← Chapters

ဆိုင်းငံ့ခြင်းမရှိ ကြေမွသွားခြင်း

Vol. 109 Ch. 1521

ဆိုင်းငံ့ခြင်းမရှိ ကြေမွသွားခြင်း

Vol. 109 Ch. 1521

သူမ ညွှန်ပြသည်နှင့် ဝူလင်းယူနှင့် ဖန်ကျိရှင်းတို့သည်လည်း ကျောက်ရုပ်ထုများ မတူကွဲပြားနေသည်ကို သတိထားမိလိုက်သည်။

“အဲဒီကျောက်ရုပ်ထုတွေက အခုအသက်ဝင်လာတော့မှာလား” ဖန်ကျိရှင်း ခန့်မှန်းလိုက်သည်။

“အဲဒီကျောက်ရုပ်ထုတွေက အတားအဆီးက အားကိုငှားနေတယ်လို့ ခံစားရသလိုပဲ” ရှီမာယူယူ ရေရွတ်လိုက်သည်။

ဖန်ကျိရှင်းသည် ရှီအာယူယူလောက် အာရုံခံမပါးလှသော်လည်း ထို ကျောက်ရုပ်ထုများမှာ တစ်ခုခုကွဲပြားနေသည်ဟု အာရုံခံမိသည်။

“သူတို့တွေ ဆက်တိုက်ခိုက်နေရင် အဲအကောင်တွေထွက်လာမှာပဲ” ဝူလင်းယူ ပြောလိုက်သည်။

“ဒါပေမဲ့ မျက်စိရှေ့က ရတနာတွေကို လက်လျော့ခိုင်းဖို့က… မဖြစ်နိုင် လွန်းမှာကြောက်ရတယ်”

သူတို့သုံးယောက်သည် ထိုလူများကို လက်လျော့အောင်လုပ်ရန် မဖြစ်နိုင် သည်ကို သေချာပေါက် သိထားသည်။

ထို့ကြောင့်ပင် ထိုလူများကို သတိပေးပြီး လူမုန်းများအောင်မလုပ်ရန် တွေးထားကြသည်။

နေ့တစ်ဝက်ကြာပြီးနောက်တွင် တချို့လူများသည် ကျောက်ရုပ်ထုများ ထူးဆန်းနေသည်ကို သတိထားမိကြသည်။

“သခင်မလေး ကျောက်ရုပ်ထုတွေက နည်းနည်းကြောက်ဖို့ကောင်းတယ် လို့ဘာလို့ခံစားမိနေတာလဲ” ရွှေအာသည် တုန်လိုင်လီရှေ့သို့ပြေးလာပြီး လက်ကိုကိုင်ကာ ပြောလေသည်။

တုန်လိုင်လီသည်လည်း ထူးဆန်းသည်ကို သတိထားမိသည်။ သို့သော် သူတို့ သည်အခြေအနေသို့ရောက်လာပြီဖြစ်သည်။ ကျောက်ရုပ်ထုတွေ တစ်ခုခု လွဲမှားနေတာကို ဘာလို့ဂရုစိုက်နေတော့မှာလဲ။

သူမ မျိုးနွယ်တွင် ပြောင်းလဲမှုတချို့ဖြစ်နေပြီးပြီ။ ယခုကဲ့သို့အခွင့်အရေး မျိုးသည် သူမနှင့် သူမမျိုးနွယ်၏ ရာထူးအတွက် အထောက်အကူများစွာဖြစ်နိုင် ပြီး ရရန်မလွယ်ကူလှပေ။ သူမ လက်လျော့စရာအကြောင်းမရှိဘူး။

ရွှမ်ချုံးဟော်သည်လည်း ထိုအရာများကို အာရုံခံမိကာ ရှီမာယူယူ၏ သတိ ပေးချက်ကို တွေးမိသွဦးသည်။ သူသည် ရွှမ်ချုံးကျိကိုရှာကာ သတိထားရန် အားလုံကို ပြောလိုက်သည်။ တစ်ခုခုဖြစ်လာသည်နှင့် သူတို့ချက်ချင်းပင် ဆုတ်ခွာရမည်။

ရွှမ်ချုံးကျိသည် အကြောင်းအရင်းကိုမသိပေ။ သို့သော် သူတို့သခင်လေး သည် အကြောင်းအရင်းမရှိဘဲ ဘယ်တော့မှပြောလိမ့်မည်မဟုတ်ဆိုသည်ကို တော့ သိသည်။ သူသည် အကြောင်းအရင်းရှိသဖြင့် ထိုအမိန့်များကိုပေးခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် ရွှမ်ချုံးမျိုးနွယ်ကို ညွှန်ကြားချက်များပေးလိုက် သည်။

တုနန်ဟော်သည် မေးစေ့ကို ကိုင်ထားသည်။ သူသည် ကျောက်ရုပ်ထုများ ကိုကြည့်ပြီး အားလုံးသတိထားရန် ညွှန်ကြားနေသည်။

ထိုလူများသည် သူတို့ဝိညာဉ်စွမ်းအားမှာ ဝိညာဉ်သားရဲများ၏ အားအင် ကို တိုးလာစေသည်ကို သတိမထားမိဘဲ အဆက်မပြတ် တိုက်ခိုက်နေကြလေ သည်။ အထူးသဖြင့် အတားအဆီးအားနည်းလာသည်ကို မြင်သောအခါ တစ်ယောက်ချင်းစီသည် အားစိုက်မှုပိုထည့်တော့သည်။

“ခွပ်”

ကျောက်အလွှာတစ်ခုသည် ကျောက်ရုပ်ထုမှကွာကျပြီး ရှေးဟောင်း ဝိညာဉ်သားရဲ၏အမွေး ထွက်ပေါ်လာသည်။

“ဘုရားရေ တကယ်ပဲ ရှေးဟောင်းဝိညာဉ်သားရဲပဲ”

နေရာရှိလူများသည် အားမာန်အပြည့်ဖြစ်သွားကြသည်။ အစောပိုင်းက သူတို့ ခန့်မှန်းရုံသာဖြစ်ကာ အခုချိန်တွင် ရာနှုန်းပြည့်သေချာသွားပြီဖြစ်သည်။

ရှေးဟောင်းဝိညာဉ်သားရဲ… လူတစ်ယောက်ကို ရူးဖို့အတွက် လုံလောက် နေပြီ။

ထိုလူများသည် အလွန်ပျော်ရွှင်ကာ အားအပြည့်ဖြင့် စတင်တိုက်ခိုက် တော့သည်။ ထို့အပြင် သူတို့သည် တိုက်ခိုက်ပြီးနောက်တွင် မည်သို့ခုခံရမည်ကို သိလာကြသဖြင့် ဝိညာဉ်စွမ်းအင်များ သူတို့ဆီသို့ပြန်လာလျှင်လည်း အဆင်ပြေ နေသည်။

“ခွမ်း”

“ခွပ်”

သူတို့ဝိညာဉ်စွမ်းအင်အသုံးပြုလေလေ ကျောက်ရုပ်ထုမှ ကျောက်အလွှာ များမှာ ပြိုကျလေလေဖြစ်သည်။ သူတို့ ထိုရှေးဟောင်းဝိညာဉ်သားရဲများကို မြင်လေလေ ပို၍အားပြင်းစွာတိုက်ခိုက်လေလေဖြစ်သည်။

သည်လိုနှင့် အားလုံး၏ အားစိုက်ထုတ်မှုပေါင်းလိုက်သောအခါ အတားအဆီးသည် နောက်ဆုံးတွင် ပျက်စီးသွားတော့သည်။

“ဝင်တော့”

အတားအဆီးမရှိတော့သည်နှင့် အားလုံးသည် ကျောက်ရုပ်ထုဆီသို့ ပြေး ကြလေသည်။ သူတို့သည် ကျောက်ရုပ်ထုများမည်သို့ပင်ဖြစ်စေကာမူ ဂရုမစိုက် တော့ဘဲ ပြေးပြီးချက်ချင်းပင် အမိအရယူတော့သည်။

သို့သော် ကျောက်ရုပ်ထုများသည် အလွန်ငြိမ်နေကာ ရောက်နေသည့် နေရာမှ လှုပ်မရပေ။ ထိုရှေးဟောင်းဝိညာဉ်သားရဲများကို မထိခိုက်စေရန် ထို လူများသည် စွမ်းအားများစွာမသုံးရဲကြပေ။ သူတို့သည် မြေပေါ်မှ ကျောက် အလွှာကိုသာ တူးတော့သည်။

“အဝူး”

ဒေါသထွက်သောအသံတစ်သံသည် ကျောက်ရုပ်ထုမှထွက်လာပြီး ဘေးမှ ရပ်နေသူများသည် ချက်ချင်းပင် ရှောင်ရှားလိုက်ကြသည်။

“ဝူး ဝူး”

ဝိညာဉ်သားရဲများ၏ ပဲ့တင်သံနှင့်အတူ ထို့နောက်တွင် သားရဲနှစ်ကောင် သုံးကောင်၏ ဟိန်းသံများ တခြားနေရာမှထွက်လာကြကာ တစ်ကောင်နှင့် တစ်ကောင်အော်ခေါ်နေကြသည်။

“မကောင်းတော့ဘူး” ရှီမာယူယူသည် အောက်မှ ကျောက်ရုပ်ထုများကို ကြည့်ပြီး တိုးညင်းစွာပြောလိုက်သည်။

သူမသည် ပထမဆုံးအော်လိုက်သည့် ဝိညာဉ်သားရဲကိုကြည့်လိုက်ရာ ကျောက်အလွှာသည် အတုံးသေးသေးလေးများ ကွာကျရုံတင်မကဘဲ အရေပြား တွင်ပါ ပင့်ကူအိမ်ပုံသဏ္ဍာန်အက်ကွဲနေသည်ကို တွေ့လိုက်ရသည်။ အထဲမှ ဝိညာဉ်သားရဲလှုပ်လာပြီး ကျောက်အလွှာများမှာ စတင်ကျကာ ဝိညာဉ်သားရဲ တစ်ကောင်လုံး ပေါ်ထွက်လာတော့သည်။

“လူမျက်နှာနဲ့မျောက်ပဲ” လူတစ်ယောက်သည် သတိထားမိပြီး အော်လိုက်လေသည်။

လူမျက်နှာနှင့်မျောက်သည် နာမည်အတိုင်းပင်။ သူ့ခန္ဓာကိုယ်သည် မျောက်တစ်ကောင်ကဲ့သို့ဖြစ်ကာ အမွေးများဖြင့်ပြည့်နေသည်။ သို့သော် မျက်နှာသည် လူမျက်နှာနှင့်ဆင်တူသည်။ သူ မိုးပေါ်သို့ မျက်နှာမူပြီးအော်လိုက် သည်နှင့် အော်သံများမှာ ပိုကျယ်လောင်လာသည်။

“ဖုန်း”

သူ လက်တစ်ချက်ဝှေ့လိုက်သည်နှင့် ဘေးမှလူသည် လွှင့်ထွက်သွား တော့သည်။

ထိုလူများသည် အားမနည်းပေ။ သို့သော် လူမျက်နှာမျောက်ဝံရှေ့တွင် တော့ လုံးဝပြန်တိုက်ခိုက်၍မရပေ။ သူတို့သည် လွင့်ထွက်သွားပြီး ကျောက်ရုပ်ထု အနောက်ကျသွားသည်ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေရ သည်။

“ဝုန်း”

ထိုကျောက်ရုပ်ထုများသည် ကျောက်အလွှာများကိုခွာချကာ ခန္ဓာကိုယ် များလှုပ်ရမ်းလိုက်ကြသည်။ နောက်ထပ် ရှေးဟောင်းဝိညာဉ်သားရဲများ ပေါ် ထွက်လာသည်။

“ဖား”

“ဖူး…”

အောက်မှလူများ သေချာပင်ရှင်းအောင်မမြင်လိုက်ရခင်မှပင် ဝိညာဉ် သားရဲများ၏ နင်းခြေမှုကိုခံရပြီး သေရွာရောက်သွားကြလေသည်။

“အဝူး”

လူမျက်နှာမျောက်ဝံသည် ဆက်ပြီးအော်ဟစ်လေသည်။ သူအော် လေလေ ရှေးဟောင်းဝိညာဉ်သားရဲများ၏ ကျောက်အလွှာများ ပိုကျလေလေ ဖြစ်သည်။ အနည်းစုမှ ဆယ်ကောင် ပြီးနောက် မိနစ်အနည်းငယ်အတွင်းတွင် ဝိညာဉ်သားရဲ အကောင်တစ်ရာပေါ်ထွက်လာတော့သည်။

“အဝူး”

“ဝူး ဝူး”

“အား”

မာန်ဟိန်းသံ မျိုးစုံသည် တောင်ကြားတစ်လျှောက်ပဲ့တင်ကာ တောင်ကြားတစ်ခုလုံးသည် သားရဲမျိုးစုံတို့၏ ဟိန်းသံများဖြင့်ပြည့်နေတော့ သည်။

သူတို့အော်ရင်းနှင့် ဘေးမှလူများကို တိုက်ခိုက်ရန်မမေ့ပေ။ အားနည်းသူ များသည် ချက်ချင်းပင် အသတ်ခံလိုက်ရသည်။ တချို့မှာ ခြေလက်များ အကိုက်ခံရပြီး ဝိညာဉ်သားရဲများ၏ ဗိုက်ထဲသို့ နှစ်ယောက်သုံးယောက် ရောက် သွားကြသည်။

ရာနှုန်းပြည့် ဖိနှိပ်မှုပဲ။

တောင်ကြားတစ်လျှောက်မှလူများသည် အခြေအနေမှာ မိနစ် အနည်းငယ်အတွင်း ပြောင်းလဲသွားလိမ့်မည်ဟု ထင်မထားပေ။ ထွက်ပြေးရန် ချက်ချင်းပင် အပေါ်သို့ပျံတက်ရာ တစ်စုံတစ်ခုသည် သူတို့ကိုတားဆီးနေပြီး ပျံမပြေးနိုင်အောင် လုပ်ထားသည်။

“အဲဒီဝိညာဉ်သားရဲတွေက တခြားဝိညာဉ်သားရဲတွေ ထွက်လာနိုင်အောင် ကူညီပေးနေတာပဲ မြန်မြန်လူစုကွဲအောင်လုပ်ရမယ်” ဖန်ကျိရှင်းသည် ထို ဝိညာဉ်သားရဲများ ထွက်လာပြီး သူတို့၏ အားကောင်းသော တိုက်ပွဲစမ်းရည်ကို မြင်သောအခါ ရှီမာယူယူကိုဆွဲပြီး မစဉ်းစားဘဲနှင့် ပြေးတော့သည်။

သူတို့သည် ဂူထွက်ပေါက်နှင့်နီးသဖြင့် မြန်ဆန်ကြသည်။ ထို့ကြောင့် သူတို့သည် အခုမှပင် ဂူအပေါက်ဝသို့ပြေးရန်ကြံနေကြသည့်လူများထက် နာရီ ဝက်စောရောက်နေသည်။

သူတို့သည် မြန်ဆန်သည်။ သို့သော် ဝိညာဉ်သားရဲများသည် ပိုမြန်ကြ သည်။ သူတို့သည် ထွက်ပေါက်သို့ မရောက်ခင်မှပင် မိသွားလေသည်။

“အား…”

သူတို့အနောက်မှလူများသည် ဒုက္ခကြီးစွာဖြင့် အော်ဟစ်ကြလေသည်။ သူတို့သည် အနောက်မှကျလာသော ရောင်ဝါများကို အာရုံခံမိပြီး ဖန်ကျိရှင်းနှင့် ဝူလင်းယူတို့သည် လှည့်မကြည့်ဘဲ နောက်မှလူများကို တိုက်ခိုက်တော့သည်။

မည်သည့်တိုက်ချက်သည် ထိုဝိညာဉ်သားရဲများကို ထိမှန်သွားသလဲဆို သည်ကိုမသိလိုက်ပေ။ သို့သော် သူတို့ အရှိန်နှေးသွားတော့သည်။ သည်လိုနှင့် သူတို့သည် ပြေးရန်လက်လျော့လိုက်ကြပြီး တစ်ခါတစ်ခါ တိုက်ခိုက်တော့ သည်။

သူတို့နောက်လိုက်သော ဝိညာဉ်သားရဲများ ပိုပိုများလာသည်နှင့် အနောက်မှလူများ သေဆုံးမှုပိုများလာသည်ကို ပြနေသည်။ ဖန်ကျိရှင်းသည် ဝိညာဉ်စွမ်းအင်ထုတ်လိုက်သည်။ သို့သော် သည်တစ်ကြိမ်တွင် ဝိညာဉ်သားရဲ ကိုရည်ရွယ်ခြင်းမဟုတ်ဘဲ ဂူထိပ်ကို တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

“ခွမ်း”

အပေါ်မှကျောက်များသည် ကျလာကာ လိုဏ်ဂူကိုပိတ်လိုက်သည်။ သို့သော် တစ်ခဏအတွင်းပြိုကျသွားနိုင်သည်။

“ရှေးဟောင်းဝိညာဉ်သားရဲတွေက အားကောင်းလိုက်တာ” ရှီမာယူယူ သည် ဝိညာဉ်သားရဲများတိုးလာသည်ကို အာရုံခံမိသဖြင့် မတတ်သာဘဲ သက်ပြင်းချလိုက်သည်။

“ရှေးခေတ်ကနဲ့ အခုရဲ့ တိုက်ပွဲစွမ်းရည်က တကယ်ပဲအလွှာတစ်ခုတည်း မဟုတ်ဘူးပဲ” ဝူလင်းယူ ပြောလိုက်သည်။

ဖန်ကျိရှင်းသည် သူ့ကိုကြည့်လိုက်သည်။ ဒီအချိန်မှာတောင် စကားပြော ဖို့အားရှိသေးတာပဲ။

သူတို့နောက်လိုက်သော ဝိညာဉ်သားရဲအရေအတွက်မှာ တိုးလာရာ ပြန် တိုက်ခိုက်မှုသည် အသုံးမဝင်ပေ။ ဝူလင်းယူသည် ရှီမာယူယူနှင့်ဖန်ကျိရှင်းကို ဆုပ်ကိုင်ကာ တင်းတင်းကိုင်ထားရန်ပြောပြီး ဝိညာဉ်သားရဲများရှေ့မှပျောက် ကွယ်သွားတော့သည်။

ထိုဝိညာဉ်သားရဲများသည် မျက်စိရှေ့တွင်ပျောက်သွားသောသူတို့ကို ကြည့်ပြီး ကြက်သေသေနေကြသည်။ သူတို့သည် ပိုရူးသွပ်သွားကြကာ အရှေ့ အားတဟုန်ထိုးပြေးလာသည်။

သူတို့အရှေ့မှ ချက်ချင်းပျောက်ကွယ်သွားသည်မှာ မဖြစ်နိုင်ပေ။ သို့သော် သူတို့အားလုံး သတ္တုအပြင်ဘက်သို့ပြေးသော်လည်း ပုံရိပ်သုံးခုကို မဖမ်းမိလိုက် ပေ။

***

All Chapters