← Chapters

ကျောက်တုံးဖွင့်ခြင်း ရှေးဟောင်းဝိညာဉ်သားရဲများ

Vol. 109 Ch. 1525

ကျောက်တုံးဖွင့်ခြင်း ရှေးဟောင်းဝိညာဉ်သားရဲများ

Vol. 109 Ch. 1525

အချိန်ကြာရှည်စွာမတွေ့ခဲ့ရသည့် သူငယ်ချင်းဟောင်း အချစ်လုဖက် ဟောင်းများ… သူတို့နှစ်ယောက်ကြား ပဋိပက္ခဖြစ်မည်ကို ရှီမာယူယူ အနည်း ငယ်စိုးရိမ်မိသည်။

သို့သော် သူမ စိုးရိမ်မှုသည် မလိုအပ်သည့်ပုံပင်။

ရှီမာလျူရွှမ်သည် ခေတ္တမျှသာတွေဝသွားပြီး ဖန်ကျိရှင်းဘေးတွင် ဝင်ထိုင် ကာပြောလေသည် “ဆိုတာ့ ဒီကိုဘာလာလုပ်တာလဲ”

“ဒီရက်တွေမှာ မင်းနေမကောင်းဘူးလို့ကြားလို့ လာနှစ်သိမ့်ပေးတာ” ဖန်ကျိရှင်းသည် သူ့ကို မျက်လုံးလှိမ့်ပြီး ကြည့်လိုက်သည် “မင်းကိုမင်း ဒီလို ဖြစ်အောင်လုပ်တာပဲလေ တကယ်ပဲ ငါ့ကိုပျော်စေတယ်”

“…”

ဆရာ လမ်းမှာတုန်းက ပြောလာတာ ဒီလိုမဟုတ်ပါဘူး။ ရှီမာယူယူသည် တိတ်တိတ်လေး မျက်လုံးလှိမ့်မိသည်။

သူတို့ ပုံစံကိုကြည့်ပြီး ပဋိပက္ခဖြစ်မည့်ပုံ မပေါ်ပေ။ သူမရှေ့တွင် ပြောရန် မသင့်သည့် တချို့ကိစ္စများရှိသည့်ပုံပင်။

“အဖေ ဆရာ မတွေ့တာ ဒီလောက်ကြာပြီဆိုတော့ ကောင်းကောင်းလေး စကားပြောလိုက်ကြပါဦး သမီး ဘိုးဘိုးကြီးတို့ကိုသွားနှုတ်ဆက်လိုက်ဦးမယ်”

ပြောပြီးနောက်တွင် သူမသည် ဝူလင်းယူကို ဆွဲပြီးထွက်သွားလိုက်သည်။

“ဆရာ ပြန်လာပြီလား” သူမကို အပြင်တွင်စောင့်နေသော မူစစ်သည် သူတို့နှစ်ယောက် လက်တင်းကြပ်စွာဆုပ်ကိုင်ထားသည်ကို တွေ့သောအခါ မျက်လုံးများတောက်ပသွားသည်။

“မူစစ် ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းကို ကြိုးစားပြီးကျင့်ကြံရဲ့လား၊ ငါပြန်လာ တာနဲ့ မင်းအိမ်စာကို သေချာစစ်ရမယ်” နှစ်နှစ်မတွေ့ရပြီးနောက်တွင် မူစစ် သည် အနည်းငယ်ထွားလာသည်။

“ကောင်းပါပြီ ဆရာ ခေါင်းဆောင်တို့ကိုသွားတွေ့မလို့လား” မူစစ် မေး လိုက်သည်။

“အင်း ဒီလောက်အကြာကြီးထွက်သွားခဲ့တာလေ ပြန်လာမှတော့ သွားပြီး နှုတ်ဆက်သင့်တာပေါ့” ရှီမာယူယူ ပြောလိုက်သည် “မင်းလုပ်စရာရှိတာ သွား လုပ်လိုက်တော့ ငါပြန်လာမှမင်းကိုလာရှာမယ်”

“ဟုတ်ကဲ့ပါ”

ရှီမာယူယူသည် ဝူလင်းယူကို တစ်နေရာတွင် အနားယူရန်ထားခဲ့လိုက်ပြီး ရှီမာကျိယွင်နှင့် တခြားသူများကို သူမဘာသာ သွားရှာလိုက်တော့သည်။ သူမ ဝူလင်းယူကို ခေါ်မသွားချင်၍မဟုတ်ပေ။ သူတို့သည် လက်မထပ်ရသေးသဖြင့် မျိုးနွယ်ဝင်အဖြစ် မသတ်မှတ်ရသေးသောကြောင့်ဖြစ်သည်။ တချို့ကိစ္စများမှာ ရှောင်ရှားထားသည်က ပိုကောင်းသည်။

ရှီမာကျိယွင် ရှီမာဟော်ရွှမ်းနှင့် တခြားသူများသည် သူမပြန်လာသည်ကို သိပြီးကြကာ သူမ သူတို့ဆီကိုလာရောက်မည်ကို တွေးထားသဖြင့် ခန်းမထဲ တွင် နေကာ စောင့်နေကြလေသည်။

ဘိုးဘေးကြီးရှီမာချင်းမှလွဲပြီး သူမသည် တခြားသူများနှင့် အတော်အတန် ရင်းနှီးနေပြီဖြစ်သည်။

“နှုတ်ဆက်ပါတယ် ဘိုးဘိုးကြီး ဘိုးဘိုးဦးလေးကြီး ဘိုးဘိုး ဘွားဘွား” ရှီမာယူယူသည် သူတို့ကိုဦးညွှတ်လိုက်သည်။

“ဘွားဘွားတို့ မတွေ့တာ နှစ်နှစ်အတွင်းကို သမီးပိန်ကျသွားလိုက်တာ” ဟွမ်ရင်ရင်သည် ရင်နာစွာဖြင့်ပြောလေသည်။

ရှီမာယူယူသည် သူမမျက်နှာကိုပွတ်ကြည့်ပြီး သွားဖြဲလေသည် “ဘယ်နေရာက ပိန်သွားလို့လဲ ဒီအတိုင်းပါပဲ”

“သမီးက အခုမှရောက်လာတာ သတ္တုတွင်းကကိစ္စကို ဘွားဘွားတို့ ကြားပြီး စိတ်ပူလို့သေတော့မယ်” ဟွမ်ရင်ရင် ပြောလိုက်သည်။

သတင်းပျံ့နှံ့သည်မှာ လူများထက်ပင် မြန်ဆန်သည်။ ရှီမာယူယူသည် အခုမှ ပြန်ရောက်ကာ ရှေးဟောင်းသတ္တုတွင်းတွင် ဖြစ်ခဲ့သည့်အဖြစ်အပျက် များသည် တိုင်းပြည်တစ်ခုလုံးတွင် ပျံ့နေပြီဖြစ်သည်။

သတ္တုတွင်းတွင်ဖြစ်ခဲ့သည်မှာ ဆိုးဝါးလှသော်လည်း အသက်ရှင်သူ မကျန်ခဲ့သည်တော့မဟုတ်ပေ။ ထို့အပြင် ထိုနေရာတွင် လူတိုင်းရှိနေသည် မဟုတ်။ တစ်ယောက်ထွက်လာနိုင်သည်နှင့် အဖြစ်အပျက်သတင်းများ ပျံ့သွား သည်မှာ သဘာဝပင်ဖြစ်သည်။

ရှီမာမျိုးနွယ်များ ထိုသတင်းကိုကြားသည်နှင့် ထိတ်လန့်ကြသည်။ သူတို့ သည် သတ္တုတွင်းကိုသွားပြီး ရှာချင်သော်လည်း သူမ၏ အသက်ကျောက်စိမ်း အကောင်းတိုင်းရှိနေကာ မည်သည့်ကိစ္စမှမဖြစ်နိုင်ဟု ရှီမာချင်းမှ သူတို့ကို ငေါက်ငမ်းပြောဆိုထားရသည်။ ထိုအခါမှပင် သူတို့သည် မျိုးနွယ်အိမ်တော်တွင် နေကာ သူမကို စောင့်ကြလေသည်။

“နောက်ဆုံးတော့လည်း သမီးဘေးကင်းကင်းနဲ့ ပြန်လာနိုင်တာပဲ မဟုတ်ဘူးလား” ရှီမာယူယူ ပြောလိုက်သည်။

“ယူယူ ဘာတွေဖြစ်ခဲ့တာလဲ အပြင်မှာတော့ သတင်းတွေအမျိုးမျိုးပျံ့နေ တာပဲ ရှေးဟောင်းသားရဲတွေက တကယ်ပဲထွက်ပေါ်လာတာလား” ရှီမာကျိယွင် မေးလိုက်သည်။

“ဟုတ်ပါတယ်” ရှီမာယူယူသည် ခေါင်းညိတ်ပြီးနောက် ဖြစ်ခဲ့သမျှကို စီကာစဉ်ကာ ပြောပြလိုက်သည်။

“မိုးနတ်မင်းရေ အဲတော့ သတင်းတွေက တကယ်မှန်နေတာပေါ့” အားလုံး အံ့အားသင့်စွာအော်လိုက်ကြသည် “သမီး ချောချောမွေ့မွေ့ထွက်လာ နိုင်တာ တော်သေးတယ်”

“တိုင်းပြည်ကြီးတော့ ထပ်ပြီးတော့ ရှုပ်ထွေးဦးမှာလား” ရှီမာရှုံချီ မျက်မှောင်ကြုတ်လိုက်သည်။

“လတ်တလောတော့ အဆင်ပြေဦးမယ်လို့ထင်ပါတယ်” ရှီမာယူယူ ပြော လိုက်သည် “ဆရာနဲ့တခြားသူတွေ ခန့်မှန်းထားတာကို အခြေခံကြည့်ရင် အဲဒီ ဝိညာဉ်သားရဲတွေက ထွက်လာတာနဲ့ ရှေးခေတ်က သူတို့ရဲဘော်ရဲဘက်တွေကို ရှာလိမ့်မယ်”

“ရှေးဟောင်းဝိညာဉ်သားရဲတွေ ထွက်လာတာရင် အကုန်ဆူညံယောက် ယက်ခတ်ကုန်မှာစိုးရတယ်” ဟွမ်ရင်ရင် သက်ပြင်းချလိုက်သည်။

“ကြည့်ရတာ ငါတို့အရှိန်တင်ပြီး ပိုသန်မာအောင်လုပ်ရတော့မယ်နဲ့တူ တယ်” ရှီမာကျိယွင် ပြောလိုက်သည် “နောက်ပိုင်းသုံးမယ့် ငွေရေးကြေးရေးကို ပြန်ပြင်ဆင်ပြီး အဆင့်မြင့်ဝိညာဉ်သားရဲတွေကို ပိုထိန်းကျောင်းထားရမယ် အကုန်လုံးက ဒီနှစ်နှစ်အတွင်းမှာ မျိုးနွယ်ရဲ့အမွေကို နားလည်ထားကြပြီ ပြီးတော့ သူတို့နဲ့စာချုပ်သားရဲကြားမှာလည်း တွဲဖက်ပိုညီလာပြီ ငါတို့သာ ဝိညာဉ်သားရဲတွေနည်းနည်းရနိုင်ရင် ပိုကောင်းသွားပြီ ငါတို့ အားကိုခုန်တက် သွားစေနိုင်တယ်”

“ငါခွင့်ပြုတယ် ပစ္စည်းတချို့ကိုလက်လွှတ်ပြီးတော့ ဝိညာဉ်သားရဲရဖို့ ပိုက်ဆံတွေပိုသုံးမယ်” ရှီမာဟော်ရွှမ်း ပြောလိုက်သည် “ဒါပေမဲ့ ငါတို့မျိုးနွယ် အကြီးအကဲတွေနဲ့ ဆွေးနွေးဖို့လိုဦးမယ်”

ထိန်းကျောင်းပြီးသား အဆင့်မြင့်ဝိညာဉ်သားရဲများမှာ ဈေးမသေးလှပေ။ သူတို့သာ စွမ်းအားပျမ်းမျှရှိသောသားရဲများကို ပမာဏများများဝယ်ချင်ပါက ငွေပမာဏမှာလည်း နည်းမည်မဟုတ်ပေ။

သို့သော် သူတို့မျိုးနွယ်မှ သားရဲထိန်းကျောင်းသူသခင်များသည် အားကောင်းလှသည်မဟုတ်ပေ။ မဟုတ်လျှင် လိုက်ဖမ်းပြီး သူတို့ဘာသာ ထိန်းကျောင်းလျှင် ဈေးသက်သာနိုင်သည်။

“အဲဒါနဲ့ပတ်သတ်လို့ကတော့ အချိန်ကာလတစ်ခုထိ ဘာဝိညာဉ်သားရဲမှ ဝယ်ဖို့မလိုဘူးလို့ ထင်ပါတယ်” ရှီမာယူယူသည် သူတို့ကို စကားဖြတ်ပြော လိုက်သည်။

“ဝယ်ဖို့မလိုဘူးဟုတ်လား သမီးမှာအကြံကောင်းများရှိလို့လား” ရှီမာဟော်ရွှမ်း မေးလိုက်သည်။

“တကယ်တော့ ဒီတစ်ခေါက် သတ္တုတွင်းကိုသွားတဲ့ ခရီးစဉ်ကနေ အကျိုးအမြတ်တော်တော်လေး ရလိုက်တယ်” ရှီမာယူယူ ပြောလိုက်သည် “သမီး ရှေးဟောင်းသားရဲတွေကို ထိန်းကျောင်းနိုင်ပြီး သူတို့ကိုစာချုပ်သားရဲ အဖြစ်ပေးနိုင်ရင် သာမာန်ဝိညာဉ်သားရဲတွေထက် အများကြီးသာသွားမှာပဲ”

“ဘာပြောလိုက်တယ်” အိမ်ထဲမှလူများသည် ချက်ချင်းမတုံ့ပြန်နိုင်ပေ။

ရှီမာယူယူ လက်ဝှေ့ယမ်းလိုက်သည်နှင့် ကျောက်ရုပ်ထုအစုလိုက်သည် အားလုံးရှေ့တွင်ပေါ်လာသည်။

“ဒါကမဖွင့်ရေသေးတဲ့ ရှေးဟောင်းကျောက်တုံးတချို့ပါ၊ ဒီကျောက် အလွှာတွေက အခုကိုကွာကျနေပြီး ဝိညာဉ်သားရဲထွက်လာတာကို မြင်ရမှာပါ အဲဒါကြောင့် ဒါတွေက ရှေးဟောင်းဝိညာဉ်သားရဲတွေဖြစ်နိုင်တယ်၊ သူတို့ကို လွှတ်လိုက်တာနဲ့ ထိန်းကျောင်းပြီးမျိုးနွယ်ဝင်တွေကို စာချုပ်တည်ထောင်ခိုင်း လိုက်မယ်၊ သူတို့သေချာပေါက် ပိုပြီးတောင် သန်မာလာဦးမယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ သူတို့ကိုထိန်းကျောင်းနိုင်ပါ့မလားဆိုတာ မသိသေး ဘူး”

“သာမာန်သားရဲထိန်းကျောင်းနည်းတွေက အလုပ်မဖြစ်ဘူး၊ ဒါပေမဲ့ အင်ပါယာသားရဲကျမ်းကတော့ သေချာပေါက်ဖြစ်နိုင်တယ်” ရှီမာဟော်ရွှမ်း သည် ကျောက်ရုပ်ထုများကို ကြည့်ရင်း အသက်ရှုရကြပ်သလို မျက်လုံးမှာ လည်း အရောင်တောက်နေသည်။

“ဒါပေမဲ့ ကျွန်မတို့ သားရဲထိန်းကျောင်းသူသခင်တွေက အင်ပါယာသားရဲ ကျမ်းကို မကျေညက်သေးဘူးလေ” ဟွမ်ရင်ရင် ပြောလိုက်သည်။

“သမီးရနေပါပြီ ဒါပေမဲ့ ထိန်းကျောင်းလို့ရနိုင်မလားမသိတာ ကြိုးစား ကြည့်မှပဲ သိနိုင်မှာ” ရှီမာယူယူ ပြောလိုက်သည်။

“ဒီကျောက်တွေကို ဖွင့်ပြီးမှပဲ ဆက်ပြောကြတာပေါ့ ပိုပြီးဘေးကင်းဖို့ အတွက်သားရဲထိန်းကျောင်းမှုကွင်းကို သွားကြတာပေါ့” ရှီမာကျိယွင် ပြော လိုက်သည်။

“ဟုတ်ပြီ”

သူတို့အဖွဲ့သည် သားရဲထိန်းကျောင်းမှုကွင်းကိုရောက်သွားကြသည်။ ထိုနေရာတွင် ဝိညာဉ်သားရဲများစွာကို ထိန်းသိမ်းထားသည်။

“မင်းတို့အရင်ပြန်နှင့်ကြ” ရှီမာကျိယွင်သည် ကွင်းတွင်ရှိနေသော သားရဲ ထိန်းကျောင်းသူ သခင်များနှင့် တာဝန်ခံများကို ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ ခေါင်းဆောင်”

သူတို့သည် ကွင်းမှထွက်သွားကြရာ သားရဲထိန်းကျောင်းမှုကွင်းတွင် သူတို့ လူနည်းစုသာကျန်ခဲ့လေသည်။

“ဟိုးအစွန်ဆုံးက အခန်းကိုသွားကြမယ်”

ရှီမာယူယူသည် သူတို့နောက်လိုက်ဝင်ရာ အပြင်တွင် ထိန်းသိမ်းထား သော ဝိညာဉ်သားရဲများသည် အတားအဆီးကို ဝင်တိုးကြသည်။ သူတို့ကို အတားအဆီးမှ ပိတ်ထားသည်မှာတော့ နှမြောဖို့ကောင်းသည်။

ထိုအတားအဆီးကိုဖြတ်ပြီးနောက် အခန်းကျယ်တစ်ခုဆီသို့ ရောက်သွား သည်။ လျှောက်ဝင်ပြီးနောက်တွင် ပိုကြီးသည့် ကွင်းတစ်ခုကိုတွေ့လေသည်။

နောက်ထပ်ခမ်းနားလွန်းတဲ့ နေရာတစ်ခုပဲ။

“ဒီနေရာက ကြီးပြီးတော့ အတားအဆီးရှိတယ်၊ ငါတို့ဖွင့်လိုက်ရင်တောင် သူတို့မလွတ်နိုင်ဘူးဆိုတာသေချာတယ်” ရှီမာရှုံ့ချီ ပြောလေသည်။

ရှီမာယူယူသည် ထူထဲလှသော အတားအဆီးကိုအာရုံခံမိပြီး ခေါင်းညိတ် ကာပြောလိုက်သည် “ဒါဆိုလည်း ဒီမှာလုပ်ကြတာပေါ့”

တကယ်‌တော့ သူတို့ ဝိညာဉ်စေတီအတွင်းတွင် ဖွင့်လျှင်အကောင်းဆုံး ဖြစ်မည်။ တစ်ခုခုဖြစ်လာလျှင် ဝိညာဉ်လေးသည် ချက်ချင်းပင် တုံ့ပြန်နိုင်မည်။ သို့သော် ပထမဆုံးတစ်ခုကိုတော့ ယုံကြည်ပြီးကြည့်ရဦးမည်။

ကျောက်အလွှာမှာ ပါးနေပြီဖြစ်ကာ ကျောက်ဖွင့်ရန် ကိရိယာပင် မလို ပေ။ ရှီမာကျိယွင်သည် ကျောက်အလွှာကွဲရုံကွဲရန် အားမပြင်း အားမသေးသော ဝိညာဉ်စွမ်းအင်ထုတ်လိုက်သည်။ ရှေးဟောင်းဝိညာဉ်သားရဲ ပေါ်လာသည်။

***

All Chapters