အခန်း (၇၁)
Vol. 6 Ch. 71
အကြောင်းတစ်ခုခုကြောင့် သူမက မဆင်မခြင်နဲ့မေးလိုက်သည်။ "ဒါဆို ကျွန်မ ရှင့်ကိုပြောမယ်၊ ရှင်က သူ့ကိုကျွန်မအတွက် စစ်ဆေးပေးပေါ့၊ အဆင်ပြေလား?"
သူမက အဲ့ဒီလိုပြောလာမယ်မှန်း မမျှော်လင့်ထားတဲ့အတွက် ဖေးခွမ်က အံ့ဩသွားတဲ့ပုံပင်။ "သေချာတာပေါ့၊ မင်း ကိုယ့်ကို ယုံကြည်ပေးတဲ့အတွက် ကိုယ်တော့အရမ်းဝမ်းသာမိတယ်"
အဲဒါကိုပြောပြီးတဲ့နောက် သူက ဆက်ပြောလိုက်သည်။ "စိတ်မပူပါနဲ့ မင်း လင်းချွမ်ကို မသိစေချင်ဘူးဆိုရင် ကိုယ်သူ့ကို မတိုင်ပြောပါဘူး"
ဒါကိုကြားတော့ စုန့်အာ့နန်က အကြည့်အောက်ပို့လိုက်ပြီး သူမမျက်လုံးတွေက ဖြတ်ခနဲလက်သွားသည်။
ဆုံးရှုံးသွားရတဲ့ ခံစားချက်က သူမရင်ထဲကို ရုတ်တရက် တိုးဝင်လာသည်။
တကယ်တော့ ဖေးခွမ်ဟာ စုန့်လင်းချွမ်လိုဘဲ သူမကို ညီမလေးတစ်ယောက်လို ဆက်ဆံတယ်ဆိုတာ စုန့်အာ့နန်အမြဲတမ်းသိခဲ့သည်။
သူမက လင်းချွမ်ရဲ့ အန်တီလေးဖြစ်တာကြောင့် သူမအပေါ် အရမ်းကောင်းပေးတာပင်။
တကယ်တော့ လူကိုယ်တိုင်ဆိုရင် သူမနဲ့ ဘာမှမဆိုင်ပါချေ။
စုန့်အာ့နန်ရဲ့ ရင်ဘက်ထဲမှာ တင်းကြပ်သွားသလို ခံစားလိုက်ရသည်။
ကားပြတင်းပေါက် အပြင်ဘက်ကို ကြည့်ဖို့ သူမခေါင်း လှည့်လိုက်ပြီး မျက်လုံးထောင့်က ချဉ်စူးတဲ့ ခံစားချက်ကို မျိုသိပ်ထားလိုက်သည်။
ကားက B တက္ကသိုလ် ဝင်ပေါက်ဆီ မသိလိုက်ဘဲနဲ့ ရောက်သွားသည်။
ကားက ကျောင်းဝင်းထဲကို ဝင်လို့မရတော့တဲ့အတွက် ဖေးခွမ်က ပါကင်ထိုးဖို့ နေရာရှာလိုက်သည်။
"ကိုယ် မင်းကို အထဲထိ လိုက်မပို့တော့ဘူးနော်"
နည်းနည်းနောက်ကျနေပြီဆိုပေမယ့် သူ့အနေနဲ့ ကျောင်းဝင်းထဲမှာ တစ်ယောက်ယောက်နဲ့ ဝင်တိုးမိပြီး ဓာတ်ပုံရိုက်ခံထိကာ ပြဿနာမတက်လိမ့်ဘူးလို့ အာမမခံနိုင်ပါချေ။
သူက ဆက်ပြောလိုက်သည်။ "ကိုယ်ဒီမှာဘဲစောင့်နေမယ်၊ မင်းအဆောင်ကို ဘေးကင်ကင်းပြန်ရောက်ရင် မက်ဆေ့ခ်ျပို့လိုက်နော်"
စုန့်အာ့နန်က ခေါင်းညိတ်ပြလိုက်ပြီး ထိုင်ခုံခါးပတ်ကို ဖြုတ်ဖို့ လက်လှမ်းလိုက်သည်။
ဒါပေမယ့် လမ်းတစ်ဝက်မှာဘဲ သူမရပ်သွားသည်။
တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတာကြာပြီဆိုတော့ သူမ ခပ်မြန်မြန်ကြီး မခွဲချင်ပေ။
စုန့်အာ့နန်က ရုတ်တရက် သတ္တိတွေစုလိုက်ပြီး ဖေးခွမ် ကို ကြည့်လိုက်သည်။ "ချိုးချိုးနဲ့တွေ့ချင်လို့ ရှင့်နေရာကို ကျွန်မလိုက်လို့ရမလား?"
ဖေးခွမ် ခဏလောက် အံ့အားသင့်သွားသည်။ အချိန်ကို သူမသိစိတ်ကနေ တစ်ချက်ကြည့်လိုက်ပြီး "အခုလား?"
နည်းနည်းတောင် နောက်ကျနေပြီ မဟုတ်ဘူးလား?
စုန့်အာ့နန်က ခေါင်းဖြည်းဖြည်း ညိတ်ပြလိုက်ပြီး "အင်း၊ ခဏလေး တစ်ချက်လောက်ဘဲကြည့်မှာပါ။ ရှင့်ရဲ့အချိန်ကို အများကြီး မယူပါဘူး။ ချိုးချိုးကို တွေ့ပြီးရင် လင်းချွမ်ဆီသွားမယ်လေ"
ပြောပြီးတဲ့ နောက်မှာတော့ သူမက နောက်တစ်ခွန်းကို ဆက်ပြောလိုက်သည်။ "အဆင်မပြေရင်လည်း ကိစ္စမရှိပါဘူး"
"အဆင်မပြေမဖြစ်ပါဘူး" ဖေးခွမ်က ခေါင်းခါလိုက်ပြီး "မနက်ဖြန် မင်းအတန်းနောက်ကျမှာ စိုးလို့ပါ"
စုန့်အာ့နန်က ပြန်ပြောလာသည်။ "မနက်ဖြန် မနက် စာသင်ချိန်နှစ်ချိန်မရှိဘူး"
"ကောင်းပြီလေ" ဖေးခွမ်က မေး နည်းနည်းမော့လိုက်ပြီး "ဒါဆို မင်းရဲ့ထိုင်ခုံခါးပတ်ကို ထပ်ပြီး တပ်လိုက်ဦး"
စုန့်အာ့နန်ကလည်း ခေါင်းညိတ်ပြပြီး နာနာခံခံနဲ့ ထိုင်ခုံခါးပတ်ကို ထပ် တပ်လိုက်သည်။
ကားက ကစက်ပြန်နိုးလာပြီး B တက္ကသိုလ် ဂိတ်ပေါက်ကနေ ပြန်ကွေ့ထွက်သွားသည်။
လမ်းတစ်လျှောက်လုံး ချောချောမွေ့မွေ့ မောင်းနှင်လာပြီး မကြာခင်မှာဘဲ သူတို့နေတဲ့နေရာဆီရောက်လာသည်။
နှစ်ယောက်သား ကားဂိုဒေါင်ကနေ ဓာတ်လှေကားနဲ့ တိုက်ရိုက်တက်လိုက်ပြီး ဖေးခွမ်ရဲ့အခန်းဆီ လာလိုက်သည်။
ဒီရပ်ကွက်ထဲရှိ အခန်းဖွဲ့စည်းပုံတွေဟာ အားလုံးနီးပါးတူညီကြပြီး အခြေခံအားဖြင့် တစ်ထပ်လျှင် အိမ်ထောင်စု တစ်စုစီရှိပြီး အပြင်အဆင်ဟာလည်း စုန့်လင်းချွမ်ရဲ့နေရာနဲ့ ဆင်တူသည်။
ဖေးခွမ်က တံခါးဖွင့်လိုက်ပြီးတော့ စုန့်အာ့နန်ဘက်လှည့်ကာ ပေးမဝင်ခင် မီးဖွင့်လိုက်သည်။
"ဖိနပ်ပြောင်းစီးရမှာလား?" စုန့်အာ့နန်က မေးလိုက်သည်။
ဖေးခွမ် - "မလိုဘူး၊ အိမ်မှာလည်း ဖိနပ်အပါးအပိုမရှိဘူး၊ ဒီတိုင်းဘဲဝင်လိုက်တော့"
စုန့်အာ့နန်လည်း “အိုး” လို့ ဆိုလိုက်သည်။
အိမ်ဝင်ပေါက်မှာ ဖိနပ်ပြောင်းစီးနေတဲ့ ဖေးခွမ်က သူမအနားရောက်လာတော့ လမ်းဖယ်ပေးလိုက်သည်။
ဒါက ဖေးခွမ်ရဲ့အိမ်ကို စုန့်အာ့နန် ပထမဦးဆုံး ရောက်ဖူးတာဖြစ်ပြီး သူမစိတ်ကူးထားတာနဲ့ လုံးဝကိုမတူပေ။
ဖေးခွမ်က လူတွေကို နူးညံ့သိမ်မွေ့တဲ့ ခံစားချက်တွေ ပေးလေ့ရှိပေမယ့် သူ့အိမ်က ဒီလိုမျိုးဖြစ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ။
ဘယ်လိုပြောရလဲဆိုတော့ အိမ်က အိမ်လိုဖြစ်မနေဘဲ လုံးဝကို အေးစက်စက်နိုင်လှသည်။
သူမ ဧည့်ခန်းတစ်ခုလုံးကို ကြည့်လိုက်တော့ အနက်ရောင်၊ အဖြူနဲ့ မီးခိုးရောင်သာရှိပြီး ဆိုဖာဟာလည်း နည်းနည်းမီးခိုးရောင်သန်းတဲ့ အပြာရောင်ဖြစ်သည်။
အိမ်တွင် ပရိဘောဂတွေနဲ့ အလှဆင်ထားတာတွေဟာလည်း နည်းနည်းလေးသာ ရှိသည်။ ကြီးမားလှတဲ့ ကော်ဖီစားပွဲပေါ်တွင် တစ်လုံးတည်းသော လက်ဖက်ရည်ခွက် တစ်ခုသာရှိသည်။
အကြောင်းတစ်ခုခုကြောင့် အထီးကျန်သလို သူမခံစားလိုက်ရသည်။
စုန့်အာ့နန်က အခန်းကို စူးစမ်းလေ့လာတဲ့အထဲမှာ နှစ်မြုပ်နေတုန်း ရုတ်တရက် အနက်ရောင် အရိပ်တစ်ခုက တစ်နေရာကနေ သူမရဲ့ ခြေထောက်ဆီ သုတ်ခနဲ ပြေးဝင်လာသည်။
သူမ အရမ်းလန့်သွားပြီး ခြေလှမ်းနည်းနည်း နောက်ပြန်ဆုတ်လိုက်သည်။
ကံကောင်းထောက်မစွာနဲ့ ဖေးခွမ်က အမြန်လျှောက်လာပြီး သူမပုခုံးကို လှမ်းဆွဲလိုက်လို့ပင်။
"သတိထား!"
သူမရဲ့ အနောက်က ကူထိန်းထားပေးတာကြောင့် စုန့်အာ့နန်က သူမကိုယ်သူမ ငြိမ်အောက် ထိန်းလိုက်ပြီး လန့်သွားတာကြောင့် လှုပ်ခတ်နေတဲ့အသံနဲ့ ပြောလိုက်သည်။ "ကျေးဇူပါ"
"မြောင်~" အောက်ကနေ မြောင်ဆိုတဲ့အသံထွက်လာသည်။
စုန့်အာ့နန် အလိုလို ငုံ့ကြည့်လိုက်တော့ ချိုးချိုး ဖြစ်နေသည်။
ဖေးခွမ်က ငုံ့လိုက်ပြီး ကြမ်းပြင်ပေါ်က အသေးလေးကို ချီလိုက်ကာ နဖူးကို ခေါက်လိုက်သည်။ " အသေးလေး၊ မင်း ကြမ်းကြမ်းတမ်းတမ်းနဲ့ လူတွေကို လိုက်ခြောက်နေမယ်ဆိုရင် မင်းကိုအစာမကျွေးတော့ဘူးနော်"
ချိုးချိုး နားလည်ပုံရပြီး စိတ်ဆိုးတဲ့ အော်သံဆက်တိုက် ထုတ်လာသည်။
ဖေးခွမ်က သူ့ကိုလျစ်လျူရှုပြီး စုန့်အာ့နန်ဘက် လှည့်ကာ မေးလိုက်သည်။ "အဆင်ပြေရဲ့လား?"
စုန့်အာ့နန်က သူမရင်ဘတ်ကို ပွတ်လိုပြီး "အဆင်ပြေပါတယ်"
ဖေးခွမ်က ကူကယ်ရာမဲ့စွာနဲ့ ပြောလာသည်။ "ဒီကောင်လေး အခုတလော ဘယ်သူ့ဆီကနေ သင်နေလဲ မသိဘူး။ သူက လူတွေကို ရုတ်တရက် တိုက်ခိုက်ပြီး လန့်သွားအောင်လုပ်ရတာ ကြိုက်နေတယ်။ အဲဒါ ကိုယ့်အမှား၊ မင်းကို ကြိုပြောဖို့ မေ့သွားတယ်"
စုန့်အာ့နန်က ခေါင်းခါလိုက်ပြီး ချိုးချိုးကို ဖေးခွမ်လက်ထဲကနေ လှမ်းယူလိုက်သည်။
သူမလက်ထဲက ကြောင်လေးကို ချိန်ဆကြည့်ပြီးတော့ ဖေးခွမ်ကို အံ့ဩတကြီးနဲ့ သူမကြည့်လိုက်သည်။ "ချိုးချိုး ကိုယ်အလေးချိန် တက်လာတာလား?"
ဖေးခွမ်က ပြုံးပြီးပြန်ဖြေလာသည်။ "အင်း နှစ်ပေါင်ကျော်တယ်"
ဒါကိုကြားတော့ စုန့်အာ့နန်က အရမ်းပျော်သွားပြီး ချိုးချိုးကို ပိုက်ထားလိုက်သည်။
အရင်တစ်ခေါက် ကြောင်လေးကို စစ်တုန်းက ကိုယ်အလေးချိန် နည်းနည်းလျော့နေလို့ ပြန်ရောက်တဲ့အခါ ဂရုစိုက်ဖို့ ဆရာဝန်ကပြောခဲ့သည်။
ဒီကောင်လေးက တော်တော်သန်မာလိမ့်မယ်လို့ သူမမျှော်လင့်ထားပေ။
ဖေးခွမ်ကလည်း သူ့ကို ကောင်းကောင်းဂရုစိုက်ပေးသည်။
ချိုးချိုးက စုန့်အာ့နန်ရဲ့ ရင်ခွင်ထဲမှာ လှုပ်လှုပ်ရှားရှားနဲ့ အစပိုင်းမှာ မငြိမ်မသက်ဖြစ်နေပြီး ဖေးခွမ်ကို အပြင်းအထန် ခုန်အုပ်ဖို့လုပ်နေသည်။
ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ မကြာခင်မှာဘဲ စုန့်အာ့နန်ကို မှတ်မိသွားသည်။ နောက်တော့ နှစ်ယောက်သား ဆိုဖာပေါ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားကြတော့သည်။
ဖေးခွမ်က တွင်းထွက်ရေဘူးတစ်ဘူးကို ယူလိုက်ပြီး စုန့်အာ့နန်ကို ပေးလိုက်သည်။ "ဆောရီး၊ ရေခဲသေတ္တာထဲမှာ တွင်းထွက်ရေဘူးတွေဘဲ ရှိတော့လို့"
စုန့်အာ့နန်က ခေါင်းခါလိုက်ပြီး လက်လှမ်းယူလိုက်သည်။ "ရပါတယ်၊ ကား ကောင်းပါတယ်"
နှစ်ယောက်သား ဆိုဖာပေါ်တွင် ထိုင်ကာ ကြောင်လေးနဲ့ ကစားရင်း ရောက်တတ်ရာရာ ဟိုဟိုသည်သည် စကားတွေပြောကြသည်။
စုန့်အာ့နန်က ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး ဖေးခွမ်ကို တစ်ချက် ကြည့်လိုက်ပြီး " မကြာခင် ရှင် ဖျော်ဖြေပွဲ လုပ်မယ်လို့ ကြားတယ်"
ဖေးခွမ်က လတ်တလောနှစ်တွေမှာ ရုပ်ရှင်တွေဘဲ ပိုရိုက်ကူးလာခဲ့ပြီး ဖျော်ဖြေပွဲတွေ ကျင်းပတာ ရှားလာကြောင်း လီစစ်ရွေ့ကပြောသည်။
ဒီတစ်ကြိမ်မှာတော့ ရုတ်တရက် စိတ်ကူးပေါက်ပြီး ဆုံးဖြတ်ခဲ့တာဖြစ်သည်။ သတင်းတွေအရ ပရိသတ်တွေဟာ ရူးသွပ်သွားခဲ့ကြပြီး လက်မှတ်တွေဟာလည်း အချိန်တိုအတွင်း ကုန်သွားသည်။
ဖေးခွမ်ရဲ့ မျက်လုံးထောင့်တွေက နည်းနည်း မြင့်တက်လာပြီး စုန့်အာ့နန်ကို အံ့အားသင့်စွာနဲ့ ကြည့်လိုက်သည်။ သူ့အချိန်ဇယားကို သူမ အာရုံစိုက်လိမ့်မယ်လို့ သူ မမျှော်လင့်ထားတဲ့ပုံပင်။
စုန့်အာ့နန်က သူ့အကြည့်အောက်မှာ လိပ်ပြာမလုံသလို နည်းနည်း ခံစားလိုက်ရသည်။ "ကျွန်မအရင်က မပြောခဲ့ဘူးလား? ကျွန်မ အခန်းဖော်က ရှင့်ရဲ့ဖန်လေ။ သူလက်မှတ်မရလိုက်တဲ့အကြောင်း ကျွန်မနား နားမှာနေ့တိုင်းလာလာပြောနေတာ၊ ဒီတော့ သေချာပေါက် ကျွန်မလည်းသိတာပေါ့"
ဖေးခွမ် "အိုး" လို့ဆိုလိုက်သည်။ အဲဒါက အဓိပ္ပာယ်ရှိသားဘဲ။
သူယုံလား မယုံဘူးလားဆိုတာ စုန့်အာ့နန်မပြောနိုင်တဲ့အတွက် နည်းနည်း စိတ်ဆိုးသွားသည်။ "ကျွန်မတယ် လုပ်ပြောနေတာ မဟုတ်ဘူး!"
ဖေးခွမ် ကြောင်သွားသည်။ သူ့တုံ့ပြန်မှုကို စုန့်အာ့နန် နားလည်မှုလွဲသွားလိမ့်မယ်လို့ သူ မမျှော်လင့်ထားပါချေ။
"ဘာမဟုတ်တဲ့ဆီကနေ လုပ်ကြံပြောတယ်" ဆိုတဲ့ meme ကို တွေးမိရင်း ကိုယ့်ရှူးကိုယ်ပတ်သလို သူခံစားလိုက်ရသည်။
“ကိုယ် အဲ့ဒီလို ထင်တာမဟုတ်ပါဘူး" ပြီးတော့ သူစဉ်းစားလိုက်ပြီး ရှင်းပြလိုက်သည်။ “အရင်တစ်ခေါက်က ကိုယ်စတာပါ၊ အလေးအနက်မထားပါနဲ့"
စုန့်အာ့နန်လည်း အသိပြန်ဝင်လာပြီး အခုလေးတင် သူမ လွန်လွန်ကဲကဲ တုံ့ပြန်မိကြောင်း သဘောပေါက်သွားသည်။
ဖေးခွမ်က ကော်ဖီ စားပွဲပေါ်က သူ့ဖုန်းကို ယူလိုက်ပြီး ခဏလောက် ဟိုနှိပ်ဒီနှိပ်လုပ်လိုက်ကာ ပြီးတော့ ဖုန်းကို တွန်းပေးလိုက်သည်။ "မင်းရဲ့ လိပ်စာ ကိုယ့်ကိုပေး"
စုန့်အာ့နန်က သူဘာကိုဆိုလိုလဲဆိုတာ နားမလည်ပါချေ။ "ဟမ်?"
"မင်းရဲ့လိပ်စာကို ရိုက်ထည့်လိုက်လို့၊ တစ်ယောက်ယောက်က မင်းဆီ လက်မှတ်တွေပို့ပေးလာမယ်" ဖေးခွမ်က ပြောလိုက်သည်။
စုန့်အာ့နန် ခဏလောက် အံ့အားသင့်သွားပြီး နောက်မှသူဘာကိုဆိုလိုလဲဆိုတာ သဘောပေါက်သွားတဲ့ပုံပင်။
ဖေးခွမ် - "မင်းရဲ့ အခန်းဖော် လက်မှတ်မရလိုက်ဘူးလို့ မင်းပြောတာခဲ့တာ မဟုတ်ဘူးလား?"
စုန့်အာ့နန် ရုတ်တရက် သဘောပေါက်သွားသည်။ သူက သူမကို ဖျော်ဖြေပွဲလက်မှတ်တွေ ပေးဖို့လုပ်နေတာဘဲ။
ဖေးခွမ်က ဖုန်းကို ပြန်ယူလိုက်ပြီး ပေါ့ပေါ့ပါးပါးမေးလိုက်သည်။ "မင်းရဲ့အခန်းဖော် ဘယ်နှစ်ယောက်လဲ?"
စုန့်အာ့နန်က "တစ်ယောက်" လို့ ခပ်ကျယ်ကျယ်လေးပြောလိုက်သည်။
ဒါပေမယ့် ဒီလိုပြောပြီးတာနဲ့ သူမနည်းနည်းနောင်တရသွားသည်။ နှစ်ယောက်လို့ ပြောလိုက်သင့်တာ။
သူမလည်း သွားချင်တယ်
ဖေးခွမ်က ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ၊ ဒါဆို ကိုယ့်လက်ထောက်က မင်းကို လက်မှတ်နှစ်စောင် ပို့ပေးလိမ့်မယ်။ အချိန်ရရင် မင်းရဲ့အခန်းဖော်နဲ့ သွားပေါ့"
စုန့်အာ့နန်လည်း အံ့အားသင့်သွားသည်။ "ကျွန်မလည်း လက်မှတ်တစ်စောင်ရတာလား?"
ဖေးခွမ်က ပေါ့ပေါ့ပါးပါး ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။ "အင်း၊ မင်းအားရင် ကိုယ့်ကိုလာအားပေးလေ။ မင်း လူကြီးဖြစ်ချင်နေတာ မဟုတ်ဘူးလား? လာပြီးတော့ မင်းထက် အငယ်အတွက် ကျော်ကြားမှုကို နှိုးဆော်ပေးလေ၊ ဒါက လုပ်သင့်တဲ့အရာဘဲ၊ မဟုတ်ဘူးလား?"
စုန့်အာ့နန်က နှုတ်ခမ်းနည်းနည်းစူလိုက်ပြီး ဘာမှမတုံ့ပြန်လာချေ။
သူ့ရဲ့ ဖျော်ဖြေပွဲ လက်မှတ်တွေက ဒီလောက် ရှားပါးနေတာကို၊ သူ့ကျော်ကြားမှုကို လှုံ့ဆော်ပေးဖို့ သူမကို ဘယ်မှာ လိုနေလို့လဲ?
ဒါပေမယ့် စုန့်အာ့နန်က မငြင်းလိုက်ပေ။ ဘာဘဲဖြစ်ဖြစ် သူမလည်း တကယ်သွားချင်နေတာဘဲလေ။
စုန့်အာ့နန်က အချိန်နောက်ကျနေပြီဆိုတာကို သတိပြုမိပြီး မပြန်သွားခင် အချိန်အတော်ကြာအောင် ဟိုဟိုသည်သည်စကားစမြည် ပြောခဲ့ကြသည်။
ဖေးခွမ်က သူမကို စုန့်လင်းချွမ်ရဲ့ နေရာအထိ လိုက်ပို့ပေးပြီး သူမ အထဲဝင်သွားတာကို မြင်ပြီးမှ သူ လည်းပြန်သွားသည်။
အစက စုန့်အာ့နန်မှာ အိပ်ပျော်ဖို့ ခက်လိမ့်မယ်လို့ ထင်ခဲ့ပေမယ့် အဲ့ဒီညက ထူးထူးခြားခြား ကောင်းကောင်းကြီး အိပ်ပျော်ခဲ့သည်။
နောက်တစ်နေ့မနက်မှာတော့ ဖေးခွမ်ရဲ့ ဖုန်းခေါ်သံကြောင့် သူမ နိုးလာခဲ့သည်။
သူက စုန့်အာ့နန်အတွက် မနက်စာ ယူလာပေးပြီး ကျောင်းကို ပြန်ပို့ပေးသည်။
မနက်ပိုင်း ပထမဆုံး အတန်း နှစ်ခုက မေဂျာအတန်းတွေဖြစ်သည်။ စုန့်အာ့နန် ရောက်လာတဲ့အချိန် လီစစ်ရွေ့နဲ့ အခြားသူတွေက စာသင်ခန်းထဲမှာ ရှိနေကြပြီး သူမအတွက် နေရာတစ်ခု ချန်ထားပေးသည်။ စုန့်အာ့နန်က အတန်းထဲမှာ အမြဲတမ်း အာရုံစိုက်လေ့ရှိသည်။ မသိလိုက်ဘဲနဲ့ အတန်းနှစ်တန်းက ပြီးသွားပြီး ကန်တင်းကိုသူတို့ဖြတ်သွားတဲ့အချိန် အဆောင်မှာ သွားပြန်စားဖို့ နေ့လည်စာ ဝင်ဝယ်လိုက်သည်။
အဆောင်ခန်းကိုပြန်ရောက်တော့ နေ့လည်စာနှစ်လုတ်သုံးလုတ်လောက် စားပြီးတဲ့နောက်မှာ စုန့်အာ့နန်က ဖျော်ဖြေပွဲလက်မှတ်ကို ရုတ်တရက် သတိရသွားသည်။ အဲ့ဒါနဲ့ ဖေးခွမ်က သူမဆီ လက်မှတ်တွေပို့ပေးလာမယ့်အကြောင်းပြောပြလိုက်သည်။
လီစစ်ရွေ့မှာ စက္ကန့်နည်းနည်းလောက် အံ့ဩသွားပြီးသူမထိုင်ခုံကနေ ခုန်တက်လိုက်ကာ စုန့်အာ့နန်ကို တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။
"အားးး အာ့နန်လေး၊ ငါ နင့်ကို အရမ်းချစ်တာဘဲ၊ မင်းက ငါ့ရဲ့ကံကောင်းစေတဲ့ ကြယ်လေးဘဲ၊ မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး နင်က ငါ့ရဲ့ လူဝင်စားမိဘဘဲ!"
စုန့်အာ့နန် - "..."
လူဝင်စားမိဘ?
အဲဒါက အရမ်း ချဲ့ကားလွန်းတာဘဲ
ဒါပေမယ့် လီစစ်ရွေ့ကတော့ အဲဒါကို ချဲ့ကားတယ်လို့ လုံးဝမခံစားရပါချေ။ သူမက စုန့်အာ့နန် ကို မူးသွားလောက်တဲ့အထိ အပြန်ပြန်အလှန်လှန် လှုပ်ခါနေသည်။
နောက်ဆုံးတော့ ချန်ခယ့်နဲ့ ချိုက်ရှောင်တိတို့မှာ မနေနိုင်တော့ဘဲ စုန့်အာ့နန်ကို သူမလက်ထဲကနေ ကယ်တယ်လိုက်ကြသည်။
"လုံလောက်ပြီ၊ ဒီလိုကောင်းတဲ့အရာကို ဂုဏ်မယူနေနဲ့တော့၊ နင့်အတွက် နင်သိမ်းထားလိုက် မဟုတ်ရင် ငါအားကျမိတော့မယ်" ချန်ခယ့်က စနောက်လာသည်။
စုန့်အာ့နန်လည်း အံ့အားသင့်သွားပြီး ချန်ခယ့်နဲ့ ချိုက်ရှောက်တိလည်း ရှိနေသေးတာကို သူမ သတိရသွားသည်။
သူမက တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။ "နင်တို့လည်း သွားချင်ကြလား? ဖေးခွမ်မှာ လက်မှတ်တွေ ကျန်သေးလားဆိုတာ ငါမေးပေးမယ်လေ"
ဖေးခွမ်ကို သူမတကယ် အနှောက်အယှက် မပေးချင်ပေမယ့် သူမတို့က အတူတူနေနေကြတဲ့အတွက် တစ်ယောက်ကိုဘဲ မျက်နှာသာပေးတာက မကောင်းပါချေ။
ချန်ခယ့်နဲ့ ချိုက်ရှောင်တိတို့က တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီးလက်အမြန် ခါလိုက်သည်။
"မလိုပါဘူး၊ ငါ့မိဘတွေက အဲဒီနေ့ မှာ အမျိုးတွေလာမှာမို့လို့ ငါ့ကိုအိမ်ပြန်လာစေချင်ကြတာ"
ချန်ခယ့်က B City မှဖြစ်ပြီး အတန်းမရှိသည့်အခါ ပိတ်ရက်များတွင် အိမ်ပြန်လေ့ရှိသည်။
ချိုက်ရှောင်တိကလည်း ပြောလာသည်။ "ငါလည်းသွားလို့မရဘူး၊ အဲဒီနေ့ ငါ့ကောင်လေးက ငါ့ကို လာတွေ့မှာ။ ငါတို့ ရုပ်ရှင်သွားကြည့်ဖို့ သဘောတူထားတယ်လေ၊ ငါ သူ့ကိုပစ်ထားလို့မရဘူး"
သူတို့နှစ်ယောက်က အတော်လေး သွေးဆောင်ခံခဲ့ရပေမယ့် ဖေးခွမ်ရဲ့ဖျော်ဖြေပွဲအတွက် လက်မှတ်တွေက ဘယ်လောက်ရှားလဲဆိုတာ သူတို့ သိသည်။ အခုလိုထပ်မေးရင် စုန့်အာ့နန်အတွက် မသင့်တော်ပါချေ။
ဒါပေမယ့် သူတို့နှစ်ယောက်က သူ့ဖန်မဟုတ်တဲ့အတွက် သူတို့သွားသည်ဖြစ်စေ မသွားသည်ဖြစ်စေ သူတို့အတွက် အရေးမကြီးပါချေ။
-
ဖေးခွမ်ရဲ့ ဖျော်ဖြေပွဲကို ဒီဇင်ဘာလနှောင်းပိုင်း စနေနေ့ညတွင် လုပ်မှာဖြစ်သည်။
အချိန်တွေကကုန်ဆုံးလာပြီး မကြာခင်မှာဘဲ ဖျော်ဖြေပွဲကျင်းပမယ့်နေ့ ရောက်လာသည်။
စုန့်အာ့နန်နဲ့ လီစစ်ရွေ့တို့က အိပ်ဆောင်ထဲမှာ ပြင်ဆင်နေကြပြီး အချိန်အတော်ကြာအောင် ရှုပ်ယှက်ခတ်နေကြသည်။ သေချာပေါက်ကို လီစစ်ရွေ့တစ်ယောက်လည်းရှုပ်ယှက်ခတ်နေသည်။
"ဒီမှာ နင့်အတွက် light stick နဲ့ ဖော့တုတ်၊ အားလုံး ထည့်ထားတယ်" လီစစ်ရွေ့က ပြောလာသည်။
စုန့်အာ့နန်လည်း အံ့အားသင့်သွားသည်။ "ငါလည်း အဲ့ဒါတွေ လိုတယ်လား?"
လီစစ်ရွေ့ - "ဒါပေါ့၊ ဖျော်ဖြေပွဲကြည့်ရဖို့ အဓိကက လေထုဘဲ။ အားပေးဖို့အတွက် နင်ရောက်လာပေမယ့် ပူးပေါင်းဖို့လိုတယ်လေ"
စုန့်အာ့နန်လည်း ခေါင်းညိတ်လိုက်သည်။
အဲဒါက အဓိပ္ပါယ်ရှိသည်၊ အချိန်တန်လို့ တခြားသူတွေမှာ အဲ့ဒါတွေရှိနေတဲ့ အချိန် တစ်ယောက်ထဲ လက်ဗလာနဲ့ ထိုင်နေလို့မရပေ။