အခြေအနေကမကောင်းတော့ဘူး
Vol. 109 Ch. 1516
ဖန်ကျိရှင်း၏ မျက်လုံးများသည် စိတ်မချမ်းသာမှုများနှင့် အနည်းငယ် ကြောက်လန့်မှုများပြည့်နေသည်ကို ရှီမာယူယူ မြင်လိုက်ရသည်။
“ကိုယ့်ဘာသာသွားမလို့ လုပ်နေတာလား” သူ မေးလိုက်သ်ည။
“သူတို့ထဲကတစ်ယောက်က လျှို့ဝှက်မိသားစုကို ဆန့်ကျင်နေတဲ့သူပဲ ဆရာ ကျွန်မအတွက်နဲ့ လျှို့ဝှက်မိသားစုကို ပြစ်မှားမိမှာကို မလိုချင်လို့ပါ၊ ပြီးတော့ တုနန်မျိုးနွယ်က သေချာပေါက် လက်စားချေမှာပဲ၊ သူတို့က ဆရာ ဒါမှမဟုတ် လပြည့်စုံနန်းတော်ကို အပြစ်တင်မယ်ဆိုရင် ကျွန်မကပိုပြီးအပြစ် ခံစားရမှာပဲ” ရှီမာယူယူသည် ပွင့်လင်းစွာပြောလိုက်သည်။
ဖန်ကျိရှင်းသည် သူမခေါင်းအားကြည့်ပြီး နောက်ဆုံးတွင် သက်ပြင်းချပြီး ပြောလိုက်သည် “ဒီဟာကတော့ မင်းနဲ့မင်းအဖေတို့က… အရမ်းတူကြတာပဲ”
“ကျွန်မကိုအဖေမွေးထားတာပဲလေ သေချာပေါက်တူမှာပေါ့” ရှီမာယူယူ သည် ခေါင်းမော့ကာ မျက်စိမှိတ်ပြလိုက်သည်။ ဆိုလိုတာက ဆရာက စိတ်မတို ဘူးမလား။
“အဲလူနဲ့ အရမ်းရင်းနှီးလို့လား” ဖန်ကျိရှင်း မေးလိုက်သည်။
“အဆင်ပြေတယ်လို့ပြောရမှာပါ သူက အတွင်းပိုင်းဒေသမှာ ကျွန်မ ပထမဆုံးခင်တဲ့ သူငယ်ချင်းပဲ၊ သူ ကျွန်မကို အကြွေးတင်နေတုန်းပဲ အခု သေသွားရင် အလကားသေသလိုဖြစ်မှာလေ” ရှီမာယူယူ ပြောလိုက်သည်။
“သူ့အတွက်နဲ့သေရင် ပိုပြီးအလဟသမဖြစ်ဘူးလား” ဖန်ကျိရှင်းသည် သူမ နဖူးကိုပုတ်လိုက်သည် “အရင်တုန်းက မင်း ဘေဂုံထန်တို့အပေါ်အရမ်း ကောင်းတာကို သိတယ် တကယ်ပဲ ဘာမှမပြောင်းလဲဘူးပဲ”
“ကျွန်မအကျင့်က မပြောင်းနိုင်ဘူးလေ” ရှီမာယူယူသည် နှာခေါင်းကို ပွတ်လိုက်သည်။
“ပြီးတော့ ပြောင်းလဲဖို့လည်းမမျှော်လင့်ပါဘူး၊ မင်းသာပြောင်းလဲသွားရင် မင်းမဟုတ်တော့ဘူးလေ သွားကြမယ်” ဖန်ကျိရှင်း စိတ်ကောက်လေသည်။
“ဆရာ အကုန်လုံးလာဖို့မလိုဘူးရယ် လင်းယူနဲ့ကျွန်မတို့ပဲသွားလိုက် တော့မယ်” ရှီမာယူယူသည် တုနန်မျိုးနွယ်များ ဆရာ့ကိုတွေ့မသွားစေချင်ပေ။
“မင်းသွားရင် သူတို့က မင်းကိုမသိတော့ဘူးတဲ့လား”
“လင်းယူနဲ့ ကျွန်မက ရုပ်ပြောင်းရုပ်လွှဲလုပ်နိုင်ပါတယ်” ရှီမာယူယူ ပြော လိုက်သည် “ဘယ်သူမှ ကျွန်မတို့ကိုမှတ်မိမှာမဟုတ်ဘူး”
“အဲလိုလည်းမဖြစ်သေးဘူး” ဖန်ကျိရှင်း စိုးရိမ်နေသည် “မင်း ငါနဲ့နေဖို့ လိုတယ်”
“ဒီလိုဘာလို့မလုပ်ရမှာလဲ ဆရာတို့ကခပ်ခွာခွာနေလိုက် သူတို့ကို မရှင်း နိုင်ဘူးဆိုရင် အကုန်လုံးလာခဲ့ကြပေါ့” ရှီမာယူယူသည် သူ့ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
သူမသည် သူ့ကို ပြဿနာထဲဆွဲမသွင်းချင်သည်ကို ဖန်ကျိရှင်းသိသည်။ လျှို့ဝှက်မိသားစုနှင့် ဖြေရှင်းရသည်မှာ အနည်းငယ် အခက်တွေ့နိုင်သော်လည်း သူ ဂရုစိုက်လှသည်တော့ မဟုတ်ပေ။ သို့သော် သူမ မျက်လုံးများမှ လျှောက်လဲ သောအကြည့်များကြောင့် သူ သဘောတူလိုက်သည်။
သူမ၏ ကာကွယ်မှုကိုခံရခြင်းသည် သူ့အတွက်လည်း ပျော်ရွှင်မှုကို ဖြစ် စေသည်။
ရှီမာယူယူသည် ဟိန်းသံထောင်ချီကို ခေါ်ထုတ်လိုက်သည်။ သူနှင့် ပေါင်းစပ်ပြီးနောက် သူမသည် မတူညီသောပုံစံဖြစ်သွားသည်။ ဝူလင်းယူသည် လည်း ရုပ်ပြောင်းလိုက်သည်။ သူတို့နှစ်ယောက်သည် ရောင်ဝါများပင် မတူကြ တော့ပေ။ သူတို့ ဖန်ကျိရှင်းနှင့် တခြားသူများရှေ့သာမဟုတ်လျှင် အရင်လူများ ဟုပင် ယုံကြည်မည်မဟုတ်ပေ။
“ဆရာ အန်းလေကို ဂရုစိုက်ပေးဖို့ ထားခဲ့မယ်နော်” ရှီမာယူယူ ပြောလိုက် သည်။
“ဟုတ်ပြီ”
သူတို့အဖွဲ့သည် အရှေ့တွင်ရှိသော ဂူဆီသို့လျှောက်သွားလိုက်ကြသည်။ ထိုဂူသည် ရှီမာယူယူ အရင်ကဝင်ခဲ့သော ဂူနှင့်မတူပေ။ လမ်းခွများမရှိဘဲ သတ္တု တွင်းသာရှိလေသည်။ သူတို့ဝင်သွားပြီး ခဏလျှောက်ပြီးသည်နှင့် လမ်းခွများ ကို မြင်ရလေသည်။
ရှီမာယူယူနှင့် ဝူလင်းယူတို့သည် နီရဲပျားများပြောသည့် ဦးတည်ဘက် အတိုင်းရွေးလိုက်ကြသည်။ ဖန်ကျိရှင်းနှင့် တခြားသူများလည်း သူတို့အတိုင်း လိုက်ရွေးလိုက်ကြသည်။
ခဏအကြာလမ်းလျှောက်ပြီးနောက်တွင် နောက်လမ်းခွတစ်ခုကိုတွေ့ရ လေသည်။ နီရဲပျားများ၏ ဦးဆောင်မှုကြောင့်သာမဟုတ်လျှင် ရင်လန်တို့ကို ရှာ ရသည်မှာ ခက်ခဲနိုင်သည်။
သူမ ရင်လန်နှင့် တခြားသူများကို စိတ်ပူနေခြင်းကြောင့် ရှီမာယူယူနှင့် ဝူလင်းယူတို့သည် အမြန်လျှောက်လာခဲ့ကြသည်။ ဖန်ကျိရှင်းနှင့် တခြားသူများ သည် သူတို့ကို လွတ်မသွားစေရန် မျက်ခြေမပြတ်လိုက်လာခဲ့ကြသည်။
ကောင်းသွားသည်မှာ သူတို့အထဲရောက်သည်နှင့် လမ်းခွဲများနည်းသွား သည်။ ထိုအခါမှပင် သူတို့ ခပ်ခွာခွာလိုက်ခဲ့ကြသည်။
ဝူလင်းယူရှိလျှင် သူတို့နှစ်ယောက်ရောင်ဝါများကို ဖိနှိပ်နိုင်သည်။ သူတို့ အနားမှလူများ လုံးဝသတိထားမိမည်မဟုတ်ပေ။
“ရင်လန် မင်းဘယ်လောက် တောင့်ခံနိုင်မလဲ ကြည့်ချင်သေးတယ်” တုနန်ဟော်၏ အသံသည် အရင်ကကဲ့သို့ပင် မောက်မာကာ ရင်လန်နှင့် ရန်ငြိုး ရှိသည့်အတိုင်းပင်။
ရှီမာယူယူနှင့် ဝူလင်းယူတို့သည်တစ်ယောက်နှင့် တစ်ယောက်ကြည့် လိုက်ကြသည်။ ကြည့်ရတာ ဒီတိုက်ပွဲက အခွင့်အရေးကြောင့် ဖြစ်လာတဲ့ ရိုးရှင်းတဲ့ရန်ပွဲတော့ ဖြစ်ပုံမရဘူး။
ဝူလင်းယူသည် နှုတ်ခမ်းချွန်သွားကာ မျက်ခုံးများကို တွန့်ချိုးလိုက်သည်။ သူမက သူ့ကိုလာခိုင်းပြီး ရည်းစားလုဖက်ကို ကယ်ရအောင်လုပ်ခိုင်းတာက သူ့ နှလုံးသားကို ဆွဲညှစ်လိုက်သလိုပဲ။
ရှီမာယူယူသည် သူပြောလိုသည့် အရာကို နားလည်ကာ မျက်လုံးများကို သုံးပြီး မေးခွန်းထုတ်လိုက်သည် : သူ့ကိုကယ်ပြီး စိတ်ပိုင်းဆိုင်ရာ မနှိပ်စက်ချင် ဘူးလား။
“တုနန်ဟော် မင်းက တကယ်ပဲ သတ္တုတွင်းကိုတောင် လက်လျော့ပြီး ငါ နဲ့တိုက်ခိုက်မယ်လို့ထင်မထားဘူး မင်းက အဲဒီနှစ်ကမင်းအတိုင်းပဲ” ရင်လန်၏ အသံသည် အနည်းငယ်အားနည်းနေကာ ထိုအသံမှ အခက်အခဲများ ကြုံတွေ့ နေရသည်ကို ပြောနိုင်သည်။
တုနန်မျိုးနွယ်နှင့် ရင်မျိုးနွယ်များသည် ဂူအလွတ်အတွင်းတွင် ရှိနေကြ သည်။ ရင်မျိုးနွယ်များသာ ထိုနေရာတွင် ပိတ်မိပါက သေဆုံးခြင်းနှင့်သာ အဆုံး သတ်သွားမည်။
ရှီမာယူယူတို့သည် လူသွားလမ်းတွင်ရှိနေကြသေးသည်။ သူတို့သည် အကွေ့နေရာတွင်ရှိနေသဖြင့် နီးနေသော်လည်း အထဲမှအဖြစ်အပျက်ကို မမြင် ရပေ။
ရှီမာယူယူသည် ရင်လန်၏ အခြေအနေကို အနည်းငယ်စိုးရိမ်မိသည်။ သို့သော် သူမ အနီးကိုသွားမရပေ။ ရင်လန်၏ အသံကိုနားထောင်ရင်း သူမ အနည်းငယ် စိုးရိမ်နေသည်။
သူ အရင်က သူမကို အနှောင့်အယှက်ပေးခဲ့သော်လည်း မည်သို့ပင်ဖြစ် စေကာမူ သူသည် သူမအတွင်းပိုင်းဒေသသို့လာပြီးနောက် ပထမဆုံးရင်းနှီးခဲ့သူ ဖြစ်သည်။ မိသားစုမှလွဲပြီး သူနှင့် ဆက်ဆံရေးမဆိုးလှပေ။
တစ်ဖက်လူမှာ အားမနည်းပေ။ ထို့ကြောင့် ပတ်ဝန်းကျင်ကို စစ်ဆေးရန် အံ့ဖွယ်အာရုံကိုသုံးလိုက်သည်နှင့် ရန်သူကို သတိပေးပြီးသားဖြစ်သွားမည်။ သို့သော် အထဲကအခြေအနေကို မသိသဖြင့် တုနန်မျိုးနွယ်ဝင်များ မည်မျှရှိနေ သည်ကို မသိရသဖြင့် သူမအစီအစဉ်နောက်တစ်ဆင့်ကို တက်ရန်မဖြစ်နိုင်ပေ။
ဝူလင်းယူသည် သူမလက်ကိုဆုပ်ကိုင်ပြီး လက်ဖဝါးမှတစ်ဆင့် စွမ်းအင် ပေးပြီး သူမကို စိတ်ငြိမ်အောင်လုပ်ပေးလိုက်သည်။ သူမ သူ့ကိုပြုံးပြပြီး ‘အခု အဆင်ပြေသွားပြီ’ဟု ပြောလိုက်သည်။
ဝူလင်းယူသည် ခေါင်းကို မတတ်သာစွာ ခါယမ်းလိုက်သည်။ သူ လက် တစ်ချက်ဝှေ့လိုက်သည်နှင့် ဂူအတွင်းတွင်ဖြစ်နေသော အဖြစ်အပျက်များသည် ကျောက်နံရံတွင် ပုံရိပ်သဖွယ်ပေါ်လာသည်။
ရှီမာယူယူသည် ကျောက်နံရံကို မျက်လုံးပြူးများဖြင့်ကြည့်ပြီး သူ ဘယ်လိုလုပ်လိုက်သည်ကို သိချင်မိသည်။
မြင်နေရသည့်ပုံရိပ်နှင့် ကြားရသည့်အကြောင်းအရာများကို ဆက်စပ်ပြီး အထဲမှအဖြစ်အပျက်ကို ရှင်းလင်းစွာနားလည်သွားလေပြီ။
ထိုဂူသည် သူတို့အပြတ်ရှင်းခဲ့သည့် ဂူနှင့်ဆင်တူသည်။ မတူသည်မှာ ထို နေရာတွင် ကျောက်တုံးရုပ်ထုများမရှိဘဲ တုနန်မျိုးနွယ်နှင့် ရင်မျိုးနွယ်များသာ ရှိနေသည်။
ရင်လန်သည် ရင်မျိုးနွယ်များကို ကာကွယ်ရန် ကာကွယ်ရေး တည်ဆောက်မှုကို သုံးထားသည့်ပုံပေါ်သည်။ သို့သော် ထိုအရာကပင် သူတို့ကို အထဲတွင် ပိတ်မိစေပြီး ထွက်ပြေးရန်မဖြစ်နိုင်ပေ။
ရာဂဏန်းအင်အားရှိသော တုနန်မျိုးနွယ်များသည် သူတို့ကိုဝန်းရံထားပြီး တစ်ယောက်မှမလွတ်စေရန် ပိတ်ထားသည်။
ပြီးတော့ အဲဒီကာကွယ်ရေးတည်ဆောက်မှုက… စပြီးတော့ အားနည်းနေ ပြီ…
“ဘယ်လိုလုပ်မှာလဲ” ဝူလင်းယူသည် သူမကို ကြည့်လိုက်သည်။ သူ့ အသံသည် သူမခေါင်းအတွင်း ရိုက်ခတ်နေသလို ရှီမာယူယူ ခံစားရသည်။
“အဆိပ်သုံးမယ်” ရှီမာယူယူသည် ထိုစကားများကို ပါးစပ်လှုပ်ရုံလှုပ်ပြီး ပြောလိုက်သည်။
ဝူလင်းယူသည် မျက်ခုံးများကို ပင့်လိုက်သည်။ ဒီလူတွေက အားမနည်း ဘူးလေ။ အဲဒါကိုအဆိပ်သုံးချင်ရင် မလွယ်လောက်ဘူး။
ရှီမာယူယူသည် သူ့မျက်လုံးမှ ပူပန်မှုကိုမြင်သောအခါ ယုံကြည်ချက် အပြည့်ဖြင့် ပြုံးလိုက်သည်။ သူမ ပါးစပ်လှုပ်ပြောလိုက်သည် “ကြည့်နေနော်”
သူမသည် ဖန်ကျိရှင်းတို့ကို ပန်းလေးမှတစ်ဆင့် စကားပါးပြီး နောက်ဆုတ်ခိုင်းလိုက်သည်။ ထို့နောက် သူမသည် ဝူလင်းယူကို ဝိညာဉ်စေတီ အတွင်း ဦးဆောင်သွားလိုက်သည်။
ဖန်ကျိရှင်းနှင့် တခြားသူများသည် ရှီမာယူယူ၏ လုံခြုံရေးကို စိတ်ပူနေ သည်။ သို့သော် ပန်းလေးသည် သူတို့ကိုအဝေးသို့ ခေါ်သွားလေသည်။
“ယူယူက အဆင်ပြေမှာပါလို့ ပြောတယ်၊ ဒီမှာနေရင် အကုန်ဖျက်ဆီးမိ လိမ့်မယ်”
ဖန်ကျိရှင်းသည် အလွန်စိုးရိမ်နေသည်။ သို့သော် ပန်းလေးသည် သူမ၏ စာချုပ်သားရဲဖြစ်သဖြင့် သူ ဖိအားမပေးတော့ဘဲ သူမဆွဲခေါ်သည့်နောက်လိုက် ရုံသာလိုက်ခဲ့သည်။
သူ ထွက်သွားသဖြင့် ဖန်ရှို့ကျဲနှင့် တခြားသူများ အတူထွက်သွားကြလေ သည်။
ဝိညာဉ်စေတီအတွင်းရှိသော ရှီမာယူယူသည် ပန်းလေး ဖန်ကျိရှင်းတို့ကို ခေါ်သွားသည်ကို သိသဖြင့် နောက်တစ်ဆင့်ကို ပူပန်ခြင်းမရှိစတင်တော့သည်။
“ဘာလုပ်မလို့လဲ သူ့မှာအချိန်မရှိတော့ဘူး” ဝူလင်းယူ၏ အသံသည် အနည်းငယ် သဝန်တိုသည့်ပုံပေါက်သည်။
ရှီမာယူယူသည် လက်နှစ်ဖက်ဆန့်ပြီး ဝူလင်းယူ၏ ပါးပြင်များကို ကိုင်ပြီး ပြောလိုက်သည် “စောင့်ကြည့်နေပါ”
သူမသည် အရင်တစ်ခေါက်က သခင်ရှီချန်းကျိပေးခဲ့သည့် ရှေးဟောင်း စာအုပ်တစ်အုပ်ထုတ်လိုက်သည်။ သူမ လိုအပ်သည့် ပါဝင်ဆေးပစ္စည်းများရှိ သရွေ့ ဝူလင်းယူကိုပင် အဆိပ်မိအောင်လုပ်နိုင်သည့် အဆိပ်တချို့ရှိသည်။ တခြားလူတွေဆို ပိုဆိုးပေါ့…
သူမ အရင်ကမဖော်စပ်ဖူးသဖြင့် အချိန်အနည်းငယ်လိုရုံသာဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ ဝိညာဉ်စေတီအတွင်းတွင် ပါဝင်ဆေးပစ္စည်းများမှာ နည်းပါးခြင်းမရှိခဲ့ပေ။
***