အခန်း (၈၅)
Vol. 7 Ch. 85
"အာ အစ်မထင်နေတာက အန်တီလေး ဆိုလိုချင်တာများလား? ဆိုတော့ အန်တီလေးက ဖေးခွမ်ကို ချောတယ်လို့ ထင်တယ်ပေါ့?" လင်းချီဝမ်က အံ့သြစွာနဲ့ မေးလိုက်သည်။
[သိသာနေတာပဲ၊ မဟုတ်ဘူးလား? လင်းချီဝမ်က နောက်ထပ် ဘယ်သူချောလဲလို့ မေးတော့ စုန့်အာ့နန်က မသိစိတ်ကနေ ဖေးခွမ်ကို ကြည့်လိုက်တယ်လေ။ သူက သူ့ကို အလိုလိုကြည့်လိုက်တာ၊ အလိုအလျောက်ကို ကြည့်လိုက်တာ! အဲ့ဒါက ဘာကိုဆိုလိုလဲဆိုတာ သေချာစဉ်းစား!]
[ဝူးဝူးဝူး၊ အန်တီလေးက ဖေးခွမ်ကို ချောတယ်လို့ထင်တယ်၊ ဒါက ငါ့ကိုသတ်နေတာပဲ!]
[အားလုံးက ဘာလို့ အရမ်းစိတ်လှုပ်ရှားနေကြတာလဲ? ဖေးခွမ် ကိုချောတယ်လို့ အန်တီလေးထင်တာ ပုံမှန်ဘဲမဟုတ်ဘူးလား? သူ့ရုပ်ရည်အရ ဖျော်ဖြေရေးနယ်ပယ်မှာ သူနဲ့ ယှဉ်နိုင်တဲ့ ယောက်ျားလေးတွေေတာင် ရှိနေနိုင်တာဘဲကို]
[ငါနိုင်တယ်၊ ငါတို့နိုင်တယ်! အန်တီလေးက ဖေးခွမ်ကို ရုပ်ချောတယ်လို့ ချီးကျူးပေမယ့် ဟန်မင်အကြောင်းကိုတော့ ဘာမှ မပြောဘူး။ အဲဒါက သက်သေမလုံဘူးလား?]
လင်းချီဝမ်က သူမနဲ့မဆိုင်ပေမယ့် ဒရာမာကို ထုတ်ဖော်ရတာကိုတော့ သဘောကျတယ်ဆိုတာ ထင်ရှားသည်။ သူမက ရယ်မောလိုက်ပြီး ဖေးခွမ်ကို ကြည့်ကာ ပြောလိုက်သည်။ "နားမလည်ချင်ဟန်မဆောင်နေနဲ့ အန်တီလေးက မင်းကိုချောတယ်လို့ ပြောနေတာ"
ဖေးခွမ်မှာ အခုချိန်မှာတော့ သတိပြန်ဝင်လာသည်။ သူက ထက်မြက်စွာနဲ့ ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ကျွန်တော့်ရုပ်ရည်က သာမန်ပါဘဲ"
[ကျွတ်စ် ကျွတ်စ်၊ ဖေးခွမ် နင့်ရဲ့အပြုံးက နားရွက်တပ်ချိတ်တော့မယ်၊ နည်းနည်းထိန်းထားဖို့ ငါအကြံပေးချင်တယ်]
[ဖေးခွမ်က အပေါ်ယံမှာ 'ကျွန်တော်က သာမန်ပါပဲ' လို့ ပြောနေပေမယ့် စိတ်ထဲထဲမှာတော့ 'အားးး၊ အန်တီလေးက ငါ့ကို ချောလို့ ပြောတယ်' ဆိုပြီးတွေးနေမှာ]
[သေစမ်း! ဖေးခွမ်ရဲ့ အပြုံးက အခုချိန်မှာ စိတ်တိုဖို့ကောင်းတယ်လို့ထင်နေတာ ငါတစ်ယောက်ထဲဘဲလား?]
[ဖွီ! သာမာန်ရုပ်ရည်တဲ့လား? ဖေးခွမ်က နှိမ့်ချလွန်းတာဘဲ။သူ့ရုပ်ရည်က သာမန်ဆိုရင် ငါတို့လို ပုံမှန်လူတွေ ဘယ်လို ရှင်သန်ရတော့မှာလဲ?]
[အန်တီလေးက သူ့ကိုယ်သူ နည်းနည်းခောတယ်လို့ပြောတယ်၊ ဖေးခွမ်ကတော့ သူ့ရုပ်ရည်က သာမာန်ပါပဲတဲ့။ အိုး၊ ဒီနှစ်ယောက်က ငါ့ရဲ့ အလှတရားနဲ့ ပတ်သက်ပြီး အမြင်ချဲ့ပေးလိုက်တာဘဲ!]
[ဖေးခွမ်က တမင်တကာ အန်တီလေးကို အတုခိုးနေတာဘဲ ကျွတ်စ် ကျွတ်စ် ဒီလူကတော့ အရမ်းမိုက်တာပဲ]
[ဟားဟား၊ အန်တီလေး တကယ်ကို ရုပ်ရည်ကိုသဘောကျတာပဲ]
စုန့်အာ့နန်က လင်းချီဝမ်နဲ့ စကားပြောနေတုန်းမှာ ဖေးခွမ်က သူမ ကြိုက်တဲ့ အစားအစာတွေ အားလုံးကို သူမရဲ့ပန်းကန်လုံးတွေထဲ ဖြည့်ပေးနေသည်။
သယက စကားပြောတာကို ရပ်ပြီး အစာစားဖို့ သူမကို လက်ဟန်ပြလိုက်သည်။
စုန့်အာ့နန်က သူ့ကို တိုးတိုးလေး ကျေးဇူးတင်လိုက်ပြီး တိတ်တိတ်လေးပဲ စားလိုက်သည်။
ဟော့ပေါ့ အတူတူ မစားရတာကြာပြီဖြစ်ပေမယ့် သူမအကြိုက်ကို သူမှတ်မိနေသေးသည်။
စုန့်အာ့နန်မှာ နည်းနည်းလှုပ်ခတ်သွားတာကို မလွှဲမရှောင်သာ ခံစားလိုက်ရပေမယ့် အဲ့ဒီကြောင်းကို လေးလေးနက်နက် မစဉ်းစားလိုက်ပေ။
ဟန်မင်က သူတို့ရဲ့ ဆက်ဆံရေးကို မြင်လိုက်ရပြီး သူ့မျက်လုံးထဲတွင် အေးစက်မှု အရိပ်အယောင်တွေ ထွက်ပေါ်လာသည်။
သူဟာ စုန့်လင်းချွမ်နဲ့ အဆင်မပြေတာကြောင့် သဘာဝအလျောက် စုန့်အာ့နန်ကိုလည်း သဘောမကျပါချေ။ ရိုက်ကရေးလုပ်နေတုန်းမှာ သူက သူမအတွက် အခက်အခဲဖြစ်အောင် အမြဲကြိုးစားခဲ့သည်။
သို့သော် ဖေးခွမ်က ရောက်ရောက်လာတာကြောင့် ဟန်မင်အနေနနဲ့ တစ်ခါမှ မအောင်မြင်ခဲ့ပေ။ တကယ်တော့ ဟန်မင်က စုန့်အာ့နန် အကြောင်း အကြိမ်ပေါင်းများစွာ ပြောဖို့ လုပ်တဲ့အချိန် ဖေးခွမ်က စကားဝိုင်းကို တခြားဘက်ဆီ ပြောင်းပြောင်းသွားသည်။ ဒါကို ဟန်မင်က ပိုပိုပြီး မကျေနပ်ဖြစ်လာသည်။
ဒီနေ့က ရိုက်ကူးရေးနောက်ဆုံးနေ့ဖြစ်ပြီး စုန့်အာ့နန် ကိုယ်တိုင်လည်း ရှိနေတာမို့ ဟန်မင်က သလာဝအလျောက်ကိုဘဲ ဒီအခွင့်အရေးကြီးကို လက်လွတ်မခံနိုင်ပါချေ။
သူက အချိန်ကောင်းကို စောင့်နေတာဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ဘဲ ညစာစားပွဲ၌ စကားဝိုင်းဟာ အလုပ်သင်တွေရဲ့ အနာဂတ် လုပ်ငန်းအစီအစဉ်တွေကို ဆွေးနွေးတဲ့ဘက်ဆီ မသိလိုက်ဘဲ ပြောင်းလဲသွားသည်။ လူတိုင်းမှာ မတူညီတဲ့ အဖြေတွေ ရှိသည်။
တစ်ချို့က ကျောင်းဆက်တက်ဖို့ ရွေးချယ်ထားကြပြီး တချို့ကတော့ အရင်ကလုပ်ခဲ့တဲ့ ဆေးရုံတွေကို ပြန်သွားချင်ကြသည်။
စုန့်အာ့နန် ရဲ့အလှည့်ရောက်ချိန်မှာတော့ သူမက သိပ်စဉ်းစားမနေဘဲ ပြောလာသည်။ "ကျွန်မကတော့ ကျွန်မတို့ဆေးရုံက နှလုံးသွေးကြောဆိုင်ရာခွဲစိတ်ကုသရေးဌာနမှာ အလုပ်သင်ဆင်းနေတယ်။ ရှိုးပြီးသွားရင်တော့ အဲ့ဒီမှာဘဲ ခဏလောက် အလုပ်သင်ဆက်လုပ်ဖို့ ပြန်သွားမယ်"
လာမယ့် စာသင်နှစ်အတွက် သူမရဲ့ ပါမောက္ခတွေ ဘယ်လို အတန်းတွေ စီမံထားလဲ ဆိုတာ ကြည့်ရမည်။
စုန့်အာ့နန်ရဲ့ အဖြေကြောင့် ဘယ်သူမှ မအံ့သြမိပေ။ ဒီရှိုးကို အချိန်အကြာကြီး အတူတူရိုက်ကူးပြီးတဲ့နောက်မှာတော့ သူတို့အားလုံးဟာ သူမရဲ့ အခြေအနေတွေကို အကြမ်းဖျင်း နားလည်လာကြသည်။
သူမရဲ့ ကိုယ်ပိုင်စွမ်းရည်များအပေါ် သံသယမရှိပေ။ သူမဟာ အလုပ်ကြိုးစားကာ၊ လုံ့လရှိပြီး၊ ထက်မြက်တဲ့သူဖြစ်သည်။ သူမရဲ့ အနာဂတ် အလားအလာမှာ သေချာပေါက် တောက်ပနေသည်။
တစ်ချိန်တည်းမှာဘဲ၊ စုန့်အာ့နန်ဟာလည်း လက်ရှိကြုံနေရတဲ့ အကျပ်အတည်းကို နားလည်သဘောပေါက်သည်။ သူမဟာ ငယ်ရွယ်ပြီး သူမရဲ့အသွင်အပြင်ဟာလည်း ကလေးဆန်သည်။ ဒါကြောင့် လူနာတွေကို ယုံကြည်အောင်လုပ်ဖို့ ခက်ခဲသည်။
အဲ့ဒီအချိန်မှာ၊ စုန့်အာ့နန်က ဒီတံတိုင်းကို အကြိမ်ပေါင်းများစွာ ရိုက်မိခဲ့ပြီးပြီဖြစ်သည်။ ဥပမာအားဖြင့်၊ သူမနဲ့ အခြားအလုပ်သင်တွေက လူနာတစ်ဦးကို ပြုစုစောင့်ရှောက်ဖို့ ပူးတွဲတာဝန်ယူရတဲ့အခါ၊ လူနာက အခြားအလုပ်သင်တွေကိုဘဲ ပိုယုံကြည်ကြသည်။
ဟန်မင်သည် အဲ့ဒီအချက်ကို ရုတ်တရက် တွေးလိုက်ပြီး သူ့မျက်လုံးများက တလက်လက် တောက်ပသွားသည်။
စုန့်အာ့နန်အတွက် ခက်ခဲအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သူသိလိုက်ပြီ။
"အန်တီလေး ဒီနေ့ကျ ဘာဖြစ်လို့ မျက်မှန်မတပ်တာလဲ?" ဟန်မင်က စုန့်အာ့နန်ကို နားမလည် ဟန်ဆောင်ကာ မေးလိုက်သည်။ "မျက်မှန်မပါဘဲ မင်းကို တွေ့ရတာ နည်းနည်းထူးဆန်းနေသလိုပဲ"
အရင်က ရှိုးအများစုကို ရိုက်ကူးတဲ့အခါ စုန့်အာ့နန်က လူနာဆောင်နဲ့ ဌာနတွေကြား သွားတဲ့အခါ အနက်ရောင်ဘောင်နဲ့ မျက်မှန်ကို အမြဲတပ်လေ့ရှိသည်။
ဒါပေမယ့် ဒီနေ့ ဒီဘက်ကို ရောက်လာတော့ လူနာတွေနဲ့ မတွေ့ရတာကြောင့် သူမ မတပ်ထားတာဖြစ်သည်။
“ကျွန်မက အဝေးမှုန်တာ မဟုတ်လို့ မျက်မှန်တပ်ခဲတယ်” စုန့်အာ့နန်က ရှင်းပြသည်။
ဟန်မင်က တစ်ခုခုကို သတိရသွားဟန်တူသည်။ သူက သူ့နဖူးကို ရိုက်လိုက်ပြီး ပြောလာသည်။ "အိုး ငါဘယ်လိုမေ့နိုင်ရတာလဲ? မင်းက အဝေးမှုန်နေတာမှ မဟုတ်ဘဲ၊ မင်းက လူနာတွေ မင်းအပေါ် ပိုယုံကြည်လာအောင် နည်းနည်း အသက်ကြီးပုံပေါ်အောင် မျက်မှန်တပ်တာဘဲ"
စုန့်အာ့နန်က ခေါင်းညိတ်လိုက်သည်။ "အဲဒါဘာဖြစ်လို့လဲ?"
ဟန်မင်က ရုတ်တရက်ကြီး ဘာလို့ ဒီအကြောင်းအရာကို ပြောလာလဲဆိုတာ သူမ မသိပေမယ့် ဒါကိုဝန်ခံတာက အမှားအယွင်းတစ်ခုလို့ သူမ မခံစားရပါချေ။
ဟန်မင်ကို အေးအေးစက်စက်နဲ့ စိုက်ကြည့်ရင်း ဖေးခွမ်ရဲ့မျက်ခုံးတွေက တွန့်ကွေးသွားသည်။
ဟန်မင်က ရိုးရိုးသားသား ပြုံးလိုက်သည်။ " ဘာမှ မပြောချင်ပါဘူး၊ ဒီတိုင်း သိချင်ယုံပါ။ ကြည့်လေ ငါတို့အားလုံး လုပ်ငန်းခွင်မှာ ရောက်နေတာ၊ ဖျော်ဖြေရေးနယ်ပယ်မှာ ရုပ်ရည်မရှိရင် နာမည်ကြီးဖို့က တကယ် ခက်တာ။ ဒါပေမယ့် ဆေးလောကထဲမှာတော့ အန်တီလေးလို လူတွေက တကယ်ကို…”
သူ့စကားမဆုံးသေးပေမယ့် အဓိပ္ပာယ်က ထင်ရှားသည်။
စုန့်အာ့နန်က ဆေးလောကတွင် အောင်မြင်ဖို့ ခက်ခဲသည်ဟု သူဆိုလိုတာပင်။
ဖေးခွမ်က ဟန်မင်းကို သာမန်ကာလျှံကာ တစ်ချက်ကြည့်လိုက်ပြီး "မလိုပါဘူး။ မင်းက ကောင်းကောင်းလုပ်နေတာပဲလေ ဟုတ်တယ်မဟုတ်လား?"
အခြားလူတိုင်း - "..."
ဖေးခွမ်က ဒီလိုပြောလာတော့ ဟန်မင်ရဲ့ မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။ နောက်ဆုံးတော့ ဟန်မင်ကို သိတဲ့ သူတိုင်းက သူ့အကြည့်နဲ့ ပတ်သက်ပြီး အကဲဆတ်ဆုံးအရာက လူတွေကို မှတ်ချက်ပေးတာဘဲဆိုတာ နည်းနည်းနားလည်သွားသည်။
လေထုက တစ်ခဏအတွင်း အေးခဲသွားပြီး တင်းမာမှုတွေပြည့်နှက်သွားသည်။
host က အခြေအနေကို ချိုးဖျက်ဖို့ ကြိုးစားပေမယ့် မကူညီနိုင်ပါချေ။ ထုတ်လုပ်ရေးအဖွဲ့မှာ သူတို့နှစ်ယောက် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ရန်ဖြစ်ကြမည်ကို စိုးတာကြောင့် ဟော့ပေါ့ညစာအား အမြန်ပြီးသတ်လိုက်ကြသည်။
ညစာစားပွဲပြီးတဲ့အခါ အလုပ်သင်တွေက ဌာနတွင်း နောက်ဆုံးနှုတ်ဆက်ပွဲကို ဆက်လက်ရိုက်ကူးဖို့ ပြန်ရောက်လာကြပြီး လေ့လာရေးအဖွဲ့ကိုတော့ အနီးနားရှိ အသံသွင်းစတူဒီယိုဆီ ပြန်ခေါ်သွားကြသည်။
ထုတ်လုပ်ရေးအဖွဲ့ရဲ့ ဇာတ်ညွှန်းအရ၊ ရှိုးရဲ့ နောက်ဆုံးအကျဉ်းချုပ် နှုတ်ဆက်စကားပြောပြီး ဧည့်သည်တွေအားလုံးက ပရိသတ်ကို နှုတ်ဆက်ကြသည်။
အလုပ်ခွင် variety show ဖြစ်သည့် "ကြိုးစားထား! အလုပ်ခွင်မှ လူသစ်များ" ရဲ့ ဆေးပညာဆိုင်ရာထုတ်ဝေမှုက တရားဝင် ပြီးဆုံးသွားသည်။
စတူဒီယိုထဲမှာ တိုက်ရိုက်ထုတ်လွှင့်မှု ပိတ်လိုက်တာနဲ့ ဖေးခွမ်က ချက်ချင်း ထရပ်လိုက်သည်။
သူရဲ့ လုပ်ရပ်က လူတိုင်းရဲ့ အာရုံကို ဆွဲဆောင်သွားသည်။
သူက အုံ့မှိုင်းနေတဲ့ အမူအရာနဲ့ ဟန်မင်ဆီ လျှောက်သွားပြီး ဘာတစ်ခွန်းမှမပြောဘဲ ဟန်မင်ထိုင်နေတဲ့ ခုံကိုကန်ချလိုက်သည်။
ကျယ်လောင်တဲ့ အသံနှင့်အတူ ဟန်မင်က မြေပြင်ပေါ်တန်းတန်းမတ်မတ် လဲကျသွားသည်။ ဖေးခွမ် ခွန်အားဘယ်လောက် သုံးခဲ့လဲဆိုတာကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။
"ဖေးခွမ် မင်း ဘာလုပ်တာလဲ?!" ဟန်မင် ကိုးရိုးကားရားနိုင်စွာနဲ့ လဲကျသွားသည်။
ဖေးခွမ်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး ဟန်မင်ရဲ့ ရင်ဘတ်ပေါ်မှာ ဒူးထောက်လိုက်ကာ သူလှုပ်လို့မရအောင် လုပ်လိုက်သည်။
ဟန်မင်က ပြန်တိုက်ချင်ပေမယ့် ရိုးရိုးရှင်းရှင်းကိုပဲ သူဖေးခွမ်နဲ့ မယှဉ်နိုင်ပေ။
ဖေးခွမ်ရဲ့ မျက်လုံးတွေက အေးစက်နေသည်။ "စုန့်လင်းချွမ်နဲ့ ပြဿနာရှိရင် သူ့ကို သွားရှာ။ ဒီမှာ မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်နေတာ၊ မင်းရဲ့ ယောက်ျားပီသမှုက ဘယ်မှာလဲ?"
လူတွေအများကြီး ကြည့်နေတာကြောင့် ဟန်မင်က ဘာမှ ဝန်မခံပေ။
အခုမှဘဲ ကြည့်နေကြတဲ့သူတွေဟာ နောက်ဆုံးတော့ တုံ့ပြန်လာပြီး သူတို့နှစ်ယောက်ကို ခွဲထုတ်ဖို့ အမြန်သွားလိုက်ကြသည်။
ဟန်မင်က သူ့လက်ထောက်ဆီကနေ အဆွဲခေါ်ခံသွားရပေမယ့် ဒါက မပြီးသေးဘူး ဖေးခွမ်ကို ပြန်ပေးဆပ်ရအောင် လုပ်မယ်လို့ အဆုံးမရှိ ခြိမ်းခြောက်နေဆဲပင်။
ဖေးခွမ်က အေးစက်စက် ရယ်လိုက်သည်။ "ငါစောင့်နေမယ်"
-
အလုပ်သင်တွေလည်း ရိုက်ကူးရေးပြီးသွားတော့ နောက်ဆုံးနှုတ်ဆက်စကား ပြောကြသည်။
ရုတ်တရက် ရိုက်ကူးရေး ပစ္စည်းအဖွဲ့မှ တစ်ယောက်ယောက်က အော်ပြောလာသည်။
"ရို့၊ ဖေးခွမ်နဲ့ ဟန်မင်တို့ ရန်ဖြစ်ကြတယ်တဲ့!"
စုန့်အာ့နန် အေးခဲသွားသည်။ ဖေးခွမ်နဲ့ ဟန်မင်တို့ ရန်ဖြစ်ကြတာလား?
ဘာမှမစဉ်းစားနိုင်ဘဲ သူမချက်ချင်း အပြေးအလွှားထွက်သွားသည်။
လေ့လာရေးအဖွဲ့ ရှိသည့် စတူဒီယိုဟာ ဆေးရုံအနောက်ဘက်ရှိ ဆေးဘက်ဆိုင်ရာဌာနက ရှိုးမှာ ထုတ်လုပ်ရေးအဖွဲ့အတွက် အထူးနေရာယူထားတဲ့ ရုံးခန်းအဆောက် အဦးမှာဖြစ်သည်။
အလုပ်သင်တွေ ပုံမှန်ရိုက်ကူးတဲ့ နေရာနဲ့ဆို ဆယ်မိနစ်ခန့် လမ်းလျှောက်ရကာ ခပ်ဝေးဝေးတွင်ရှိသည်။
စုန့်အာ့နန်က ပြေးသွားတဲ့အတွက် ပုံမှန်အချိန်ထက် တစ်ဝက်လောက်ပဲကြာကာ စတူဒီယိုဆီ အချိန်တိုအတွင်း ရောက်သွားသည်။
အထဲကို ရောက်တာနဲ့ သူမ အဝေးကနေ ဖေးခွမ်ကို ချက်ချင်းတွေ့လိုက်ပေမယ့် ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ဟန်မင်ရဲ့ အရိပ်အယောင်ကို မတွေ့ရပေ။
သူထွက်သွားပြီလို့ ထင်ရသည်။
စုန့်အာ့နန်ကို မြင်လိုက်ရတော့ ဖေးခွမ်က အံ့သြမဆုံးဖြစ်သွားသည်။ "မင်းဘာလို့ ရုတ်တရက် ပြေးလာတာလဲ?"
စုန့်အာ့နန်က ပြေးလာတာကြောင့် အမောတကောဖြစ်နေသည်။ "ရှင် ဟန်မင်နဲ့ ရန်ဖြစ်ကြတယ်လို့ ကြားလို့"
သူတုံ့ပြန်တာ စောင့်မနေဘဲ သူမက ဖေးခွမ်ကို ဆွဲကာစစ်ဆေးကြည့်သည်။ "ဘယ်နေရာ ထိသွားသေးလဲ?"
ဖေးခွမ်မှာ နည်းနည်း ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ စုန့်အာ့နန်ဆီ ဒီစကားတွေ ရောက်သွားလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါချေ။
“ရန်မဖြစ်ပါဘူး၊ ကိုယ်က သူ့ကို စကားနည်းနည်းပြောရုံပါ" သူက ဖော့ပြောလိုက်သည်။
ရှိနေကြသည့် တခြားလူများ - "..."
ဟမ်၊ မင်းရဲ့ခုနတုန်းက ပုံစံက သူနဲ့စကားပြောရုံနဲ့ဘဲမတူဘူးနော်။
ဖေးခွမ်က အနာတရ ဖြစ်သွားတာမရှိကြောင်း အတည်ပြုပြီးသွားတော့ နောက်ဆုံးမှာ စုန့်အာ့နန်တစ်ယောက် သက်ပြင်းတစ်ချက်ချလိုက်သည်။
ဖေးခွမ်က အနီးနားရှိ စားပွဲတစ်ခုမှ လက်သုတ်ပုဝါကို ဆွဲယူလိုက်ပြီး ရယ်ရင်း သူမကို ပေးလိုက်သည်။ "မင်း စိုးရိမ်ပြီးပြေးလာတာ၊ ရန်ပွဲကို လာတားဖို့လို့တော့ မပြောနဲ့နော်"
စုန့်အာ့နန်က ချွေးတွေကို သုတ်လိုက်ရင်း ခေါင်းယမ်းလိုက်သည်။ "မဟုတ်ဘူး"
သူမက အလေးအနက်နဲ့ ပြောလာသည်။ "ရှင်သူနဲ့ မယှဥ်နိုင်မှာစိုးလို့ ရှင့်ကို ကူပေးဖို့ လာတာ"
ကြည့်နေကြသည့် သူများ - "???"
ဝိုး ဒီတော့ သူမက အုပ်စုလိုက်ရန်ပွဲမှာ ပါဝင်ဖို့ တကယ်ကြီးလာခဲ့တာပေါ့?
ဖေးခွမ် - "..."
ဒီကလေးမရဲ့မျက်လုံးထဲမှာ သူကတကယ်ဘဲ ပျော့ညံ့တဲ့ပုံပေါက်နေလို့လား?
သူက ဟန်မင်ကိုတောင် မယှဉ်နိုင်ဘူးလို့ သူမကထင်နေတာလား?!!
စုန့်အာ့နန် ရုတ်တရက် ရောက်လာတာကြောင့် အခင်းဖြစ်ပွားရာနေရာမှာ တင်းမာမှုအချို့ ပြေလျော့သွားသည်။
ဖေးခွမ်ရဲ့ လုပ်ရပ်တွေဟာ ဟန်မင်ကိုယ်တိုင် အပါအဝင် လူတိုင်းကို အံ့အားသင့်သွားစေသည်။ လွန်ခဲ့တဲ့ရက်အတောတွင်း နီးနီးကပ်ကပ် လက်တွဲလုပ်ကိုင်ပြီးတဲ့နောက်မှာ သူတို့တွေလည်း ဖေးခွမ်ရဲ့ပုံစံကို ခံစားသိရှိလာကြသည်။ အပေါ်ယံမှာ သိမ်မွေ့တဲ့ပုံမပေါ်ပေမယ့် ရည်မွန်သည်။
ဖေးခွမ်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို အခြေခံရရင် သူဟာ ရှိုးတစ်ခုရဲ့ ရိုက်ကူးရေးနေရာတွင် ဒီလိုမျိုး တစ်စုံတစ်ဦးအား ရူးရူးမိုက်မိုက် တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်ပေ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီအပြုအမူမျိုးဟာ စုန့်လင်းချွမ်ရဲ့ စိတ်နေစိတ်ထားနဲ့ ပိုကိုက်သည်။
ဟန်မင်က သူ့အေးဂျင့်ဆီကနေ အမြန်ခေါ်သွားခံလိုက်ရသည်။ ဒါရိုက်တာက ဖေးခွမ်ကို ထွက်မသွားဖို့ ပြောနေပြီး သူတို့နှစ်ယောက် ဗီလာတွင် ထပ်မံရန်ဖြစ်ပြီး ထိန်းမနိုင်သိမ်းမရဖြစ်သွားမည်ကို စိုးရိမ်နေသည်။
အဲ့ဒီအချိန် ဗီလာရှိဝန်ထမ်းတွေက ဟန်မင် ထွက်သွားပြီဖြစ်ကြောင်း ပြောလာတာကြောင့် ဖေးခွမ်ကို ထိန်းထားစရာမလိုတော့ပေ။
စုန့်အာ့နန်နဲ့ ဖေးခွမ်တို့ စတူဒီယိုအဆောက်အဦးကနေ ဆေးရုံနားရှိ ဗီလာဧရိယာဆီ သွားလိုက်ကြသည်။
ဖေးခွမ်က သူ့ဘေးနားရှိ စုန့်အာ့နန် ငုံ့ကြည့်လိုက်ပြီး "မင်း..."
စုန့်အာ့နန်လည်း သူ့ကို မော့ကြည့်လိုက်သည်။ "ဟင်?"
ဖေးခွမ် တုံ့ဆိုင်းသွားသည်။ "ဘာဖြစ်လို့လဲ လို့ မမေးဘူးလား?"
စုန့်အာ့နန်က ဖေးခွမ် သာမန်ကာလျှံကာ တစ်ချက် ကြည့်လိုက်ပေမယ့် ပြန်မဖြေပေ။
သူမ မ တုံးပါပေ။ ဖေးခွမ်နဲ့ ဟန်မင်တို့ ရန်ဖြစ်ကြတာက သေချာပေါက် သူမနဲ့ ပတ်သက်နေမယ်ဆိုတာကို ခန့်မှန်းဖို့ အများကြီး တွေးကြည့်စရာမလိုချေ။
"မလိုပါဘူး" စုန့်အာ့နန်က စက္ကန့်နည်းနည်းလောက် ငြိမ်သက်သွားပြီး ပြောလာသည်။ "ကျွန်မက မိသားစုကို ကူညီတာ သူတို့အတွက် စဉ်းစားပေးတာမဟုတ်ဘူး"
ဖေးခွမ်ရဲ့ မျက်လုံးတွေက တောက်ပလာပြီး ရယ်လိုက်သည်။ "မိသားစုကို ကူညီတာ သူတို့အတွက် စဉ်းစားပေးတာမဟုတ်ဘူး?"
ဆိုတော့ ဒီကလေးမလေးက သူ့ကို မိသားစုဆိုတဲ့ အမျိုးစားထဲမှာ ထည့်ထားတယ်ပေါ့?
သူ့ရဲ့ပျော်သွားတဲ့ အမူအရာကိုမြင်တော့ စုန့်အာ့နန်က အကြဉ့်အောက်ပို့လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလာသည်။ "အင်း ရှင်နဲ့လင်းချွမ်က ကျွန်မအတွက် တူတူပဲအကြိုက်ဆုံးဆိုတာ မရှိဘူး"
ဖေးခွမ် - "???"
နောက် သူတို့နှစ်ယောက် ဗီလာဝင်းထဲ ဝင်လာတော့ လီတုန်က အဝေးက တံခါးမှာ စောင့်နေတာကို တွေ့လိုက်ရသည်။
လီတုန်က သူတို့ကိုမြင်တော့ အမြန်ရောက်လာသည်။
ဖေးခွမ်ကို ကြည့်လိုက်ပြီး သူက အံ့အားသင့်စွာနဲ့ ပြောလာသည်။ "မင်း ဟန်မင်နဲ့ ရန်ဖြစ်ကြတယ်လို့ ငါကြားတယ်"
ဖေးခွမ်က စုန့်အာ့နန်ကို မသိစိတ်ကနေ ကြည့်လိုက်ပြီး လီတုန်ကို မျက်လုံးနဲ့ အရိပ်အမြွက်ပြလိုက်သည်။
"မဟုတ်ပါဘူး၊ ကျွန်တော်က သူ့ကို ရှင်းပြနေတာ"
ဒါပေမယ့် လီတုန်က ဖေးခွမ် မသိမသာ အချက်ပြနေတာကို လုံးဝ သတိမထားမိပေ။ ဖေးခွမ်က သူ့ကို ကျော်သွားချင်နေတာလို့ ထင်သွားပြီး သူက တိုက်ရိုက်ငြင်းလာသည်။ "လာ ညာမနေနဲ့ ဟန်မင်ကို မြေပြင်ပေါ်ကန်ချလိုက်တာက ရှင်းပြတာလား?"
ဖေးခွမ် - "......"
ကောင်းရော၊ ဒီအေးဂျင့်မပါဘဲ သူလုပ်နိုင်သေးတယ်။