← Chapters

အံ့ဖွယ်ဆေးတည်နေရာ

Vol. 109 Ch. 1523

အံ့ဖွယ်ဆေးတည်နေရာ

Vol. 109 Ch. 1523

ရှီမာယူယူ၏ စကားများသည် တုနန်ဟော်နှင့် တုန်လိုင်လီတို့ကို သွေးများ ပင် အန်စေသည်။

သူမသည် သူတို့ကိုကယ်ရန် ဆန္ဒမရှိသည်မှာ အထင်းသားပင်။ သို့သော် သူမသည် လူမျက်နှာမျောက်ဝံကို အကုန်ပုံချလိုက်သည်။

အရှက်မရှိလိုက်တာ…

သူတို့သာ ဒီနေ့လွတ်နိုင်မယ်ဆိုရင် သူမကို မကယ်တဲ့အတွက် သေချာ ပေါက် လက်စားချေမယ်။

သူတို့ အတွေးကို ရှီမာယူယူသာ သိလျှင် သေချာပေါက် သွေးအန်ထွက် လိမ့်မည်။

သူတို့ကိုကယ်တင်ခြင်းသည် သီးသန့်အခွင့်အရေးမဟုတ်သလို သူမ၏ တာဝန်လည်းမဟုတ်ပေ။ သူမ သူတို့ကိုကယ်ချင်လျှင် ကယ်မည်။ မကယ်ချင် လည်း ကယ်မည်မဟုတ်ပေ။

တစ်ယောက်မှာ သူမနှင့် တစ်ခါတစ်ခါ ကန့်လန့်တိုကု်သူဖြစ်သည်။ တစ်ယောက်မှာ မိန်းကလေးများကို ပြန်ပေးဆွဲကာ ကျင့်စဉ်ဖိုအဖြစ် ဆက်ဆံ သူဖြစ်သည်။ နှစ်ယောက်လုံးသည် သူမ မနှစ်သက်သူများဖြစ်သည်။ သူတို့ အတွက်နဲ့ သူမက ဘာလို့များ ရှေးဟောင်းဝိညာဉ်သားရဲကို ဆန့်ကျင်နေမှာလဲ။

တစ်ဖက်မှ ရွှမ်ချုံးမျိုးနွယ်များကို ခေါ်သွားခွင့်ပေးထားသည်မှာ သူမ မသိသည့်သူတစ်ယောက်က အထူးအခွင့်အရေးပေးထားပြီးဖြစ်သည်။

“သွားကြမယ်” တစ်ကမ္ဘာလုံးက သူတို့ကိုကယ်သင့်သည်ဟု တွေးထင်နေ သည့် ထိုလူများကို သူမ ဖြေရှင်းရန်စိတ်မဝင်စားတော့ပေ။

“ဟော်” တုန်လိုင်လီသည် သူတို့တကယ်ထွက်သွားတော့မည်ကို မြင် သောအခါ ပျာယာခတ်သွားသည်။ သူမသည် ရွှမ်ချုံးဟော်၏ နာမည်ကို စိတ်ပူပန်စွာဖြင့် အော်လိုက်သည်။

ရွှမ်ချုံးဟော်သည် အကျဉ်းအကြပ်ထဲရောက်နေသည်။ မည်သို့ပင်ဖြစ်စေ ကာမူ တုန်လိုင်မျိုးနွယ်သည် ရွှမ်ချုံးမျိုးနွယ်နှင့် ဆက်ဆံရေးကောင်းလှသည်။

ရှီမာယူယူသည် ရွှမ်ချုံးဟော် မျက်မှောင်ကြုတ်သည်ကို မြင်သောအခါ သက်ပြင်းချလိုက်သည် “တစ်ယောက်ပဲ”

သူမသည် လူမျက်နှာမျောက်ဝံကိုကြည့်လိုက်သည်။ သူမ ဘာမှမပြော သော်လည်း တစ်ဖက်မှ သူမ၏ ရည်ရွယ်ချက်ကို သိနေသည်။

“နှစ်ခု” လူမျက်နှာမျောက်ဝံပြောလိုက်သည်။

ဆိုလိုသည်မှာ အခုချိန်တွင် သူမသည် သူ့ကိုကျေးဇူးကြွေးနှစ်ခုတင်‌နေ လေပြီ။

“ကျွန်မက မင်းကို အကြွေးတင်တာက ဘာအသုံးဝင်မှာလဲ ကျွန်မက ဒီလောက်အားနည်းနေတာ နောက်ခံကောင်းကောင်းလည်းမရှိဘူး” ရှီမာယူယူ ပြောလိုက်သည် “သူမက နောက်ခံကောင်းကောင်းရှိတဲ့ လျှို့ဝှက်မိသားစုက သခင်မလေးပဲ၊ မင်း သူတို့သခင်မလေးကိုလွှတ်ပေးလိုက်တယ်ဆိုတာ မျိုးနွယ် ကသိရင် သူတို့က သေချာပေါက် မင်းကိုပြန်ဆပ်မှာပဲ၊ မင်းတို့ကအခုမှ ထွက် လာကြတာ အဲတော့ ရန်သူတွေအများကြီးမလိုချင်ဘူးမလား၊ လျှို့ဝှက်မိသားစု ကို အကြွေးတင်အောင်လုပ်လိုက်တာက ကောင်းတဲ့အပေးအယူပဲ”

လူမျက်နှာမျောက်ဝံသည် တုန်လိုင်လီကိုကြည့်ပြီး ရှီမာယူယူကို လှည့် ကြည့်လိုက်သည်။ သူမသည် ထိုလူလောက် မသန်မာသော်လည်း ထိုစဉ်က တစ်ယောက်နှင့် ရောင်ဝါအတိအကျပင်တူသည်။

သူခေါင်းခါပြီးပြောလိုက်သည် “မဟုတ်ဘူး မင်းအကြွေးတင်တာကို လို ချင်တာ”

ရှီမာယူယူ ဆွံ့အသွားသည်။ ဒီသတ္တဝါကတော့ ဘယ်သူ့ကို သဘောတွေ့ အောင်လုပ်ရမလဲဆိုတာတောင် မသိဘူးပဲ။

“သခင်မလေးယူယူ ရှင် ကျွန်မကိုကယ်ရင် ကျွန်မတို့တုန်လိုင်မျိုးနွယ်က ဒီကျေးဇူးကို အမှတ်ရနေပါ့မယ်” တုန်လိုင်လီသည် ရှီမာယူယူကို ကြင်နာစွာ မပြောလျှင် ကယ်ရန်အစီအစဉ်မရှိနိုင်ဆိုသည်ကို သိသည်။ သူမ တစ်ခါ အရှုံး ပေးလိုက်သင့်သည်၊ အခွင့်အရေးက တစ်ခါသာရှိသည်။

“ဒါဆိုရင် ကျွန်မ ရှင့်ကို နှစ်ခါကယ်တာကို မှတ်ထားရမယ်”

“ကျွန်မ… မှတ်ထားပါမယ်” တုန်လိုင်လီသည် အတတ်နိုင်ဆုံး စိတ်ရင်း နှင့်ဖြစ်ရန် ကြိုစားလိုက်သည်။

“ကျွန်မ သူ့ကိုအကြွေးတင်သွားပြီ အဲဒါကနေ လွတ်ထွက်နိုင်မှာလည်း မဟုတ်ဘူး၊ နောက်ကို ရှင်ကျွန်မကို အကြွေးနှစ်ခုတင်သွားပြီ” ရှီမာယူယူ ပြော လိုက်သည် “ကျွန်မ တုန်ဂေါင်လိုမျိုးအဆုံးမသတ်ဖို့ပဲ မျှော်လင့်ပါတယ်”

(တုန်ဂေါင် - ရှေးခေတ်တရုတ်စကားပုံထဲမှ လူဆိုးကိုသနားခဲ့တဲ့ ငတုံး)

“ဘာ” မည်သူမှ တုန်ဂေါင်ကိုမသိကြကာ သူမ ပြောသည့်အဓိပ္ပာယ်ကို နားမလည်ကြပေ။

“ဘာမှမဟုတ်တော့ပါဘူး” ရှီမာယူယူ ခေါင်းခါယမ်းလိုက်သည်။ သူမ သည် လူမျက်နှာမျောက်ဝံကိုကြည့်ပြီး ပြောလိုက်သည် “မင်းနာမည်ဘယ်လို ခေါ်လဲ ဘယ်လိုပဲဖြစ်ဖြစ် မင်းကို ကျွန်မအကြွေးတင်သွားပြီလေ”

“အမြင့်မြတ်ဆုံးဝူလင်း ငါ့နာမည်ကိုမှတ်ထားလိုက်” လူမျက်နှာမျောက်ဝံ ပြောလိုက်သည်။

သူ့အသံမှာ မကျယ်သော်လည်း သတ္တုတွင်းတစ်ခုလုံးကို ဟိန်းထွက်သွား သည်။ သူသည် သူ့ကိုယ်သူ အမြင့်မြတ်ဆုံးဝူလင်းဟု ကြေညာနေသည်။

ရှီမာယူယူသည် သူမျက်နှာပြောင်တိုက်ပုံကိုမြင်သောအခါ အံ့ဩသွားမိ သည်။ သူ အရင်ကလည်း ရဲတင်းမည်ဟု သူမ တွေးမိသည်။

“အမြင့်မြတ်ဆုံးဝူလင်း မှတ်ထားပါ့မယ်” ရှီမာယူယူ ပြောလိုက်သည် “နှုတ်ဆက်ပါတယ်”

သူမ လှည့်ထွက်သည်နှင့် ရွှမ်ချုံးမျိုးနွယ်သည်လည်း သတိရှိရှိဖြင့် ထွက်ခွာလေသည် တုန်လိုင်လီသည် မြေပြင်တွင်တွားသွားကာ အမြင့်မြတ်ဆုံး ဝူလင်းတဖြည်းဖြည်း ထွက်သွားသည်ကို ကြည့်နေသည်။ သူ သူမကို ရန်မရှာ တော့သည်ဆိုမှပင် လှည့်ထွက်ပြီး ရွှမ်ချုံးမျိုးနွယ်များနောက်လိုက်ကာ ထွက် သွားတော့သည်။

တုန်လိုင်မျိုးနွယ်များကို အခုချိန်တွင် သူမ ဂရုမစိုက်နိုင်ပေ။ အများဆုံး ဖြစ်လျှင် သူမ ပြန်ရောက်လျှင် သူတို့မိသားစုကို အနည်းငယ်လျော်ကြေးပေး လိုက်ရုံပင်။

အမြင့်မြတ်ဆုံးဝူလင်းသည် ရှီမာယူယူ ထွက်သွားသည်ကို ကြည့်နေပြီး သူ့မျက်လုံးများသည် အတိတ်ကိုလွမ်းဆွတ်ကာ ရင်များနာကျင်နေသည်။

သူမသာ အသတ်မခံရရင် ဘယ်လိုလုပ် သူစိတ်ဓာတ်ကျပြီး သူ့ကိုယ်သူ ချိပ်စည်းပိတ်၊ ဒဏ်ရာတွေကို အချိန်နဲ့ကုစားမှာလဲ။

သူ ထွက်လာသည်နှင့် သူမနှင့် အလွန်တူသည့် လူတစ်ယောက်ကို မြင်ရ လိမ့်မည်ဟု သူ ထင်မထားပေ။ မဟုတ်ဘူး သူမက သူမပဲ။ သူတို့က တစ် ယောက်တည်းပဲ။

သူ နှစ်သန်းပေါင်းထောင်ချီစောင့်ခဲ့တာက သူမနဲ့ ပြန်တွေ့ဖို့လား။

ရှီမာယူယူ တစ်စုံတစ်ခုကို အာရုံခံမိသည်နှင့် လှည့်ပြီး သူ့ကိုကြည့်လိုက် သည်။ လေပြေသည် သူမ၏ ဆံနွယ်ရှည်များကို တိုက်ခတ်သွားသည်။ သူမ၏ လှပသော ဆံနွယ်ရှည်များနှင့် ရီဝေသောမျက်လုံးများသည် ရုတ်တရက် သူ့ကို မျက်ရည်ဝဲလာစေသည်။

“ဖူး”

တုနန်ဟော်သည် အမြင့်မြတ်ဆုံးဝူလင်း အာရုံမကပ်သည်ကိုမြင်သည်နှင့် ထွက်ပြေးရန် လျှို့ဝှက်သိုင်းသုံးလိုက်သည်။

အမြင့်မြတ်ဆုံးဝူလင်းသည် မျက်လုံးကျဉ်းမြောင်းလိုက်ကာ လက် နှစ်ဖက်ကို အနောက်တွင် ပစ်ပို့ထားကာ အောက်မှ ဝိညာဉ်သားရဲများ နိုးလာ သည်နှင့် လူသားများကို စားပြီးပွဲတော်ခံနေသည့် မြင်ကွင်းကို မလှုပ်မယှက်နှင့် ကြည့်နေသည်။

ရှီမာယူယူနှင့် တခြားသူများသည် သတ္တုတွင်းမှထွက်ခွာလာခဲ့သည်။ သူတို့ အဝေးတစ်နေရာသို့ ရောက်သော်ငြား တိုက်ပွဲအသံများကို ကြားရဆဲဖြစ် သည်။

“ဆရာ ဦးလေးဖန်ကိုရှာပြီးတာနဲ့ ထွက်သွားကြမလား” ရှီမာယူယူ မေး လိုက်သည်။

“အင်း ငါတို့ ဒီကိုရောက်နေတာ ကြာနေပြီ နှစ်တစ်ဝက်နီးပါးရှိနေပြီ သူတို့ကို ငါတို့လာတဲ့ထွက်ပေါက်အထိ နောက်ဆုတ်ခိုင်းလိုက်မယ် ငါတို့ ဒီက နေထွက်ကြမယ်” ဖန်ကျိရှင်း ပြောလိုက်သည်။

သူတို့သည်သတ္တုတွင်းမှထွက်ပြီး မြက်တောဆီသို့ပြန်ကြသည်။ သူတို့ သည် အစပိုင်းဝင်လာသည့် တောကိုရောက်လာသည်နှင့် ရန်ပြီး တဲထိုးကာ လပြည့်စုံနန်းတော်မှလူများ အလောတကြီးစုဝေးလိုက်ကြသည်။

ရှေးဟောင်းသားရဲများ ထွက်ပေါ်လာသဖြင့် တစ်လမ်းလုံးမနားရဲကြကာ အလျင်စလိုခရီးဆက်လာသည်ကို သိကြသည်။ ဝိညာဉ်သားရဲများ စိတ်ပြောင်း သွားကြပြီး နောက်မှလိုက်ကာသတ်မည်ကို စိုးရိမ်နေမိကြသည်။

အမြင့်မြတ်ဆုံးဝူလင်းသည် ထိုကဲ့သို့လုပ်မည်မဟုတ်ကြောင်း ရှီမာယူယူ ယုံကြည်သည်။ သို့သော် အသက်လက်မတင်လေး လွတ်လာသော တုန်လိုင်လီ သည် သူမကိုကာကွယ်ပေးမည့် မျိုးနွယ်ဝင်များမရှိတော့သဖြင့် ကြောက်စိတ် ဝင်နေသည်။ သူမသည် ထွက်သွားရန်မစောင့်နိုင်တော့ဘဲ သူတို့ကို ဆက်တိုက် လှုံ့ဆော်နေသည်။

ရွှမ်ချုံးဟော်ကြောင့်သာမဟုတ်လျှင် ရှီမာယူယူသည် သူမကို မောက်မာ စွာဆက်ဆံမည်။

“ဟော် ကျွန်မတို့မြန်မြန်လေးထွက်သွားသင့်တယ်” တုန်လိုင်လီ ပြော လိုက်သည် “ကျွန်မတို့ ကန္တာရကထွက်တာနဲ့ အဲဒီဝိညာဉ်သားရဲတွေက မလိုက် လာနိုင်တော့ဘူး”

“ငါ ယူယူနဲ့ဆွေးနွေးစရာတချို့ကိစ္စတွေရှိသေးတယ်၊ ပြီးတာ့ အကုန်လုံး က တစ်နေကုန် ဒုန်းစိုင်းလာခဲ့ကြလို့ အရမ်းကိုပင်ပန်းနေကြပြီ” ရွှမ်ချုံးဟော် သည် တုန်လိုင်လီကို ဂရုစိုက်နေဆဲဖြစ်ကာ ခါတိုင်းလိုပင် သဲ့သဲ့ပြုံးပြလိုက် သည်။ သို့သော် သူ ခပ်ခွာခွာနေနေသည်ဟု ရှီမာယူယူ ခံစားမိသည်။

“သခင်မလေးတုန်လိုင် နည်းနည်းလောက် သည်းခံလိုက်ပါ ကျွန်မတို့ ဆွေးနွေးပြီးတာနဲ့ သွားကြမှာပါ” ရှီမာယူယူသည် တိတ်တိတ်လေး မျက်လုံး လှန်ကာ ရွှမ်ချုံးဟော်ကို သူမတဲထဲသို့ တွန်းသွားလိုက်သည်။

တုန်လိုင်လီသည် သူတို့နှင့်လိုက်သွားဟန်ပြင်သော်လည်း ရှီမာယူယူ လှည့်ပြီး တဲတံခါးကိုကိုင်ကာ ပြုံးပြီးပြောလိုက်သည် “တောင်းပန်ပါတယ် ကျွန်မနဲ့ ရွှမ်ချုံးဟော်တို့ဆွေးနွေးမှာက လျှို့ဝှက်ချက်ဖြစ်နေလို့ ရှင်လာဖို့ မသင့်တော်ပါဘူး ဒီအတိုင်း အပြင်မှာပဲစောင့်နေပေးပါ”

ပြောပြီးနောက်တွင် သူမ လက်နှစ်ဖက်ဆန့်ထုတ်ကာ တုန်လိုင်လီကို အပြင်တွင်ထားခဲ့လေသည်။

ဝူလင်းယူသည် အတားအဆီးပြုလုပ်လိုက်ကာ ဖန်ကျိရှင်းသည် ခုံတစ်ခုံ ပေါ်တွင်ထိုင်ပြီး သူမကို စောင့်နေကြသည်။

“ယူယူ ဘာလဲ” ရွှမ်ချုံးဟော် မေးလိုက်သည်။

“ရှင့်ကိုမေးချင်တာ ပြန်လည်မွေးဖွားခြင်းမီးတောက်ကို သိလား”

ရွှမ်ချုံးဟော်သည် မသိစိတ်မှ မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည် “မင်းက အဲဒီအံ့ဖွယ်ဆေးကိုလိုချင်လို့လား”

“အင်း” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “အရမ်းကိုလိုနေတာ”

ဖန်ကျိရှင်းသည် ရှီမာယူယူကို နားမလည်စွာကြည့်လိုက်သည်။ သူမ သူ့ ကို ပြန်လည်မွေးဖွားခြင်းမီးတောက်ဆေးကို တောင်းလိမ့်မည်ဟု ထင်မထား ပေ။ သို့သော် အနည်းနှင့်အများ မှန်းဆနိုင်သေးသည်။

ရှီမာယူယူသည် ရွှမ်ချုံးဟော် အနည်းငယ်အခက်တွေ့နေသည်ကို မြင်သောအခါ သူမ စိတ်များလည်း မငြိမ်နိုင်တော့ပေ။

သေချာပြောရလျှင် သူမနှင့် သူတို့ကြားမှ ဆက်ဆံရေးသည် ရင်းနှီးလှ သည်မဟုတ်ပေ။ သူမ သူ့အသက်ကိုကယ်ခဲ့သော်လည်း သူ့စိတ်ထဲတွင် မည်သည့်တစ်ခုက ပိုအရေးပါမှန်း သူမ မသိပေ။

“အံ့ဖွယ်ဆေးက… တကယ်ပဲ ရွှမ်ချုံးမျိုးနွယ်မှာရှိပါတယ်” ရွှမ်ချုံးဟော် သည် ဆုံးဖြတ်ချက်ချပြီးသည်နှင့်တူသည် “အံ့ဖွယ်ဆေးကို ဘာလုပ်ဖို့လိုတာ လဲ”

***

All Chapters