← Chapters

မေမေ၊ မေမေ

Vol. 110 Ch. 1531

မေမေ၊ မေမေ

Vol. 110 Ch. 1531

ရှီမာယူယူသည် လက်အရွယ်အစားသာသာရှိသော လူမျက်နှာမျောက်ဝံ လေးကို ကြည့်ပြီး စိတ်ထဲမှ ခါးသက်စွာရယ်မောမိသည်။

ဒီကံကတော့… တကယ်ပဲ… ထင်ထားတဲ့အတိုင်းပဲ။

ထိုသတ္တဝါလေးသည် မွေးဖွားသည်နှင့် ချိပ်စည်း အပိတ်ခံရသည့်ပုံပင်။ အလွန်နူးညံ့ပြီး ပျော့ပျောင်းနေသည်။ သူသည် ရှီမာယူယူ၏ လက်ပေါ်တွင် လှဲလျောင်းနေပြီး မျက်လုံးမှိတ်ထားသည်။ သူ့ကြည့်ရသည်မှာ အလွန်အေးချမ်း နေပြီး လူသတ်မည့်အကြည့်ရှိသည့် ကြီးမြတ်သောဝူလင်းနှင့်လုံးဝပင် ကွာခြား လှသည်။

ထိုသတ္တဝါလေးသည် တဖြည်းဖြည်းမျက်လုံးပွင့်လာရာ ပထမဆုံးမြင်ရ သည်မှာ ရှီမာယူယူ၏ နှစ်လိုဖွယ်ကောင်းသော မျက်နှာလေးပင်ဖြစ်သည်။ သူမ မျက်မှောင်အသာအယာကြုတ်နေသည်ကိုမြင်သောအခါ ထိုသတ္တဝါလေးသည် ပါးစပ်ဟကာ ပြုံးလေသည်။

အာ…

ထိုအပြုံးကိုမြင်သောအခါ ရှီမာယူယူ၏ အတွေးဆများပြတ်တောက် သွားသည်။

“မေမေ”

ထိုသတ္တဝါလေးသည် ပြုံးရုံတင်မဟုတ်… ရှီမာယူယူ မေ့လဲသွားလောက် စေမည့် စကားကိုပင် ပြောလိုက်သေးသည်။

မေ…မေမေ ဟုတ်လား။ သူမက ဘယ်နေရာက လူမျက်နှာမျောက်ဝံနဲ့တူ နေလို့လဲ။

မျက်နှာကြီးမည်းသွားသည်မှာ သူမ တစ်ယောက်တည်းမဟုတ်ပေ။ ဘေးတွင်ရပ်နေသော ဝူလင်းယူမှာလည်း အိုးဖင်ကဲ့သို့ မည်းနက်နေသည်။

ဒီကောင်လေးက သူမကို မေမေလို့ခေါ်လိုက်တာလား။ သူတို့ကလေးတွေ ကပဲ သူမကို မေမေလို့ခေါ်ခွင့်ရှိမယ်။

ထိုသတ္တဝါလေးသည် နာကျင်သောအကြည့်ဖြင့်ကြည့်နေရာ သူသည် သည်းမခံနိုင်တော့ဘဲ ချက်ချင်းပင် သူ့ခြေထောက်မှကိုင်ကာ လွှင့်ပစ်လိုက် တော့သည်။

“အာ…”

ရှီမာယူယူသည် ဝူလင်းယူ ရုတ်တရက် ထိုကဲ့သို့လုပ်မည်ဟု ထင်မထား သောကြောင့် မသိစိတ်မှ အလိုလိုလက်ဆန့်ပြီး ဖမ်းဟန်ပြင်သည်။ သို့သော် မြန်လွန်းသောအရှိန်ကြောင့် မဖမ်းမိလိုက်ဘဲ သူမမျက်လုံးရှေ့တွင်ပင် ထိုသတ္တဝါလေး ပျောက်သွားသည်ကို မြင်လိုက်ရတော့သည်။

“ဝိညာဉ်လေး” ရှီမာယူယူသည် အရေးတကြီး အော်လိုက်သည်။

ဝိညာဉ်လေးရှိသရွေ့ ထိုသတ္တဝါလေး မသေနိုင်ပေ။

သူမ လှည့်ပြီး သူ့ကိုစိုက်ကြည့်ကာ ပြောလိုက်သည် “ဘာလုပ်တာလဲ သူ အရမ်းငယ်သေးတယ်”

“ကိုယ်တို့ကလေးတွေပဲ မင်းကိုမေမေလို့ ခေါ်ခွင့်ရှိမယ်” ဝူလင်းယူသည် မေးစေ့ကို ထောင်လွှားစွာဖြင့် ပင့်တင်လိုက်သည်။

“ဟား”

ရှီမာယူယူ ချက်ချင်းရယ်မောလိုက်သည်။ သူမသည် လက်ဆန့်ထုတ်ကာ သူ့ခေါင်းလေးကို ပုတ်လိုက်သည်။

“အဲဒါက ဒီအတိုင်း ဝိညာဉ်သားရဲလေးပါပဲ၊ အဲဒါနဲ့လိုက်ပြီး တွက်ကပ်နေ မလို့လား”

“ဝိညာဉ်သားရဲတောင် လုပ်ခွင့်မရှိဘူး”

“အဲဒါစဉ်းစားနေတာ ကြီးမြတ်သောဝူလင်းတို့နဲ့ မျိုးစိတ်တစ်ခုတည်းပဲကို အရမ်းကြီးကွဲပြားနေစရာမလိုဘူးလားလို့၊ သူက အရမ်းချစ်စရာကောင်းပြီး လူ သတ်မယ့်ရည်ရွယ်ချက်မရှိတဲ့ပုံစံဖြစ်နေမယ်လို့ ဘယ်သူထင်မှာလဲ” ရှီမာယူယူ သည် သူနှင့်အတူလိုက်မကောက်တော့ဘဲ စကားလမ်းကြောင်း ပြောင်းကာ ထပ်ပြောလိုက်သည်။

“အမြင်တစ်ခုတည်းနဲ့ အရူးလုပ်မခံနဲ့” ဝူလင်းယူနှာမှုတ်လိုက်လေသည်။

“အာ…” ရှီမာယူယူသည် သူ၏ဆိုလိုရင်းကို နားမလည်ပေ။

“မေမေ မေမေ”

ထိုသတ္တဝါလေး၏ အသံသည် ဝေးရာမှနီးလာပြီး ပို၍ပင်မြန်လာသည်။ လေနှင့်အတူ ဖုန်ပါလာသကဲ့သို့ သူတို့ရှေ့သို့ မျက်စိတစ်မှိတ်အတွင်းရောက် လာသည်။ ထိုသတ္တဝါလေး ရှီမာယူယူရှေ့ရပ်သည်နှင့် ဝူလင်းယူသည် ချက်ချင်း ပင် ဆုပ်ကိုင်လိုက်သည်။

“မေမေ မေမေ”

ဝူလင်းယူ၏ လက်ထဲမှ ထိုသတ္တဝါလေးသည် ရုန်းမရပေ။ သူသည် သူမအား မျက်ရည်လဲ့သော မျက်လုံးများဖြင့်ကြည့်နေသည်။

“ငါက မင်းရဲ့မေမေမဟုတ်ဘူး” ရှီမာယူယူသည် ခေါင်းခါယမ်းလိုက် သည်။

“မေမေ မေမေ့အနံ့ပဲ” ထိုအကောင်လေးသည် ရှီမာယူယူဝန်မခံချင်သည် ကိုမြင်သည်နှင့် မျက်ရည်များ ချက်ချင်းကျလာသည်။

ထိုစကားလုံးများသည် ရှီမာယူယူနှင့် ဝူလင်းယူတို့ကို မျက်မှောင်ကြုတ် စေသည်။

ရှီမာယူယူသည် သူမျက်ရည်များကျလာသည်ကိုမြင်သောအခါ စိတ်များ နူးညံ့သွားသည်။ သူမသည် ဝူလင်းယူလက်မှ ယူကာ ကျောကိုသပ်ပေးပြီး နှစ်သိမ့်ပေးလိုက်သည် “ဘယ်အနံ့ကိုပြောနေတာလဲ”

“မေမေ့အနံ့ မေမေ့အနံ့ဆိုမှတော့ မေမေက မေမေပဲ” ထိုအကောင်လေး သည် သူမနှစ်သိမ့်ပေးသောအခါ ငြိမ်သက်သွားသည်။ သူသည် အစောပိုင်းက သူမ အသိအမှတ်မပြုသဖြင့် နစ်နာသကဲ့သို့ သူမရင်ခွင်ထဲတွင် ဝမ်းနည်းပူဆွေး နေမိသည်။

ရှီမာယူယူနှင့် ဝူလင်းယူတို့သည် မျက်ခုံးများ တွန့်ချိုးလိုက်ကြသည်။ ဝိညာဉ်သားရဲများသည် ဝိညာဉ်အာရုံပါးနပ်ကြသည်။ သို့သော် အနံ့တူသည်ဟု လက်လွတ်စပယ်ပြောတတ်ကြသူများ မဟုတ်ပေ။ သူ သေချာပေါက်တော့ မမှားနိုင်ပါဘူး။

ဒါပေမဲ့ ဒီအကောင်လေးက လွန်ခဲ့တဲ့နှစ်ထောင်ချီကြာနေတဲ့ သတ္တုရိုင်း ထဲကလာတာလေ။ သူပြောနေတာက ဘယ်လိုလုပ် ရှီမာယူယူဖြစ်နိုင်မလဲ။

“မင်းမှာ နာမည်ရှိလား” သူမသည် ဝန်ခံရန် ငြင်းဆန်နေတုန်းပင်။

“ရှိတယ် မေမေက အဲနာမည်ကိုပဲပေးခဲ့တာ၊ မေမေက ကံကောင်းလေး ရဲ့နာမည်ကိုတောင်မေ့သွားတာပဲ” ထိုအကောင်လေးသည် အလွန်ဝမ်းနည်းနေ ပုံပင်။

“မင်းမေမေနဲ့ ငါက အနံ့တူတယ်လို့ပြောနေတာလား” ရှီမာယူယူ ထပ် မေးပြန်သည်။

“မေမေ မေမေက မေမေပဲ” ထိုအကောင်လေးသည် သူမလက်ချောင်း များကို စိတ်မအေးစွာဖြင့် ဆုပ်ကိုင်လိုက်သည် “မေမေက အဲတုန်းက မေမေ မဟုတ်ဘူးလို့ ပြောနေတာ၊ ထပ်ပြောပြန်ပြီ၊ မေမေက ကံကောင်းလေးကို မချစ်ဘူးလား၊ ကံကောင်းလေးကို မလိုချင်ဘူးလား”

သူပြောပြီးနောက်တွင် မျက်ရည်များထပ်မံကျလာပြန်သည်။

ရှီမာယူယူသည် သူ့မျက်ရည်များကြောင့် ရင်ထဲထိသွားပြီး စိတ်ပြန်ပျော့ သွားပြန်သည်။

“သူ့ပုံစံကြည့်ရတာ တကယ်ပဲ အရင်တုန်းက ညီမနဲ့တူတဲ့လူရှိခဲ့တာဖြစ်ရ မယ်၊ ရောင်ဝါအတူတူနဲ့ အဲတော့…” သူမသည် ထိုသတ္တဝါလေးကို ကြည့်လိုက် သည်။ သူမသည် အကူအညီမဲ့သလိုခံစားရသည်။

“အဲတုန်းက ကြီးမြတ်သောဝူလင်းရဲ့ တုံ့ပြန်ချက်နဲ့ဆိုရင် ဖြစ်နိုင်ချေများ တယ်” ဝူလင်းယူ ပြောလိုက်သည်။

“မေမေ ဖေဖေရောဘယ်မှာလဲ” ကံကောင်းလေးသည် ကြီးမြတ်သော ဝူလင်းနာမည်ကြားသည်နှင့် ခေါင်းထောင်ပြီး မေးလေသည်။

“ကြီးမြတ်သောဝူလင်းက မင်းအဖေလား” ရှီမာယူယူသည် နှုတ်ခမ်းတွန့် ကာ ငြင်းဆန်မည့်စကားလုံးကြားရရန် မျှော်လင့်နေမိသည်။

သို့သော် ထိုအကောင်လေးသည် သူမ၏ မျှော်လင့်ချက်ကြီးသော မျက်လုံးများကို မြင်ဟန်မတူပေ။ ထိုအစား ခေါင်းညိတ်ပြီး ပျော်ရွှင်စွာပြော လေသည် “ဟုတ်တယ် ဟုတ်တယ် မေမေ ဖေဖေ့ကိုတွေ့ပြီးပြီလား”

“တွေ့ပြီးပြီ” ရှီမာယူယူသည် ဆွံ့အသွားသည်။ ကံကောင်းလေးသာ ကြီးမြတ်သောဝူလင်းရဲ့ သားဖြစ်မယ်ဆိုရင် သူမသာ ကံကောင်းလေးကို ဖမ်း သွားတာကို သူသိရင် ရှီမာမျိုးနွယ်တစ်ခုလုံးကို ဖျက်ဆီးပစ်မှာလား။

“မေမေ ဖေဖေဘယ်မှာလဲ” ထိုအကောင်လေးက သူ့အဖေကို တကယ် လွမ်းနေတာပဲ။

“သူက… အဝေးကြီးမှာ” ရှီမာယူယူသည် သူ့ခေါင်းလေးကို ပုတ်လိုက် သည် “မင်းအဖေကို တွေ့ချင်တာလား ငါ မင်းကို ဘာလို့အဲဒီကိုပို့မပေးရမှာလဲ”

ထိုအကောင်လေးသည် သူမ၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် အာရုံခံမိ ကာ သူမ၏ နိုးနိုးကြားကြားရှိပုံကိုကြည့်ပြီးပြောလိုက်သည် “မေမေက ကံကောင်းလေးကို ထပ်ပြီး ပစ်သွားတော့မလို့လား”

ရှီမာယူယူသည် အပစ်ခံရတော့မည့်ပုံစံဖြစ်နေသည့် သူ့မျက်လုံးထဲမှ နာကျင်မှုများကိုမြင်သောအခါ သူ့အတွက် စိတ်မကောင်းဖြစ်မိသည်။ သူမ မျက်လုံးများလည်း များစွာနူးညံ့လာသည်။

“မင်းအဖေက ဒီမှာမရှိဘူး မင်းအဖေကိုမတွေ့ချင်ဘူးလား သူ့ဆီကိုပို့ပေး လိုက်ရင် သူ့ကိုထပ်တွေ့နိုင်မှာပဲ”

“ဆိုလိုတာက ကံကောင်းလေးက မေမေ့ကိုထပ်ပြီးမတွေ့ရတော့တာ လား” ထိုအကောင်လေးသည် သူမကို သတိရှိရှိဖြင့် ကြည့်လေသည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

“ကံကောင်းလေး ဖေဖေ့ကိုမလိုချင်တော့ဘူး မေမေ့ကိုပဲလိုချင်တယ်၊ ကံကောင်းလေးကို ပစ်မသွားပါနဲ့” ထိုအကောင်လေးသည် သူမလက်ချောင်းကို ဆုပ်ကိုင် လွှတ်ပေးရန်ငြင်းဆန်နေသည်။

“ဒါပေမဲ့ ငါ့မှာလုပ်စရာတွေရှိသေးတယ်” ရှီမာယူယူ ပြောလိုက်သည် “မင်းအဖေက မင်းကိုမမြင်ရင် စိတ်ပူနေလိမ့်မယ်”

“မေမေက သန်မာလာဖို့ ကျင့်ကြံမလို့လား” ထိုအကောင်လေးသည် သူမ ကိုကြည့်လေသည် “ထူးဆန်းလိုက်တာ မေမေက ဘယ်လိုလုပ် ဒီလောက် အားနည်းသွားတာလား ကံကောင်းလေးကတောင် နိုင်နိုင်တယ်”

ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည်။ သူမအားကို အထင်သေးတဲ့လူ တစ်ယောက် ဘယ်လိုလုပ် ထပ်ပေါ်လာတာလဲ။

“ကံကောင်းလေး တကယ်ပဲ ငါ့ဘေးမှာနေသွားမလို့လား၊ မင်းအဖေ ဘယ်မှာလဲဆိုတာ ငါ မသိပေမဲ့ နည်းလမ်းရှာပြီးသူ့ကိုရှာလို့ရတယ်” သူမသည် သူ့ကို ဖျောင်းဖျနေတုန်းပင်။

ထိုအကောင်လေး သူမလက်ဖဝါးပေါ်ထိုင်ချပြီး အမြီးလှုပ်ရမ်းပြီး ပြော လာမယ်လို့ ဘယ်သူထင်မိမှာလဲ။ “ဖေဖေက အားအရမ်းကောင်းတယ်၊ သူ့ နောက်လိုက်စရာမလိုဘူး၊ မေမေ့နောက်လိုက်ရင် မေမေ့ကို ဘယ်သူမှအနိုင် ကျင့်လို့မရအောင် ကာကွယ်ပေးလို့ရတယ်…”

ထိုသတ္တဝါလေးသည် ပြောရင်းနှင့် မျက်လုံးများ နီလာပြန်သည်။

ရှီမာယူယူသည် သူပြောသမျှကို ဆက်စပ်ကြည့်သည်။ သူမ ခန့်မှန်းမိ သည်မှာ ထိုစဉ်က သူမနှင့်တူသောအမျိုးသမီးကို သူ၏မိခင်အဖြစ် အထင်မှား ခံရကာ သူမသည် ကံကောင်းလေးကို နာမည်ပင်ပေးခဲ့သည်။ သို့သော် သူမ သူ့ကို ထားသွားပြီးနောက်တွင် အသတ်ခံလိုက်ရခြင်းဖြစ်မည်။

ထိုကောင်လေးသည် အလွန်ပင် ချစ်စရာကောင်းသည်။ ရှီမာယူယူသည် သူနှင့် ဆွေမျိုးတော်စပ်သည်ဟု ခံစားရသည်။ သို့သော် သူမဘေးတွင် သူ့ကို ထားခြင်းသည် စွန့်စားလွန်းရာကျသည်။

“မင်းသာငါနဲ့ရှိတာကို မင်းအဖေသိရင် ငါ့ကိုသတ်မလားတောင်မသိဘူး”

“မေမေ စိတ်ချပါ ဖေဖေက မေမေ့ကိုသတ်မှာမဟုတ်ဘူး” ကံကောင်း လေးသည် ရှီမာယူယူ၏ ဆိုလိုရင်းကိုမသိသော်လည်း သူ၏ဖခင်သည် မိခင်ဖြစ် သူအပေါ် မည်သို့ခံစားချက်ရှိသည်ကိုတော့ သိသည်။

***

All Chapters