← Chapters

သစ္စာဆိုခြင်း၊ ထာဝရသစ္စာခံယူခြင်း

Vol. 110 Ch. 1528

သစ္စာဆိုခြင်း၊ ထာဝရသစ္စာခံယူခြင်း

Vol. 110 Ch. 1528

ရှီမာချင်းသည် ထိုပျော်ရွှင်မှုကို မမျိုသိပ်နိုင်ပေ။ တစ်ချိန်တည်းမှာပင် အနည်းငယ် ဝမ်းနည်းမှုကို ပြသလေသည်။

သူတို့သည် ထိုနှစ်များအားလုံးတွင် မျိုးနွယ်အင်အားကြီးမားလာစေရန် အတွက် ကြိုးစားခဲ့ကြသည်။ သူတို့သည် ပင်ပန်းစွာဖြင့်လုပ်ခဲ့ကာ ဒုက္ခများစွာ လည်းခံစားခဲ့သည်။ သို့သော် ရလဒ်ကောင်းထွက်မလာပေ။

သို့သော် ရှီမာယူယူ ပြန်လာသည်မှာ နှစ်နှစ်မျှသာရှိသေးသော်လည်း ကောင်းကင်ကို ဆန့်ကျင်လောက်သည့် အပြောင်းအလဲကို မျိုးနွယ်ဆီသို့ ပေးခဲ့ သည်။ မျိုးနွယ်သည် သူ့မျက်စိရှေ့တွင်ပင် တစ်နေ့ထက်တစ်နေ့ ကြီးထွားလာ သည်။ ထိုအရာနှင့်ယှဉ်လျှင် နှစ်ပေါင်းများစွာသည် အလဟသဖြစ်ခဲ့သည်။

“ဘိုးဘေးကြီး စိတ်ညစ်ဖို့မလိုပါဘူး၊ ကျွန်တော်တို့ကံမကောင်းသေးလို့ ရှီမာမျိုးနွယ်ကို တိုးတက်အောင်လုပ်ဖို့ မလုံလောက်သေးတာကိုပြခဲ့တာပါ ဒါပေမဲ့ အခု ကောင်းကင်ကကံရနေပြီဆိုတော့ အဲဒါကိုစိုးရိမ်ဖို့မလိုတော့ပါဘူး” ရှီမာဟော်ရွှမ်း ပြောလိုက်သည်။

“ဘယ်သူတွေ ဘယ်လောက်ပဲအားထုတ်ထုတ် မျိုးနွယ်အောင်မြင်ရင် ဖြစ်ပြီ” ရှီမာကျိယွင် ရယ်မောလေသည်။ သူသည် အစပိုင်းတွင် စိတ်ဓာတ်ကျ နေသည်။ သို့သော် စဉ်းစားကြည့်ရာ ရှီမာယူယူသည် သူ၏မြေးမလေးဖြစ်ကာ မျိုးနွယ်ကို ပြန်လည်တောက်ပစေရန် ဦးဆောင်နေသည်။ ဘာများကွာခြားသွား လို့လဲ။

“အခုတော့ ဒီသတင်းမထွက်အောင် ဖုံးဖိထားကြ၊ တခြားသူတွေသိသွား ရင် မျိုးနွယ်ကို ဘေးကပ်ဆိုးပဲယူလာပေးလိမ့်မယ်၊ ဟူး ဒီမိန်းကလေးပြန်လာ ပြီးတော့ သူမ ယူလာတဲ့ပစ္စည်းတွေက ဘယ်ဟာကရတနာမဟုတ်တာရှိလဲ” ရှီမာချင်း သက်ပြင်းချလိုက်သည်။

“အချိန်တစ်ခုတော့ သူတို့ကိုဘယ်သူ့ကိုမှ စာချုပ်မတည်ထောင်ခိုင်းဘူး လား”

“အင်း နောက်ထပ်နည်းနည်းထိန်းကျောင်းပြီးတဲ့အထိစောင့်လိုက်၊ အဲဒီ ကလေးပြောသလိုပဲ ပိုအားကောင်းတဲ့သားရဲမဟုတ်ရင် သာမာန်အရည်အချင်း ရှိတဲ့မျိုးနွယ်ဝင်ကို စာချုပ်တည်ထောင်ခိုင်းလိုက်”

“နားလည်ပါပြီ”

‌နောက်တွင် မျိုးနွယ်၏ သားရဲထိန်းကျောင်းသူသခင်များကို သားရဲ ထိန်းကျောင်းမှုကွင်းသို့ ခေါ်လိုက်ကြသည်။ ထိုရှေးဟောင်းဝိညာဉ်သားရဲများ ကို တစ်နေရာတွင် ပိတ်ထားသည်။

ရှီမာမျိုးနွယ်တွင် သားရဲထိန်းကျောင်းသူသခင် အယောက် ၅၀ ဝန်းကျင် ရှိရာ အရေအတွက်များသည်ဟု သတ်မှတ်၍ရသည်။ သာမာန်စွမ်းအားရှိသူမှာ အယောက် ၃၀ မှ ၄၀ အတွင်းရှိသည်။

သူတို့အထဲတွင် ၅ ယောက်မှ ၆ ယောက်သည် အင်ပါယာသားရဲကျမ်းကို ကျေညက်ပြီးဖြစ်ကာ လုပ်ငန်းစဉ်အသေးများကိုပါ လုပ်နိုင်ပြဖြစ်သည်။

“မိသားစုခေါင်းဆောင် ဒီမှာကျွန်တော်တို့ အကုန်လုံးကို စုရတဲ့ အကြောင်းအရင်းရှိလား” လူတစ်ယောက် မေးလိုက်သည်။

“အင်း” ရှီမာကျိယွင်သည် သူတို့ကိုကြည့်ပြီးပြောလိုက်သည် “မင်းတို့ထဲ မှာ တစ်ဝက်က ငါတို့မျိုးနွယ်ရဲ့တပည့်ဖြစ်နေပြီး ကျန်တဲ့သူတွေက တခြား နေရာကနေ ခေါ်လာတာပဲ၊ ငါတို့ ဒီလိုပြောပေမဲ့ မင်းတို့ကို အပြင်လူလို တစ်ခါ မှ မဆက်ဆံဖူးဘူး”

“ကျွန်တော်တို့ တန်ဖိုးကိုအသိအမှတ်ပြုပေးပြီး အလုပ်ခန့်ပေးတဲ့ အတွက် ခေါင်းဆောင်ကို အမြဲတမ်းကျေးဇူးတင်နေတာပါ” သူတို့လူတစ်စု ပြန် ဖြေလေသည်။

ရှီမာကျိယွင် ခေါင်းညိတ်ပြီး ပြောလိုက်သည် “အခု မင်းတို့ရှေ့မှာ အရမ်း ကိုကြီးတဲ့ အခွင့်အရေးကြီးရောက်လာပြီးတော့ မင်းတို့ဆုံးဖြတ်ချက်ကို စောင့် နေပြီ”

“ဘာလဲ”

“ဒီအခြေအနေက အရမ်းကိုအရေးကြီးလို့ သတင်းမပြန့်စေရဘူးလို့ သစ္စာဆိုဖို့လိုတယ်၊ ပြီးတော့ မျိုးနွယ်ကိုသစ္စာဖောက်တဲ့ကိစ္စမျိုး လုံးဝမလုပ်ရ ဘူး၊ ရှီမာမျိုးနွယ်ကို သစ္စာခံယူရမယ်” ရှီမာကျိယွင် ပြောလိုက်သည် “သေချာ တာပေါ့ ဒါက ကိုယ့်အလိုကျပဲ မင်းတို့ သစ္စာမဆိုဖို့ ရွေးလို့ရတယ် ဒါပေမဲ့ အဲလိုဆိုရင် ငါတို့မျိုးနွယ်မှာ ဆက်နေလို့မရတော့ဘူး ဒါပေမဲ့ တခြားမျိုးနွယ် ဒါမှမဟုတ် ဂိုဏ်းတစ်ခုခုကို အကြံပြုပေးနိုင်တယ်”

“ခေါင်းဆောင် ကျွန်တော်တို့ သစ္စာဆိုဖို့ဆန္ဒရှိပါတယ်” ရှီမာမျိုးနွယ်မှ မျိုးနွယ်ဝင်များသည် သစ္စာရှိမှုကို ပထမဆုံးဖော်ပြကြသည်။

သူတို့သည် မျိုးနွယ်မှလူများဖြစ်ကာ သစ္စာဆိုလိုက်လျှင်လည်း ပြောင်းလဲ မှုမရှိပေ။

သို့သော် ထိုသားရဲထိန်းကျောင်းသူသခင်များသည် ရှီမာမျိုးနွယ်မှမဟုတ် ကြသဖြင့် တုံ့ဆိုင်းနေကြသည်။ အများဆုံးတော့ သူတို့သည် လှည့်လည်သွား လာသူများဖြစ်ကြသည်။ သူတို့သည် ရှီမာမျိုးနွယ်ဝင်များမဟုတ်ကြပေ။ သို့သော် သူတို့သာ သစ္စာဆိုလိုက်ပါက ရှီမာမျိုးနွယ်ဝင်ကဲ့သို့ ဆက်ဆံခံရမည် ဖြစ်သည်။

ရှီမာမျိုးနွယ်သည် သူတို့ကိုကောင်းမွန်စွာ ဆက်ဆံသော်လည်း ထို အကြောင်းအရင်းသည် သူတို့ ဤနေရာတွင် ကိုယ်သူတို့ ချည်နှောင်ထားရန် မလုံလောက်သေးပေ။

ထို့အပြင် သူတို့ပြောသည့် အခွင့်အရေးဆိုသည်မှာလည်း အမှန်တကယ် ကောင်းသည့် အခွင့်အရေးဟုတ်မဟုတ်ကို မသိသေးပေ။

သည်လိုနှင့် ခဏကြာစဉ်းစားပြီးနောက်တွင် သားရဲထိန်းကျောင်းသူ သခင် လေးယောက်သည် ထရပ်ကာ ထွက်သွားကြသည်မှာ သူတို့သည် ထွက် သွားရန်အလိုရှိသည်ကို ညွှန်ပြနေသည်။ သူတို့ဘာသာထွက်သွားသဖြင့် ရှီမာ မျိုးနွယ်သည် သူတို့ကို တခြားနေရာများကို လက်လွှဲပေသည်။

ခက်ခဲပင်ပန်းသည့် နှစ်ပေါင်းများစွာကျော်လွန်ပြီနောက် အင်ပါယာ သားရဲကျမ်းကို တခြားသူများဆီသို့ အသိပေးလိုက်ချိန်တွင် ထိုထွက်သွားသော သားရဲထိန်းကျောင်းသူသခင် လေးယောက်သည် မျက်စိမှောက်သွားသည့် အတွက် နောင်တရကာ ရှီမာမျိုးနွယ်ကို မရွေးခဲ့သည့်အတွက် သူတို့ကိုယ်သူတို့ ရိုက်ချင်စိတ်ဖြစ်လိမ့်မည်။

“မင်းတို့က နေဖို့ရွေးချယ်လိုက်ပြီဆိုတော့ ရှီမာမျိုးနွယ်ကို သစ္စာရှိရ တော့မယ်၊ အဲလိုဆိုရင် ရှီမာမျိုးနွယ်က မင်းတို့ကို ပစ်မထားဘူး၊ ခဏနေရင် မင်းတို့ရွေးလိုက်တဲ့ ဆုံးဖြတ်ချက်အတွက် သေချာပေါက် ပျော်ရလိမ့်မယ်” ရှီမာကျိယွင် ပြောလိုက်သည်။

ရှီမာမျိုးနွယ်တွင် မွေးဖွားလာသည့်လူများအပါအဝင် တစ်ယောက်ချင်းစီ သည် ရှီမာမျိုးနွယ်ကို ထိခိုက်စေမည့် မည်သည့်အရာမှမလုပ်ပါ၊ သတင်းများ မပျံ့စေပါ၊ ရှီမာမျိုးနွယ်အား ထာဝရသစ္စာရှိပါမည်ဟု သစ္စာခံယူကြလေသည်။

တစ်ယောက်ချင်းစီ သစ္စာဆိုသည်နှင့် ရှီမာကျိယွင် မေးမြန်းလေသည် “သားရဲထိန်းကျောင်းသူသခင် တစ်ယောက်အနေနဲ့ အားအကောင်းဆုံး သားရဲ ထိန်းကျောင်းကျမ်းက ဘာလဲဆိုတာသိလား”

“သိတာပေါ့ အခုတော့ သားရဲထိန်းကျောင်းနည်းတွေ အမျိုးမျိုးရှိပေမဲ့ အားအကောင်းဆုံး သားရဲကျမ်းက ပျောက်ဆုံးနေတာကြတဲ့ အင်ပါယာသားရဲ ကျမ်းပဲ” အကြီးဆုံး သားရဲထိန်းကျောင်းသူသခင် ပြန်ဖြေလေသည်။

“ဒါဆိုရင် မင်းတို့သိလား အင်ပါယာသားရဲကျမ်းက တခြားသားရဲထိန်း ကျောင်းနည်းတွေနဲ့ယှဉ်ရင် ဘာအကျိုးအမြတ်ပိုရှိတာလဲ” ရှီမာကျိယွင် ထပ် မေးပြန်သည်။

“ဘာအကျိုးကျေးဇူးလဲဟုတ်လား” အားလုံးမှင်တက်သွားကြသည် “ခေါင်းဆောင် ကျွန်တော်တို့က အင်ပါယာသားရဲကျမ်းကို တစ်ခါမှမမြင်ဖူးကြ ဘူး၊ မဟုတ်ရင် ဒီလိုပြောရမှာပေါ့ ဒီနေ့အသက်ရှင်နေတဲ့လူတိုင်းက တစ်ခါမှ မမြင်ဖူးကြဘူး၊ အင်ပါယာသားရဲကျမ်းအကြောင်းကို ရှေးဟောင်းစာအုပ်တွေ ထဲမှာပဲ ဖတ်ဖူးတာ၊ ဒါပေမဲ့ ရှေးဟောင်းစာအုပ်တွေက သူ့ရဲ့အကျိုးကျေးဇူးကို မှတ်တမ်းတင်မထားဘူး”

“သားရဲထိန်းကျောင်းသူ သခင်တွေအနေနဲ့ မင်းတို့ရဲ့ စိတ်စွမ်းအားကို ကျင့်ကြံဖို့ အချိန်ပေးရလိမ့်မယ်၊ မင်းတို့က မင်းတို့ရဲ့ဝိညာဉ်စွမ်းအင်ကျင့်ကြံဖို့ တောင်အချိန်မရှိတတ်ကြဘူး၊ အဲဒါကြောင့် မင်းတို့ခန္ဓာကိုယ်က သာမာန် ဝိညာဉ်သခင်တွေထက် အားနည်းကြတယ်” ရှီမာကျိယွင် ပြောလိုက်သည်။

“ခေါင်းဆောင် အလုပ်ကျွမ်းကျင်တဲ့သူတိုင်းက အားနည်းချက်ရှိကြတာ ပဲ” တချို့မှာ သူတို့အားနည်းခြင်းကို အထင်သေးနေသည်ဟု ထင်သဖြင့် ရှင်းပြ ကြလေသည်။

“အခု မင်းတို့ကိုအထင်သေးနေတာမဟုတ်ဘူး” ရှီမာကျိယွင်သည် လက်ကို ဝှေ့ယမ်းပြီး တစ်ဖက်လူ စကားပြောသည်ကို တားပြီးပြောလိုက်သည် “မင်းတို့ ဒီလိုစဉ်စားဖူးလား၊ မင်းတို့ဝိညာဉ်သားရဲထိန်းကျောင်းရင်းနဲ့ ဝိညာဉ် စွမ်းအင်ရလာမယ့်နေ့ရောက်လာမယ်ဆိုရင် ဘယ်လိုဖြစ်မယ်ထင်လဲ”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” သားရဲထိန်းကျောင်းသူသခင် တစ်ယောက် အော်လေသည်။

အဲလိုနည်းလမ်းရှိရင် သားရဲထိန်းကျောင်းသူသခင်တွေက ဘယ်လိုလုပ် အားနည်းတော့မှာလဲ။

“အဲလိုဖြစ်နိုင်ချေရှိတယ်ဆိုရင်ရော” ရှီမာကျိယွင်ပြောလိုက်သည်။

“ခေါင်းဆောင် အင်ပါယာသားရဲကျမ်းက အဲလိုစွမ်းရည်ရှိတယ်လို့ ပြော နေတာလား” လူတစ်ယောက် မေးလိုက်သည် “တကယ်လို့ အင်ပါယာသားရဲ ကျမ်းက အဲလိုတကယ်ပဲဖြစ်နိုင်ရင်ဖြစ်နိုင်လိမ့်မယ် ဒါပေမဲ့ အင်ပါယာသားရဲ ကျမ်းက ပျောက်ဆုံးနေတာနှစ်သောင်းချီနေပြီ”

“တကယ်ပဲ အင်ပါယာသားရဲကျမ်းပဲ” ရှီမာကျိယွင် ပြောလိုက်သည် “အင်ပါယာသားရဲကျမ်းကို သုံးပြီး ဝိညာဉ်သားရဲတွေထိန်းကျောင်းတာက မင်းတို့ ဝိညာဉ်စွမ်းအင်ရစေရုံသာမကဘူး သားရဲတွေ စာချုပ်တည်ထောင် ချိန်မှာလဲ နှစ်ဖက်လုံးက အဆင့်တက်နိုင်တယ်”

“ဘာ….”

သားရဲထိန်းကျောင်းသူသခင်များသည် အလွန်ပင် အံ့အားသင့်သွားကြ လေသည်။ စာချုပ်တည်ထောင်တာနဲ့တင် အဆင့်တက်နိုင်တယ်ဟုတ်လား။

“တကယ်ပဲ သားရဲထိန်းကျောင်းမှု နည်းလမ်းတွေရဲ့ ဘုရင်ဖြစ်ထိုက်ပါ တယ်” လူတစ်ယောက် သက်ပြင်းချလေသည် “ခေါင်းဆောင် အင်ပါယာ သားရဲထိန်းကျောင်းမှုကျမ်းကို ပြောနေတာဆိုတော့ အဲသတင်းကိုရထားလို့ လား”

ရှီမာကျိယွင်သည် ပျဉ်ချပ်အနည်းငယ်ထုတ်ပြီး သားရဲထိန်းကျောင်းသူ သခင်များကို လက်ဆင့်ကမ်းပေးပြီး ပြောလိုက်သည် “မင်းတို့ အံ့ဖွယ်အာရုံနဲ့ ခဏလောက် စစ်ဆေးကြည့်ပါဦး”

တချို့မှာ တွေးထားပြီးဖြစ်သည်။ သို့သော် အင်ပါယာသားရဲကျမ်းကို သူတို့ မျက်စိနှင့် ကိုယ်တိုင်မြင်ရသည်မှာ အလွန်ထိတ်လန့်စရာဖြစ်ပြီး နောက်မှပင် သတိပြန်ဝင်လာကြသည်။

“ခေါင်းဆောင် ဒါကတကယ်ပဲ…”

ပျဉ်ပြားကို ကိုင်ထားသည့် သူတို့လက်များသည် တုန်ယင်နေသည်။

“ဟုတ်တယ် ဒါကအင်ပါယာသားရဲကျမ်းပဲ” သူတို့သည် အလွန်စိတ် လှုပ်ရှားနေရာမှ နောက်ဆုံးတွင် ဟန်ချက်ညီမှုကိုရှာတွေ့သွားသည်ကို ရှီမာကျိယွင် မြင်နေရသည်။ ဟီးဟီး… သူ ပြောခဲ့ပါတယ်… ဒီလူတွေက သူ့ထက်တောင်ပိုပြီး အံ့ဩမှာသေချာပေါက်ပဲလို့။

“ဒါ ကျွန်တော်တို့လေ့လာဖို့လား”

“ဒါပေါ့ မဟုတ်ရင် မင်းတို့ကို ဘာလို့သစ္စာဆိုခိုင်းနေမှာလဲ” ရှီမာကျိယွင် မေးလိုက်သည် “မင်းတို့ သေချာဆုံးဖြတ်ပြီးမှ ဒါကိုသင်ပေးပြီး ဒီအကြောင်း သတင်းထွက်မှာကို တားထားတာပဲ မင်းတို့အတွက် အခန်းပြင်ပြီးပြီ တခြား ကန့်ကွက်စရာရှိသေးလား”

***

All Chapters