ဆွဲဆောင်မှုရှိခြင်းနှင့် နူးညံ့ခြင်း
Vol. 110 Ch. 1527
ရှီမာယူယူသည် သက်တောင့်သက်သာ အနေအထားဖြင့် လှဲလိုက်သည်။ သူမ ပြောလိုက်သည် “ညီမအဆင်ပြေပါတယ် နည်းနည်းပင်ပန်းသွားတာပါ”
ဝူလင်းယူသည် သူမနဖူးပေါ်လက်တင်လိုက်ရာ ရှီမာယူယူသည် ဦးခေါင်း အတွင်းသို့ နွေးထွေးသောစွမ်းအင်ဝင်သွားသည်ကို ခံစားရသည်။ သူမ၏ ပင်ပန်းနွမ်းနယ်မှုသည် ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းထိ ကျဆင်းသွားသည်။
“လင်းယူက ဆေးတွေထက် သက်ရောက်မှုပိုတာပဲ” ရှီမာယူယူသည် သက်တောင့်သက်သာဖြစ်သွားကာ သူ့ရင်ခွင်ထဲတွင် လှိမ့်လိုက်သည်။
“မင်း ဒါမျိုးထပ်လုပ်မယ်ဆိုရင် ကိုယ်မင်းကို ဂရုမစိုက်တော့ဘူး” ဝူလင်းယူသည် မည်းနက်သော မျက်နှာဖြင့် ပြောလေသည်။
“ညီမကို ဂရုမစိုက်ဘူးဆိုတာတော့ မဖြစ်နိုင်ပါဘူး” ရှီမာယူယူသည် လက်ဆန့်ကာ သူ့မေးကို ပွတ်သပ်ပြီးမေးလိုက်သည် “အစ်ကိုကဘယ်တော့ ပြန်ရမှာလဲ”
ပညာရှိစံအိမ်တော်မှလူများ ထွက်မလာနိုင်ပါက အသက်ရှင်ကျန်ရစ်သူ သည် အဖြစ်အပျက်ကို အနည်းနှင့်အများပြောပြလိမ့်မည်။ သူတို့သာ အသက် ရှင်နေပါက ပြန်သွားမည်ဖြစ်ပြီး သူလည်း ပြန်သွားပြီးကြည့်ပေးရမည်။ သူမ သူ့ကို လွှတ်မပေးချင်သော်လည်း ဆွဲထား၍မရပေ။
“မင်းအဆင်ပြေလားဆိုတာ သေချာအောင်ကြည့်ပြီးမှ ပြန်မယ်” ဝူလင်းယူ ပြောလိုက်သည်။
“ညီမအဆင်ပြေပါတယ်၊ သားရဲထိန်းကျောင်းဖို့ စွမ်းအင်နည်းနည်းသုံး လိုက်ရုံတင်ရယ်၊ ဒါပေမဲ့ နောက်ဆုံးကျလည်း ညီမကိုမနိုင်နိုင်ဘူးလေ” ရှီမာယူယူ ပြောလိုက်သည် “ရှေးဟောင်းဝိညာဉ်သားရဲတွေကို ထိန်းကျောင်းရ တာကို ကိုယ့်ကိုယ်ကိုလည်း ပိုသန်မာလာစေတယ်ဆိုတာ သိလိုက်တယ်၊ ညီမ သာ ရှေးဟောင်းဝိညာဉ်သားရဲအကုန်လုံးကို ထိန်းကျောင်းလိုက်ရင် အဆင့် တောင်တက်လာနိုင်တယ်”
“ဒါဆိုရင် နောက်နှစ်နည်းနည်းလောက်တော့ ဘာမှလုပ်ရမှာမဟုတ်ဘူး” ဝူလင်းယူ ပြောလိုက်သည်။
“အမှန်ပဲ…” ရှီမာယူယူသည် အနည်းငယ်ပိုကောင်းလာသည် “ဒါပေမဲ့ မျိုးနွယ်ပိုသန်မာလာဖို့အတွက် အဲဒီဝိညာဉ်သားရဲတွေကို မြန်မြန်ထိန်းကျောင်း ရမယ်”
“မင်းက ဒီဝန်ထုတ်ဝန်ပိုးကြီးကို ကိုယ့်ဘာသာယူနေတယ်ဆိုတာ အခုမှ သိတယ်” ဝူလင်းယူသည် သူမပါးပြင်ကို ဆိတ်ပြီး သူမထိုသို့လုပ်သည့်အတွက် အနည်းငယ် ဒေါသထွက်နေသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ညီမကိုလည်း အကျိုးရှိစေတယ်လေ” ရှီမာယူယူ ရှင်း ပြလိုက်သည် “ရှေးခေတ်က ဝိညာဉ်စွမ်းအင်ကို ညီမရနိုင်သလို စိတ်စွမ်းအားကို လည်း ပိုသန်မာစေတယ်၊ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်မှန်တာပဲ”
“အားက ဖြည်းဖြည်းနဲ့တိုးလာမှာပဲ၊ မင်းရဲ့အုတ်မြစ်ကို ထိခိုက်သွားရင် နောင်တစ်ချိန် ကြီးထွားမှုကို သက်ရောက်လိမ့်မယ်” ဝူလင်းယူ ကြိမ်းမောင်း လေသည်။
“သိပါတယ် အဲဒါကြောင့်ပဲ အကုန်လုံးကို မလုပ်ဖို့စဉ်းစားနေတာ” ရှီမာယူယူသည် သူ့လေသံအတိုင်းလိုက်ပြောလေသည် “ဘိုးဘိုးကြီးတို့ကို သားရဲထိန်းကျောင်းသူတွေ ထပ်ပျိုးထောင်ဖို့ပြောထားတယ် ဒါကိုနောက် နှစ်နှစ်အတွင်းဖြေရှင်းရမယ်”
နှစ်နှစ်… သူသည် သေချာပေါက် သူမဘေးတွင် ကြာရှည်စွာ နေမပေး နိုင်ပေ သို့သော် သူမ၏ ဝန်ထုတ်ဝန်ပိုးများကို အကောင်းဆုံးလျော့ချပေးနိုင် သေးသည်။
သူသည် အားကောင်းကာ အင်ပါယာသားရဲကျမ်းကို တတ်ကျွမ်းမှုမှာ လည်း ပြိုင်ဘက်ကင်းသည်။ သူ၏ အကူအညီနှင့်ဆိုလျှင် ပန်းခြံထဲ လမ်းလျှောက်ထွက်ရသလို လွယ်ကူမည်။
ဝူလင်းယူသည် သူမ၏ ခေါင်းကိုဆုပ်ကိုင်ပြီး သူမနှုတ်ခမ်းများကို ဖျက်ဆီးလိုက်သည်။
“လက်စားချေတာ” သူသည် သူ့နှုတ်ခမ်းသူသပ်လိုက်သည်။
ရှီမာယူယူ၏နှုတ်ခမ်းများသည် သူကိုက်ထားခြင်းကြောင့် နီရဲကာ ဖူးယောင်ပြီး ဆွဲဆောင်သလိုပင် ဖြစ်နေသည်။
“အစ်ကိုလုပ်သလို ဘယ်သူလုပ်မှာလဲ” သူမသည် နီရဲနေသော နှုတ်ခမ်း ကိုဆူကာ သူ့ကိုကြည့်လိုက်သည်။
“နောက်ပိုင်း ကိုယ်တစ်ကောင် ထိန်းကျောင်းပြီးတိုင်း ဆုရရမယ်” ဝူလင်းယူသည် သူမ ကန့်ကွက်သည်ကို ဂရုမစိုက်ပေ။
“နှာဘူး လူမိုက်ကြီး” ရှီမာယူယူသည် လက်ဆန့်ပြီးသူ့ကိုရိုက်မည်ပြု သော်လည်း သူသည် သူမလက်ကိုဖမ်းပြီး အားအပြည့်ဖြင့်ဆွဲလိုက်ရာ သူမ သည် သူ၏ရင်ခွင်ထဲသို့လဲကျသွားတော့သည်။
“ကိုယ့်ကို နှာဘူးလူမိုက်ကြီးလို့တောင် ခေါ်နေပြီ အဲတော့ ကိုယ် တကယ့် လူမိုက်ကြီးဖြစ်မလာရင် မင်းကိုဘယ်လိုကိုင်တွယ်လို့ရတော့မှာလဲ” ဝူလင်းယူ သည် သူမကိုဖက်ထားပြီး သူမနှုတ်ခမ်းများအပေါ်တွင် ကြာရှည်စွာရှိပြီး သူမ၏ ပါးပြင်ဆီသို့ရွှေ့သွားကာ နောက်ဆုံးတွင် သူမ၏ နားရွက်များကို ကိုက်လိုက် သည်။
“အာ…”
သူမ နှုတ်ခမ်းများအပြင် တခြားနေရာသို့ အကိုက်ခံရသည်မှာ ပထမဆုံး အကြိမ်ဖြစ်ကာ နားသီးများတွင်လည်း နွေးထွေးမှုများဖြစ်သွားကာ တစ်ကိုယ် လုံး တုန်ယင်သွားစေသည်။ ထိုအရာသည် သူမကိုယ်တွင်းကို ရူးသွားစေ လောက်ကာ အပြင်သို့ပေါက်ကွဲထွက်ချင်မိသည်။
သူမ လက်များသည် မသိစိတ်မှ ဝူလင်းယူ၏ လည်တိုင်ကို တင်းကြပ်စွာ သိုင်းဖက်ထားပြီး ဆွဲလိုက်ရာ သူတို့နှစ်ယောက်သည် ပို၍ပင်နီးကပ်သွားသည်။
ဝူလင်းယူ၏ အစိတ်အပိုင်းတစ်ခုစီသည် သူမ၏ တုံ့ပြန်မှုကြောင့် စိတ်လှုပ်ရှားနေကာ သူ့ခန္ဓာကိုယ်သည် ချုပ်ထားခြင်းကိုဖြည်လျော့ကာ လွတ်လပ်ရန် ရုန်းနေမိသည်။
“မလုပ်နဲ့…” သူမသည် တိုးညင်းသောအသံဖြင့် ပြန်တိုက်ခိုက်သည်။ သို့သော် သူမ၏ နူးညံ့သောအသံလေးသည် သူ့နားရွက်တွင် ဖိတ်စာတစ်စောင် လိုပင်။
ထိုအခိုက်တွင် အခုလို အောင့်အီးမထားရဘဲ သူမကိုပိုင်ဆိုင်နိုင်မည့် အခွင့်အရေးဖြစ်သည့် လက်ထပ်မထားရသည်ကို သူ မုန်းမိသည်။
သူသည် သူမကိုလွှတ်ပေးပြီး သူမမျက်နှာများသည် နီရဲနေသည်မှာ ကျက်နေသည့်ပုစွန်အတိုင်းပင်။ သူမ၏ ရှက်ရွံ့သောအကြည့်သည် သူ့ကို မသိမသာတုန်ယင်နေသည်။
သူသည် သူမလည်တိုင်အနားတွင် ခေါင်းမှီကာ ရေရွတ်လိုက်သည် “ကိုယ်တို့ ဘာလို့စောစောလက်မထပ်နိုင်ရတာလဲ…”
ရှီမာယူယူ မှင်တက်မိသည်။
စောစော လက်ထပ်မယ်ဟုတ်လား။ သူမလည်း သူ့ကိုအမြန်လက်ထပ် ချင်ပေမဲ့ သူမမိခင်ကို ရှာမတွေ့ခင် လက်ထပ်ရမယ်လို့ တစ်ခါမှမတွေးဖူးဘူး။
ဝူလင်းယူသည် သူမ စိတ်အခြေအနေပြောင်းသွားသည်ကို အာရုံခံ မိသဖြင့် ပြောလိုက်သည် “ထားလိုက်ပါတော့၊ ကိုယ်ဒီအတိုင်းကြုံရာပြောလိုက် တာ မင်းအရင်နားလိုက်ဦး ခဏလောက်သွားလိုက်ဦးမယ်”
သူသည် သူမကို အိပ်ရာပေါ်တင်ပေးလိုက်သည်။
“ဘယ်သွားမလို့လဲ” ရှီမာယူယူသည် သူ့လက်ကိုဆွဲလိုက်သည်။ သူဒေါသ ထွက်သွားမည်ကို သူမ ကြောက်သည် “ညီမ… ညီမက အမေဒီမှာမရှိလို့ သူမ ဒုက္ခခံနေရချိန်ကို လက်မထပ်ချင်လို့ပါ”
ဝူလင်းယူသည် သူမလက်ကိုပုတ်ပြီး ပြောလိုက်သည် “ကိုယ်အပြင်ကို သွားပြီး ကိစ္စတချို့ကိုသွားစီစဉ်မလို့ပါ ကိုယ်ဒီမှာဆက်နေရင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တော့မှာမဟုတ်ဘူး”
“အစ်ကို စိတ်တိုသွားတာမဟုတ်ဘူးပေါ့”
“မဟုတ်ပါဘူး” ဝူလင်းယူသည် ပြန်ထိုင်ကာ သူမနဖူးပေါ်အနမ်းခြွေ လိုက်သည် “မင်းစိတ်ကို ကိုယ်သိပါတယ် မင်းရဲ့ဆန္ဒကိုလည်း လေးစားပါ တယ် အဲဒါကြောင့်ပဲ ကိုယ်အခုလုပ်နိုင်တာက တစ္ဆေလောကကို အမြန်ဆုံးသွား ပြီး မင်းအမေကို မြန်မြန်ကယ်ဖို့ပဲ မင်းအမေကိုရှာတွေ့တာနဲ့ လက်ထပ်ခွင့် တောင်းပြီး မိသားစုတည်ဆောက်မယ်”
“ဟား”
ရှီမာယူယူသည် သူ၏ အပြုအမူကိုမြင်သည်နှင့် ရယ်မောပြီးပြောလိုက် သည် “ဒါဆိုလည်း သွားလေ”
သူမ၏ ပြုံးနေသောမျက်လုံးများသည် သူ၏ ခံစားချက်ကိုရိုက်ခတ်နေ သဖြင့် သူမ နှာခေါင်းကိုလက်ဖြင့်ကွေးချိတ်ပြီး မတ်တတ်ရပ်ကာ ထွက်သွား လေသည်။
ရှီမာယူယူသည် သူထွက်သွားသည်ကိုကြည့်ပြီး အပြုံးမှာ ပိုပိုကြီးလာ သည်။ အစောပိုင်းက သူမ၏ တုံ့ပြန်မှုကိုစဉ်းစားမိပြီး စောင်ကိုင်ကာ ခေါင်းမြီး ခြုံလိုက်သည်။ ခဏအကြာတွင် ရယ်မောသံများထွက်လာသည်။
ဝူလင်းယူသည် သူမ အိမ်မှထွက်သွးသည်နှင့် လူမရှိသည့်နေရာရှာပြီး သူ့လူများနှင့် ဆက်သွယ်လိုက်သည်။
“သခင်”
“ပညာရှိစံအိမ်တော်မှာ ဘယ်လိုနေလဲ” ဝူလင်းယူ မေးလိုက်သည်။
“ရှေးဟောင်းသတ္တုတွင်းကို ပို့လိုက်တဲ့လူတွေ ပြန်မလာကြဘူး စံအိမ်တော်သခင်က ဒေါသထွက်နေပါတယ်”
“ဒီအတိုင်းအသုံးမကျတဲ့လူတစ်စုပဲ တစ်ယောက်မှတောင် ပြန်မလာနိုင် ကြဘူး” ဝူလင်းယူ နှာရှုတ်လေသည် “ငါ ရှေးဟောင်းသတ္တုတွင်းမှာ ပိတ်မိနေ တယ်လို့ သတင်းပို့လိုက်”
“ဟုတ်ကဲ့ပါ သခင်”
နောက်ပိုင်းတွင် သူသည် နောက်တစ်ဖွဲ့ကိုဆက်သွယ်ပြီး တစ္ဆေလောက ကိစ္စများကို စီမံလေသည်။
သူသည် ခဲ့လော့ကို အမြန်ရှာတွေ့ချင်သည်။ မဟုတ်လျှင် သူ၏ နာကျင် မှုသည် ကြီးမားလှသည်။
သူ့ခန္ဓာကိုယ်မှာ တည်ငြိမ်သွားသော်လည်း နှလုံးသားကတော့ မငြိမ်သေး ပေ။ အတန်ကြာအောင်စောင့်ပြီးနောက်တွင် သူပြန်သွားလိုက်သည်။
ထိုအခိုက်တွင် ရှီမာချင်းသည် သားရဲထိန်းကျောင်းကွင်းသို့ သွားရာ ရှေးဟောင်းဝိညာဉ်သားရဲ ကျောက်ရုပ်ထုများနှင့်အတူ မြေပြင်တွင် မေ့လဲနေ သောလူတစ်စုကိုတွေ့လိုက်ရသည်။
“ဒါတွေအကုန်လုံး ယူယူ ယူလာတဲ့ဟာတွေလား” ရှီမာချင်း မေးလိုက်သည်။
***