မိတ်ဆွေဟောင်းကို ပြန်တွေ့ရသလိုမျိုး
Vol. 109 Ch. 1522
ရှီမာယူယူနှင့် တခြားနှစ်ယောက်တို့သည် တောင်ထိပ်တွင် ရပ်နေကြ သည်။ ဝူလင်းယူ၏ အတားအဆီးကြောင့် အောက်မှဝိညာဉ်သားရဲများသည် တောင်ထိပ်တွင်ရပ်နေသော လူသုံးယောက်ကို သတိမထားမိကြပေ။
“အောက်က အစုလိုက်အပြုံလိုက်သတ်နေတာကြီးက တကယ် ကြောက်စရာကြီးပဲ” ဖန်ကျိရှင်းသည် အောက်မှ ပွင့်အံ့ထွက်လာသောလူနှင့် ဝိညာဉ်သားရဲများကို ကြင်နာမှုတစိုးတစိမျှရှိမနေပေ။
“ရတနာကိုလုချင်ရင်တော့ အသက်ပေးရမှာပဲ” ဝူလင်းယူ ပြောလိုက် သည် “အဲဒီဝိညာဉ်သားရဲတွေက သာမာန်မဟုတ်ဘူး၊ အဲဒွကို ငါတို့တင် သတိ ထားမိတာမဟုတ်ဘူး တခြားသူတွေလည်း သေချာပေါက်သတိထားမိကြမှာပဲ သူတို့ လောဘကြောင့်သာမဟုတ်ဘဲ စောစောထွက်သွားလိုက်ရင် ဒီလိုဖြစ်မှာ မဟုတ်တော့ဘူး”
သူသည်လည်း သူတို့ကို သနားစိတ်လုံးဝ မရှိပေ။
ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည်။ ထိုလူများ၏ အကျင့်စရိုက်မှာ လုံးဝ ပင် ခွင့်လွှတ်နိုင်ဖွယ်ရာမရှိပေ။ ရတနာကို ဘယ်သူကမကြိုက်လို့လဲ။ သူမသာ အစောပိုင်းက ရထားခြင်းကြောင့်သာမဟုတ်လျှင် သူမလည်း သေချာပေါက် ဝင်ပါနိုင်သည်။
“အဲဒီရှေးဟောင်းဝိညာဉ်သားရဲ ပေါ်လာရင် တိုင်းပြည်တစ်ခုလုံးတော့ မငြိမ်မသက်ဖြစ်သွားမှာ စိုးရတယ်” သူမ သက်ပြင်းချလိုက်သည်။
“တိုင်းပြည်မှာ မကြာခင်ကပဲ မငြိမ်မသက်ဖြစ်တာကိုမလောက်သေးလို့ လား” ဖန်ကျိရှင်း၏ မျက်လုံးများသည် စိုးရိမ်မှုများပြည့်နေသည်။
နောက်ပိုင်း တိုင်းပြည်တွင် မငြိမ်မသက်မှုများ စိပ်လာသည်။ ကောင်းကင်ခွဲနတ်ဆိုးဓားကြောင့် ဖြစ်လာသည့် အစုလိုက်အပြုံလိုက်လူသတ် မှုပြီးရန်လိုသေးကာ လျှို့ဝှက်အနက်ဝတ်လူများသည် အလယ်ပိုင်းဒေသတွင် ဆူညံမှုများဖန်တီးနေပြီး နောက်ပိုင်းတွင် မသေလူများပေါ်လာပြန်သည်။ အခု ထိုရှေးဟောင်းဝိညာဉ်သားရဲများ ပေါ်ပေါက်လာချေပြီ။ ထိုသတ္တဝါများသည် လူသားမျိုးနွယ်ကို မသတ်ပါက ဝိညာဉ်သားရဲများကို သတ်မည့်သူမှာ လူသား များဖြစ်တော့မည်။
မည်သို့ပင်ဖြစ်စေကာမူ သူတို့ လက်ရှိအခြေအနေကို ဖော်ပြရန် စကားလုံးတစ်လုံးသာရှိသည်… ဂယက်တွေ…
“ဝိညာဉ်သားရဲတွေထွက်လာပြီး လူတွေကိုသတ်မှာလား” ရှီမာယူယူ သည် အနည်းငယ် စိုးရိမ်နေသည်
“အခုတော့ သေချာမပြောနိုင်သေးဘူး” ဖန်ကျိရှင်း ပြောလိုက်သည် “ထွက်လာတဲ့ ရှေးဟောင်းဝိညာဉ်သားရဲတွေက အဲလောက်မများဘူး၊ သူတို့ တိုင်းပြည်တစ်ခုလုံးကို သိမ်းချင်ရင်တောင် အခုတော့ အဲလိုလုပ်ဖို့ စွမ်းရည်မရှိ သေးဘူးလို့ထင်တယ်၊ တခြားရှေးဟောင်းဝိညာဉ်သားရဲတွေ ပိုများလာတဲ့ အချိန်ထိ ခိုအောင်းနေလိမ့်မယ်”
“ဆိုလိုတာက တခြားရှေးဟောင်းသတ္တုတွင်းတွေလည်းရှိသေးတယ်ပေါ့” ရှီမာယူယူ၏ မျက်လုံးမှာပြူးကျယ်လာသည်။
“သေချာပေါက်ရှိမှာပဲ ဒါပေမဲ့ အခုတော့ နည်းနည်းပဲသိတယ်” ဝူလင်းယူ သည် သူမ အပြုအမူကိုမြင်သောအခါ သူမနှာခေါင်းကိုလက်ဖြင့် ကွေးထိလိုက် သည်။
“အဲဒီဝိညာဉ်သားရဲတွေရော သိလား” ရှီမာယူယူ မေးလိုက်သည်။
“ကိုယ်က ဝိညာဉ်သားရဲမှမဟုတ်တာ သူတို့သိလား မသိဘူးလား ဘယ်လိုလုပ်သိမှာလဲ” ဝူလင်းယူ ပြောလိုက်သည် “ဒီအတိုင်းပဲမှန်းလိုက်တာ”
“သူတို့ ဆောင်းခိုသွားပြီး သူတို့ကိုဖမ်းဖို့ ရှီမာမျိုးနွယ်ကိုအချိန်ပေးဖို့ မျှော်လင့်ပါတယ်” ရှီမာယူယူ ပြောလိုက်သည်။
ရှီမာယူယူ၏ အားသည် တိုင်းပြည်၏ထိပ်တန်းအင်အားစုများနှင့် မယှဉ် နိုင်ပေ။။ သူတို့သည် မျိုးနွယ်၏ အမွေကိုရထားကာ ဝိညာဉ်သိုင်းကျင့် ပြီးပြီ ဖြစ်သည်။ သို့သော် ထိုဝိညာဉ်သားရဲများကိုရှင်ရန်အထိတော့ မလုံလောက် သေး ပေ။
ထိုဝိညာဉ်သားရဲများသည် သွေးဆာနေတုန်းပင်ဖြစ်သည်။ သူတို့ မှော်ဝင် လက်စွပ်ထဲမှ တချို့သော ကျောက်ရုပ်ထုများတုံ့ပြန်လာပြီး အများစုမှာ နေရာ တွင်ပင် အက်ကွဲလာသည်။ ရှေးဟောင်းဝိညာဉ်သားရဲများသည် ရတနာပုံမျာ အကြားတွင် ပေါ်လာသည်။
အပြင်မှ ဝိညာဉ်သားရဲများ၏ အော်သံများကြားသောအခါ သူမ ဝိညာဉ် စေတီအတွင်းမှ သတ္တုရိုင်းကိုတွေးမိသောအခါ သူတို့ကို ဝိညာဉ်စေတီအတွင်း ထည့်လိုက်သည်မှာ အလွန်ကံကောင်းသည်။ ထို့ကြောင့်ပင် သူတို့သည် ထိုအရာများ၏ သက်ရောက်မှုကိုမခံရပေ။
သူမတွင် ဝိညာဉ်သားရဲများရှိကာ သူတို့ကိုသာခေါ်ထုတ်လိုက်လျှင် ဘေးကပ်ဆိုးကြီးဖြစ်သွားနိုင်သည်။
“သွားကြမယ်” ဖန်ကျိရှင်းသည် ထိုမျှများပြားသာ ဝိညာဉ်သားရဲကိုရှင်း ရန် ယုံကြည်မှုမရှိပေ။ သူသည် လပြည်စုံနန်းတော်မှလူများနှင့် ဆက်သွယ်ထား ကာ အဆက်အသွယ်ရသည်နှင့် သတ္တုတွင်းမှ ထွက်သွားမည်ဖြစ်သည်။
“ဘုန်း”
သူတို့ဘေးမှ တောင်ထိပ်သည် ချက်ချင်းပင်ပေါက်ကွဲသွားကာ လူမျက်နှာ မျောက်ဝံများနှင့်အတူ ပုံရိပ်တချို့ပျံထွက်လာသည်။
ကြီးမားသော တိုက်ပွဲသည် အတားအဆီးအတွင်းတွင်ရှိနေသာ ရှီမာယူယူ တို့ကို မြေကြီးလှုပ်ခါမှုနှင့် အပိုင်းအခြားမရှိသော စွမ်းအားများကို ကြုံတွေ့စေ သည်။ အဲဒါကြောင့် လျှို့ဝှက်မျိုးနွယ်က ပါရမီရှင်တွေလို့ အပြောခံရတာကိုး။
ရွှမ်ချုံးဟော် တုန်လိုင်လီနှင့် တုနန်ဟော်တို့သည် အဘက်ဘက်သို့ လူခွဲ လိုက်ကာ လူမျက်နှာမျောက်ဝံများကို အလယ်တွင်ထားပြီးဝိုင်းလိုက်ကြသည်။ သူတို့သုံးယောက်သည် အပြန်အလှန်နားလည်ထားကြပြီး အရင်ရန်ညှိုးတွေကို ဘေးချိတ်ထားလိုက်ကြသည်။ သူတို့ အရင်ဆုံးရှင်းရမည်မှာ မျက်စိရှေ့မှ ပြဿနာပင်ဖြစ်သည်။
သို့သော် သူတို့သုံးယောက် အတူလက်တွဲလုပ်လျှင်တောင် လူမျက်နှာ မျောက်ဝံများနှင့် မယှဉ်နိုင်ပေ။ အပြန်အလှန်တိုက်ခိုက်မှုအပြီးတွင် သူတို့ အားလုံးသည် မြေပေါ်သို့ကျသွားတော့သည်။
သူတို့သည်အစောပိုင်းတွင် ရှေ့မတိုးသာနောက်မဆုတ်သာအခြေအနေ သို့ရောက်ခဲ့သဖြင့် ကျောက်တောင်များကို အသုံးပြုပြီး အသာစီးရခဲ့သည်။
သို့သော် တုနန်ဟော်နှင့် တုန်လိုင်လီတို့သည် ကံမကောင်းလှပေ။ သူတို့ သည် မြေပေါ်သို့တိုက်ရိုက်ကျသွားကာ အလောင်းများပေါ်သို့မကျခင်တွင် သူတို့ကိုယ်သူတို့ ဝိညာဉ်စွမ်းအင်ဖြင့် ကာကွယ်လိုက်၍တော်သေးသည်။ မဟုတ်လျှင် သူတို့သည် တစ်ပိုင်းသေသွားမည်ဖြစ်သည်။
ရှီမာယူယူ ရွှမ်ချုံးဟော်ကို ကယ်လိုက်သည်ကို တုန်လိုင်လီမြင်သောအခါ သူမ မျက်လုံးများသည် ဒေါသများဖြင့်ပြည့်နှက်သွားလေသည်။
သူတို့သည် သိကျွမ်းသည်ဟု မှတ်ယူ၍ရသည်။ သူမကိုကျ ဘာလို့မကယ် တာလဲ။
လူမျက်နှာမျောက်ဝံသည် လူတစ်ယောက် နှောင့်ယှက်သည်ဟု မြင်သည် နှင့် လှည့်ပြီး ရှီမာယူယူအား မျက်နှာချင်းဆိုင်လေသည်။ သူမ ပုံစံကိုမြင်သော အခါ မှင်တက်သွားလေသည်။
“မဖြစ်ဘူး မဖြစ်နိုင်ဘူး” သူသည် ခေါင်းခါရင်း ရေရွတ်လိုက်သည်။
သူမကို သတ်…
တုန်လိုင်လီသည် လက်တစ်ဖက်ဖြင့် ထောက်ထားပြီး ရှီမာယူယူအား လူသတ်မည့် အကြည့်များဖြင့် ကြည့်လိုက်သည်။
ဒီမိန်းမက တကယ်ပဲ သူမကိုမကယ်ခဲ့ဘူး။ သူမက သေဖို့ပဲတန်တယ်။
ရှီမာယူယူသည် လူမျက်နှာမျောက်ဝံ၏ တုံ့ပြန်ချက်ကိုမြင်သည်နှင့် နားမလည်နိုင်ဖြစ်သွားသည်။ ထိုသတ္တဝါသည် သူမကို သိနေသည့်အတိုင်း ကြည့်နေသည်။
“မင်း ဘယ်သူလဲ” လူမျက်နှာမျောက်ဝံသည် ရှီမာယူယူအား စိုက်ကြည့် ပြီးမေးလေသည်။
“ရှီမာယူယူ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။ သူမသည် လူမျက်နှာ မျောက်ဝံကိုကြည့်လိုက်ရာ တစ်ဖက်မှသူသည် သူမနာမည်ကိုကြားသည်နှင့် ထိတ်လန့်သွားသည်ကို မြင်လိုက်ရသည်။
“ရှီမာယူယူ… ရှီမာယူယူ…” လူမျက်နှာမျောက်ဝံသည် နောက်သို့ ခြေ တစ်လှမ်းဆုတ်သွားသည်။
ဒီတုံ့ပြန်ချက်က… အရင်တုန်းက ဒီလိုနာမည်နဲ့လူများရှိလို့လား။
“မင်းထွက်သွားတော့ ငါတို့မင်းကိုမသတ်ဘူး” လူမျက်နှာမျောက်ဝံသည် ပြောလိုက်သည်။
“သူနဲ့ သူ့မျိုနွယ်ဝင်တွေလည်း ထွက်သွားနိုင်ရမယ်” ရှီမာယူယူ ပြော လိုက်သည်။
“မင်းက သူမ မဟုတ်ဘူး၊ တစ်လက်မပေးတာကို တစ်မိုင်မလိုချင်နဲ့” လူမျက်နှာမျောက်ဝံသည် ထိုလူသား အခွင့်အရေးတိုးတောင်းသည်ကို မြင် သောအခါ ဒေါသထွက်လေသည်။
“မင်း သဘောတူတူ မတူတူ ရလဒ်ကတော့ အတူတူပဲ” ရှီမာယူယူ ပြော လိုက်သည်။
သူမသည် ရွှမ်ချုံးဟော်ကိုခေါ်ပြီး ထွက်သွားချင်သည်။ သူဆိုလျှင်တောင် တားရန်မဖြစ်နိုင်ပေ။
မင်းသဘောတူတူမတူတူ ရလဒ်ကတော့အတူတူပဲ။ သူ့ကိုဒီနေ့လွှတ်ပေး မယ်ဆိုရင် မင်းကိုတစ်ခါအကြွေးတင်သွားပြီ…
လွန်ခဲ့သည့်နှစ်များစွာက သူမ ထိုစကားများကို ကြားဖူးသလိုပင်။
ထိုစဉ်က သူမသည် လေးစားသမှုဖြစ်စေကာ ထိုဆုံးဖြတ်ချက်ချသည့် အတွက် လွန်စွာကံကောင်းခဲ့သည်။
ရှီမာယူယူ ထိုစကားကို ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သော်လည်း သူမသာ အမှန်တကယ် ရွှမ်ချုံးမျိုးနွယ်အားလုံးကို ခေါ်ထုတ်သွားမည်ဆိုပါက အားထုတ်ရမည်ဖြစ်သည်။
သို့သော် လူမျက်နှာမျောက်ဝံသည် သူမ စကားကိုကြားလိုက်ရသောအခါ စိတ်ထဲဗလာကျင်းသွဦးသလိုဖြစ်သွားသည်။ သူ့စိတ်ထဲမှ အတွေးကို သူမ သိချင်နေတုန်းမှာပင် သူရုတ်တရက် ပြောလာသည် “ကောင်းပြီ ဒီနေ့တော့ မင်းကို လေးစားသမှုရှိလိုက်မယ်”
အာ… သူက လွယ်လွယ်နဲ့ပြောလို့ရတယ်ပေါ့။
ရုတ်တရက်ဖြစ်သွားသော အဖြစ်အပျက်များကြောင့် သူမ မှင်တက်မိနေ တုန်းမှာပင် လူမျက်နှာမျောက်ဝံသည် အော်ဟစ်လိုက်ရာ ရွှမ်ချုံးမျိုးနွယ်အနား မှ ဝိညာဉ်သားရဲများသည် တိုက်ခိုက်မှုရပ်တန့်သွားကြသည်။
သူတို့သည် တောင်ထိပ်မှ ရွှမ်ချုံးဟော်ကိုမြင်သောအခါ ရွှမ်ချုံးကျိနှင့် တခြားသူများ ပြေးလာကြသည်။
“အသက်ရှင်တဲ့သူတွေအကုန်ဒီမှာပဲ” လူမျက်နှာမျောက်ဝံပြောလိုက် သည်။
ထိုနေရာတွင်မရှိသောသူများသည် သေကုန်ပြီဟုဆိုလိုခြင်းဖြစ်သည်။
“ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် အနာဂတ်တွင် ပြန်ဆပ်မည်ဟု ပင် မပြောပေ။ သူမ စဉ်းစားပုံမှာ အနာဂတ်တွင် သူ့ကိုဖိနှိပ်ရန်လိုလာပါက သူ့ကို လွှတ်ပေးမည်ဖြစ်သည်။
သို့သော် တစ်ဖက်မှာ အလွန်အားကောင်းသဖြင့် စဉ်းစားပြီးနောက် ထို စကားများကို မျိုသိပ်လိုက်ရတော့သည်။
“ဆရာ သွားကြမယ်” လူမျက်နှာမျောက်ဝံမှ လွှတ်ပေးသဖြင့် သူတို့သည် တခြားသော ဝိညာဉ်သားရဲများ တိုက်ခိုက်မည်ကို စိုးရိမ်ရန်မလိုတော့ပေ။
“သခင်မလေးယူယူ” တုနန်ဟော်သည် ရှီမာယူယူကို အော်ပြောလေ သည် “ငါတို့ကိုလည်းကယ်ပေးပါ”
တုန်လိုင်လီ ဘာမှမပြောသော်လည်း သူမသည်လည်း ရှီမာယူယူကို မျှော်လင့်တကြီးကြည့်နေသည်။
ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်ကာ လူမျက်နှာမျောက်ဝံကိုကြည့်ပြီး ပြောလိုက်သည် “လုပ်လို့ရနိုင်မလား”
“မရဘူး” လူမျက်နှာမျောက်ဝံသည် ရှီမာယူယူ ထိုလူများကို မကယ်ချင် သည်ကို ခံစားမိသဖြင့် သူမကို တိုက်ရိုက်ပင် ငြင်းဆန်လိုက်သည်။
ရှီမာယူယူ ပခုံးတွန့်ကာ အကူအညီမဲ့စွာ ပြောလိုက်သည် “ကြည့်နော် ကျွန်မ ရှင်တို့ကိုမကယ်ချင်တာမဟုတ်ဘူး တစ်ဖက်က လွှတ်မပေးချင်တာ ကျွန်မရှင်တို့ကိုကယ်လိုက်ရင် ကျွန်မတို့ပါ ထွက်သွားလို့မရဘဲနေလိမ့်မယ်”
***