အခန်း (၆၉)
Vol. 6 Ch. 69
ဖေးခွမ် WeChat ကို တစ်ချက်ကြည့်လိုက်သည်၊ စာမပြန်လာပေ။
စုန့်လင်းချွမ်ရဲ့ နံပါတ်ကိုမခေါ်ခင် သူခဏလောက် စဉ်းစားလိုက်သည်။
စုန့်လင်းချွမ်ရဲ့ ဖုန်းရုတ်တရက် မြည်လာတဲ့အချိန် သူက တီဗီထဲမှာ ဈာန်ဝင်နေသည်။
သူက ဖုန်းကိုင်ပြီး မထသွားသေးခင် စုန့်အာ့နန်ကို တစ်ချက်ကြည့်လိုက်သည်။
"ဟယ်လို?" စုန့်လင်းချွမ်က ဖုန်းပြန်ဖြေလိုက်သည်။
တစ်ဖက်ကနေ တမင်တိုးထားတဲ့ အသံကိုကြားတော့ ဖေးခွမ်က အံ့ဩတကြီးနဲ့ မေးလိုက်သည်။ "မင်းဘာလုပ်နေတာလဲ?"
စုန့်လင်းချွမ်က ပြန်ဖြေလိုက်သည်။ "ငါ့အန်တီလေးနဲ့ တီဗီအတူတူကြည့်နေတာ"
ဒါကိုကြားတော့ ဖေးခွမ်မျက်ခုံးတွေ တွန့်ချိုးသွားသည်။ "မင်းအန်တီလေးက မင်းနေရာမှာလား?"
စုန့်လင်းချွမ် - "ဟုတ်တယ်၊ ဘာကိစ္စရှိလို့လဲ?"
ဖေးခွမ်လည်း သိပ်စဉ်းစားမနေလိုက်ဘဲ စုန့်အာ့နန်သူ့ကို ဖုန်းခေါ်ထားတဲ့အကြောင်း ပြောပြလိုက်သည်။
"သူခေါ်တုန်းက ငါမကိုင်လိုက်ရဘူး၊ သူ့မှာ အရေးတကြီး တစ်ခုခုဖြစ်နေမှာစိုးလို့" ဖေးခွမ်က ပြောလိုက်သည်။
စုန့်လင်းချွမ် အံ့အားသင့်သွားသည်။ သူ့အန်တီလေးက ဖေးခွမ်နဲ့ ဘာဆွေးနွေးစရာတွေရှိလို့လဲ?
"ကိုင်ထားဦး၊ ငါ့အန်တီလေးဆီ ဖုန်းပေးလိုက်မယ်"
စုန့်လင်းချွမ်က ဧည့်ခန်းကို ပြန်လာပြီး "အန်တီလေး၊ တစ်ခုခုအတွက် ဖေးခွမ်ကို လိုလို့လား?"
စုန့်အာ့နန်က လန့်သွားပြီး ဒရာမာထဲ နစ်ဝင်နေရာကနေ မထွက်လာနိုင်သေးမှန်း ထင်ရှားသည်။
စုန့်လင်းချွမ်က သူမကိုဖုန်းကမ်းပေးလိုက်သည်။
စခရင်ပေါ်က ခေါ်ဆိုသူနာမည်ကို မြင်တော့ စုန့်အာ့နန်တစ်ယောက် နောက်ဆုံးမှာ လက်ရှိကို ပြန်ရောက်လာသည်။
သူမက တီဗွီကို ခဏရပ်လိုက်ပြီး ဖုန်းကို ယူလိုက်သည်။
"အိုး၊ ကျွန်မ ဖုန်းကို အသံပိတ်ထားတော့ သတိမထားမိလိုက်ဘူး။ ဘာမှ အရေးတကြီးတော့ မဟုတ်ပါဘူး၊ ကျွန်မ လင်းချွမ်ဆီ ရောက်နေတော့ ချိုးချိုးနဲ့ ဗီဒီယိုကောပြောဖို့ အဆင်ပြေမလားလို့ မေးချင်လို့ပါ"
ဒါက စုန့်အာ့နန် ဒီကိုလာတဲ့ လမ်းတစ်လျှောက်မှာ တွေးထားခဲ့တဲ့ ယုတ္တိအရှိဆုံး၊ သံသယမရှိတဲ့ ဆင်ခြေတစ်ခုဖြစ်သည်။
ဖေးခွမ်လည်း ယုံလိုက်သည်။
"အင်း၊ ကိုယ်လည်း ဟိုတယ်ကို အခုလေးတင်မှပြန်ရောက်တာ၊ ခဏစောင့်"
စုန့်အာ့နန်လည်း ပေါ့ပေါ့ပါးပါးနဲ့ အင်းလို့ ဆိုလိုက်ပြီး ခဏနေတော့ ဖုန်းခေါ်ဆိုမှုက ပြီးသွားသည်။
သေချာပေါက်ကို၊ သိပ်မကြာခင်မှာဘဲ ဖေးခွမ်က ဗီဒီယိုကော ခေါ်လာသည်။
စုန့်အာ့နန်က စခရင်ပေါ်က ချိုးချိုးကို စိတ်အားထက်သန်စွာ နဲ့ မြူနေသည်။
ကြောင်တစ်ကောင်နဲ့ လူတစ်ယောက်က အချိန်အတော်ကြာ ဗီဒီယိုကော မပြောခဲ့ရတာကြောင့် စုန့်အာ့နန်လည်း အဲ့ဒီမပြောပြနိုင်တဲ့ အတွေးတွေကို မေ့သွားပြီး ကြောင်နဲ့အတူ ကစားတဲ့အထဲမှာဘဲ လုံးဝနစ်ဝင်သွားသည်။
စုန့်လင်းချွမ်လည်း ဘေးဘက်မှာ သိချင်စိတ်နဲ့အတူ ကြည့်နေပြီး မနေနိုင်ဘဲ ခေါင်းထုတ်လိုက်ကာ စချင်သွားသည်။
"ချိုးချိုး ငါ့ကို မှတ်မိသေးလား?"
တစ်ဖက်က ချိုးချိုးဟာတော့ စုန့်လင်းချွမ်ကို မြင်ပြီး ခဏလောက် အေးခဲသွားသည်။
နောက်တစက္ကန့်မှာတော့ ဖေးခွမ်ရဲ့လက်ထဲကနေ ခုန်ထွက်လာပြီး ကင်မရာဘက်ကို ဖင်ပေးလိုက်သည်။
စုန့်လင်းချွမ် - "......"
ဒီကြောင်ကတော့ သေချာပေါက်ကို အငြိုးထားနေတာဘဲ။
စုန့်အာ့နန်နဲ့ ဖေးခွမ်တို့လည်း အားရပါးရ ရယ်လိုက်ကြသည်။ သူတို့ရဲ့ ကျယ်လောင်လှတဲ့ ရယ်မောသံကြောင့်လား ဒါမှမဟုတ် ချိုးချိုးက စုန့်လင်းချွမ်ကို တကယ်မမြင်ချင်တာကြောင့်လား မသိနိုင်စွာနဲ့ ထွက်ပြေးသွားသည်။
ချိုးချိုးထွက်သွားတော့ စုန့်အာ့နန်လည်း လိပ်ပြာမလုံတာကြောင့် ဖေးခွမ်နဲ့ အကြာကြီး စကားမပြောရဲတော့ဘဲ ဖုန်းကို စုန့်လင်းချွမ်ဆီ တိုက်ရိုက်ပြန်ပေးလိုက်သည်။
စုန့်လင်းချွမ် ဖုန်းကိုယူလိုက်ပြီး ဖေးခွမ်နဲ့ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောနေ လိုက်သည်။ "ငါ့အန်တီလေးက ချိုးချိုးကို အရမ်းသဘောကျနေတာ၊ ချိုးချိုးကို ငါနဲ့ဒီမှာထားရင်ရော?"
အဲ့ဒါကိုကြားတော့ စုန့်အာ့နန်ခဏလောက် လန့်သွားသည်။
သူမရဲ့ ပထမဆုံး တုံ့ပြန်မှုကတော့ ချိုးချိုးသာ စုန့်လင်းချွမ်နဲ့လာနေမယ်ဆိုရင် ဖေးခွမ်နဲ့ အဆက်အသွယ်လုပ်ဖို့ အကြောင်းပြချက်မရှိတော့ဘူးလို့ တွေးမိလိုက်သည်။
ဒီဖြစ်နိုင်ခြေကို တွေးရင်း သူမစိတ်တွေ တင်းကြပ်လာသည်။
"မေ့လိုက်စမ်းပါ၊ ချိုးချိုးက အရင်တစ်ခါတုန်းက စွန့်ပစ်ခံခဲ့ရပြီးပြီ၊ သူ အဲဒါကို ထပ်မထိန်းနိုင်မှာစိုးတယ်" ဖေးခွမ်က ပြောလာသည်။ "ဒါ့ပြင် ငါနဲ့လည်း နေနေတာ လနည်းနည်းလောက်ကြာနေပြီဆိုတော့ ငါတို့က ရင်းနှီးနေကြပြီ"
စုန့်လင်းချွမ်လည်း ဒါက အဓိပ္ပာယ်ရှိမှန်းသိတော့ ထပ်ပြီးအတင်းအကျပ် မလုပ်တော့ပေ။
"မင်းရဲ့ ရိုက်ကူးရေးကရော ဘယ်လိုလဲ? ဘယ်တော့ ပြီးမှာလဲ?"
"အားလုံးက လမ်းကြောင်းမှန်ပေါ် ရောက်နေရင်တော့ နို၀င်ဘာလကုန်လောက်ဆို အပြီးသတ်နိုင်မယ်ထင်တယ်"
စုန့်အာ့နန်ရဲ့မျက်လုံးနဲ့မျက်ခုံးတွေက ခြေထောက်ကို ကြည့်နေသလိုမျိုး အောက်ရောက်သွားသည်။
နို၀င်ဘာလကုန်မှ ပြီးလောက်မယ်ဆိုတော့ သူပြန်မလာလောက်ဘူးပေါ့?
စုန့်အာ့နန် တီဗီကြည့်တာကို စိတ်အနှောက်အယှက်မဖြစ်စေဖို့ စုန့်လင်းချွမ်က သူ့အခန်းဆီ သွားလိုက်သည်။
စုန့်လင်းချွမ်ရဲ့ အသံ ဝေးသွားတာနဲ့အမျှ စုန့်အာ့နန်လည်း TV ရီမုကို ထပ်ဖွင့်လိုက်သည်။
ဒရာမာက ဖန်သားပြင်ပေါ်မှာ ဆက်ပြီးပြနေသည်။
ဒါပေမယ့် သူမကတော့ ထပ်ပြီး မကြည့်နေပေ။
-
အမျိုးသားနေ့ အားလပ်ရက်အပြီးမှာ စုန့်အာ့နန်ရဲ့ဘဝဟာလည်း တစ်ဖန်ပြန်လည်ငြိမ်သက်သွားသည်။
ဆေးကျောင်းသူတစ်ဦးရဲ့ လေးလံလှတဲ့ ဝန်ထုပ်ဝန်ပိုးကြောင့် အခုအချိန်မှာ သူမရဲ့ရင်ထဲက မထင်မရှား အတွေးတွေကို ခေတ္တသိမ်းဆည်းထားဖို့ ဖိအားပေးလိုက်သည်။
ဒါ့အပြင် သူမက အချိန်အတိုင်းအတာတစ်ခုအထိ သူမလုံးဝစိတ်တည်ငြိမ်သွားအောင်လုပ်ဖို့ ဆုံးဖြတ်ထားသည်။
အချိန်အတော်ကြာတဲ့အထိ ဒီလိုမျိုးသာဖြစ်နေတုန်းဘဲဆိုရင်တော့၊ သူမ...
သူမဘာလုပ်မလဲဆိုတာကိုတော့ အတိအကျ နက်နက်နဲနဲ မသိပေ။
-
ဒီဇင်ဘာလအစောပိုင်းမှာ B City က ဒီနှစ်ရဲ့ပထမဆုံးနှင်းကျတာနဲ့အစပြုသည်။
အဲ့ဒီနေ့မှာ စုန့်အာ့နန်နဲ့သိတဲ့ စီနီယာတစ်ယောက်ရဲ့မွေးနေ့ရှိသည်။ သူမပေးထားတဲ့ လိပ်စာအတိုင်း လိုက်ရှာရင်း စုန့်အာ့နန်တစ်ယောက် သီးသန့်ကလပ်တစ်ခုဆီ ရောက်သွားသည်။
ဒီအဆင့်မြင့်သီးသန့်ကလပ်ပုံစံက အဖွဲ့ဝင်တွေအတွက်သာဖြစ်ပြီး ပုံမှန်လူ တွေဝင်လို့မရပါချေ။ သူမဖုန်းထဲကနေမက်ဆေ့ခ်ျတစ်စောင်ပို့လိုက်သည်။
သိပ်မကြာခင်မှာပဲ ကောင်မလေးတစ်ယောက် ကလပ်ထဲကနေ ပြေးထွက်လာသည်။ "အာ့နန်၊ ဒီဘက်မှာ"
စုန့်အာ့နန်လည်း သူမဆီသွားလိုက်သည်။ "မွေးနေ့မှာပျော်ရွှင်ပါစေ စီနီယာရှန်းထန်"
သူမက ပြောပြီးတာနဲ့မွေးနေ့ လက်ဆောင် ပေးလိုက်သည်။
ရှန်းထန်လည်း ပြုံးကာ လက်ခံလိုက်သည်။ "ကျေးဇူးဘဲ အာ့နန်"
စုန့်အာ့နန်က ရှန်းထန်နောက်ကလိုက်ရင်း သီးသန့်အခန်းဝင်ပေါက်ဆီ မရောက်ခင်အထိ စကားပြောသွားလိုက်သည်။
အထဲမဝင်ခင် စုန့်အာ့နန်က အပြင်ဘက်ရှိ ဆိုင်းဘုတ်ကို နောက်တစ်ခေါက် လှမ်းကြည့်လိုက်သည်။
ဒီကလပ်ကို သူမသိသည်။ ဒီနေရာရဲ့ ကုန်ကျစရိတ်မှာ အရမ်းမြင့်သည်။ သူမ S City မှာ ရှိတုန်းက သူ့ယောင်းမ သူမကို အကြိမ်အနည်းငယ်လောက် ခေါ်လာဖူးသည်။
ကျောက်ယာရဲ့စကားတွေအရ ဒီနေရာတွေဟာ ရွှေစုတ်တွင်းတွေပင်။
ရှန်းထန်က ဒီလိုနေရာမှာ မွေးနေ့ပွဲလာလုပ်လို့ စုန့်အာ့နန် နည်းနည်း အံ့သြသွားရသည်။
B တက္ကသိုလ်က ကျောင်းသားတွေဟာ ကျောင်းနားက KTV တွေမှာဘဲ မွေးနေ့ပွဲတွေလုပ်လေ့ရှိပြီး ကုန်ကျစရိတ်ဟာလည်း တော်တော်လေးသက်သာလှသည်။
နှစ်ယောက်သား သီးသန့်ခန်းထဲ ဝင်သွားလိုက်ကြသည်။
အထဲမှာ၊ စုန့်အာ့နန် အရင်ကတည်းက ရင်းနှီးနေတဲ့ကျောင်းသားကောင်စီဝင်တွေ အများကြီးကို တွေ့လိုက်ရသည်။
ရှန်းထန်ရဲ့ အတန်းဖော်အချို့လည်း ရှိပြီး အများစုမှာ B တက္ကသိုလ်မှ ဖြစ်ပုံရသည်။
စုန့်အာ့နန်က variety show မှာ နာမည်ကြီးလာတာကြောင့် သူမကိုတွေ့တဲ့အခါ လူတိုင်းက အရမ်းစိတ်အားထက်သန်လာကြသည်။
အခန်းထဲရှိ လူအချို့က သီချင်းဆိုနေကြပြီး အချို့က ဂိမ်းကစားနေကြပေမယ့် အများစုမှာ သောက်စားနေကြသည်။
ရှန်းထန်က စုန့်အာ့နန်ဟာ အသက်မပြည့်သေးတာကြောင့် အရက်သောက်လို့မရကြောင်း ရှင်းရှင်းလင်းလင်း ပြောထားတာကြောင့် သူမအရှေ့မှာ အယ်လ်ကိုဟောမပါတဲ့ သောက်စရာတွေကိုချထားပေးသည်။
ဒီမှာက တကယ်ကို ဆူညံနေပြီး စုန့်အာ့နန်ကလည်း အဲ့ဒါတွေနဲ့ အသားမကျပါချေ။ အကြောင်းပြချက်ပေးပြီးမထွက်ခင် ခဏလောက် ထိုင်လိုက်ဦးမယ်လို့ သူမစီစဉ်လိုက်သည်။
ဒါပေမယ့် သူမ မထွက်ရသေးခင်မှာဘဲ အခန်းတံခါးကို အပြင်ကနေ ထပ်တွန်းဖွင့်ခံလိုက်ရသည်။
အရင်က စုန့်အာ့နန်နဲ့ တစ်ကြိမ်တွေ့ဖူးတဲ့ ရှန်းထန်ရဲ့ကောင်လေးက သူ့ရဲ့သူငယ်ချင်းဖြစ်တဲ့ ယောက်ျားလေးတစ်ချို့ကိုဦးဆောင်ကာရောက်လာသည်။
အဲဒီလူတွေရဲ့ ဝတ်စားပုံကို ကြည့်ရရင် သူတို့တွေက ကျောင်းသားနဲ့မတူပေ။
ဒါပေမယ့် ရှန်းထန်ရဲ့ကောင်လေးက သူမထက် နှစ်တန်းကြီးတယ်လို့ သူမကြားဖူးတာကြောင့် သူက ဘွဲ့ရပြီးသွားပြီဆိုရင်တော့ သူ့သူငယ်ချင်းတွေကလည်း ကျောင်းသားတွေမဟုတ်တာ သာမာန်ပင်။
ပထမတော့ စုန့်အာ့နန်က သိပ်အများကြီး မတွေးလိုက်ပေ။ ဘာဘဲဖြစ်ဖြစ် သူမက အဲဒီလူတွေနဲ့ ဘာဆက်ဆံရေးမှ မရှိဘဲ။
သူမစိတ်ထင်နေတာဘဲလား မသိပေမယ့် အဲ့ဒီအဖွဲ့ ဒီထဲကိုဝင်လာကတည်းက သူမကိုဘဲ ကြည့်နေသလိုခံစားနေရသည်။
ဒါ့အပြင် အဲ့ဒါက လူတွေကို အရမ်းစိတ်မသက်မသာဖြစ်စေတဲ့ အကဲဖြတ်နေတဲ့ အကြည့်မျိုးဖြစ်သည်။
သိပ်မကြာခင်မှာပဲ သူတို့ထဲက တစ်ယောက်က စုန့်အာ့နန်ဆီ တန်းတန်းမတ်မတ် လျှောက်လာပြီး စကားလာပြောသည်။ "အန်တီလေး၊ ကိုယ် မင်းအကြောင်းတွေ အများကြီး ကြားဖူးတယ်။ မင်းနဲ့ဆုံရတာက ရေစက်ဘဲ ဖြစ်မယ်၊ အတူတူ သောက်ကြရအောင်လေ"
စုန့်အာ့နန်ရဲ့မျက်ခုံးတွေက နည်းနည်းတွန့်ချိုးသွားပြီး "တောင်းပန်ပါတယ် ကျွန်မက အသက်မပြည့်သေးလို့ အရက်သောက်လို့မရဘူး"
ဒါပေမယ့် အဲ့ဒီလူက ခေါင်းမာမာနဲ့ စုန့်အာ့နန်ကို အရက် ဇွတ်အတင်းတိုက်လိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ။
ဒါကိုမြင်တော့ အနီးအနားမှာထိုင်နေတဲ့ B တက္ကသိုလ်က စီနီယာကျောင်းသူတစ်ယောက်က စုန့်အာ့နန်ကို သူမအနောက်ပို့လိုက်ပြီး ချက်ချင်း အကာအကွယ်ပေးလိုက်သည်။
"ဘာလုပ်နေတာလဲ? သူက အသက်မပြည့်သေးလို့ အရက်သောက်လို့ မရဘူးလို့ ပြောထားပြီးသားလေ နားမလည်ဘူးလား?"
သီးသန့်အခန်းထဲမှာ ချက်ချင်း တိတ်ကျသွားသည်။
အဲ့ဒီနေရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေတာကို သတိပြုမိလိုက်တော့ အနောက်က စုန့်အာ့နန်ကို ကာကွယ်ပေးဖို့ ရှန်းထန်လည်း ချက်ချင်းသွားလိုက်သည်။
နောက်တော့ သူမက သူမရဲ့ကောင်လေး လျှိုဟယ်ဘက်ကြည့်ပြီး မေးလိုက်သည်။ "ဒါက ဘာအဓိပ္ပာယ်လဲ?"
လျှိုဟယ်က နားမလည်ဟန်ဆောင်လိုက်ပြီး "ဘာကိုပြောတာလဲ? ကိုယ်တို့က တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်နေတာဘဲလေ"
ရှန်းထန်က နှာမှုတ်လိုက်ပြီး “မိတ်ဆက်တာနဲ့ တခြားသူတွေကို အရက် အတင်းသောက်ခိုင်းဖို့ လိုလို့လား?"
စုန့်အာ့နန်က ပြဿနာအကြီးကြီး မဖြစ်စေချင်ပေ၊ ဒီနေ့က ရှန်းထန်ရဲ့ မွေးနေ့ဖြစ်တာကြောင့် သူတို့ပျော်နေသင့်သည်။
သူမက ရှန်းထန်ရဲ့လက်မောင်းကို ဆွဲလိုက်ပြီး ပြောလိုက်သည်။ "စီနီယာအစ်မ၊ ကိစ္စတစ်ခုပေါ်လာလို့ ကျွန်မအရင်ပြန်ချင်တယ်"
ဒီအခြေအနေတွေအောက်မှာ ရှန်းထန်လည်း သဘာဝအလျောက် စုန့်အာ့နန်ကို အတင်းအကျပ် ဆက်နေခိုင်းမည်မဟုတ်ပေ။
"ကောင်းပြီ အစ်မပြန်လိုက်ပို့ပေးမယ်"
သေချာပေါက်ကို၊ စုန့်အာ့နန်ကလည်း လူတွေအပြည့်ရှိနေတဲ့အခန်းကို ချန်ထားပြီး မွေးနေ့ရှင်ကို ပြန်လိုက်မပို့ခိုင်းစေချင်တာကြောင့် အဖြူရောင်မုသားနည်းနည်းသုံးလိုက်သည်။
"မလိုပါဘူး၊ တစ်ယောက်ယောက်က ကျွန်မကို လာကြိုလိမ့်မယ်"
-
စုန့်အာ့နန် သီးသန့်ခန်းထဲကနေ ထွက်လာတော့ စင်္ကြံမှာရင်းနှီးတဲ့ မျက်နှာတစ်ခုနဲ့ တိုးဝင်သည်။
"စီနီယာကျန်းဖန်" သူမက သူ့ကို အရင်နှုတ်ဆက်လိုက်သည်။
ကျန်းဖန်က သူမလက်ထဲက အိတ်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။ "ပြန်တော့မလို့လား?"
စုန့်အာ့နန်လည်း ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်တယ်၊ ကိစ္စတစ်ခုပေါ်လာလို့"
ကျန်းဖန်လည်း ခဏလောက် အံ့အားသင့်သွားပြီး "ကောင်းပြီလေ၊ ကိုယ်အထဲဝင်ပြီး ရှန်းထန်ကိုသွားပြောလိုက်မယ်၊ ထွက်လာရင် မင်းကိုပြန်ပို့ပေးမယ်"
စုန့်အာ့နန်က လက်ကိုယမ်းလိုက်ပြီး "မလိုပါဘူး၊ စီနီယာအထဲဝင်ပြီး အစ်မရှန်းထန်ရဲ့မွေးနေ့ပွဲမှာရှိနေသင့်တယ်လေ"
ဒါပေမယ့် ကျန်းဖန်က အရမ်းကို အခိုင်အမာနဲ့ဆိုလာသည်။ "အရမ်းနောက်ကျနေပြီ၊ ဒီနေရာက ကျောင်းနဲ့ဝေးတယ်။ မင်းတစ်ယောက်တည်း ပြန်သွားရင် ကိုယ်တို့ စိတ်ချရမှာမဟုတ်ဘူး"
ပြောပြီးတာနဲ့ သူက စုန့်အာ့နန် အရင်ထွက်သွားမှာစိုးပြီး သူ့ဖုန်းကို စုန့်အာ့နန်လက်ထဲ ရုတ်တရက် ထိုးထည့်လိုက်ပြီး သီးသန့်အခန်းဆီ လှည့်ထွက်သွားလိုက်သည်။
စုန့်အာ့နန် သူမလက်ထဲ ရုတ်တရက်ပေါ်လာတဲ့ ဖုန်းကိုကြည့်ရင်း နည်းနည်း နားမလည်နိုင်ဖြစ်သွားသည်။
သူမခေါင်းမော့လိုက်ပြီး ကျန်းဖန်နောက် လိုက်သွားဖို့ လုပ်လိုက်တဲ့အချိန် သူမဆီလျှောက်လာတဲ့ လူရဲ့အကြည့်တွေနဲ့ ဆုံသွားသည်။
စုန့်အာ့နန် မတတ်နိုင်ဘဲ အံ့ဩသွားရသည်။
ဖေးခွမ်ပဲ။
သူက ဘာလို့ ဒီကိုရောက်နေတာလဲ?
ဒီသီးသန့်ကလပ်မှာ စုန့်အာ့နန်တစ်ယောက် မမျှော်လင့်ဘဲ ဖေးခွမ်နဲ့ ပက်ပင်းတိုးသွားသည်။ ကလပ်က အတော်အတန် သင့်လျော်ပေမယ့်လည်း လူပေါင်းစုံစုဝေးနေတဲ့နေရာတစ်ခု ဖြစ်နေဆဲဖြစ်ပြီး သူမလိုမျိုး အရွယ်မရောက်သေးတဲ့ ကျောင်းသူတစ်ယောက်အနေနဲ့ သွားရောက်လည်ပတ်သင့်တဲ့ နေရာမဟုတ်ပေ။ စုန့်အာ့နန်အံ့ဩနေရာကနေ သတိပြန်မဝင်လာသေးခင် ဖေးခွမ်က သူမဆီ လှမ်းလာသည်။
စုန့်အာ့နန်က ဖေးခွမ်ကို ဗလာသပ်သပ်ကြည့်နေမိရင်း နည်းနည်းမိန်းမောနေတဲ့ပုံပင်။ Variety Show ရိုက်ကူးပြီးကတည်းက တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖြစ်ကြပေ။ ရုတ်တရက် သူမတို့တွေ ကမ္ဘာတစ်ခုခြားသွားသလို ခံစားလိုက်ရသည်။
ဖေးခွမ်က ကျန်းဖန် ထွက်သွားတဲ့ လမ်းကြောင်းကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။ "ဒီကို သူငယ်ချင်းတွေနဲ့လာတာလား?"
စုန့်အာ့နန်လည်း တိုးတိုးလေး ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်၊ စီနီယာအစ်မ မွေးနေ့မို့လို့"
ဖေးခွမ်လည်း စဉ်းစဉ်းစားစားနဲ့ ခေါင်းညိတ်လိုက်သည်။ သူက စုန့်အာ့နန် ကိုင်ထားတဲ့ အိတ်ကို ငုံ့ကြည့်ရင်း မေးလိုက်သည်။ "အခုပြန်တော့မလို့လား?"
စုန့်အာ့နန်လည်း 'အင်း' လို့ အသံတိုးတိုးလေး ပြုလိုက်သည်။
ဖေးခွမ်က အချိန်ကိုကြည့်ပြီး ပြောလာသည်။ "ကောင်းပြီ ဒါဆို မင်းကို အိမ်ပြန်လိုက်ပို့ပေးမယ်"
စုန့်အာ့နန် ခဏလောက် အံ့ဩသွားပြီး လက်အမြန်ယမ်းလိုက်ကာ "ကိုယ့်ကိုယ်ကို ဒုက္ခမပေးပါနဲ့ ကျွန်မအဆင်ပြေပါတယ်။ ခဏနေမှ တက္ကစီခေါ်ပြီးအိမ်ပြန်လိုက်မယ်"
ဖေးခွမ်က ဒီကိုဘယ်သူနဲ့ လာလဲဆိုတာ သူမ မသိပေမယ့် ဒီလိုနေရာမျိုးကို လာရင်တော့ သူ အလုပ်ရှုပ်နေလိမ့်မည်။ စုန့်အာ့နန်က ဖေးခွမ်ကို သူမကြောင့် အလုပ်မရှုပ်စေချင်ပေ။ သူမကလည်း ကလေးမှမဟုတ်တော့ဘဲ သူမဘာသာသူမ အိမ်ပြန်တတ်သည်။ သူမရဲ့ ဆုံးဖြတ်ချက်ကို သက်သေပြဖို့ ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်သည်။
ဖေးခွမ်က သူမကို စက္ကန့်နည်းနည်းလောက်အကြာ ကြည့်နေပြီးတော့ မေစလာသည်။ "လင်းချွမ် သိလား?"
စုန့်အာ့နန် နားမလည်ဖြစ်သွားသည်။ "ဟင်?"
ဘာကိုသိတာလဲ?
ဖေးခွမ် က သူ့လက်တွေကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး ပျင်းရိပျင်းတွဲနဲ့ ပြောလိုက်သည်။ "မင်းဒီကိုလာတာ လင်းချွမ်သိလား?"
စုန့်အာ့နန် နှုတ်ခမ်းစူလိုက်သည်။ သူမရဲ့မိသားစုက ဒီလိုကလပ်တွေ သွားတာကို မတားပေမယ့် အနည်းဆုံးတော့ သူမအသက်မပြည့်သေးတဲ့ အရွယ်မှာတော့ မိသားစုနဲ့အတူ လာဖို့တော့လိုသည်။ ဒါကြောင့် အခုချိန်မှာ စုန့်အာ့နန်တစ်ယောက် နည်းနည်း အပြစ်ရှိသလို ခံစားလာရသည်။