← Chapters

လူမျက်နှာမျောက်ဝံလေး

Vol. 110 Ch. 1530

လူမျက်နှာမျောက်ဝံလေး

Vol. 110 Ch. 1530

ရှီမာယူယူသည် မိုဒိဆန်းအပေါ် မျှော်လင့်ချက်မထားရန် သူမကို အကြံ ပေးချင်‌သော်လည်း ရှီယူမှ သူ့ကိုသဘောကျသည်ဟု ပြောမလာသဖြင့် သူမ အတွက်ပြောရခက်နေသည်။

ရှီယူစားသောက်ပြီးသည်နှင့် ရှီမာယူယူ သူမကိုနှင်ထုတ်လိုက်သည်။ ထို့နောက်တွင် သူမ ရှီမာလျူရွှမ်ကို သွားရှာလိုက်သည်။

“အဖေ ဆရာရော” ရှီမာယူယူသည် အခန်းသို့ဝင်လာသည်နှင့် စာဖတ်နေ သူကိုမြင်သောအခါ မေးလိုက်သည်။

“သူပြန်သွားပြီ” ရှီမာလျူရွှမ်သည် ခေါင်းမမော့ဘဲ ပြန်ဖြေလေသည်။

“ပြန်သွားပြီဟုတ်လား ဘာလို့ပြန်သွားတာလဲ” ရှီမာယူယူသည် တအံ့တဩ မေးလေသည်။

“သူ ဒေါသထွက်ပြီး ပြန်သွားတာပဲ” ရှီမာလျူရွှမ်သည် ခေါင်းမော့လာ သည် “သူ အဖေနဲ့ စကားပြောရင်း တန်းလန်းကို ဒေါသထွက်ပြီး ပြန်သွားတာ ပဲ”

“အဖေ…” ရှီမာယူယူသည် နှုတ်ခမ်းတွန့်မိသည်။ သူ့မျက်လုံးတွေက ဘာလို့များ နှင်ထုတ်လိုက်သလိုဖြစ်နေတာလဲ။ “တကယ်ပဲ… သူ ဘာမှမပြော ဘဲထွက်သွားတာပဲ”

သူမ အခုမှပင် စဉ်းစားမိသည်။ သူတို့နှစ်ယောက်ကို သူတို့ဘာသာ တွေ့ ခွင့်မပေးသင့်ပေ။

“ဟင်း ဒီလူက ငါမရှိတဲ့အချိန်ကို အခွင့်အရေးယူပြီး သမီးကို သွားရှာ တယ်၊ သူက သမီးကိုတပည့်အဖြစ်တောင် လက်ခံလိုက်သေးတယ်၊ သူ့ကို အဲကိစ္စနဲ့ ပြဿနာမရှာတာပဲ တော်နေပြီ” ရှီမာလျူရွှမ်သည် သမီးဖြစ်သူ၏ မျက်နှာထားပြောင်းသွားသည်ကို မြင်သောအခါ လေသံပြောင်းလိုက်သည် “သူ့ကို ဂရုစိုက်မနေနဲ့ အရင်ကလည်း သူ ဒီလိုပဲဒေါသနဲ့ထွက်သွားတတ်တယ် သူ အဆင်ပြေလိမ့်မယ်”

“ဒါပေမဲ့ ဒါကမယဉ်ကျေးဘူးလေ” ရှီမာယူယူ ပြောလိုက်သည်။

“ဘာကို ယဉ်ကျေးတာတွေ မယဉ်ကျေးတာတွေပြောနေတာလဲ သူ ကျင့်သားရနေပြီ” ရှီမာလျူရွှမ်သည် ပေါ့ပါးစွာပြောလေသည်။

ရှီမာယူယူသည် နှုတ်ခမ်းတွန့်မိသည်။ ဒါတကယ်ပဲ အကျိုးအကြောင့် သင့်လျော်တဲ့ဆင်ခြေပဲ။

“နောက်တစ်ခုကို ဘာလုပ်ဖို့စီစဉ်ထားလဲ” ရှီမာလျူရွှမ်သည် ဖန်ကျိရှင်း နှင့်ပတ်သတ်ရန် အစီအစဉ်မရှိသည့်ပုံနှင့် စကားလမ်းကြောင်းလွှဲလေသည်။

ရှီမာယူယူသည် သူမ၏ ရိတ်သိမ်းရလာသော ဆုများအကြောင်းပြောပြ ပြီး သားရဲများကိုထိန်းကျောင်းရန် စီစဉ်ထားကြောင်းနှင့် အားသန်မာလာရန် သေချာပျိုးထောင်မည်ဖြစ်ကြောင်း ပြောပြလိုက်သည်။

ရှီမာလျူရွှမ် ခေါင်းညိတ်ပြီးပြောလိုက်သည် “အဆင်ပြေသားပဲ သမီးက ငယ်သေးတယ် အဲဒါကြောင့် ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ထားရမယ်၊ မျိုးနွယ် ကိစ္စတွေကို အများကြီးစိတ်ပူနေဖို့မလိုဘူး၊ သမီးဒီလောက်တောင် ပေးထား တာပဲ မျိုးနွယ်ရဲ့ဂုဏ်ပြန်တက်ဖို့အတွက် လောက်လောက်ပါတယ်”

“အဖေ ငါးနှစ်… ငါးနှစ်ပြီးရင်တော့ အဖေ့အားကို သေချာပေါက် ပြန်ရ အောင်လုပ်ပေးပါမယ်” ရှီမာယူယူသည် ဖခင်ဖြစ်သူ၏ လက်ကိုဆုပ်ကိုင်လိုက် သည်။

“သမီး အဖေ့အကြည့်တွေကို နားလည်သင့်တယ်၊ သမီးရဲ့လုံခြုံရေးက တခြားဟာတွေထက် ပိုအရေးကြီးတယ်” ရှီမာလျူရွှမ်သည် သူ့အတွက်နှင့် သူမ ထိခိုက်အောင်လုပ်မည်ကို မလိုလားပေ “အဖေက သမီးအဲလောက် အံ့ဩစရာ တွေအများကြီးလုပ်ဖို့မမျှော်လင့်ဘူး၊ ဒီအတိုင်းပဲ သမီးဘေးကင်းပြီး ပျော်နေဖို့ ပဲမျှော်လင့်တယ်”

“အဖေ စိတ်ချပါ သမီးက ကိုယ့်ကိုယ်ကို ဘာမှအဖြစ်ခံမှာမဟုတ်ပါဘူး သမီးအမေ့ကိုတွေ့ချင်တယ် ဘယ်လိုလုပ်လက်လွတ်စပယ် ရူးမိုက်တဲ့အလုပ် တွေလုပ်မှာလဲ” ရှီမာယူယူ ပြောလိုက်သည် “သမီးက သေချာတဲ့ကိစ္စတွေကိုပဲ လုပ်တယ်၊ အဖေ အားပြန်ရလာတာနဲ့ အမေ့ကိုသွားရှာကြမယ်၊ ပြီးရင် သမီးတို့ မိသားစုပြန်ဆုံကြမယ်”

သူမ ယွိခဲ့လော့ကိုရှာမည်ဟု ပြောလိုက်သည်နှင့် ရှီမာလျူရွှမ်၏ မျက်လုံး များသည် အကူအညီမဲ့စွာ မှေးမှိန်သွားလေသည်။

သူ့ရဲ့ လက်ရှိအခြေအနေနှင့်ဆိုရင် သူမကိုဘယ်လိုလုပ်ရှာမှာလဲ။

ရှီမာယူယူသည် များများစားစား မပြောပေ။ သည်အချိန်တွင် သူ့ကို ကုသ ပေးပြီး ယုံကြည်မှုများပြန်ယူရန် ကူညီပေးရန်သာရှိသည်။

“အဖေ စာဆက်ဖတ်နေလေ သမီးအခုပြန်လိုက်ဦးမယ်” သူမသည် ရှေးဟောင်းဝိညာဉ်သားရဲကိစ္စများကို အမြန်သွားရှင်းရဦးမည်။

“သွားလေ ကိုယ့်ကိုယ်ကို ချည်နှောင်မထားနဲ့ဦး”

“သိပါပြီ”

သူမသည် သူမအိမ်သို့ပြန်လာချိန်တွင် ဝူလင်းယူရောက်နေပြီဖြစ်သည်။ သူမ သူ့ကိုမြင်သောအခါ မတော်တဆမီးပွင့်ခဲ့သည့် ကိစ္စကိုပြန်တွေးမိသွား သည်။

သူမ မျက်နှာမှာ အနည်းငယ်နီရဲလာသည်။

“ဝိညာဉ်စေတီထဲသွားရအောင်” သူမသည် အတားအဆီးပြုလုပ်ကာ သူ့ကို ခေါ်သွားလိုက်သည်။

“ယူယူ ဘာလို့ဝင်လာတာလဲ ကျောက်တုံးတွေဖွင့်မလို့လား”

“ယူယူ နောက်ဆုံးတော့ဝင်လာပြီပေါ့ မင်းကြာဦးမယ်ဆိုရင် အဲဒီဝိညာဉ် သားရဲတွေ သူတို့ဘာသာထွက်လာတော့မယ်လို့ ဝိညာဉ်လေးကပြောနေတာ”

“ဟုတ်လား မြန်မြန်သွားဖွင့်ကြည့်ရအောင်”

ဝိညာဉ်သားရဲများနှင့်အတူ ရှီမာယူယူ၏ ရင်မှာလည်း အမြန်အေးစက် သွားသည်။

“အဲဒီဝိညာဉ်သားရဲတွေက ထွက်လာတော့မှာလား”

“ဟုတ်တယ် ဝိညာဉ်စေတီထဲမှာမို့လို့ ဝိညာဉ်လေးသာ ဖိနှိပ်မထားနိုင်ရင် သူတို့အခုလောက်ဆိုထွက်လာလောက်ပြီ”

“သွားကြည့်ရအောင်”

သူမနှင့် ဝူလင်းယူတို့သည် ကျောက်ရုပ်ထုများအပုံလိုက်ရှိသည့်နေရာသို့ သွားကာ ကြည့်လေသည်။ ထိုနေရာတွင်ကျောက်တုံးများဖြင့် ပြည့်နေသည်။

“ဒီမှာ ရှေးဟောင်းဝိညာဉ်သားရဲတွေ ဒီလောက်အများကြီးရှိတာကို တခြားသူတွေသာသိရင် ဘယ်လိုဖြစ်မလဲမသိဘူး”

“ကမ္ဘာကြီးကတော့ အခုမဟုတ်ရင် နောက်ကျသိသွားမှာပဲ” ရှီမာယူယူ ရယ်မောလိုက်သည်။

ဝိညာဉ်သားရဲအများစုသည် ရှီမာမျိုးနွယ်ဝင်များနှင့် စာချုပ်တည်ထောင် ရန်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် စာချုပ်သားရဲများဖြစ်လာနိုင်သည်။ အပြင်လူများ သေချာပေါက်မြင်ရမည်ဖြစ်သည်။ အဲအချိန်ကျရင် သူတို့မျိုးနွယ် လေးကို ဘယ်သူကများ အနိုင်ကျင့်ရဲတော့မှာလဲ။

“စကြတော့မလား” ဝိညာဉ်လေးသည် သူမရှေ့တွင်ပေါ်လာကာ မေး လိုက်သည်။

“သင့်တော်တဲ့နေရာရှာလိုက်” ရှီမာယူယူ ပြောလိုက်သည်။

ထိုနေရာသည် သူတို့နေသည့်နေရာနှင့် သိပ်မဝေးလှပေ။ ရှေးဟောင်း ဝိညာဉ်သားရဲသာ ထိုနေရာကိုဖျက်ဆီးလိုက်ပါက သူတို့ငိုချင်လျှင်တောင် ငိုစရာနေရာမရှိတော့ပေ။

ဝိညာဉ်လေးသည် သင့်တော်သည့်နေရာလိုအပ်သည်ဟုဆိုသည့် သူမ ဆိုလိုရင်းကိုနားလည်သည်။ တွေးလိုက်သည်နှင့် သူတို့သည် လူသူကင်းမဲ့သည့် နေရာသို့ ရောက်သွားသည်။

ရှီမာယူယူသည် အဆုံးအစမဲ့သော တောင်များကိုကြည့်ပြီး မတတ်သာ စွာဖြင့် သက်ပြင်းချလိုက်သည် “ဝိညာဉ်လေး မင်းကိုဖန်တီးသန့်စင်ထားတဲ့လူ ကတကယ်ပဲ တစ်ယောက်တည်းလား”

လက်နက်သခင်တစ်ယောက်တည်းဆိုရင် ဒီလိုအံ့ဖွယ်ကိရိယာကို ဘယ်လိုလုပ် ဖန်တီးနိုင်မှာလဲ။

ဝိညာဉ်လေးသည် သူမကိုလျစ်လျူရှုပြီး ကျောက်ရုပ်ထုအနည်းငယ်ကို ပြောင်းရွှေ့ရင်းပြောလေသည် “ငါက တခြားဟာတွေကို ဂရုမစိုက်ပါဘူး”

ရှီမာယူယူသည် ကျောက်ရုပ်ထုများကိုကြည့်ပြီး ခေါင်းမော့ကာ ဝူလင်းယူ ကိုကြည်ပြီးမေးလိုက်သည် “ဘယ်တစ်ခုကိုဖွင့်ချင်လဲ”

ဝူလင်းယူသည် သူမ သူ့ကိုမေးလာမည်ဟု ထင်မထားသဖြင့် တွေ့ကရာ တစ်ခုကိုညွှန်ပြကာ ပြောလိုက်သည် “ကိုယ်က သတ္တုရိုင်းတွေကို ဘယ်လို တန်ဖိုးဖြတ်ရမလဲကို မသိဘူးဆိုတာ မင်းသိရဲ့သားနဲ့ ဒီဟာနဲ့ပဲစလိုက်ပေါ့”

“ဒီတစ်ခုလား” ရှီမာယူယူသည် သူညွှန်ပြသည့်နေရာကို ကြည့်လိုက် သည်။ သူညွှန်ပြသည့်တစ်ခုသည် အသေးဆုံးတစ်ခုဖြစ်သည်။

ထိုသတ္တုရိုင်းသည် ကလေးဦးခေါင်းအရွယ်သာရှိသည်။ ထိုအရာသည် စာကလေးအရွယ်အစားသာရှိကာ တခြားသောဝိညာဉ်သားရဲများနှင့်ပင် ခပ်ဆင်ဆင်ပင်။

သူမ လျှောက်သွားပြီး ရုပ်ထုကိုကောက်ယူကာ ပြောလိုက်သည် “အင်း ဒါဆိုလည်း ဒါနဲ့ပဲစကြတာပေါ့”

ကျောက်တုံးလေးသည် ပုံပန်းသိပ်မပေါ်သေးသည်မှာ ကျောက်အလွှာ သည် အလွန်ထူထဲသည်ကို ပြသနေသည်။ သူမသည် ကျောက်တုံးကိုဖွင့်ရန် ကိရိယာတချို့ထုတ်ပြီး ကျောက်တုံးကို တစ်လွှာချင်းစီခွာရာ နောက်ဆုံး အလွှာ သာကျန်လေသည်။

ရှီမာယူယူသည် နောက်ဆုံးအလွှာကိုကြည့်ပြီး မျက်တောင်ခတ်လိုက် သည်။ သူမသည် မသေချာစွာဖြင့် ပြောလိုက်သည် “လင်းယူ ဒီကောင်လေးက မြင့်မြတ်သောဝူလင်းနဲ့တူနေတယ်လို့ ဘာလို့ခံစားမိတာလဲ”

နောက်ဆုံးအလွှာကျန်မှပင် ဝိညာဉ်သားရဲ၏ ပုံစံကိုမြင်ရသည်။

ဝူလင်းယူသည် သူမလက်ထဲမှ ကျောက်ရုပ်ထုကိုမြင်သောအခါ မြင့်မြတ် သောဝူလင်းနှင့် တူသည်ဟု ထင်မိသည်။

“လူမျက်နှာမျောက်ဝံဖြစ်မလား” သူသည် ရှီမာယူယူဘေးတွင် ဒူးထောက်ကာ လက်ဆန့်ထုတ်ပြီး ရုပ်ထုကို တို့လိုက်သည်။

ရှီမာယူယူသည် နောက်ဆုံးအလွှာကိုမဖြတ်ရဲပေ။ လူမျက်နှာမျောက်ဝံ သာ ပေါ်လာလျှင် သူမ မည်သို့လုပ်ရမည်နည်း။

မြင့်မြတ်သောဝူလင်းသည် အလွန်အားကောင်းသည်။ သူ့မျိုးနွယ်ဝင်သာ လူသားလက်ထဲ ရောက်သွားသည်ကိုသိလျှင် အပြေးလာပြီး သူတို့ကို အသားတုံး လုပ်ပစ်မလားပင်မသိနိုင်ပေ။

သို့သော် သူမသည် နောက်ဆုံးအဆင့်ရောက်နေလေပြီ။ သူမ လက်လျော့ လိုက်ရင် မအောင်မြင်ဘဲဖြစ်သွားမှာမလား။

အဲဒါက အရမ်းသေးနေတာ ချစ်စရာတောင်ကောင်းသေးတယ်။

“မင်းဖွင့်ချင်ရင် ဒီအတိုင်းသာဖွင့်လိုက်” ဝူလင်းယူ၏ အသံမှာ ပေါ့ပါး နေသော်လည်း သူမအသံသည် အားအပြည့်ပါနေသည်။ ထိုစကားသည် မည်သို့ ပင်ဖြစ်စေကာမူ သူသည် သူမဘက်မှရပ်တည်ပြီး တိုက်ခိုက်ပေးမည်ဟု နားလည်စေသည်။

ရှီမာယူယူသည် အသက်ပြင်းပြင်းရှုလိုက်သည်။ လက်ထဲမှဓားဖြင့် နောက်ဆုံးအလွှာကို ခွာလိုက်ရာ လူမျက်နှာမျောက်ဝံလေး ပေါ်လာတော့ သည်။

***

All Chapters