အခန်း (၈၂)
Vol. 7 Ch. 82
ဒီရှိုးအတွက် သူတို့နဲ့အတူ ရိုက်ကူးမယ့် လူနာတွေကို ထုတ်လုပ်ရေးအဖွဲ့နဲ့ ဆေးရုံက အထူးတလည် ရွေးချယ်ထားသည်။ တစ်ယောက်ချင်းစီသည် အရမ်းပုံမှန်ဖြစ်ပြီး အချို့မှာတော့ အရမ်းရှားပါးတဲ့ရောဂါတွေဖြစ်သည်။
သူတို့လို အလုပ်သင်တွေအတွက်၊ ဒီဟာက တစ်သက်မှာ တစ်ကြိမ်သာရတဲ့ အခွင့်အရေးဖြစ်သည်။
သေချာပေါက်ကို၊ ဒါကိုလည်း လူနာတွေရဲ့ သဘောတူညီချက်နဲ့ လုပ်ခဲ့တာဖြစ်သည်။ အမှန်တကယ်တော့ ထုတ်လုပ်ရေးအဖွဲ့က ရှာတွေ့ထားတဲ့ လူနာတွေဟာ အနယ်နယ် အရပ်ရပ်က အများအပြားပင်။
"အလုပ်သင်ဆင်းရတာ ဘယ်လိုနေလဲ?" ကျန်းဖန်က မေးလာသည်။
သူက ဒီရှိုးအကြောင်းမေးတာမဟုတ်ဘဲ ပြီးခဲ့တဲ့နှစ်က သူမရဲ့ ပဉ္စမနှစ် အလုပ်သင်အကြောင်းကို မေးနေမှန်း စုန့်အာ့နန် သိသည်။
စုန့်အာ့နန် - "အရမ်းကောင်းတယ်၊ စီနီယာအစ်ကိုကျန်းရော ဘယ်လိုလဲ?"
"မဆိုးပါဘူး" ကျန်းဖန်က ပြုံးကာ ပြန်ဖြေလိုက်သည်။ "သွားရင်းနဲ့ စကားပြောကြတာပေါ့"
စုန့်အာ့နန်လည်း ခေါင်းညိတ်လိုက်သည်။
တိုင်ပင်ဆွေးနွေးတာပြီးသွားတဲ့အတွက် အခု လူနာကို ကြည့်ဖို့ ဆရာဝန်နဲ့အတူတူ လူနာခန်းဆီလိုက်ရမည်ဖြစ်သည်။
ဒီကိစ္စဟာ အာရုံကြောခွဲစိတ်မှုနဲ့ နှလုံးသွေးကြောဆိုင်ရာ ပေါင်းစပ်မှုတစ်ခုဖြစ်တာကြောင့် အလုပ်သင်အဖွဲ့နှစ်ဖွဲ့က အတူတကွ သင်ယူကြရမည်ဖြစ်သည်။
သူတို့နှစ်ယောက်က လမ်းလျှောက်လာရင်းနဲ့ စကားစမြည်ပြောနေကြသည်။
သူတို့နှစ်ယောက်ဟာ အစစအရာရာမှာ ဆက်ဆံရေး ကောင်းပြီး၊ ကျောင်းသားသမဂ္ဂမှာရော၊ ဆေးကျောင်းတက်တာ ရောက တူတာကြောင့် သဘာဝအလျောက်ကိုဘဲ ပြောစရာတွေအများကြီးရှိသည်။
အထူးသဖြင့် နိုင်ငံရပ်ခြား ဓာတ်ခွဲခန်းကို ကျန်းဖန်က လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က သွားခဲ့ရတာဖြစ်သည်။ စုန့်အာ့နန် က အဲဒါကို တော်တော်လေး စိတ်ဝင်စားနေသည်။
နှစ်ယောက်သားရဲ့ တုံ့ပြန်မှုက အရမ်းသဘာဝကျသည်။ အဝေးကကြည့်ရင် သူတို့နှစ်ယောက်ဟာ အရည်အချင်းရှိတဲ့ ပညာရှင်နဲ့ အလှလေးနဲ့တောင် ခပ်ဆင်ဆင်တူသည်။
[aw aw aw ငါ့ရဲ့ စုံတွဲတွေကို ship လာတဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ၊ ကျန်းဖန် ငါတို့အန်တီလေးကို ကြည့်တဲ့ပုံက ဘာမှမရှိသလို အပြစ်ကင်းတယ်!]
[အိုး ကျေးဇူးပြုပြီးတော့၊ နင်တို့ရဲ့ စုံတွဲ shipperဖန် တွေရဲ့မျက်လုံးထဲမှာ ဘယ်သူကများ အပြစ်ကင်းစင်တဲ့ပုံပေါက်နေလို့လဲ?]
[သတိပေးချက်၊ ငါတို့ အန်တီလေးကို ကြုံရာလိုက်မ ship ကြနဲ့၊ မဟုတ်ရင်တော့ လင်းချွမ်ရဲ့ မီတာ ၈၀၀ ရှည်တဲ့ဓားကို သတိထားတော့]
[ဟား၊ ငါတို့ လင်းချွမ်ကိုတောင် လိုသေးလို့လား? ဖေးခွမ်ရဲ့ အမူအရာကို အခုပဲ ကြည့်လိုက်ကြပါဦး!]
[ဖေးခွမ် - မင်းတို့တွေ ငါသေသွားပြီလို့ထင်နေတာလား?!]
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ မှတ်ချက်တွေနဲ့ ပြည့်နှက်နေသည်။
ဒါပေမယ့် လေ့လာရေးအဖွဲ့ထဲမှာတော့ အားလုံးက အလုပ်ရှုပ်နေကြသည်။
ကျန်းဖန်ပေါ်လာတော့ သူက ကလပ်မှာတွေ့ခဲ့တဲ့ ကောင်လေးဖြစ်မှန်း ဖေးခွမ် မှတ်မိလိုက်သည်။
အတွေးအပြည့်နဲ့ အကြည့်တွေနဲ့ သူက စခရင်ပေါ်က လူနှစ်ယောက်ကို ကြည့်လိုက်သည်။
[အလုပ်သင်အသစ်က ကျန်းဖန်လို့ခေါ်တယ်တဲ့။ သူ့နာမည်က အနုပညာဆန်ပြီး တော့ လူကလည်းတော်တော်ချောတာဘဲ]
[စုန့်အာ့နန်က သူ့ကိုစီနီယာအစ်ကိုလို့ ခေါ်တယ်။ နှစ်ယောက်သား တော်တော်ရင်းနှီးတဲ့ပုံဘဲ]
[သူ့ရဲ့ မိတ်ဆက်အကြောင်းအရာကို ငါဖတ်ဖူးတယ်။ သူက B တက္ကသိုလ်က (၈)နှစ် ဆေးကျောင်းသားဘဲ၊ ဒါပေမယ့် အန်တီလေးထက် အတန်းနည်းနည်းကြီးတယ်၊ ဒီနှစ်မှာ PhD ရထားတယ်]
[အခြားဟာတွေထက် သူတို့နှစ်ယောက် အတူရပ်နေတဲ့ပုံကို ကြည့်လိုက်ရုံနဲ့ တကယ်လိုက်ဖက်တာဘဲ။ သူတို့နှစ်ယောက်က အဖြူရောင်ကုတ်ဝတ်ထားတော့ စုံတွဲဝတ်စုံနဲ့တောင်တူနေတယ်]
[အင်း၊ ငါလည်း ဒီလိုဘဲ ပြောတော့မလို့! သူတို့CP အတွက် ship မယ့်နာမည်ကိုတောင် စဉ်းစားထားပြီးပြီ၊ သူတို့ကို....]
ဒါကတော့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက သူတို့ကို ship နေကြတာဖြစ်သည်။ လေ့လာရေးအဖွဲ့က ဧည့်သည်တွေလည်း အဲ့ဒီလိုဘဲ ထင်မြင်ကြပြီး လေထုဟာလည်း တက်ကြွနေသည်။
စုန့်အာ့နန်နဲ့ ကျန်းဖန်တို့ဟာ အတော်လေးကို ဓာတုဗေဒမိတဲ့ CP ဖြစ်ကြောင်းတညီတညွတ်တည်းသဘောတူကြသည်။
host က ဖေးခွမ်ကို လှည့်ကြည့်ကာ မေးလိုက်သည်။ "ဆရာဖေးရော၊ ဘယ်လိုထင်လဲ?"
လူတိုင်းက ဒရာမာတချို့အတွက် စိတ်အားထက်သန်နေပုံပေါ်ပြီး မျှော်လင့်တကြီးကြည့်နေကြသည်။
ဖေးခွမ်က သူ့အကြည့်ကို စခရင်ဆီကနေ ခွာလိုက်ပြီး သူ့နှုတ်ခမ်းထောင့်က နည်းနည်းကွေးတက်သွားကာ "ကျွန်တော်ကတော့..."
"သိပ်မလိုက်ဘူးလို့ ထင်တယ်"
လူတိုင်း - "???"
[ဟားဟား၊ ဖေးခွမ်ရဲ့ မကောင်းတဲ့ ယောက္ခမအမူအရာက အရမ်းပြီးပြည့်စုံတယ်]
[ဖေးခွမ် - လာမမေးနဲ့ အဖြေကတော့ သဘောမတူဘူးဘဲ!]
[သေအောင်ရယ်နေရတယ်၊ တစ်ယောက်ယောက်ကတော့ မနာလိုဖြစ်နေတယ်၊ ဒါပေမယ့် ဘယ်သူလဲဆိုတာတော့ ငါမပြောဘူး]
[…]!
ဖေးခွမ်ရဲ့"သိပ်မလိုက်ဘူး" ဆိုတာက နေရာတစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။
လေ့လာရေးအဖွဲ့က သူ့ကို ရွှတ်နောက်နောက်ကြည့်ကာ အားလုံးက ဒီအခြေအနေကနေ သူဘယ်လို ရုန်းထွက်မလဲဆိုတာ စောင့်မျှော်နေကြသည်
ယခင်နှစ်တွေနဲ့ ယှဉ်ပါက ဖေးခွမ်နဲ့ စုန့်အာ့နန် တို့အပေါ်အင်တာနက်အသုံးပြုသူတွေရဲ့ တုံ့ပြန်မှုဟာ ဒီတစ်ခေါက်ရှိုး ထွက်လာပြီးတဲ့နောက်မှာ အရမ်းကွာခြားသွားသည်။
ယခင်က စုန့်အာ့နန် အသက်မပြည့်သေးတာကြောင့်၊ စုန့်လင်းချွမ်နဲ့ ကြားထဲကနေ “အချစ်ခံရတဲ့ပြိုင်ပွဲ” တွေနဲ့အတူ လူအများစုက သူတို့ကို အပြင်ပိုင်းမှာ "တူဝရီး" ဆက်ဆံရေးအနေနဲ့ဘဲ စနောက်ခဲ့ကြသည်။
သို့ပေမယ့် တိတ်တဆိတ်နဲ့ သူတို့ cp ကို ship တဲ့သူ အနည်းငယ်တော့ရှိသည်။
သူတို့နှစ်ယောက်မှာ အန်ရှင်း ဖေးပန်လို့ခေါ်တဲ့ cp နာမည်တောင်ရှိသည်။
နောက်ပိုင်းရှိုးပြီးသွားတော့ စုန့်အာ့နန်က လူတိုင်းရဲ့အမြင်ကနေ ပျောက်ကွယ်သွားတဲ့အခါ သူတို့နှစ်ယောက်အတူတကွ ပေါ်လာဖို့ အခွင့်အရေးတွေ အများကြီးမရှိတော့တာကြောင့် ဒီ cp ဖန်တွေက တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ကြသည်။
ဒါပေမယ့် ဒီလိုနေ့လိုမျိုး၊ နှစ်နှစ်လောက်ပြီးသွားတဲ့နောက်မှာတော့ ရှိုးတစ်ခုထဲမှာ အတူတူထပ်ပေါ်လာလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ? ဒါက cp ဖန်တွေအတွက်တော့ ပွဲတော်တစ်ခုပင်။
အရင်က သူတို့ကို တိတ်တိတ်လေး ship ခဲ့ရတာနဲ့ယှဉ်ရင် ဒီတစ်ခါတော့ သူတို့ဟာ ကြိုးကလွတ်သွားတဲ့ မြင်းရိုင်းတွေလိုပင်၊ အရင်ကလို စိတ်ပျက်စရာတွေအားလုံးကို ချေမှုန်းပစ်ဖို့ ကြိုးစားနေသလိုမျိုး နေရာတိုင်းအနှံ့ ပြေးလွှားနေကြသည်။
ရှိုးစ ထုတ်လွှင့်ချိန်မှစပြီး အန်ရှင်း ဖေးပန် cp ဟာ အဆိုပါ cp ပရိသတ်များ မည်မျှ စိတ်အားထက်သန်မှုရှိကြောင်း ပြသနေတဲ့အတိုင်း အကြိမ်ပေါင်းများစွာ ရှာဖွေမှုတွင် ထိပ်ဆုံးမှ ဦးဆောင်ခဲ့သည်။
ဒါကြောင့် ဒီအချိန်အတွင်းမှာပဲ ဆိုက်က စောင့်ကြည့်ရေးအဖွဲ့ပဲ ဖြစ်ဖြစ်၊ အွန်လိုင်းပရိသတ်ပဲဖြစ်ဖြစ်၊ လူတိုင်းက စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေတတ်ကြသည်။
သို့သော်လည်း ဖေးခွမ်က သူ့အပြောအဆိုနဲ့ အပြုအမူတွေက အမြဲသတိရှိနေခဲ့တာကြောင့် ယခုတစ်ခေါက် တစ်စုံတစ်ရာ အရိပ်အယောင်ပေါ်လာတာကြောင့် လူတိုင်းက ဒါကို ဘယ်လိုနည်းနဲ့ လွယ်လွယ်ကူကူ လွှတ်ထားပေးနိုင်ပါ့မလဲ?
ထို့ကြောင့် လူအုပ်ကြီးရဲ့ မျှော်လင့်နေတဲ့ အကြည့်တွေအောက်မှာ ဖေးခွမ်က ပခုံးတွန့်လိုက်ပြီး ပြတ်ပြတ်သားသား ပြောလာသည်။ "ဒါက လုပ်ငန်းခွင် variety show တစ်ခုလေ။ ကျွန်တော်တို့အနေနဲ ဒီရှိုးကိုဘဲ ပိုအာရုံစိုက်သင့်တယ်"
"အားလုံးကို ship နေရင် ခင်ဗျားတို့တွေဘဲ ဒုက္ခရောက်လိမ့်မယ်"
လူအုပ် - "..."
[အိုး... ဖေးခွမ်က သွယ်ဝိုက်ပြောနေတယ်လို့ ငါဘာလို့များခံစားနေရတာပါလိမ့်]
[ဒါကို အရင်ရှင်းပါရစေ၊ငါတို့က အားလုံးကို မshipပါဘူး၊ အန်ရှင်း ဖေးပန်ကိုပဲ shipတာပါ]
[ဝါးးး ငါဂရုမစိုက်ဘူး၊ ဘယ်သူက ဘယ်လိုပဲပြောပြော၊ သူက သဝန်တိုနေတာဘဲ!]
[ပြောရရင် ဖေးခွမ်က အဲဒါကို ရှင်းရှင်းလင်းလင်း ပြထားပြီးသားဆိုပေမယ့် အချိုအပိုင်းအစလေးတောင် မရှိသေးဘူး။ နင်တို့ cp ဖန်တွေက ဆက် ship နေနိုင်တုန်းလား?]
[ဘာအချိုမှမရှိလည်း အဆင်ပြေတယ်၊ ငါတို့ရဲ့ [အန်ရှင်း ဖေးပန် cp] ရဲ့အဓိကဆွဲဆောင်မှုက ခက်ခက်ခဲခဲ shipတာဘဲ!]
[မှန်တယ်၊ အရင်က အန်တီလေးက အသက်မပြည့်သေးပေမယ့်ငါတို့က သူတို့ကို တိတ်တိတ်လေး shipဖို့ သတ္တိရှိနေတုန်းဘဲ။ အခုတော့ ငါတို့တွေ ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း လုပ်လာနိုင်ပြီဆိုတော့ ငါတို့ကြောက်နေမယ်များထင်လား?]
-
စုန့်အာ့နန်ဘက်မှာတော့ သူမရဲ့ အသိမိတ်ဆွေ ကျန်းဖန် နဲ့ တွေ့ခွင့်ရလို့ အရမ်းပျော်နေသည်။ ဦးနှောက်သွေးကြောပေါက်ခြင်းဖြစ်တယ်လို့ မှတ်ယူထားတဲ့ သူတို့ရဲ့လူနာအသစ်ကို စစ်ဆေးပြီးတဲ့နောက် နှလုံးမှာအကျိအချွဲအရည်များ ရှိနေကြောင်း တွေ့လိုက်ရသည်။
တိုင်ပင်ဆွေးနွေးမှုပြီးဆုံးသွားပြီးနောက် ပါဝင်တဲ့ ဆရာဝန်မှ အာရုံကြောခွဲစိတ်ကုသရေးနှင့် နှလုံးရောဂါဆိုင်ရာကုသရေးဌာနများမှ အလုပ်သင်များအားလုံးကို စုစည်းကာ ဒီကိစ္စကို အတူတကွ လေ့လာနိုင်ဖို့ ခေါ်လိုက်သည်။
ဒါကြောင့် ဒီလူနာကို တာဝန်ယူရတဲ့ အတောတွင်းမှာ စုန့်အာ့နန်နဲ့ ကျန်းဖန်တို့ဟာလည်းဘဲ တစ်ဌာနတည်းမှမဟုတ်ကြပေမယ့် မကြာခဏဆိုသလို အချင်းချင်း တွေ့နေရဆဲဖြစ်သည်။
ပထမတော့ လူတွေက စုန့်အာ့နန်နဲ့ ကျန်းဖန်မှာ cp ရှိတယ် လို့ ပြောတဲ့အခါ အများအားဖြင့် စနောက်ကြရုံသာ ဖြစ်သည်။ ဒါပေမယ့် သူတို့နှစ်ယောက် ပိုပိုပြီး ထိတွေ့ဆက်ဆံလာတဲ့အခါ လူအနည်းစုက သူတို့ကို တကယ့်စိတ်ရင်းနဲ့ ship လာကြတော့သည်။
နှစ်ယောက်စလုံးက IQ မြင့်တဲ့ ထိပ်တန်းရမှတ်ရထားကြတဲ့သူတွေဖြစ်မှန်း သံသယဖြစ်စရာမရှိပေ။ သူတို့ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကလည်း ထူးထူးခြားခြားပင်။ သူတို့ကြည့်ရတာ အရမ်းလိုက်ဖက်သည်။
နှစ်ယောက်စလုံးက စကားသိပ်မပြောဘဲ တိတ်ဆိတ်နေတတ်ကြပြီး သူတို့နှစ်ယောက်ရဲ့ နာမည်တွေဟာလည်း တိတ်ဆိတ်ခြင်းလို့ အဓိပ္ပာယ်ရတဲ့ "အန်ကျင်း" လို့ အသံထွက်တာကြောင့် အင်တာနက်သုံးစွဲသူတွေက သူတို့ရဲ့ cp ကို တိတ်ဆိတ်တဲ့ cp လို့ နာမည်ပေးလိုက်ကြသည်။
သေချာပေါက်ကို၊ ဖေးခွမ်ပြောသလိုဘဲ ဒါက variety show ရိုက်ကူးနေတာဖြစ်တဲ့အတွက် ရှိုးကိုဘဲ ပိုပြီးအာရုံစိုက်ကြသည်။
ဒါကြောင့်၊ [တိတ်ဆိတ်တဲ့ cp]ကို ship ကြတဲ့သူတွေဟာလည်း တကယ်တော့ အဲ့ဒီလောက် သိပ်မများပါချေ။ အများစုမှာ သူတို့နှစ်ယောက် အတူတကွ ဖန်သားပြင်ပေါ်မှာ ပေါ်လာတဲ့အခါမှ တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် အကြိမ်အနည်းငယ်လောက်သာ အားပေးကြသည်ဖြစ်သည်။
ဆိုက်တစ်ခုရှိ ကျွမ်းကျင်သော shipper တစ်ယောက်ဖြစ်တဲ့ [တိတ်ဆိတ်တဲ့ cp]ရဲ့ ပိုင်ရှင်ဟာ mashup ဗီဒီယိုကို ပြုလုပ်ခဲ့ပြီး အနည်းငယ် ပျံ့နှံ့သွားကာ ချက်ချင်းဘဲ လူကြိုက်မများလာခင်အထိဘဲဖြစ်သည်။
#[တိတ်ဆိတ်တဲ့ cp] ထိပ်တန်းဆေးတက္ကသိုလ် အမြွှာဉာဏ်ကြီးရှင်၊ ညီမျှလိုက်ဖက်တဲ့အချစ်က shipဖို့အကောင်းဆုံးဘဲ#
ဗီဒီယိုဖော်ပြချက်တွင် - [တိတ်ဆိတ်တဲ့cp] ကို အထူးအကြံပြုလိုပါတယ်! ! ! ဉာဏအချစ်ရဲ့ အကြွင်းမဲ့အထွတ်အထိပ်ဖြစ်တြဲ ဆေးဘက်ဆိုင်ရာBတက္ကသိုလ်ရဲ့ အကြီးမားဆုံး ကျောင်းဝင်းဆည်းလည်းနှစ်ခုရဲ့ တွေ့ဆုံမှု!
ဗီဒီယိုက မရှည်ပေ၊ မိနစ်အနည်းငယ်လောက်ဘဲကြာသည်။ စုန့်အာ့နန်နဲ့ ကျန်းဖန်တို့ရဲ့ နောက်ခံသမိုင်းကြောင်းတွေနဲ့ ကိုယ်ရေးအကျဉ်းတွေကို မိတ်ဆက်ကာ စတင်ထားပြီး နောက်ထပ်သူတို့ရဲ့ ပါရမီကို နှစ်ထပ်ကွမ်းထည့်ကာ အစမှာ အပြည့်အ၀ ထည့်ထားပြီး ဆွဲခေါ်သွားသည်။
နောက်တော့ ရှိုးက သူတို့ရဲ့ သက်ဆိုင်ရာ လုပ်ဆောင်မှုတွေ၊ မတူညီတဲ့ နေရာမှာ ပါဝင်တဲ့ ဆရာဝန်တွေဆီကနေ ကျပန်းမေးခွန်းတွေကို ချောမွေ့စွာနဲ့ သူတို့ရဲ့ထိပ်တန်းရောင်ဝါကို ဖုံးကွယ်လို့မရနိုင်စွာ တည်တည်ငြိမ်ငြိမ်နဲ့ ဖြေကြားပုံတွေပါ ပါသည်။
နောက်ဆုံးအပိုင်းမှာတော့ ပို့စ်တင်တဲ့သူက အလှည့်အပြောင်းခုပ်ပြီး စခရင်ပေါ်က သူတို့ရဲ့ မြင်ကွင်းအချို့ကို အတူတကွဖြစ်အောင် တည်းဖြတ်ခဲ့သည်။
တိုင်ပင်ဆွေးနွေးခန်းထဲက သူတို့ရဲ့ပထမဆုံးအကြည့်ဆုံတာ၊ ဘေးချင်းကပ်ရပ် ခေါင်းချင်းဆိုင်ကာ wardထဲမှာ ဆေးမှတ်တမ်းတွေကို ကြည့်တာ....
တိုက်ရိုက်ထုတ်လွှင့်မှုက ဒီလိုမူ သာမန်အခိုက်အတန့်တွေကို ဒီပို့စ်ပိုင်ရှင်က သီချင်းတွေ filter တွေနဲ့ တည်းဖြတ်ပြီး လေထုကို ချက်ချင်းချဲ့ထွင်လိုက်သည်။
ပို့စ်ပိုင်ရှင်က cp ဖန်တွေကိုတကယ်ဘဲ ဘယ်လိုကတုန်ကယင်ဖြစ်အောင် လုပ်ရမလဲဆိုတာ နားလည်တယ်လို့ပြောနိုင်သည်။ ဒီလိုရိုးရှင်းတဲ့ဗီဒီယိုတစ်ခုက အဖွဲ့တစ်ဖွဲ့ကို တွင်းထဲချက်ချင်းဆွဲခေါ်လိုက်သည်။
[အားးး ဒါက ကျောင်းတွင်းဝတ္ထုကို တကယ့်လက်တွေ့ဆီခေါ်လာသလိုဘဲ! ဒါက ဘာရှိုးလဲဆိုတာ ငါ့ကို မြန်မြန်ပြောပြကြပါ! ငါလည်းshipချင်တယ်!]
[အပေါ်ထပ်က ညီအစ်မရေ၊ "ကြိုးစားထား! အလုပ်ခွင်မှ လူသစ်များ" က နင့်ကိုစောင့်နေတယ်!]
[OMG၊ ဒါက အလုပ်ခွင် variety show လား?!]
[ကယ်ပါဦး! ငါ့ကို တစ်နေ့ထဲမှာဘဲ လုပ်ငန်းခွင် variety show ကြည့်ပြီး cp shipတဲ့အဆင့်အထိ ရောက်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ?!]
[သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ရုံနဲ့ တခြားသူက သပ်သပ်လုပ်ထားမှန်းသိ နေတာကို၊ ဒါက ဘယ်လိုဖြစ်လို့ ship ချင်စရာကောင်းနိုင်ရမှာလဲ?!]
[ဘုရားရေ! အဲဒါတွေကို တည်းဖြတ်ထားတဲ့ စူပါပို့စ်ပိုင်ရှင်ကြောင့်သာ မဟုတ်ရင် ဒီအသေးစိတ်အချက်လေးတွေကို လုံးဝသတိထားမိမှာမဟုတ်ဘူး!]
[ဒီတလော ငါလည်း ဥာဏ်ရည်ထက်မြက်တဲ့ အချစ်ကို တွေ့ဖူးတယ်။ ဒီလို ကြည့်ကောင်းပြီး B ဆေးတက္ကသိုလ် ရဲ့ထိပ်တန်း အမှတ်အများဆုံးသူတွေဘဲ၊ မဟုတ်ဘူး၊ ငါ သူတို့ကို အရင်ဆုံး အရိုအသေပေးရမယ်]
[ခဏနေဦး ခဏနေဦး! ဒီဟာက လင်းချွမ်ရဲ့ အန်တီလေးစုန့်အာ့နန် မဟုတ်ဘူးလား? သူ့အန်တီလေးကို လာခေါ်ဖို့ စုန့်လင်းချွမ်ကို အွန်လိုင်းပေါ် ခေါ်လိုက်မယ်~]
...
အဆိုပါဆိုက်မှာ လူကြိုက်များမှုအချို့ရပြီးတဲ့နောက်၊ ဒ္ဗီဒီယိုကို စျေးကွက်ရှာဖွေရေးအကောင့်တစ်ခုမှ Weibo မှာ တိုက်ရိုက်ပြန်တင်ခဲ့သည်။
နောက်တော့ တိုတောင်းလှတဲ့ နံနက်ခင်းပြီးတဲ့နောက်မှာ၊ တကယ်ဘဲ hot search ဆီတက်လာတော့သည်။
နေ့ခင်းဘက်မှာ အလုပ်သင်တွေက နေ့လည်စာစားဖို့ အတူတကွစုရုံးနေကြသည်။ သေချာပေါက်ကို သူတို့လည်း Weibo ကြည့်ဖို့ အွန်လိုင်းပေါ်သွားပါလိမ့်မယ်။
တိတ်ဆိတ်တဲ့ cpရဲ့ hot search ကိုမြင်လိုက်ရတဲ့အခါမှာတော့ လူတိုင်းက cp ကို shipဖို့ ဝိုင်းဖွဲ့စုရုံးလာကြတာနဲ့အမျှ နားနေခန်းဟာလည်း ချက်ချင်းဘဲ အသက်ဝင်လာသည်။
[ဟားဟား၊ လူတိုင်းက အတင်းအဖျင်းတွေ ကြိုက်ကြတာဘဲ ဟမ်]
[ဝါးးး ငါ့လိုလာမလုပ်နဲ့!]
[ဒါက ပုံမှန်ပါပဲ၊ ငါနဲ့ ငါ့လုပ်ဖော်ကိုင်ဖက်တွေလည်း အတူတူစားရင်းနဲ့ cp ship ပေးတတ်တယ်]
အားလုံး ဝိုင်းအုံနေကြတုန်းမှာ စုန့်အာ့နန်နဲ့ ကျန်းဖန်တို့က နားနေခန်းတံခါးကို တွန်းဖွင့်ကာ ဝင်လာကြသည်။
စောစောက ဆရာက တစ်ခုခုအတွက် သူတို့ကိုလှမ်းလိုက်တာကြောင့် သူတို့ဆင်းလာတာ နည်းနည်းနောက်ကျသွားသည်။
သူတို့နှစ်ယောက် ဝင်လာတာကိုမြင်တော့ လူတိုင်းက ပါးစပ်ကို ပိတ်လိုက်ကြပြီး ခေါင်းကို ထမင်းပန်းကန်ထဲ နှစ်လိုက်ကြသည်။
ဒါပေမယ့် သိချင်လွန်းတာကြောင့် လူတိုင်းက သူတို့နှစ်ယောက်ကို တစ်ခါတစ်ခါ ခိုးခိုးကြည့်နေကြသည်။
[ဟားဟား၊ လူတိုင်းက အရမ်း သတိထားနေကြတာဘဲ၊ တိတ်တိတ်လေးဘဲ shipကြပြီး တကယ့်လူအရှေ့မှာတော့ မလုပ်ရဲကြဘူး]
[တကယ်တော့ လူတိုင်းက မေးချင်ပေမယ့် မမေးရဲတာ ရယ်စရာကောင်းလိုက်တာ]
စုန့်အာ့နန်နဲ့ ကျန်းဖန်တို့မှာ လူတိုင်းရဲ့ တုံ့ပြန်မှုကြောင့် နည်းနည်းနားမလည်ဖြစ်ရပေမယ့် သိပ်ပြီးတော့ အများကြီးမစဉ်းစားလိုက်ပေ။
ကျန်းဖန်က ပရိုဂရမ်အဖွဲ့မှ ပြင်ဆင်ထားတဲ့ ထမင်းဘူးတွေကို သွားယူဖို့ ဘေးကိုသွားလိုက်ပြီး စုန့်အာ့နန်အတွက်ပါ တစ်ဘူးယူလာလိုက်သည်။ နောက်တော့ နှစ်ယောက်သား စားသောက်နေတုန်းမှာ ကိစ္စတစ်ခုကို ဆွေးနွေးကြသည်။
အားလုံးက သဘောကျမှုအပြည့်နဲ့ အကြည့်ချင်းဖလှယ်ကြတယ်။
အဲ့ဒီအချိန်မှာ၊ လူတိုင်းက တဖြည်းဖြည်းနဲ့ အသားကျလာသည် - စုန့်အာ့နန်နဲ့ ကျန်းဖန်တို့ အတူတူရှိတဲ့အခါတိုင်း အခြေခံအားဖြင့် ဆေးဘက်ဆိုင်ရာ ကိစ္စ အမျိုးမျိုးကို ဆွေးနွေးကြလိမ့်မည်ဖြစ်သည်။
လူတိုင်းမှာ ဗီဒီယိုထဲက အဲ့ဒီစာကြောင်းကို မနေနိုင်ဘဲ တွေးမိလိုက်ကြသည်။ သူတို့က တကယ်ကိုဘဲ ဥာဏ်ရည်ထက်မြက်တဲ့ အချစ်ဘဲ!
ဒါပေမယ့် သူတို့နှစ်ယောက်က တကယ်ကို ကြည့်ကောင်းကြတာကိုတော့ ဝန်ခံရမည်။ အပြန်အလှန် ဆွေးနွေးကြရင်းနဲ့ အားလုံးကို တဖြည်းဖြည်းနဲ့ ဆွဲဆောင်လာကြသည်။
လူတိုင်းသည် အတင်းအဖျင်း ပြောတတ်ပေမယ့်လည်း စာလုပ်ရမယ့် အချိန်တန်တဲ့အခါမှာတော့ အားမလျှော့ဘဲ ဆွေးနွေးမှုတွင် တက်ကြွစွာ ပါဝင်ကြသည်။
မကြာမီ နေ့လည်စာစားချိန် ကုန်သွားတော့ ခဏလောက် စပြီးသွားတဲ့နောက် လူတိုင်းက သူတို့ရဲ့ ဌာနတွေဆီ ပြန်သွားကြသည်။
နှလုံးရောဂါနှင့် အာရုံကြောခွဲစိတ်ကုသရေးဌာနတွေက အထပ်မတူပေ။
မသွားခင် ကျန်းဖန်က စုန့်အာ့နန်ကို ပြောလိုက်သည်။ "အာ့နန်၊ အလုပ်ပြီးရင် အားလား? ဝူမင်နဲ့ တခြားသူတွေလည်း ကိုယ်ပြန်လာတာကို သိသွားကြပြီ၊ အဲ့ဒါ သူတို့က အတူဆုံဖို့ စီစဉ်ထားကြတယ်၊ မင်းရောလာချင်လား?"
စုန့်အာ့နန်က ခဏလောက်စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်သည်။ "တောင်းပန်ပါတယ် စီနီယာအစ်ကို၊ အစ်ကိုတို့ဘဲ သွားကြလေ။ ကျွန်မမှာ ဒီနေ့ အစီအစဉ်ရှိပြီးသားမို့လို့"
[အားးး ကျန်းဖန်က လိုက်ဖို့လုပ်နေတာလား? ! အမြန် ချိန်းတွေ့ကြပါတော့!]
[ဝါးးးး ငါshipတဲ့ cp က တကယ်ဖြစ်လာတော့မှာလား?!]
[စပ်စုတာတော့မဟုတ်ပါဘူး၊ ဒါပေမယ့် အန်တီလေးဘယ်သူနဲ့တွေ့ဖို့ စီစဉ်ထားလဲဆိုတာတော့ သိချင်တယ်]
[သေခါနီးလူတစ်ယောက်ရဲ့တောင်းဆိုမှုပါ၊ ကင်မရာမင်းရေ ကျေးဇူးပြုပြီး အနောက်က လိုက်ရိုက်ပေးပါလား။ အန်တီလေး ဘယ်သူနဲ့ အစီအစဉ်ရှိလဲဆိုတာ သိချင်ပါတယ်!]
[အဲဒါက ဒီတိုင်း ဆင်ခြေများလား? အန်တီလေးက ကျန်းဖန်အပေါ် ဘာရည်ရွယ်ချက်မှ မရှိဘူးလို့ ခံစားရတယ်]