စိတ်ပျက်သွားခြင်း
Vol. 110 Ch. 1529
ကန့်ကွက်စရာ ဟုတ်လား။ သူတို့မှာ ဘာကန့်ကွက်စရာရှိသေးလို့လဲ။ သူတို့သာ အင်ပါယာသားရဲကျမ်းကို သင်နိုင်သရွေ့တော့ ဒီမှာအပိတ်ခံရရင် တောင် လိုလိုလားလားပဲ။
ခေါင်းဆောင်ပြောသည့် အခွင့်အရေးဆိုသည်မှာ ထိုအရာကိုပြောလာ လိမ့်မည်ဟု ထင်မထားပေ။ ဒီအကြောင်းကို မသိဘဲ ထွက်သွားသော သားရဲထိန်းကျောင်းသူသခင်များသာ သိလျှင် ဒီလောက်ခိုင်ခိုင်မာမာထွက်သွား ဦးမှာလား။
“ငါတို့မြန်မြန်ပဲ အင်ပါယာသားရဲကျမ်းကို သင်ပြီးတော့ မျိုးနွယ်၏ အား တစ်စိတ်တစ်ပိုင်းဖြစ်လိုက်ကြမယ်”
ထိုသားရဲထိန်းကျောင်းသူ အားလုံးသည် သူတို့၏ သဘောထားကို ပြသ လေသည်။
“ငါ မင်းတို့ကိုယုံတယ် ရှီမာမျိုးနွယ်က သေချာပေါက် မြန်မြန်ပဲတက်သွား လိမ့်မယ်” ရှီမာကျိယွင် ပြောလိုက်သည်။
“ကျွန်တော်တို့ကို ယုံတဲ့အတွက် ခေါင်းဆောင်ကို ကျေးဇူးအများကြီးတင် ပါတယ်”
“ဟုတ်ပြီ အင်ပါယာသားရဲကျမ်းမှာ ကွဲထွက်နေတဲ့ အကြောင်းတစ်ခုရှိ သေးတယ် အဲဒါကိုသိကြလား” ရှီမာကျိယွင် မေးလိုက်သည်။
“မသိပါဘူး”
“အင်ပါယာသားရဲကျမ်းက ရှေးဟောင်းဝိညာဉ်သားရဲတွေကိုလည်း ထိန်းကျောင်းနိုင်တယ်” ရှီမာကျိယွင် ပြောလိုက်သည်။
“အခု ရှေးဟောင်းဝိညာဉ်သားရဲတွေ ပေါ်လာပြီ၊ တစ်ကောင်လောက်ကို သာ ထိန်းကျောင်းနိုင်ရင် သေပျော်ပါပြီ”
သူတို့သည် ရှေးဟောင်းသတ္တုတွင်းအကြောင်း ကြားထားကာ အစော ကတည်းကပင် စုပြီးဆွေးနွေးပြီးပြီဖြစ်သည်။
သို့သော် ထိုစဉ်က သူတို့သည် စဉ်းစားရုံသာ စဉ်းစားနိုင်ခြင်းဖြစ်သည်။ ထို့အပြင် သူတို့တွင် အင်ပါယာသားရဲကျမ်းမရှိပေ။ အဲတော့ ရှေးဟောင်း ဝိညာဉ်သားရဲတွေကို ဘယ်လိုလုပ် ထိန်းကျောင်းနိုင်မှာလဲ။ ရက်နည်းနည်း လောက်ကြာတာနဲ့ တကယ်ပဲ အဲလိုဖြစ်လာလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ။
“ဒါဆိုရင် မင်းတို့အားလုံး ပိုပြီးကြိုးစားလေ့လာရမယ်၊ ရှေးဟောင်း ဝိညာဉ်သားရဲတွေကို မင်းတို့အတွက်ပြင်ပြီးပြီ မင်းတို့ ဒါသင်ပြီးတဲ့အထိကို စောင့်နေတာ” ရှီမာကျိယွင် ပြောလိုက်သည်။
“ခေါင်းဆောင် တကယ်ပြောတာလား”
ရှီမာကျိယွင် မတ်တတ်ရပ်ပြီး ပြောလိုက်သည် “ငါနဲ့လိုက်ခဲ့ကြ”
သူအိမ်တံခါးဖွင့်ပြီး လျှို့ဝှက်စာကြည့်ခန်းသို့လာလိုက်သည်။ သူသည် သားရဲထိန်းကျောင်းသူသခင်များကို ဦးဆောင်ဝင်သွားလိုက်သည်။
ထိုသားရဲထိန်းကျောင်းသူသခင်များ ဝင်သွားသည်နှင့် ပထမဆုံးမြင်လိုက် ရသည်မှာ အခန်းအလယ်မှ လှောင်အိမ်ကြီးများဖြစ်သည်။ ထိန်းကျောင်းပြီး သား ဝိညာဉ်သားရဲတစ်ကောင်သည် မြေပေါ်တွင် လှဲနေသည်။ ရောင်ဝါသည် ရှေးဟောင်းဝိညာဉ်သားရဲမှလာသည်မှာ သေချာလွန်းနေသည်။
“ခေါင်းဆောင် ဒါကရှေးဟောင်းဝိညာဉ်သားရဲလား ဘယ်သူ ထိန်းကျောင်း ထားတာလဲ”
“ယူယူ”
“မိုးနတ်မင်းရေ တကယ်ပဲ ကျွန်တော်တို့ အငယ်ဆုံးသခင်မလေးပဲ သူမက ဒီလောက်ငယ်သေးတာကို” သားရဲထိန်းကျောင်းသူသခင်များသည် ထိန်းကျောင်းသူမှာ ရှီမာယူယူဖြစ်သည်ဟု ထင်မထားကြပေ။ သူမသည် ငယ်ရွယ်လွန်းသည်။
“အင်ပါယာသားရဲကျမ်းကို ပြန်ယူလာခဲ့သူက သူမပဲလေ” ရှီမာကျိယွင် သည် မေးကိုဂုဏ်ယူစွာဖြင့် ပင့်မြှောက်လိုက်သည် “ဒါတွေအကုန်လုံးကိုလည်း သူမပဲယူလာပေးတာ”
အားလုံးသည် သူလက်ဝှေ့ယမ်းပြသော ကွင်းဘက်သို့ကြည့်လိုက်ကြ သည်။ မှောင်မည်းနေသော်လည်း ကျောက်ရုပ်ထုအနည်းငယ်ကို မြင်နေရ သည်။
“အဲဒီရှေးဟောင်းဝိညာဉ်သားရဲတွေက ဒီကျောက်ရုပ်ထုတွေထဲက ထွက် လာတာပဲ၊ ငါတို့က စိတ်စွမ်းအင်အနိမ့်ဆုံးအဆင့်ရှိတဲ့ ရှေးဟောင်းဝိညာဉ် သားရဲတွေကိုယူလာခဲ့တာ ကျန်တာကို မင်းတို့ကိုအပ်လိုက်မယ်” ရှီမာကျိယွင် ပြောလိုက်သည် “အဲဒါကြောင့် မင်းတို့ အင်ပါယာသားရဲကျမ်ကို အကောင်းဆုံး သင်ယူရမဘ်”
“ခေါင်းဆောင် ကျွန်တော်လေ့လာဖို့ တံခါးပိတ်ကျင့်ကြံချင်တယ်”
“ကျွန်တော်ရောပဲ”
“ခေါင်းဆောင် အခုချက်ချင်း ထိန်းကျောင်းဖို့ ဝိညာဉ်သားရဲတွေ မများ သေးဘူး အားလုံးကို လေ့လာဖို့ ဘာလို့ တံခါးပိတ်မကျင့်ကြံခိုင်းရမှာလဲ”
“ခေါင်းဆောင် သဘောတူဖို့ တောင်းဆိုပါတယ်”
သူတို့ စိတ်အားထက်သန်ပုံကို ရှီမာကျိယွင် မြင်သောအခါ ဘယ်လိုလုပ် သဘောမတူပဲနေပါ့မလဲ။ သူပြောလိုက်သည် “ဒီလိုဆိုမှတော့ တံခါးပိတ် ကျင့်ကြံကြပေါ့၊ အရင်ဆုံး အင်ပါယာသားရဲကျမ်းကိုလေ့လာလိုက်၊ ပြီးရင် မင်းတို့ စိတ်စွမ်းအင်ကို ဘယ်လိုမြှင့်တင်ရမလဲဆိုတာ သင်ပေးမယ်၊ အင်ပါယာ သားရဲကျမ်းရဲ့နောက်ကျောမှာ ရှီမာယူယူက အမှတ်အသားတချို့ထားပေးထား တယ်၊ အဲဒါနဲ့ဆိုရင် မင်းတို့အင်ပါယာသားရဲကျမ်းကို အမြန်တတ်မယ်လို့ ယုံတယ်”
သူတို့၏ စိတ်စွမ်းအားကို ပိုတိုးစေသည့် နည်းလမ်းရှိသည်ဟု ခေါင်းဆောင် ပြောသည်ကို ကြားသည်နှင့် သူတို့ပို၍စိတ်လှုပ်ရှားကြသည်။
ရှီမာကျိယွင်သည် သူတို့ကိုဦးဆောင်ခေါ်သွားသည်။ အားလုံးသည် တံခါး ပိတ်ကျင့်ကြံရန် အိမ်တစ်လုံးစီရွေးကြသည်။ နောက်ဆုံးတွင် သူတို့ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ပျဉ်ပြားကိုထုတ်မရတော့သည်ကို သိလိုက်ရသည်။ သူတို့ ထွက်သွားသည့်အချိန်တိုင်းတွင် ပျဉ်ပြားကို အိမ်ထဲတွင် ထားသွားရမည်ဖြစ် သည်။
အစပိုင်းတွင် အင်ပါယာသားရဲကျမ်းကို လေ့လာသူများသည် ရောထွေး နေကြသည်။ သို့သော် ရှီမာယူယူ၏ မှတ်ချက်များသာမရှိလျှင် သူတို့ အလွဲများ စွာဖြစ်သွားနိုင်သည်။ ထိုမှတ်ချက်များကိုကြည့်ပြီး အစကတည်းကသာ ရှိခဲ့လျှင် နှစ်နှစ်သုံးရန်မလိုတော့ပေ။ နှစ်လနှင့်ပင် လုံလောက်နေမည်။
ရှီမာကျိယွင်သည် သားရဲထိန်းကျောင်းမှုကွင်းမှထွက်လာခဲ့ပြီး ပျော်ရွှင်မှု မှာလည်း တိုးများလာသည်။ သူသည် ပျော်ရွှင်စွာဖြင့် ညည်းသံပြုမိသည်။
ရှီမာယူယူသည် သားရဲထိန်းကျောင်းမှုကွင်းမှ အဖြစ်အပျက်များကို မသိ သေးပေ။ သို့သော် ဘိုးဘိုးကြီး မည်သို့လုပ်မည်ကို သူမ ခန့်မှန်းမိသည်။ အင်ပါယာသားရဲကျမ်းသည် မျိုးနွယ်ကိုသာ ကြီးပွားနိုင်မည်ဆိုပါက မျိုးနွယ်ကို လည်း ဖြန့်ဝေပေးမည်ဖြစ်သည်။
ဝူလင်းယူထွက်သွားပြီးနောက်တွင် အနည်းငယ်ပင်ပန်းလာသဖြင့် သူမ အိပ်မောကျသွားလေသည်။ နိုးလာသည်နှင့် ရှီယူသည် မူစစ်နှင့် ရန်ဖြစ်နေလေ သည်။ သူမသည် မူစစ်အကူအညီတောင်းသံကိုပင် ကြားလိုက်ရသည်။
သူမ ထပြီးအပြင်ထွက်သွားလိုက်ရာ ရှီယူသည် မူစစ်၏ နားရွက်ကို ဆွဲ ထားသည်ကို တွေ့လိုက်ရသည်။ သူမသည် တံခါးဘောင်ကိုမှီပြီးပြောလိုက် သည် “ရှီယူ ငါ့တပည့်ကိုအနိုင်မကျင့်နဲ့”
ရှီယူသည် မူစစ်ကိုလွှတ်ပြီး နှာရှုတ်လိုက်သည် “ဒီကောင်လေးက နင့်ကို လာရှာခွင့်မပေးဘူးလေ အဲဒါကြောင့် သူ့ကိုသင်ခန်းစာပေးနေတာ”
“ငါနားနေတာလေ မူစစ်က ဘယ်လိုလုပ်ဝင်ခွင့်ပေးမှာလဲ” ရှီမာယူယူ ပြောလိုက်သည် “ဝင်ခဲ့”
“ငါ မဝင်ချင်တော့ဘူး မီးဖိုဆောင်ပဲသွားရအောင် နင် ငါ့ကို ချက်ပြုတ် ကျွေးမယ်ဆို” ရှီယူ ပြောလိုက်သည်။
ရှီမာယူယူသည် သူမအတွက် တစ်လတာ ချက်ပြုတ်ကျွေးမည်ဟု ပြောခဲ့ သည်ကိုတွေးပြီး လှည့်ကာ မီးဖိုဆောင်ဆီသို့ လျှောက်သွားလိုက်သည်။
ရှီယူသည် ပြုံးရယ်ရင်း နောက်မှလိုက်လာသည်။
“နင့်ကို စောစောက မေးဖို့အချိန်မရှိလိုက်လို့၊ နင် ဘယ်လိုဖြစ်ပြီး ရှီမာ မျိုးနွယ်ကို လာဖြစ်သွားတာလဲ၊ နင် တစ္ဆေမြို့တော် ဒါမှမဟုတ် တခြားနေရာကို သွားပြီး ကစားမယ်ထင်နေတာ” ရှီမာယူယူသည် ချက်ပြုတ်ရင်း ရှီယူနှင့် စကား ပြောနေသည်။
“နင်ခိုးထွက်သွားတဲ့နေ့ကတည်းက ငါဝင်သွားပြီး နင့်ကိုရှာချင်တာ ဒါပေမဲ့ အစ်ကို ၂ နဲ့အစ်ကို ၃ တို့က ငါဝင်သွားရင်တောင် နင့်ကိုရှာတွေ့မှာ မဟုတ်ဘူးလို့ ပြောတယ်၊ ငါအထဲမှာလမ်းပျောက်နိုင်တယ်တဲ့၊ ဒါပေမဲ့ ငါ ဒေါသ ထွက်နေတုန်းပဲ အဲဒါနဲ့ အစ်ကို ၃ ကနင့်ကို နင့်အိမ်တော်မှာ စောင့်လို့ရတယ်လို့ ပြောလို့ နင်ပြန်လာရင် မြန်မြန်တွေ့လို့ရမယ်တဲ့”
“အဘိုးနဲ့တခြားသူတွေက နင့်ကိုနေခိုင်းပြီး ငါ့ကိုစောင့်ခိုင်းတယ်ပေါ့”
“မူစစ်က ငါ့ကိုမြင်တာနဲ့မှတ်မိပြီး ငါတို့ကသူငယ်ချင်းတွေဆိုတာ သိတယ်လေ အဲဒါကြောင့် နင့်မျိုးနွယ်ဝင်တွေက ငါ့ကိုနွေးထွေးကြတယ်” ရှီယူ ပြောလိုက်သည်။
“ဒါဆိုရင် ဒီမှာတစ်သက်လုံးနေမလို့ စီစဉ်ထားတာလား၊ အပြင်သွားပြီး ဘာလို့လျှောက်မကြည့်တာလဲ” ရှီမာယူယူသည် အသားလွှာနှင့် ဆော့စ်ကို သူမ အရှေ့ချပေးသသည်နှင့် သူမသည် ချက်ချင်းပင် တူကောက်ကိုင်ကာ စားတော့ သည်။
“ငါသေချာပေါက် ထွက်သွားမလို့ပဲ ဒါပေမဲ့ အရင်ဆုံး တစ်လလောက် တော့ အစားကောင်းတွေစားရဦးမယ်လေ” ရှီယူ ပြောလိုက်သည် “နင့်ရဲ့ ဘိုးဘိုးကြီးကပြောတယ် နင်က ငါ့အဖေကို မွေးစားအဖေလို့ခေါ်မှတော့ ငါ့ကို သူ့ရဲ့မြေးမလေးအဖြစ် စဉ်းစားမယ်တဲ့ ရှီမာမျိုးနွယ်က ငါ့မျိုးနွယ်ပဲ အဲတော့ ငါ အချိန်မရွေးပြန်လာလို့ရတယ်”
“ဘိုးဘိုးကြီးက နင့်သရုပ်မှန်ကိုသိလား”
“ငါရှင်းရှင်းလင်းလင်းတော့ ပြောမထားဘူး ဒါပေမဲ့ သူမှန်းမိမယ်ထင်တာ ပဲ၊ ပြီးတော့ မူစစ်ကလည်း ငါတို့ဘက်ကလာတာပဲလေ”
“ဟုတ်တယ်” ရှီမာယူယူသည် သူ့အတွက် တခြားဟင်းများကိုပါ ချက်ပြုတ်ပေးလိုက်သည်။
“နောက်ရက်တွေရော အိမ်မှာရှိမှာလား နင်တစ်နေရာသွားရင် ငါနင့် နောက်လိုက်မှာနော်”
“ငါအိမ်မှာနေမှာ ဘယ်မှမသွားဘူး၊ ငါနားပြီး အာဟာရပြည့်အောင်လုပ်ရ ဦးမယ်”
သူမ လုပ်ရမည့်ကိစ္စများစွာရှိသည်။ အံ့ဖွယ်ဆေးသည် မရင့်မှည့်သေးပေ။ ထို့ကြောင့် သူမသည် နောက်ရက်အနည်းငယ်တွင် အိမ်တွင်နေပြီး သန်မာ အောင် မွေးမြူရမည်။
“ဟို…” ရှီယူသည် တူကိုချထားလိုက်သည် “မိုဒိဆန်းဘယ်မှာလဲဆိုတာ သိလား”
ရှီမာယူယူ၏ လက်များရပ်တန့်သွားပြီး ခေါင်းယမ်းကာပြောလိုက်သည် “အဲကောင်က သူသွားချင်တဲ့နေရာသွားနေတာ ငါ တစ္ဆေမြို့တော်က ပြန်လာ ကတည်းက သူ့ကိုမတွေ့ရသေးဘူး”
“အဲလိုလား” ရှီယူ၏ အသံသည် အနည်းငယ် စိတ်ပျက်နေသည်။
“သူ့ကိုရှာတာကိစ္စရှိလို့လား”
“မရှိပါဘူး ဒီအတိုင်းမေးကြည့်တာ” ရှီယူသည် တူပြန်ကောက်ကိုင်ပြီး စတင်စားတော့သည်။
သူမ ခေါင်းငုံ့ပြီး အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်ကို ရှီမာယူယူ မြင်လိုက်သည်။
သည်လိုအချိန်တွင် ရှီယူသည် မိုဒိဆန်းရှိသည့်နေရာကို အပြေးသွားမည် ကို ရှီမာယူယူ စိုးရိမ်မိသည်။ သို့သော် မိုဒိဆန်းသည် မိန်းကလေးတစ်ယောက် ကြောင့် ခံစားတတ်မည်ဟု ရှီမာယူယူ မထင်ပေ။ မဟုတ်လျှင် သူ့နှလုံးသားထဲ တွင် တခြားသူအစားမထိုးနိုင်သည့် လူတစ်ယောက်ရှိသည်ဟု ပြောသင့် သလား။ ရှီယူစိတ်ပျက်သွားမည်ကို သူမ စိုးရိမ်မိသည်။
***