← Chapters

တိုက်ခိုက်လေလေ ပိုထူးဆန်းလာလေလေ

Vol. 109 Ch. 1520

တိုက်ခိုက်လေလေ ပိုထူးဆန်းလာလေလေ

Vol. 109 Ch. 1520

ရှေးခေတ်မှ စွမ်းအားများသည် ယခုအချိန်ထက် များစွာပိုသန်မာသည်။ အတိတ်အချိန်များက ဧကရာဇ်အဆင့်များရှိခဲ့သည်။ သို့သော် အခုချိန်တွင် တော့ ဧကရာဇ်ပေါ်ထွက်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။

သူတို့သည် သည်တစ်ခုတည်းနှင့်ပင် အတပ်ပြောနိုင်ကြသ်ည။

အကယ်၍ ရှေးဟောင်းသားရဲ အများအပြားပေါ်ထွက်လာပါက ထိုစဉ်က မတရားကျူးကျော်တိုက်ခိုက်ခဲ့သည်များကို အခြေခံကြည့်လျှင် သေချာပေါက် အစုလိုက်အပြုံလိုက် လူသတ်မှုဖြစ်သွားမည်။

“ဒါပေမဲ့ ဒါတွေအကုန်လုံးက ကောလဟလတွေချည်းပါပဲ အမှန်ချည်းပဲ လို့မဆိုလိုဘူး” ဖန်ကျိရှင်း ပြောလိုက်သည်။

“အမှန်မဟုတ်ပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်” ရှီမာယူယူ သက်ပြင်းချ လိုက်သည်။

တစ်ယောက်သာ ဒုက္ခခံစားရပါက မိသားစုတစ်ခုလုံး ပြိုလဲသွားမည်။

ထိုအကြောင်းသာ မှန်နေပါက သူတို့သည် အလွန်အားကောင်းကြသည်။ ထိုအရာသည် တိုင်းပြည်တစ်ခုလုံး၏ လုံခြုံရေးကိုသက်ရောက်မှုရှိနိုင်သဖြင့် ရှီမာမျိုးနွယ်သည်လည်း ဤပြဿနာမှလွတ်မြောက်နိုင်မည်ဟု မခံစားရပေ။

“အောက်ကအခြေအနေကို စောင့်ကြည့်လိုက် နောက်ကျရင် တစ်ခုခု ဖြစ်မလားလို့” ဝူလင်းယူ ပြောလိုက်သည်။

“ဘုန်း”

“ရွှီး”

နောက်ထပ် တိုက်ခိုက်မှုတစ်ခုရောက်လာပြီး မထနိုင်သောလူသည် နောက်တစ်ကြိမ် လွင့်ပျံသွားတော့သည်။

သူတို့ အပြင်းအထန် တိုက်ခိုက်နေသည်ကို ရှီမာယူယူမြင်နေရသည်။ သို့သော် ပျော်စရာဟုပင် သူမ ထင်မိသည်။

ဒီအတားအဆီးက တစ်ချက်နှစ်ချက် တိုက်ခိုက်လိုက်တာနဲ့ ပျက်စီးသွား မယ်လို့ ဒီလူတွေ တကယ်ထင်နေကြတာလား။

ထိုအတားအဆီးကို မည်သူပြုလုပ်ခဲ့သည်ကိုတော့ မသိပေ။ သို့သော် တိုက်ခိုက်လေလေ ပြန်ကန်အားသည် ပိုကောင်းလာလေလေဖြစ်သည်။ ထိုအမျိုးအစားသည် အင်အားသုံးပြီး ဖြေရှင်းရနိုင်သည့်အရာမဟုတ်ပေ။ ထိုအရာကို ချုပ်ငြိမ်းအောင် နည်းလမ်းရှာရုံသာရှိသည်။

သူမသည် ရွှမ်ချုံးဟော်ကို ကြည့်လိုက်သည်။ သူသည် အတားအဆီးကို ဖြတ်ကျော်နိုင်သည်ကို သူမ သေချာပေါက်သိသည်။ သို့သော် သူ ဘာမှမလုပ် ပေ။

သည်တစ်ခေါက်မှာ အန္တရာယ်များသည်။ သူ့ကို ပြောသင့်သလား မပြော ရဘူးလား။

သို့သော် သူမ သူ့ကိုပြောလိုက်လျှင်တောင် သူ မြင်နိုင်မည်မဟုတ်ပေ။

သူမသည် ဝူလင်းယူ၏ အသံကူးပြောင်းခြင်း လျှို့ဝှက်သိုင်းကို မသိခြင်း မဟုတ်ပေ။

သူမသည် ဝူလင်းယူကို သူမ၏ပြဿနာကိုပြောပြလိုက်သည်။ ဝူလင်းယူ ပြုံးပြီး ပြောလိုက်သည် “မင်းသင်လို့ရပါတယ် ဘယ်လိုပဲဖြစ်ဖြစ် မဝေးဘူးလေ အဲဒီမှာနေရင်တောင် အဆင်ပြေတယ်”

“ဟင် ညီမလည်းလုပ်လို့ရတာလား”

“အဲဒါကမခက်ပါဘူး လှည့်ကွက်နည်းနည်းလုပ်ရုံပဲ” ဝူလင်းယူ ပြော လိုက်သည်။ “မင်းစိတ်စွမ်းအားက သင်ဖို့လုံလောက်နေပြီ”

“တကယ်လား ဒါဆိုရင် ဘာလုပ်ရမှာလဲ မြန်မြန်သင်ပေးဦး” သူမသည် ပျော်ရွှင်စွာ ပြောလိုက်သည်။

အစပိုင်းတွင် သူ သူမဆီကို အသံကူးပြောင်းပြောသည်ကို အလွန်လန်း လွန်းသည်ဟု ခံစားရသည်။ ထိုအရာကိုသင်ရန် အလွန်အားကောင်းရန်လိုမည် ဟု သူမ ထင်ထားခဲ့သည်။ သူမ ထိုသိုင်းကိုသင်ရနေမည်ဟု ထင်မထားပေ။

“မင်းကိုရှင်းပြမယ် အဲဒါကိုနားလည်အောင်လုပ်ပြီး ကိုယ့်ဆီကို အသုံးချ ကြည့်” ဝူလင်းယူသည် သူမကိုနည်းလမ်းပြောပြီးနောက် ပြောလိုက်သည် “မင်း လေ့ကျင့်သင့်တယ် မင်းအသံကိုယ့်ဆီကိုရောက်လာပြီဆိုရင် တခြားသူတွေ အပေါ်လည်း သုံးလို့ရပြီ”

“ဟုတ်ကဲ့ပါ”

ရှီမာယူယူသည် နည်းလမ်းကိုမှတ်ထားကာ ဘေးသို့သွားပြီး သူမဘာသာ လေ့ကျင့်လေသည်။ သူမ ရနိုင်ပြီဟုခံစားရသည်နှင့် ဝူလင်းယူဆီသို့ အသံကူး ပြောင်းကြည့်ရ်ကြိုးစားလိုက်သည်။

အသံကူးပြောင်းသိုင်းသည် အလွန်ရိုးရှင်းသည်။ သို့သော် စိတ်စွမ်းအား များစွာလိုအပ်သည်။ သူမ စိတ်စွမ်းအင်ထည့်ပြီး တစ်ဖက်လူ၏ ဦးနှောက်ထဲ ရောက်ပြီး သူမစိတ်စွမ်းအင်ကို တခြားသူအာရုံခံမိအောင်လုပ်ရသည်မှာ ရှုပ်ထွေးလှသည်။

“လင်းယူ လင်းယူ” သူမ သူ့ကိုနှစ်ကြိမ်ခေါ်လိုက်သည်။ သို့သော် ဝူလင်းယူ တုံ့ပြန်မှုမရှိပေ။

သူမ ကောင်းကောင်းမသင်ထားလို့များလား။ သူမ မေးစေ့အားပွတ်လိုက် သည်။ အဆင်မပြေဘူးဆိုရင် သူ ဘာမှကြားရမှာမဟုတ်ဘူး။

“ငတုံး ကြားရလား” သူမ ထပ်စမ်းကြည့်လိုက်သည်။ သို့သော် ဝူလင်းယူ တုံ့ပြန်မှုမရှိပေ။ “သူ တကယ်ပဲ မကြားရဘူးပဲ”

သူမသည် ဝူလင်းယူအနောက်တွင် ရပ်လိုက်သည်။ ဝူလင်းယူသည် အောက်မှ မြင်ကွင်းကိုကြည့်နေကာ ခေါင်းလှည့်ကြည့်ချင်သည့်ပုံမပေါ်ပေ။

“ငတုံး နောက်တစ်ခါ ဘာမှမဟုတ်တာနဲ့ သဝန်မတိုနဲ့၊ ရှင်သဝန်တိုရင် ပျော်တဲ့အခါလည်းရှိပေမဲ့ ရှင်တစ်ယောက်ပဲ ညီမနှလုံးသားထဲရှိတာ၊ ဘယ် ယောက်ျားမှ အနားမကပ်နိုင်ဘူး” သူမ ဆက်ပြောလေသည် “ဟင်း ရှင်က သဝန်တိုရတာကို ကြိုက်မှတော့ လက်ထပ်ပြီးသွားရင် ဘယ်လိုဖြစ်မလဲမသိ ဘူး”

“ကိုယ်တို့ ဘယ်တော့လက်ထပ်ကြမှာလဲ” ဝူလင်းယူ၏ အသံသည် သူမ စိတ်ထဲတွင်ပေါ်လာသည်။

“ဟင်” ရှီမာယူယူသည် ခေါင်းထဲပေါ်လာသည့်အသံကို တစ်ခဏမျှ မမှတ်မိသလိုဖြစ်သွားသည်။

“မင်း လက်ထပ်ဖို့ပြောတာလေ ဘယ်တော့လက်ထပ်ကြမလဲ” ဝူလင်းယူ ၏ အသံနောက်တစ်ခေါက်ထွက်လာသည်။ သူလှည့်လာပြီး သူမကို ကြိတ်ရယ် လေသည်။

“အစ်ကိုက ညီမစကားပြောတာကို ခိုးနားထောင်နေတာ” ရှီမာယူယူ သည် သူလှည့်စားလိုက်သည်ကို သိသွားလေပြီ။ ဒီလူကြီးက သူမပြောတာကို ကြားရဲ့သားနဲ့ မကြားသလိုဟန်ဆောင်နေတာပဲ။

“ဘယ်တုန်းကခိုးနားထောင်လို့လဲ မျက်စိရှေ့တင်နားထောင်နေတာ လေ” ဝူလင်းယူသည် သူမ၏ ဒေါသထွက်သည့်အကြည့်ကိုမြင်သောအခါ လျှောက်သွားပြီး ဖက်လိုက်ချင်သည်။ သို့သော် သူ့ကို ကျားတစ်ကောင်လို စောင့်ကြည့်နေသော ဖန်ကျိရှင်းကိုမြင်သောအခါ ထိုစိတ်ကူးကို လက်လျော့ရန် ဆုံးဖြတ်လိုက်သည်။

သူ့ကို မနိုင်သောကြောင့်မဟုတ်ဘဲ ထိုးနှက်လိုက်ပါက ရှီမာယူယူ သူ့ဘက်လိုက်မည်လား မသိသောကြောင့်ပင်။

“ဟင်း” ရှီမာယူယူသည် သူ့ကိုလျစ်လျူရှုပြီး အရှေ့သို့လျှောက်သွားလိုက် သည်။ သူမသည် ဖန်ကျိရှင်းကို အသံကူးပြောင်းပြောလိုက်သည်။

ဖန်ကျိရှင်းသည် အမြန်ပင် သူမကို ပြန်ဖြေကာ သူမ ကိုင်တွယ်နိုင်ပြီကို သက်သေပြနေသည်။

ခုနက ဒီလူကြီးက တကယ်ပဲ သူမကိုလာရှုပ်တာပဲ။

သူမ ရှုပ်ထွေးသွားပုံကို တွေးကြည့်သည်နှင့် ဗိုက်တစ်ခုလုံး မီးတောက် များဖြင့် ပြည့်လာသည်။

“ဟုတ်ပြီ စိတ်မဆိုးပါနဲ့တော့ နောက်ဆိုရင် ကိုယ်စကားနားထောင်ပြီး တော့ တွေ့ကရာသဝန်မတိုတော့ဘူးနော် ဟုတ်ပြီလား” ဝူလင်းယူသည် သူမ ကို မျက်စိမှိတ်ပြလေသည်။

“ဟင်း” ရှီမာယူယူ သူ့ကိုလျစ်လျူရှုလိုက်သည်။ သူမသည် စိတ်စွမ်းအင် ကို ရွှမ်ချုံးဟော်အပေါ် အာရုံစိုက်ထားပြီး သူမ၏ ရည်ရွယ်ချက်အတိုင်း ဖြတ်ကျော်သွားလိုက်သည်။

“ရွှမ်ချုံးဟော် ကြားလား”

ရွှမ်ချုံးဟော်သည် ရုတ်တရက် ရှီမာယူယူ၏ အသံကိုကြားလိုက်ရာ ခန္ဓာကိုယ်မှာ အနည်းငယ် တောင့်တင်းသွားသည်။ သို့သော် သူ ပြန်ဖြေလိုက် သည် “ကြားရတယ်”

ရှီမာယူယူသည် ရွှမ်ချုံးဟော်၏ အဖြေကိုကြားသောအခါ သူနှင့် ဆက်သွယ်နိုင်သွားပြီကို သိလိုက်သည်။ သူမ ပြောလိုက်သည် “ရွှမ်ချုံးဟော် ကျောက်ရုပ်ထုတွေက ထူးဆန်းတာကို သတိထားမိလား”

“ထူးဆန်းတယ်ဟုတ်လား”

“အင်း အဲဒီကျောက်ရုပ်ထုတွေက တကယ်ပဲ ထူးဆန်းသလိုခံစားရစေ တယ်” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မတို့တောင် နောက်ဆုတ်ဖို့ လူတချို့ ကိုပြောလိုက်ပြီ”

“ငါတို့ကိုလည်း နောက်ဆုတ်စေချင်တာလား” ရွှမ်ချုံးဟော် မေးလိုက် သည်။

“မဟုတ်ဘူး ဒီအတိုင်းပဲ နည်းနည်းထူးဆန်းတယ်ဆိုတာကို သိစေချင်လို့ ရှင်တို့ ပိုဂရုစိုက်ရမယ်”

“နားလည်ပြီ ကျေးဇူးတင်ပါတယ်” ရွှမ်ချုံးဟော် ပြောလိုက်သည်။

“ဒီလောက်အဝေးကြီး အသံကူးပြောင်းတာ ကျွန်မအတွက် ပထမဆုံး အကြိမ်ပဲ အဲဒါကြောင့် စိတ်စွမ်းအင် အများကြီးကုန်သွားနိုင်တယ်၊ အခုတော့ ဒီလောက်ထိပဲလုပ်တာပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် ရှင်တို့ပိုသတိထားရမယ်၊ ရှောင်ဖို့…”

ရှီမာယူယူ စကားမဆုံးခင်မှာပင် ရှေ့ဆက်၍မရတော့ပေ။

ရွှမ်ချုံးဟော်သည် ရှီမာယူယူ ရှိရာဘက်သို့ကြည့်ကာ သူမ ပြောခဲ့သည့် စကားများကို စိတ်ထဲတွင်တွေးနေမိသည်။

သူမ အဖွဲ့နှင့်အတူ ပထမဆုံးဝင်လာစဉ်က ဖန်ကျိရှင်းနှင့်အတူ လူများ ပါသည်ကို သူ သတိထားမိသည်။ သို့သော် သူတို့အားလုံးမှာ မရှိကြတော့ပေ။ သူတို့ သုံးယောက်သာ အဝေးမှကြည့်နေကြသည်။

ဒီရုပ်ထုတွေက ပြဿနာများရှိလို့လား။ သူ အာရုံမခံမိသေးသော်လည်း သူမ သူ့ကိုတွေးပြီး အသိပေးသည်ကို ပျော်မိသည်။

ရှီမာယူယူသည် အနည်းငယ်မူးဝေသလို ခံစားရသည်။ သူမ စိတ်စွမ်းအား မှာ အတော်ကုန်သွားသည့်ပုံပင်။

သူမ မျက်နှာအနည်းငယ် ဖြူဖျော့သွားသည်ကို ဝူလင်းယူမြင်သောအခါ အနည်းငယ်နာကျင်မိသည်။ သူ မကူညီဘဲ လုပ်ခွင့်ပြုလိုက်သည်ကို နောင်တရ မိသည်။ သည်လိုဆိုလျှင် သူမ နာကျင်တော့မည်မဟုတ်ပေ။

ဒါအကုန်လုံး ရွှမ်ချုံးဟော် အမှားပဲ။ သူသာမရှိရင် ယူယူက သူ့ကို ဆက်သွယ်ဖို့ ဘာလို့စဉ်းစားနေမှာလဲ။

ရှီမာယူယူသည် ဆေးတစ်လုံးသောက်လိုက်သည်နှင့် အသားအရေမှာ များစွာ ကောင်းလာသည်။ သူမသည် အောက်မှ စကားပြောသံများနှင့် တိုက်ခိုက်သံများကိုကြားသောအခါ မေးလိုက်သည် “သူတို့အတားအဆီးကို တိုက်ခိုက်နေတုန်းလား”

“အင်း”

“သူတို့ ထိခိုက်သွားမှာမကြောက်ဘူးလား”

“ဘာကြောက်စရာရှိလို့လဲ ဒီလောက်ဝိညာဉ်သားရဲတွေအများကြီးရမှာပဲ ဒီလောက်ထိခိုက်တာလောက်က ဘာမှမဟုတ်ဘူး” ဝူလင်းယူနှာမှုတ်လိုက် သည်။ သူသည် ရှီမာယူယူကို ကြည့်လိုက်ပြီး ထိုအရာကို ဘယ်လိုများ ရှင်းရှင်းလင်းလင်းမြင်နိုင်သလဲဆိုသည်ကို စဉ်းစားနေမိသည်။

ရှီမာယူယူ မတ်တတ်ရပ်ပြီး အရှေ့သို့လာလိုက်သည်။ သူမသည် ဝူလင်းယူနှင့် ဖန်ကျိရှင်းတို့ဘေးတွင်ရပ်ပြီး အောက်မှအတားအဆီးတိုက်ခိုက် နေသည်ကိုကြည့်ပြီး ပြောလိုက်သည် “သူတို့ အတားအဆီးကို တိုက်ခိုက်လေ လေ အထဲက ပိုထူးဆန်းလေလေလို့ ခံစားမိတာလဲ”

အဲဒီကျောက်ရုပ်ထုတွေက… ပိုပြီး ဆိုးလာသလိုပဲ။

***

All Chapters