← Chapters

ဝမ်းနည်းနေသော ကံကောင်းလေး

Vol. 110 Ch. 1533

ဝမ်းနည်းနေသော ကံကောင်းလေး

Vol. 110 Ch. 1533

ကြီးမြတ်သောဝူလင်းသည် လေဟာပြင်တွင် ကြာရှည်စွာနေခဲ့သည်။ ကံကောင်းလေးသည် ရှီမာယူယူဆီမှ ထွက်မသွားချင်သည်ကို ဝူလင်းယူပြောပြ ခဲ့ပြီး ကံကောင်းလေး ထွက်မသွားချင်ရသည့်အကြောင်းအရင်းကိုလည်း သူသိ သည်။ ထို့ကြောင့် သူ ထိုလေဟာပြင်တွင်နေပြီး ရှီမာယူယူ ကံကောင်းလေးကို မည်သို့ဆက်ဆံသည်ကို ကြည့်ရန်ဆုံးဖြတ်လိုက်သည်။

သူသည် ကံကောင်းလေး၏ တခစ်ခစ်ရယ်သံကိုကြားရပြီး ပျော်ရွှင်စွာဖြင့် ရှီမာယူယူနှင့် ကစားနေသည်ကို မြင်လိုက်ရသည်။ သူသည် ထိုစဉ် ထိုလူ ထွက်သွားချိန်က မည်မျှဝမ်းနည်းခဲ့ကြောင်းကို ပြန်တွေးပြီး ခံစားချက်များ လည်း ရှုပ်ထွေးလာခဲ့သည်။

သို့သော် တစ်ခုကာင်းသည်မှာ ရှီမာယူယူသည် ထိုလူကဲ့သို့ပင် ကံကောင်း လေးကို ကောင်းမွန်စွာ ဆက်ဆံပေးသည်။ သူမသည် သူ့ကို အမှန်တကယ် သဘောကျကာ အပေါ်ယံဟန်ဆောင်နေခြင်းဖြစ်သည်။ မဟုတ်လျှင် သူမ သူ့ကို ဖမ်းလိုက်မည်မဟုတ်ပေ။

ဒီကောင်မလေးက ငယ်ငယ်လေးနဲ့ စိတ်ထဲမှာ ထည့်ထားတဲ့ ကိစ္စတွေက အများကြီးပဲ။ အဲဒါကို သူနဲ့ကစားပေးသေးတယ်။

သူသည် ထိုနေရာသို့ရောက်နေသည်ကို ရှီမာယူယူ သိပင်မသိသေးပေ။ သို့သော် သူ့ကလေးသည် သေချာပေါက် အာရုံခံမိသည်။ ရှီမာယူယူ သူ့အပေါ် မည်မျှကောင်းကြောင်း သိစေချင်ပြီး သူမဆီမှ ထွက်သွားအောင် ဖိအားမပေး စေခြင်းကြောင့် ထိုကဲ့သို့လုပ်နေခြင်းမဟုတ်ပါလား။

ဟင်း… သူက သေးသေးလေးပေမဲ့ သတ္တိကတော့ကြီးတယ်။

ကံကောင်းလေးသည် စထွက်လာကတည်းကပင် အသံကျယ်ကျယ်ပြော ကာ အရင်ကလို နူးညံ့ပြီးအားနည်းသလို မလုပ်ပေ။ သူသည် များစွာ ဉာဏ်ကောင်းလှသည်။

အင်း.. အနည်းဆုံးတော့ သူ့ရှေ့ကလူက သူ့အမေအရင်းမဟုတ်တာကို တော့ ပြောနိုင်မှာပဲ။ ဒါပေမဲ့ သူက သူမကို သဘောကျတုန်းပဲ။

ရှီမာယူယူသည် ကံကောင်းလေးကို ဖက်ကာ ထိုလူနှစ်ယောက် လေဟာ ပြင်ဧရိယာထဲမှ ထွက်လာသည်ကို စောင့်ကြည့်နေသည်။ သူမ ကြီးမြတ်သော ဝူလင်းနှင့် မရင်းနှီးခြင်းကြောင့်သာမဟုတ်လျှင် သူမ မျက်လုံးလှိမ့်မိမည်။

“ဖေဖေ” ထိုကောင်လေးသည် ကြီးမြတ်သောဝူလင်းကိုမြင်သည်နှင့် ပျော်ရွှင်စွာ ပြေးသွားလေသည်။

ရှီမာယူယူသည် ထိုကောင်လေး အလင်းတန်းတစ်ခုလို ဖခင်ဖြစ်သူ၏ ပခုံးပေါ်တက်သွားသည်ကိုသာ မြင်လိုက်ရသည်။

“ဒီမှာပုန်းပြီး ဘာလုပ်နေတာလဲ” ဝူလင်းယူကို ဘာမှမလုပ်သည်ကို မြင် သည်နှင့် သူမသည် ကြီးမြတ်သောဝူလင်းကို မကြောက်တော့ပေ။

“ကြီးမြတ်သောဝူလင်းက သူ့သားဒီမှာဘာလုပ်လဲဆိုတာကို ကြည့်ချင်နေ တာ” ဝူလင်းယူ ပြန်ဖြေလေသည်။

“သူ့ကိုခေါ်သွားမှာမဟုတ်ဘူးလား ဘာကြည့်စရာရှိလို့လဲ” ရှီမာယူယူ ထိုသို့ပြောလိုက်ပြီးနောက် သူမ ရပ်လိုက်သည်။ သူမ အခုမှပင် ရုတ်တရက် စဉ်းစားမိသွားသည်။ အကယ်၍ သူမသာ သူ့ကိုကောင်းမွန်စွာ မဆက်ဆံပါက သသည် သူမကို ဒေါသတကြီးသတ်ဖြတ်နိုင်သည်။

နောက်ဆုံးတွင် သူမ ပြောလိုက်သည်နှင့် ကြီးမြတ်သောဝူလင်းတွင် တွဲလွဲခိုနေသော ကံကောင်းလေးသည် သူမရင်ခွင်ထဲသို့ ပြန်လာပြီး သူမဆံပင် ကိုဆွဲလေသည်။ သူသည် စိတ်ခံစားချက်များစွာဖြင့် အော်လေသည် “ပြောတော့ကျ မေမေလို့မခေါ်တော့ရင် ကံကောင်းလေးကို မပစ်တော့ဘူးဆို ယူယူက ကိုယ့်စကားကိုယ်မတည်ဘူး”

ရှီမာယူယူသည် ထိုကောင်လေးနှင့် ရက်အနည်းငယ် အပြန်အလှန် ဆက်ဆံပြီးနောက်တွင် ခံစားချက်များတိုးလာပြီဖြစ်သည်။ သူ၏ သနားစရာ အကြည့်ကို ကြည့်ပြီး သူမသည် လက်ဆန့်ကာ သူ့ခေါင်းကိုပုတ်ပြီး ပြောလိုက် သည် “ဒါပေမဲ့ မင်းအဖေက မင်းကိုလာရှာတာလေ သူကမင်းကို အိမ်ပြန်ခေါ် သွားမှာ၊ ဒီမှာငါနဲ့ဆိုရင် အရမ်းအန္တရာယ်များတယ်”

သူမဘေးတွင် ရှေးဟောင်းဝိညာဉ်သားရဲရှိနေသည်ကို တခြားသူများ သိ ပါက၊ ကြီးမြတ်သောဝူလင်း၏ ကလေးဖြစ်သည်ကို သိသွားကြပါက သူ့ကို လိုချင်သည့်သူများလိမ့်မည်။

“မလိုချင်ဘူး မလိုချင်ဘူး ကံကောင်းလေးက ယူယူနဲ့နေချင်တာ” ထိုအကောင်လေး၏ မျက်ရည်များပြန်ကျလာပြန်သည်။

ကြီးမြတ်သောဝူလင်းသည် ရောက်လာကတည်းကပင် ရှီမာယူယူကို အကဲခတ်နေသဖြင့် စကားမပြောပေ။ ကလေးနှင့် ကစားပေးသည့်မြင်ကွင်း သည် သူ့အတွက် အတိတ်ကို ပြန်မြင်ယောင်စေသည်။

အဲဒီနှစ်က ဒီကောင်လေးက သူမဆံပင်ကို ဆွဲပြီး မသွားဖို့ပြောခဲ့သေး တယ်လေ။

ရှီမာယူယူသည် အခက်တွေ့နေသည်။ သူမ ထိုကောင်လေးကို သဘောကျသော်လည်း သူမနှင့် မနေစေချင်ပေ။ သူသည် မျက်စိကျလောက် စရာဖြစ်ကာ အန္တရာယ်များလွန်းသည်။ ထို့အပြင် သူ့ဖခင်နှင့်အလိုအရဆိုလျှင် တစ်ခုခုဖြစ်လာလျှင် သူမကိုသာအပြစ်တင်မည်ဖြစ်ကာ သူ၏ ဒေါသသည် သူမ ကိုင်တွယ်နိုင်သည့်အရာမဟုတ်ပေ။

အရေးအကြီးဆုံးမှာ ကြီးမြတ်သောဝူလင်းသည် ထွက်လာသည်နှင့် ကံကောင်းလေးကိုရှာချင်သဖြင့် ထွက်မသွားခဲ့ခြင်းဖြစ်ကြောင်း ဝူလင်းယူပြော သည်ကို ကြားခဲ့သည်။ သူ ထွက်လာသည်နှင့် လူသားများနှင့် ယှဉ်ပြိုင်ချင်၍ ဖြစ်သည်။ သူတို့ဘက်တွင် ရှေးဟောင်းဝိညာဉ်သားရဲ များလေလေ သူတို့ အတွက်ကောင်းလေလေဖြစ်သည်။ ပြီးနောက် သူသည် ခရီးဆက်မည့်အစား ထိုနေရာတွင် စောင့်မျှော်ရန်ရွေးချယ်ခဲ့သည်မှာ ကံကောင်းလေးသည် သူ့အတွက် မည်မျှအရေးကြီးကြောင်းကို သက်သေပြနေသည်။

ထိုမျှအရေးကြီးလှသောလူကို မရင်းနှီးသောလူနှင့် ထားသွားလိမ့်မည်ဟု သူမ မထင်ပေ။

ကြီးမြတ်သောဝူလင်း စဉ်းစားနေသည်နှင့် ရှီမာယူယူနှင့် ဝူလင်းယူတို့ နှုတ်ဆိတ်သွားကြသည်။ ရောင်ဝါမှာလည်း ခေတ္တမျှ ထူးဆန်းသွားသည်။

ကြီးမြတ်သောဝူလင်းမှ ထိုကောင်လေးကို ခေါ်သွားမည်ဟု စီစဉ်လိုက် သည်နှင့် ကံကောင်းလေးသည် ရုတ်တရက် ခေါင်းမော့လာကာ မှိုင်တွေစွာဖြင့် ပြောလေသည် “ဖေဖေ ကျွန်တော် မေမေလိုချင်တယ်”

ကြီးမြတ်သောဝူလင်းသည် သူ နာကျင်နေသည်ကိုကြည်ပြီး ပြောလေ သည် “မင်းနေချင်မှတော့ နေလေ”

ထိုသို့ပြောပြီးနောက်တွင် ကံကောင်းလေးသည် ရှီမာယူယူ၏ ဆံပင်ကို ပျော်ရွှင်စွာဖြင့် လွှဲယမ်းတော့သည်။ ရှီမာယူယူနှင့် ဝူလင်းယူတို့ ဆွံ့အသွားကြ တော့သည်။

“ကြီးမြတ်သောဝူလင်း ဒါကမသင့်တော်ဘူးထင်တယ်” ရှီမာယူယူ ပြော လိုက်သည် “ဒီမှာအရမ်းအန္တရာယ်များတယ်၊ ကျွန်မတို့မျိုးနွယ်ကလည်း အားမကောင်းသေးဘူး တစ်ခုခုဖြစ်ရင် ကံကောင်းလေးကို မကာကွယ်နိုင်ဘူး”

“မင်းကာကွယ်ဖို့မလိုပါဘူး” မင်းမှာ အဲလိုစွမ်းရည်မရှိတာ ငါသိတယ်။ ကြီးမြတ်သောဝူလင်း၏ စကားများသည် တည့်တိုးဆန်လှသည်။ သူသည် နောက်ဆုံးစကားကို ဆုံးအောင်မပြောလိုက်ပေ။

ရှီမာယူယူသည် ထပ်ပြီးအထင်သေးခံလိုက်ရသည်။ သို့သော် သူမ ပြန် မချေပတော့ပေ။ သူမကို ဘယ်သူက အားနည်းခိုင်းလို့လဲ။

သူမ၏အကြည့်များ ဝူလင်းယူဆီသို့ ရောက်သွားသည်။ သူသည် ကံကောင်းလေး သူမဘေးတွင်ရှိနေသည်ကို နှစ်ခြိုက်ခြင်းမရှိပေ။ အဲတော့ သူ တစ်ခုခုတော့ပြောမှာပဲမလား။

သို့သော် ဝူလင်းယူသည် ကြီးမြတ်သောဝူလင်းကို မည်သို့ပြောရမည်ကို မသိသဖြင့် သူမအတွက် ကူပြောပေးရန် မတတ်နိုင်ပေ။ ထိုအစား သူသည် သူမ ခေါင်းကိုပုတ်ပြီး ပြောလေသည် “ကံကောင်းလေးက အားကောင်းပါတယ်၊ သူ ရှီနေရင် မင်းနောက်ဆိုရင် လုံခြုံသွားမှာ”

ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည်။ ဒီတော့ မဟုတ်သေးဘူးလေ ဟုတ်တယ်မလား။

“မမ မကြောက်နဲ့ ကံကောင်းလေးကာကွယ်ပေးမယ်” ကံကောင်းလေး သည် သူ့ရင်ဘတ်သူပုတ်ကာ ကတိပေးလေသည်။

စိုးရိမ်မှုကင်းစွာဖြင့် သူ ခေါင်းပြန်လှည့်လိုက်သည်။ ရှီမာယူယူ မေမေဟု ခေါ်သည်ကို သဘောမကျသည်ကို သူသိသဖြင့် သူ့ကို မမဟု ပြောင်းအမည် တပ်လိုက်သည်။ သူ အစောပိုင်းက မေမေဟု ခေါ်သည်မှာ အလွန်ပျော်နေ၍ ဖြစ်သည်။

ရှီမာယူယူ ကြီးမြတ်သောဝူလင်းကို ကြည့်လိုက်သည်နှင့် သူဆုံးဖြတ်ပြီး ဖြစ်သည်ကို သိလိုက်ရသည်။

ဟူး… သူမကိုက အားနည်းလွန်းတာပါ။ သူမသာ ပိုအားကောင်းရင် ကြီးမြတ်သောဝူလင်းကို ကြောက်စရာမလိုဘူးလေ။

“ကျွန်မလုပ်စရာရှိသေးတယ် ရှင်တို့သားအဖေ ပြန်တွေ့တာကို မနှောင့်ယှက်တော့ဘူး” ပြောပြီးနောက်တွင် သူမသည် ကံကောင်းလေးကို ကြီးမြတ်သောဝူလင်းရင်ခွင်ထဲထည့်ပြီး လှည့်ထွက်လာခဲ့သည်။

သူမသည် သူ့ကိုမဖျောင်းဖျနိုင်ပေ။ ထို့အပြင် သူမကို ကံကောင်းလေးကို ဂရုစိုက်ပေးရန် အပ်ထားသဖြင့် သူမရဲတင်းလာသည်။

အရေးအကြီးဆုံးမှာ ဝူလင်းယူရှိနေသဖြင့် သူမ ဒေါသအနည်းငယ်ကို ချုပ်တည်းနိုင်ခဲ့သည်။

ကြီးမြတ်သောဝူလင်း မပျော်မရွှင်ဖြစ်မည်ဟု သူမ ထင်နေတုန်းပင်။ သို့သော် သူမ ထင်ထားသည့်အတိုင်းမဖြစ်ပေ။ ထိုအစား သူသည် တစ်စုံတစ်ရာ ကို သတိရလွမ်းဆွတ်နေပုံပေါ်သည်။

“ဖေဖေ သူမက မေမေမလား ဟုတ်လား” ကံကောင်းလေးသည် ကြီးမြတ် သောဝူလင်းကို တွယ်တက်ပြီး ပြောလိုက်သည်။

ကြီးမြတ်သောဝူလင်းသည် မှင်တက်သွားကာ တွယ်တက်နေသော ကောင်လေးကို ကောက်ချီပြီး တစ်လုံးချင်းပြောလိုက်သည် “ဒေါ်လေးယူယူ ကသေသွားပြီလေ သူက မင်းရဲ့ဒေါ်လေးယူယူမဟုတ်ဘူး”

“ဝါး”

ကံကောင်းလေးသည် ချက်ချင်းပင် အော်ငိုလေသည်။ သူ့အော်သံမှာ အားကောင်းလွန်းကာ ရှီမာယူယူရှေ့တွင် ငိုပုံနှင့်မတူပေ။

ရှီမာယူယူသည် အခုမှထွက်လာပြီး အိမ်ရှေ့အရောက်တွင် ကံကောင်း လေး၏ ငိုသံကိုကြားလိုက်ရသည်။ သူ ရင်ထဲမှလှိုက်အောင်ငိုသည်ကို ကြားဖူး သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူမ ဆက်မကြားရက်တော့သဖြင့် လှည့်သွားလိုက်ရာ ကြီးမြတ်သောဝူလင်းသည် ကံကောင်းလေးကို အဝေးသို့ ပစ်လိုက်သည်ကို မြင်လိုက်ရသည်။

“ကံကောင်းလေး”

ကံကောင်းလေး အလွန်အားကောင်းသည်ကို သူမ သေချာပေါက်သိ သည်။ သို့သော် မသိစိတ်မှ ဝိညာဉ်ခြေလှမ်းများဖြင့် လေထဲခုန်ကာ ကံကောင်း လေးကို ဖမ်းလိုက်သည်။

“မေမေ ရွှတ် ရွှတ် မေမေသေသွားပြီလို့ ဖေဖေပြောတယ်” ကံကောင်း လေးသည် ရင်းနှီးနေသောအနံ့ကိုရချိန်တွင် ပိုငိုတော့သည်။

“မငိုနဲ့ အိမ်ထဲကိုပြန်ရအောင်” ရှီမာယူယူသည် ကြီးမြတ်သောဝူလင်းကို တစ်ချက်ကြည့်လိုက်ပြီး ကံကောင်းလေးကို အိမ်ထဲသို့ခေါ်သွားလိုက်သည်။

ဒီလိုအဖေမျိုးကရှိသေးတာလား။ သူ ရောက်လာကတည်းက ကလေးကို ငိုအောင်လုပ်ပြီး လွှင့်ပစ်လိုက်သေးတာ။

ကြီးမြတ်သောဝူလင်းသည် ကံကောင်းလေး၏ ထိုပုံစံကိုမြင်သောအခါ စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး မျက်နှာထားမှာလည်း အရင်ကထက်ပိုပြီး မည်းနက်လာသည်။

***

All Chapters