← Chapters

ကံကောင်းခြင်းများ ဖြစ်မြောက်ခြင်း

Vol. 110 Ch. 1534

ကံကောင်းခြင်းများ ဖြစ်မြောက်ခြင်း

Vol. 110 Ch. 1534

ရှီမာယူယူသည် အိမ်ထဲတွင် ကံကောင်းလေးကို အဖော်ပြု ကစားနေ သော်လည်း အပြင်မှ အဖြစ်အပျက်များကို အာရုံစိုက်ထားသည်။

ထိုမျှအားကောင်းလှသောလူ မျိုးနွယ်သို့လာလျှင် ရှီမာကျိယွင်သည် သေချာပေါက် တခြားသူများကိုခေါ်၍ ကြည့်ခိုင်းမည်။ ရှီမာချင်းနှင့် ဘိုးဘေး ကြီးသည် အလွန်ပင်ထိတ်လန့်သွားနိုင်သည်။

သို့သော် ရှီမာကျိယွင် ခြံဝန်းသို့လာပြီးနောက်တွင် ကြီးမြတ်သောဝူလင်း နှင့် ဝူလင်းယူတို့နှင့် စကားပြောလေသည်။ သူတို့ပြောသည့်အကြောင်းအရာကို တော့ သူမ မသိလိုက်ပေ။

အချိန်အတန်ကြာပြီးနောက်တွင် ကြီးမြတ်သောဝူလင်းသည် ဝူလင်းယူ နှင့်အတူ ပြန်လာသည်။ ကြီးမြတ်သောဝူလင်းသည် ကံကောင်းလေးကို ခေါ်သွားရန်လာခြင်းဖြစ်သည်။

ရှီမာယူယူ ထိတ်လန့်သွားသည်။ ထို့နောက်တွင် သူမသည် မျက်တောင် ပေကလပ်ပေကလပ်ဖြင့် ဝူလင်းယူကို ကြည့်ကာ မေးလိုက်သည် “သူက ကံကောင်းလေးကို ခေါ်သွားမှာလား”

သူ့ကို သူမနဲ့ထားခဲ့မယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။ ထွက်သွားလိုက် ရင် ကံကောင်းလေး ငိုမလားတောင်မသိဘူးလေ။

“စိတ်မပူနဲ့ သူက ကံကောင်းလေးကို ခေါ်သွားတာက ပညာတစ်ခုသင် ပေးမလို့ပါ သူမကြာခင်ပြန်လာလိမ့်မယ်” ဝူလင်းယူသည် သူမပါးပြင်ကို ဆွဲလိုက်သည်။

သူမက အခုလေးတင်ပဲ သူ့ကို ပို့ပစ်ချင်နေတာလေ၊ ဒါပေမဲ့ အခုကျတော့ မလုပ်နိုင်တော့ဘူး။ မိန်းကလေးတွေက တကယ်ကိုပဲ ကြင်နာတတ်တဲ့လူတွေ ပဲ။

ရှီမာယူယူသည် အဖြစ်အပျက်အားလုံးကို ကြားပြီးနောက် သူမ လုပ်ရ စရာရှိသည့်အရာများကို သွားလုပ်လေသည်။

နှစ်ရက်ကြာပြီးသည်နှင့် ကြီးမြတ်သောဝူလင်းသည် ကံကောင်းလေးကို ပြန်ခေါ်လာသည်။ ကံကောင်းလေးသည် ရှီမာယူယူကို မြင်သည်နှင့် ချက်ချင်း ပင် ပြေးလာပြီး သူမကို ဆုပ်ကိုင်ထားကာ မလွှတ်တော့ပေ။

“မင်းရဲ့ လုံခြုံရေးကို စိတ်ပူဖို့မလိုတော့ဘူး” ကြီးမြတ်သောဝူလင်းသည် သူမကို အချိန်ကြာအောင် စောင့်ကြည့်ပြီးနောက် ပြောလာသည်။

ရှီမာယူယူသည် သူ၏ဆိုလိုရင်းကို နားလည်သည်။ သူသည် ကံကောင်း လေးကို ကာကွယ်ရန် လူလွှတ်လိုက်ခြင်းဖြစ်မည်။

“တိတ်တိတ်ဆိတ်ဆိတ်ဖြစ်ပါစေ သူများတွေကိုမသိစေချင်ဘူး” ရှီမာယူယဓ သတိပေးလိုက်သည်။

“အင်း”

ကြီးမြတ်သောဝူလင်းသည် ငြင်းဆိုခြင်းမပြုပေ။ ထိုအကြောင်းကို သိ သည့်လူများလေလေ ကံကောင်းလေးအတွက် အန္တရာယ်များလေလေဖြစ် သည်။

တကယ်တော့ သူသည် ရှီမာကျိယွင်နှင့် ပြောပြီးနောက် အားကောင်း သော ဝိညာဉ်သားရဲအုပ်စုကို လာရန် စီစဉ်လိုက်ခြင်းဖြစ်သည်။ သူတို့ရှိလျှင် ရှီမာမျိုးနွယ်သည် တစ်ချိန်တစ်ခုလောက်တော့ အကာအကွယ်ရသွားမည်ဖြစ် သည်။ သို့သော် သူတို့သည် ကြီးမားသည့်တစ်စုံတစ်ရာဖြစ်ခြင်း သို့မဟုတ် ကံကောင်းလေး အန္တရာယ်ကျမည့်ကိစ္စဖြစ်မှသာ လှုပ်ရှားကြမည်ဖြစ်သည်။

နောက်တွင် ရှီမာယူယူသည် သူ့ကိုဆက်သွယ်ရန် နည်းလမ်းတောင်းခဲ့ သည်။ သူမ ရည်ရွယ်ချက်မှာ ရိုးရှင်းသည်။ အကယ်၍ ကံကောင်းလေးတွင် တစ်ခုခုဖြစ်ခဲ့လျှင် သူ့ကိုဆက်သွယ်ချင်၍ဖြစ်သည်။

“ဒီအတွက်ကတော့ စိတ်ပူဖို့မလိုဘူး” ပြောပြီးနောက်တွင် လေဟာပြင် ဖွင့်ကာ တွန့်ဆုတ်ခြင်းမရှိ ထွက်သွားလေသည်။

ရှီမာယူယူ နှုတ်ခမ်းတွန့်မိသည်။ ဒီလူက တကယ်ပဲ လွတ်လွတ်လပ်လပ် ကို ထွက်သွားတာပဲ။ သူ့သားသူတောင် တစ်ချက်ကြည့်မသွားဘူး။

“သွားကြမယ် ကိုယ်တို့ ရှေးဟောင်းဝိညာဉ်သားရဲအုပ်စုကို ထိန်းကျောင်း ရဦးမယ်” ဝူလင်းယူသည် လျှောက်လာရင်းပြောလိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ ဝူလင်းယူတွင် အချိန်မရှိတော့ ကြောင်း သူမ မြင်နိုင်သည်။

အစကတည်းကပင် ကံကောင်းလေးသည် ဝိညာဉ်စေတီအတွင်းရှိသဖြင့် အထဲမှကိစ္စများကို သူ့ကိုဖုံးကွယ်၍မရပေ။

ရှီမာယူယူသည် ကျောက်အနည်းငယ်ဖွင့်ပြီး ဝိညာဉ်သားရဲများကိုထုတ် ကာ ဝူလင်းယူကို ထိန်းကျောင်းစေသည်။ ထို့နောက်တွင် ရှောင်ချီနှင့် တခြား သူများကို ကျောက်ဖွင့်နည်းကိုသင်ပေးပြီး ဖွင့်စေသည် ရှီမာယူယူနှင့် ဝူလင်းယူ တို့သည် အတူထိန်းကျောင်းကြသည်။

ရှီမာယူယူ၏ လက်ရှိအားအဆင့်သည် ရှေးဟောင်းဝိညာဉ်သားရဲများကို ထိန်းကျောင်းရာတွင် ရုန်းကန်ရသည်။ သူမသာ ပိုအားကောင်းသော သားရဲများ ကိုတွေ့ပါက တောင့်ခံနိုင်မည်မဟုတ်ပေ။

တစ်ကြိမ်တွင် သူမ ကျရှုံးလုနီးပါးဖြစ်ချိန်၌ သူမ ကိုယ်တွင် တွဲလွဲခိုနေ သော ကံကောင်းလေးသည် နှစ်ကြိမ်မျှမာန်ဟိန်းလိုက်ရာ ဝိညာဉ်သားရဲသည် ချက်ချင်းပင် ကျိုးနွံသွဦးသည်။ နောက်ဆုံးတွင် သူမ ထိန်းကျောင်းခြင်း အောင်မြင်သွားသည်။

တစ်ကြိမ်နှစ်ကြိမ်ဆိုလျှင် တိုက်ဆိုင်သည်ဟု ရှီမာယူယူ သတ်မှတ်မည်။ သို့သော် အကြိမ်ပေါင်းများစွာဖြစ်လာသောအခါ ထိုဝိညာဉ်သားရဲများသည် ကံကောင်းလေးကို ကြောက်ရွံ့ခြင်းဖြစ်သည်ဟု ရှီမာယူယူနားလည်သွားသည်။ ကြောက်စရာအကောင်းဆုံကိစ္စမှာ ထိုအကောင်လေးသည် သေးသေးလေးဖြစ် နေခြင်းပင်။

နောက်ပိုင်းတွင် ရှီမာယူယူသည် ကံကောင်းလေးကို ဘေးမှကူညီခိုင်း သည်။ သူမ သူတို့ကိုမထိန်းကျောင်းခင်တွင် သူ့ကိုနှစ်ကြိမ်မျှ မာန်ဟိန်းစေ သည်။

အစတွင် သေလုနီးပါးဖြစ်အောင် အရိုက်ခံထားရသော ဝိညာဉ်သားရဲများ သည် ရှီမာယူယူရှေ့ရောက်သွားပြီး ကံကောင်းလေး၏ ဖိနှိပ်မှုနှင့်ပေါင်းလိုက် သောအခါ ရှီမာယူယူ၏ ထိန်းကျောင်းခြင်း လုပ်ငန်းစဉ်မျာ ချောမွေ့သွားသည်။ သူမသည် အချိန်တစ်ဝက်ပင် သက်သာသွားသည်။ သူမသည် ဝူလင်းယူကိုပင် အမှီလိုက်နိုင်သွဦးသည်။

သူတို့နှစ်ယောက်သည် ဝိညာဉ်သားရဲတစ်ကောင်လျှင် နှစ်ရက်ကြာ ထိန်းကျောင်းကြသည်။ ထို့နောက်တွင် တစ်ရက်နားပြီး ဆက်လုပ်ကြသည်။

နေ့ရက်များမှာ ငြီးငွေ့ဖွယ်ပင်။ သို့သော် သူတို့သည် အလျင်စလိုပင် လုပ် ကြကာ စကားပင်မပြောကြပေ။

ဝိညာဉ်စေတီအတွင်းတွင် လေးနှစ်ခန့်ကြာပြီးနောက် အပြင်တွင် နှစ် တစ်ဝက်ပင်မရှိသေးပေ။ ရှီမာယူယူနှင့် ဝူလင်းယူတို့သည် ရှေးဟောင်းဝိညာဉ် သားရဲ သုံးထောင်ကို ထိန်းကျောင်းပြီးလေသည်။

ဝိညာဉ်စေတီအတွင်းတွင် မဖွင့်ရသေးသည့် ကျောက်များရှိသေးသော် လည်း ရှီမာယူယူသည် အလောကြီးရန်မလိုဟု ခံစားမိသည်။ ထို့အပြင် ဝူလင်းယူသည် သွားရမည်ဖြစ်သဖြင့် ထိုသားရဲများကို ဖြည်းဖြည်းချင်း ထိန်းကျောင်းသွားရန် ဆုံးဖြတ်ထားသည်။

ထိုနှစ်များတွင် သူတို့ကိုထိန်းကျောင်းရင်းနှင့် သူမသည် မျာစွာ အားကောင်းလာသည်။ သူမ ထွက်လာသည်နှင့် အဆင့်တက်လေသည်။ ထို အမြန်နှုန်းသည် ရှီမာမျိုးနွယ်များကို ထိတ်လန့်သွားစေသည်။

သို့သော် ထိုသားရဲထိန်းကျောင်းသူသခင်များသည် အဖြစ်အပျက်ကို နားလည်ပြီးသားဖြစ်သည်။ သခင်မလေးသည် ထိုဝိညာဉ်သားရဲများကို ထိန်းကျောင်းရင်းနှင့် ပိုသန်မာလာခြင်းဖြစ်မည်။

အချိန်များကုန်ဆုံးပြီးနောက်တွင် သူတို့သည် ရှေးဟောင်းဝိညာဉ်သားရဲ များကို စတင်ထိန်းကျောင်းနေပြီဖြစ်သည်။ သူတို့သည် အင်ပါယာသားရဲကျမ်း မည်မျှ အားကောင်းကြောင်းကို သိပြီးသားဖြစ်သည်။ ရှီမာယူယူသည် မျိုးနွယ် ကို ထိုမျှအားကောင်းသော ဝိညာဉ်ကျမ်းကိုယူလာပေးသည်ကို စဉ်းစားမိသည် နှင့် သူတို့စိတ်ထဲတွင် သူမကို လေးစားပြီးသားဖြစ်သည်။

ရှီမာယူယူ အဆင့်အမြန်တက်သွားသည်ကို စဉ်းစားလိုက်သည်နှင့် သူတို့ အနာဂတ်အတွက် ပြင်းပြသည့် ဆန္ဒများပြည့်လာသည်။

သူတို့ ကျင့်စဉ်တွင် အားကော်ငးလေလေ အသက်ရှည်လေဖြစ်သည်။ ထို အရာရှိလျှင် သူတို့သည် အသက်တိုမည်ကို ကြောက်စရာမလိုတော့ပေ။

သို့သော် မိုးကြိုးဘေးသင့်မှု၏ လှုပ်ရှားမှုများပြင်းထန်သော်လည်း ရှီမာယူယူသည် ဒဏ်ရာမရဘဲ ပြန်လာနိုင်သည်။ သူမ ပြန်လာသည်နှင့် ခြံဝန်း တွင် စောင့်နေသော ဝူလင်းယူကို မြင်လိုက်ရသည်။

“သွားတော့မှာလား” သူ့မျက်လုံးထဲမှ အကြည့်များကို သူမ မြင်သည်နှင့် သူပြောလာမည့်စကားကို သိနေသည်။

“အင်း ဒီတစ်ခေါက်သွားတာက ပြန်လာဖို့ ကြာမယ်” ဝူလင်ယူသည် ထွက်မသွားချင်ဘဲ ပြောလိုက်သည်။

“တစ်ခါတစ်ခါတော့ လူလွှတ်ပြီးစကားပါးပါဦး” ရှီမာယူယူသည် လျှောက် သွားပြီး သူ့ရင်ခွင်ကိုမှီလိုက်သည်။

ဝူလင်းယူသည် သူမအား ဖက်ပြီးနဖူးကို နမ်းလိုက်သည် “ဒီတစ်ခေါက် ပြန်ရင် အံ့ဖွယ်ဆေးယူခဲ့မယ်”

ရှီမာယူယူသည် သူ့အစွမ်းအစကိုယုံသည်။ သို့သော် သူ၏ ဘေးကင်းမှု အတွက် စိုးရိမ်နေတုန်းပင်။

“ဂရုစိုက်ပါ”

“စိတ်ချပါ မှတ်ထားနော် ကိုယ်မရှိရင် တခြားယောက်ျားတွေကို အနား မကပ်စေနဲ့၊ မင်းတို့မျိုးနွယ်က ကောင်တွေကိုလည်း မင်းရဲ့ခြံဝန်းကို လာခွင့် မပြုရဘူး”

“ဟုတ်ပါပြီ”

သူတို့နှစ်ယောက် ထိုအတိုင်းခဏမျှနေပြီးနောက်တွင် လေဟာပြင်ထဲမှ လှုပ်ရှားမှုတချို့ကို ခံစားမိလေသည်။ ထို့နောက်တွင် ဝူလင်းယူသည် ရွေးချယ် စရာမရှိတော့ဘဲ သူမကိုလွှတ်ကာ ထွက်သွားလေသည်။

ရှီမာယူယူသည် လေဟာပြင်ဝင်ပေါက် ပိတ်သွားသည်ကိုကြည့်ပြီး အနည်းငယ် မျှော်လင့်ချက်ကင်းမဲ့သွားသလိုပင်။ သည်တစ်ခေါက်သွားလျှင် ဘယ်တော့တွေ့ရမည်ကို သူမ မသိပေ။

သူမ၏ ဝမ်းနည်းမှုကို ခေတ္တမျှ ကုစားပြီးနောက်တွင် ခေါင်းခါယမ်းကာ သတိပြန်ကပ်ပြီး ရှီမာကျိယွင်ကို သွားရှာလိုက်သည်။

ရှီယူနှင့် ရှီမျိုးနွယ်ဝင်များ ထွက်သွားပြီဖြစ်သည်။ သေချာသည်မှာ သူ့အတွက် တစ်လတိတိ စားကောင်းသောက်ဖွယ်များ ချက်ပြုတ်ကျွေးလိုက်ရ သည်။

ရှီမာကျိယွင်နှင့် ရှီမာဟော်ရွှမ်းတို့သည် သားရဲထိန်းကျောင်းမှုကွင်းမှ ပြန်လာကြကာ ရှီမာယူယူ ပြန်ရောက်နေပြီဟု အစောင့်မှ သတင်းပို့သည်ကို ကြားလိုက်သည်။

“သခင်မလေး ပြန်လာပြီလား မြန်မြန်သူမကိုဝင်ခိုင်းလိုက်” ရှီမာကျိယွင် သည် ညွှန်ကြားပြီးနောက် ရှီမာဟော်ရွှမ်းကို ခေါင်းထောင်ကာ ပြောလေသည် “ဒီကလေးက နောက်ဆုံးတော့ တံခါးပိတ်ကျင့်ကြံတာကနေထွက်လာပြီပဲ”

“ဒီကလေးက အကြောင်းမရှိဘဲ လာမှာမဟုတ်ဘူး သူမ လာတယ်ဆို တော့ သတင်းကောင်းရှိလို့ဖြစ်မယ်” ရှီမာဟော်ရွှမ်း၏ အမူအရာသည် ရှီမာယူယူ အကြောင်းပြောလျှင် အပျော်ဆုံးဖြစ်နေသည်။

ရှီမာယူယူသည် သူတို့နှစ်ယောက်ကို အရိုအသေပေးပြီးနောက် ချက်ချင်း ပင် လိုရင်းကိုပြောတော့သည် “ဘိုးဘိုးကြီး ဘိုးဘိုးဦးကြီး ဝူလင်းယူနဲ့ သမီးတို့ က ဒီလတွေမှာ တံခါးပိတ်ပြီး ဝိညာဉ်သားရဲတွေကို ထိန်းကျောင်းနေခဲ့တာပါ၊ ဘိုးဘိုးကြီးတို့လူရွေးပြီး သူတို့နဲ့ စာချုပ်တည်ထောင်ခိုင်းလိုက်ပါ၊ အဲအထဲမှာ ကောင်းတဲ့သားရဲတွေရှိတယ် ရှင်းရှူနဲ့တခြားသူတွေကို စာချုပ်တည်ထောင် ခိုင်းလို့ရတယ်”

“တကယ်လား”

“ဒါကိုတော့ လျှို့ဝှက်ထားပါဦး တောင်အနောက်မှာရွေးကြမယ်”

သူတို့သည် စာချုပ်တည်ထောင်ပြီးနောက်တွင် အဆင့်တက်နိုင်သည်။ တစ်ယာက်နှစ်ယောက်ဆိုလျှင် သတိထားရန်မလိုပေ။ သို့သော် အဖွဲ့လိုက် အဆင့်တက်ပါက တခြားသူများမြင်လျှင် အာမမခံနိုင်သည့် အာရုံစိုက်မှုများ ရောက်လာနိုင်သည်။

***

All Chapters