← Chapters

သတ္တုတွင်းနောက်ကွယ်က အန္တရာယ်

Vol. 109 Ch. 1519

သတ္တုတွင်းနောက်ကွယ်က အန္တရာယ်

Vol. 109 Ch. 1519

ရှီမာယူယူနှင့် ရွှမ်ချုံးဟော်တို့သည် ထိုစိုးရိမ်မှုများမရှိသူများဖြစ်သည်။ သို့သော် သူမသည် ချက်ချင်းပင်ဝင်မသွားပေ။

အစပိုင်း သူတို့အတားအဆီးကိုမြင်လိုက်ရချိန်တွင် များများစားစား မစဉ်းစားမိပေ။ တခြားသူများ၏ တိုက်ခိုက်မှုအကြွင်းအကျန်များကိုမြင်မှပင် လေးနက်သည်ဟု စတင်မှတ်ယူလိုက်သည်။

ဥပမာဆိုရလျှင် တုန်လိုင်လီဖြစ်သည်။

အကြိမ်ပေါင်းများစွာ ကျရှုံးပြီးနောက်တွင် အတားအဆီးအပေါ်ထားရှိ သောအမုန်းတရားမှာ ထိပ်ဆုံးအဆင့်သို့ရောက်ပြီး တုနန်မျိုးနွယ်ကိုမြင်သည် နှင့် လောတော့သည်။

သူတို့သည် သေချာပေါက် ထိုလူများထက် ရှေ့ရောက်နေခဲ့သည်။ သူတို့က ဘယ်လိုများ နောက်ကျကျန်နေခဲ့မိတာလဲ။

အစပိုင်းတွင် တုနန်ဟော်သည် အတားအဆီးကို အရာမသွင်းပေ။ သို့သော် တုန်လိုင်လီကဲ့သို့ပင် အမြန်ပင် အဆုံးသတ်သွားလေသည်။ ထိုအခါမှ ပင် အတားအဆီးနှင့်ပတ်သတ်ပြီး အကူအညီမဲ့သွားသည်ကို သိလိုက်ရတော့ သည်။

တုန်လိုင်လီသည် တုနန်ဟော်တို့ မအောင်မြင်သည်ကို မြင်သောအခါ စိုးရိမ်နေသော စိတ်များငြိမ်ကျသွားတော့သည်။

တုနန်မျိုးနွယ်သာ ဝင်နိုင်ပါက သူမ စိုးရိမ်၍ သေသွားနိုင်သည်။

ရပ်နေသောလူများလည်း မည်သို့ဖြေရှင်းရမည်ကို ဆွေးနွေးနေကြကာ သူမနှင့် တုနန်ဟော်တို့သည်လည်း ဦးနှောက်သုံးနေရသည်။

သူတို့ မတိုက်ခိုက်နိုင်တဲ့ အတားအဆီးတစ်ခု…. သူတို့ အတင်းအကြပ် ဖိအားပေးပြီး ဖျက်ဆီးချင်ရင် ခက်မှာပဲ.

ရုတ်တရက်ပင် သူမသည် ရင်းနှီးသောဘီးသံကိုကြားလိုက်ရသဖြင့် ခေါင်းမော့ပြီး ကြည့်လိုက်သည်။ တစ်ဖက်မှ ရွှမ်ချုံးဟော်လာနေသည်ကို သူမ မြင်လိုက်ရသည်။ သူမမျက်လုံးများ အရောင်တောက်သွားတော့သည်။ ရွှမ်ချုံးဟော်ရှိလျှင် ဝင်ရန်အတွက် သူမ စိုးရိမ်နေရန်မလိုပေ။

“ဟော် ရှင်လည်းရောက်လာပြီပဲ” သူမ သွားပြီး လှပစွာပြုံးလိုက်သည်။

“ငါတို့ဝင်လာတဲ့နေရာက ဒီနေရာကိုရောက်လာမယ်လို့ထင်မထားဘူးပဲ” ရွှမ်ချုံးဟော်သည် အံ့ဖွယ်အာရုံဖြင့် နေရာတစ်ခုလုံးကိုကြည့်လိုက်ရာ အခြေအနေကို နားလည်သွားသည်။

“ဒီမှာအတားအဆီးရှိနေတယ်၊ ဘယ်တိုက်ခိုက်မှုမဆို ပြန်ကန်ထွက်မှာ ပဲ” တုန်လိုင်လီ ပြောလိုက်သည် “ဒီကလူတွေက အပြင်မှာပိတ်မိနေကြပြီ၊ ရှင် ဝင်လို့ရနိင်တယ် ပြီးရင် အထဲကသတ္တုရိုင်းတွေက ဝင်တဲ့သူအပိုင်ဖြစ်သွားမှာပဲ ဟော် ဒါက ရှင်တို့မျိုးနွယ်အတွက် အခွင့်အရေးပဲ”

သူမသည် ရွှမ်ချုံးဟော်၏ ပျော်ရွှင်မှုကိုသာ စဉ်းစားသည့်အတိုင်း အလွန် ပင်ပျော်မြူးစွာပြောလိုက်သည်။

ရွှမ်ချုံးမျိုးနွယ်ဝင်များသည်လည်း ပျော်ရွှင်ကြလေသည်။ အတားအဆီး သည် တချို့လူများအတွက် ဖျက်ရန်ခက်နိုင်သော်လည်း ရွှမ်ချုံးဟော်အတွက် အားစိုက်မှုမလိုပေ။

ရှေးဟောင်းဝိညာဉ်သားရဲ အများကြီးလေ။

ရွှမ်ချုံးဟော်၏ အပြုံးသဲ့သဲ့သည် နက်ရှိုင်းသွားခြင်းမရှိပေ “အဲဒါက တကယ် ပစ္စည်းကောင်းဖြစ်ချင်မှဖြစ်မှာပါ”

“အာ…”

သူသည် တစ်ဦးတည်းသော ဝင်နိုင်မည့်သူဖြစ်ကာ အထဲတွင်လည်း သတ္တုရိုင်းများစွာရှိနေသည်။ ဘယ်လိုလုပ် ပစ္စည်းကောင်းမဖြစ်နိုင်ရမှာလဲ။

“ဝင်ပြီးရင် ပြန်ထွက်နိုင်မှပဲ ပစ္စည်းကောင်းဖြစ်လိမ့်မယ်” ရွှမ်ချုံးဟော် ပြောလိုက်သည် “ဒီလောက်လူတွေအများကြီးကို သူတို့က ရှိတဲ့နေရာမှာပဲ နေ ပြီး ဘာမှမလုပ်ဘူးလို့ထင်နေကြလား၊ သူတို့အကုန်လက်တွဲပြီးလုပ်လိုက်ရင် ငါတို့ဆိုရင်တောင် ထွက်သွားဖို့မဖြစ်နိုင်ဘူး”

သူသာ ဤနေရာမှထွက်မသွားနိုင်ပါက ထိုနေရာတွင် သတ္တုရိုင်း မည်မျှ ပင် ရှိစေကာမူ အသုံးမဝင်ပေ။

“သူတို့နဲ့ မျှလိုက်ရင်ဖြစ်နိုင်မလား”

“သူတို့နဲ့ မျှလိုက်တာနဲ့ ဖြေရှင်းလို့ရမယ့်ကိစ္စမဟုတ်ဘူး၊ လူ တစ်ယောက်ရဲ့ လောဘက ခန့်မှန်းလို့မရဘူး” ရွှမ်ချုံးဟော် သက်ပြင်းချလေ သည်။

သူသည် ရင်းနှီးသောရောင်ဝါကို အာရုံခံမိသဖြင့် အံ့ဖွယ်အာရုံဖြင့် ပတ်ဝန်းကျင်ကို စမ်းစစ်ကြည့်လိုက်သည်။ သူသည် ရှီမာယူယူ၊ ဝူလင်းယူနှင့် တခြားသူများကို မြင်လိုက်သည်။

သူမလည်း ဒီရောက်နေတာပဲ။

သူမသည် ယခုလိုအတားအဆီးအမျိုးအစားများကို သဘာဝကျကျပင် ဝင်နိုင်သည်ကို သူ မှတ်မိသည်။

သူမ ဘာလုပ်မလဲ။ သူမ ဝင်သွားမှာလား။

သူ့အာရုံသည် သူမရှိသည့်ဘက်သို့ အမှတ်တမဲ့ရောက်သွားသည်။

ရှီမာယူယူသည် ထိုနေရာ၏အခြအနေကို ဆွေးနွေးနေကာ ချက်ချင်းဝင် ရန် အစီအစဉ်မရှိပေ။ ရွှမ်ချုံးဟော်သည် သူမ အလောတကြီးအထဲသို့ဝင်မသွား သည်ကိုမြင်သည်နှင့် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

“လင်းယူ ဒီကကျောက်ရုပ်ထုတွေက နည်းနည်းထူးဆန်းတယ်လို့ မထင် မိဘူးလား” ရှီမာယူယူသည် ထိုကျောက်ရုပ်ထုများကိုကြည့်ပြီး အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိသည်။

တကယ်လို့… အဲဒါတွေ အသက်ဝင်နေရင် ဘယ်လိုလုပ်မလဲ။

သူတို့ဆီမှထွက်လာသော လူသတ်မည့်ရောင်ဝါသည် ပို၍ပင် ထူထဲလာ သည့်ပုံပင်။ သူတို့ကို ကျောက်တုံးအလွှာဖြင့် ဖုံးထားလျှင်တောင် သူမသည် အေးစိမ့်မှုကို အာရုံခံနိုင်သည်။

“တကယ်ပဲ အရင်ကတွေ့ခဲ့တာတွေထက် မတူသလိုပဲ” ဝူလင်းယူ ခေါင်း ညိတ်လိုက်သည် “သူတို့က အသက်ပြန်ဝင်လာတော့မယ့် အတိုင်းပဲ”

“ဒီမှာဒီလောက်များတာ သူတို့အသက်ပြန်ဝင်လာရင် ဒီလူတွေက တောင့်ခံနိုင်ပါ့မလား” ရှီမာယူယူ အနည်းငယ် စိုးရိမ်မိသည်။ သူမသည် ဖန်ကျိရှင်းနှင့် ကျန်လူများကို အရင်ထွက်သွားခိုင်းရမလားဟု တိတ်တိတ်လေး တွေးနေမိသည်။

မည်သို့ပင်ဖြစ်စေကာမူ သူသည် ဒီမတိုင်ခက်က အကျိုးအမြတ်များရပြီး ဖြစ်သည်။

သူမ စဉ်းစားကြည့်ရာ ဖန်ကျိရှင်းကိုပြောပြရန် ဆုံးဖြတ်လိုက်သည်။

“ထွက်သွားရမယ်ဟုတ်လား၊ ဒီမှာရှေးဟောင်းဝိညာဉ်သားရဲ ကျောက် ရုပ်ထုတွေ ဒီလောက်အများကြီးရှိတာ ဘယ်လိုလုပ် ဒီအတိုင်းထွက်သွားရမှာ လဲ” လပြည့်စုံနန်းတော်မှလူများသည် နားမလည်ပေ။

ဖန်ကျိရှင်းသည် မအံ့ဩပေ။ သူသည် ရှီမာယူယူအားကြည့်ပြီး မေးလိုက် သည် “ငါတို့က ဘာလို့ထွက်သွားရမှာလဲ”

ရှီမာယူယူသည် ခံစားရသည့်အတိုင်းပြောပြလိုက်သည် “ဒီလိုခံစားချက် က ဖြစ်လာခဲတယ်၊ အဲဒီရှေးဟောင်းဝိညာဉ်သားရဲတွေက တကယ်ကို သက်တောင့်သက်သာမဖြစ်စေဘူး”

ဖန်ကျိရှင်း စဉ်းစားကြည့်ပြီးနောက် သူ့လူများကို ညွှန်ကြားလိုက်သည် “မင်းတို့အားလုံး ငါတို့လာတဲ့လမ်းအတိုင်းပြန်မယ်သွားကြ ငါ့ကိုအပြင်မှာ စောင့်နေကြ”

“သခင်လေး”

ဖန်ရှို့ကျဲနှင့်တခြားသူများသည် မှင်တက်သွားကြသည်။ သို့သော် သူ၏ တည်တံ့သောမျက်နှာထားကိုမြင်သောအခါ ‌ခေါင်းငုံ့ပြီး ပြန်ဖြေလေသည် “ဒါဆိုရင် သခင်လေးတို့ကို အပြင်မှာပဲ ကျွန်တော်တို့ စောင့်နေပါမယ်”

ရှီမာယူယူနှင့် ရက်အနည်းငယ်နေပြီးနောက်တွင် ဖန်ကျိရှင်းကို ကြည့်ရ သည်မှာ ခါတိုင်းလို အေးစက်မနေတော့သဖြင့် သူ၏မူလပုံစံကိုပင် မေ့လုနီးပါး ဖြစ်သွားရသည်။

သူ၏ လက်အောက်ငယ်သားများအနေနှင့် သူတို့သည် သူ့စကားကို ငြင်းဆန်ခြင်းမပြုရန် မှတ်ထားရမည်။

ရင်လန်သည် ခေတ္တမျှတွေဝေပြီးနောက် သူ့လူများကို ခေါ်ထုတ်သွားလေ သည်။

ရှီမာယူယူ တစ်ယောက်တည်းမဟုတ်ပေ။ သူသည်လည်း ဤနေရာ၏ ထူးခြားမှုကို အာရုံခံမိသည်။ သူသည်လည်း ရှေ့ဂူမှ ကျောက်ရုပ်ထုကို ရပြီးဖြစ် ရာ အကျိုးအမြတ်ရှိနေပြီဖြစ်သည်။

ထိုရှေးဟောင်းဝိညာဉ်သားရဲများသည် အေးစိမ့်မှုကိုခံစားစေကာ လှုပ်မရ ဘဲ ငရဲတွင်ရပ်နေသကဲ့သို့ ထင်ရစေသည်။ ဝိညာဉ်သားရဲများ၏ မျက်လုံးကို ကြည့်လိုက်သူသည် ပိုက်ကွန်ကြီးတစ်ခုတွင် ပိတ်မိသည့်အတိုင်းပင်။

သူတို့သည် ထိုနေရာတွင် ဆက်မနေသင့်ပေ။

သူသည် သူ၏အလိုလိုသိစိတ်ကို နားထောင်ကာ ထိုကိစ္စတွင် ဝင်မပါရန် စီစဉ်လိုက်သည်။ ယခုအဖြစ်အပျက်ပြီးသွားလျှင် ပြန်သွာရန် အကြံပေးခဲ့သည့် ရှီမာယူယူကို ကျေးဇူးတင်ရဦးမည်။

ဖန်ကျိရှင်းနှင့်အတူပါလာသော လူများထွက်သွားသည်ကို ရှီမာယူယူ မြင်လိုက်ရသည်။ သူတို့သုံးယောက်သာ ကျန်ခဲ့ချိန်တွင် ရှီမာယူယူသည် ရွှေလေးကို နေခိုင်းပြီး သူမ၏ ဝိညာဉ်သားရဲများအားလုံးကို ခေါ်ထုတ်လိုက် သည်။

သူတို့သည် တိုက်ပွဲတွင်ဝင်ပါရန် အစီအစဉ်မရှိသဖြင့် သုံးယောက်သည် သင့်တော်သည့်နေရာတစ်ခုကိုရွေးကာ အခြေအနေကို စောင့်ကြည့်ရန် ရွေးချယ်လိုက်သည်။

သူတို့ရွေးလိုက်သောနေရာမှာ အမြင့်ဘက်ရောကသည်။ အောက်မှ အဖြစ်အပျက်များကို ရှင်းလင်းစွာမြင်နိုင်သည်။ သူတို့ ထွက်သွားချင်လျှင်လည်း အပေါက်ဝနှင့် နီးသည်။ တစ်ခုခုသာဖြစ်လာပါက သူတို့ ချက်ချင်းပင် ထွက်သွား ကြမည်။

အောက်မှလူများသည် သတ္တုအရင်းအမြစ်များနှင့် ဝေးကွာနေကာ ရတနာများကို မယူနိုင်ကြပေ။

သို့သော် သူတို့သည် မည်သည့်အရာကိုမှ လုယူရန်အစီအစဉ်မရှိသဖြင့် ထိုနေရာသည် အသင့်တော်ဆုံးပင်။

လင်းယူသည် အတားအဆီးဖြင့် သူတို့ကိုကာကွယ်ပေးလိုက်သည်။ အကယ်၍ တစ်စုံတစ်ရာ ရုတ်တရက်ဖြစ်လာပါက ကိုင်တွယ်ရန် လွယ်ကူသွား မည်။

ရွှေလေးသည် အစပိုင်းတွင် အနည်းငယ် အထိန်းအကွပ်မဲ့နေသည်။ သို့သော် အတားအဆီးလုပ်လိုက်သောအခါ များစွာ ငြိမ်ကျသွားသည်။

ရှီမာယူယူသည် ရွှေလေးကို ရင်ခွင်တ်ွင်ပိုက်ကာ မေးလိုက်သည် “ရွှေလေး အောက်ကအကောင်တွေကို မင်းအရမ်းကြောက်တာလား”

“စီနီယာဟင်္သာပဒါးငှက်လောက်တောမဟုတ်ပေမဲ့ သူတို့က တကယ်ကို သက်တောင့်သက်သာမဖြစ်စေဘူး” ရွှေလေး ပြောလိုက်သည် “သူတို့က သူတို့ ထဲမှာကို အားအရမ်းကောင်ကြတယ်”

“ဒါဆိုရင် အဲလူတွေက ခုခံနိုင်ပါ့မလား”

ရွှေလေးသည် နေရာအားစမ်းစစ်ကြည့်ပြီး ပြောလိုက်သည် “အဲလူတွေက သူတို့တွေရဲ့သွားနှုတ်ဖို့လောက်တောင် မလောက်ဘူး”

ရှီမာယူယူ ထိတ်လန့်သွားသည်။ အဲဒီသားရဲတွေက အဲလောက်‌တောင် အားကောင်းကြတာလား။

“ယူယူ သူတို့တွေထွက်လာတော့မယ်” ရွှေလေးသည် ရှီမာယူယူ၏ လက်ဖဝါးကိုပတ်လိုက်ကာ လုံခြုံမည့်နေရာကို ရှာနေသည်။

ရှီမာယူယူသည် အောက်မှကျောက်ရုပ်ထုများကို ကြည့်လိုက်သည်။ သူတို့က ထွက်လာတော့မယ့်ပုံမပေါ်ပါဘူး

သူမသည် ရွှေလေးပြောသည့်အတိုင်း ဝူလင်းယူနှင့် ဖန်ကျိရှင်းကို ပြော လိုက်ရာ နှစ်ယောက်လုံးသည် တည်တံ့သွားတော့သည်။

“ငါ အရင်က ကောလဟလကြားဖူးတယ်…” ဝူလင်းယူ ရပ်သွားသည် “ရှေးခေတ်တုန်းက ဝိညာဉ်သားရဲအများကြီးကျန်ခဲ့တယ်လို့ပြောကြတယ်၊ သူတို့က လက်ရှိခေတ်မှာ ရှင်းလင်းခံရတာကို မကျေနပ်လို့ သူတို့ဘာသာ ချိပ်စည်းပိတ်လိုက်တာနဲ့၊ သူတို့က နှစ်ထောင်ချီပြီး အသက်ရှင်ရင် ထွက်လာ ပြီး ကမ္ဘာကြီးကို သိမ်းယူသွားမှာ…”

“အဲဒါကိုရှေးဟောင်းစာအုပ်မှာ မြင်ဖူးတယ်၊ ရှေးခေတ်တုန်းက ပစ္စည်း တွေက အခုထိက အများကြီးအားကောင်းတယ်၊ တကယ်လို့ သူတို့ကို တွေ့မယ်ဆိုရင် ငါတို့က သူတို့ပြိုင်ဘက်မဖြစ်နိုင်ဘူး” ဖန်ကျိရှင်း သက်ပြင်းချ လိုက်သည်။

“သူတို့အရေအတွက်ကို ကြည့်လိုက်” ဝူလင်းယူ ပြန်ဖြေလေသည်။

ရှီမာယူယူ မှင်တက်သွားသည်။ သူတို့ပြောသည့်အတိုင်းမှန်ရင် ဒီတိုင်းပြည်ကြီးက ပိုကြီးတဲ့အန္တရာယ်နဲ့တွေ့သွားပြီမဟုတ်ဘူးလား။

***

All Chapters