← Chapters

အခန်း (၇၃)

Vol. 6 Ch. 73

အခန်း (၇၃)

Vol. 6 Ch. 73

သူ့လက်ထဲက စီးကရက်ကို ကြည့်ရင်း သူမက အကြိမ်ပေါင်းများစွာ တစ်ခုခုပြောချင်နေပေမယ့် နောက်ဆုံးတော့ တိတ်တိတ်လေး နေလိုက်သည်။

သူမရဲ့ သေးသေးမွှားမွှား လှုပ်ရှားမှုအားလုံးကို ဖေးခွမ်သတိထားမိပြီး သူ့နှုတ်ခမ်းထောင့်တွေက အလိုအလျောက် ကွေးညွှတ်သွားသည်။

"ဘာဖြစ်လို့လဲ? တစ်ခုခုမပြောဘူးလား?"

ဆေးလိပ်သောက်တာက ကျန်းမာရေးအတွက် မကောင်းဘူး၊ အဲ့ဒီလိုမျိုးပေါ့။

စုန့်အာ့နန်က သူ့မေးခွန်းကို ပြန်မဖြေဘဲ အဲ့ဒီအစားမေးလာသည်။ "ရှင် စိတ်အခြေအနေ မကောင်းဘူးလား?"

ဖေးခွမ်က ဆေးလိပ်ကို အခြားလက်တစ်ဖက်ဆီ ပြောင်းလိုက်ပြီး ညှပ်လိုက်သည်။ "ဒါဆို မင်းရဲ့ စိတ်ထဲမှာ ဆေးလိပ်သောက်တာက စိတ်အခြေအနေမကောင်းတာနဲ့ တူတယ်ပေါ့?"

စုန့်အာ့နန်က သူ့စကားကို မငြင်းပေ။

ဖေးခွမ်က သူမကိုကြည့်ပြီး ရယ်လိုက်သည်။ "စိတ်အခြေအနေ မကောင်းတာ မဟုတ်ဘူး။ ‌ဒီတိုင်း အငွေ့တွေကို တောင့်တနေလို့"

စုန့်အာ့နန်က ယုံသွားလား မယုံဘူးလားဆိုတာ မသိနိုင်စွာနဲ့ အင်း လို့ တိုးတိုးလေးဆိုလာသည်။

နှစ်ယောက်သား ခဏလောက်တိတ်ဆိတ်သွားကြသည်။

နှင်းပွင့်တွေပ ကောင်းကင်ကနေ ပေါ့‌ပေါ့ပါးပါးစွာ လွင့်ပျံလာပြီး သူတို့ရဲ့အဝတ်အစားတွေပေါ်မှာ ချက်ချင်းဘဲ အရည်ပျော်သွားသည်။

ခုတုန်းက သူ သူမကိုမေးခဲ့တဲ့ မေးခွန်းကို စုန့်အာ့နန်စဉ်းစားလိုက်သည်။ "ရှင် ဒီအကြောင်းကို ဘာလို့မပြောတာလဲ?"

ဖေးခွမ် ခဏလောက် အံ့အားသင့်သွားသည်။

ဒီမေးခွန်း ဘယ်ကနေရောက်လာတာလဲ? သူမကို အရင်တုန်းက စကားများတယ်လို့ သူ မထင်ဖူးခဲ့တဲ့ပုံပင်။

စုန့်အာ့နန်က နှုတ်ခမ်း စူလိုက်ပြီး စူပုပ်ပုပ်နဲ့ ခေါင်းငုံ့လိုက်သည်။ "လင်းချွမ် ကျွန်မအကြောင်းကို ကျွန်မနောက်ကွယ်မှာ ခဏခဏ ပြောနေတာ ကျွန်မသိတယ်၊ မေ့လိုက်တော့..."

သူမက အကြီးဘဲ သူနဲ့ကတ်တီးကတ်ဖဲ့လိုက်မပြောသင့်တော့ဘူး။

ဖေးခွမ်က ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။

ဒီတစ်ခုနဲ့ ပတ်သက်ရင်တော့ စုန့်လင်းချွမ်ကို သူ မငြင်းနိုင်ပါချေ။

"မဟုတ်ဘူး" သူကဆိုလာသည်။

စုန့်အာ့နန်က သူ့ကို လှည့်ကြည့်လိုက်သည်။ "ဟမ်?"

ဖေးခွမ်ရဲ့ နှုတ်ခမ်းတွေက နည်းနည်း ပွင့်လာပြီး "ကိုယ်ပြောတာ၊ မင်းကိုစကားများတယ်လို့ မထင်ပါဘူးလို့"

စုန့်အာ့နန်က နည်းနည်း အံ့သြသွားတဲ့ပုံရသည်။ "ကျွန်မကို ရှင့်အကြောင်း ပြောစေချင်တာလား?"

ဖေးခွမ်ရဲ့ မျက်ခုံးတွေက နည်းနည်း ပင့်တက်သွားသည်။

သူ့မျက်လုံးတွေထဲမှာ နက်နဲတဲ့စိတ်ခံစားချက်အရိပ်အယောင်တွေ ဖြတ်ပြေးသွားပြီး သူက အမှောင်ထုဘက်ကိုကြည့်လိုက်သည်။

အချိန်အတော်ကြာပြီးတဲ့နောက်၊ သူက ရုတ်တရက် အသံတိုးတိုးနဲ့ ပြောလာသည်။ "မင်းကြိုးစားလို့ရတယ်"

စုန့်အာ့နန် အရမ်းအံ့သြသွားသည်။ သူအရမ်းထူးဆန်းတာဘဲ၊ သူက တစ်ယောက်ယောက် သူ့ကို နားပူနားဆာ လုပ်တာကို လိုချင်တာလား?

ဒါပေမယ့် ဒီည စုန့်လင်းချွမ် ပြောခဲ့တာကို တွေးကြည့်လိုက်တော့ သူမ နည်းနည်း နားလည်လာသည်။

ဖေးခွမ်လည်း အရမ်းအံ့သြသွားသည်။ တစ်ယောက်ယောက်က သူ့ကို နားပူနားဆာလုပ်ခဲ့တာ ဘယ်လောက်ကြာပြီမှန်း သူ မမှတ်မိတော့ပါ‌ချေ။ တွေးကြည့်လိုက်တော့ သူက ဒီကလေးမလေးကို နားပူနားဆာ လုပ်ခွင့်ပေးလိုက်တာဘဲ။

သူခါ ခါးသီးစွာနဲ့ ရယ်လိုက်သည်။ အဲဒီလူက သူ့အပေါ်မှာ လွှမ်းမိုးမှု မရှိတော့ဘူးလို့ သူထင်ခဲ့ပေမဲ့ သူ့ကိုယ်သူ ပိုတွက်ထားခဲ့မိတဲ့ပုံဘဲ။

"အင်း၊ အဲ့ဒါက အကြီးတစ်ယောက်ရဲ့ တာဝန်မဟုတ်ဘူးလား?" ဖေးခွမ်က ပေါ့ပေါ့ပါးပါးနဲ့ ပြောလိုက်သည်။ "မင်းရဲ့ တာဝန်ကိုမကျေပွန်ဘဲ စွမ်းအားကို အသုံးချရုံနဲ့ မရဘူး မဟုတ်လား?"

စုန့်အာ့နန် - "???"

သူမက ဘာစွမ်းအားတွေကို အသုံးချခဲ့လို့လဲ?!

စုန့်လင်းချွမ် ဖုန်းခေါ်လာမှ သူတို့ရဲ့ အမြီးအမောက်မတည့်တဲ့ စကားဝိုင်းက ရပ်သွားတော့သည်။

စုန့်အာ့နန်က ကျောင်းကိုပြန်သွားမယ်လို့ကြားတော့ ဖေးခွမ်က သူမကို လိုက်ပို့ပေးလိုက်သည်။

အဲ့ဒီညမှာ စုန့်အာ့နန်တစ်ယောက် အဆောင်မပိတ်ခင် အဆောင်ကိုအပြေးအလွှား သွားလိုက်ရသည်။

လီစစ်ရွေ့နဲ့ ချန်ခယ့်တို့ဘဲ အဆောင်ထဲတွင် ရှိနေသည်။ စုန့်အာ့နန်ကိုတွေ့တော့ သူတို့က မနေနိုင်ဘဲ အံ့ဩသွားရသည်။

လီစစ်ရွေ့က ပြောလာသည်။ "အရမ်းနောက်ကျနေပြီလေ၊ ငါက နင်ဒီည အဲဒီမှာပဲ နေမယ်ထင်နေတာ"

စုန့်အာ့နန် - "မနက်ဖြန် မနက် အတန်းရှိတယ်လေ၊ မမှီမှာစိုးလို့"

နှစ်ယောက်သား သဘောပေါက်သွားသည်။ နက်ဖြန်မနက် အတန်းက ဆရာမက အရမ်းတင်းကြပ်သည်။ အတန်းနောက်ကျတာကိုတာ ဖမ်းမိရင် အရမ်းကြောက်စရာကောင်းလိမ့်မှာပင်။

ချန်ခယ့်လည်း ပြောလိုက်သည်။ "ငါလည်း ရှောင်တိဆီ သတိပေးဖို့ စာပို့လိုက်မယ်"

ဒါပေမယ့် သူမဖုန်းကိုင်လိုက်တဲ့ အချိန်မှာတော့ အဆောင်တံခါးက ပွင့်လာသည်။

ချိုက်ရှောင်တိက ပန်းစည်းတစ်စည်းကို သယ်ကာ ဝင်လာသည်။ "ငါပြန်လာပြီ"

လီစစ်ရွေ့နဲ့ ချန်ခယ့်တို့မှာ တစ်ယောက်ကို တစ်ယောက် အံ့အားသင့်စွာနဲ့ကြည့်လိုက်ပြီး ရုတ်တရက် အတူတူထရပ်လိုက်သည်။ "အိုး၊ ငါတို့အခုထိ ရေမချိုးရ‌သေးဘူးဘဲ!"

အဲ့ဒီလိုပြောပြီးတာနဲ့ နှစ်ယောက်သား ရေချိုးခန်းထဲ တည့်တည့် ပြေးဝင်သွားပြီး တစ်ယောက်ကို တစ်ယောက် စနောက်ကာ တွန်းတိုက်သွားကြသည်။

စုန့်အာ့နန်/ ချိုက်ရှောင်တိ - "..."

ပြန်မလာတော့ဘူးလို့ ထင်ထားတဲ့ နှစ်ယောက်စလုံးက တစ်ယောက်ပြီး တစ်ယောက် ပြန်လာတော့ ရေချိုးခန်းကို ရုတ်တရက် ရောင်းအားကောင်းသွားစေသည်။

လေးယောက်သား ရေချိုးပြီးသွားတော့ အိပ်ယာပေါ်တက်ကာ မီးပိတ်လိုက်ကြသည်။

အမှောင်ထဲတွင် ဘယ်သူမှ အိပ်မပျော်သေးသလိုမျိုး အသံတစ်ခု ထွက်လာသည်။

"ငါတို့အားလုံး အိပ်မပျော်‌ကြသေးဘူးဆိုတော့၊ ညဉ့်နက်တဲ့အထိ စကားပြောကြရင်ရော?" လီစစ်ရွေ့က အကြံပြုလာသည်။

ချန်ခယ့်က မေးလိုက်သည်။ "ဘာပြောမှာလဲ?"

"ဒါပေါ့ ငါတို့တွေ စိတ်လှုပ်ရှားစရာကောင်းတဲ့အကြောင်း ပြောရမှာပေါ့!" လီစစ်ရွေ့က စနောက်သလိုရယ်လာသည်။

ကျန်သုံးယောက် - "..."

လီစစ်ရွေ့ - "ချိုက်ရှောင်တိ သေဟန်ဆောင်မနေနဲ့။ ငါနင့်ကိုပြောနေတာ၊ လာရှင်း!"

ချိုက်ရှောင်တိက ချက်ချင်းထထိုင်လိုက်ပြီး "လီစစ်ရွေ့ ရှင်းအောင်ပြော၊ ဒါက ငါနဲ့ဘာဆိုင်လို့လဲ?"

လီစစ်ရွေ့ - "ငါ့ဘက်ကို လမ်းမလွှဲလာနဲ့လေ၊ နင် လျှို့ဝှက် ပြီးရည်းစားထားထားတဲ့ အကြောင်း ငါတို့ကို ပြောပြစမ်းပါဦး၊ အရင်က ငါတို့ နင့်ကို စစ်ဆေးဖို့ အလုပ်ရှုပ်နေကြလို့"

ဒီကိစ္စကိုကြားတော့ ချိုက်ရှောင်တိက ချက်ချင်း ငြိမ်သက်သွားပြီး နာနာခံခံနဲ့ ပြန်လှဲအိပ်လိုက်သည်။

"အဲ့ဒါကို လျှို့ဝှက်ရည်းစားထားတယ်လို့ မခေါ်ပါဘူး။ ငါတို့ တရားဝင် ဖြစ်သွားတဲ့နေ့မှာ နင့်‌တို့တွေကိုပြောခဲ့တာဘဲလေ"

ချိုက်ရှောင်တိနဲ့ သူမရဲ့ကောင်လေးဟာ ဒီစာသင်နှစ်မှာ စတွဲခဲ့ကြတာဖြစ်သည်။ သူတို့က အထက်တန်းကျောင်းတုန်းက အတန်းဖော်တွေပင်။ နှစ်ယောက်စလုံးက B Cityမှာ တက္ကသိုလ်လာတက်ကြပေမယ့် တက္ကသိုလ်တစ်ခုတည်းတော့ မဟုတ်ပေ။

ဒါပေမယ့် လီစစ်ရွေ့က မလွှတ်ပေးချေ။ "ဒါက ဘယ်လို လုပ်လျှို့ဝှက်ချက် မဟုတ်ရမှာလဲ? နင်နဲ့ နင့်ကောင်လေးတို့ နှစ်ယောက် ဘယ်တုန်းက တွဲလိုက်ကြတာလဲ? ငါတို့ ဘာမှ သတိမထားမိဘူး"

ချိုက်ရှောင်တိ - "သတိမထားမိခဲ့တာ နင်တစ်ယောက်ထဲဘဲလေ။ ချန်ခယ့်က သိပြီးသား"

ချန်ခယ့် လည်း အဲ့ဒီအကြောင်းကို သိသည်။ လီစစ်ရွေ့ နည်းနည်း အံ့သြသွားသည်။ သူမ ဘယ်လိုလုပ် သတိမထားမိခဲ့တာလဲ?

"ချန်ခယ့် တစ်ယောက်တည်း သိတာကို ထည့်မတွက်ဘူး။ ဒီအဆောင်ခန်းထဲက နင်အပါအဝင် တို့လေးယောက်ထဲမှာ အာ့နန်နဲ့ငါမသိဘူး။ သုံးယောက် နှစ်ယောက် အိုကေလား?"

ချိုက်ရှောင်တိ - "အာ့နန်မသိဘူးလို့ ဘယ်သူပြောလဲ?"

လီစစ်ရွေ့မှာ မယုံနိုင်ဖြစ်သွားသည်။ "ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ!"

စုန့်အာ့နန်က ရိုးရိုးသားသား ပြန်ဖြေလာသည်။ "... ငါနည်းနည်းတော့ မှန်းကြည့်ထားတာ"

လီစစ်ရွေ့မှာ မတည်ငြိမ်နိုင်တော့ပေ။ ဒီတော့ သူမတစ်ယောက်ထဲ အမှောင်ထဲမှာရှိနေတာ ထင်ရှားနေတာဘဲ!

ဒါ့အပြင်၊ ဒါကယုတ္တိမရှိပါချေ။ စုန့်အာ့နန်က ဘာမှမသိတဲ့စာကြမ်းပိုးတစ်ယောက် ဖြစ်သည်။ သူမကိုယ်တိုင်တောင် သတိမထားမိတဲ့အရာကို သူမက ဘယ်လိုလုပ်သိနိုင်မှာလဲ?

"အာ့နန် နင်ဘယ်လို ခန့်မှန်းလိုက်တာလဲ?"

စုန့်အာ့နန် အဲဒီအကြောင်းတွေးလိုက်ပြီး ပြောလိုက်သည်။ "လွန်ခဲ့တဲ့ တစ်ညလောက်က ငါပြန်လာတော့ ဘေးနားက တောအုပ်လေးတစ်ခုကို အဖြတ်မှာ ရှောင်တိရဲ့ ကောင်လေး သူ့ကိုဖွင့်ပြောနေတာ ငါတွေ့ခဲ့တယ်"

လီစစ်ရွေ့သာမက ချိုက်ရှောင်တိလည်း ပိုလို့တောင် အံ့ဩသွားသည်။

သူမ ရည်းစားရနေပြီလို့ သူမအခန်းဖော်တွေကို ပြောပြတုန်းက စုန့်အာ့နန် သိပ်မအံ့ဩသွားတာကိုမြင်တော့ စုန့်အာ့နန်တစ်ယောက် တစ်ခုခုကိုမှန်းဆမိမှန်း သူမသိလိုက်သည်။ အဲ့ဒီလိုမျိုးနဲ့ သူမတို့ကို တွေ့သွားခဲ့မယ်လို့ မမျှော်လင့်ထားဘူး။

"အာ့နန်လေး၊ နင်က မျက်မြင်တွေ့ခဲ့ပြီးတာတောင်မှ နင့်ဘာသာနင် သိမ်းထားတာကို မယုံနိုင်ဘူး!" ချန်ခယ့်က လေးစားသလို ပြောလာသည်။

ချိုက်ရှောင်တိနဲ့ လီစစ်ရွေ့တို့ကလည်း သဘောတူသလိုရေရွတ်လာကြသည်။

ချိုက်ရှောင်တိ တစ်ယောက် သူမရဲ့ကောင်လေး သူမကိုဖွင့်ပြောပြီးတဲ့နောက် လက်မခံခင် တစ်လလုံး ဂဏာမငြိမ်ဖြစ်ခဲ့သည်။

စုန့်အာ့နန် ခေါင်းကုတ်လိုက်သည်။ သူများတွေ ဖွင့်ပြောနေတဲ့အချိန်ဆို သူမနဲ့ ဘာဖြစ်လို့ လာလာတိုးမှန်း သူမလည်းမသိတော့ဘူး။ အရင်ဆုံးက စုန့်လင်းချွမ်၊ အခုကျ ချိုက်ရှောင်တိ။

ဒါပေမယ့် စုန့်အာ့နန်က သူမဘာသာသူမ သိမ်းထားတာ မဟုတ်ဘူး၊ အဲ့ဒီအ‌ကြောင်းကိုသူမ ဘယ်လိုပြောရမလဲ မသိခဲ့တာ။

နှိုင်းယှဥ်ရရင်၊ အဲ့ဒီအချိန်တုန်းက ချိုက်ရှောင်တိလည်း လူအများကြီးကို မပေးသိစေချင်‌လောက်ဘူးလို့ သူမခံစားခဲ့ရတာကြောင့်လည်း ပါသည်။ မဟုတ်ရင် သူမကိုယ်တိုင် ပြောပြမိလိမ့်မှာပင်။

ချိုက်ရှောင်တိကို စစ်ဆေးမေးမြန်းတဲ့ ခေါင်းစဉ်က ပြီးသွားပုံရပေမယ့် နောက်ဆက်တွဲ အကြောင်းအရာတွေကတော့ သူမကို လှည့်ပတ်နေဆဲဖြစ်သည်။

ဒါပေါ့၊ လီစစ်ရွေ့နဲ့ ချန်ခယ့်က မေးခွန်းတွေမေး၊ ချိုက်ရှောင်တိက ပြန်ဖြေပြီး စုန့်အာ့နန်ကတော့ ပွဲကြည့် ပရိသတ်လုပ်သည်။

ဒါပေမယ့် အတိုင်းအတာက ကျယ်ပြန့်လာသည်။ သူတို့လက်ကိုင်တဲ့အချိန်ကနေ၊ နမ်းခဲ့လား မနမ်းခဲ့ဘူးလား ပြီးတော့ သူတို့....

ချိုက်ရှောင်တိမှာ ပြန်တုံ့ပြန်ဖို့ ရုန်းကန်နေရသည်။ "နင်တို့ ဘာလုပ်နေကြတာလဲ? သတိထားဦး၊ ဒီမှာ ကလေးတစ်ယောက်ရှိနေတာ မမေ့ကြနဲ့"

ချန်ခယ့်က ပြန်ပြောလာသည်။ "ဘာကြောက်စရာရှိလို့လဲ? ကလေးက အရွယ်ရောက်လာတော့မှာဘဲလေ၊ သူသိနားလည်တဲ့အချိန့် ရောက်နေပြီ"

လီစစ်ရွေ့ကလည်း ပြောလာသည်။ "ဟုတ်တာပေါ့၊ ငါတို့လည်း လွန်လွန်ကဲကဲ ကာကွယ်ထားလို့မရဘူးလေ။ ဘာလဲ၊ ငါ့အသက် ၁၇ နှစ်တုန်းကဆို လူကြီး manga တွေတောင် စပြီးလိုက်ရှာနေပြီ"

ကျန်သုံးယောက် - "..."

ချိုက်ရှောင်တိက ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်ပြီး "ဒါဆိုလည်း နင်တို့နှစ်ယောက် မေးခွန်းတွေ အများကြီး မေးထားပြီးသွားပြီ။ အခုက အာ့နန် မေးရမယ့်အလှည့်ဘဲ"

အဲ့ဒါက အဓိပ္ပါယ်ရှိတော့ နှစ်ယောက်သား သဘောတူလိုက်သည်။ "ကောင်းပြီ၊ အာ့နန် ဒါဆိုနင်မေး"

စုန့်အာ့နန် အံ့သြသွားသည်။ သူမကို မေးခိုင်းတာလား?

ဒါပေမယ့် သူမ ဘာမေးရမှာလဲ?

သူမက ခဏလောက် စဉ်းစားလိုက်ပြီး မေးလိုက်သည်။ "ရှောင်တိ၊ နင့်ကောင်လေးကို နင်သဘောကျတယ်ဆိုတာ ဘယ်လိုအတည်ပြုလိုက်တာလဲ?"

သုံးယောက်လုံးရဲ့ ပထမဆုံး တုံ့ပြန်မှုက နည်းနည်း နားမလည်နိုင် ဖြစ်သွားသည်။ အဲဒါက ဘယ်လိုမေးခွန်းမျိုးလဲဟ?

ဒါပေမယ့် ချိုက်ရှောင်တိက စုန့်အာ့နန် ဘာမေးလဲဆိုတာကို အမြန်သဘောပေါက်သွားသည်။

သူမနဲ့ သူမရဲ့ကောင်လေးက အထက်တန်းတုန်းက အတန်းဖော်တွေဖြစ်သည်။ သူတို့က မတူညီတဲ့ တက္ကသိုလ်အသီးသီးကို တက်ခဲ့ကြကာ အဆက်အသွယ်မပြတ်ရှိခဲ့ကြပေမယ့် အမြဲတစေ သူငယ်ချင်းအဖြစ်နဲ့ဘဲရှိခဲ့ကြသည်။

အဲဒါကြောင့် ချိုက်ရှောင်တိမှာ တစ်လလုံးလုံး ဂဏာမငြိမ်ဖြစ်ခဲ့ရတာပင်။

သူမက တစ်စုံတစ်ယောက်ကို တကယ်သဘောကျနေလားဆိုတာ သူမ သေချာမသိသလို ခံစားရသည်။

အဲ့ဒါကို သူမ ဘယ်လိုအတည်ပြုခဲ့လဲ...

ချိုက်ရှောင်တိက အဲဒါကို တွေးကြည့်လိုက်ပြီး စိတ်အားထက်သန်စွာနဲ့ ပြန်ဖြေလာသည်။ "ငါတို့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မိတဲ့အခါဆို ငါ့နှလုံးက တဒုန်းဒုန်းနဲ့ ခုန်လာရော။ မနေနိုင်ဘဲ သူ့ကို ခဏခဏတွေ့ချင်တယ်။ မသိစိတ်ကနေ သူ့ဆီက မက်ဆေ့ခ်ျတွေကို စောင့်နေမိတယ်။ သူနဲ့ပတ်သက်တဲ့ အရာအားလုံးကို ငါစိတ်ပူတယ်။ ငါ..."

အမှောင်ထဲတွင် စုန့်အာ့နန်ရဲ့ မျက်လုံးတွေက နည်းနည်းတဖျပ်ဖျပ်ခတ်သွားသည်။

အဲ့ဒီညမှာ သူမ အချက်တစ်ချက်ကို အတည်ပြုနိုင်ခဲ့ရသည်။

ဒါတွေအားလုံးက တစ်ယောက်ယောက်ကို သဘောကျနေတဲ့ လက္ခဏာတွေဘဲ။

ပြီးတော့ သူမ၊ သူမ ဖေးခွမ်ကို သဘောကျနေတယ်။

........

အချိန်တွေက တရွေ့ရွေ့နဲ့ ကုန်ဆုံးသွားသည်။ မကြာခင်မှာဘဲ နှစ်သစ်ကူး အားလပ်ရက် ရောက်လာသည်။

ဆေးကျောင်းသားတွေအတွက် နှစ်သစ်ကူးအားလပ်ရက်ဆိုတာ မရှိသလောက်ပင်၊ ဘာဘဲဖြစ်ဖြစ် နောက်ဆုံးစာမေးပွဲက အားလပ်ရက်အပြီးမှာ ဖြစ်သည်။

ပြီးတော့ ဆေးကျောင်းသားတွေအတွက်၊ ကျောင်းသုံး စာအုပ်တစ်ခုလုံးက အဓိကအချက်တွေဖြစ်လို့ အဓိကထား အာရုံစိုက်ရမယ့်ဟာတွေလိုမျိုး မရှိပေ။

စုန့်အာ့နန်က အားလပ်ရက်သုံးရက်ကို စာကြည့်တိုက်မှာဘဲ ကုန်ဆုံးခဲ့သည်။

တတိယမြောက်ညမှာ ရှန်းထန်ဆီကနေ WeChat မက်ဆေ့ချ်တစ်ခုကို ရုတ်တရက် ရလိုက်သည်။ သူမနဲ့တစ်ခုခုကို ဆွေးနွေးချင်တဲ့အတွက် အချိန်ရှိလားလို့ မေးထားတာဖြစ်သည်။

စုန့်အာ့နန် စာကြည့်တိုက်ကနေ ထွက်လာတဲ့အခါ ရှန်းထန်က တံခါးဝတွင် စောင့်နေသည်။ နှစ်ယောက်သား အနီးနားက မြက်ခင်းပြင်ရှိ ခုံတန်းရှည်တစ်ခုမှာ ထိုင်လိုက်သည်။

"အစ်မရှန်းထန်၊ ကျွန်မကို ဘာဖြစ်လို့တွေ့ချင်ရတာလဲ?"

ရှန်းထန်က ပြုံးကာ ပြောလိုက်သည်။ "ဘာမှတော့မဟုတ်ပါဘူး၊ အရင်တစ်ခေါက် ဖြစ်ခဲ့တာတွေအတွက် တောင်းပန်ချင်လို့ပါ"

စုန့်အာ့နန် နားမလည်ဖြစ်သွားသည်။ ဘာအတွက် တောင်းပန်တာလဲ?

သူမရဲ့ တုံ့ပြန်မှုကို ကြည့်ရင်း ဘာဖြစ်ခဲ့လဲဆိုတာကို သူမ စိတ်ထဲမထားမှန်း ရှန်းထန်သိလိုက်ရသည်။ အဲ့ဒါက ကောင်းတယ်လို့ ရှန်းထန်ထင်သည်။ အရေးမပါတဲ့လူတွေနဲ့ အရာတွေအတွက် ဒေါသထွက်နေဖို့မလိုပေ။

"အရင်တစ်ခေါက် အစ်မမွေးနေ့တုန်းက လျှိုဟယ်တစ်ယောက် အဲဒီလိုသူငယ်ချင်းတွေ ခေါ်လာမယ်မှန်း အစ်မ မသိခဲ့ဘူး။ အဲဒါအတွက် တောင်းပန်ပါတယ်" ရှန်းထန်က ပြောလိုက်သည်။

စုန့်အာ့နန်လည်း ဖြစ်ပျက်ခဲ့တာတွေကို ပြန်သတိရသွားသည်။ "တကယ်အဆင်ပြေပါတယ်၊ ကျွန်မလည်း အဲ့ဒီအကြောင်းကို မေ့သွားတာကြာပြီ၊ အစ်မနဲ့ အစ်မကောင်လေးရော အဆင်ပြေရဲ့လား?"

ရှန်းထန်က သူမလက်ကို ခါလိုက်သည်။ "အတိအကျပြောရရင် ရည်းစားဟောင်းပေါ့"

စုန့်အာ့နန် ခဏလောက် အံ့အားသင့်သွားသည်။

အဲဒီနေ့က ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သတ်နေတာလား? ဒါမှမဟုတ် သူမလည်း ပါနေတာတော့ မဟုတ်ဘူးမလား?

ရှန်းထန်က သူမပုခုံးကို ပုတ်ကာပြောလိုက်သည်။ "အဲ့ဒါကညီမနဲ့ ဘာမှမဆိုင်ဘူး။ အစ်မတို့က ဒီတိုင်းဆက်သွားဖို့ဆို မကိုက်ညီဘူးလို့ထင်လို့"

ဒါက သူမ စုန့်အာ့နန်ကို အကြာကြီးနေမှ ဘာလို့ လာရှာရလဲဆိုတာပင်။ မွေးနေ့ပွဲအပြီးမှာ သူမ သူနဲ့လမ်းခွဲခဲ့ပြီး အဲ့ဒါက အတော်ကြာ စိတ်ပျက်စရာကောင်းခဲ့လို့ပင်။

"လျှိုဟယ်က အစ်မရဲ့ ပထမဆုံးရည်းစားဆိုပေမယ့် သူက အစ်မသဘောကျခဲ့တဲ့ ပထမဆုံးလူတော့ မဟုတ်ဘူး..."

ရှန်းထန်က သူမကို အမှန်တကယ် ရင်ဖွင့်ချင်နေပုံရပြီး သူမရဲ့ အချစ်ရေးရာနဲ့ crush သမိုင်းကြောင်းတွေကို စုန့်အာ့နန်ကို စပြောပြတော့သည်။

အထက်တန်းကျောင်းတုန်းက သူမ ယောက်ျားလေးတစ်ယောက်ကို သဘောကျဖူးပေမယ့် အဲဒီကောင်လေးက နိုင်ငံခြားကိုဘထွက်သွားတော့မှာဖြစ်တာကြောင့် သူမက သူ့ကိုမဖွင့်ပြောခဲ့ပေမယ့် သူက သူမကို ဖွင့်ပြောလာသည်။

"အဲဒီတုန်းက အစ်မဘာလို့ ဒီလောက်ထိ ဆင်ခြင်တုံတရား ရှိခဲ့လဲ မသိဘူး၊ အဲ့ဒီတုန်းက အချိန်နဲ့ အကွာအဝေးက နောက်ဆုံးမှာ အရာအားလုံးကိုမှိန်ဖျော့သွားစေမယ်လို့ တွေးခဲ့မိတယ်။ အဲ့ဒါကြောင့် ဘာလို့စရမှာလဲလို့ အစ်မတွေးလိုက်မိတယ်"

စုန့်အာ့နန်က ရှန်းထန် ကို ကြည့်လိုက်ပြီး ရုတ်တရက် နည်းနည်း ချီတုံချတုံ ဖြစ်သွားသည်။

ရှန်းထန်က သူမမျက်နှာကို ထိလိုက်ပြီး "ဘာဖြစ်တာလဲ? အစ်မကို ဒီလိုကြည့်နေတာ မျက်နှာမှာ တစ်ခုခုရှိလို့လား?"

စုန့်အာ့နန်က ခေါင်းခါလိုက်သည်။ "အစ်မကို မေးခွန်းတစ်ခုမေးလို့ရမလား?"

ရှန်းထန် အံ့အားသင့်သွားပြီး စုန့်အာ့နန် သူမကိုဘာမေးချင်မှန်း သူမမှန်းဆမိသွားတဲ့ပုံပင်။

"အဲဒီတုန်းက အစ်မရဲ့ရွေးချယ်မှုကို နောင်တရနေလားလို့ သိချင်နေတာမဟုတ်လား?"

စုန့်အာ့နန် ခေါင်းညိတ်လိုက်သည်။

ရှန်းထန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး သူမအကြည့်တွေက ဟင်လင်းပြင်ဆီရောက်သွားသည်။

"ဘယ်လိုလုပ် နောင်တမရဘဲ‌နေမှာလဲ? သတ္တိရှိသင့် တဲ့ အရွယ်မှာ အစ်မက တွန့်ဆုတ်နေပြီး အနောက်ကိုဘဲပြန်လှည့်ကြည့်ခဲ့မိတယ်..."

ဒါကြောင့် နောက်ပိုင်းမှာ လျှို‌ဟယ်နဲ့ သူမဟာကွာဟချက်တွေရှိကြောင်း သိခဲ့ပေမယ့် သူမရဲ့ ကနဦးအချစ်နောက်ကို မဆင်မခြင်လိုက်သွားခဲ့သည်။

ဒီမွေးနေ့လိုပင်- သူမရဲ့အဆိုအရဆို B တက္ကသိုလ်နဲ့ နီးတဲ့ နေရာကောင်းတစ်ခုကို ရှာပြီး သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ကျင်းပချင်ခဲ့သည်။

ဒါပေမယ့် လျှိုဟယ်ကတော့ အဆင့်အတန်းမြင့်တဲ့ ကလပ်တစ်ခုကို သွားမည် ဒါမှမဟုတ်ရင် ရှက်စရာကောင်းလွန်းတယ်လို့ ခံစားရသည်တဲ့။

ဒါပေမယ့် ဒီဆက်ဆံရေးကို စခဲ့တာ သူမနောင်တမရပါချေ။ နောက်ဆုံးတော့ သူမတို့ အတူတူ ပျော်ရွှင်ခဲ့ရတဲ့ အချိန်တွေ ရှိခဲ့ပါသေးသည်။

"အင်း အဲ့ဒီတုန်းက အစ်မရဲ့နှလုံးသားနောက်ကို လိုက်ခဲ့သင့်တာ။ အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ အဲ့ဒါတွေက အရေးမကြီးဘူး" ရှန်းထန်က ဝမ်းနည်းပူဆွေးသွားသည်။

"အရေးကြီးဆုံးက အစ်မ ကြိုးစားခဲ့တယ်လေ၊ အစ်မအကောင်းဆုံး လုပ်ခဲ့တယ်၊ ဒါကြောင့် နောင်တရစရာတွေတော့မရှိဘူး!"

All Chapters