← Chapters

စိတ်ဝင်စားမှုကို လှုံ့ဆော်ခြင်း

Vol. 109 Ch. 1517

စိတ်ဝင်စားမှုကို လှုံ့ဆော်ခြင်း

Vol. 109 Ch. 1517

ရှီမာယူယူ အဆိပ်ကိုလေ့လာပြီးသည်နှင့် နေ့တစ်ဝက်ကျော်သွားပြီဖြစ် သည်။ သူမနှင့် ဝူလင်းယူတို့ အပြင်ရောက်သောအခါ လိုဏ်ဂူများတွင် အဆိပ် များကိုလိုက်ချလေသည်။ ထို့နောက်တွင် လေနှင့်အတူ အထဲသို့အဆိပ်များ ပျံ့သွားစေလိုက်သည်။

“ဘယ်သူလဲ”

အထဲမှလူများသည် တစ်ခုခုမတူတော့သည်ကို အာရုံံမိသဖြင့် တချို့မှာ ချက်ချင်းပင် လိုဏ်ခေါင်းကိုပြေးသွားပြီး စစ်သေလည်။ သို့သော် မည်သူမှ မရှိ ပေ။

“သခင်လေး ဒီမှာဘယ်သူမှမရှိဘူး”

“သေချာရဲ့လား” တုနန်ဟော်သည် ဝိညာဉ်စွမ်းအင်အတက်အကျကို အာရုံခံမိပြီးဖြစ်သေလည်။ ဒီမှာဘယ်လိုလုပ် ဘယ်သူမှမရှိရတာလဲ။

“သူတို့က အရမ်းမြန်တယ် တကယ်ပဲ ဘယ်သူမှမရှိဘူး” အစောင့် ပြန်ဖြေ လေသည်။

“အပြင်မှာ လုံခြုံရေးချထားလိုက်” တုနန်ဟော်သည် စိုးရိမ်နေသေး သဖြင့် ညွှန်ကြားလိုက်သည်။

လူအနည်းငယ်သည် ဂူမှထွက်သွားပြီး အတော်ကြာသည်အထိ လျှောက် သွားလိုက်သည်။ သို့သော် မည်သည့် လူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ရပေ။ တုနန်ဟော်မှာ အလွန်ပင် သတိထားလွန်းသည်ဟု သူတို့ထင်မိသွားသည်။

ရင်မျိုးနွယ်၏ မျက်လုံးများတွင် စိတ်ပျက်မှုများ ဖြစ်သွားသည်။ အစတွင် သူတို့ကို ကယ်ရန် တစ်စုံတစ်ယောက်ရောက်လာပြီဟု ထင်လိုက်ကြသည်။

တုနန်ဟော်သည် သူတို့ စိတ်အပြောင်းအလဲကို ဖမ်းမိပြီး မဲ့ပြုံးပြုံးလိုက် သည် “ဘာလဲ မင်းတို့ကိုကယ်မယ့်သူ ရောက်လာမယ်ထင်နေတာလား”

“တုနန်ဟော် မင်းလည်း ဝေးဝေးမပြေးနိုင်ပါဘူး” ရင်စူးစူးသည် မုန်းတီး သော မျက်လုံးများဖြင့် သူ့ကိုကြည့်လိုက်သည်။

“ရင်စူးစူး မင်းဦးလေးငယ်ကို ငါရှင်းပြီးတာနဲ့ မင်းကို ဖျော်ဖြေခိုင်းမယ်၊ ဒီလောက်လှတဲ့မိန်းကလေးကွာ မင်းကိုပြန်ခေါ်သွားပြီး ငါတို့ရဲ့ကျင့်စဉ်ဖိုအနေ နဲ့ သုံးမယ်ဆိုလည်းမဆိုးလှပါဘူး”

“ထွီ ငါသေရင်တောင် နင်တို့ရဲ့ကျင့်စဉ်ဖိုဖြစ်မလာပေးဘူး” ရင်စူးစူးသည် စိတ်ထဲတွင် ဆုံးဖြတ်ပြီးသားဖြစ်သည်။ သူတို့သာ လာကယ်မည့်သူမရှိဘဲ အရှုံး ပေးလိုက်ရပါက သူတို့၏နတ်ဆိုးလက်ထဲကျသွားသည်ထက် ကိုယ့်ကိုယ်ကို စတေးလိုက်မည်။

“ကျင့်စဉ်ဖိုဟုတ်လား” ဝိညာဉ်စေတီအတွင်းမှ ရှီမာယူယူသည် သူတို့ စကားများကို နားထောင်းပြီး မျက်ခုံးအနည်းငယ်ကြုတ်လိုက်သည်။

“လျှို့ဝှက်မိသားစုအကုန်လုံးက ဖြောင့်မတ်နေတာမဟုတ်ဘူး” ဝူလင်းယူ ပြောလိုက်သည် “အကြောင်းအရင်းတချို့ကြောင့်သာ လူမသိကြတာ”

“တုနန်မျိုးနွယ်က တခြားမျိုးနွယ်တွေထက် ပိုအားကောင်းနေတာ အဲဒီ မကောင်းတဲ့နည်းလမ်းတွေကြောင့်လား” ရှီမာယူယူသည် ကြက်သီးထလာ သော နေရာများကို လက်များဖြင့်ပွတ်လိုက်သည်။

“တုနန်မျိုးနွယ်နာမည်ကတော့ လျှို့ဝှက်မျိုးနွယ်တွေထဲမှာ တကယ်ပဲ မကောင်းလှဘူး” ဝူလင်းယူသည် အရင်က တုနန်မျိုးနွယ်ကို အာရုံမစိုက်ခဲ့ပေ။ ထိုအကြောင်းကို သိပြီးနောက်လည်း ဂရုမစိုက်ပေ။

“မိန်းကလေးတစ်ယောက်အနေနဲ့ ဒီလိုအကောင်မျိုးဆိုရင် သူ့ညီလေးကို ဖြတ်ပစ်ရမှာ” ရှီမာယူယူသည် ဒေါသထွက်နေသည် “ဒီနေ့ ဒီလိုအခွင့်အရေးမျိုး မရတာတော့ နှမြောဖို့ကောင်းတယ်”

“သူတို့ကိုရှင်းပစ်ဖို့ စီစဉ်ထားတာမဟုတ်ဘူးလား” ဝူလင်းယူသည် စ,နေ သေးသည်။

“ကိုယ့်သရုပ်မှန်မပေါ်ဘဲ သူတို့ကိုရှင်းပစ်ဖို့က မဖြစ်နိုင်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒီအဆိပ်ရဲ့သက်ရောက်မှုက အရမ်းမကြာဘူး”

“ကိုယ့်ကိုမခေါ်တော့ဘူးလား” ဝူလင်းယူသည် ရှီမာယူယူ သူ့ကို လျစ်လျူရှုသည်ကို အနည်းငယ်စိတ်မကောင်းဖြစ်နေသည်။

“အခု ညီမဘေးမှာရှိနေတာမဟုတ်ဘူးလား” ရှီမာယူယူသည် သူ့ကိုစိုက် ကြည့်လိုက်သည် “အစ်ကိုမလုပ်ချင်တဲ့ဟာကို ညီမ မလုပ်ခိုင်းချင်ဘူး”

ဝူလင်းယူသည် ထိုလူများသူမဘေးတွင်ရှိသည်ကို မကြိုက်ပေ။ အနည်း ဆုံးတော့ သူမ ထိုအရာကိုသိသည်။

“သူ ကိုယ့်ကိုအကြွေးတင်အောင်လုပ်ဖို့ဆိုရင်တော့ ဖြစ်နိုင်တာပေါ့” ဝူလင်းယူ ပြောလိုက်သည်။

ရှီမာယူယူသည် သူ့ကိုမျက်လုံးလှိမ့်ပြပြီးပြောလိုက်သည် “အသုံးဝင်ပါ စေ”

ဂူထဲတွင် အားလုံးသည် ထူးခြားမှုတစ်စုံတစ်ရာကို ရုတ်တရက် ခံစားမိ လိုက်ကြသည်။

သူတို့သည် လှုပ်မရတော့သလို ခံစားရလေသည်။ ဘယ်လိုဖြစ်တာလဲ။

“ဘုန်း”

“ဘုန်း”

တုနန်မျိုးနွယ်မှလူများ လဲကျသွားကြလေသည်။ အနည်းငယ်သန်မာ သော လူများမှာတောင့်ခံနိုင်ကြသော်လည်း ကြာလာသော် လှုပ်မရတော့ပေ။

ထိုအချိန်တွင် ရှီမာယူယူနှင့် ဝူလင်းယူတို့ ထွက်လာပြီး သူတို့ရောင်ဝါကို လည်း ဖုံးကွယ်ထားသည်။

“ဘယ်သူလဲ”

လူတစ်ယောက်သည် သူတို့ကို ချက်ချင်း သတိထားမိသည့်ပုံပင်။

ရှီမာယူယူနှင့် ဝူလင်းယူတို့သည် လက်တွဲရင်း ထွက်လာသည်။ သူစိမ်း နှစ်ယောက်ကိုကြည့်ပြီး တုနန်မျိုးနွယ်နှင့် ရင်မျိုးနွယ်တို့သည် ပဟေဠိများဖြင့် ပြည့်နေကြသည်။

ဒီလူနှစ်ယောက်က ဘယ်သူတွေလဲ။

“မင်းတို့ ဘယ်သူတွေလဲ”

ရှီမာယူယူသည် တုနန်မျိုးနွယ်ဝင်များကို လျစ်လျူရှုပြီး တည်ဆောက်မှု အရှေ့မှ လျှောက်သွားကာ ပြောလိုက်သည် “အချိန်မရှိဘူး တည်ဆောက်မှုကို ဖျက်လိုက်တော့”

“မင်းဘယ်သူလဲ” ရင်လန်သည် ရှီမာယူယူကိုကြည့်ပြီး သူမ မျက်လုံးများ မှာ ရင်းနှီးသလိုခံစားရသည်။ သို့သော် သူ သူမကိုလုံးဝ မသိပေ။

ရှီမာယူယူသည် နာမည်ပြားထုတ်ကာ ပြပြီးသည်နှင့် သိမ်းပြီး ပြောလိုက် သည် “အကြာကြီးအချိန်မဆွဲနိုင်ဘူး”

ရင်လန်သည် ရှီမာယူယူပိုင်သည့် နာမည်ပြားကို ချက်ချင်းပင် မှတ်မိ လိုက်သည်။ ရှီမာယူယူက လူလွှတ်ပြီး သူ့ကိုကယ်ခိုင်းလိုက်တာလား။

ယုံရမှာလား မယုံရဘူးလား။

သူသည် တုနန်ဟော်ကို ကြည့်ပြီး စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။ သူသည် ကျန်ရှိနေသေးသည့် စွမ်းအားကိုသုံးပြီး တည်ဆောက်မှုကို ပယ်ဖျက်လိုက် သည်။

ရှီမာယူယူ လျှောက်သွားပြီး အားလုံးကို အဆိပ်‌ဖြေဆေးတိုက်ကျွေးလိုက် သည်။ အဆိပ်ဖြေဆေးသည် စားပြီးသည်နှင့် အလုပ်ဖြစ်သည်။ သူတို့ ပါးစပ် များမှာအနံ့ရသည်ဟု ခံစားရသော်လည်း လှုပ်ရှားရနေသည်။

“သွားကြမယ်” ရင်လန်ထပြီး ရင်စူးစူးကို တွဲကာ ရင်မျိုးနွယ်များကို ညွှန်ကြားလိုက်သည်။

သူတို့ တုနန်ဟော်ကို ဖြတ်လျှောက်ချိန်တွင် ရင်လန်သည် ခေတ္တမျှ တွေဝေသွားပုံပေါ်သည်။ သို့သော် ဒေါသကိုထိန်းချုပ်ရန် အသိစိတ်မှပြောနေ သည့်ပုံပေါ်ကာ သူလူများကို ဦးဆောင်သွားလိုက်သည်။

အခုချိန်တွင် သူတို့သည် စွမ်းအားရသော်လည်း ဝိညာဉ်စွမ်းအင် ပြန် မကောင်းသေးပေ။ တုနန်ဟော်သည် တုနန်မျိုးနွယ်၏ သခင်လေးဖြစ်သည်။ သူ့အသက်အား မပျက်စီးအောင်ထားသည့် တစ်ခုခုမရှိနိုင်စရာ အကြောင်းမရှိ ပေ။

သူတို့သာ တုနန်ဟော်ကို သည်နေရာတွင် သတ်လိုက်ပါက တခြားသူများ အဆိပ်သက်ရောက်မှုပြေသွားလျှင် ပြဿနာပင်ပိုကြီးသွားမည်။ ထွက်ပြေးနိုင် မှပင် သူတို့ကို လက်စားချေနိုင်မည်ဖြစ်သည်။

တခြားသူများသည်လည်း ထိုအရာကို ကောင်းစွာနားလည်ထားသည်။ ထို့ကြောင့် သူတို့သည် လမ်းကြောင်းမလွဲဘဲ မုန်းတီးစွာကြည့်ရင်းနှင့် ထွက် သွားလိုက်ကြသည်။

“ကျွန်မသာ ရှင်ဆိုရင် အဆိပ်ပျောက်သွားတာနဲ့ ဝိညာဉ်စွမ်းအင်ကို အလျင်စလိုမသုံးဘူး” ရှီမာယူယူသည် ကြင်နာစွာပင် သူ့ကိုသတိပေးလိုက် သည်။

သူတို့ထွက်သွားပြီးမကြာမီတွင် တုနန်မျိုးနွယ်ဝင်များ လှုပ်နိုင်သွားကြ သည်။ ထို့နောက်တွင် အများစုမှာ မြေပြင်မှ တွားသွားထလိုက်ကြသည်။

တုနန်ဟော် စမ်းကြည့်သည်။ သူ့ဝိညာဉ်စွမ်းအင်မှာ အပြည့်အဝမသုံးနိုင် သေးပေ။ အခုချိန်တွင် တခြားသူများ လာတိုက်ခိုက်ပါက သူဆိုလျှင်တောင် မကောင်းနိုင်ပေ။

“သခင်လေး နောက်ကနေလိုက်ကြမလား” တစ်ယောက်က မေးလေ သည်။

“မလိုဘူး အားလုံးပဲ ရောက်တဲ့နေရာမှာ နားလိုက်ကြတော့” တုနန်ဟော် ပြောလိုက်သည် “ဒါ ရင်လန်ကိုသတ်ပစ်ဖို့ အခွင့်အရေးကောင်းပဲ တကယ်ကို နှမြောစရာပဲ ဒါပေမဲ့ ငါ မင်းကိုတစ်ခါ ဖမ်းနိုင်ရင် ထပ်ဖမ်းနိုင်တယ်၊ ရင်လန် မင်း ငါ့ဆီက ပြေးနိုင်မယ်လို့ထင်နေလား”

“ငါတို့ ထွက်သွားတာနဲ့ အဲနှစ်ယောက်ကို ရှာမယ် အထူးသဖြင့် အဲမိန်းမ ကို”

“ဟုတ်ကဲ့ပါ သခင်လေး”

ရှီမာယူယူသည် ရင်မျိုးနွယ်ဝင်များကို ဂူမှခေါ်ထုတ်ကာ တွေ့ကရာ လမ်း များကိုဝင်လိုက်သည်။

“နည်းနည်းလောက် နားလိုက်ဦး တုနန်မျိုးနွယ်ဝင်တွေ မလိုက်လာနိုင် ဘူးထင်တာပဲ” ရှီမာယူယူ ပြောလိုက်သည်။

ထိုအခါမှပင် ရင်မျိုးနွယ်ဝင်များသည် စိတ်အေးသွားကာ ထိုင်ချပြီး ပြန် ကုစားတော့သည်။

ရင်လန်သည် ရှီမာယူယူအားကြည့်ပြီး မေးလိုက်သည် “မင်းက သူမနဲ့ ဘာပတ်သတ်တာလဲ ဘာလို့သူမပစ္စည်းရှိနေတာလဲ”

ရှီမာယူယူသည် အပိုစကားများမပြောတော့ပေ။ သူမသည် ဟိန်းသံ ထောင်ချီနှင့် ပေါင်းစပ်မှု ဖြုတ်လိုက်ပြီး သူမ၏ မူလပုံစံသို့ပြန်သွားလိုက်သည်။

“ယူယူလာ” ရင်လန်သည် ရှီမာယူယူကို တအံ့တဩ ကြည့်လေသည်။ သူ့ကို ကယ်သူမှာ သူမနှင့်… သူဖြစ်လိမ့်မယ်ဟု သူထင်မထားပေ။

ဝူလင်းယူသည်လည်း မူလအသွင်ပြန်ပြောင်းလိုက်ရာ ရင်လန်သည် သဘောပေါက်သွားတော့သည။

ရင်စူးစူးသည် ရှီမာယူယူကိုကြည့်ပြီး ပထမဆုံးတုံ့ပြန်မှုမှာ အံ့ဩနေပြီး ရင်လန်ကို ပြန်ကြည့်လိုက်သည်။

သူတို့နှစ်ယောက် ဝင်လာစဉ်က လက်တွဲလာကြသည်ကို သူမ မှတ်မိ သည်။ ဒါဆိုရင် ဒီအမျိုးသားနဲ့ ယူယူတို့က….

“ငါတို့ဒီမှာရှိတယ်ဆိုတာ ဘယ်လိုသိတာလဲ” ရင်လန် မေးလိုက်သည်။

သူ အတင်းပင် စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“နီရဲပျားတွေကို သခင်းထောက်လှမ်းခိုင်းတော့ ရှင်တို့နဲ့ တုနန်မျိုးနွယ်တို့ ပဋိပက္ခဖြစ်နေတာကို တွေ့လိုက်တာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်… နှစ်ယောက်လုံး မင်းတို့နှစ်ယောက်ကြောင့်သာ မဟုတ်ရင် ဒီနေ့လွတ်နိုင်မယ်မထင်ဘူး” ရင်လန်သည် နှစ်ယောက်လုံးကို အရို အသေပေးလိုက်သည်။

“ဘယ်လိုဖြစ်ပြီး တုနန်မျိုးနွယ်နဲ့ တိုက်ခိုက်ကြတာလဲ၊ တုနန်ဟော်က ရှင့်ကို အရမ်းမုန်းနေတဲ့ပုံပဲ” ရှီမာယူယူသည် သိချင်စွာဖြင့် မေးလိုက်သည်။

***

All Chapters