အပျော်ဝင်ပါရမလား
Vol. 110 Ch. 1536
ဟော်ကျန့်ကျန်းနှင့် စူးလျိုနျန်တို့က ရှီမာယူယူကို တွေ့ချင်နေကြတယ် ဟုတ်လား။
ရှီမာယူယူနှင့် ဟောမျိုးနွယ်တို့ ရင်းနှီးကြသော်လည်း တစ်စုံတစ်ရာမဖြစ် လျှင် သူတို့ သူမကိုလာရှာမည်မဟုတ်ကြောင်းကို ရှီမာကျိယွင်နှင့် ရှီမာဟော်ရွှမ်းတို့ သိထားကြသည်။
“ခေါင်းဆောင်ဟော်နဲ့သခင်မဟော်တို့ကို ဧည့်ခန်းကိုခေါ်လာပြီး ယူယူ့ ကို တစ်ယောက်သွားသတင်းပို့လိုက်”
သူတို့သည် ရှီမာယူယူကို လာရှာခြင်းဖြစ်သော်လည်း မျိုးနွယ်ကြီး၏ ခေါင်းဆောင်ကိုယ်တိုင် လာရောက်ခြင်းအတွက် သူ ကြိုဆိုသည်။
ရှီမာယူယူသည် ဝိညာဉ်စေတီအတွင်း ရှိနေစဉ်တွင် အသံကြားလိုက်ရ သည်။ ထို့ကြောင့် သူမ ထွက်သွားလိုက်ရာ ဟော်ကျန့်ကျန်းနှင့် ဇနီးဖြစ်သူတို့ သူမကို လာရှာသည်ဟု ကြားလိုက်ရသည်။
“သိပြီ ခဏနေရင်လာခဲ့မယ်” ရှီမာယူယူသည် အစောင့်များကို ခေါင်းညိတ်ပြလိုက်သည်။ သူမသည် ဝိညာဉ်စေတီအတွင်းသို့ ပြန်သွားပြီး အဝတ်လဲကာ ပြန်ထွက်လာခဲ့သည်။
သူမ ဧည့်ခန်းသို့ လျှောက်သွားချိန်တွင် ရှီမာကျိယွင်သည် ဟော်ကျန့်ကျန်းနှင့် စူးလျိုနျန်တို့ကို ဧည့်ခံနေသည်။ စူးလျိုနျန်သည် ရှီမာယူယူ ကိုမြင်သောအခါ ပြုံးပြီး ပြောလိုက်သည် “ဒီကောင်မလေးက နှစ်နည်းနည်း လေးအတွင်းကို ပိုသန်မာလာပြီပဲ”
“ဘိုးဘိုးကြီး ဦးလေးဟော်နဲ့ အဒေါ်ဟော်တို့ကို နှုတ်ဆက်ပါတယ်” ရှီမာယူယူသည် သူတို့ကို နှုတ်ဆက်ပြီးသည်နှင့် စူးလျိုနျန်ဘေးသို့ ဝင်ထိုင် လိုက်သည်။
“ယူယူ စူးယူကိုကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” စူးလျိုနျန် သည် ကျေးဇူးတင်စွာဖြင့် ပြောလေသည်။
ရှီမာယူယူသည် ဖန်ကျိရှင်းကို စူးယူနှင့်စူးမျိုးနွယ်အား ကယ်တင်ရန် ပြောခဲ့သည်ကို သူမမျိုးနွယ်ဆီမှ ပြန်ကြားခဲ့သည်။ သူတို့ကြောင့်သာမဟုတ် လျှင် စူးယူသည် အခုချိန်လောက်ဆို သေလောက်ပြီဖြစ်သည်။
“ဘာမှမဟုတ်ပါဘူး ရပါတယ် ကယ်ပေးတာက ကျွန်မဆရာပဲလေ ကျွန်မက ဘာမှတောင်မလုပ်လိုက်ရဘူး” ရှီမာယူယူ ပြောလိုက်သည်။ သူမ သည် ထိုအကြောင်းတွင် ဝင်မပါလိုသဖြင့် မေးလိုက်သည် “ဦးလေးဟော်က ကျွန်မကို ရှာတယ်လို့ကြားတယ် တစ်ခုခုများဖြစ်လို့လား”
“တကယ်တော့ မင်းကိုပြောစရာရှိလို့ပါ” ဟော်ကျန့်ကျန်းသည် သေတ္တာ တစ်လုံးကိုထုတ်ပြီး ရှီမာယူယူကို ပေးလိုက်သည်။
ရှီမာယူယူသည် သေတ္တာဖွင့်လိုက်ရာ အထဲတွင် သတင်းတချို့ကိုမြင်ရာ ဖတ်ပြီးသည်နှင့် အံ့ဩသွားလေသည် “သူတို့က သန်မာနေကြပြီလား”
ဟော်ကျန့်ကျန်း ခေါင်းညိတ်လိုက်သည် “သူတို့ မသန်မာဘူးဆိုရင် ဒီ သတင်းရလာမှာမဟုတ်ဘူး”
“ဘာတွေပြောနေကြတာလဲ” ရှီမာကျိယွင်သည် ခန့်မှန်းနိုင်ရန်ကြိုးစား သော်လည်း ဟော်ကျန့်ကျန်းသည် သူ့ကိုမပြောဘဲ မြေးမဖြစ်သူကိုသာ ပြောနေ သည်။ အဲလူက ရှီမာယူယူကိုတောင် ခေါ်သွားမှာ စိုးနေရပြီ။
ထိုအခါမှပင် မသေလူများအကြောင်းကို ရှီမာမျိုးနွယ်မသိသေးသည်ကို ရှီမာယူယူ သတိရသွားကာ အဖြစ်အပျက်ကို ပြောပြလိုက်သည်။ ရှီမာကျိယွင် သည် ထိုအကြောင်းကို ကြားလိုက်ရသောအခါ မျက်နှာပုပ်သွားလေသည်။
“တကယ်ပဲ မသေလူလုပ်ခိုင်းရဲတယ်ပေါ့” သူသည် စားပွဲကိုရိုက်လိုက် သည်။ သို့သော် အားအပြည့်မသုံးလိုက်သည်မှာ ကံကောင်းသည်။ မဟုတ်လျှင် စားပွဲ ပျက်စီးသွားမည်ဖြစ်သည်။
“ဘိုးဘိုးကြီ ဒါကိုကြည့်ပြီး ဘိုးဘိုးဦးကြီးနဲ့ မျိုးနွယ်အကြီးအကဲတို့နဲ့ ဆွေးနွေးလိုက်ပါ” ရှီမာယူယူသည် သတင်းကို သူ့ဆီသို့ပေးပြီး ပြောလိုက်သည် “ဦးလေးဟော်တို့က ရှီမာအိမ်တော်ကို ပထမဆုံးရောက်ဖူးတာဆိုတော့ သမီး သူတို့ကို လှည့်ပတ်ပြလိုက်ဦးမယ်”
ရှီမာယူယူရဲ့ ဆိုလိုရင်းကို ရှီမာကျိယွင် ဘာလို့နားမလည်ရမှာလဲ။ ဟော်ကျန့်ကျန်းတို့မရှိချိန်မှာ ရှီမာမျိုးနွယ်ကို အသိပေးရမယ်။ အဲဒါကြောင့် ရှီမာယူယူက သူတို့ကို ဧည့်ခံနေလိုက်တာ အကောင်းဆုံးပဲလေ။
သူသည် လက်ကိုဝေ့ယမ်းကာ ပြောလိုက်သည် “ဟုတ်ပြီ ခေါင်းဆောင် ဟော်နဲ့ သခင်မဟော်တို့ကို ကောင်းကောင်းလေး ဂရုစိုက်လိုက်ပါ”
“ဟုတ်ကဲ့ပါ”
ရှီမာယူယူသည် ဟော်ကျန့်ကျန်းနှင့် စူးလျိုနျန်တို့ကို အိမ်များပတ်ပြကာ သူမခြံဝန်းသို့ခေါ်သွားလိုက်သည်။
“ယူယူ ဘာလို့သူတို့နဲ့ မဆွေးနွေးတာလဲ” စူးလျိုနျန် မေးလိုက်သည်။
“အဲနှစ်က အဖြစ်အပျက်ကို အကုန်လုံးက ရှင်းရှင်းလင်းလင်းမှတ်မိနေ တုန်းပဲ၊ မသေလူတွေအကြောင်း ပြောလိုက်တာနဲ့ သူတို့က ကျွန်မခန္ဓာကိုယ်ထဲ က တစ္ဆေရောင်ဝါအကြောင်းနဲ့ အမေ့ကိုပြန်ပို့လိုက်တဲ့အကြောင်းကို သေချာ ပေါက် ပြောကြမျာပဲ အဲဒါတွေနဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ” ရှီမာယူယူ ပြောလိုက်သည်။
တကဘ်တော့ သူမသည် အတွေးလွန်နေခြင်းဖြစ်သည်။ ရှီမာမျိုးနွယ် သည် သူမကို လေးစားကြကာ အတိတ်မှအဖြစ်များကို ဂရုမစိုက်ကြတော့ပေ။
ဟော်ကျန့်ကျန်းသည် ရှီမာယူယူကို တစ်စုံတစ်ရာ ပြောလိုက်ချင် သော်လည်း တခြားတစ်ခုကိုသာ ပြောလိုက်တော့သည် “ငါတို့ ပြည်နယ် ၁၆ ကို သွားကြမလို့ ဦးလေးတို့နဲ့အတူလိုက်မလား”
“ပြည်နယ် ၁၆ ဟုတ်လား”
“အင်း ယန်းမျိုးနွယ်က သတ္တုရိုင်းတချို့ရထားတယ် အဲဒါကြောင့် သူတို့က သတ္တုရိုင်းအစည်းအဝေးလုပ်ပြီး လူတွေကိုဝင်ပါဖို့ ဖိတ်ထားတယ်” ဟော်ကျန့်ကျန်း ဆက်ပြောလေသည် “ငါတို့ ဝင်ပါလိုက်ရင် မသေလူတွေက သူတို့နဲ့ ပတ်သတ်နေတယ်လားဆိုတာကို အတည်ပြုဖို့ အခွင့်အရေးကောင်းပဲ”
“ဦးလေးဟော် ဦးလေးတို့ စုံစမ်းနေတုန်းမှာ မသေလူတွေအကြောင်းကို စုံစမ်းနေတာ တခြားသူတွေရှိသေးလား” ရှီမာယူယူ မေးလိုက်သည်။
“ရှိတယ် တခြားအင်အားစုတေါလည်း စုံစမ်းနေကြတယ် သူတို့နှစ်ဂိုဏ်း လုံးက အားကောင်းကြတယ် ပြီးတော့ တစ်ခါတစ်ခါလည်း သတင်းပို့ပေးတယ်” ဟော်ကျန့်ကျန်းသည် ထိုအကြောင်းပြောရာတွင် စိတ်မအေးလှပေ။
“ဘယ်သူတွေလဲဆိုတာကို သိပြီထင်တယ်” ရှီမာယူယူသည် ရွှမ်ချုံးဟော် ကိုတွေးမိပြီး နှုတ်ခမ်းများသည် ကွေးတက်ကာ အပြုံးဖြစ်သွားလေသည်။
သူမ မသေလူများအကြောင်း ပြောပြလိုက်သည်နှင့် သူ လူလွှတ်ပြီး စုံစမ်း ခိုင်းမည်ဟု သူမ ထင်မထားပေ။
တခြားပိုအားကောင်းသော မျိုးနွယ်မှာ တုန်လိုင်မျိုးနွယ်ဖြစ်နိုင်သည်။
ရွှမ်ချုံးမျိုးနွယ်နှင့် တုန်လိုင်မျိုးနွယ်တို့ ထိုအကြောင်းသိသည်နှင့် တုန်လိုင်မျိုးနွယ်သည် လွတ်သွားသည့်အရာ မရှိလိုသဖြင့် လူလွှတ်ပြီးစုံစမ်းခဲ့ သည်။
“ယန်းမျိုးနွယ်က သူတို့ကို စုံစမ်းနေတဲ့လူရှိတာ မှန်းမိတယ်ထင်တယ်၊ ဒီ တစ်ခေါက်ကို စုဝေးဖို့ခေါ်ရဲတာ မကောင်းတဲ့အကြံတစ်ခုခုရှိလို့ဖြစ်မယ်” ရှီမာယူယူအတွက် ရယ်စရာတစ်ခုလိုပင်။
“ယန်းမျိုးနွယ်က တစ်ခုခုကြံစည်နေတာဖြစ်မယ်၊ အဲဒါကြောင့် မင်းသွား ချင်လားလို့ လာမေးတာ၊ မင်းက မသေလူတွေနဲ့ပတ်သတ်ပြီး အာရုံခံပါးတယ် လေ အဲဒါကြောင့် မင်းလာရင် ကောင်းသွားမှာ ဒါပေမဲ့ အန္တရာယ်များတဲ့ ခရီး စဉ်ဖြစ်လိမ့်မယ် အဲဒါကြောင့် မင်းမသွားချင်လည်း ကိစ္စမရှိဘူး”
“စဉ်းစားကြည့်ဦးမယ်” ရှီမာယူယူသည် အဖြေပြန်မပေးပေ။
ဝူလင်းယူ သူမနှင့်အတူမရှိလျှင် သူမအားအင်သည် မသန်မာလှပေ။ ယန်းမျိုးနွယ်မှ ဖိတ်ထားသော အင်အားစုများသည် သန်မာသူများဖြစ်မည်။ တစ်စုံတစ်ရာ ရှုပ်ထွေးလာပါက သူမ လုံခြုံရေးမှာ ဘေးသင့်နိုင်သည်။
သူမသည် ဖခင်ဖြစ်သူနှင့် ဆွေးနွေးရန်လိုသေးသည်။
“ငါတို့ မသွားခင် အချိန်နှစ်ရက်ရသေးတယ် အချိန်ယူပြီးစဉ်းစားပါ”
ဆိုလိုသည်မှာ သူမအတွက် အချိန်နှစ်ရက်ရသည်။ သူမ သူတို့နှင့် မလိုက်လျှင် ကိုယ့်ဘာသာသွားရမည်။
သူတို့ ထွက်မသွားခင်တွင် စူးလျိုနျန်သည် သူမလက်ကိုပုတ်ပြီး ပြော လိုက်သည် “အဒေါ်ကတော့ သမီးကို မသွားစေချင်ဘူး အဲဒီမှာအန္တရာယ်များ တယ်”
“ကျွန်မစဉ်းစားကြည့်လိုက်ပါမယ်” ရှီမာယူယူသည် စူးလျိုနျန်ကို ပြုံးပြ လိုက်သည်။
“အခုတော့ သွားလိုက်ဦးမယ်”
သူတို့သည် အပြင်မှ တည်းခိုဆောင်တွင် တည်းနေခြင်းဖြစ်သည်။ နောက်နှစ်ရက်နေလို့မှ ရှီမာယူယူ သူတို့ကိုလာရှာလျှင် သူတို့နှင့်အတူသွားမည် ဟုဆိုလိုသည်။
ရှီမာယူယူပြန်လာချိန်တွင် ရှီမာမျိုးနွယ်၏ ဆွေးနွေးပွဲပြီးသွားသည်။ သူမသည် ရှီမာကျိယွင်ကိုသွားရှာကာ ဟော်ကျန့်ကျန်းတို့လာရသည့် အကြောင်းအရင်းကို ပြောပြလိုက်သည်။
“ဘိုးဘိုးကြီး သမီးဦးလေးဟော်တို့နဲ့ သွားသင့်လား” သူမ မေးလိုက်သည်။
“သမီးက သွားချင်လို့လား” ရှီမာကျိယွင်သည် မေးခွန်းနှင့်ပြန်ဖြေသည်။
“သမီးသွားပြီးကြည့်ချင်တယ်၊ ဒါပေမဲ့ အဲဒီမှာက အားကောင်းတဲ့လူတွေ အရမ်းများမှာ သမီးထွက်သွားလိုက်ရင် အန္တရာယ်များနိုင်တယ်” သူမသည် ရှီမာအိမ်တော်တွင် သုံးနှစ်ကြာအောင်နေထိုင်ခဲ့သည်။ သို့သော် တကယ်တော့ သူမသည် ဝိညာဉ်စေတီအတွင်းသာ တစ်ချိန်လုံးရှိနေခြင်းဖြစ်သည်။ သူမ အပြင်ထွက်ပြီး အတွေ့အကြုံတချို့လိုချင်သေးသည်။
***