← Chapters

ရတနာအများကြီးရှိရတာလည်း ပင်ပန်းတယ်

Vol. 109 Ch. 1526

ရတနာအများကြီးရှိရတာလည်း ပင်ပန်းတယ်

Vol. 109 Ch. 1526

ထိုသတ္တဝါသည် ကျားသစ်နှင့်ဆင်တူသည့် ဝိညာဉ်သားရဲဖြစ်သည်။ သို့သော် သူ့နားရွက်များသည် လုံးဝန်းခြင်းမရှိဘဲ ချွန်နေသည်။ အမြီးမှာ တိုပြီး မရှည်လှပေ။

သူ့မျက်လုံးများသည် ပိတ်ထားကာ ကျောက်တုံးမှ အခုလေးတင်ထွက် လာသဖြင့် ချက်ချင်းပင် သတိမဝင်နိုင်ပေ။

ရှီမာယူယူနှင့် တခြားသူများသည် စောင့်ကြည့်နေကာ ချက်ချင်း ကပ် မသွားပေ။ ဝိညာဉ်သားရဲသည် ရုတ်တရက် မျက်လုံးဖွင့်လာကာ လူသတ်မည့် အကြည့်များဖြင့် သူတို့ကို ကြည့်နေသည်။ စကားတစ်ခွန်းမှမဆိုဘဲ သူတို့ကို တိုက်ခိုက်လေသည်။

ရှီမာကျိယွင်နှင့် ရှီမာဟော်ရွှမ်းတို့သည် ရှေ့တိုးကာ စတင်တိုက်ခိုက် တော့သည်။ ရှီမာယူယူသည် အားနည်းလှသဖြင့် ငါးပိမဖြစ်ရန် အမြန်ပင်အဝေး သို့ရှောင်လိုက်သည်။

ထိုဝိညာဉ်သားရဲသည် အားကြီးလှသည်မဟုတ်… ရှီမာကျိယွင်နှင့် ရှီမာဟော်ရွှမ်းတို့ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ခဏနဲ့အရှုံးပေးလိုက်ရ သည်။

ဝိညာဉ်သားရဲတွင် ဒဏ်ရာအပြင်းအထန်ရသွားသည်ကို ရှီမာယူယူ မြင်နေရသည်။ အင်း… သူက အားမကောင်းတာမဟုတ်ပေမဲ့ အားမနည်းလှတဲ့ ဒီလူကြီးနှစ်ယောက်နဲ့တွေ့မှတော့ အရှုံးပေးရုံသာရှိတာပေါ့။

သူမ မြေပေါ်မှ ဝိညာဉ်သားရဲဆီသို့ လျှောက်သွားရာ နောက်ဆုံး ထွက်သက်ရောက်နေပြီဖြစ်သည်။ သို့သော် သူ့မျက်လုံးများသည် လူသတ်မည့် အကြည့်များဖြင့် ပြည့်နေဆဲဖြစ်ကာ အညံ့မခံပေ။

“စမ်းကြည့်မယ်” ဝိညာဉ်သားရဲတွင် ခုခံရန်အားမရှိသည်ကို စစ်ဆေးပြီး နောက်တွင် သူမသည် သူ့နဖူးပေါ်လက်တင်ပြီး အင်ပါယာသားရဲကျမ်းကို အသင်သွင်းပြီး ထိန်းကျောင်းခြင်းလုပ်ငန်းစဉ်ကို စတင်တော့သည်။

ရှေးဟောင်းဝိညာဉ်သားရဲ၏ စိတ်စွမ်းအင်သည် သာမန်ဝိညာဉ်သားရဲ ထက်များစွာ သန်မာသည်ကိုတော့ ပြောရန်ပင်မလိုပေ။ သူမ ထိန်းကျောင်းပြီး နောက်တွင် တစ်ဖက်၏ ခုခံခြင်းကို သေချာပေါက်ခံစားရသည်။ ထိန်းကျောင်း ခြင်းလုပ်ငန်းစဉ်မှာ အားကုန်ထုတ်နေရသည်။

သို့သော် သူမတွင် ဝိညာဉ်သားရဲများရှိခြင်း အကျိုးအမြတ်မှာ သာမာန် သားရဲများထက် များစွာ အားကောင်းခြင်းဖြစ်သည်။

ရှီမာကျိယွင်နှင့် တခြားသူများသည် အဝေးမှ သူမကို စိုးရိမ်တကြီးကြည့် နေကြသည်။ အရိုက်ခံထားရသော ဝိညာဉ်သားရဲမှာ မခုခံနိုင်သည်ကို သူတို့ ယုံကြည်ချက်ရှိသော်လည်း မမျှော်လင့်ထားသည့် တစ်စုံတစ်ရာဖြစ်လာမည်ကို စိုးရိမ်နေတုန်းပင်။

အချိန်များကုန်သွားသည်နှင့် ရှီမာယူယူ၏ မျက်နှာတွင် ချွေးသီးများ စတင်သီးလာတော့သည်။ သူမသည်လည်း စတင် ဖြူဖျော့လာသည်။

နှစ်ရက်ကြာသွားပြီဖြစ်ကာ ရှီမာယူယူ၏ အခြေအနေမှာ ပိုဆိုးလာသည်။ အားလုံး၏မျက်နှာမှ ပူပန်မှုသည် ပိုရုပ်လုံးပေါ်လာသည်။

ကြားဝင်ဖြတ်မှုသည် သူမကို ဒဏ်ရာရစေမှာကြောင့်သာမဟုတ်လျှင် သူတို့သည် ချက်ချင်းပင် တားလိုက်မည်။

နောက်ဆုံး တတိယမြောက်နေ့တွင် ဝိညာဉ်သားရဲ၏ မျက်လုံးများသည် မှိုင်တွေသွားကာ ကျရှုံးသွားတော့သည်။ ရှီမာယူယူသည် မြေပြင်ပေါ်တွင် အားပျော့စွာဖြင့် ခွေလဲသွားတော့သည်။

“ယူယူ” ဟွမ်ရင်ရင်သည် အမြန်ပင် သူမကိုထူကာ ရင်ခွင်ထဲတွင် နားစေ လိုက်သည်။

“သမီးအဆင်ပြေပါတယ် နည်းနည်းပင်ပန်းသွားလို့ပါ ဆေးနည်းနည်း သောက်လိုက်ရင် ကောင်းသွားမှာ” ရှီမာယူယူသည် အားနည်းစွာဖြင့် ပြော လိုက်သည်။

“သမီးကလောလွန်းတာကိုး၊ အဲလောက်တင်းကြပ်နေရင်လည်း လက်လျော့လိုက်သင့်တယ်၊ ဘာလို့ကိုယ့်ကိုယ်ကို ဖိအားပေးတာလဲ” ဟွမ်ရင်ရင်သည် သူမကို အပြစ်တင်လေသည်။

“ခဏနဲ့အောင်မြင်မယ်လို့ ထင်နေလို့ပဲမဟုတ်ဘူးလား” ရှီမာယူယူ ပြုံး လိုက်သည် “ကြည့်လေ သမီးထိန်းကျောင်းတာ မအောင်မြင်ဘူးလား”

“အောင်မြင်မှုက ရဲရင့်မှုပဲ၊ တကယ်တော့ ဒီလိုကကောင်းသွားတာပဲ အောင်မြင်နိုင်သရွေ့တော့ ထိန်းကျောင်းခြင်းလုပ်ငန်းစဉ်က ပိုလွယ်သွားမှာပဲ” ရှီမာရှုံ့ချီ ပြောလိုက်သည်။

ဟွမ်ရင်ရင် သူ့ကိုစိုက်ကြည့်လိုက်သည် “ဒါကဘယ်လိုလုပ်အဆင်ပြေနိုင် မှာလဲ၊ အဲဒါက ယူယူ့ရဲ့ခန္ဓာကိုယ်လောက် အရေးမကြီးဘူး”

“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ”

ရှီမာယူယူသည် ဆေးတချို့စားပြီး ဟွမ်ရင်ရင်၏ ရင်ခွင်ထဲတွင်မှီလိုက် သည်။ ရှီမာကျိယွင်နှင့် ရှီမာဟော်ရွှမ်းတို့သည် သူမ ဝိညာဉ်သားရဲထိန်းကျောင်း မှုအောင်မြင်သည်ကို မြင်သောအခါ မည်သို့ကိုင်တွယ်ရမည်ကို သိချင်နေသည်။

ထိုဝိညာဉ်သားရဲသည် အားကောင်းသည်ဟု တွေးမရပေ။ သို့သော် သာမာန် စာချုပ်သားရဲနှင့်ယှဉ်လျှင် များစွာအားကောင်းသည်။ သူတို့ထဲက တစ်ကောင်ဆိုတော့ ဘယ်သူ့ကိုပေးရမလဲ။

“ရှင်းရှူးကို ဘာလို့မပေးရမှာလဲ”

ရှီမာရှင်းရှူးသည် လူငယ်မျိုးဆက်ထဲတွင် အရည်အချင်းအရှိဆုံးထဲမှ တစ်ယောက်ဖြစ်သည်။ သူ့ကိုသာ ရှေးဟောင်းဝိညာဉ်သားရဲပေးလိုက်လျှင် ပို၍ အားကောင်းလာနိုင်သည်။

“ဒါပေမဲ့ ကျန်တဲ့လူတွေကို ဘယ်လိုပြောမှာလဲ”

မျိုးနွယ်၏ တပည့်များအနေနှင့် ရှီမာရှင်းရှူးကို တစ်ကောင်ပေးလိုက်ပါ က တခြားသူများ သဘောတူမည်မဟုတ်ပေ။

“လူငယ်မျိုးဆက်တွေကို ဘာလို့ ပြိုင်ပွဲမလုပ်ခိုင်းရမှာလဲ နောက်ဆုံး အနိုင်ရသူကို စာချုပ်တည်ထောင်ခိုင်းမယ်”

“ဘိုးဘိုးကြီး ဘိုးဘိုးဦးကြီး ဒီဝီညာဉ်သားရဲက အဲလောက်အားမကောင်း ဘူး ရှင်းရှူးကိုပေးလိုက်ရင် လျစ်လျူရှုသလိုဖြစ်သွားမယ်” ရှီမာယူယူ ပြော လိုက်သည် “မျိုးနွယ်ထဲက ကျပန်းရှာပြီးသာ စာချုပ်တည်ထောင်ခိုင်းလိုက်ပါ”

ကျပန်းရှာရမယ်ဟုတ်လား။

ရှေးဟောင်းဝိညာဉ်သားရဲက ဝိညာဉ်သခင်တစ်ယောက်အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ သူမသိရဲ့လား။ အထူးသဖြင့် ဝိညာဉ်သိုင်း တွေကျင့်ကြံနေတဲ့သူတွေအတွက် ရှေးဟောင်းဝိညာဉ်သားရဲရှိတာက အရမ်း ကို ကြီးမားတဲ့အထောက်အကူပဲ။

“ဘိုးဘိုးကြီးတို့ စိတ်ချပါ ဒီတစ်ကောင်အပြင် တခြားအကောင်တွေလည်း ရှိသေးတယ် ရှင်းရှူးတို့ကို ပိုပြီးအားကောင်းတဲ့သားရဲ သေချာပေါက်ပေးပါ မယ်” ရှီမာယူယူ ပြောလိုက်သည်။

“တစ်ကောင်မကဘူးရှိတာလား”

“ဟုတ်တယ် အခုလေးတင်ပြောလိုက်တာမဟုတ်ဘူးလား သမီးမှာ အများကြီးရှိတယ်” ရှီမာယူယူ ပြောလိုက်သည်။

“အများကြီးဟုတ်လား ဘယ်နကောင်ရှိတာလဲ” ရှီမာကျိယွင်နှင့်တခြား သူများသည် အသက်ရှုရန်ပင်မေ့ကာ သူမကို ငေးငိုင်စွာကြည့်ကြလေသည်။

ရှီမာယူယူသည် ယေဘုယျရေတွက်ကာ ပြောလိုက်သည် “ထောင်ချီ တော့ရှိတယ် ပင်တိုင်တပည့်တွေတော့ တစ်ကောင်စီရလောက်တယ်”

“ဘယ်လောက်တောင်”

ထောင်ချီဟုတ်လား။ သူတို့ ထူးခြားဆန်းကြယ်တဲ့ ကမ္ဘာထဲရောက် သွားတာလား။ သူမမှာ ဘယ်လိုလုပ် ရှေးဟောင်းဝိညာဉ်သားရဲကို ထောင်ချီရှိ နိုင်ရတာလဲ။

သူတို့တွင်သာ စွမ်းအင်ရှိကြပါက သူတို့က အပျော်လွန်ရမှာမဟုတ်ဘူး လား။

ဟွမ်ရင်ရင်၏ ရင်ခွင်ထဲမှ သူမကို သရဲတစ်ကောင်သဖွယ်လားဟု ကြည့် နေသည့် သူတို့အမူအရာကို ရှီမာယူယူသိသဖြင့် ပြောလိုက်သည် “သမီးမှာ ထောင်ချီရှီပါတယ် နှစ်ထောင် သုံးထောင်လောက်တော့ဖြစ်မယ်”

သူမ၏ ဝိညာဉ်စေတီအတွင်းတွင် နှစ်ထောင် သုံး‌ထောင်ထက် များနိုင် သည်ဟု သူမ ခံစားရသည်။ သို့သော် သူမ ဂဏန်းကိုသာတိုးလိုက်ပါက သူတို့ မခံနိုင်မည်ကို စိုးရသည်။

နောက်ဆုံးမှ လိုအပ်လာရင်တော့ သူမ သူတို့ကိုပြောလိုက်တော့မယ်။

ထိုအရာနှင့်ပင် သူတို့သည် အလွန်အံ့ဩနေပြီဖြစ်သည်။ သူတို့သည် ပါးစပ်ဟပြီး တစ်စုံတစ်ရာပြောချင်သော်လည်း အသံပင်ထွက်မရပေ။

ဒီအခွင့်ရေးရတယ်ဆိုတာ ခုနကသူမပြောလိုက်တဲ့ဟာလား။ သူမလို ရက်ရောတတ်လွန်းတဲ့လူမရှိနိုင်လောက်တော့ဘူး။

အတန်ကြာပြီးနောက်တွင် သူတို့သည် သတင်းကိုကြေညက်သွားကာ ပြောလိုက်သည် “သမီးမှာအဲလောက်အများကြီးရှိရင် အဆင့်အတန်းက မြင့်သွားမှာပဲ”

“ဟုတ်တယ် ဒါပေမဲ့ ထိန်းကျောင်းမှုလုပ်ငန်းစဉ်က တကယ်ပဲ ခေါင်းကိုက်စရာပဲ” ဟွမ်ရင်ရင် မျက်မှောင်ကြုတ်လေသည်။ ရှီမာယူယူ၏ စိတ်စွမ်းအင်သည် အလွန်အားကောင်းသည်။ ထိုအရာကို လူတိုင်းသိကြသည်။ သို့သော် သူမသည် တစ်ကောင်ကို အောင်မြင်စွာထိန်းကျောင်းနိုင်ရန် စွမ်းအား များစွာသုံးခရသည်။ သူမသာ အနည်းငယ်ပိုပြီးအားကောင်းသည့် သားရဲနှင့် တွေ့လျှင် ပိုပြီးခက်ခဲမသွားပေဘူးလား။

ထို့အပြင် သူမ၏အင်ပါယာသားရဲကျမ်းတစ်ခုတည်းနှင့်သာ ထိန်းကျောင်းရန် ဖြစ်နိုင်သည်။ အင်ပါယာသားရဲကျမ်းကို ပိုင်နိုင်သူ သားရဲ ထိန်းကျောင်းသူ အရေအတွက်ကိုလည်း သူတို့သိထားသည်။

“အင်ပါယာသားရဲကျမ်းကို သင်ဖို့ သားရဲထိန်းကျောင်းသူသခင်တွေ ပိုရှာရတော့မယ်ထင်တယ်၊ သူတို့ မျိုးနွယ်ကို သစ္စာရှိပါ့မယ်လို့ ကျိန်ဆိုရင် သူတို့ မဖော်သရွေ့တော့ အဆင်ပြေတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဒီနေ့အထိကတော့ အဲဒါပဲလုပ်နိုင်မှာပဲ” ရှီမာဟော်ရွှမ်း အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။

သူတို့ မကိုင်တွယ်နိုင်လောက်အောင် ရတနာအများအပြားရလိုက်သည် မှာ ယခုအခါပထမဆုံးအကြိမ်ဖြစ်သည်။

“ဘိုးဘိုးကြီး ဝူလင်းယူနဲ့ သမီးက နည်းနည်းထိန်းကျောင်းနိုင်တယ်၊ ကျန်တာကိုတော့ ဘိုးဘိုးကြီးတို့ကိုပဲ အပ်ထားလိုက်တော့မယ်” ရှီမာယူယူ သည် ပြောရင်းနှင့် လက်ဝှေ့ယမ်းလိုက်ရာ ရှေးဟောင်းဝိညာဉ်သားရဲတချို့ ထွက်ပေါ်လာသည် “ဒါတွေနဲ့အရင်စမ်းကြည့်ပါဦး မလုပ်နိုင်ဘူးဆိုရင် ရွေးချယ်စရာမရှီ ကိုယ့်ဘာသာပဲ အချိန်သုံးပြီးလုပ်ရတော့မှာပေါ့”

“ဟုတ်ပြီ”

ရှီမာကျိယွင်နှင့် တခြားသူများသည် သူမ မည်သို့လုပ်မည်ကို သိချင် သော်လည်း မပြောပြသဖြင့် သူတို့နှိုက်ချွတ်မမေးတော့ပေ။

“သမီးအရင်ပြန်လိုက်ပါဦးမယ် နောက်ကျရင် တံခါးပိတ်ကျင့်ကြံမှာ၊ အပြင်ကကိစ္စတွေကို သတိရှိရှိထားဖို့ ကူညီပေးကြပါဦး” ရှီမာယူယူ ပြောပြီး နောက်တွင် ခြံဝန်းဆီသို့ ပြန်သွားလိုက်သည်။

ဝူလင်းယူသည် သူမ ဖြူဖျော့သောမျက်နှာဖြင့် ပြန်လာသည်ကိုမြင် သောအခါ မပျော်ရွှင်စွာဖြင့် မျက်မှောင်ကြုတ်လေသည်။

“ကိုယ့်ကိုယ်ကို ထိမယ့်ကိစ္စကိုထပ်လုပ်ပြန်ပြီလား”

သူသည် သူမကိုတွဲပြီး အိမ်သို့ပြန်ကာ အိပ်ရာဘေးသို့ခေါ်သွားလိုက် သည်။ သူသည် သူမကို လှဲမအိပ်ခိုင်းဘဲ သူ့ရင်ခွင်တွင်ပွေ့ဖက်ကာ သူ့ဆီမှ ရေခဲအေးရောင်ဝါကို ထုတ်လွှတ်ပေးလိုက်သည်။

***

All Chapters