← Chapters

အထင်းသားပေါ်လာတဲ့အရင်းအမြစ်တွေ

Vol. 109 Ch. 1518

အထင်းသားပေါ်လာတဲ့အရင်းအမြစ်တွေ

Vol. 109 Ch. 1518

“သေချာပေါက် သူ ငါ့ကိုမုန်းတာပေါ့၊ သူ့ရဲ့ ကိစ္စကောင်းတစ်ခုကို ဖျက်ဆီးမိပြီး တုနန်မျိုးနွယ်က ဘယ်လောက်ဆိုးယုတ်သလဲဆိုတာကို လူသိ အောင်လုပ်လိုက်လို့ သူတို့နာမည် ပျက်သွားတာလေ” ရင်လန်သည် တုနန် မျိုးနွယ်မှ ချောင်ပိတ်ခံရသည်ကို ကြောက်လန့်မည့်အစား သူ့ကိုအထင်သေးစွာ ဖြင့် ပခုံးတွန့်လိုက်သည်။

အရင်တစ်ချိန် ရင်လန် အပြင်တွင်လှည့်ပတ်သွားလာစဉ်က သူသည် မိန်းကလေးတစ်ယောက်ကို အတင်းလုနေသည့် တုနန်ဟော်နှင့် သွားတိုးခဲ့ သည်။ သူသည် ထိုမိန်းကလေးကိုကယ်ပြီး တုနန်မျိုးနွယ်သည် အမျိုးသမီးများ ကို ကျင့်စဉ်ဖိုအဖြစ် အသုံးပြုနေကြောင်းကို အားလုံးကို သိစေခဲ့သည်။

ထိုသတင်းမှာ အကြီးအကျယ်ဖြစ်မသွားသော်လည်း လျှို့ဝှက်မိသားစု များ သိသွားကာ တုနန်မျိုးနွယ်နှင့်ဆက်ဆံရေးမှာပိုဆိုးလာခဲ့ကြသည်။ သူတို့ သည် ပိုအားကောင်းသော မျိုးနွယ်ထဲမှ တစ်ခုဖြစ်သော်လည်း ရွံရှာစက်ဆုပ် ဖွယ်ဖြစ်ခဲ့သည်။

သတင်းလွှင့်သူသည် သူတို့၏ပစ်မှတ်ဖြစ်လာကာ ရင်လန်သည် သူတို့ မုန်းတီးမှု၏ ပစ်မှတ်အလိုလိုပင်ဖြစ်လာသည်။

ပြည်နယ် ၁၄ နှင့် သူ၏ကိုယ်ပိုင်အားကြောင့်သာမဟုတ်လျှင် ရင်လန်မှာ ချုပ်ငြိမ်းသွားနိုင်သည်။ သူတို့သည် အလိုလိုပင်ရန်သူဖြစ်သွားသည်။ အဲတော့ အခုတစ်ယောက်နှင့်တစ်ယောက် ဒီနေရာမှာတွေ့တော့ တုနန်ဟော်က သူ့ကို ဘယ်လိုလုပ် လွှတ်ပေးတော့မှာလဲ။

ရှီမာယူယူက သူ့အစီအစဉ်ကို ဖျက်ဆီးလိုက်တာပဲရှိတာ။

“ယူယူ”

ဖန်ကျိရှင်းသည် သူ့လူများကိုဦးဆောင်လာရာ ရင်မျိုးနွယ်များသည် ချက်ချင်းပင် သတိကပ်လိုက်ကြသည်။

သူတို့သည် ပြန်ကောင်းရန် လိုသေးသည်။ ဤနေရာသို့ရောက်လာသူ သည် ရည်ရွယ်ချက်မကောင်းနိုင်ပေ။

ရှီမာယူယူသည် သူတို့ကို စိတ်ငြိမ်ရန်ပြောပြီး ဂူဆီသို့သွားကာ ခေါ်လိုက် သည် “ဆရာ”

ဖန်ကျိရှင်းဝင်လာရာ ရှီမာယူယူ ဒဏ်ရာမရသည်ကို မြင်လိုက်ရသည်။ ထိုအခါမှပင် ပူပန်နေသောစိတ်များ ငြိမ်ကျသွားတော့သည်။

“သူတို့ကို ကယ်နိုင်လိုက်လား”

“အင်း ဒါပေမဲ့ သူတို့ကိုသတ်ဖို့အချိန်မရလိုက်ဘူး” ရှီမာယူယူသည် ပြော ရင်းနှင့် နောင်တရမိသည်။

ရင်မျိုးနွယ်ဝင်များ ထိုစကားကိုကြားသောအခါ နှုတ်ခမ်းတွန့်မိကြလေ သည်။ သူမက တုနန်မျိုးနွယ်လက်ထဲက သူတို့ကိုကယ်နိုင်တာကိုတင် အရမ်း အံ့ဩဖို့ကောင်းနေပြီ တုနန်မျိုးနွယ်ဝင်တွေကို မသတ်နိုင်လို့ နောင်တရတယ် ဟုတ်လား။

“အဲလူတွေက မိန်းကလေးတွေကို ကျင့်စဉ်ဖိုအဖြစ် အသုံးပြုချင်နေကြ တာ” ရှီမာယူယူသည် ထိုကဲ့သို့လူစားမျိုးများကို စက်ဆုပ်ရွံ့ရှာသည်။ သူတို့ကို ကမ္ဘာပေါ်တွင်ချန်ထားခြင်းသည် မိန်ကလေးများအတွက် ခြိမ်းခြောက်မှုပင်ဖြစ် သည်။

“မင်းအဆင်ပြေရင်ပြီးတာပါပဲ” ဖန်ကျိရှင်းသည် တုနန်မျိုးနွယ်ကို ဂရု မစိုက်ပေ။ သူသည် ရှီမာယူယူ ဘေးကင်းရေးတစ်ခုတည်းကိုသာ ဂရုစိုက် သည်။

“ဆရာ မိတ်ဆက်ပေးရဦးမယ် ဒါကရင်လန် ဒါကရင်စူးစူးပါ” ရှီမာယူယူ သည် သူတို့နှစ်ယောက်ကိုသာသိသည် “ဒါကကျွန်မဆရာပါ”

ရင်လန်သည် ဖန်ကျိရှင်းကို အရိုအသေပေးပြီး ပြောလိုက်သည် “လပြည့်စုံနန်းတော်က ခေါင်းဆောင်လေးက ယူယူရဲ့ဆရာဖြစ်မယ်လို့ထင် မထားဘူး၊ တွေ့ရတာဝမ်းသာပါတယ်”

“မင်းက လိမ္မော်သီးမြို့တော်မှာ မနေချင်ရင်တောင် ငါ့တပည့်လေးကို တော့ မနှောင့်ယှက်သင့်ဘူး” ဖန်ကျိရှင်းသည် ရှီမာယူယူပြောထားသဖြင့် ရင်လန် အကြောင်းသိသည်မှာ ကြာပြီဖြစ်ရာ ဂရုမစိုက်သောလေသံဖြင့် သတိ ပေးလိုက်သည်။

“ဟီး ဟီး…” ရင်လန် ရယ်မောလေသည်။ ဒီလူက တကယ်ပဲ ကာကွယ် ပေးတဲ့ အမေကြီးကျနေတာပဲ။

ဖန်ကျိရှင်း ထိုကဲ့သို့ တည့်တိုးပြောလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ သို့သော် သူမ ဆရာသည် သူမနှင့်ပတ်သတ်သည့်ကိစ္စကို သေချာပေါက်ဝင်ပါ မည်ကို သူမ သိထားသည်။

“ဆရာ ရှေ့ကိုဆက်သွားချင်လား” သူမသည် ဖန်ကျိရှင်း၏ လက်မောင်း ကိုကိုင်ကာ မေးလိုက်သည်။

“ငါတို့ရောက်လာမှတော့ အပျော်ဝင်ပါကြမလား” ဖန်ကျိရှင်း မေးလိုက် သည်။

ဘယ်သိူနိုင်မလဲ သူ ရတနာတချို့ရှာတွေ့ပြီး ရှီမာယူယူကို လက်ဆောင် ပေးနိုင်မလားဆိုတာ။

သူသည် ရင်မျိုးနွယ်ဝင်များကို ကြည့်လိုက်သည်။ သူ့ဆိုလိုရင်းမှာ သိသာ နေသည်။ သူမ ဒီလူတွေကို သူတို့နဲ့ခေါ်လာချင်တာလား။

ရှီမာယူယူသည် ရင်စူးစူးနှင့် တခြားသူများကိုကြည့်လိုက်သည်။ တစ် ယောက်ချင်းစီသည် တုနန်မျိုးနွယ်ကြောင့် ဒဏ်ရာများရထားကြသည်။ သူမ သာ သူတို့ကိုဤနေရာတွင်ထားသွားပါက တခြားသူများ၏ သတ်ဖြတ်ခြင်းကို ခံရနိုင်သည်။

လပြည့်စုံနန်းတော်သည် ကြင်နာတတ်သော အင်အားစုတစ်ခုမဟုတ် သည်ကို ရင်လန်နှင့်တခြားသူများ သိသဖြင့် ရှီမာယူယူကို ဖိအားမပေးတော့ဘဲ ပြောလိုက်သည် “ငါတို့တွေမျိုးနွယ်ကို အကူအညီတောင်းပြီးပါပြီ သူတို့ရှာတွေ့ ဖို့ပဲလိုတာပါ”

“ဒါပေမဲ့ သူတို့ဘယ်အချိန်ရောက်မလဲမသိဘူးလေ၊ ရှင်တို့ ကျွန်မနဲ့ လိုက်ခဲ့တာပိုကောင်လိမ့်မယ်၊ သူတို့ကိုရှာတွေ့တာမှ ထပ်ပြီးစကားပြောကြ တာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

“ဦးလေးငယ် ယူယူပြောတာမှန်တယ်၊ မျိုးနွယ်ဝင်တွေက ဒီလောက်ကြာ တာတောင် မရောက်လာသေးတာ သူတို့ တစ်ခုခုကြောင့် ခရီးဖင့်နေတာလား ဆိုတာ မသိနိုင်ဘူး၊ ကျွန်မတို့လည်း ဒဏ်ရာရထားကြတာ ရန်သူများတွေ့လိုက် မယ်ဆိုရင် တကယ်ဒုက္ခရောက်မှာပဲ” ရင်စူးစူး ပြောလိုက်သည်။

ရင်လန်သည် ခေတ္တမျှတွေဝေသွားသည်။ ရှီမာယူယူ ပြောလိုက်သည့် အချိန်တွင် ဖန်ကျိရှင်းသည် ငြင်းဆန်ခြင်းမပြုသဖြင့် သူသဘောတူပုံရသည်။

“ဒါဆိုရင်လည်း မင်းတို့ကိုပဲ ဒုက္ခပေးရတော့မှာပဲ” ရင်လန်သည် သူမနှင့် ဖန်ကျိရှင်းရှိရာဘက်သို့ ဦးညွှတ်လိုက်သည်။

“ဒါဆိုလည်း ဝင်ကြတာပေါ့”

ဖန်ကျိရှင်း၏ လက်အောက်ငယ်သားများသည် သူတို့ဆရာ သခင်မလေး အားမျက်နှာသာပေးလွန်းသည်ဟု တိုးတိုးတိတ်တိတ်ရေရွတ်နေကြသည်။ ရင်မျိုးနွယ်ဝင်များကို သူတို့နှင့်အတူခေါ်သွားခြင်းသည် ကိစ္စအတော်အများ တွင် အဆင်မပြေဖြစ်နိုင်သည်ကို သိကြသည်။

သို့သော် သခင်မလေး ပြောနေသရွေ့တော့ သူသည် ငြင်းဆန်ရန် အတွေး မရှိပေ။

သူက သူမကို အရမ်းအလိုလိုက်လွန်းတာပဲ။ သူ့ကိုယ်သူ သူမရဲ့ အဖေလို့ များထင်နေတာလားမသိဘူး။

နီရဲပျားများသည် ဂူအတွင်းသို့သွားသည်မှာ ကြာပြီဖြစ်သည်။ သူတို့၏ လမ်းပြမှုနှင့် သူတို့အဖွဲ့သည် လမ်းအကွေ့အကောက်များ အများအပြားမသွား လိုက်ရဘဲ သတ္တုတွင်းထဲသို့ တိုက်ရိုက်ဦးတည်သွားနိုင်လေသည်။

လမ်းတစ်လျှောက်တွင် ရွှေလေးသည် အသုံးဝင်မည့် ရှေဟောင်းပစ္စည်း များကို ရံဖန်ရံခါ ရှာတွေ့လေသည်။ တစ်ခါတစ်ခါ နံရံများထဲတွင် နစ်မြုပ်နေ သော သတ္တုရိုင်းများကို တွေ့ရလေသည်။

ရှီမာယူယူသည် ရလာသော သတ္တုရိုင်းကို ဖန်ကျိရှင်းလက်ထဲထည့်ပြီး ပြုံးလိုက်သည် “ဆရာ ဒါကတပည့်က ဆက်သတာပါ”

ဖန်ကျိရှင်းသည် ထိုသတ္တုရိုင်းများကိုမြင်ပြီး သူမသည် အကျိုးအမြတ် များစွာရခဲ့ကြောင်းပြောမှပင် ပို၍သက်တောင့်သက်သာဖြစ်သွားသည်။

“ဒါက မင်းရဲ့ဆရာအဖြစ် ငါ့ကိုပေးတဲ့လက်ဆောင်ဆိုမှတော့ ယူလိုက်ပါ မယ်” သူသည် သတ္တုရိုင်းကိုယူပြီး အထဲတွင် ရတနာရှိခြင်းမရှိခြင်းကို ဂရုမစိုက် လှပေ။

သူမ သတ္တုရိုင်းများကို အလွယ်တကူရသည်ကို ရင်မျိုးနွယ်ဝင်များမြင် သောအခါ အလွန်ပင် အားကျလေသည်။ သူတို့မှာသာ ရွှေလေးကဲ့သို့ ကောင်း သည့် ဝိညာဉ်သားရဲရှိပါက သူတို့လည်း အကျိုးအမြတ်များစွာရနိုင်သည်။ သူတို့ ကဘယ်လိုမျိုး တုနန်မျိုးနွယ်ရဲ့ ချောင်ပိတ်တာကိုခံလိုက်ရတာလဲ။

ရှီမာယူယူသည် ရလာသောသတ္တုရိုင်းတချို့ကို ရင်မျိုးနွယ်ကိုလည်း ပေး လိုက်သည်။ အားလုံးအတူရှိနေသဖြင့် တစ်ယောက်ချင်းစီ မဝေနိုင်လျှင်တောင် သူတို့အတွက် တချို့ပေးလိုက်သည်။

အစပိုင်းတွင် သူတို့သည် လက်ခံရသည့်အတွက် အနည်းငယ်ရှက်ရွံ့မိ သည်။ သို့သော် ရွှေလေး ထပ်ခါထပ်ခါ ရှာတွေ့သည်ကိုမြင်ပြီး ဂုဏ်ပြုပွဲမလုပ် ရုံသာကျန်တော့သည်။

သူတို့သာ ထိုသတ္တုရိုင်းများမှ ပစ္စည်းကောင်းရလာလျှင် သူမကို သေချာပေါက် ကျေးဇူးတင်ရမည်ဖြစ်သည်။ အထဲတွင် ပစ္စည်းကောင်းမဟုတ် လျှင်တောင် သူတို့သည် အနာဂတ်တွင် ရှီမာမျိုးနွယ်နှင့် ဆက်ဆံရေးကောင်းရှိ သွားမည်။

ထိုသတ္တုတွင်းသည် ပုံမှန်သတ္တုတွင်းများနှင့် ကွဲပြားလေသည်။ သတ္တု ရိုင်းများသည် မြေကြီးထဲတွင်မရှိပေ။ ရှီမာယူယူနှင့်တခြားသူများ လမ်းဆုံးသို့ ရောက်သောအခါ မြေကြီးတွင် အတိုင်းသားရှိနေသည်။ နောက်ဆုံးတွင် သူတို့ သည် တောင်မှထွက်ပြီး ဟင်းလင်းပြင်သတ္တုတွင်းသို့ ရောက်သွားသည်။

သူတို့သည် လမ်းတစ်ဝက်တွင်ပင် သတ္တုရိုင်းများကိုရှာတွေ့ခဲ့သဖြင့် သတ္တုရိုင်းအများဆုံးနေရာသို့ရောက်သောအခါ ထိုနေရာသည် လူများဖြင့် ပြည့်နှက်နေသည်။

တုန်လိုင်မျိုးနွယ်၊ တုနန်မျိုးနွယ်၊ ယန်းမျိုးနွယ်နှင့် အစောပိုင်းက မတွေ့ ခဲ့ရသော ရွှမ်ချုံးမျိုးနွယ်ပါရှိနေသည်။ သူတို့မသိသည့် တခြားသောအင်အားစု များလည်းရှိနေသည်။ သူတို့အားလုံးသည် သတ္တုတွင်းကြီး၏ အစွန်တွင် စုဝေး နေကြသည်။

ပတ်ပတ်လည်တွင် တောင်များသည် မြင့်မားလျက်ရှိကာ တိမ်များဖြင့်ပင် ထိတိုက်နေသည်။ သူတို့သည် အဆုံးမရှိသည့်ပုံပင်။

ချောက်၏အလယ်တွင် ကျောက်ရုပ်ထုများ ရှိနေသည်။ ရုပ်ထုများသည် ကြီးကြီးငယ်ငယ်နှင့် ပုံသဏ္ဍာန်အမျိုးမျိုးရှိနေသည်။

ထိုလူများသည် အထဲမှ သတ္တုရိုင်းများကိုမြင်သောအခါ မျက်လုံးများ နီရဲ လာသည်။

သတ္တုရိုင်းများသည် တိရိစ္ဆာန်ပုံသဏ္ဍာန်ဖြစ်သည်။ ထို့ကြောင့် အထဲမှ ပစ္စည်းများသည် ရှေးဟောင်းသားရဲများဟု ဆိုလိုတာမဟုတ်လား။ သူတို့သာ  ထိုရုပ်ထုများကိုရလိုက်လျှင် အကျိုးအမြတ်ကြီးရလိုက်တာပဲမဟုတ်လား။

“ကြည့်ရတာ အရင်ရောက်တာက အားမသာဘူးထင်တယ်” ဖန်ရှို့ကျဲ သည် သတ္တုတွင်းဆီသို့ဝင်မသွားဘဲ အပြင်တွင်ရပ်နေသောလူများကိုကြည့်ပြီး ရယ်မောလိုက်သည်။

“ဒီနားမှာ အတားအဆီးရှိနေတယ် လူတွေကိုအပြင်မှာပိတ်ထားတာပဲ” ဝူလင်းယူသည် ချက်ချင်းပင် ပြဿနာကိုမြင်လိုက်သည်။

“သူတို့က ခြေကုန်လက်ပမ်းကျနေကြလို့ အတားအဆီးကို မဖွင့်နိုင်တာ ဖြစ်မယ်” ရှီမာယူယူသည် နေရာအနှံ့ပျံ့ကြဲနေသော အရှုပ်အပွများကိုကြည့် လိုက်သည်။ ကြည့်လိုက်သည်နှင့် တိုက်ပွဲ၏ အကြွင်းအကျန်များဖြစ်သည်ကို သိနိုင်သည်။

ထိုအခိုက်တွင် ဂိုဏ်းများသည် နှစ်စု သုံးစု စုဝေးနေကြသည်။ သူတို့သည် ပစ္စည်းများကို ခွဲဝေရန်မဆုံးဖြတ်ခင် ထိုပြဿနာကိုမည်သို့ဖြေရှင်းမည်ကို ဆုံးဖြတ်နေသည်နှင့်တူသည်။

သို့သော် ထိုကိစ္စများကို စိတ်မပူသည့် လူတချို့လည်းရှိနေသည်။

***

All Chapters