းကိုသာ အာရုံစိုက်ထားလိုက်တော့သည်။
“သခင်မလေး သခင်လေးရွှမ်ချုံး… သူဘာပြောလဲ” ရွှေအာမေးလေ သည်။
သူမ ရွှမ်ချုံးဟော် နာမည်ကိုပြောလိုက်ချိန်တွင် သူမ စိတ်ဓာတ်ပိုကျသွား သည်။
ထိုနေရာတွင် သတ္တုကြောရှိကြောင်း သိပြီးနောက်တွင် သူမ ရွှမ်ချုံးဟော် ကိုဆက်သွယ်ပြီး မျိုးနွယ်နှစ်ခုအတူခရီးသွားလိုကြောင်း ပြောခဲ့သည်။ သို့သော် ရွှမ်ချုံးဟော်သည် သူမကို တိုက်ရိုက်ပင်ငြင်းဆန်ပြီး တစ်ယောက်ချင်းဆီသည် ကိုယ်ပိုင်အခွင့်အရေးရှိကြပြီး သူမဆီမှ လုမယူချင်ဟုပြောခဲ့သည်။
ထိုအချိန် သူမစိတ်ထဲမှ ကျိန်ဆဲမိသည်။ အကုန်လုံးက အခွင့်အရေး အကြောင်းပြပြီး အဓိပ္ပာယ်မရှိတာတွေပဲ။ သူက သူမနဲ့ အတူခရီးမသွားချင်တာ ပဲ။
ရွှေအာသည် တုန်လိုင်လီ၏ အမူအရာကိုမြင်သောအခါ ခန့်မှန်းမိပြီး လေသံဖြင့် ပြောလိုက်သည် “သခင်ရွှမ်ချုံးလည်း တစ်ခုခုတွေ့ထားလို့ဖြစ်မှာ ပါ”
“အစတုန်းကတော့ ဒီကိုလူတွေ ပိုပိုရောက်လာကြတော့ မိသားစုနှစ်ခု အတူသွားလိုက်ရင် ငါတို့တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ပေးလို့ရတယ် ပေါ့…” တုန်လိုင်လီသည် သူမ ဝမ်းနည်းမှုများကို ဘေးချိတ်ထားကာ ပြော လိုက်သည် “ထားလိုက်တော့ ဝင်ရအောင်”
သူမသည် တုနန်မိသားစုကို ဦးဆောင်လာသော တုနန်ဟော်ကို မြင်လိုက် ရာ သူမသာ အပြင်တွင်နှောင့်နှေးနေပါက သူတို့အခွင့်အရေးအရင်ရသွားပြီး လက်ဦးသွားမည်ကို ကြောက်မိသည်။
ရှီမာယူယူသည် တုန်လိုင်လီရောက်လာပြီး သူမကိုရန်စမည်ဟု ထင်ထား သော်လည်း သတ္တုတွင်းကို တည့်တည့်ပင်ဝင်သွားမည်ဟု မမျှော်လင့်မိပေ။ ကြည့်ရသည်မှာ ဦးနှောက်မရှိသည့်မိန်းကလေးများနှင့် သူမအကြားတွင် ကွာခြားချက်ရှိသည်နှင့်တူသည်။ အနည်းဆုံးတော့ သူမသည် ပိုအရေးကြီး သည့် အရာကိုခွဲခြားနိုင်စွမ်းရှိသည်။
ဖန်ကျိရှင်းသည် ထိုဘက်သို့ကြည့်ပြီး တိုးညင်းစွာမေးလေသည် “လျှို့ဝှက်မိသားစုထဲက လူနဲ့သိလို့လား”
“သိပါတယ် ဒါပေမဲ့ မရင်းနှီးဘူး” ရှီမာယူယူသည် ထပ်မပြောချင်တော့ ပေ။ မည်သို့ပင်ဖြစ်စေကာမူ တုန်လိုင်လီသည် ထိုနေရာတွင် ဘာမှမလုပ်ပေ။
“သူမက မင်းကိုသဘောမကျတဲ့ပုံပဲ” ဖန်ကျိရှင်း ပြောလိုက်သည်။
“မိန်းကလေးအများစုက ကျွန်မလို ထက်မြက် ချစ်စရာကောင်းပြီး လှတဲ့ လူကိုမသဘောမကျကြဘူးလေ” ရှီမာယူယူသည် ယုံကြည်မှုအပြည့်ဖြင့် ပြော လေသည်။
“ဟား”
ဖန်ရှို့ကျဲနှင့် တခြားသူများသည် ရယ်မောကြလေသည်။ သခင်လေးရဲ့ တပည့်က တကယ်ပဲ ကိုယ့်ဘက်ကိုယ်ယက်တတ်တာပဲ။
ဖန်ကျိရှင်းသည် သူမကိုကြည့်ပြီးနောက် နှစ်သက်ဖွယ်ကောင်းလွန်းသော ဝူလင်းယူကိုကြည့်ပြီး ခေါင်းညိတ်လိုက်သည် “အမှန်ပဲ”
“သခင်လေး ကျွန်တော်တို့ ဝင်ကြမလား”
လပြည့်စုံနန်းတော်သည် ရထားသည်များ တချို့ရှိသော်လည်း သူတို့ရှေ့ တွင် ရတနာများရှိနေသည်။ ထပ်ရဖို့ကို ဘယ်သူကများ စောဒကတက်ဦးမှာ လဲ။ ရှီမာယူယူကဲ့သို့ အများကြီးရထားသူပင် ထိုသတ္တုတွင်းကို စိတ်ဝင်စား သည်။
“ဆုံးဖြတ်ချက်မချခင် အထဲမှာဘာရှိလဲဆိုတာ စစ်ကြည့်တာပိုကောင်း မယ်” ဖန်ကျိရှင်းသည် သတ္တုတွင်း၏ လွှမ်းမိုးမှုကို မခံရပေ။ ထို့ကြောင့် သူ တွက်ချက်နေသည်။
သူသည် သတ္တုတွင်းများကို အတိအကျပင်နားလည်ထားကာ အန္တရာယ် ကိုသိသည်။ ထို့ကြောင့် သူသည် မျက်စိစုံမှိတ်ပြီး ဝင်ရန် ရည်ရွယ်ချက်မရှိပေ။
“ဆရာ ပျားတွေကို အရင်သတင်းစုံစမ်းခိုင်းလိုက်မယ်” ရှီမာယူယူသည် ဖန်ကျိရှင်း၏ စိတ်ကူးကို သဘောကျသည်။
“ကောင်းပြီလေ”
ဖန်ကျိရှင်းသည် နီရဲပျားများအကြောင်းသိသော်လည်း သူ့လက်အောက် ငယ်သားများ မသိကြပေ။ သူမ နီရဲပျားများကို တစ်ခါတည်းအများကြီးခေါ် ထုတ်လိုက်သည်ကို မြင်ပြီး သူတို့အနည်းငယ် အကြောဆွဲသွားသည်။
“သခင်မလေး ဒီပျားတွေက တကယ်ပဲ သတင်းစုံစမ်းနိုင်တာလား”
“ဒါပေါ့ အခြေအနေတွေ ကူညီပြီးစုံစမ်းဖို့ သူတို့ကိုပဲ ခိုင်းရတာပဲ၊ ဆရာ ဒီမှာရှိတာကိုသိတာကလည်း သူတို့ကို ကျေးဇူးတင်ရမှာပဲ သူတို့ပဲ ကျွန်မကို ပြောပြတာလေ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါက မင်းတို့အကြာကြီး တောင့်တနေတဲ့နီရဲပျားတွေပဲ” ဖန်ကျိရှင်း ပြော လိုက်သည်။
“ဘာ”
အားလုံး မှင်တက်သွားကြသည်။ နီရဲပျားများ အဝေးသို့ပျံသွားသည်ကို ကြည့်ပြီး သူမသည် နီရဲပျားများကို သတင်းထောက်လှမ်းရန် အမှန်တကယ် အသုံးပြုသည်ကို စဉ်းစားကြည့်ပြီး… သူမသည် လက်ဖွာလွန်းသည်ဟု ရုတ်တရက် ခံစားမိလေသည်။
“ဘာလို့လဲ ရှင်တို့အကုန်လုံးက နီရဲပျားတွေလိုချင်နေတာလား” ရှီမာယူယူ မေးလိုက်သည်။
“သိပ်မကြာခင်က နီရဲပျားတွေပေါ်လာတယ်လို့ ကြားတယ် အဲဒါကြောင့် ပျားရည်ထုတ်ဖို့ နည်းနည်းလောက်ရှာနေကြတာ”
“နီရဲပျားရည်ရဲ့ သက်ရောက်မှုက တကယ်ပဲ သာမန်ပျားရည်ထက် ကောင်းတယ်” ရှီမာယူယူသည် ပုလင်းဒါဇင်လောက်ကို ထုတ်ပြီး သူတို့လက် ထဲသို့ ထည့်ပေးပြီး ပြောလိုက်သည် “ဒါ ရှင်တို့အတွက်ပဲ နောက်ပိုင်း ကျွန်မတို့ လမ်းခွဲရင်တော့ နီရဲပျားတချို့ပေးတာပေါ့”
“သခင်မလေး ဒီလိုပစ္စည်းကိုဘယ်လိုလုပ် တောင်းရမှာလဲ” ဖန်ရှို့ကျဲနှင့် တခြားသူများသည် ကျောက်စိမ်းပုလင်းများကို ကိုင်ထားပြီး မိုးပေါ်မှ ကျလာ သည့် နီရဲပျားရည်များကို မယုံကြည်စွာဖြင့်ကြည့်နေမိသည်။
တချို့လျှို့ဝှက်မိသားစုများသည် နီရဲပျားများမွေးမြူကြပြီး နီရဲပျားရည် သည် တစ်ခါတရံ ဈေးကွက်တွင် ထွက်ပေါ်လာသည်ကို သိကြသည်။ သို့သော် ယခုလိုများပြားလှသော နီရဲပျားရည်ကို မမြင်ဖူးကြပေ။
ရှီမာယူယူသည် ဂရုမစိုက်သလို လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်သည် “ဒီလိုဟာတွေ ကျွန်မမှာအများကြီးရှသေးတယ်၊ နှစ်တွေအများကြီးသုံးရ လောက်အောင်ကို ပုံနေတာ”
ဝိညာဉ်စေတီအတွင်းတွင် အချိန်ကုန်မြန်ကာ နီရဲပျားပေါက်ဖွားနှုန်းမှာ လည်းအလွန်မြန်ဆန်သည်။ နီရဲပျားဘုရင်မကိုပါ ထပ်ပေါင်းလိုက်လျှင် ပျားဘုရင်မလေးများစွာပင် ပေါ်ထွက်နေပြီဖြစ်သည်။ ထိုပျားဘုရင်မလေးများ ဥ,ဥလိုက်ရုံနှင့်ပင် နီရဲပျားအရေအတွက်တိုးလာရန် ဘာမှလုပ်စရာမလိုပေ။ ဝိညာဉ်စေတီကြီးမားခြင်းကြောင့်သာမဟုတ်လျှင် နီရဲပျားပေါက်ဖွားနှုန်းကို ထိန်းချုပ်ရမည်ဖြစ်သည်။
နီရဲပျားများ ပိုများလာသဖြင့် ဝိညာဉ်စေတီအတွင်းတွင် ပန်းပိုများရမည် ဟု ဆိုလိုသည်။ ထိုနီရဲပျားရည်များမှာ စုပုံနေပြီး စား၍ပင်မကုန်နိုင်ပေ။
သူမ အမှန်အတိုင်းပြောနေသော်လည်း ဖန်ရှို့ကျဲနှင့် တခြားသူများ မယုံ ကြပေ။ သူမမှာ ရှိရင်တောင် ဘယ်လောက်များနိုင်မလဲ။ ဒါက သူမကိုယ်သူမ အဖတ်ဆယ်နေတာပဲမဟုတ်ဘူးလား။
“ယူယူက မင်းတို့ကိုပေးမှတော့ ဒီအတိုင်းယူလိုက်ပေါ့” ဖန်ကျိရှင်းသည် သူတို့အကြိုက်ကိုသိသဖြင့် ယဉ်ကျေးသမှုစကားများကို မပြောတော့ပေ။
သူ ထိုသို့ပြောလာသည်နှင့် အားလုံးသည် ပြုံးသွားကြကာ ထိုလှပသော သခင်မလေးကို ပိုပြီးကောင်းကောင်းဆက်ဆံရမည်ဟု စိတ်ထဲမှဆုံးဖြတ်လိုက် သည်။
ခဏအကြာတွင် နီရဲပျားများ သတင်းပြန်ပို့လာသည်။ ရှီမာယူယူသည် ထို သတင်းကြားပြီးနောက် ဖန်ကျိရှင်းအား ရှက်ရွံ့စွာကြည့်လေသည်။
“ဆရာ ကျွန်မအရင်သွားချင်တယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဘာဖြစ်လို့လဲ”
“အဲဒါက…” ရှီမာယူယူသည် အကြောင်းပြချက်တစ်ခုဖန်တီးချင်သည်။ သို့သော် ဖန်ကျိရှင်း သူမကို စိုက်ကြည့်နေသည်ကိုကြည့်ပြီး ရှက်ရွံ့စွာပြော လိုက်သည် “သူငယ်ချင်းတစ်ယောက်က အန္တရာယ်တစ်ခုခုကြုံနေလို့ မသိရင် တော့ကိစ္စမရှိဘူး ဒါပေမဲ့ သိနေတော့လည်း ဒီအတိုင်းထွက်မသွားနိုင်လို့ပါ”
***