← Chapters

ငါးနှစ်တာ ချိန်းဆိုမှု

Vol. 109 Ch. 1524

ငါးနှစ်တာ ချိန်းဆိုမှု

Vol. 109 Ch. 1524

သူ ထိုမေးခွန်းကိုမေးလာမည်ဟု ရှီမာယူယူ ခန့်မှန်းမိသည်။ သူမတွင် လည်း သူ့ကိုဖုံးကွယ်ထားရန် ရည်ရွယ်ချက်မရှိပေ။

“ကျွန်မအဖေက ဒဏ်ရာရထားပြီး သူ့ရဲ့အုတ်မြစ်ကို ထိခိုက်ထားတယ်၊ သူ ထပ်ပြီးတော့ကျင့်ကြံလို့မရတော့ဘူး ကျွန်မ သူ့ရဲ့သွေးကြောတွေကို ပြန် တည်ဆောက်ချင်တယ် အဲဒါကြောင့် ပြန်လည်မွေးဖွားခြင်းမီးတောက်လိုတာ”

“အံ့ဖွယ်ဆေးက ငါတို့မျိုးနွယ်ရဲ့ရတနာပဲ၊ ငါဖြစ်ရင်တောင် ရဖို့က မသေ ချာနိုင်ဘူး” ရွှမ်ချုံးဟော် ပြောလိုက်သည်။

ဆိုလိုသည်မှာ သူ ထိုအရာနှင့်ပတ်သတ်ပြီး ဆုံးဖြတ်ချက်မချနိုင်ခြင်းဖြစ် သည်။

“ဒါဆိုရင် ဘယ်လိုရနိုင်မလဲ”

ရွှမ်ချုံးဟော်သည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “အဲဒါအတွက် တိုက်ခိုက်ဖို့ကို ငါ အကောင်းဆုံးကူညီပေးမယ် ဒါပေမဲ့ အောင်မြင်ဖို့တော့ ငါ အာမ,မခံနိုင်ဘူး”

သူသည် ရှီမာယူယူ၏ မည်သည့်တောင်းဆိုချက်ကိုမျှ နားမထောင်တော့ ပေ။ သူမကဲ့သို့ သေးငယ်သော နောက်ခံရှိသူသည် လျှို့ဝှက်မိသားစုကို ထိုကိစ္စ တောင်းဆိုခွင့်ရှိမလားဆိုသည်ကို သူမ မသိပေ။

သူသည် မသေချာဟုသာပြောခဲ့သည်။ သို့သော် သူမသည် အံ့ဖွယ်ဆေးကို သေချာပေါက် လိုအပ်နေသည်။ ဘယ်လိုပဲဖြစ်ဖြစ် လိုနေသည်။

“အံ့ဖွယ်ဆေးက ရင့်မှည့်ပြီလား” ဝူလင်းယူ မေးလိုက်သည်။

“မမှည့်သေးဘူး” ရွှမ်ချုံးဟော် ပြောလိုက်သည် “နောက်ထပ် ငါးနှစ်လို သေးတယ်”

“ငါးနှစ်…. အဲလောက်ပဲဖြစ်မှာပဲ” ရှီမာယူယူ ရေရွတ်လိုက်သည်။

“ဘာကိုဖြစ်တာလဲ”

“နောက်ငါးနှစ်နေရင် ကျွန်မ ရှင့်ကိုကုသပေးနိုင်လောက်တယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဘာ” ရွှမ်ချုံးဟော်သည် ညင်သာစွာလက်ပိုင်ထားကာ ရှီမာယူယူအား မေးခွန်းထုတ်သလို ကြည့်လိုက်သည်။

သူမ၏တည်နေရာ၊ သူမလုပ်နေသောအရာများကို သူ၏ အံ့ဖွယ်အာရုံနှင့် သိနိုင်သော်လည်း သူမ ပုံစံမည်သို့ရှိသည်ကိုတော့ မမြင်ရပေ။

သူ၏ စိတ်အတွင်းထဲမှတော့ အရောင်စုံဆိုသည်ကို သူ တကယ်သိချင်မိ သည်။

“အရင်က ကျွန်မ ရှင့်ကိုစမ်းသပ်တုန်းက အောင်မြင်မှုတစ်ဝက်ပဲ သေချာတာလေ၊ ဒါပေမဲ့ နောက်ထပ် ငါးနှစ်သာအချိန်ပေးရင် အနည်းဆုံး ၉၀ ရာခိုင်နှုန်းတော့ မြင့်လာနိုင်တယ်” ရှီမာယူယူ ပြောလိုက်သည် “ရှင် အံ့ဖွယ် ဆေးရဖို့ ကူညီသည်ဖြစ်စေ မကူညီသည်ဖြစ်စေ ကျွန်မရှင့်ကို ကုပေးမှာပါ”

ထိုအချိန်ကျလို့မှ ရွှမ်ချုံးဟော် မရနိုင်ပါက သူမသည် ရွှမ်ချုံးမျိုးနွယ်သို့ ဝင်ရန် အခွင့်အရေးကိုသုံးပြီး အံ့ဖွယ်ဆေးရရန် နည်းလမ်းစဉ်းစားရမည်။

ရွှမ်ချုံးဟော်သည် အလွန်ပင် ထက်မြက်သည်။ သူမ အတွေးကို သူ ဘယ်လိုလုပ်မသိဘဲနေမလဲ။

သို့သော် သူ ဘာမှမပြောပေ။ သူ ခေါင်းညိတ်ရုံညိတ်ကာ ပြောလိုက်သည် “အံ့ဖွယ်ဆေးမှည့်လာခင်ကို မင်းကို လူလွှတ်ပြီး ခေါ်ခိုင်းလိုက်ပါမယ်”

“ကောင်းပါပြီ”

“ဒီကနေပြန်ထွက်ဖို့ မင်းတို့မှာ နည်းလမ်းရှိမယ်ထင်ပါတယ်၊ ဒါဆိုရင် ငါတို့ ဒီမှာပဲနှုတ်ဆက်ကြတာပေါ့” ရွှမ်ချုံးဟော်သည် ဝူလင်းယူနှင့် ဖန်ကျိရှင်း တို့ကို အရိုအသေပေးလိုက်သည်။ သူ၏အံ့ဖွယ်အာရုံ ဝူလင်းယူဆီသို့ ကျလာ သည်နှင့် ခေတ္တမျှတုံ့ဆိုင်းသွားသည်။

သူ လှည့်ပြီးထွက်သွားသည်နှင့် ဝူလင်းယူသည် အတားအဆီးကို ဖယ်ရှား ပေးလိုက်သည်။ လျင်မြန်စွာပင် သူ တုန်လိုင်လီနှင့် စကားပြောနေသည်များကို ကြားလိုက်ရသည်။

“ငါ သူတို့နဲ့ဆွေးနွေးပြီးပြီ အခုပဲပြန်ကြမယ် မင်းကိုတုန်လိုင်မျိုးနွယ်ကို ပြန်ပို့ပြီးမှ အိမ်ပြန်မယ်”

သူ့စိတ်ထဲတွင် တုန်လိုင်လီ၏ နေရာမှာ အရင်ကဲ့သို့မဟုတ်သော်လည်း သူသည် သူမခရီးစဉ်တစ်လျှောက် မည်သည့်အရာမှဖြစ်မလာရန်အတွက်ကိုပါ ထည့်စဉ်းစားပေးသည်။

ရွှမ်ချုံးဟော်သည် ရွှမ်ချုံးမျိုးနွယ်ဝင်များကို ဦးဆောင်ပြီးထွက်သွားလေ သည်။ ရှီမာယူယူနှင့် တခြားသူများသည် ညပိုင်းနားရန် တောထဲတွင်နေခဲ့ကြ လေသည်။ နောက်တစ်နေ့တွင် သူတို့သည် ပစ္စည်းများကို သိမ်းဆည်းပြီး ထွက် လာခဲ့ကြသည်။

လပြည့်စုံနန်းတော်သည် ရွှမ်ချုံးမျိုးနွယ်နှင့်ဆင်တူကာ အပြန်လမ်းတွင် အန္တရာယ်ရှိသောနေရာများကို ရှောင်ကွင်းနိုင်ရန် စီစဉ်ထားသည်။ သူတို့သည် လမ်းတွင် တိုက်ပွဲတချို့တွေ့ခဲ့သည်။ သို့သော် လပြည့်စုံနန်းတော်မှလူများ၏ အားသည် မဆိုးလှကာ ထိုဝိညာဉ်သားရဲများ အဆုံးသတ်မလှခဲ့၍ တော်သေး သည်။ သို့သော် သူတို့အသတ်ခံရကာ ရှီမာယူယူ၏ အရသာရှိလှသော ဟင်းပွဲ အဖြစ် အပြောင်းခံလိုက်ရသည်။

နှစ်တစ်ဝက်ကုန်ဆုံးပြီးနောက်တွင် သူတို့သည် ကန္တာရမှထွက်ကာ ရှီမာယူယူ ပထမဆုံးစခန်းချခဲ့သည့်နေရာသို့ ပြန်ရောက်လေသည်။

သူတို့ရောက်သောနေရာတွင် လူအနည်းငယ်ရှိသေးသော်လည်း ရှီမာ မျိုးနွယ်ကိုမမြင်ရပေ။ သူတို့ စောစောထွက်သွားခြင်းဖြစ်နိုင်သည်။

စဉ်းစားကြည့်ရာ အမှန်ပင်ဖြစ်သည်။ ဝင်သွားရန် နှစ်တစ်ဝက်ကြာကာ သူတို့သည် သတ္တုတွင်းတွင် နှစ်တစ်ဝက်နေခဲ့ကာ ပြန်ထွက်လာရန် နောက်ထပ် နှစ်တစ်ဝက်ကြာသည်။ သူမ အချိန်တွက်ကြည့်ရာ ၂ နှစ်နီးပါးကြာ လေသည်။ ရှီမာမျိုးနွယ်သည် ရှေးဟောင်းဝိညာဉ်သားရဲများကို စိတ်မဝင်စား သဖြင့် ထိုမျှအချိန်အကြာကြီးကို သေချာပေါက် နေမည်မဟုတ်ပေ။ သူတို့ တစ္ဆေမြို့တော်ကို သွားသလား တခြားနေရာကိုသွားလိုက်သလားကို သူမ သိချင်မိသည်။

သူတို့သည် ချူးချန်းမြို့တော်သို့ လေဟာပြင်သင်္ဘောစီးရန်သွားရသည် မှာ နောက်ထပ် တစ်လကြာသည်။ ချူးချန်းမြို့တော်သို့ရောက်သောအခါ ဖန်ရှို့ကျဲနှင့် တခြားသူများသည် ပစ္စည်းများကိုယူပြီး ပြန်လေသည်။

“ဆရာ မပြန်ဘူးလား” ရှီမာယူယူ‌ မေးလိုက်သည်။

“ငါ… မင်းအဖေကိုသွားကြည့်မယ်” ဖန်ကျိရှင်း ပြောလိုက်သည်။ သူ အဝေးသို့ကြည့်လိုက်ချိန်တွင် သူ့မျက်လုံးများသည် နာကျင်မှုအရိပ်အယောင် များဖြစ်နေသည်။

သိပ်မကြာခင်ကပင် သူတို့သည် တိုင်းပြည်အနှံ့ခရီးထွက်ကာ ယုံကြည် ချက်ရှိခဲ့ကြသည်။ သို့သော် အခုတော့…

သူသည် သူ့အခြေအနေကို ရှီမာယူယူကို မမေးဖူးသော်လည်း သူသည် မသန်စွမ်းလူတစ်ယောက်ကဲ့သို့ပင် ဖြစ်နေသည်ဟု ကြားသိရသည်။ သူ့ဆီကို သွားလည်သင့်သည်။

“ဆရာ ကျွန်မနဲ့ပြန်ချင်လို့လား ဒါဆိုလည်း ကောင်းပါပြီ အဖေပြန်လာ ပေမဲ့ အခုတော့ သူ့ဝိညာဉ်အားက နိမ့်နေသေးတယ်၊ ဆရာက အဖေ့ရဲ့ သူငယ်ချင်းကောင်းပဲ၊ သူ့ဆီကိုသွားလည်ရင် ပျော်သွားမှာပါ” ရှီမာယူယူ တောက်ပသွားသည် “၂နှစ်လောက် ထွက်လာတော့ အခု မျိုးနွယ်က ဘယ်လိုပုံ ဖြစ်နေမလဲမသိဘူး”

သူမ ရင်များသည် ဗုံးတီးသလိုပင် ခုန်နေသည်။ သူမ ဖခင်သည် ဆရာနှင့် ပတ်သတ်ပြီး အရင်ကမမေးဖူးပေ။ သူ့ကို တွေ့ရလျှင် မည်သို့ဖြစ်မည်ကို သူမ သိချင်မိသည်။

အဆင်တော့…. ပြေနိုင်မှာပေါ့နော…

သူတို့သည် ချူးချန်းမြို့ကိုတိုက်ရိုက် ဦးတည်လာလိုက်ကြသည်။ သူတို့ မျိုးနွယ်အိမ်တော်သို့ရောက်သည်နှင့် ရှီမာယူယူ ပထမဆုံးတွေ့လိုက်သူမှာ ရှီမာကျိယွင်နှင့် တခြားသူများမဟုတ်ဘဲ မျက်နှာမည်းနှင့် ရှီယူပင်ဖြစ်သည်။

“ရှီ.. ရှီယူ ဒီမှာဘာလုပ်နေတာလဲ” သူမသည် နှုတ်ခမ်းတွန့်ကာ နောက်သို့ ဆုတ်လိုက်သည်။ သူမသည် ခေါင်းမာ့ကာ ခြံဝန်းထဲမှ စာလုံးများကိုကြည့်လိုက် သည်။

မမှားနိုင်ပါဘူး၊ ဒါကရှီမာမျိုးနွယ်ဖြစ်ပြီး သူမရဲ့ခြံဝန်းပါ။ ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာလဲ။

ဖန်ကျိရှင်းနှင့် အတူလာခဲ့သဖြင့် သူမ ဖခင်ကိုရှာရန် ကိုယ်ပိုင်ခြံဝန်းသို့ ဦးဆောင်ခေါ်လာပြီး နောက်မှ ရှီမာကျိယွင်နှင့် တခြားသူများကို ရှာရန်ဖြစ် သည်။ သူမ ခြံဝန်းသို့ဝင်သည်နှင့် မျက်နှာမည်းနှင့် ရှီယူကိုတွေ့ရလိမ့်မည်ဟု ထင်မထားပေ။ ရွှီဟွီနှင့် ရှီယိတို့ပါရှိနေကာ သူမအနောက်တွင် လက်ဖက်ရည် သောက်နေကြသည်။

ရှီယူသည် လက်နှစ်ဖက် ခါးထောက်ကာ ရှီမာယူယူအားစိုက်ကြည့်ပြီး ငေါက်ငမ်းလေသည် “ယူယူ ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ၊ နင် ငါ့ကို ဘေးချိတ်ထားပြီး ကိုယ့်ဘာသာသတ္တုတွင်းကို ပြေးဝင်သွားတယ်ပေါ့လေ”

“ငါသိပါတယ် နင်က ငါ့ကိုစိတ်ပူနေတာ၊ ဒါပေမဲ့ ငါအဆင်ပြေနေတာကို မမြင်ဘူးလား” ရှီမာယူယူသည် သွားဖြဲရင်းနောက်ဆုတ်ကာ သူမလက်ကို ဖက်တွယ်ထားလိုက်သည်။

“ဘယ်သူက နင့်ကိုစိတ်ပူလို့လဲ ငါစိတ်တိုနေတာ ဒေါသထွက်နေတာ သိပြီလား” ရှီယူ နှာမှုတ်လေသည်။

“ဟုတ်ပါတယ် နင် စိတ်တိုနေတာပါ ဒါဆိုရင် ဘာလို့နင့်ကိုပစ္စည်း ကောင်း တွေနဲ့အလျော်မပေးရမှာလဲ” ရှီမာယူယူ ပြောလိုက်သည်။

“တစ်လ နင့်စိတ်ရင်းကိုပြဖို့ ငါ့အတွက် တစ်လတိတိဟင်းချက်ပေး”

“ကောင်းပါပြီရှင်” ရှီမာယူယူသည် ပြုံးပြီး ပြန်ဖြေလိုက်သည် “နင့်အတွက် အစားကောင်းတွေ အများကြီးချက်ပေးမှာပေါ့၊ နင် ဝက်မဖြစ်တဲ့ အထိစားပေါ့၊ ဒါပေမဲ့ ငါရှင်းရမယ့်ကိစ္စလေးတွေရှိသေးတယ်”

သူမသည် ခေါင်းမော့ပြီး ခြံဝန်းအဝတွင်ရပ်နေသော ဖန်ကျိရှင်းကိုကြည့် ပြီး ပြောလိုက်သည် “အဆရာ အဖေ့ဆီကိုခေါ်သွားပေးမယ်”

“နင့်အဖေ ဒီမှာမရှိဘူး နင့်အဘိုးကိုသွားရှာတယ်၊ ဒါပေဲ့ နင်ပြန်လာတာ ကို သူသိတယ် အဲတော့ သေချာပေါက် ချက်ချင်းပြန်လာမှာပဲ” ရှီယူ ပြောလိုက် သည်။

“ဒါဆိုရင် အခုတော့ ဆရာ့ကို ဧည့်သည်အဆောင်ကိုခေါ်သွားပေးမယ်” ရှီမာယူယူသည် ဖန်ကျိရှင်းကို ဧည့်သည်အဆောင်သို့ ခေါ်သွားပေးလိုက်သည်။ ခဏအကြာတွင် ရင်းနှီးသော ခြေသံများကြားရလေသည်။

“ယူယူ သမီးတို့အကုန်ဆင်ပြေတယ်မလား သမီး…”

ရှီမာလျူရွှမ် ဝင်လာသည်နှင့် ရှီမာယူယူ ရပ်နေသည်ကိုမြင်လိုက်ရသည်။ သူမသည် ဘေးသို့ရွှေ့လိုက်သည်နှင့် ဖန်ကျိရှင်းပေါ်လာပြီး ရှီမာလျူရွှမ်ကို ရောက်သည့်နေရာတွင် အံ့ဩပြီး အေးခဲသွားစေသည်။

“အဖေ သမီးပြန်လာပြီ ဆရာက အဖေ့ကိုတွေ့ချင်လို့လဲ” ရှီမာယူယူသည် ဖန်ကျိရှင်းလက်ထဲသို့ လက်ဖက်ရည်ခွက်ထည့်ပြီး မတ်တတ်ရပ်နေသော ရှီမာလျူရွှမ်ကိုဆွဲပြီး ပခုံးကိုပုတ်လိုက်သည်။

***

All Chapters