← Chapters

အခန်း (၈၆)

Vol. 7 Ch. 86

အခန်း (၈၆)

Vol. 7 Ch. 86

အခြေခံအားဖြင့် ဒီအချိန်မှာ ရိုက်ကူးရေးက ပြီးသွားတော့ ဧည့်သည်တွေအားလုံး ပြန်ကုန်ကြသည်။ သေချာပေါက်ကို စုန့်အာ့နန်လည်းပါသည်။

အချိန်က နည်းနည်းစောနေသေးသည်။ အခြားအလုပ်သင်တွေက အခြားဝန်ထမ်းတွေကို နှုတ်ဆက်စကား ပြောဖို့ ဌာနတွင် ရှိနေလိမ့်မည်။ အလုပ်သင်အနည်းငယ်မှလွဲ၍ ဆေးရုံမှ သူနာပြုများနှင့် ဆရာဝန်အချို့လည်း ပါဝင်ရိုက်ကူးခဲ့သည်။

ဗီလာမှာ ဘယ်သူမှ မရှိတော့ပေ။ စုန့်အာ့နန်က သူမအခန်းဆီ တန်းတန်း သွားလိုက်သည်။ သူမက ဒီနေရာမှာ ခဏဘဲနေရတာကြောင့် ပစ္စည်းသိပ်အများကြီး မရှိဘဲ အမြန်သိမ်းဆည်းပြီးသွားသည်။

ဒါပေမယ့် ကျန်တဲ့သူတွေကတော့ မပြန်လာသေးပေ။ စုန့်အာ့နန်က အောက်ထပ်မှာ စောင့်ပြီး သူတို့ပြန်လာရင် နှုတ်ဆက်ဖို့ စီစဉ်ထားသည်။

ဒါပေမယ့် သူမ ခရီးဆောင်အိတ်ကို ဆွဲပြီး ဆင်းလာတုန်းက တံခါးဘဲလ်က မြည်လာသည်။

စုန့်အာ့နန် အံ့ဩသွားသည်။ ဗီလာတွင် နေကြတဲ့ အလုပ်သင် အားလုံးမှာ လက်ဗွေရှိပြီး စကားဝှက်လည်းသိတာကြာင့် ဘဲလ်တီးနေတာက သူတို့မဖြစ်နိုင်လောက်ပေ။

ဒီအချိန် ဘယ်သူများ လာနိုင်မလဲ?

စုန့်အာ့နန် တံခါးကို ဖွင့်ကြည့်လိုက်တော့ လီတုန်က အပြင်ဘက်မှာ ရပ်နေတာကို တွေ့လိုက်ရသည်။ သူမ အံ့သြသွားသည်။

"ကျွန်မကို ရှာနေတာလား?"

လီတုန်က ခေါင်းညိတ်လိုက်သည်။ "ကိစ္စတစ်ခုရှိလို့..."

စုန့်အာ့နန် စိတ်ထဲ စဉ်းစားလိုက်သည်။ သူမဟာ လီတုန်နဲ့ သိပ်မရင်းနှီးပေ။ သူမကို လာရှာတယ်ဆိုတော့ ဖေးခွမ်နဲ့ပတ်သတ်ဖို့များသည်။

"ဝင်လာပြီးမှ ပြောပါ"

ဧည့်ခန်းထဲ ဝင်လာပြီးတော့ စုန့်အာ့နန်က လီတုန်ကို တစ်ခုခုတိုက်ဖို့ စိတ်ကူးလိုက်ပေမယ့် အိမ်တွင် ဘာမှမရှိနေပေ။

"တောင်းပန်ပါတယ် ဒီမှာ ဘာသောက်စရာမှလည်း မရှိဘူး"

လီတုန်က သူ့လက်ကို အမြန်ခါလိုက်ပြီး ကမ်းလှမ်းမှုကို ငြင်းဆိုလိုက်သည်။

စုန့်အာ့နန်က "အင်း" လို့ တိုးတိုးလေး ပြောလိုက်ပြီး လီတုန်ကို ကြည့်ပြီး သူဆက်ပြောလာမှာကို စောင့်နေလိုက်သည်။

သူ့စကားတွေကို စုစည်းပြီးသွားတော့ လီတုန်က ပြောလာသည်။ "အန်တီလေး၊ ကျွန်တော်အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ"

စုန့်အာ့နန်က ခဏတန့်သွားပြီး "ဘာအကူအညီများလဲ?"

လီတုန်က သက်ပြင်းချလိုက်ပြီး "ဖေးခွမ်ဆီ ပစ္စည်းလာပို့တုန်းက အန်တီလေးကို‌လည်း တွေ့ခဲ့တယ်လို့ လျှိုဟောက် ပြောတာကြားခဲ့တယ်၊ ဟုတ်တယ်မလား?"

စုန့်အာ့နန်လည်း ခေါင်းညိတ်လိုက်သည်။ "ဘာကိစ္စဖြစ်လို့လဲ?"

လီတုန်က ဆက်မေးလာသည်။ "သူ ဘာလာပို့လဲဆိုတာ အန်တီလေးသိလား?"

စုန့်အာ့နန် ရုတ်တရက် ခံစားရတာမကောင်းတော့ပေ။ "ကျွန်မ သိတယ်။ အိပ်ဆေးတွေလေ"

ဒီတစ်ခါတော့ လီတုန် အံ့အားသင့်ရမယ့်အလှည့်ဖြစ်သည်။ စုန့်အာ့နန်သိနေမယ်လို့ သူ တကယ်သူ မမျှော်လင့်ထားပါချေ။

"သူ jet lag ဖြစ်တာ မကောင်းသေးလို့ နည်းနည်းအိပ်မပျော်ဖြစ်‌နေတယ်လို့‌ သူပြောတယ်။ နောက်ရက်တွေမှာ ရိုက်ကူးရေး လုပ်ရမယ်ဆိုတော့ အခြေအနေမကောင်းမှာ စိုးလို့တဲ့" စုန့်အာ့နန်က ဆက်ပြောလိုက်သည်။

ဖြစ်ပျက်ခဲ့တာတွေကို နောက်ဆုံးတော့ လီတုန်နားလည်သွားသည်။ ဖေးခွမ်ရဲ့ အကျင့်နဲ့ဆို စုန့်အာ့နန်ကို ဒီအကြောင်းတွေ သူ မပြောလောက်ပေ။

"သူ မင်းကို လိမ်နေတာ သူ jet lag ဖြစ်တာ မဟုတ်ဘူး၊ သူ့မှာ အိပ်မပျော်‌တဲ့ရောဂါဖြစ်နေတာ"

စုန့်အာ့နန် နေရာမှာဘဲ အေးခဲသွားပြီး သူမ စိတ်တွေ လွတ်ထွက်သွားသည်။

ဖေးခွမ်မှာ အိပ်မပျော်တဲ့ရောဂါဖြစ်နေတာလား?

အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? သူရှင်းရှင်းလင်းလင်းပြောထားတာဘဲလေ...

လီတုန်က ဖေးခွမ်ကို ပြောပေးဖို့ စုန့်အာ့နန်ကို လာ‌ဆွယ်တာဖြစ်သည်။ သဘာဝအလျောက် သူဒါကိုပြောရမည်ပင်။

တကယ်တော့ ဖေးခွမ်က အိပ်မပျော်တဲ့ရောဂါရှိနေတာ နှစ်အတော်ကြာပြီဆိုပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ပိုဆိုးလာခဲ့သည်။ သူ့ဆေးတွေကလည်း ပိုပိုပြီးတိုးလာသည်။

ဒီလိုပဲ ဆက်နေနေရင် ပြဿနာတွေ ပိုကြီးလာမှာ လီတုန်စိုးရိမ်သည်။

"ကျေးဇူးပြုပြီး သူ့ကို အနည်းဆုံး ဆေးရုံမှာ ဆေးသွားစစ်ခိုင်းပါပေးပါလား?"

ဖေးခွမ်က ဆရာဝန်နဲ့ မပြချင်ဘူးဆိုတာကိုကြားတော့ စုန့်အာ့နန် မထိုင်နေနိုင်တော့ပေ။ သူမထကာ အနီးနားက ဗီလာဆီ တန်းတန်း ပြေးသွားလိုက်သည်။

တံခါးတွေကို သော့ခတ်မထားတာကြောင့် အပေါ်ထပ်ကို အတားအဆီးမရှိ တက်သွားလိုက်တော့ အခန်းထဲက ထွက်လာတဲ့ ဖေးခွမ်နဲ့ ဝင်တိုးသည်။

စုန့်အာ့နန်ကို မြင်တော့ ဖေးခွမ် အံ့သြသွားသည်။ "ဘာတွေ အလျင်လိုနေတာလဲ? တစ်ခုခုဖြစ်လို့လား"

စုန့်အာ့နန်က သူ့ကို တည့်တည့်စိုက်ကြည့်လိုက်ပြီး ဒေါသတကြီးနဲ့ ပြောလာသည်။ "ရှင် ကျွန်မကို လိမ်ထားတယ်!"

ဖေးခွမ်လည်း သူမရဲ့တုံ့ပြန်မှုကြောင့် နည်းနည်း လန့်သွားပြီး ပေါ့ပေါ့ဆဆ မတုံ့ပြန်ရဲတော့ပေ။

သူက သူမကို လိမ်ထားတယ်?

ဟန်မင်နဲ့ ရန်ဖြစ်တာကိုလား? မဟုတ်သေးဘူး၊ အဲဒါ မဖြစ်နိုင်ဘူး။ လီတုန် ခုနတုန်းကဘဲ ဖော်ခဲ့တာကို။

ကောင်မလေးရဲ့ တုန့်ပြန်မှုကို ကြည့်ရရင် ဒါတော့မဖြစ်နိုင်ဘူး။

ဖေးခွမ်က လုံးလုံးလျားလျားကို နားမလည်ဖြစ်နေပြီး သူတို့နှစ်ယောက် အနောက်ကနေ လိုက်တက်လာတဲ့ လီတုန်ကို မြင်တော့ ဒီကိစ္စကို ချက်ခြင်း သဘောပေါက်သွားသည်။

လီတုန် စောစောက သူ့ကို ဆရာဝန်နဲ့ ပြဖို့ ဖျောင်းဖျနေခဲ့တာဖြစ်သည်။ မရေရာသော စကားလုံးအချို့နဲ့ ဒီကိစ္စက အဆုံးသတ်သွားမယ်လို့ သူထင်ခဲ့သည်။ ဒါပေမယ့် လီတုန်က ဘေးအိမ်က စုန့်အာ့နန်ကို သွားပြောပြလိမ့်မယ်လို့ သူ မမျှော်လင့်ထားပါချေ။

ဖေးခွမ် - "ကိုယ်ပြောတာ နားထောင်ပါဦး၊ အဲဒါက ကိစ္စကြီးကြီးမားမား မဟုတ်ဘူး၊ ကိုယ့်ရဲ့အခြေအနေကို ..."

"ရှင်ဘာသိလဲ? ရှင်က ဆရာဝန်လား?" စုန့်အာ့နန်က စိတ်မရှည်စွာနဲ့ စကားဖြတ်ပြောလာပြီး သူ့ကို စိုက်ကြည့်လိုက်သည်။ "ရှင်က ဆရာဝန်ဆိုရင်တောင် ရှင့်ကိုယ်ရှင်မကုနိုင်သေးဘူး! ဒီမှာ မဟုတ်တာတွေ လာမပြောနဲ့!"

ဖေးခွမ်မှာ အဆူခံလိုက်ရတဲ့အတွက် နည်းနည်း အံ့အားသင့်သွားသည်။

စုန့်အာ့နန်က ကြမ်းကြမ်းတမ်းတမ်း ပြောတာကို သူပထမဆုံး မြင်ဖူးတာဖြစ်ပြီး ဒါအပြင် သူမအရမ်းဒေါသထွက်နေတာကိုလည်း သူမြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပင်။

ဒီကောင်မလေးက သူ့ကို နောက်တစ်စက္ကန့်မှာဘဲ ရိုက်လာမယ်ဆိုရင် သူ အံ့သြမှာ မဟုတ်ဘူးလို့ ပြောတာက ချဲ့ကားတာ မဟုတ်ပေ။

"ဆေးရုံကိုသွား!"

စုန့်အာ့နန်က သူသဘောတူတဲ့အထိ ဒီအမူအရာကိုဆက်ထိန်းထားနိုင်သလိုမျိုး သူ့ကိုခေါင်းမာမာနဲ သူ့ကိုစိုက်ကြည့်နေသည်။

ဖေးခွမ်မှာ နည်းနည်းလောက် ဘာပြောရမှန်းမသိဖြစ်သွားသည်။ သူမ စိတ်တိုနေတာလား ဒေါသထွက်နေတာလား သူ မသိပေမယ့် စုန့်အာ့နန်ရဲ့ မျက်လုံးတွေက နည်းနည်းနီနေပြီး သူမဟာ အချိန်မရွေး ငိုချတော့မယ်လို့တောင် ထင်ရသည်။

ဒါက သူ့ကို ရွေးချယ်ခွင့် လုံးဝပေးနေတာမဟုတ်ပေ။ သူသာငြင်းရဲရင် ဒီကောင်မလေး ဘာဆက်လုပ်မလဲဆိုတာ သူ မတွေးရဲပေ။

ဖေးခွမ်လည်း တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး နောက်ဆုံးတော့ အရှုံးကို လက်ခံလိုက်သည်။

"ကောင်းပြီ သွားမယ်"

သူ့ကတိကို ရလိုက်‌တော့ စုန့်အာ့နန်က စိတ်လျှော့လိုက်သည်။ "ကောင်းပြီ၊ ရှင်တို့နှစ်ယောက် ဒီမှာစောင့်နေ။ ကျွန်မ စီစဉ်ပြီးရင် ရှင်တို့ကိုလာခေါ်မယ်"

သူမက အချိန်မဆွဲနေဘဲ စီစဉ်ဖို့ ထွက်သွားတော့သည်။

ဒါပေမယ့် မထွက်သွားခင်မှာ စုန့်အာ့နန် စိုးရိမ်နေသေးပြီး ဖေးခွမ်ဘက်ကို လှည့်ကာ ပြောလိုက်သည်။ “ ရှင် ထွက်ပြေးရဲရင် ထွက်ပြေးကြည့်၊ ကျွန်မ…”

ဖေးခွမ်က မျက်ခုံးပင့်လိုက်ပြီး "မင်းဘာလုပ်မှာလဲ?"

စုန့်အာ့နန်က စက္ကန့်အတော်ကြာအောင် ပြင်းပြင်းထန်ထန် တွေးလိုက်ပြီး ယုံကြည်ရလောက်တဲ့ ခြိမ်းခြောက်ဖို့ အတွေးတစ်ခု ပေါ်လာတဲ့ပုံပင်။

နောက်ဆုံးတော့ သူမက ဒေါသတကြီးနဲ့ ပြောလိုက်သည်။ “ ရှင်က ဝတ္တရားမကျေတဲ့သူလို့ Weibo မှာလူတိုင်းကို လိုက်ပြောလိုက်မယ်!

ဖေးခွမ် - "......!"

ဖေးခွမ်ပြောခဲ့တဲ့အတိုင်း သူ့ရဲ့ လူသိရှင်ကြား ပုံရိပ်က ပြဿနာအချို့ကို သယ်ဆောင်လာနိုင်သည်။ ဒါ့အပြင် B တက္ကသိုလ်၏ တွဲဖက်ဆေးရုံတွင် ကျွမ်းကျင်သူနှင့် ချိန်းဆိုဖို့ဆိုတာ မလွယ်ကူပေ။

ဒါကြောင့်၊ စုန့်အာ့နန်က အခြားသူတွေကို မရှာဘဲ B တက္ကသိုလ်၏ တွဲဖက်ဆေးရုံမှ ဌာနမှူးဖြစ်သည့် သူမရဲ့ဆရကျင့်ဝမ်ကျင်းကိုဘဲ တိုက်ရိုက်ရှာဖွေလိုက်သည်။ ကိုယ့်တပည့်က တံခါးဝကို ကိုယ်တိုင်ကိုယ်ကျ ရောက်လာတော့ ကျင့်ဝမ်ကျင်းလည်း သဘာဝအလျောက် မငြင်းဆန်ဘဲ အလျှင်အမြန် စီစဉ်လိုက်သည်။ မကြာခင်မှာပဲ စုန့်အာ့နန်က လူကိုလာခေါ်သည်။

သူမက ဖေးခွမ်နဲ့ လီတုန်တို့ကို ဆေးရုံအတွင်းရှိ ဆေးရုံဝန်ထမ်းတွေ ဖြတ်သန်းသွားလာခွင့်ရှိသည့် အပေါက်ကနေ ဆေးရုံထဲကို ခေါ်ဆောင်သွားသည်။

ကာလရှည်ကြာ အိပ်မပျော်တဲ့ရောဂါကို ခံစားနေရပါက ပုံမှန်ဆို အာရုံကြောဆိုင်ရာဌာနနှင့် စိတ်ပိုင်းဆိုင်ရာဌာနတွင် ကြိုတင်ချိန်းဆိုရသည်။ အကယ်၍ လူနာက အချို့သော ဇီဝရောဂါတွေကြောင့် အိပ်မပျော်ဖြစ်ရကြောင်း သံသယရှိပါက အာရုံကြောဆိုင်ရာဌာနသို့ သွားရမည်ဖြစ်သည်။

သို့ပေမယ့် လူနာရဲ့ အလွန်အကျွံ ဖိအားတွေ ဒါမှမဟုတ်မဟုတ် စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် အိပ်မပျော်ဖြစ်သည်ဆိုပါက စိတ်ပိုင်းဆိုင်ရာဌာနသို့ သွားရမည်ဖြစ်သည်။

သူတို့က အာရုံကြောဆိုင်ရာဌာနကို အရင်သွားကြသည်။ ဒီအစီအစဥ်တွေကို ဒီဟာအပြီးမှာ လုပ်မှာဖြစ်သည်။ အချို့သော စစ်ဆေးမှုများ ပြီးသွားတဲ့နောက်၊ ဦးနှောက်တွင်း ထိခိုက် ဒဏ်ရာတွေ ဒါမှမဟုတ် ဝက်ရူးပြန်ရောဂါကြောင့် အိပ်မပျော်ဖြစ်ရတဲ့ လက္ခဏာတွေကို စာရင်းမှ ပယ်လိုက်သည်။

နောက်တော့ သူတို့ စိတ်ပညာဌာနကို သွားရသည်။

တစ်ချိန်တည်းမှာဘဲ စုန့်အာ့နန်တစ်ယောက် နည်းနည်း စိတ်ပူသလို ခံစားလိုက်ရသည်။

စိတ်ပညာရှင်တစ်ဦးနဲ့ တွေ့ဖို့ဆို လူအများက အရမ်းသတိရှိကြကြောင်း သူမ သိသည်။ ဖေးခွမ်က နောက်ပိုင်းမှာ ဆရာဝန်နဲ့ မပူးပေါင်းဘဲ မနေတော့မှာကို သူမ စိုးရိမ်သည်။

ဖေးခွမ်လည်း ကောင်မလေးရဲ့ မျက်လုံးတွေထဲက ကြောက်ရွံ့မှုကို သဘာဝအလျောက် သတိထားမိသည်။ "စိတ်မပူပါနဲ့ ကိုယ် ဒီကိုလာပြီဆိုကတည်းက စကားကိုပြန်မရုတ်သိမ်းပါဘူး"

စုန့်အာ့နန်ရဲ့ မျက်လုံးတွေ တောက်ပလာသည်။ "တကယ်လား?"

ဖေးခွမ်က ခေါင်းညိတ်သည်။ "တကယ်"

စိတ်ပညာဌာနကို ရောက်တဲ့အခါ ဆရာဝန်က မရောက်သေးတဲ့အတွက် ဆွေးနွေးခန်းထဲမှာ စောင့်ရသည်။

စုန့်အာ့နန်က ကိစ္စတစ်ခုအတွက် ထွက်သွားတော့ လီတုန်နဲ့ ဖေးခွမ်ကို အခန်းထဲမှာဘဲ စောင့်ခိုင်းလိုက်သည်။

ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ လီတုန်က တိုင်ပင်ဆွေးနွေးခန်းတစ်ဝိုက်ကို လိုက်ကြည့်ကာ မနေနိုင်ဘဲ အံ့ဩတကြီးနဲ့ ပြောလာသည်။ "ဝိုး၊ မင်းရဲ့အန်တီလေးက တကယ်ကို တစ်ခုခုပဲ။ အန်တီလေးက မင်းကို တကယ်စိတ်ပူနေတာပဲ"

ဖေးခွမ်က ဘာမှ မပြောဘဲ သူ့ကို စိုက်ကြည့်နေသည်။

လီတုန်က ဆက်ပြောလာသည်။ "ငါအခုဘဲ အွန်လိုင်းမှာ စစ်ဆေးကြည့်လိုက်တယ်။ တိုင်ပင်ဆွေးနွေးမှု ပေးမယ့်သမားတော်ကြီးက ပုံမှန်ဆို ချိန်းဆိုလို့မရတဲ့ ဒီနယ်ပယ်မှာ ကျွမ်းကျင်သူ တစ်ယောက်ဘဲ"

“ဒါ့အပြင် စောစောက အန်တီလေး ဒီကိုလာတုန်း ‌ဖုန်းပြောနေတာကို ကြားလိုက်တယ်၊ ဆရာဝန်က ဒီနေ့ တစ်ရက် နားရက်လားမသိဘူး အဲ့ဒါကို အထူးတလည်ဖုန်းဆက်ခေါ်လိုက်တဲ့ပုံဘဲ"

တကယ်တော့ လီတုန် စုန့်အာ့နန်ကို ရှာတာက တခြားရည်ရွယ်ချက် မရှိပေ။ သူက သူမကို ရိုးရိုးရှင်းရှင်း ကူညီပေးခိုင်းစေချင်တာပင်။

ဖေးခွမ်နဲ့ စုန့်အာ့နန်တို့က အများအားဖြင့်ဆို အဆင်ပြေကြပုံပေါက်တယ်လို့ သူထင်သည်။ ဒါ့အပြင် သူမက ဆေးပညာကို လေ့လာနေတာကြောင့် သူမရဲ့စကားလုံးတွေက ပိုအသုံးဝင်နိုင်လိမ့်မည်ဖြစ်သည်။ စုန့်အာ့နန်က သူမရဲ့ အဆက်အသွယ်တွေနဲ့ ကူညီလိမ့်မယ်လို့ သူတကယ်ကို မမျှော်လင့်ထားခဲ့ပါချေ။

ဒီနေ့ရှိုးအပြီးမှာ၊ လီတုန်တစ်ယောက် နောင်မှာ စုန့်အာ့နန်နဲ့ ကောင်းကောင်းဆက်ဆံသင့်တယ်လို့ ပိုလို့တောင်ခံစားလိုက်ရသည်။ တစ်သက်လုံး မဖျားမနာဖို့ ဘယ်သူကများ အာမခံနိုင်လို့လဲ?

ဒါကြောင့် ဒီလိုအချိန်ဆို ဆေးရုံမှာ စကားကောင်းကောင်း ပြောနိုင်တဲ့သူရှိဖို့က အထူးတလည်အရေးကြီးသည်။

ဒါပေမယ့်၊ အဲဒါက နောက်ပိုင်းမှပါ။ အခုအချိန်မှာ အရေးကြီးဆုံးအရာက သူ့ကို ဘယ်လိုပူးပေါင်းဆောင်ရွက်ဖို့ လုပ်ရမလဲဆိုတာကို စဉ်းစားဖို့ဘဲ။

လီတုန်က ဖေးခွမ် နားကပ်လာပြီး အလေးအနက် ပြောလာသည်။ "တကယ်တော့ ငါတို့ အသိုင်းအဝိုင်းထဲက လူတော်တော်များများက စိတ်ပညာရှင်တွေနဲ့ပြဖူးကြတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မင်း ဖိအားတွေ အများကြီး ခံခဲ့ရတာကို ငါသိပါတယ်၊ ဒါတွေအားလုံးက ပုံမှန်ဘဲ။ အဲဒါကို မငြင်းနဲ့ ကြီးကြီးမားမားကိစ္စမဟုတ်ဘူး"

အပြင်လူတွေက ဖေးခွမ်ရဲ့လက်ရှိ တောက်တောက်ပပနဲ့ ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်လာခြင်းကိုသာ မြင်ကြပေမယ့် သူ့အေးဂျင့်အနေနဲ့ လီတုန်ကတော့ လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း သူ့ရဲ့ ခက်ခဲမှုတွေနဲ့ အခက်အခဲတွေကို ရှင်းရှင်းလင်းလင်း သိမြင်ခဲ့ရသည်။

လွန်ခဲ့တဲ့ နှစ်နှစ် ရှဲ့ယင်းနဲ့ကိစ္စက ဖေးခွမ် အပေါ် ကြီးကြီးမားမား သက်ရောက်မှု ရှိခဲ့သည်။ စီးပွားဖြစ် ထောက်ခံအားပေးမှုတွေ ဇာတ်ကောင်များစွာ ဆုံးရှုံးခဲ့ရတာကိုမပြောနဲ့ဦး သူရဲ့ဖန်အဖွဲ့ကြီးတွေတောင် အစုလိုက်အပြုံလိုက် ထွက်ခွါသွားကြပြီး သူ့ရဲ့စီးပွါးရေးဟာလည်း ထိုးဆင်းသွားသည်။

မတတ်နိုင်ခဲ့ပါချေ။ ဤသည်မှာ နယ်ပယ်တစ်ခုမှ ပြောင်းလာကြသည့် ကြယ်ပွင့်များ၏ အားနည်းချက်ဖြစ်သည်။ ဆက်ဆံရေးတစ်ခုရဲ့ထိတွေ့မှုတွေဟာ ပြိုလဲသွားသလိုပင်။ ဒီဟာကို ထိပ်တန်းကြယ်ပွင့်တွေတောင် ရှောင်လွှဲလို့မရပါချေ။

ဒါ့အပြင် အဲ့ဒီအချိန်တုန်းက သူတို့တွေအနေနဲ့ ကူးပြောင်းမှုအတွက် အပြည့်အ၀ ပြင်ဆင်ထားခြင်း မရှိတဲ့အပြင် အရာအားလုံးင ရုတ်ချည်းဖြစ်ပျက်သွားခဲ့သည်။ အနုပညာရှင်ပဲ ဖြစ်ဖြစ် သူ့ရဲ့အဖွဲ့ပဲ ဖြစ်ဖြစ် ကြီးမားတဲ့ စိန်ခေါ်မှုနဲ့ ကြုံခဲ့ရသည်။

အထူးသဖြင့် ဖေးခွမ်ပင်။ သူ့အပေါ်က ဖိအားတွေကို စိတ်ကူးကြည့်လို့တောင်ရသည်။ ကံကောင်းထောက်မစွာနဲ့ သူက တိုက်ရိုက်ပြောင်းလဲဖို့ အလွန်ရဲရင့်ပြီး ပြတ်သားခဲ့သည်။ အဲ့ဒီအချိန်မှစပြီး အဖွဲ့က ယခင်က‌ နယ်ပယ်ပြောင်းလာတဲ့ သရုပ်ဆောင်အဖြစ် ချဉ်းကပ်မှုကို လုံးဝစွန့်လွှတ်ခဲ့သည်။ သူကိုယ်တိုင်က ရိုက်ကူးရေးသမားတွေနဲ့ တိုက်ရိုက် အမြစ်တွယ်ခဲ့သည်။

အဲ့ဒီအချိန်မှာ ဖေးခွမ်ရဲ့ အိပ်ဆေးပမာဏ တိုးလာတာကို လီတုန် သတိထားမိခဲ့သည်။

အစပိုင်းမှာတော့ သူတစ်ညပြီးတစ်ည အိပ်မပျော်နိုင်တာက ဖိအားများလွန်းတာကြောင့်လို့ လီတုန်ထင်ခဲ့သည်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ သူ သဘောပေါက်လာသည်။

ဖေးခွမ် အပေါ် နှစ်ပေါင်းများစွာ သူနားလည်ထားတာကနေ အခြေခံရလျှင် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကို ခံနိုင်ရည်ရှိမှုဟာ သာမန်လူများထက် သာလွန်သည်။ ဒီလို အခြေအနေမျိုးမှာတောင် ပြင်းထန်တဲ့ တုံ့ပြန်မှုမျိုး မဖြစ်သင့်ပါချေ။

ဒါကြောင့် ဒီအခြေအနေမှာ စိုးရိမ်စရာ တစ်ခုထဲဘဲ ရှိနိုင်တော့သည် - သူ့ရင်ထဲမှာ သောကတွေ ကြိုးထုံးတွေ ရှိနေတာကြောင့်ပင်။

ဒါကိုတွေးရင်း လီတုန် မသိလိုက်ဘာသာနဲ့ ဖေးခွမ်ကိုတစ်ချက်ကြည့်လိုက်သည်။

တကယ်တော့ ယနေ့ထိတိုင် ဖေးခွမ်သည် အဲ့ဒီရှဲ့ယင်းနဲ့ကိစ္စကို ဘာကြောင့် မရှင်းလင်းသေးလဲဆိုတာ သူ နားမလည်သေးပေ။

အစပိုင်းမှာ လီတုန်လည်း ဖေးခွမ်နဲ့ရှဲ့ယင်းတို့ တစ်ကယ်တွဲနေတယ်လို့ သံသယရှိခဲ့ပေမယ့် အရာအားလုံးက သူထင်သလို မဟုတ်ကြောင်း ဖြည်းဖြည်းချင်း သိလာရသည်။

တခြားအရာတွေ မပြောနဲ့ဦး၊ ရှဲ့ယင်း အပေါ် ထားတဲ့ ဖေးခွမ်ရဲ့ သဘောထားဟာ စုံတွဲတွေလို မဟုတ်ပေ။ တစ်ချိန်က ပါပါရာဇီတွေဆီက လျှို့ဝှက် ဓာတ်ပုံရိုက်ခံရရုံကလွဲလို့ သူတို့ ထိတွေ့ဆက်ဆံတာကို သူ မမြင်ဖူးပေ။

အဲ့ဒီအချိန်တုန်းက အကြောင်းပြချက်ကို သူမေးဖို့ ကြိုးစားခဲ့ပေမယ့် ဖေးခွမ်က သူ့ကို သုံးလအတွင်း ဘာတုံ့ပြန်မှုမှ မလုပ်ဖို့အကြောင်းကိုဘဲ ပေါ့ပေါ့တန်တန် ရှင်းပြခဲ့သည်။

အဲ့ဒီအချိန်မှာ လီတုန် သံသယ ဖြစ်နေပြီဖြစ်သည်။ အွန်လိုင်းပေါ်ရှိ အချစ်ရေး ကြေငြာချက်အများစုဟာ ရှဲ့ယင်းရဲ့ အဖွဲ့မှအခြေခံလာကြောင်း သိလာရတဲ့အခါ တစ်ခုခုကို သူအကြမ်းဖျင်း နားလည်လိုက်သည်။

နောက်ပိုင်းတွင် ဖေးခွမ်က ဖုန်းခဏခဏဖြေရာမှ မသဲမကွဲစကားလုံးတွေကို ကြားခဲ့ရပြီး သူဟာတစ်ယောက်ယောက်ကို ကျေးဇူးဆပ်ဖို့ အကြောင်းပြချက်ဖြင့် ဒါကိုလုပ်ခဲ့ကြောင်း လီတုန် အကြမ်းဖျင်း မှန်းဆမိလိုက်သည်။ မိသားစုကိစ္စများလည်း ပါနေတဲ့ပုံရသည်။

ဒါပေမယ့် အတိအကျတော့ သူ မသိပေ။ သို့ပေမယ့် လီတုန်က‌တော့ ဖေးခွမ်ရဲ့ ပိုပြင်းထန်လာတဲ့ အိပ်မပျော်ခြင်းက အဲ့ဒီကိစ္စနဲ့ ဆက်စပ်နေနိုင်တယ်လို့ ယောင်ဝါးဝါး ခံစားမိသည်။

"ငါဘာမှ မပြောတော့ဘူး၊ အန်တီလေးကို စိတ်မပျက်စေနဲ့လို့ပဲ သတိပေးချင်တယ်။ သူက မင်းကို တကယ်စိတ်ပူနေတာ" လီတုန်က လေးလေးနက်နက် ပြောလိုက်သည်။

ခုနတုန်းက သူ့မျက်လုံးထောင့်ကနေ စုန့်အာ့နန်က ဖေးခွမ်ကို အမှန်တကယ် ဂရုစိုက်ကြောင်း တွေ့လိုက်ရသည်။ သူမရဲ့မျက်လုံးထဲက စိုးရိမ်ပူပန်မှုတွေကို ဖုံးကွယ်ထားလို့ မရပါ‌ချေ။

ဖေးခွမ်က ဘာမှမပြောဘဲ အကြည့်ကို အောက်ပို့ထားကာ အတွေးပျောက်နေပုံရသည်။

အတော်ကြာ ခဏလောက် ငြိမ်နေပြီးမှ လီတုန်ကို သူတစ်ချက်ကြည့်လိုက်တော့ သူ့အမူအရာက မထူးခြားနားပင်။

လီတုန်က သူ့အဓိပ္ပါယ်ကို ချက်ချင်းနားလည်လိုက်သည်။ သူက ကြားဝင်ပြီး စုန့်အာ့နန်ကို ပြောလိုက်တဲ့အတွက် အပြစ်တင်နေတာဖြစ်သည်။ ခဏနေမှ စာရင်းရှင်းဖို့သူ စီစဉ်လိုက်သည်။

သူက နှာခေါင်းကို ထိလိုက်ပြီး ခက်ခက်ခဲခဲနဲ့ ပြောလိုက်သည်။ "ငါ့ကို ဒီလို မကြည့်နဲ့၊ ငါလည်း ကူကယ်ရာမဲ့ နေတာ"

ပြောလို့မရတဲ့သူဖြစ်ဖို့ သူ့ကို ဘယ်သူက ပြောလို့လဲ? ဘယ်လိုပဲ စည်းရုံးနေပါစေ နားမထောင်တာကို။

အခုတော့ စုန့်အာ့နန် တစ်ယောက်ထဲသာ ဖေးခွမ်ကိုပြောနိုင်တာကို သူရှင်းရှင်းလင်းလင်း သိလိုက်ရသည်။

All Chapters