← Chapters

အလွန်တူခြင်း

Vol. 110 Ch. 1532

အလွန်တူခြင်း

Vol. 110 Ch. 1532

ကံကောင်းလေးသည် သူ့စကားကို ယုံကြည်ချက်အလွန်ရှိနေသည်။ သူ သည် ကြီးမြတ်သောဝူလင်း သူမကိုမသတ်မည့်ကိစ္စကို သေချာနေသည်။

ထိုအကြောင်းအရာမှာလည်း ထိုအမျိုးသမီးနှင့် သေချာပေါက် ပတ်သတ် မည်ကို ရှီမာယူယူ နားလည်ထားသည်။

ကံကောင်းလေး ထိုသို့ပြောသော်လည်း သူမ စိတ်မချနိုင်သေးပေ။ သူမ သူ့ကို တစ်ခုခုလုပ်မယ်လို့ ကြီးမြတ်သောဝူလင်းထင်သွားပြီး ဒေါသတကြီးလာ တိုက်ခိုက်ရင် ဘယ်လိုလုပ်မလဲ။

“မေမေ မေမေ့ဘေးက စာချုပ်သားရဲတွေက ဘာလို့အဲလောက်တောင် ပြောင်းလဲသွားကြတာလဲ” ကံကောင်းလေးသည် ရှီမာယူယူ ဖမ်းထားခြင်းခံရ သည်ကို မသိသေးဘဲ သူမ ဘာမှမပြောသဖြင့် သဘောတူသည်ဟု သေချာနေ သည်။ သူသည် သူမဘေးတွင် ပြေးလွှားနေသော ဝိညာဉ်သားရဲများကိုကြည့်ပြီး မေးလိုက်သည်။

“အိုး… အရင်တုန်းက ငါ့မှာဘာတွေရှိခဲ့တာလဲ မှတ်မိလား”  ရှီမာယူယူ သည် သူနှင့်အတူသွားလိုက်သည်။

ကံကောင်းလေးသည် ဟိန်းသံထောင်ချီကိုညွှန်ပြကာ ပြောလိုက်သည် “ဒီမြေခွေးလေးက ဘယ်လိုလုပ် အမြီးရှစ်ချောင်းပဲရှိတာလဲ တစ်ချောင်းက ဘယ်ရောက်သွားတာလဲ”

ရှီမာယူယူ ရင်ခုန်သွားသည်။ ဟိန်သံထောင်ချီသည် လူသားအသွင် ပြောင်းထားကာ သူသည် အမြီးကိုးချောင်းမြေခွေးဖြစ်ပြီး အမြီးတစ်ချောင်း ပျောက်နေသည်ကို ဝိညာဉ်သားရဲအများစု မပြောနိုင်ကြပေ။ သို့သော် ကံကောင်းလေးသည် တစ်ချက်ကြည့်ရုံနှင့်တင် ပြောနိုင်သည်။

သို့သော် ကံကောင်းလေး ထိုသို့ပြောသဖြင့် ထိုအမျိုးသမီးဘေးတွင် အမြီး ကိုးချောင်းဝိညာဉ်မြေခွေးရှိသည်မှာ သေချာသွားသည်။

“တခြားရော”

ကံကောင်းလေးသည် ရှီမာယူယူ၏ လက်ဖဝါးပေါ်တွယ်တင်ပြီး သားရဲ များကို ကြည့်လိုက်သည်။ ထို့နောက် သူသည် ဟိန်းသံလေးကိုညွှန်ပြပြီးပြော လိုက်သည် “ဒီကောင်က ဘယ်လိုလုပ် အဲလောက်အားနည်းသွားတာလဲ”

“သူက အရင်တုန်းက အရမ်းအားကောင်းတာလား”

“ဟုတ်တယ်လေ” ကံကောင်းလေး ခေါင်းညိတ်လိုက်သည် “အရင်တုန်း က သူကကံကောင်လေးနဲ့ အစားအစာအမြဲလုစားနေကျ”

ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည်။ သူမသည် ဟိန်းသံလေးကိုကြည့် လိုက်သည်။ သူ့မျိုးနွယ်တွေက အကုန်လုံး ဒီလိုပဲလား။

“တခြားရော ရှိသေးလား” သူမ ထပ်မေးလိုက်သည်။

ကံကောင်းလေးသည် မျက်မှောင်ကြုတ်ပြီး ပြောလေသည် “မေမေ တခြားဝိညာဉ်သားရဲတွေရှိသေးလား”

“ဟင်”

“ကံကောင်းလေး ငှက်ကြီးကိုမမြင်မိဘူး ဒါပေမဲ့ သူ့ရောင်ဝါကိုအနံ့ရနေ တယ်၊ ပြီးတော့ တခြားဝိညာဉ်သားရဲတွေကရော” ကံကောင်းလေး မေးလိုက် သည်။

ရှီမာယူယူ မှင်တက်သွားသည်။ သူမသည် ဝူလင်းယူနှင့် အကြည့်ချင်း ဖလှယ်လိုက်ကာ အပြန်အလှန် နားလည်မှုများ တူညီနေကြသည်။

သူမ စာချုပ်သားရဲတွေအကုန်လုံးက ဒီမှာရှိပြီး ကြက်သွေးရောင် မီးတောက်ပဲရှိတာလေ။ ကံကောင်းလေးက ငှက်ကြီးလို့ပြောတော့ သေချာ ပေါက် သူ့ကိုပြောတာပဲ။

ပုံစံအတူတူ၊ ရောင်ဝါအတူတူနဲ့ စာချုပ်သားရဲတွေလည်း အတူတူပဲ။ ရှီမာယူယူသည် ကျောရိုးတစ်လျှောက် ကြက်သီးများ စီးဆင်းသွားသလိုပင်။

ဝူလင်းယူသည် သူမလက်ကို ကိုင်ကာ ပြောလိုက်သည် “မင်းကမင်းပဲ သူမက သူမပဲ”

“အင်း” ရှီမာယူယူသည် သူမ အတွေးများကို ကျွံဝင်မသွားစေပေ။ မည်သို့ ပင်ဖြစ်စေကာမူ မည်မျှပင်ဆင်တူစေကာမူ သူမသည် ထိုအမျိုးသမီးမဟုတ် ပေ။

“ဒါပေမဲ့ ဒီကောင်လေးကို ဘာလုပ်ကြမလဲ”

ကံကောင်းလေးသည် ရှီမာယူယူ ပြောသည့်စကားကိုကြားသည်နှင့် မျက်လုံးတွင် ချက်ချင်းပင် မျက်ရည်များပြည့်လာပြီး သူမကို ကြည့်လေသည်။ သူမသည် သူ့ကိုစွန့်ပစ်တော့မည့်ပုံစံဖြစ်ကာ သူသည် ငိုတော့မည်ပုံစံဖြစ်နေ သည်။

ဝူလင်းယူသည် ကံကောင်းလေးကို ကြည့်ပြီး ခေတ္တမျှစဉ်းစားကာ နောက်ဆုံးတွင် ပြောလိုက်သည် “သူနေချင်ရင်လည်း နေခိုင်းလိုက်ပါ၊ ဘာပဲ ဖြစ်လာလာ ဖြေရှင်းရုံပဲရှိတာပေါ့”

ရှီမာယူယူသည် ဝူလင်းယူပြောသည့် အဓိပ္ပာယ်ကိုသိသည်။

ကြီးမြတ်သောဝူလင်းသည် ထိုရှေးဟောင်း ဝိညာဉ်သားရဲများ၏ ခေါင်းဆောင်ဖြစ်နေသည်မှာ သိသာလွန်းသည်။ ထွက်လာသော ဝိညာဉ်သားရဲ များသည် သူ့ကိုနာခံလျှင်တောင် ထိုသတ္တဝါလေးက သူမကို သဘောကျလျှင် ကြီးမြတ်သောဝူလင်းသည် သူမကို ကောင်းမွန်စွာဆက်ဆံပေးမည်။ အနည်း ဆုံးတော့ သူမကိုသတ်မည်ကို စိုးရိမ်ရန်မလိုပေ။

“ဘယ်လိုပဲဖြစ်ဖြစ် ဒီအကြောင်းကို သူ့ကိုအသိပေးရမယ်”

ကြီးမြတ်သောဝူလင်းသည် ထွက်ပေါ်လာကတည်းက သူ့ကလေးကို ရှာမည်ဟု ထင်သည်။ သူမသာ ဘာမှမပြောပါက သူသိသွားမည့်အချိန်ရောက် လျှင် သူမအပေါ် သဘောထားမှာပြောင်းလဲသွားနိုင်သည်။

“ဒီအတွက် စီစဉ်ကြတာပေါ့” ဝူလင်းယူ ပြောလိုက်သည်။

“ဟုတ်ပြီ” ရှီမာယူယူ ပြုံးလိုက်သည်။

သူရှိလျှင် သူမသည် မည်သည့်အရာကိုမှ ပူပန်ရန်မလိုပေ။

ကောင်းလိုက်တာ….

ထိုအကြောင်းကြောင့်ပင် ရှီမာယူယူသည် ဝိညာဉ်သားရဲများ ထိန်းကျောင်းမည့်ကိစ္စကို နောက်ရွေ့ထားလိုက်ရသည်။ ထိုမျောက်ဝံကြီး မလာခင် သူမ ထိုဝိညာဉ်သားရဲများကို ထိန်းကျောင်းပြီးစီးပါက တစ်ခုခုဖြစ် သွားနိုင်သည်။

သူတို့ ထင်ထားသည့်အတိုင်းပင် ကြီးမြတ်သောဝူလင်းသည် သားဖြစ်သူ ၏ တည်နေရာကို တစ်ချိန်လုံး ခြေရာခံနေခဲ့သည်။

သူတစ်ယောက်တည်းမဟုတ်ပေ။ ထွက်လာကြသော ရှေးဟောင်းဝိညာဉ် သားရဲများ အားလုံးသည် ကံကောင်းလေးကို ရှာနေကြသည်။ သို့သော် သူတို့ သည် သတင်းအစအနတစ်ခုမှ မရကြပေ။

ကြီးမြတ်သောဝူလင်းသည် အစကတည်းကပင် ဒေါသကြီးသူဖြစ်သည်။ အခု သူ့ကလေးကိုရှာမရသဖြင့် တစ်ကိုယ်လုံးမီးတောက်ကာ ပေါက်ကွဲမတတ် ဖြစ်နေသည်။

ယနေ့တွင် သူသည် ပြည်နယ် ၃၂ မှထွက်ပြီး ကံကောင်းလေးအား ရှာရန်အပြင်သို့သွားမည်အပြုတွင် လေဟာပြင်ထဲတွင် အပြောင်းအလဲရှိသည် ကိုရုတ်တရက် ခံစားမိလိုက်သည်။

သို့သော် ထိုလူသည် သူနှင့်ရင်းနှီးသည့်သူမဟုတ်သလို သူ့လူလည်း မဟုတ်ပေ။ ပြည်နယ် ၃၂ သည် ထူးခြားသည်။ ထိုနေရာသို့လာနိုင်သည်မှာ ကျွမ်းကျင်သူဖြစ်သည်ဟု ဆိုလိုသည်။

သို့သော် သူ တုံ့ပြန်ချက်မရှိပေ။

လျင်မြန်စွာပင် ဝူလင်းယူသည် လေဟာပြင်မှထွက်ပေါ်လာပြီး ကြီးမြတ် သော ဝူလင်းကိုရှာလေသည်။ သူတို့နှစ်ယောက်လုံးသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်နေကြသည်။

ထိုအခိုက်တွင် ကြီးမြတ်သောဝူလင်းသည် သူ၏မူလဝိညာဉ်သားရဲ အသွင်အပြင်မဟုတ်တော့ပေ။ သူသည် လူသားတစ်ယောက်ကဲ့သို့ဖြစ်နေ သော်လည်း သားရဲအသွင်အပြင် ကျန်ရှိဆဲဖြစ်သည်။ သူ၏ လူသတ်နိုင်သည့် ရောင်ဝါသည် အရင်ကကဲ့သို့ အေးစက်ဆဲပင်ဖြစ်သည်။

“ငါ မင်းကိုမှတ်မိတယ်၊ မင်းက သူမဘေးကတစ်ယောက်ပဲ ဒီကိုဘာလို့ လာတာလဲ” ကြီးမြတ်သောဝူလင်းသည် ဝူလင်းယူအား ကြည့်လေသည်။

ထိုနေ့က သူမဘေးမှ ထိုလူသည် အမှန်တကယ် အားကောင်းလိမ့်မည်ဟု သူ မထင်ထားမိပေ။

“မင်းကို ပြောစရာရှိလို့လာတာ” ဝဓလင်းယူသည် ကြီးမြတ်သောဝူလင်း ၏ ရောင်ဝါသက်ရောက်မှုကို မခံရပေ။

“ဘာလဲ” မရင်းနှီးသောလူတစ်ယောက်သည် သူ့ကိုအကြောင်းမရှိလဲ လာ ရှာခဲ့သည်။ ထို့ကြောင့် တစ်ဖက်လူသည် သူ့ကို သတင်းကောင်းပြောရန် လာ ခြင်းဖြစ်သည်ဟု ကြီးမြတ်သောဝူလင်းမထင်ပေ။

ရှေးဟောင်းဝိညာဉ်သားရဲများ ပေါ်ထွက်လာသော်လည်း မများလှသေး ပေ။ အကယ်၍ လူသားများ အတူစုစည်းလိုက်ပါက အနိုင်ယူရန် ခက်သွားနိုင် သည်။

“မင်း ငါ့ကိုအဲလောက်ကြီး သတိထားဖို့မလိုပါဘူး” ဝူလင်းယူ ပြောလိုက် သည် “ငါက မင်းကိုကြံစည်မလို့မဟုတ်ဘူး”

“ဒါဆိုရင် ဘာလို့လာတာလဲ”

“မင်းရဲ့သား ဘယ်မှာလဲဆိုတာ ပြောဖို့လာတာ” ဝူလင်းယူ ပြောလိုက် သည်။

ကြီးမြတ်သောဝူလင်း၏ မျက်အိမ်များမှာ ကျဉ်းမြောင်းသွားတော့သည် “ကံကောင်းလေး ဘယ်မှာလဲ”

“ငါတို့က သတ္တုရိုင်းဖွင့်တော့ သူ့ကိုမတော်တဆရထားတယ်၊ သူက မင့်သားဆိုတာ သိတာနဲ့ သူ့ကိုပြန်ပို့ချင်တယ် ဒါပေမဲ့ သူကမပြန်ချင်ဘူး” ဝူလင်းယူသည် ထိုအကောင်လေး ရှီမာယူယူကို တွယ်ကပ်နေပြီး မေမေဟု ဆက်တိုက်ခေါ်နေပုံကို တွေးပြီး အံကြိတ်မိသည်။

ကြီးမြတ်သောဝူလင်းသည် ချက်ချင်းပင် ခန့်မှန်းမိသည် “သူက သူမနဲ့ လား”

“ဟုတ်တယ် ငါမင်းကိုပြောဖို့လာတာ မင်းဘာသာမင်း သူ့ကိုခေါ်သွား တာ ကောင်းမယ်” မင်းရဲ့ကလေးက ငါ့မိန်းမကို စိတ်ရှုပ်အောင်မလုပ်စေနဲ့။

သူသည် နောက်ဆုံး စကားကိုတော့ အသံထွက်ပြီးမပြောလိုက်ပေ။

ကြီးမြတ်သောဝူလင်းသည် ကံကောင်းလေး ရှီမာယူယူနှင့်ရှိနေသည်ကို သိသည်နှင့် ဘာအကြောင့် သူမဆီမှထွက်မသွားချင်သလဲဆိုသည်ကို သိသည်။ သို့သော် သူသည် သားဖြစ်သူကို မတွေ့ရသည်မှာ နှစ်ပေါင်းသောင်းချီပြီဖြစ်ရာ သူ့ကိုလည်း လွှတ်မထားနိုင်ပေ။ သူ့ကို ပြန်ခေါ်လာရမည်။

ထို့အပြင် ရှီမာယူယူသည် အတိတ်မှ သူမမုတ်ပေ။ သူမသာ ကံကောင်း လေးကို ကောင်းမွန်စွာမဆက်ဆံပါက….

“သူမ ဘယ်မှာလဲ”

“နောက်ကလိုက်ခဲ့”

ရှီမာယူယူသည် သူမ၏ခြံဝန်းတွင်ရှိကာ ခံစားချက်ကောင်းကောင်းဖြင့် ခြံထဲမှာပင် ထိုင်နေသည်။ သူမသည် မူစစ်၏ ကျင့်ကြံနေပုံကို စစ်ဆေးရင်းနှင့် ကံကောင်းလေးနှင့် ကစားပေးနေသည်။

သူမ ထိုကောင်လေးကို ကြွားဝါချင်၍မဟုတ်ပေ။ သူသည် သူမကို ထွက်သွားခွင့်မပြုခြင်းဖြစ်သည်။ သူမ ထွက်သွားသည်နှင့် ဝိညာဉ်စေတီ အတွင်းတွင် အလိုမကျဖြစ်ကာ သောင်းကျန်းတော့သည်။

ကြီးမြတ်သောဝူလင်းရဲ့ ဖိအားကြောင့်ပါသလို အဲဒီအကောင်လေးက ငယ်လွန်းနေတယ်၊ သူ့ကိုဘယ်လို အပြစ်သွားပေးမှာလဲ။ ဝိညာဉ်စေတီက ပစ္စည်းတွေ ပျက်စီးခြင်းမှကင်းဝေးအောင် သူ့ကို သူမဘေးမျာ ထားရုံပဲရှိတော့ တယ်လေ။

သူမ မူစစ်ကို အခြေအနေမေးပြီးသည်နှင့် ထိုအကောင်လေးနှင့် ကစား ပေးနေသည်။ သူသည် သူမဆံပင်ကို ဆွဲကိုင်ပြီး စီးခိုနေလိုက်သေးသည်။

ထိုအကောင်လေးသည် ရုတ်တရက်လွှတ်ပြီး လဲကျလုနီးပါးဖြစ်သွား သောကြောင့် သူမ သူ့ကိုဖမ်းရန် အလိုလိုလက်ရောက်သွားသည်။ ထို့နောက် သူမ သူ့ကိုဖက်ကာ ပြောလိုက်သည် “သတိထားလေ”

ထိုအကောင်လေးသည် သူမရင်ခွင်ထဲတွင် တခစ်ခစ်ရယ်မောရာ ရှီမာယူယူ အကူအညီမဲ့သွားတော့သည်။ သူ သေချာပေါက် တမင်လုပ်နေတာ ပဲ။

သို့သော် သူမ ထိုအရာကိုသိသော်လည်း နောက်ပိုင်း သူ ဆက်လုပ်လျှင် သူမ ဖမ်းပေးဦးမည်ဖြစ်သည်။

လေဟာပြင်မှ မငြိမ်မသက်မှုကို ခံစားရသောအခါ မူစစ်ကို နောက်ဆုတ် ခိုင်းပြီး မိုးပေါ်ကို သတိရှိရှိဖြင့် ကြည့်လိုက်သည်။

***

All Chapters