← Chapters

အခန်း (၇၀)

Vol. 6 Ch. 70

အခန်း (၇၀)

Vol. 6 Ch. 70

"နောက်ကျနေပြီ။ မင်းနဲ့ဒီမှာ လာတွေ့တာဆို‌တော့ မင်းတစ်ယောက်တည်းကို အိမ်ပြန်ခွင့်တော့မပြုနိုင်ဘူး" ဖေးခွမ်က ပြောလာသည်။

"ရွေးချယ်စရာနှစ်ခုရှိတယ်၊ အခု လင်းချွမ်ဖုန်း ခေါ်လိုက်ရမလား ဒါမှမဟုတ် မင်းကို အိမ်ပြန်ပို့ပေးရမလား?"

စုန့်အာ့နန် ရုတ်တရက် မော့ကြည့်လိုက်ပြီး လုံးဝကို အံ့ဩနေသလိုမျိုး ဖေးခွမ်ကို ကြည့်လိုက်သည်။ သူမက ကလေးလား? သူဘယ်လိုလုပ် ဒီလိုမျိုးတိုင်ပြောနိုင်ရတာလဲ?

ပြီးတော့ သူ...သူမကို ခြိမ်းခြောက်နေတာလား?

ဖေးခွမ်က အန္တရာယ်မရှိသလို ပြုံးပြလိုက်ပြီး "ဟုတ်တယ်၊ ကိုယ်မင်းကို ခြိမ်းခြောက်နေတာ"

စုန့်အာ့နန် - "......"

သူဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ? ဒါပေမယ့် ဒီခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်လိုက်ရတော့ သူမမှာ အင်အားမဲ့သွားသည်။ လင်းချွမ်က အခု မြို့ပြင်မှာ ရိုက်ကူးရေး လုပ်နေသည်။ ဖေးခွမ်သာ သူ့ကို အခုပြောခဲ့မယ်ဆိုရင် ဆူပူတာက ကိစ္စကြီးကြီးမားမား မဟုတ်ပေမယ့် သူ့ကိုတော့ စိတ်မပူစေချင်ပေ။

စုန့်အာ့နန်က နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး ခေါင်းမာမာနဲ့ ရုန်းကန်လိုက်သည်။ "ကျွန်မက အသက်ကြီးနေပြီ၊ သူက ကျွန်မကို ထိန်းချုပ်လို့မရတော့ဘူး"

ဖေးခွမ်က မျက်ခုံးတွေက ပျော်မြူးစွာနဲ့ ပင့်တက်သွားပြီး "အိုး? ကိုယ်တို့ စမ်းကြည့်ကြမလား?"

ပြေပြီးတာနဲ့ သူက စုန့်လင်းချွမ်ဆီ ဖုန်းခေါ်တော့မလိုမျိုး ဖုန်းထုတ်လိုက်သည်။

စုန့်အာ့နန်လည်း ထိတ်လန့်သွားပြီး သူ့ကို အမြန်တားလိုက်သည်။ "ကျွန်မကို ပြန်ပို့ခွင့်ပေးမယ်!"

နောက်တော့ ဖေးခွမ်လည်း ဖုန်းကိုဖြည်းဖြည်းချင်းပြန်ချလိုက်သည်။

စုန့်အာ့နန်က သူ့ကို မကျေမနပ် စိုက်ကြည့်လိုက်သည်။

အဲ့ဒီအချိန် အနီးနားကသီးသန့်ခန်းတံခါးက အထဲဘက်ကနေ ရုတ်တရက် ဖွင့်လာသည်။ ကျန်းဖန်က အမြန်ပြန်ထွက်လာသည်။ "မစ်စုန့်၊ ကိုယ်တို့...."

ဖေးခွမ်ကိုမြင်တော့ သူမတတ်နိုင်ဘဲ စကားပြောနေတာ ရပ်သွားပြီး စုန့်အာ့နန်ကို ပြန်ကြည့်လိုက်ကာ "မင်းသူငယ်ချင်းလား?"

စုန့်အာ့နန်လည်း ရုတ်တရက် ဖေးခွမ်ကို ဘယ်လိုမိတ်ဆက်ပေးရမလဲ မသိတော့ဘဲ တစ်ခဏလောက် ဘာပြောရမှန်းမသိဖြစ်သွားသည်။

သူမတူလေးရဲ့ သူငယ်ချင်း?

အဲ့ဒါက နည်းနည်းထူးဆန်းသလို ခံစားရသည်။

ကံကောင်းထောက်မစွာနဲ့ဘဲ ကျန်းဖန်က ဖေးခွမ်ကို အမြန် မှတ်မိသွားသည်။ နွေရာသီအားလပ်ရက်တုန်းက စုန့်အာ့နန်ပါခဲ့တဲ့ variety show ကို သူကြည့်ခဲ့ရပြီး ဖေးခွမ်နဲ့ စုန့်အာ့နန်တို့ရဲ့ ဆက်ဆံရေးကိုလည်း သဘာဝအလျောက် သူ သိခဲ့ရသည်။

ကျန်းဖန် ပေါ်လာတော့ ဖေးခွမ်လည်း သူ့ကို တိတ်တဆိတ် အကဲဖြတ်နေလိုက်သည်။ တစ်ဖက်လူက ပြန်ကြည့်လာတော့ သူလည်း ခေါင်းနည်းနည်းညိတ်ပြလိုက်သည်။

စုန့်အာ့နန်က ဒီအခွင့်အရေးကို အမြန်ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။ "စီနီယာအစ်ကိုကျန်းဖန်၊ အထဲကို ပြန်သွားလိုက်တော့လေ။ ကျွန်မကို အထူးတလည်ကြီး လိုက်ပို့ပေးဖို့မလိုတော့ပါဘူး။ ကျွန်မ သူနဲ့ပြန်သွားလိုက်တော့မယ်"

သူမက ပြောရင်းနဲ့ ကျန်းဖန်ဆီ သူ့ဖုန်းကို ပြန်ပေးလိုက်သည်။

စုန့်အာ့နန်က ကျန်းဖန် ရဲ့ ဖုန်းကို တကယ်ကြီးကိုင်ထားတာမြင်တော့ ဖေးခွမ်မတတ်နိုင်ဘဲ မျက်ခုံးပင့်သွားရသည်။

ကျန်းဖန်က တစ်ခုခုပြောချင်သလိုမျိုး ခဏလောက် တုံ့ဆိုင်းသွားသည်။

ဒါပေမယ့် စုန့်အာ့နန်က သူ့ကို တုံ့ပြန်ဖို့ အခွင့်အရေးမပေးလိုက်ဘဲ သူမက ဖေးခွမ်ဘက်ကို လှည့်လိုက်သည်။ "ကျွန်မတို့ သွားကြတော့မလား?"

ဖေးခွမ်လည်း ကျန်းဖန်ကို ခေါင်းနည်းနည်းညိတ်ပြလိုက်ပြီး "သွားကြရအောင်"

နောက်တော့ သူက သူတို့နှစ်ယောက်ကို ကျော်သွားလိုက်သည်။

စုန့်အာ့နန်က မသွားခင်ကျန်းဖန်ကို လက်ပြနှုတ်ဆက်လိုက်ပြီး နောက်တော့ တစ်ဖက်လှည့်ကာ ဖေးခွမ်နောက်ကို ပြေးလိုက်သွားလိုက်သည်။

ဖေးခွမ်က တစ်စုံတစ်ယောက်နဲ့ စီးပွားရေးကိစ္စ ဆွေးနွေးဖို့ လာတာကြောင့် သူစောစောပြန်မယ်ဆိုတော့ သေချာပေါက်ကို နှုတ်ဆက်ဖို့သွားရဦးမှာပင်။

သူက စုန့်အာ့နန် ကို သီးသန့်ခန်းတစ်ခုဆီ ခေါ်သွားပြီး မေးလိုက်သည်။ "ကိုယ်နဲ့အတူ အထဲလိုက်ဝင်ချင်လား၊ ဒါမှမဟုတ် အပြင်မှာဘဲစောင့်မလား?'

စုန့်အာ့နန် ခဏလောက် တုံ့ဆိုင်းသွားသည်။ "သေချာလို့လား၊ ကျွန်မ လိုက်ရှုပ်သလိုဖြစ်နေမလား?"

ဖေးခွမ်က ပြုံးလိုက်ပြီး "စိတ်မပူပါနဲ့၊ ကိုယ်တို့တွေ ဆွေးနွေးပြီးသွားပြီ။ ကိုယ်သာ အခုမပြန်လို့ရှိရင် အားလုံးက သောက်စားဖို့ဘဲကျန်တော့တာ"

ဒါကိုကြားတော့ စုန့်အာ့နန်လည်း ထပ်ပြီး မကောင်းသလိုမခံစားရတော့ပေ။ သူမက "အိုး" လို့ရေရွတ်လိုက်ပြီး ပြောလိုက်သည်။ "ဒါဆို ရှင့်ကို ဒီအပြင်မှာဘဲစောင့်တော့မယ်"

ဖေးခွမ်လည်း ခေါင်းညိတ်ပြလိုက်သည်။

သူဝင်ခါနီးမှာ သီးသန့်ခန်းတံခါးကပွင့်လာပြီး လူနှစ်ယောက် ထွက်လာသည်။ ဒါရိုက်တာတစ်ယောက်နဲ့ ထုတ်လုပ်သူတစ်ယောက်၊ ဒီနေ့ ဖေးခွမ်တွေ့ဖို့ စီစဉ်ထားတဲ့သူ တွေဖြစ်သည်။

ဖေးခွမ် အနားက ကောင်မလေးကိုတွေ့တော့ သူတို့ အံ့သြမဆုံး ဖြစ်သွားကြသည်။

ဒါရိုက်တာက သူတို့နှစ်ယောက်ကြား ခဏလောက်ကြည့်လိုက်ပြီးတော့ အဓိပ္ပါယ်ပါပါနဲ့ မေးလာသည်။ “မင်းရဲ့ကောင်မလေးလား?"

‌ဒီလောကတွင် ရည်းစားထားတာကို လျှို့ဝှက်ထားထားတာက ရှားရှားပါးပါးကိစ္စ မဟုတ်ပေမယ့် တစ်ခုခုကြောင့် အမြဲတမ်း ဖမ်းမိသွားတတ်သည်။ ဖေးခွမ်မှာ ရည်းစားရှိတယ်ဆိုတာ သူတို့တစ်ခါမှ မကြားဖူးဘူး။

စုန့်အာ့နန်ရင်ထဲမှ ဒယိမ်းဒယိုင်ဖြစ်သွားသည်။ ကောင်မလေး?

"ဒါရိုက်တာရှုကတော့ နောက်နေပြန်ပါပြီ။ ကျွန်တော့်မှာ ဘယ်ကောင်မလေးမှမရှိပါဘူး" ဖေးခွမ်က ရယ်ကာပြောလိုက်သည်။ "သူငယ်ချင်းတစ်ယောက်ရဲ့ ကလေးပါ"

စုန့်အာ့နန်က အကြည့်အောက်ပို့လိုက်ပြီး သူမရဲ့မျက်ခုံးတွေက မသိလိုက်ဘာသာနဲ့ တွန့်ချိုးသွားသည်။

သူငယ်ချင်းတစ်‌ယောက်ရဲ့...ကလေး?

သူမက ကလေးမဟုတ်ဘူး! ရှင်းရှင်းလင်းလင်းကြီးကို ဒီလူထက်တောင်ကြီးတာကို!

ဒါရိုက်တာရှုလည်း နည်းနည်း အံ့သြသွားပေမယ့် မကြာခင်မှာဘဲ တစ်ခုခုကို နားလည်သွားတဲ့ပုံပင်။ ဖေးခွမ်က ဒီကောင်မလေးကို သူတို့နဲ့ မိတ်ဆက်ပေးချင်နေတာဘဲ။

ဒါပေမယ့် ဒါကလည်း ပုံမှန်ပါပဲ။ ဖေးခွမ်ရဲ့ အဆင့်အတန်းနဲ့ဆို သူ့ သူငယ်ချင်းရဲ့ ကလေးကို ဒီနယ်ပယ်ထဲ ခေါ်လာတာ ဒါမှမမဟုတ် ကြယ်ပွင့်အသစ် ကို ပျိုးထာင်ပေးတာ၊ အသစ်တစ်ယောက်ကို အတူတူခေါ်လာတာက ပြဿနာမဖြစ်စေပါချေ။

သူက စုန့်အာ့နန်ကို တစ်ခေါက်ထပ်ကြည့်လိုက်ပြီး သူ့လက်ရှိထုတ်လုပ်ရေးမှာ ဘယ်ဇာတ်ကောင်ကို သူမဆီ ပေးလို့ရမလဲဆိုတာကို သူ့စိတ်ထဲ မြန်မြန်လှန်‌လှော ကြည့်လိုက်သည်။

ဒီလိုရုပ်ရည်နဲ့ဆို သူမအနေနဲ့ ဖျော်ဖြေရေးလောကထဲ ဝင်လာသင့်သည်။

"မစ်၊ မင်းကရော ဒီနယ်ပယ်ထဲကဘဲလား?" ဒါရိုက်တာရှု က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

ဖေးခွမ်က ပြန်ဖြေလိုက်သည်။ "မဟုတ်ဘူး၊ ကျောင်းတက်နေတုန်းပဲ"

ဒါရိုက်တာရှုက စုန့်အာ့နန်ကို ကြည့်လိုက်သည်။ သူမက ငယ်သေးတဲ့ပုံပင်။ "Film Academy မှာလား?"

စုန့်အာ့နန်က မျက်တောင်ခတ်လိုက်ပြီး အမှန်တိုင်းပြောလိုက်သည်။ "မဟုတ်ပါဘူး၊ ကျွန်မ ဆေးပညာလေ့လာနေတာပါ"

ဖေးခွမ်က နားလည်မှုလွဲနေတာကို ရှင်းပြဖို့လုပ်နေတုန်းမှာဘဲ ထုတ်လုပ်သူက စုန့်အာ့နန်ကို ရုတ်တရက်မှတ်မိသွားသည်။

"သူက စုန့်လင်းချွမ်ရဲ့အန်တီလေးဘဲ"

ဒါရိုက်တာရှုလည်း အေးခဲသွားသည်။

လင်းချွမ်ရဲ့ အန်တီလေးလား?

ထုတ်လုပ်သူက စကားနည်းနည်းနဲ့ တိုတိုတုတ်တုတ် ရှင်းပြလိုက်သည်။

ဒီတော့မှ ဒါရိုက်တာရှုလည်း သူ့အမှားကို သိလိုက်သည်။ သူက လက်ကို ပြတ်ပြတ်သားသား ဝှေ့ယမ်းလိုက်ပြီး "ငါ့အမှားပါ၊ ရုပ်ချောတဲ့ သူတွေကိုမြင်တာနဲ့ ဒီနယ်ပယ်ကလို့ဘဲ ထင်လိုက်မိတာ။ ငါ့ရဲ့ဒီနယ်ပယ်ထဲက ရောဂါက ပိုဆိုးလာပြီဘဲ၊ ဒါကို ကုမှရတော့မယ်"

ဖေးခွမ်ကလည်း ပြုံးလိုက်ပြီး "ဒါ ကျွန်တော့်အမှားပါ ရှင်းရှင်းလင်းလင်း မရှင်းပြလိုက်မိဘူး"

နှစ်ယောက်သား ဓာတ်လှေကားကနေ ကလပ်ရဲ့မြေအောက် ကားပါကင်ဆီ တိုက်ရိုက်ဆင်းလာကြသည်။ ဖေးခွမ်ရဲ့ကားက ဒီမှာရပ်ထားတာဖြစ်သည်။

ကားပေါ်မတက်ခင်မှာပဲ စုန့်အာ့နန်က ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး သူမဘေးနားက လူကိုလှည့်ကြည့်ကာ "ရှင်မသောက်ထားဘူးမလား?"

ဖေးခွမ် တစ်ခဏလောက် ကြောင်သွားသည်။ "စိတ်မပူပါနဲ့ ကိုယ်ကားမောင်းရမယ်ဆိုတာ သိတယ် ဒါကြောင့်အရက်သိပ်အများကြီး မသောက်ထားဘူး"

စုန့်အာ့နန်က 'အိုး' လို့ဆိုလိုက်ပြီး စိတ်ချလက်ချနဲ့ ကားပေါ်တက်လိုက်သည်။

ဖေးခွမ်လည်း ပြုံးကာ ခေါင်းယမ်းလိုက်သည်။

သူမက ဒီခိုမျိုး ဥပဒေလိုက်နာတဲ့ ကျောင်းသားကောင်းလေးဘဲ။

ကားက ကားပါကင်ကနေ ချောချောမောမော မောင်းထွက်လာပြီး လူရှုပ်တဲ့ လမ်းမတွေပေါ် တက်သွားသည်။

ကားပေါ်ရောက်ကတည်းက ဘယ်သူမှစကားမပြောဖြစ်ကြပေ။

စုန့်အာ့နန်က ခရီးသည်ထိုင်ခုံမှာ ထိုင်ကာ ခေါင်းငုံ့ရင်း အတွေးထဲနစ်ဝင်နေသည်။

ဖေးခွမ်က သူမကို ကြည့်လိုက်ပြီး "ဘာဖြစ်လို့လဲ? စိတ်ဆိုးနေသေးတာလား?"

စုန့်အာ့နန်က ဖေးခွမ်ကို ကြည့်လိုက်သည်။ သူဘာကိုဆိုလိုမှန်း မသိခင် သူမ ခဏလောက် နားမလည်ဖြစ်သွားသည်။

တကယ်လို့သူသာ ဒီအကြောင်းကိုထပ်မပြောလာရင် ကလပ်မှာ သူမခြိမ်းခြောက်ခံရတဲ့အကြောင်းကို မေ့သွားလိမ့်မှာပင်။

ပြီးတော့ သူမဘက်ကလည်း အရှုံးပေးလိုက်ရတယ်။

အဲဒါက သူမကို တကယ်စိတ်ဆိုးသွားစေသည်။

စုန့်အာ့နန်က မနေနိုင်ဘဲ မကျေမနပ် ပြောလိုက်သည်။ "လင်းချွမ်က ကျွန်မရဲ့အငယ်။ အရင်တုန်းကလည်း ကျွန်မကို ထိန်းချုပ်ဖို့ သူတစ်ခါမှမလုပ်ဖူးဘူး"

ဖေးခွမ်ရဲ့ မျက်လုံးထောင့်လေးတွေက အပေါ်ကွေးတက်သွားသည်။ ဒီတော့?

"ဒီတော့၊ ရှင်တို့နှစ်ယောက်က သူငယ်ချင်းဆိုတော့ ရှင်လည်းဘဲ..." စုန့်အာ့နန်က ပြောဖို့ရုန်းကန်လိုက်ရပြီး "ကျွန်မထက် အငယ်ဘဲ!"

ဖေးခွမ် ခဏလောက် ကြောင်သွားပြီး နောက်တော့ စိတ်ရှုပ်ထွေးစွာနဲ့ ရယ်မောလိုက်သည်။ "မင်းတကယ်ဘဲ အကြီးဖြစ်ရတာကို အဲ့ဒီလောက်တောင်သဘောကျတယ်လား?

စုန့်အာ့နန်က အကြည့်အောက်ပို့လိုက်ပြီး ရိုးရိုးသားသားပြောလိုက်သည်။ "ကျွန်မသဘောကျတယ်လို့လည်းပြောလို့မရဘူး၊ ကျွန်မမိဘတွေက အဲ့ဒီလိုမျိုး ဆက်ဆံခဲ့လို့"

ဖေးခွမ်က သူမရဲ့သဘောထားကို အသိအမှတ်ပြုဟန်နဲ့ ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်သည်။

ကားထဲမှာ ထပ်ပြီးတိတ်ဆိတ်သွားပြန်သည်။

"သီးသန့်အခန်း အပြင်မှာတွေ့ခဲ့တဲ့ ကောင်လေး" ဖေးခွမ် က သင့်တော်တဲ့စကားလုံးကို ရှာနေတဲ့ပုံနဲ့ ခဏရပ်လိုက်ပြီး "သူက မင်းရဲ့...ကောင်လေးလား?"

စုန့်အာ့နန်က ရုတ်တရက် ဆတ်ခနဲခေါင်းမော့လာပြီး လုံးဝကို အံ့သြတကြီး ဖြစ်သွားသည်။

ဘာကို ကောင်လေးလဲ?

စီနီယာအစ်ကို ကျန်းဖန်ကလား?

"မဟုတ်တာ၊ သူက ကျွန်မနဲ့သိတဲ့ စီနီယာအစ်ကိုတစ်ယောက်ပါ။ ဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် ဒီမှာလာတွေ့တာ။ ပုံမှန်ဆို ကျွန်မတို့တွေ အဆက်အသွယ်တောင်မရှိဘူး"

ပြောပြီးတဲ့နောက်မှာ စုန့်အာ့နန်က သူမနည်းနည်းပျာယာခတ်သလို ဖြစ်သွားမှန်း သဘောပေါက်လိုက်သည်။

သူမက မှုန်ကုပ်ကုပ်နဲ့ အဝေးကို ကြည့်လိုက်ပြီး "ကျွန်မကို လာမစွပ်စွဲနဲ့ ပြီးတော့ လင်းချွမ်နဲ့ တိုင်ပြောဖို့ စဉ်းတောင်မစဉ်းစားနဲ့"

ဖေးခွမ် အံ့ဩသွားပြီး မတတ်နိုင်ဘဲ သူ့နားသယ်စပ်ကို ပွတ်လိုက်သည်။

အင်း၊ ဒီကောင်မလေးရဲ့ စိတ်ထဲမှာ သူ့ကို 'တိုင်ကြောထူတဲ့သူ' အဖြစ် အခိုင်အမာကိုစွဲထင်နေပြီ။

ဒါပေမယ့် သူမ ဘာလို့ အထင်မှားသွားရတာလဲ?

ယောက်ျားလေးတစ်ယောက်က သူ့ဖုန်းနဲ့ တခြားမိန်းကလေးတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုခုအတွက် ငှားပေးတာဖြစ်နိုင်တာဘဲ။ ဒီလို ကောက်ချက်ချမိတဲ့ သူ့ကို တစ်ယောက်ယောက်များ အပြစ်တင်ပေးလို့ရမလား?

"အဲ့လိုမဟုတ်ရင်တော့ အဆင်ပြေပါတယ်"

စုန့်အာ့နန်က သူ့ကို သံသယအပြည့်နဲ့ ပြန်ကြည့်လိုက်သည်။

ဖေးခွမ်လည်း ကူကယ်ရာမဲ့စွာနဲ့ ပြောလိုက်သည်။ "တကယ်တော့ ကိုယ်တိုင်ပြောဖို့ မစဉ်းစားထားပါဘူး။ စောစောစီးစီး ရည်းစားထားတာက မကောင်းဘူးလို့ ခံစားရလို့ပါ"

စုန့်အာ့နန်ကတော့ ဒီလို အရာတွေကို ပုံမှန်ဆိုရက် ဂရုမစိုက်ပါချေ။ ဒါပေမယ့် ဒီနေ့တော့ အကြောင်းတစ်ခုခုကြောင့် ဒီဟာရဲ့အောက်ခြေအထိ သွားဖို့ ဆုံးဖြတ်လိုက်တဲ့ပုံပင်။

သူမက သူ့ကိုတည့်တည့် လှည့်ကြည့်လိုက်ပြီး "ဘာလို့ မကောင်းတာလဲ?"

ဖေးခွမ်ရဲ့မျက်ခုံးတွေ ပင့်တက်သွားသည်။ သူ ရုတ်တရက် ခေါင်းနည်းနည်းကိုက်လာသလို ခံစားလိုက်ရသည်။

ငယ်ငယ်လေးနဲ့ ရည်းစားထားကြတဲ့ ကလေးတွေရဲ့ မိဘတွေ ဘယ်လိုခံစားရလဲဆိုတာကို ရုတ်တရက် သူနားလည်သွားရသည်။

"အသက်မပြည့်ဘဲ ရည်းစားထားတာက" သူကခဏရပ်လိုက်ပြီး "တရားမ၀င်ဘူး"

စုန့်အာ့နန် အေးခဲသွားသည်။

အသက်မပြည့်ဘဲ ရည်းစားထားကြတာကို သူမအားပေးအားမြှောက်ပြုတာ မဟုတ်ပေမယ့်၊ အဲ့ဒါက ဘယ်ဥပဒေကိုချိုးဖောက်လို့လဲ?

သူမက အရမ်းကို ဆွံ့အသွားစွာနဲ့ ဖေးခွမ်ကို ကြည့်လိုက်သည်။

'ကျွန်မက အသက်မပြည့်သေးပေမယ့် ငတုံးတော့မဟုတ်ဘူး' ဆိုတဲ့အမူအရာနဲ့အတူ ကြည့်လိုက်သည်။

သူရဲ့အမူအရာကို ထိန်းထားဖို့ ဖေးခွမ်မှာ စတီယာရင်ကို တင်းတင်းကိုင်ထားပြီး ရုန်းကန်နေရသည်။

ဒါပေမယ့် အဆုံးမှာ‌တော့ မအောင်မြင်လိုက်ဘဲ ရုတ်တရတ် အော်ရယ်မိတော့သည်။

ခုနတုန်းက ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ ဆင်ခြေတွေ သူ့မှာပေါ်လာရတာတုံး။

စုန့်အာ့နန်လည်း ကူးစက်ခံရလိုက်ပြီး မထိန်းနိုင်တော့ဘဲ ရယ်မိတော့သည်။

ကားထဲက နေရာကျဉ်းကျဉ်းလေးထဲမှာ သူတို့ရဲ့ရယ်သံတွေနဲ့ ပြည့်နှက်သွားသည်။

ခဏအကြာ စုန့်အာ့နန်က သူမရဲ့အပြုံးကို ထိန်းလိုက်ပြီး မကျေမနပ်နဲ့ ခပ်တိုးတိုးလေး ပြောလာသည်။ "ဒါကလည်း တကယ်တော့ ရည်းစားစောစောထားတာမဟုတ်ပါဘူး"

ဖေးခွမ်က အဲ့ဒါကို ရှင်းရှင်းလင်းလင်း မကြားလိုက်ပေ။ "ဘာလဲ?"

စုန့်အာ့နန်က နှုတ်ခမ်းစူလိုက်ပြီး "ကျွန်မပြောတာက၊ ကျွန်မက တက္ကသိုလ်တက်နေပြီ၊ ကျွန်မတကယ်ဘဲ ချိန်းတွေ့တယ်ဆိုရင်တောင် အဲဒါက ဘာမှ မမှားဘူးလေဟုတ်တယ်မလား?"

ဖေးခွမ်က ခဏလောက်စဉ်းစားပြီး "ဂျူနီယာတန်းက အလုပ်အရမ်းရှုပ်တယ်လို့ မင်းပြောခဲ့တာ မဟုတ်ဘူးလား? ဘာလို့ နည်းနည်းကြာကြာမစောင့်ရမှာလဲ?"

သူက သူမရဲ့အတွေးတွေကို ဖျောင်းဖျဖို့ ကြိုးစားလိုက်သည်။

ဒါပေမယ့် စုန့်အာ့နန်က မလိုလားစွာနဲ့ ပြန်တုံ့ပြန်လာသည်။ "ဒါဆို စီနီယာနှစ်ကျရင်လည်း ပိုအလုပ်များလာမယ်၊ နောင်ကျရင်လည်း အလုပ်တွေပိုများလာမယ်။ ကျွန်မမှာ အလုပ်တွေ များလာမှာမို့လို့ ဘယ်တော့မှ မချိန်းတွေ့နိုင်တော့ဘူးလို့ ဆိုလိုတာမဟုတ်ဘူးလား?"

ဖေးခွမ်လည်း အကြပ်ရိုက်သွားရသည်။

ဒါကို သူလည်းတကယ် မချေပနိုင်ဘူး - အခုနဲ့ ယှဥ်လိုက်ရင် ဘွဲ့ရပြီးသွားတဲ့ဘဝက ပိုပြီးအလုပ်များလာမယ့်ပုံပင်။

တကယ်တော့ အလုပ်များတာကြောင့်နဲ့ မချိန်းတွေ့နိုင်ဘူးလို့ဆိုတဲ့ အကြောင်းပြချက်တော့ မရှိပါချေ။

အဓိကကတော့၊ ဒီဟာက မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ ဖြစ်တာကြောင့် သူ့အနေနဲ့ အလွန်အကျွံ စွက်ဖက်ခြင်း မပြုသင့်ပါချေ။

ဒါပေမယ့် ဒီအချိန်ကာလအချို့ကို အတူဖြတ်သန်းပြီးတဲ့နောက်မှာ ဖေးခွမ်အနေနဲ့ စုန့်အာ့နန်ကို အကြီးတစ်‌ယောက်လို မဆက်ဆံနိုင်‌ပေမယ့်လည်း သူမကို ညီမလေးတစ်ယောက်လို ရိုးရိုးသားသား ဆက်ဆံခဲ့သည်။

ဒီအခိုက်အတန့်မှာဘဲ စုန့်လင်းချွမ်ရဲ့ ခံစားချက်ကို သူရုတ်တရက် နားလည်သွားသည် - အရင်က စုန့်အာ့နန်ရဲ့အချစ်ရေးအကြောင်းနဲ့ ပတ်သက်ပြီးတော့ သူပြင်းပြင်းထန်ထန် သူတုံ့ပြန်ခဲ့တာက အံ့ဩစရာမဟုတ်တော့ပေ။

ဖေးခွမ်က ခဏလောက် စဉ်းစားလိုက်ပြီး "မင်းက ကိုယ့်ရဲ့ထင်မြင်ချက်ကို တောင်းတာဆိုရင်တော့ အရွယ်ရောက်ပြီးမှ အဲဒါကို စဉ်းစားကြည့်လို့ အကြံပေးချင်တယ်"

အဲဒီအခါကျရင် သူမအနေနဲ့ စိတ်ပိုင်းဆိုင်ရာတွေးခေါ်မှုတွေ ရင့်ကျက်လာပြီး သူမရဲ့ခံစားချက်တွေကို ပိုနားလည်လာလိမ့်မည်ပင်။

"ဒါ့အပြင် အနာဂတ်မှာ မင်းချိန်းတွေ့မယ်ဆိုရင် သူ့ကို လင်းချွမ်ဆီ အရင်ခေါ်သွား"

စုန့်အာ့နန် - "သူ့ကို လင်းချွမ်ဆီ ဘာလို့ခေါ်သွားရမှာလဲ?"

ဖေးခွမ် ပြုံးလိုက်သည်။ တခြားဘာကြောင့် ဖြစ်ရမှာလဲ?

ယောကျော်းလေးတွေက အချင်းချင်း နားလည်တတ်ကြကာ ပိုပြီးတိတိကျကျ စီရင်နိုင်သည်။

ကောင်မလေးက နံ့အလွန်းတာကို၊ သူမ နာကျင်ရမှာကို သူမစိုးရိမ်ရဘူးလား?

"သူ့ကို မင်းအတွက် အဲ့ဒီကောင်လေးကို စစ်ဆေးခိုင်းလိုက်" ဖေးခွမ် မျက်နှာက ထူးထူးခြားခြားကို လေးနက်နေသည်။

"စိတ်မပူပါနဲ့ လင်းချွမ်ဘဲ အားလုံးပြောလိမ့်မယ်၊ အဲ့ဒီကောင်လေးက တကယ်မဆိုးဘူးဆိုရင် သူက မင်းကို တားမှာမဟုတ်ဘူး"

စုန့်အာ့နန်က ဖေးခွမ်ကို တိတ်တဆိတ် ကြည့်လိုက်သည်။

All Chapters