အခန်း (၇၉)
Vol. 6 Ch. 79
ခဏကြာတော့ အခန်းတံခါးကို အပြင်ဘက်ကနေ တွန်းဖွင့်လာပြီး ကျောင်းသားကောင်လေးတစ်ယောက် ဝင်လာသည်။ သူက စားပွဲပေါ်က သူ့နာမည်ကို ရှာမတွေ့ခင်အထိ နည်းနည်းလောက် လှည့်ပတ်ကြည့်လိုက်သည်။
ကင်မရာက Zoom ဆွဲကာ ဒီကျောင်းသားကောင်လေးရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ပရိသတ်တွေနဲ့ လေ့လာရေးအဖွဲ့သားတွေကိုပြလိုက်သည်။
ကျန်းဟွမ်း
အာရုံကြောခွဲစိတ်ရေးအလုပ်သင်၊
လက်ရှိ PhD ကိုတက်နေသူ
အလုပ်သင်အတွေ့အကြုံ - ၁ နှစ်နှင့် ၅ လ
နောက်တော့ တံခါးပြန်ပွင့်လာကာ ကျောင်းသားကောင်လေးတစ်ယောက် ထပ်ဝင်လာပြီး နှစ်ယောက်သား အပြန်အလှန် နှုတ်ဆက်လိုက်ကြသည်။
ဒုတိယဝင်လာတဲ့ ကျောင်းသားလေးမှာ ဖန့်ချန်ချန်လို့ခေါ်ပြီး၊ နှလုံးခွဲစိတ်မှုဆိုင်ရာ အလုပ်သင်ဖြစ်ကာ၊ လက်ရှိမှာတော့ Masters တက်နေပြီး ကုသမှု အတွေ့အကြုံက 1 နှစ်ဖြစ်သည်။
တံခါးကထပ်ပွင့်လာပြီး ဒီတစ်ခါတော့ အမျိုးသမီး ကျောင်းသူလေးတစ်ယောက် ဝင်လာသည်။
ယွီစစ်ကျန့်
ကလေးအထူးကု
လက်ရှိမှာ မဟာဘွဲ့အတွက် တက်ရောက်နေပြီး အလုပ်သင် အတွေ့အကြုံမှာ 7လဖြစ်သည်။
တံခါးက အကြိမ်ပေါင်းများစွာ ပွင့်လာနေပြီး အလုပ်သင် ခုနစ်ယောက်၊ ယောက်ျားလေး ငါးယောက်နဲ့ မိန်းကလေးနှစ်ယောက်တို့မှာ အသီးသီးဝင်လာကြသည်။
သူတို့ရဲ့မိတ်ဆက်မှုအရ သူတို့ဟာ နိုင်ငံတစ်ဝှမ်းရှိ ဆေးကျောင်းများမှဖြစ်ပြီး ရှိုးအဖွဲ့သားတွေဆီမှ ရွေးချယ်ခံထားရကြောင်း သိလိုက်ရသည်။ သူတို့ရဲ့ပညာရပ်တွေနဲ့ အလုပ်သင် အတွေ့အကြုံ မတူကြပေမယ့် တူညီမှုတစ်ခု ရှိသည် - သူတို့အားလုံးက B တက္ကသိုလ်၏ တွဲဖက်ဆေးရုံတွင် သင်ကြားလေ့ကျင့်ခွင့်ရရန် မျှော်လင့်ထားကြသည်။
သူတို့သည် အာရုံကြောခွဲစိတ်ခြင်း၊ နှလုံးခွဲစိတ်ကုသခြင်းနဲ့ ကလေးအထူးကုဌာနတွေက ဖြစ်ကြပြီး - ဒီရိုက်ကူးရေးမှာပါဝင်တဲ့ ဌာနသုံးခုဖြစ်သည်။
အလုပ်သင်တွေက တစ်ယောက်နဲ့တစ်ယောက် တဖြည်းဖြည်း ရင်းနှီးလာပြီး စကားစမြည်ပြောနေကြသည်။
လေ့လာရေးအဖွဲ့ဘက်မှာတော့ hostက အဖွဲ့၀င်များကို ညွှန်ပြကာ လူတိုင်းက ပေါ့ပေါ့ပါးပါး စကားစမြည်ပြောနေကြသည်။
အဲ့ဒီအချိန်မှာ အစည်းအဝေးခန်းတံခါးကို အပြင်ဘက်ကနေ တွန်းဖွင့်လိုက်ပြန်သည်။
အလုပ်သင်တွေဘက်ကရော လေ့လာရေးအဖွဲ့ကပါလူတိုင်းရဲ့အကြည့်တွေကို ချက်ချင်းပင် ဆွဲဆောင်သွားသည်။
နောက်ဆုံး အလုပ်သင် ကျောင်းသားအဖြစ် စုန့်အာ့နန် ဝင်လာသည်။
"ဝိုး! ဒီကောင်မလေး အရမ်းလှတာပဲ!"
"ဟုတ်တယ်! သူက ဆွဲဆောင်မှုရှိတယ်ဆိုတဲ့ ခံစားချက်ကို ပေးစွမ်းတယ်"
"ဟမ်... ဒီကောင်မလေးကို တစ်နေရာရာမှာ မြင်ဖူးတယ်လို့ ဘာလို့ ခံစားရတာပါလိမ့်? အဲ့လိုမျက်နှာလှလှလေးတွေက အရမ်းများနေလို့များလား?"
စုန့်အာ့နန်က ဝင်လာပြီးတော့ သူမဘက်ကနေ လူတိုင်းကို စနှုတ်ဆက်လိုက်သည်။ "အားလုံးပဲမင်္ဂလာပါ ကျွန်မက စုန့်အာ့နန်ပါ"
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ပရိသတ်များ - [F*ck!! တကယ်ကြီး အန်တီလေးဟ!]
အဲ့ဒီအချိန် ပင်မတိုက်ရိုက်ထုတ်လွှင့်ခန်းက လေ့လာရေးအဖွဲ့ဘက်ကို ချက်ချင်းပြန်ပြောင်းသွားပြီး ကင်မရာမင်းက ဖေးခွမ် ဘက်ကို ချက်ချင်းရိုက်ပြလာသည်။
အဲ့ဒီခဏမှာဘဲ သူ့မျက်နှာအနှံ့ အံ့အားသင့်သွားတဲ့အမူအရာက ရှားရှားပါးပါးပေါ်လာသည်။
[သေစမ်း! ဖေးခွမ်လည်း အန်တီလေးလာမယ်ဆိုတာ မသိဘူးဘဲ!]
[သူ့ရဲ့တုံ့ပြန်ပုံက သူလည်း မသိထားဘူးထင်တယ်!]
ဒါရိုက်တာရဲ့အချက်ပြချက်အတိုင်း လိုက်ကြည့်လိုက်ပြီး hostက ပြုံးကာမေးလိုက်သည်။ “ဆရာဖေး တခြားပြောချင်တာများရှိလား?"
ဖေးခွမ်က ပြန်တည်ငြိမ်သွားပြီး ပြန်ဖြေလိုက်သည်။ "ကျွန်တော်တို့ ရှိုးရဲ့ လျှို့ဝှက်ထားမှုတွေက တကယ့်ကို အထင်ကြီးစရာပဲ။ တကယ်ဘဲ အရမ်းအံ့ဩသွားရတယ်"
host က ဆက်ပြီးမေးလာသည်။ “သုံးနှစ်လောက်ကြာမှ အန်တီလေးနဲ့ ရှိုးမှာပြန်ဆုံတော့ ပြောစရာများမရှိဘူးလား?”
ဖေးခွမ်က ခပ်တိုးတိုး ရယ်လိုက်ပြီး "ဘယ်သူမနာလိုလဲ? ဒါကို ကျွန်တော်စာလုံးပေါင်းပြဖို့ မလိုဘူးမလား?"
[ဟားဟားဟား၊ ရယ်ရလို့သေတော့မှာဘဲ၊ စုန့်လင်းချွမ်ကလွဲရင် မနာလိုမယ့်သူဘယ်သူရှိဦးမှာလဲ?]
[စုန့်လင်းချွမ် - မင်း ငါ့နာမည်ကို မပြောပေမယ့် မင်းပြောသမျှတွေက ငါ့အကြောင်းပဲ!"
အစီအစဉ်အရ အလုပ်သင်တွေအားလုံး ရောက်လာပြီးသွားတော့ ဆရာမတစ်ယောက်က စာမေးပွဲစာရွက်များ ကိုင်ကာဝင်လာသည်။
မနက်ခင်းမှာ အလုပ်သင်တွေအားလုံး ရေးဖြေစာမေးပွဲဖြေရသည်။
ကျောင်းသားတွေရဲ့ အဆင့်နဲ့အတူ ရှေ့ဆက်လုပ်ဆောင်ရမယ့် အလုပ်သင် အစီအစဉ်တွေကို အဆင်ပြေချောမွေ့စေဖို့အတွက် ရေးဖြေစာမေးပွဲကို ဌာနအကြီးအကဲတွေက ပြင်ဆင်ခဲ့တာဖြစ်သည်။
ရေးဖြေစာမေးပွဲကို တရားဝင်စတင်တာနဲ့ အစည်းအဝေးခန်းက ချက်ချင်း တိတ်ဆိတ်သွားသည်။
အလုပ်သင်တွေအားလုံးက စာမေးပွဲကိုဘဲအာရုံစိုက်နေကြသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို အသက်ဝင်အောင် ထိန်းထားဖို့အတွက် တာဝန်က လေ့လာရေးအဖွဲ့ဘက်ဆီ ရောက်သွားသည်။ ပင်မစခရင်နဲ့ ဒုတိယစခရင်နေရာက ပြန်ပြောင်းသွားသည်။
လေ့လာရေးအဖွဲ့ရှိ ဧည့်သည်တွေက သူတို့ရဲ့ အိမ်မက်ဆိုး စာမေးပွဲအကြောင်းတွေကို ပြန်လည်အမှတ်ရကာ ပြောဆိုနေကြသည်။
ရိုးရှင်းတဲ့ စာမေးပွဲတစ်ခုက လူများစွာကို သူတို့ရဲ့ ကျောင်းသားဘဝဆီ ပြန်ခေါ်လာသလိုမျိုး တိုက်ရိုက်ထုတ်လွှင့်မှုမှာလည်း အရမ်းအသက်ဝင်လာသည်။
ဖေးခွမ် တစ်ယောက်ဘဲ စာမေးပွဲမှူးတစ်ယောက်လို မျက်တောင်မခတ်ဘဲ စခရင်ကြီးကို ကြည့်နေတဲ့ပုံပင်။
hostက ဖေးခွမ်ဆီ လှမ်းကြည့်ကာ စနောက်ပြီးမေးလာသည်။ "အန်တီလေးအပေါ် ယုံကြည်ချက်ရှိလား?"
ဖေးခွမ် က မျက်ခုံးပင့်လိုက်ပြီး မထိန်းနိုင်ဘဲ ဂုဏ်ယူတဲ့လေသံနဲ့ ပြောလာသည်။ "ဒါပေါ့၊ သူက အမြဲတမ်း ထူးချွန်တာ"
[ဟာဟားဟား၊ ဒီရင်းနှီးတဲ့ ခံစားချက်! ဖေးခွမ်က သူ့အလုပ်သင် စုန့်လင်းချွမ်ဆီက သေချာပေါက်ကို ကောင်းကောင်း သင်ယူခဲ့တာဘဲ!]
[ဖေးခွမ် - စတာပါ၊ သူက ငါ့အန်တီလေးပါ]
[စုန့်လင်းချွမ် - မင်းငါ့ကို အတုခိုးနေတာဘဲ!]
ဟန်မင်က ဖေးခွမ်ကို ကြည့်လိုက်ပြီး နောက်တော့ စခရင် ပေါ်တွင်တွင် စာမေးပွဲဖြေနေတဲ့ စုန့်အာ့နန် ကို ကြည့်လိုက်သည်။ ထူးဆန်းတဲ့အကြည့်တစ်ခုက သူ့မျက်လုံးထဲမှာ ဖျတ်ခနဲ တောက်ပလာသည်။
သူက နားမလည်ဟန်ဆောင်ကာ မေးလိုက်သည်။ " ကျွန်တော် နည်းနည်း သိချင်လို့၊ တခြားလူတိုင်း မာစတာ ဒါမှမဟုတ် Ph.D အရည်အချင်းတွေရှိကြတယ်၊ ဒါပေမယ့် စုန့်အာ့နန်ကျ 8နှစ်တက်ရမှာကို ဘာလို့ပဉ္စမနှစ်ဘဲရှိသေးတာလဲ?]
သူပြောပြီးတာနဲ့ နေရာတစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားသည်။
သူ့ရဲ့ အပြစ်မရှိအပြစ်ရှာနေတဲ့ ရည်ရွယ်ချက်က ထင်ရှားလွန်းသည်။
[ဟန်မင်က ဘာကို ရည်ညွှန်းချင်တာလဲ? သူက ဒီကြားထဲမှာ အန်တီလေး အဆက်အသွယ် ဖြတ်ထားတာကိုပြောချင်နေတာဘဲ!]
[ဟန်မင်နဲ့ စုန့်လင်းချွမ်တို့က အဆင်မပြေကြဘူးလို့ကြားတယ်။ အဲဒါက အမှန်ဖြစ်တဲ့ပုံပဲ!]
[တကယ် ဆွံ့အသွားတယ်။ ဟန်မင်၊ မိန်းကလေးတစ်ယောက်ကို ဒီလိုမျိုးပြောနေတာ နင်က ဘယ်လိုလူလဲ!]
[ဟုတ်တယ်၊ စုန့်လင်းချွမ်နဲ့ ကိစ္စတွေရှိရင်လည်း သူနဲ့ဘဲတိုက်ရိုက်ရှင်းလေ! ဒီမှာဘယ်သူ့ကို အနိုင်ကျင့်ဖို့ကြိုးစားနေတာလဲ?]
[ဒါပေမယ့်၊ ဟန်မင်ပြောတာက ဘာမှမမှားဘူး၊ ဒါက အကျိုးအကြောင်းသင့် သံသယဖြစ်စရာပဲ]
[ဟာသဘဲ! ဘာမှားလို့လဲ? ငါ့ကောကောပြောတဲ့ အချက်တွေက မမှန်ဘူးလား? အခုကျ ဖုံးကွယ်ဖို့ ကြိုးစားနေတာလား?]
ဟန်မင်က မျက်နှာနှစ်ဖက်ပုံစံမျိုးနဲ့ ထပ်ပြောလာသည်။ "ကျွန်တော်က ဘာကိုမှဆိုလိုတာမဟုတ်ပါဘူး! သူ့ကျောင်းမှာ သင်ရိုးတွေ အကုန်မပြီးသေးမှာစိုးလို့ပါ၊ အလုပ်သင်ကာလမှာ တခြားသူတွေနဲ့ လိုက်ဖို့ဆိုတာက သူ့အတွက်ခက်ခဲလိမ့်မယ်လေ"
ဖေးခွမ်က မျက်လုံးလှန်ကာ ဟန်မင်ကို သာမာန်ကာလျှံကာစိုက်ကြည့်လိုက်သည်။
[ဝိုး! ဖေးခွမ်ရဲ့ ဒီအကြည့်က အံ့မခန်းပဲ! အကြည့်တွေရဲ့ အဓိပ္ပါယ်က ကွက်ကွက်ကွင်းကွင်းကို ဓားတစ်လက်လိုဘဲ!]
[အံ့ဩစရာပဲ၊ ငါ့ရဲ့ ဖေးက ဒီလိုမျိုးသရုပ်ဆောင်နတ်ဘုရားဘဲ။ အကြည့်တစ်ချက်က အကုန်ပြောနေတာဘဲ]
ဖေးခွမ်က hostကို ကြည့်လိုက်ပြီး အေးအေးဆေးဆေး မေးလိုက်သည်။ "ထုတ်လုပ်သူတွေက အလုပ်သင်ဧည့်သည်တွေကို ရွေးချယ်တဲ့ စံနှုန်းတွေကို လူသိရှင်ကြား ကြေငြာခဲ့တာမဟုတ်ဘူးလား?"
hostက ပြန်ဖြေလာသည်။ "ဟုတ်ပါတယ်! ဝဘ်ဆိုဒ်မှာ အားလုံးပါတယ်"
နောက်တော့ သူက ဒါရိုက်တာရဲ့ လမ်းညွှန်ချက်အတိုင်း ဆက်ပြောလိုက်သည်။ "ကျွန်တော်တို့ရဲ့ ရှိုးက ပညာရပ်ပိုင်းဆိုင်ရာသာမက တစ်ဦးချင်းစွမ်းရည်အတွက်လည်း လိုအပ်ချက်တွေပါလို့ ရွေးချယ်မှုစံနှုန်းက တင်းကျပ်ပါတယ်"
"အကဲဖြတ်ပြီးကြည့်ပြီးတော့ စုန့်အာ့နန်က B တက္ကသိုလ်မှာ 8 နှစ်သင်ရိုးရဲ့ ပဉ္စမနှစ်ဘဲရှိသေးပေမယ့် သူက ဆေးသီအိုရီသင်တန်းနဲ့ အလုပ်သင်ကို တစ်နှစ်ပြီးခဲ့ပြီးလို့ အခုရဲ့ အလုပ်သင်တွေအတွက် လိုအပ်ချက်တွေနဲ့ အပြည့်အဝကိုက်ညီပါတယ်"
hostရဲ့ရှည်လျားလှတဲ့ ရှင်းလင်းချက်ကြောင့် နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ အချက်တစ်ချက်ကိုတော့ ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။
သူတို့ရဲ့ ရှိုးဟာ လူသိရှင်ကြား ထုတ်ပြန်ထားပြီးဖြစ်သည့် ရွေးချယ်မှု စံနှုန်းများ ရှိပြီး စုန့်အာ့နန်ဟာလည်း စံနှုန်းများနှင့် ကိုက်ညီသည်။
ဖေးခွမ်က အထင်သေးတဲ့အရိပ်အယောင်နဲ့ ခပ်ပါးပါးပြုံးကာ ဟန်မင်ကိုကြည့်လိုက်ပြီး "ငါ မမှားဘူးဆိုတာ ငါသိတယ်။ မင်းက မင်းရဲ့အိမ်စာတွေ မလုပ်ဘဲ ရှိုးတွေ သွားနေတာမဟုတ်ဘူးလား?"
[ကျွတ်စ် ကျွတ်စ်၊ ဘယ်လိုတောင် ပရော်ဖက်ရှင်နယ်မဆန်လိုက်သလဲ?]
[အားးး ဖေးခွမ်ရဲ့ ကျက်သရေရှိမှုကို ထပ်ပြီး စွဲလန်းမိပြန်ပြီ။ ဒါက ဘုရင်တစ်ပါးရဲ့ ရှုတ်ချမှုပဲ!]
[ကျွတ်စ် ကျွတ်စ်၊ နှစ်နှစ်ကြာပြီးတာတောင် ဒီလူက ဘယ်လိုလုပ် ပိုပြီးဆွဲဆောင်မှု ရှိလာရတာလဲ?]
[သူတို့ရဲ့ အန်တီလေးကို ကာကွယ်ရမယ်ဆိုရင် ငါတို့ရဲ့တူဝရီးနှစ်ယောက်က ဘယ်တော့မှ မရှုံးဘူး!]
[အို၊ ဖေးခွမ်ရဲ့ လွှမ်းမိုးကာကွယ်မှုဘဲ၊ ငါဆိုလိုတာက အန်တီလေးကို လွှမ်းမိုးကာကွယ်ထားတာကိုပြောတာ။ ငါ သဘောကျတယ်!]
[ဝါးးး ငါတကယ် အန်တီလေးနဲ့ ဖေးခွမ် ship ချင်တယ်!]
[ship လို့မရဘူးဆိုတာ ဘာကိုဆိုလိုတာလဲ? သုံးနှစ်ရှိပြီလေ၊ နောက်ဆုံးတော့ အန်တီလေးလည်းအသက်ကြီးလာပြီ။ ဒီတစ်ခါတော့ ပေါ်ပေါ်ထင်ထင်နဲ့ shipမယ် ဘယ်သူမှ လာတားလို့မရဘူး!]
ဖေးခွမ်က ဒါနဲ့ပတ်သတ်ပြီး လုံးဝမထိန်းထားပါချေ။ ဟန်မင်ရဲ့အမူအရာက ချက်ချင်းဘဲ မည်းမှောင်သွားသည်။
ဒါကိုမြင်တော့ hostက သူတို့နှစ်ယောက် တကယ်ဘဲ ရန်ဖြစ်ကြမှာစိုးလို့ အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။
နောက်ဆုံးတော့၊ ဒါက တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုပင်။ တစ်ခုခုသာဖြစ်သွားရင် သူတို့အတွက် လုံးဝ အကာအကွယ် ပေးနိုင်မှာမဟုတ်ပေ။
နံနက်ဘက် ရေးဖြေစာမေးပွဲအပြီးမှာ အလုပ်သင်တွေကနေ့လယ်စာစားပြီးသွားတော့ နေ့လယ်ခင်းဘက်မှာ အင်တာဗျူးဖြေဖို့အတွက် ပြန်လာကြသည်။
မနက်ပိုင်း စာမေးပွဲစစ်တဲ့ ဆရာမတွေနဲ့အတူ ဌာနအသီးသီးက ဌာနဆိုင်ရာအကြီးအကဲတွေလည လာကြသည်။ သူတို့လေးယောက်က ဒီအင်တာဗျူးကဏ္ဍအတွက် အင်တာဗျူးအဖွဲ့အဖြစ် ဆောင်ရွက်မှာဖြစ်သည်။
အလုပ်သင် ကျောင်းသားတွေအတွက် အင်တာဗျူး လုပ်ငန်းစဉ်ဟာ အတော်လေး ဖိစီးရသည်။
စုန့်အာ့နန်ရဲ့အလှည့်ရောက်တဲ့အခါမှာတော့ သူမက စိတ်မလှုပ်ရှားနေပါချေ။ ဒါက အိမ်ကွင်းအားသာချက်ဖြစ်နိုင်သည်။
အလုပ်သင်အားလုံးထဲတွင် အာရုံကြောခွဲစိတ်မှုမှ ကျန်းဟွမ်းနဲ့ သူမတို့နှစ်ယောက်သာ B တက္ကသိုလ်ဆေးကျောင်းမှဖြစ်ပြီး ယခင်ကလည်း ဒီနေရာမှာ အလုပ်သင်လုပ်ခဲ့တာဖြစ်သည်။
သူမဝင်လာတဲ့အခါ၊ အခန်းထဲတွင် ရင်းနှီးတဲ့မျက်နှာအချို့ကို မြင်လိုက်ရသည်၊ အထူးသဖြင့် နှလုံးခွဲစိတ်မှုဌာနအကြီးအကဲ ကွမ်ယန်ဘဲဖြစ်သည်။
"မင်္ဂလာပါ ဆရာတို့" စုန့်အာ့နန်က သူတို့ကို ယဉ်ယဉ်ကျေးကျေးနဲ့ နှုတ်ဆက်လိုက်သည်။
လူအနည်းငယ်က စုန့်အာ့နန်နဲ့ သိပ်မရင်းနှီးကြပေ။ ဘာဘဲဖြစ်ဖြစ်၊ သူမက သူတို့ရဲ့ဌာနမှုး ကျင့်ဝမ်ကျင်း ပြုစုပျိုးထောင်ဖို့ အာရုံစိုက်ထားတဲ့ ကျောင်းသားတစ်ဦးဖြစ်သည်။ အထူးသဖြင့် သူမက အရည်အချင်းရှိတယ်လို့ဆိုရမည်။
အာရုံကြောခွဲစိတ်ကုသရေးဌာနမှူး ဒေါက်တာကျန်းက ကွမ်ယန်ကို လှည့်ကြည့်ကာ စနောက်လာသည်။ "ဌာနမှူးကွမ်၊ သူက ခင်ဗျားရဲ့ ဂျူနီယာ အလုပ်သင်ညီမလေးဘဲ။ ခဏနေ အင်တာဗျူးတဲ့အခါကျရင် သူ့ကို လွယ်လွယ်နဲ့လွှတ်ပေးလို့မရဘူးနော်"
ကွမ်ယန် က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြန်ပြောလာသည်။ "ကျွန်တော် နောက်မှ မေးပါ့မယ်။ ခင်ဗျားတို့ သူ့ကို ကြိုက်သလို အင်တာဗျူးလို့ ရပါတယ်၊ ကျွန်တော် အမှတ်ပေးတဲ့နေရာမှာ မပါပါဘူး"
ကလေးအထူးကုဌာနမှူး ဒေါက်တာဝူက ပြောလာသည်။ "အိုး ခင်ဗျားရဲ့ ဂျူနီယာအလုပ်သင် ညီမလေးအပေါ်မှာ အရမ်းယုံကြည်ချက်ရှိနေတာဘဲ ဟမ်?"
ကွမ်ယန်က ပြန်မဖြေဘဲ ပြုံးရုံဘဲပြုံးလိုက်သည်။
စုန့်အာ့နန်က နှလုံးခွဲစိတ်မှုတွင် တစ်နှစ်ကြာ အလုပ်သင်လုပ်ခဲ့တာဖြစ်တာကြောင့် သူမရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သဘာဝအလျောက် သူ ရှင်းရှင်းလင်းလင်း သိသည်။
အာရုံကြောခွဲစိတ်ကုသရေးဌာနမှ အကြီးအကဲကျန်း က အားကျသလို ပြောလာသည်။ "ကောင်းပြီ ကောင်းပြီ၊ သူ က ဘယ်လိုလုပ် ယုံကြည်ချက်မရှိရမှာလဲ? သူ့ရဲ့ ဂျူနီယာ အလုပ်သင်ညီမလေးက သူ့ရဲ့ ဆေးဘက်ဆိုင်ရာအတန်းမှာ လေးနှစ်ဆက်တိုက် ပထမရခဲ့တယ်လေ၊ တကယ်လို့ ခင်ဗျားတို့သာဆိုရင်လည်း ယုံကြည်ချက်ရှိမှာဘဲမဟုတ်ဘူးလား?"
ဟင်း၊ ဒီလိုမျိုး ပျိုးပင်ကောင်းက၊ အဲဒီတုန်းက သူလှုပ်ရှားတာ အရမ်းနောက်ကျသွားတာ နှမြောစရာပဲ၊ မဟုတ်ရင် သူမကို သူတို့ရဲ့ အာရုံကြောခွဲစိတ်ကုသရေးဌာနကို ဆွဲခေါ်လိုက်မှာ။
ကလေးအထူးကုဌာနမှူးဝူက ခဏလောက် အံ့အားသင့်သွားသည်။ "သူက အဲ့ဒီလောက်တောင် အံ့ဩဖို့ကောင်းတာလား?"
ဒီအကြောင်းကို သူတကယ်မသိခဲ့ပါချေ။ သို့ပေမယ့် Bတက္ကိသိုလ်ရဲ့ ဆေးဘက်ဆိုင်ရာအတန်းမှာ လေးနှစ်ဆက်တိုက် ပထမရတယ်ဆိုတာက "အံ့သြစရာကောင်းတယ်" ဆိုတဲ့ စကားလုံးလေးနဲ့ဘဲ အကျဉ်းချုံးဖော်ပြလို့မရပါချေ။ အဲ့ဒီလိုမျိုး အောင်မြင်နိုင်ဖို့ဆို အရည်အချင်း နည်းနည်းလေးပဲ ရှိရင်တောင် အရမ်းခက်ခဲလိမ့်မည်ပင်။
နှစ်ပေါင်းများစွာ တပည့်လက်မခံခဲ့တဲ့ လူအိုကြီးကျင့်တောင် သူမကို တပည့်အဖြစ်လက်ခံဖို့ တောင်ပေါ်ကနေ ကိုယ်တိုင်ဆင်းလာခဲ့တာကို သူကြားခဲ့ရတာ အံ့သြစရာမရှိတော့ပါဘူး။
[အကြီးအကဲတွေ အားလုံးက စုန့်အာ့နန်ကို အရမ်း အထင်ကြီးနေတယ်လို့ ခံစားရတယ်၊ သူက တကယ်ထူးချွန်တာဘဲ!]
[ဘုရားရေ၊ စုန့်အာ့နန်က အခုမှ ပဉ္စမနှစ်ဘဲ ရှိသေးတာ မဟုတ်ဘူးလား? လေးနှစ်ဆက်တိုက် ပထမရတယ်ဆိုတော့ သူက နှစ်တိုင်းပထမရတယ်လို့ ဆိုလိုတာဘဲ!]
[B တက္ကသိုလ်လိုမျိုး လူတော်တွေ ပြည့်နှက်နေတဲ့ နေရာမှာတောင် သူက လေးနှစ်ဆက်တိုက် ပထမရခဲ့တယ်။ ဘုရားရေ အန်တီလေးက ဉာဏ်ကြီးရှင်ဘဲဖြစ်ရမယ်!]
[ဟင်? ငါက တစ်ယောက်ဘဲ သိချင်နေတာလား? ဌာနအကြီးအကဲကွမ်က အသက်လေးဆယ်လောက် ရှိနေပြီကို၊ သူ့ကိုဘာလို့ စုန့်အာ့နန်ရဲ့ စီနီယာအစ်ကိုလို့ပြောကြတာလဲ၊ သူတို့နှစ်ယောက်စလုံးရဲ့ ဆရာက ဘယ်သူများလဲ?]
ခဏလောက် စကားစမြည်ပြောဆိုပြီးတဲ့နောက်မှာ အင်တာဗျူးတဲ့သူတွေက တရားဝင်အင်တာဗျူးလုပ်ငန်းစဉ်ကို စလိုက်သည်။
အလုပ်သင်တိုင်းရဲ့ ပထမဆုံးမေးခွန်းကတော့ "ဘာကြောင့် ဆရာဝန်ဖြစ်ချင်ရတာလဲ?"
စုန့်အာ့နန်က ခဏလောက်စဉ်းစားပြီး စိတ်အားထက်သန်စွာနဲ့ ဖြေလိုက်သည်။ "ဆရာဝန်လုပ်ရတာက အရမ်းမိုက်တယ်လို့ထင်လို့ပါ"
လူတိုင်း - ???
[သေစမ်း! အန်တီလေးရဲ့ အဖြေက အရမ်းထူးဆန်းတာဘဲ။ သူက အဲ့ဒါကိုအရမ်းမိုက်တယ်လို့ဘထင်လို့တဲ့လား? လာနောက်နေတာလား?]
[ဟာဟားဟား၊ ငါက အန်တီလေးတစ်ယောက် နေမကောင်းတဲ့သူတွေကို ကုသပေးပြီး၊ ကိုယ်ကျိုးမဖက်ဘဲ လူ့အသက်တွေကို ကယ်တင်ချင်လို့လို့ ဖြေမယ်ထင်ခဲ့တာ၊ ဒါပေမယ့် မိုက်လို့ ဆိုပြီးတော့ဘဲ ထွက်လာတယ်။ ရယ်ရလို့သေပြီ]
ဒါကိုကြားတော့ ဖေးခွမ်လည်း ကြောင်သွားသည်။
အန်တီလေး ဆေးပညာကို လေ့လာရတဲ့ အကြောင်းရင်းက ဒီဟာကြောင့်လို့ သူ မထင်ထားခဲ့ပါချေ။
ဒါပေမယ့် ပြောရမယ်ဆိုရင်တော့ သူမရဲ့ အဖြေက တကယ်မိုက်တယ်။
စုန့်အာ့နန်ကတော့ တခြားသူတွေ ဘယ်လိုတွေးနေကြလဲဆိုတာကို သတိမထားမိပါချေ။ ဒီအဖြေက သူမရင်ထဲမှာ တကယ်ရှိနေတာပင်။
သူမရဲ့အရင်ဘဝတုန်းက သူမရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေကြောင့် ငယ်ငယ်ကတည်းက သူမအများဆုံးမြင်ခဲ့ရတာက ဆရာဝန်တွေဘဲဖြစ်သည်။ အထူးသဖြင့် သူမငယ်ငယ်တုန်းကဆို ကုတ်အဖြူနဲ့ ဆရာဝန်တွေက လူနာတွေကြားကူးလူးကုသနေတာကို ကြည့်ခဲ့ရသည်။ အဲ့ဒါကြောင့် သူမက အရမ်းမိုက်တယ်လို့တွေးခဲ့တာပင်။
ဒါကြောင့် စုန့်အာ့နန်က အနာဂတ်မှာ အမှန်တကယ်ကို ထူးချွန်တဲ့ ဆရာဝန်တစ်ဦး ဖြစ်လာဖို့အတွက် အဲ့ဒီကတည်းက သူမရဲ့ စိတ်ထဲမှာ တိတ်တိတ်လေးစိတ်ကူးထားခဲ့သည်။
နောက်တော့ အင်တာဗျူးမှာ စုန့်အာ့နန်တစ်ယောက် အင်တာဗျူးဖြေဆိုသူတွေကို မေးတဲ့မေးခွန်းတိုင်းကို ဖိအားတွေအောက်မှာ တည်တည်ငြိမ်ငြိမ်နဲ့ဖြေခဲ့သည်။
သူမ မသိတဲ့မေးခွန်းတွေနဲ့ ကြုံတဲ့အခါမှာဆို သူမက မထိတ်လန့်နေဘဲ ပွင့်ပွင့်လင်းလင်း ဝန်ခံကာ အင်တာဗျူးအဖွဲ့အား သူမကိုသင်ကြားပေးဖို့ပြောလိမ့်မည်။
ခွဲစိတ်ခြင်းလိုမျိုး လက်တွေ့ ကဏ္ဍတွေနဲ့ ပတ်သက်လာတဲ့အခါမှာတော့ သူမရဲ့ စွမ်းဆောင်မှုဟာ မျက်စိဖမ်းစားစရာကောင်းလှသည်။
နာရီဝက်လောက်ကြာတဲ့ အင်တာဗျူးအပြီးမှာတော့ စုန့်အာ့နန်ဟာ သူမရဲ့အရည်အချင်းနဲ့ အဲဒီနေရာမှာရပ်တည်ဖို့ လုံးဝထိုက်တန်ကြောင်း သက်သေပြခဲ့သည်။
ရိုက်ကူးရေး ပထမနေ့တွင် ရေးဖြေစာမေးပွဲနဲ့အင်တာဗျူးအပြင် အလုပ်သင်တွေပ လုပ်ငန်းခွင်နဲ့ ရိုက်ကူးရေး ပတ်ဝန်းကျင်တွေကို အဓိကအားဖြင့် ရင်းနှီးအောင်လုပ်ရသည်။ ဒါတွေပြီးတာနဲ့ လူတိုင်းက တစ်နေ့တာအတွက် ထုပ်ပိုးသိမ်းဆည်းကြတော့သည်။