အခန်း (၇၄)
Vol. 6 Ch. 74
စုန့်အာ့နန် သူမခံစားချက်တွေကို ဝန်ခံဖို့ ဆုံးဖြတ်လိုက်သည်။ ဒါပေမယ့် အခုမဟုတ်သေးပါချေ။ သူမ အသက် ၁၈ နှစ် ပြည့်ပြီးတဲ့အထိ စောင့်မှာဖြစ်သည်။
တကယ်တော့ ဖေးခွမ်အပေါ် သူမရဲ့ ခံစားချက်ကို နားလည်ပြီးသွားတဲ့နောက်မှာ သူမစိတ်ထဲ ဒီအတွေးရှိနေပြီးသားပင်။ အဲ့ဒါက သူမရဲ့နှစ်ဘဝလုံးက မိသားစုရဲ့ လွှမ်းမိုးမှုကြောင့်ဖြစ်နိုင်ပေမယ့် စုန့်အာ့နန်ရဲ့စိတ်ထဲတွင်တော့ တစ်စုံတစ်ဦးကို သဘောကျတယ်ဆိုတာက ဖြူစင်ပြီး စိတ်လှုပ်ရှားရသည်။
တစ်ယောက်ယောက်ကို သဘောကျတယ်ဆိုရင် သူတို့ကို ပေးသိသင့်တယ်။ ဖုံးကွယ်စရာ ဘာမှ မရှိဘူး။
သူမရဲ့ အစောပိုင်း တုံ့ဆိုင်းမှုတွေက သူမရဲ့ ကိုယ်ပိုင်ခံစားချက်တွေနဲ့ ပတ်သက်ပြီး မသေချာမရေရာမှုများကြောင့် ဖြစ်လာရခြင်းဖြစ်သည်။ သူမအနေနဲ့ ဒီနယ်ပယ်တွင် အတွေ့အကြုံမရှိ သိလို မေးဖို့ဘယ်သူမှလည်းမရှိပါချေ။
ကမူးရှူးထိုး ပြုမူခြင်းဟာ သူမတို့ရဲ့ ဆက်ဆံရေးကို ရှုပ်ထွေးသွားစေမှာလည်း စိုးသည်။
မိန်းကလေးတွေဘက်က အစပျိုးနိုင်ပေမယ့် အရင်မဖွင့်ပြောသင့်ဘူးဆိုတဲ့ ဆက်ဆံရေးဆိုင်ရာ အကြံပြုချက်တွေကို တစ်ခါတစ်လေ သူမရဲ့အခန်းဖော်တွေ ဆွေးနွေးကြတာကို သူမကြားဖူးသည်။
အဲ့ဒီအကြောင်းကို စုန့်အာ့နန် တော်တော်ကြာစဉ်းစားခဲ့ပေမယ့် တကယ်နားမလည်ပါချေ။ ခံစားချက်တွေအရင် တိုးလာခဲ့တဲ့သူက သူမဖြစ်တဲ့အတွက် သူမသာ မပြောရင် တစ်ဖက်လူက ဘယ်လိုလုပ်သိမှာလဲ?
နောက်ဆုံးတော့ သူမတို့ရဲ့ ဆက်ဆံရေးက မတူပေ။သူက သူမကို နာမည်ခံအရသာ လူကြီးတစ်ယောက်အဖြစ် အမြဲဆက်ဆံခဲ့ပေမယ့် တကယ်တော့ ညီမလေးတစ်ယောက်သာဖြစ်သည်။
သူမတို့နှစ်ယောက်ရဲ့ ဒီဆက်ဆံရေးအလွှာကို ရှင်းမပြနိုင်ရင် အခွင့်အရေး ရှိလာမှာမဟုတ်ပေ။
အသက်၁၈နှစ် ပြည့်ပြီးသွားတဲ့အချိန်ကိုမှ သူမဘာလို့ရွေးခဲ့လဲဆိုတဲ့ အကြောင်းကတော့ အသက်မပြည့်သေးဘဲ ရည်းစားထားတာက တရားမဝင်ဘူးလို့ အရင်က ဖေးခွမ်ပြောခဲ့တာကြောင့်ပင်။
အတွေးကြောင်ပေမယ့်လည်း စုန့်အာ့နန်အနေနဲ့ကတော့ သူ့ဘက်ကနေ သူမကိုငြင်းဖို့အတွက် ဒါကိုဆင်ခြေအဖြစ် မသုံးစေချင်တာကြောင့်ပင်။
-
နောက်ဆုံး စာမေးပွဲပြီးသွားတဲ့အခါ တက္ကသိုလ်ကျောင်းသား/သူတွေလည်း ဆောင်းရာသီအားလပ်ရက်ရလာကြသည်။ စုန့်အာ့နန်လည်း S City ဆီပြန်လာလိုက်သည်။
စုန့်လင်းချွမ်ဟာလည်း အဝေးမှာ ရိုက်ကူးရေးလုပ်နေတာဖြစ်သည်။ နှစ်သစ်ကူးအကြိုနေ့လည်တွင် ရိုက်ကူးရေးကနေ သူ အပြေးအလွှားပြန်လာခဲ့သည်။ နှစ်သစ်ကူးနေ့မှာ အလျင်စလို ပြန်လာခဲ့ကြပေမယ့် အားလပ်ရက်ကို မိသားစုလိုက် အတူတူဖြတ်သန်းခဲ့ကြသေးသည်။
ညစာစားပြီးတဲ့နောက် အဲ့ဒီညမှာ သူတို့မိသားစုက နွေဦးပွဲတော် Gala ကို ကြည့်ကြပြီး နှစ်သစ်ကူးဖို့အတွက် ညဉ့်နက်တဲ့အထိ နေခဲ့ကြသည်။
နာရီသန်းခေါင်ကျော်သွားတော့ စုန့်အာ့နန် ဖေးခွမ်ဆီကနေ နှစ်သစ်ဆုတောင်းစာကို ရလိုက်သည်။
သူက နှစ်သစ်ကူးကို ရိုက်ကူးရေးမှာဘဲ ကုန်ဆုံးခဲ့သည်။ သူတို့ရိုက်ကူးရေးက စုန့်လင်းချွမ်လိုမျိုး ၃၀ ရက်နေ့နဲ့ ၁ ရက်နေ့မှာ နားပေမယ့် ဖေးခွမ်ကတော့ ရိုက်ကူးရေး အဖွဲ့သားတွေနဲ့အတူနေဖို့ ရွေးချယ်ခဲ့သည်။
စုန့်အာ့နန်က နှစ်သစ်ကူးအတွက်သူ့ကို S City ဆီဖိတ်ဖို့ ကြိုးစားခဲ့ပေမယ့် ငြင်းပယ်ခံလိုက်ရသည်။
သူက အနှောင့်အယှက်မပေးချင်ဘူးလို့ ပြောပြီး ယဉ်ယဉ်ကျေးကျေး ငြင်းဆိုခဲ့ပေမယ့် သူများရဲ့မိသားစုအချိန်တွေမှာ အပြင်လူတစ်ယောက်အနေနဲ့ ဝင်နှောင့်ယှက်မိသလို ခံစားရတာကြောင့်ပင်။
စုန့်အာ့နန်လည်း သူ့ကို စိတ်မသက်မသာဖြစ်မှာစိုးတာကြောင့် မတိုက်တွန်းတော့ပေ။
ဆောင်းရာသီပိတ်ရက်ပြီးတဲ့နောက်မှာ စုန့်အာ့နန်လည်း ကျောင်းကို ပြန်လာရသည်။
သူမက အဆောင်ဖော်တွေကြားမှာ သူမယူလာခဲ့တဲ့ဒေသထွက်ပစ္စည်းတွေကို ဝေပေးလိုက်သည်။ နောက်တော့ ခရီးဆောင်အိတ်ထဲက ပြက္ခဒိန်တစ်ခုကို ထုတ်ပြီးစားပွဲပေါ်တင်လိုက်သည်။
ချန်ခယ့်က လမ်းလျှောက်လာရင်း အံ့သြစွာနဲ့မေးလိုက်သည်။ "အာ့နန်၊ ဒါက ဘာလဲ? ၇၈ ရက်၊ ဒါက ဘယ်လို countdown မျိုးလဲ?"
စုန့်အာ့နန်က နှုတ်ခမ်းကို စုဝိုင်းလိုက်ပြီး "အရွယ်ရောက်လာတော့မယ့် countdown "
ဒါက အားလပ်ရက်မှာ သူမစိတ်ကြိုက်လုပ်ထားတဲ့ countdown ပြက္ခဒိန်ဖြစ်သည်။
ဒါက သူမရဲ့ ၁၈ နှစ်မြောက် မွေးနေ့အထိ ၇၈ ရက်ရှိသည်။
အဲ့ဒီနေ့မှာ အရွယ်ရောက်တာအပြင် သူမတွင် အရမ်းအရေးကြီးတဲ့ လုပ်စရာတစ်ခုရှိသည်။
သေချာစဉ်းစားကြည့်ပြီးတဲ့နောက် ဒီဟာကို ဖွင့်ပြောတာလို့ သူမ ယူဆလို့မရချေ။ အလွန်ဆုံး၊ သူမရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြသခြင်းပင် ဖြစ်သည်။
နောက်ဆုံးမှာတော့၊ ဖွင့်ပြောတယ်ဆိုတာက တစ်ဖက်လူဆီကနေ တုံ့ပြန်လာမှာကို စောင့်မျှော်ရသေးတယ်မဟုတ်လား? ဒါပေမယ့် ဖေးခွမ်ကတော့ သူမအပေါ် ဒီလိုခံစားချက်မျိုး မရှိဘူးဆိုတာ သူမသိသည်။
ဒါပေမယ့် အဆင်ပြေပါတယ်။ ဒါက အနည်းဆုံးတော့စုန့်အာ့နန် ရဲ့မျက်လုံးထဲမှာ သူမတို့ရဲ့ဆက်ဆံရေးကို ပြောင်းလဲဖို့ အရေးကြီးတဲ့ ပထမဆုံးခြေလှမ်းတစ်ခုပင်။
countdown ပြက္ခဒိန်က နေ့ရက်တွေပြောင်းလာတာနဲ့အမျှ စုန့်အာ့နန်ဟာလည်း သူမရဲ့အဲ့ဒီအတွေးတွေကိုသိမ်းဆည်းထားရင်း နေ့ရက်တွေကို ဖြတ်ကျော်ခဲ့သည်။
သူမ မနက်တိုင်း ပထမဆုံးလုပ်တာကတော့ ပြက္ခဒိန်ကို စိတ်လှုပ်ရှားစွာနဲ့ လှန်လိုက်တာပင်။
သူမက က ရောက်လာမယ့်နေ့ရက်ကို စောင့်မျှော်ရင်း အဆောင်ခန်းထဲရှိ လူတိုင်းကို ကသိကအောက်ဖြစ်အောင်လုပ်သည်။
စုန့်အာ့နန်ရဲ့ မွေးနေ့က မေလ 20 ရက်နေ့ပင်။ ဒါပေမယ့် အဲဒီနေ့မတိုင်ခင် မေလ ၂ ရက်နေ့ဟာ စုန့်လင်းချွမ်ရဲ့ မွေးနေ့ဖြစ်သည်။
သူတို့ တူဝရီးနှစ်ယောက်ရဲ့ မွေးနေ့တွေက အရမ်း နီးကြပြီး ရက်တွေဟာလည်း တမူထူးစွာဆင်နေကြပြန်သည်။ ဒါက စုန့်လင်းချွမ် ငယ်ငယ်ကတည်းက ဂုဏ်ယူခဲ့ရတဲ့ အရာတစ်ခုဖြစ်သည်။
ကြည့်လိုက် သူတို့က တကယ်ရင်းနှီးကြတဲ့ တူဝရီးတွေဘဲ!
အဲ့ဒီနေ့မှာ၊ စုန့်လင်းချွမ်က သူ့ကုမ္ပဏီဘက်က စီစဉ်ပေးထားတဲ့ မွေးနေ့ဖျော်ဖြေပွဲလေးတစ်ခု လုပ်ခဲ့သည်။ ဒီပွဲက သူ့ပွဲဦးထွက်ကတည်းက နှစ်စဉ် မဖြစ်မနေ လုပ်ရတဲ့ပွဲဖြစ်သည်။
လက်မှတ်တွေက အခမဲ့ဖြစ်သည်။ ဖန်တွေနဲ့ ဆုံခွင့်ရဖို့ စုန့်လင်းချွမ်ဘက်က စပွန်ဆာပေးထားတာဖြစ်သည်။
ကံမကောင်းစွာနဲ့၊ အဲ့ဒီနေ့မှာ စုန့်အာ့နန်တစ်ယောက် အတန်းတွေနဲ့ရှုပ်နေတဲ့ အတွက် မသွားလိုက်ရပါချေ။
ညဘက်မှာ စုန့်လင်းချွမ်က စားသောက်ဆိုင်ကသီးသန့်အခန်းတစ်ခန်းကို ကြိုမှာထားပြီး စုန့်အာ့နန်၊ ဖေးခွမ်၊ ကျန်းဟန်နဲ့ အခြားလူ အနည်းငယ်လောက်ကိုသာ ဖိတ်ခဲ့သည်။
စုန့်အာ့နန်တစ်ယောက် သူမရဲ့ အကြံပေးဆီကနေ အဆွဲခံထားရပြီး ၈ နာရီလောက်မှ ရောက်လာသည်။
အားလုံးရောက်နေကြပြီလို့ သူမထင်ခဲ့ပေမယ့် အခန်းထဲဝင်လာတော့ ဖေးခွမ်ကိုမတွေ့ရပေ။
စုန့်လင်းချွမ် ရှင်းပြလာသည်။ "ဖေးခွမ်အခုလေးတင် သူ မလာနိုင်တော့ဘူးလို့ ဖုန်းဆက်လာတယ်။ ငါတို့ကို အရင်စားလိုက်ဖို့ပြောထားတယ်"
စုန့်အာ့နန်က “အိုး” လို့ဆိုလိုက်ပြီး အပြင်ပန်းမှာ မတုန်မလှုပ်ဖြစ်နေပေမယ့် စိတ်ထဲမှာတော့ အရမ်းစိတ်ပျက်သွားသည်။
နှစ်ယောက်သား မတွေ့တာကြာပြီဖြစ်သည်။ ဖေးခွမ်က အဝေးမှာ နှစ်တစ်ဝက်လောက် ရိုက်ကူးရေးလုပ်နေခဲ့ပြီး နှစ်ရက်လောက်ဘဲ ပြန်လာခဲ့တာဖြစ်သည်။
ဒါပေမယ့် စုန့်လင်းချွမ်နဲ့ သူ့ရဲ့ဆက်ဆံရေးကြောင့် ဒီကိုလာမယ့် အရေးကို အရေးကြီးကိစ္စတစ်ခုကြောင့် ဖျက်လိုက်ရသည်။
သူ လာနိုင်ပါ့ဦးမလား၊ သူမတို့တွေ ဒီည တွေ့ရပါ့ဦးမလားဆိုပြီး သူမ သိချင်သေးသည်။
ဒါပေမယ့် အခုလက်ရှိ စုန့်အာ့နန်သတိရနေတဲ့ ဖေးခွမ်ကတော့ အခြားစားသောက်ဆိုင်တစ်ခုက သီးသန့်ခန်းထဲမှာရှိနေသည်။
ဒီအခန်းထဲတွင် လူနှစ်ယောက်ရှိနေသည်။ ဖေးခွမ်က သူ့ထိုင်ခုံမှာ ပေါ့ပေါ့ပါးပါး ထိုင်နေပြီး လူလတ်ပိုင်း အမျိုးသမီးတစ်ယောက်ကတော့ သူနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေသည်။
အဲ့ဒီအမျိုးသမီးက အသားအရည်ကိုကောင်း ေကာင်းထိန်းသိမ်းထားပြီး သပ်ရပ်စွာ ဝတ်စားထားပေမယ့် သူမရဲ့မျက်ခုံးများမှာတော့ ဝမ်းနည်းတဲ့အရိပ်အယောင်တွေပေါ်နေသည်။
"ပြောပါ၊ ကျွန်တော့်ကို ဘာလို့တွေ့ချင်ရတာလဲ?" ဖေးခွမ်က အေးစက်စက်နဲ့ မေးလိုက်သည်။
ကျန်းမန်က မျက်ခုံးတင်းတင်းတွန့်ချိုးလိုက်ပြီး သူမရဲ့ လေသံဟာလည်း အကြင်နာမဲ့လှသည်။ "ဒါက ဘယ်လိုသဘောထားလဲ? ငါက မင်းအမေနော်"
ဖေးခွမ် - "အမေနဲ့သားရဲ့ နက်နဲတဲ့ဆက်ဆံရေးလိုမျိုး လုပ်ဖို့ နည်းနည်းနောက်ကျသွားပြီလို့မထင်ဘူးလား?"
စုန့်လင်းချွမ်ရဲ့မွေးနေ့အနှောင့်အယှက် ဖြစ်မှာစိုးတာကြောင့်သာမဟုတ်ရင် သူဒီကိုလာမှာမဟုတ်ပေ။ ဒါပေမယ့် စုန့်လင်းချွမ် ဘိုကင်တင်ထားတဲ့ စားသောက်ဆိုင်ကို သူမ ဘယ်လိုလုပ်သိသွားလဲဆိုတာ သူ မသိပေ။
ကျန်းမန်က အသက်ပြင်းပြင်းရှူလိုက်သည်။ သူမ ကဖေးခွမ်ရဲ့သဘောထားကြောင့် တကယ် ဒေါသထွက်သွားသည်။
ဖေးခွမ် သူမကို မတွေ့ချင်သလို သူမကလည်း သူ့ကိုပိုပြီးတော့တောင် တွေ့ချင်စိတ် မရှိပေ။
"အရင်တစ်ခေါက်က မင်းကို ပြောခဲ့တာကို စဉ်းစားပြီးပြီလား?" ကျန်းမန်က မေးလိုက်သည်။
သူမ ရည်ညွှန်းတဲ့အရာကို မှတ်မိဖို့ ဖေးခွမ်က မျက်မှောင်ကြုတ်ကာ သူ့ဦးနှောက်ကို အလုပ်ပေးလိုက်သည်။
အရင်တစ်ခေါက်က ကျန်းမန်သူ့ကိုလာတွေ့ပြီး ရှဲ့ယင်းကို ကူညီပေးဖို့ မေးခဲ့သည်။ ပြီးတော့ ကူညီပေး ဆိုတာကလည်း အရှုပ်တော်ပုံတစ်ခု ဖန်တီးတာကို ဆိုလိုတာပင်။
ဘာဘဲဖြစ်ဖြစ် ရှဲ့ယင်းဟာ ပွဲဦးထွက်ကတည်းက ဒီအချိုသီးကို စားခဲ့ရသည်။
ဖေးခွမ်က လှောင်ရယ် ရယ်လိုက်သည်။ " ရိုးရိုးသားသားပြောရရင် ရှဲ့ယင်းနဲ့ ကျွန်တော်က မောင်နှမတစ်စိတ်တစ်ပိုင်းဘဲလေ။ ကျွန်တော့်ကို သူနဲ့ အရှုပ်တော်ပုံဖြစ်ခိုင်းဖို့ကို ထင်ရှားကျော်ကြားလှတဲ့ ရှဲ့မိသားစုက ဒီလိုအရှက်ရစရာကိစ္စအတွက် ဘယ်လိုသဘောတူခဲ့လဲဆိုတာ သိချင်မိသား"
သူ့က "ထင်ရှားကျော်ကြားလှတဲ့" ဆိုတာကို အသားပေးပြောနေမှန်း ကျန်းမန်လည်း သဘောပေါက်သည်။ ရှဲ့ မိသားစုဟာ ယခင်နှစ်များတွင် ပြည်တွင်း၌ ရပ်တည်နိုင်မှုတချို့ရှိခဲ့ပေမယ့် မကြာသေးမီနှစ်များတွင် သိသိသာသာ ကျဆင်းသွားခဲ့သည်။
တစ်နည်းပြောရလျှင် ရှဲ့မိသားစု တစ်ခုလုံးဟာ ယခုအခါမှာ အပေါက်တွေပွထနေပြီး ဖေးခွမ်နဲ့ သူ့ရဲ့ကျော်ကြားလှတဲ့ အဆင့်ထက် ကြွယ်ဝမှုတွေ လျော့နည်းလာသည်။
မဟုတ်ရင်၊ ရှဲ့ယင်းရဲ့ ကိစ္စအတွက်နဲ့ သူတို့ဘက်ကေန သူ့ကို အကူအညီ လာတောင်းမှာမဟုတ်ပေ။ သူတို့သာတကယ် ကျော်ကြားနေသေးရင် ပိုက်ဆံတွေ သုံးပြီး သူမကို လူကြိုက်များအောင် လုပ်ပေးလိုက်နိုင်သည်။
ပြီးတော့ သူတို့တွေက ဖေးခွမ်ကို ထပ်ခါတလဲလဲ ရှာဖို့ သူမကို တွန်းအားပေးမှာ မဟုတ်ပေ။ ဒီကာလမှာ ရှဲ့အိမ်ရှိ ကျန်းမန်ရဲ့ကိုယ်ပိုင်နေ့ရက်တွေဟာ မလွယ်ကူလှပေ။
"ငါ့ကို ဒီလိုမျိုးလာမပြောနဲ့။ ဒီကိစ္စကို မင်းသဘောတူရမယ်၊ မင်းမှာငါ့အပေါ် အကြွေးတင်နေတယ်" ဘယ်နေရာမှအပြစ်ရှာမတွေ့နိုင်လောက်အောင် ဟန်ဆောင်လေ့ရှိတဲ့ သူမရဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပုံရိပ်ဟာပျောက်ကွယ်သွားပြီး ကျန်းမန်ရဲ့အမူအရာက ရုတ်တရက် ဒေါသတကြီး ဖြစ်လာသည်။
ဒါပေမယ့် ဖေးခွမ်ကတော့ ရယ်စရာကောင်းတဲ့ဟာသကို ကြားရသလိုမျိုး တုံ့ပြန်လာသည်။ "ကျွန်တော်က ခင်ဗျားအပေါ် အကြွေးတင်နေတယ်?"
"ဟုတ်တယ်!" ကျန်းမန် "အဲ့ဒီတုန်းက မင်းကြောင့်သာမင်းအဖေ သေသွားခဲ့တာမဟုတ်ရင် ဒီနေ့လိုကိစ္စမျိုးတွေ ငါ ကြုံရမှာမဟုတ်ဘူး!"
ကျန်းမန်ကဲ့ တုန်လှုပ်ချောက်ချားမှုတွေကို ရင်ဆိုင်ရင်း ဖေးခွမ် ကတော့ ဘာမှမထူးခြားနားပင်။ "အဲ့ဒါဆို ခင်ဗျားလည်း ဒီထင်ရှားကျော်ကြားလှတဲ့ မိသားစုနဲ့ လက်ထပ်ဖို့ အခွင့်အရေး ရှိလာမှာမဟုတ်ဘူးလေ။ ဒါကြောင့်လောဂျစ်အရဆို ခင်ဗျား ကျွန်တော့်ကို ကျေးဇူးတင်သင့်တယ်"
"မင်း၊ မင်း..."
ကျန်းမန်က ဒေါသထွက်လာပြီး ပန်းကန်ခွက်ယောက်အစုံကို ရိုက်ချလိုက်သည်။ ဒါပေမယ့် ဖေးခွမ်ကတော့ သူ့ရဲ့ သိမ်မွေ့တဲ့ သဘောထားကို ထိန်းထားတုန်းပင်။
သူမက အရေးနိမ့်သွားတာကို လက်ခံလိုက်ပြီး ငြိမ်သက်သွားသည်။
ကျန်းမန်က သွေးအေးပြီး ခံစားချက်ကင်းမဲ့တဲ့ ကျန်းဟန်ကို ကောင်းကောင်းနားလည်သည်။ ဒီစကားတွေက သူ့ကို လုံးဝမထိခိုက်နိုင်ပါချေ။ ဒီကိစ္စကို တွန်းအားပေးရင် သူမကိုယ်တိုင်ကဘဲ ပိုပြီးဒေါသထွက်ရလိမ့်မည်။
"ကောင်းပြီလေ၊ မင်းက ငါ့အပေါ် ဘာအကြွေးမှမတင်နေဘူးလို့ ထင်တယ်ပေါ့?" ကျန်းမန်က အသက်ပြင်းပြင်းရှူလိုက်ပြီး နောက်ဆုံးကတ်ကို လှန်လိုက်သည်။ "ဒါပေမယ့် အနည်းဆုံးတော့ မင်း ရှဲ့မိသားစုမှာ အကြွေးတင်နေသေးတယ်။ ဟိုတုန်းက မင်းအဖွားရဲ့ ခွဲစိတ်မှုစရိတ်တွေအတွက် သူတို့ပေးခဲ့တာကို မမေ့လိုက်နဲ့"
ဖေးခွမ်က အကြည့်တွေက အောက်ရောက်သွားပြီစနောက်တော့ ပြန်မြင့်တက်လာကာ ကျန်းမန်ကို တိတ်တဆိတ် အကဲခတ်လိုက်သည်။ အချိန်အတော်ကြာပြီးတဲ့နောက်မှာတော့ နောက်ဆုံး သူပြန်ဖြေလာသည်။ "ကောင်းပြီလေ၊ ကျွန်တော် သဘောတူလိုက်မယ်"
သူ့အသက် 15 နှစ်မှာ သူ့အဖွား အသည်းအသန်နေမကောင်းဖြစ်ပြီး ခွဲစိတ်ခအတွက် ယွမ် 200,000 လိုအပ်ခဲ့သည်။ လှည့်စရာနေရာမရှိတဲ့အတွက် ပိုက်ဆံမရှိတဲ့ ကျန်းမန်ကိုဘဲ အကူအညီတောင်းခံခဲ့ရသည်။ နောက်ဆုံးတော့ ရှဲ့မိသားစုက ချေးငွေထုတ်ချေးလာသည်။
နောက်ပိုင်းမှာ သူ့အဖွားကို မကယ်တင်လိုက်နိုင်ပေ။ အကြွေးကို ပြန်ဆပ်ရန် ဖေးခွမ်က သူ့ရဲ့ပထမဆုံးအေဂျင်စီနဲ့ လက်မှတ်ရေးထိုးခဲ့ပြီး သူတို့ရဲ့စာချုပ်စပေါ်ငွေကိုသုံးကာ ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်ရောက်လာသည်။
ဒါပေမယ့် ဒီအကူအညီက တကယ်ဘဲ အကြွေးတင်ခဲ့သည်။
ကျန်းမန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ ဒါက ရှဲ့ မိသားစုရဲ့ ရည်ရွယ်ချက်ဘဲ"
ရှဲ့ယင်းတစ်ယောက် အိမ်မှာ သောင်းကျန်းနေတဲ့အတွက် ရှဲ့မိသားစုဟာလည်း ကူကယ်ရာမဲ့စွာနဲ့ ဒီနေ့အစီအစဥ်ကို လုပ်ဖို့ သဘောတူခဲ့ကြသည်။
"မင်းအဖွားက ရှဲ့မိသားစုရဲ့ ကြင်နာမှုကို ပြန်ဆပ်ရမယ်ဆိုပြီး သူ့အိပ်ယာပေါ်မှာ မင်းကို ကတိတောင်းခဲ့တာ ငါမှတ်မိသေးတယ်" ကျန်းမန်ကပြောလိုက်သည်။
သူက သူမကို အမေတစ်ယောက်လို မဆက်ဆံဘူးလို့ ကျန်းမန်ပြောသည်။ သူမကရော သူ့ကို သားတစ်ယောက်လိုဆက်ဆံလို့လား? တကယ်လို့ သူမသာ သူ့ကို နည်းနည်းလေးလောက် ဂရုစိုက်ခဲ့မယ်ဆိုရင် Idol တွေရဲ့ချိန်းတွေ့တဲ့သတင်းက သူတို့ကို ပျက်စီးသွားစေမယ်ဆိုတာ သူမ သိလိမ့်မည်။
သူတစ်ချက်အရွှေ့မှားတာနဲ့ ဒီနယ်ပယ်ထဲက သူ့ရဲ့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုအားလုံးကို အပြီးဖြိုဖျက်လိုက်နိုင်မည်ဖြစ်သည်။
ရှဲ့မိသားစုရဲ့ ကြင်နာမှုကို ပြန်ဆပ်ဖို့ သူ့အဖွားကို သူကတိပေးခဲ့တဲ့အချိန်မှာ သူ့အဖွားနဲ့ ကျန်းမန်တို့သာ ရှိနေခဲ့တာဖြစ်သည်။ ရှဲ့မိသားစုကတော့ ဒီကတိကို လုံးဝမသိခဲ့ပါချေ။
ကျန်းမန်လည်းဘဲ သူ့အဖွားက သူ့အတွက် ဘာကိုဆိုလိုလဲဆိုတာ သိသည်။
"အဲ့ဒါက ဒီလိုပုံစံဖြစ်ရမှာလား?" ဖေးခွမ်က မေးလိုက်သည်။ "ရှဲ့ယင်း အတွက် အရင်းအမြစ်တွေကို ကျွန်တော်ကူညီပေးနိုင်တယ်"
ကျန်းမန်ကလည်း လုံးဝကို အသည်းအသန် ငြင်းသည်။ "ဒီလိုပုံစံနဲ့ဘဲဖြစ်ရမယ်"
ဒီဟာက ရှဲ့မိသားစုနဲ့ ရှဲ့ယင်းရဲ့မန်နေဂျာတို့ ရောက်လာရခြင်းရဲ့ အဆုံးသတ်ဖြစ်သည်။ ထိပ်တန်းကြယ်ပွင့် ဖေးခွမ်နဲ့ထွက်လာမယ့် အရှုပ်တော်ပုံဟာ အရင်းအမြစ်တစ်ခု ဒါမှမဟုတ် နှစ်ခုလောက်နဲ့ နှိုင်းယှဉ်ပါက အဆုံးမရှိပေ။
ပြီးတော့ ဒီနည်းလမ်းက အမြန်ဆုံးရလဒ်ကို ရနိုင်သည်။
ဖေးခွမ်က ခဏလောက် စဉ်းစားလိုက်ပြီး "ကောင်းပြီလေ၊ ခင်ဗျားလူတွေကို ခေါ်လာလား? ကျွန်တော်တို့ ဘယ်မှာ ဟန်ဆောင်ရမှာလဲ? ပူးပေါင်းပေးမယ်"
"ဒါပေမယ့် ဒီဟာကို ကျွန်တော့်ဘက်က အရင်ပြောမယ်၊ ဒီဆက်ဆံရေးကို အသိအမှတ်ပြုဖို့ ကျွန်တော့်ဘက်ကတော့ အစပြုမှာ မဟုတ်ဘူး"
ကျန်းမန်က စဉ်းစားလိုက်ပြီး ပြောလာသည်။ "ဒါဆို မင်းအဖွဲ့ ကလည်း ငြင်းဖို့ ထွက်မလာဘူးဆိုတာ သေချာရမယ်"
“သုံးလ” လို့ ဖေးခွမ်က ပြောလိုက်သည်။
ကျန်းမန်က မျက်မှောင်ကြုတ်လိုက်ပြီး "မင်းဘာကိုဆိုလိုတာလဲ?"
ဖေးခွမ် - "အဲဒီတုန်းက ရှဲ့မိသားစုဘက်ကနေ ပိုက်ဆံပြန်ဆပ်ဖို့ အချိန်သုံးလပေးခဲ့တယ်။ မျှမျှတတပြောရရင် ကျွန်တော်တို့ဘက်က အဲဒီသုံးလအတွင်းမှာ ကောလာဟလတွေကို ထွက်ရှင်းမှာမဟုတ်ဘူး"
ပြီးတော့ သူက ဆက်ပြောလာသည်။ "နောက်ဆုံးတော့ ကျွန်တော်လည်း အသက်ရှင်ရဦးမယ်။ ခင်ဗျားတို့က ကျွန်တော့်အပေါ် တစ်သက်လုံး အခွင့်ကောင်းယူဖို့ မျှော်လင့်ထားလို့မရဘူး"
ကျန်းမန်က ဒီတောင်းဆိုချက်ကို ချက်ချင်းသဘောမတူခဲ့ပေ။ အဲဒီအစား သူမဖုန်းသွားဆက်ပြီး ပြန်လာတော့ သဘောတူလိုက်သည်။
ဖေးခွမ်က သူ့ဘေးက ကုတ်အင်္ကျီကို ဖြည်းဖြည်းချင်း ဝတ်လိုက်ပြီး ပြောလိုက်သည်။ "ဒီအဖြစ်အပျက်ပြီးရင် ခင်ဗျားနဲ့ ကျွန်တော့်ကြားမှာဖြစ်စေ ရှဲ့မိသားစုနဲ့ ကြားမှာဖြစ်စေ ကျွန်တော်တို့တွေ ဘာမှမသက်ဆိုင်တော့ဘူး"
" အဆက်အသွယ် လုံးဝဖြတ်လိုက်တာက အကောင်းဆုံးပဲ"
ကျန်းမန်က ဖေးခွမ်ရဲ့ထွက်ခွါသွားတဲ့ ပုံရိပ်ကို မှင်တက်စွာနဲ့ကြည့်နေမိသည်။
ဖေးခွမ် ပြောသွားတဲ့စကားတွေက အမှန်တရားဖြစ်ကြောင်း သူမ ရှင်းရှင်းလင်းလင်း နားလည်သည်။
ဒီအဖြစ်အပျက်အပြီးမှာတော့ သူမရော ရှဲ့မိသားစုရော သူ့အပေါ် ခြယ်လှယ်နိုင်တဲ့ အရာတစ်ခုမှ ရှိတော့မှာမဟုတ်ပေ။